NaN Thiri Aung

NaN Thiri  Aung

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NaN Thiri Aung, Musician/Band, .

05/01/2024

" အတိတ်" လို့ထင်ခဲ့တဲ့အရာတွေက " အဆိပ်" ဖြစ်နေမှန်းမသိခဲ့ဘူးလေ သေစေနိုင်တဲ့ ဆေးရည်တွေ သောက်ရသလိုပဲ သူ့အကြောင်းလေး တစ်ခါတွေလိုက်တိုင်း " သေ " လောက်အောင် နာကျင်ရတယ်...

15/10/2022

* ဒါဟာ ဘဝပဲ *

အဝတ်ဗလာနဲ့ လာခဲ့တယ်။
အဝတ်တစ်ထည်, ကိုယ်တစ်ခုနဲ့ပဲ
ပြန်သွားကြရတယ်

ငိုကြွေးပြီး ရောက်လာကြတယ်။
ငိုကြွေးကြပြီး ပြန်သွားရတယ်။

ဥစ္စာဓန ပစ္စည်းတွေ မပါဘဲ လာခဲ့တယ်။
ဥစ္စာဓန ပစ္စည်းတွေ ထားပြီးပဲ ပြန်ရမယ်။

တစ်စုံတစ်ယောက်ကပဲ
ပထမဆုံး ရေချိုးပေးသလို..
တစ်စုံတစ်ယောက်ကပဲ
နောက်ဆုံး ရေချိုးပေးမှာပါပဲ။

ဒါဟာ-ဘဝပဲ

ဘာကြောင့်များ
အငြိုးတေးတွေ၊ မာန်မာနတွေ
အမုန်းတွေ၊ မကျေမချမ်းမှုတွေ၊
လောဘ ဒေါသ မောဟ တွေ
များနေကြရမှာပါလဲ...???

လက်ဗလာချည်း ပြန်ကြရမယ့်
သူတွေချည်းပါပဲ။

ကြင်နာပါ။
တစ်ဦးနဲ့တစ်ဦး ဖေးမပါ။
ကမ္ဘာမြေကြီးပေါ်မှာ ရှင်သန်ရမှာက
အကန့်အသတ်လေးနဲ့မို့...
အချိန်တွေကို တန်ဖိုးထားကြပါ။

တကယ်ဆို-
ဘဝမှာ ကုသိုလ်,အကုသိုလ်ကံကလွဲပြီး
ကိုယ့်နောက်ပါတာ ဘာတစ်ခုမှ မရှိနေပါဘူး။

crd_to_original uploader.

03/01/2021

Website