AungMyanmar

AungMyanmar

AungZawZaw

Join group chat on Telegram 14/03/2023

ခုက Facebook သုံးရတာ အဆင်မပြေလို့
Telegram ကို ခုမှစပြပီးြောင်းသုံးရတာပ
ကျွန်တော့်ရဲ့ Telegram channel လေးပါ
https://t.me/+lSSREAkkX0JiOTRl

Join group chat on Telegram

24/01/2023

အားလုံး မင်္ဂလာပါခင်ဗျာ
အင်တာနက်လိုင်းမကောင်းလို့
သတင်းတွေမတင်ပေးနိုင်တာပါဗျ
သတင်းတွေမတင်ဖြစ်ပေမယ့်
တောထဲရဲဘော်များအတွက်
ဖုန်းဘေများလိုအပ်နေလို့
ဖုန်းဘေခဲခြစ်ကဒ်လေး နည်းများမဆို အလှူခံပါရစေ
MPT OOREDOO ATOM ဖုန်းဘေခဲခြစ်ကဒ်လေးများလာရောက်လှူဒါန်းပေးဖို့ တောင်းဆိုပါရစေဗျာ🙏🙏🙏

24/01/2023

အားလုံးမင်္ဂလာပါခင်ဗျာ
အင်တာနက်လိုင်းမကောင်းလို့
သတင်းမတင်နိုင်တာပါဗျ
သတင်းမတင်နိုင်ပေမယ့်
တောထဲရဲဘော်များအတွက် ဖုန်းဘေများလိုအပ်နေလို့
နည်းများမဆို အလှူခံပါရစေ
MPT ATOM OOREDOO ခဲခြစ်ကဒ်လေးများ
လှူဒါန်းပေးကြပါ

04/01/2023

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဉီးဝင်းမြင့်တို့ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ ပြင်သစ် တောင်းဆို

ဧရာဝတီတိုင်းမ်
ဇန်နဝါရီလ ၄ ရက်

ဒီမိုကရေစီနည်းလမ်းကျ ရွေးကောက်ခံ အရပ်ဘက်နိုင်ငံရေးခေါင်းဆောင်ကို ဂုဏ်သိက္ခာထိခိုက်စေတဲ့ တစ်ဖက်သတ် တရားစီရင်မှုတွေပြုလုပ်ပြီးနောက် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထောင်ဒဏ်ခုနှစ်နှစ် ထပ်တိုးချမှတ်တာကို ပြင်သစ်နိုင်ငံက အပြင်းထန်ဆုံး ရှုတ်ချလိုက်ပါတယ်။

စစ်ကောင်စီရဲ့ ဒီပြစ်ဒဏ်ဟာ တရားဥပဒေစိုးမိုးမှုနဲ့ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလမှာပြုလုပ်တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ လွတ်လပ်စွာ ဆန္ဒမဲပေးခဲ့တဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို ပမာမထားတာဖြစ်ပါတယ်။

NLD နဲ့ သမိုင်းဝင်ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီ အတိုက်အခံတွေ ပါဝင်သော နိုင်ငံရေး ဆွေး နွေးပွဲတစ်ရပ် ပြုလုပ်တာကိုမြင်တွေ့ချင်တဲ့ ကတိကဝတ်ကို ပြင်သစ်နိုင်ငံက ထပ်လောင်းပြောဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ အရ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နဲ့ သမ္မတ ဉီးဝင်းမြင့် အပါအဝင် မတရား ထိန်းသိမ်းထားသူအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ် ပေးဖို့ ပြင်သစ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။

စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့တွေ ကျူးလွန်နေတဲ့ အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့လည်း ပြင်သစ်နိုင်ငံ က တိုက်တွန်းလိုက်ပါတယ်။

အာဆီယံအဖွဲ့၊ အာဆီယံ အထူးကိုယ်စားလှယ်နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တို့ရဲ့ မြန်မာ့အရေးဖြေရှင်းဖို့ ကြိုးပမ်းမှုတွေကို ပြင်သစ်နိုင်ငံက ထပ်လောင်းအတည်ပြုတယ် လို့ ဆိုပါတယ်။

ကိုးကား - France in the United Kingdom
Ref; France condemns prison term for Aung San Suu Kyi

04/12/2022

တရုတ်ပြည်သူတို့မှ ကြွေးကြော်သံများ—🇨🇳

မြန်မာ ပြည်သူတွေ ဖတ်မိစေချင်ပါတယ်။

❝ အကယ်၍ သင် အရှေ့မှ ဦးဆောင်၍ မသွားချင်လျင် နောက်ကနေ လိုက်ခဲ့ပါ— 🇨🇳 ❞

❝ အနောက်က မလိုက်နိုင်လျင်
ဘေးမှ ရပ်ကြည့်ပေးပါ— 🇨🇳 ❞

❝ ဘေးမှလဲ မရပ်ကြည့်နိုင်လျင်
online internet မှ တဆင့် အသံပြုပေးပါ— 🇨🇳 ❞

❝ ဒါတွေအားလုံးမှ မလုပ်နိုင်လျှင်
ငြိမ်ငြိမ်ထိုင်ပြီး မျက်စိပိတ်ပြီးတော့
ခင်ဗျားတို့ကောင်းစားရေးတွက်
ကျွန်တော်တို့ လုပ်ဆောင်ပေးနေတာကို ငြိမ်ငြိမ်လေးခံယူပါ— 🇨🇳 ❞

❝ ဒါပေမဲ့ ဒါတွေအားလုံးကို
မမြင်ချင်ယောင်လည်း မဆောင်ပါနဲ့
မသိသလိုမနေပါနဲ့လှောင်ပြောင် သလို ခနဲ့ပြီးလဲ မပြောပါနဲ့— 🇨🇳 ❞

❝ ကျွန်တော်တို့ ကြိုးစားတိုက်ခိုက်ပြီးရလာတဲ့ ဒီအခွင့်အရေးတွေကခင်ဗျားတို့ ကျွန်တော်တို့အားလုံးနဲ့ သက်ဆိုင်ပါတယ်— 🇨🇳 ❞

(Nanjiang Multi Media College)

တရုတ်ပြည်မှာ ခုရက်ပိုင်း ဆန္ဒပြမှုတွေကနေ ထွက်ပေါ်လာတဲ့ စာသားတစုပါ၊မြန်မာနဲ့ အရမ်းကိုက်ပါတယ်။

ဒီလို ဆန္ဒပြဖို့ ခက်ခဲတဲ့ တရုတ်ပြည်ကတောင် ဒီလိုကြွေးကြော်သံတွေထွက်လာခဲ့ပါပြီ။

( ထိုင်ဝမ်နိုင်ငံက ဆရာမ Daw Lily Than Tin နဲ့ အစ်ကို Koko Thu တို့ မှဘာသာပြန်သည်)

မရွှေမိုး-ကိုရီးယား
December 4th,2022.
Credit

02/12/2022

ကမ္ဘာ ခေါင်းဆောင်များ ညီလာခံတွင် ယာယီ သမ္မတကြီး ဒူဝါး လရှီးလ မိန့်ခွန်းပြော
*******************

ဒီဇင်ဘာ (၁) ရက်နေ့တွင် ရိုက်တာ သတင်းဌာနမှ ကမကထပြု၍ အွန်လိုင်းမှ တဆင့် ပြုလုပ်ခဲ့သည့် Next Leadership Summit and Global Broadcast ညီလာခံတွင် အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတ ဒူးဝါး လရှီးလ က ပါဝင် ဆွေးနွေးသွားခဲ့သည်။

ကမ္ဘာကြီးတွင် ဖြစ်ပျက်နေသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများ နှင့် ပြုပြင် ပြောင်းလဲရန် လိုအပ်ချက်များ ကို နိုင်ငံခေါင်းဆောင်များ၊ သက်ဆိုင်ရာ နယ်ပယ်များမှ ပညာရှင်များ ပါဝင် ဆွေးနွေးခဲ့ကြသည်။

ထိုသို့ ဆွေးနွေးမှုများတွင် ကိုယ်စားလှယ် ပေါင်း ၄၀,၀၀၀ ကျော် ပါဝင်ခဲ့ပြီး လေးရက်ကြာ ပြုလုပ်မည့် အစီအစဉ် ဖြစ်သည်။ ထိုအထဲတွင် ယာယီ သမ္မတကြီး ဒူးဝါး လရှီးလ ကဲ့သို့ပင် ကနေဒါ ဝန်ကြီးချုပ်၊ ကိုလံဘီယာ သမ္မတ၊ လစ်သူယေးနီယား ဝန်ကြီးချုပ်၊ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး၊ ပြင်သစ် ဘဏ္ဍာရေး ဝန်ကြီး၊ ကမ္ဘာငွေကြေး ရံပုံငွေ အဖွဲ့ အကြီးအကဲ၊ ကမ္ဘာဘဏ် ဥက္ကဌ၊ ဥရောပ ဗဟိုဘဏ် ဥက္ကဌ၊ ဖေ့စ်ဘုတ်၊ ဂူဂဲလ်၊ စီအင်အင်၊ ဘီဘီစီ တို့မှ အကြီးအကဲ များ အစရှိသည့် အထင်ကရ ပုဂ္ဂိုလ်များ ၂၀၀ ခန့် ပါဝင်ခဲ့ကြသည်။

စစ်ကောင်စီမှ အမျိုးသား ညီညွတ်ရေး အစိုးရအား အကြမ်းဖက် အဖွဲ့အစည်း အဖြစ် ပုံဖေါ်ခဲ့မှု အား ကမ္ဘာ အသိုက်အဝန်း မှ လုံးဝ လက်သင့် မခံနိုင်ဆိုသည်ကို ပြယုဒ်ပင် ဖြစ်သည်။

ယင်း သည် ပြည်ပ သတင်းဌာနပေါင်းစုံက အာရုံစိုက် သတင်းယူနေကြသည့်အတွက် ယာယီ သမ္မတကြီး မှ မြန်မာ ပြည်သူတို့၏ တော်လှန်‌ရေး ကြီး နှင့် ပတ်သက်ပြီး ဖြစ်ပေါ်နေမှုများကို ကမ္ဘာသို့ ချပြနိုင်ခဲ့သည်။

ယာယီ သမ္မတကြီးမှ ထိုတော်လှန်ရေးကြီး အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၂,၀၀၀ ခန့် အသက်ပေးသွားခဲ့ရသည်၊ ထိုသို့ အသက်စွန့်သွားခဲ့ရမှုများ အား ပေးဆပ်ရမည့် အရင်းအနှီး အဖြစ် ခံယူထားကြောင်း အသိပေးလိုက်သည်။ မိမိအနေဖြင့်လည်း နိုင်ငံအတွက် အသက်စွန့်လွှတ်ရန် ဆုံးဖြတ်ထားပြီး ဖြစ်၍ မည်သည့် အချိန်တွင် ထိုသို့ အသက်ပေးဆပ်ရမည်ကို မသိသေးသော်လည်း ဘုရားသခင်၏ အလိုတော်အတိုင်းပင် ဖြစ်ပါလိမ့်မည်ဟု ဆိုသည်။

လက်ရှိတွင် အကြမ်းဖက် စစ်တပ်မှ ရုရှား တိုက်လေယာဉ်များ သုံးပြီး ပစ်ခတ်သတ်ဖြတ်နေခြင်း၊ ရွာများကို လိုက်၍ မီးတင်ရှို့ နေခြင်း များ ရပ်တန့်နိုင်ရန် မိမိတို့၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အင်အား တောင့်တင်းရန် အမြန်လိုအပ်နေသည် ဟု ဆိုသည်။

ယခု အချိန်ထိ အကြမ်းဖက် စစ်တပ်မှ ၂၀,၀၀၀ ခန့် အကျအဆုံး ရှိနေ၍ “မိမိတို့တွင်သာ လေယာဉ်ပစ်လက်နက် များ ရှိမည်ဆိုက ၆ လ အတွင်း အောင်ပွဲခံနိုင်မည် ဖြစ်သည်၊ အကယ်၍ ကျွန်တော်တို့ကိုသာ အမေရိကန် နှင့် အီးယူ တို့မှ ယူကရိန်းကဲ့သို့ ပံ့ပိုးပေးခဲ့မည် ဆိုက စစ်တပ်၏ သတ်ဖြတ်ခြင်း ခံနေရသည့် ဒုက္ခများ ချက်ခြင်းလို ရပ်တန့်သွားမည် ဖြစ်သည်” ဟု အမည်တပ်ပြီး ပြတ်ပြတ်သားသား ချပြသွားခဲ့ပြန်သည်။

“မိမိတို့သည် စေ့စပ်ဆွေးနွေးရေး တံခါးကို ဖွင့်ထားဆဲ ဖြစ်ပြီး၊ စစ်တပ်အနေနှင့် ပြည်သူများကို သတ်ဖြတ်နေခြင်း ရပ်ဆိုင်းခြင်း၊ နိုင်ငံရေး မှ ထွက်ခွာမည်ဟု ကတိပြုခြင်း၊ ၎င်းတို့ အာဏာ တည်မြဲအောင် ပြဋ္ဌာန်းထားသည့် ဖွဲ့စည်းပုံကို ပယ်ဖျက်ပေးရမည် ဖြစ်သည်၊ ထိုအခါကျမှသာ ဆွေးနွေးနိုင်မည်” ဟု အမျိုးသား ညီညွတ်ရေး အစိုးရ၏ မူဝါဒကို အသိပေးခဲ့သည်။

ယာယီ သမ္မတ ကြီး ဒူးဝါး လရှီးလ မှ ကမ္ဘာကြီးအား မေတ္တာရပ်ခံနေစဉ်မှာပင် ရုရှား အဆင့်မြင့် စစ်ဖက် ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်သို့ ရောက်ရှိနေပြီး မင်းအောင်လှိုင် နှင့် တွေ့ဆုံခဲ့သည့်အပြင် နှစ်ဖက် ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ ၎င်းတို့သည် ကာကွယ်ရေး နှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ကိစ္စများ တွင် ပူးပေါင်းဆောင်ရွက်သွားရေးကို ဆွေးနွေးခဲ့ကြသည်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဆိုသည်က ပြည်သူများ၏ ထောက်ခံမှု ရနေသော ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကို ရည်ညွှန်းခြင်းပင် ဖြစ်သည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေး ခေါင်းစဉ်အောက်တွင် ရုရှား-မြန်မာ ပူးတွဲ လုပ်ငန်း အဖွဲ့ကိုပင် ဖွဲ့စည်းလာခဲ့ကြသည်။

မင်းအောင်လှိုင် ၏ လက်အောက်ခံ တပ်များသည် ပြည်သူတို့ ဆင်နွှဲနေသော တော်လှန်‌ရေး အရှိန်အဟုန်ကို တောင့်မခံနိုင်တော့ပဲ ရုရှား အကူအညီကိုပင် တောင်းခံနေရပြီ ဖြစ်သည်။

အကယ်၍သာ မင်းအောင်လှိုင်အား ရုရှားမှ လက်နက် ရောင်းယုံတင်မကပဲ စစ်ဖက် အကြံပေးများ စေလွှတ်ပေးမည်ဆိုက အမေရိကန် နှင့် အနောက်အုပ်စုများလည်း ပါဝင်လာကြမည်သာ ဖြစ်သည်။

ထိုအရေးကို တရုတ်သည် ရင်တမမ နှင့် စောင့်ကြည့်ရမည့် အခြေ ဆိုက်ရောက်လာခဲ့ပြီ ဖြစ်သည်။ တရုတ်သည် ၎င်းတို့၏ လက်ရှိ အကျိုးးစီးပွား နှင့် ရှေ့လျောက် အမြတ်ထုတ်စရာ များ ရှိနေသည့်အတွက် နိုင်ငံတွင်း ပဋိပက္ခ အရှိန် မြှင့်လာမည်ကို လုံးဝ လိုလားခြင်း မရှိသဖြင့် အမေရိကန်တို့ ပါဝင်ပတ်သက်မလာအောင် နိုင်ငံရေး၊ စစ်ရေး အရ ထောက်ခံမှု မပေးပဲ ကင်းကင်းရှင်းရှင် နေလာခဲ့ခြင်း ဖြစ်သည်။

မင်းအောင်လှိုင်သည် ၎င်း၏ နန်းတက်ပွဲ မတိုင်မီ ပြည်သူတို့၏ ခုခံတော်လှန်နေမှုကို အပြီး အပိုင် ရှင်းလင်း နိုင်ခြင်း မရှိပဲ နေ့စဉ်နှင့် အမျှ အကျအဆုံး များလာနေ၍ ၎င်းအား ပျော့ညံ့လွန်းသည် ဝေဖန်မှုများ ရှိလာနေသည်ဟု အတွင်းစည်း သတင်းများက ဆိုသည်။

ထို့အတွက် မင်းအောင်လှိုင်သည် ကြံရာမရ ဖြစ်လာနေခြင်းပင် ဖြစ်သည်။

မင်းအောင်လှိုင် လက်မှ ပြန်လွတ်လာသော ဩစတေးလျှ စီးပွားရေး ပညာရှင် ရှောင်တန်နဲလ် နှင့် ဇနီး ဖြစ်သူအား လေဘာ ဝန်ကြီးချုပ် အန်သိုနီ အာဘနီဇ် မှ ပါလီမန်သို့ ဖိတ်ကြားကာ သူရဲကောင်း အဖြစ် ကြိုဆို ဂုဏ်ပြုခဲ့ရာ လွှတ်တော်အမတ်များ အားလုံး တညီတညွတ်တည်း မတ်တပ်ရပ်ကာ ဂုဏ်ပြုဩဘာပေးခဲ့ကြသည်ဟု သိရသည်။

ထိုဖြစ်ရပ်သည် ရှောင်တန်နဲလ်အား ဓါးစားခံ အဖြစ် ဖမ်းဆီးခံခဲ့ရသည် ဆိုသည့် ဩစတေးလျှ အစိုးရ ၏ သဘောထားကို ထပ်မံမီးမောင်းထိုးပြ လိုက်ခြင်းပင် ဖြစ်သည်။

မြန်မာ စစ်တပ်သည် လူ့အခွင့်အရေး ဆိုသည်အား ချေမှုန်းနေသည့် အဖွဲ့အစည်းတရပ် ဖြစ်သည်ဟု အာဘနီဇ် က ပြောဆိုသွားခဲ့သည်။

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!

27/11/2022

မြန်မာ အရေး အင်ဒို သဘောထား နှင့် NUG အခန်းကဏ္ဍ
****************

၂၀၂၃ ခုနှစ် အတွက် အာဆီယံ ဥက္ကဌ ရာထူး တာဝန်ယူရမည့် အင်ဒိုနီရှား သည် မြန်မာနိုင်ငံ အတွင်း ဖြစ်ပေါ် နေသော ရှည်ကြာလာနေသည့် ပဋိပက္ခ အား ဖြေရှင်း နိုင်ရေး အတွက် ဆက်လက် ရုန်းကန် လှုပ်ရှားသွားရဖို့ ရှိနေသည်။

ထိုအရေး နှင့် ပတ်သက်၍ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီမှ စနေနေ့က ပြုလုပ်သော နိုင်ငံခြား ရေး မူဝါဒ ရေးရာ ဖိုရမ်တွင် “မိမိတို့သည် ဥက္ကဌ ရာထူးကို အခြေအနေများ တိုးတက် ကောင်းမွန်လာနေခြင်း မရှိသေးသည့် ကမ္ဘာ အခြေအနေများ ကြားတွင် တာဝန်ယူခဲ့ရသည့်အပြင် ဒေသတွင်းတွင်လည်း မြန်မာ သည် အာဆီယံအတွက် စိန်ခေါ်မှုများ ဖြစ်လာစေခဲ့သည်” ဟု ပြောသွားခဲ့သည်။

အင်ဒိုနီရှား အနေဖြင့် အာဆီယံ သည် ကမ္ဘာ အလယ်တွင် ဆက်လက်အရေးပါနေရုံမျှမက ပြဿနာများ အတွက် ပါဝင် သက်ဆိုင်နေဆဲ ဖြစ်သည်ကို ပြသသွား မည် ဖြစ်ကြောင်း လည်း ပြောဆိုခဲ့သည်။

ဥက္ကဌ ဖြစ်လာသည့် အင်ဒိုနီရှားအား မြန်မာ အရေး မည်သို့ ကိုင်တွယ်သွားမည်ကို အားလုံးက စောင့်ကြည့် နေကြပြီ ဖြစ်သည်။ လောလောဆယ်တွင် အာဏာသိမ်းမှု နှင့် ကြုံခဲ့ရသော ဘရူနိုင်း နှင့် ကမ္ဘောဒီယားတို့ ကဲ့သို့ပင် ပြဿနာ အား အလုံးစုံ ဖြေရှင်းနိုင်ရေး ဘုံ ရပ်တည်ချက် ငါးရပ်ကို မြန်မာ မှ ဆောင်ရွက်လာရေး ဆက်လက် ကြိုးပမ်းသွားမည်ဟု ယူဆရသည်။

အင်ဒိုနီရှား၏ အာဆီယံ ကိုယ်စားလှယ် ဖြစ်သူမှ ဒါရီ အမန် မှ “အကယ်၍ မြန်မာသည် ဘုံရပ်တည်ချက် ငါးရပ်အား ဆက်လက်၍ ငြင်းပယ်နေမည်ဆိုလျှင် ယင်း ရပ်တည်ချက်သည် ပြဿနာ ပြေလည် စေရေး အတွက် ဆက်လက် အကျုံးဝင်ခြင်း ရှိမရှိ ဆိုသည် အပေါ် အဖွဲ့ဝင် နိုင်ငံများ အကြား ပြန်လည် ဆွေးနွေးရမည် ဖြစ်သည်” ဟု ဆိုသည်။

အထူး သံတမန် အားလည်း နိုင်ငံခြားရေး ဝန်ကြီး ဖြစ်စရာ မလိုဘဲ အမှန်တကယ် ကိုင်တွယ် ဖြေရှင်းနိုင်သူ ကိုသာ ရွေးချယ်သွားမည်ဟု ယင်းကိစ္စအပေါ် မှတ်ချက် ချသွားခဲ့ကြောင်း Jakarta Globe တွင် ဖေါ်ပြထားသည်။

မြန်မာ စစ်တပ်သည် ၎င်းတို့ ဖန်တီးခဲ့သည့် ပြဿနာများ ဖြစ်သည့် ရိုဟင်ဂျာ အရေး အတွက် ကမ္ဘာ ပေါ်ရှိ အစ္စလမ် နိုင်ငံများ၊ အာဏာသိမ်း မှု နှင့်ပတ်သက်၍ ကမ္ဘာ အထင်ကရ ဒီမိုကရေစီ နိုင်ငံကြီးများ အပေါ် ခေါင်းမာစွာ ဖြင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့သည်လည်း ၂၀၂၁ ဧပြီ ၁၆ ရက်နေ့တွင် စတင် ဖွဲ့စည်းလာခဲ့ချိန်မှစ၍ ကြုံတွေ့ခဲ့ရသော အားနည်းချက်များ အပေါ် ပြန်လည် သုံးသပ်ပြီး တော်လှန်ရေး ၏ အဓိက မောင်းနှင်အား အဖြစ် ရှေ့ရောက် မားမားမတ်မတ် ရပ်တည်သွားနိုင်ရန် ပြင်ဆင်လာနေသည်။

ပြည်သူများ၏ ယုံကြည်ကိုးစားခြင်း ခံရသည့် တခုတည်းသော အဖွဲ့အစည်းကြီး ဖြစ်လာခဲ့သည့် အတွက် စစ်ရေး တွင် မည်သို့ မည်ပုံ အမြန်ဆုံး အောင်ပွဲခံနိုင်မည်ကို အရေးတကြီး သုံးသပ်ရဖို့ ရှိလာနေသည်။

ပြည်သူများ သည် ရှေ့လျှောက် စစ်တပ်၏ တဖက်သတ် အနိုင်ကျင့်ခြင်းကို ငုံ့ခံနေစရာ မလို၊ တိုက်ပွဲဝင်သွားမည့် ပြည်သူ့ ကာကွယ်‌ရေး တပ်မတော်လည်း အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်တွင် အခိုင်အမာ ဖွဲ့စည်း ထားပြီး ဖြစ်သည်။

ထိုအနေအထားအထိ ရောက်လာမည်ကို မင်းအောင်လှိုင် အပါအဝင် လက်တဆုပ်စာ စစ်ခေါင်းဆောင်များ သာ မက ပြည်သူများဖက်ကလည်း ကြိုတင် တွက်ဆထားနိုင်ခဲ့ခြင်း မရှိခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။

လက်ရှိတွင် အမျိုးသား ညီညွတ်ရေး အစိုးရသည် မြန်မာပြည်သူများ အား ကိုယ်စားပြုနိုင်သည့် အဖွဲ့အစည်း ဖြစ်သည် ဆိုကာ နိုင်ငံတကာ၏ ထောက်ခံမှုကို တိုး၍ ရလာနေပြီ ဖြစ်သည်။

ထို့အတွက်လည်း အကြမ်းဖက် စစ်တပ်သည် ၎င်းတို့ ဓါးစာခံ အဖြစ် ဖမ်းဆီးထားသော နိုင်ငံခြားသားများ အပါအဝင် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးရသည်အထိ ဖြစ်လာခဲ့ရသည်။

ပြည်ပ နိုင်ငံများ အနေဖြင့် NUG နှင့် ပတ်သက်ပြီး ပါဝင် သက်ဆိုင်နေသူများ အကြား သဘောထားရေးအရ အက်ကြောင်းများ ရှိလာနေသည်ဟု ယူဆသွားမည်ဆိုလျှင် နဂိုကမှ တွန့်ဆုတ်နေကြရသည့် ကြားထဲ ပို၍ အလှမ်းဝေးလာမည်ကို သဘောပေါက်ထားရန် လိုပေသည်။ တော်လှန်ရေးကြီး အမြန်ဆုံး အောင်နိုင်ရေး အတွက် စစ်‌ရေး နှင့် သံတမန်ရေး ကို ဦးစားပေး ထိုးစစ်ဆင်သွားရမည် ဖြစ်သည်။

ဒုတိယ ကမ္ဘာစစ်ကြီး နောက်ပိုင်းတွင် ကမ္ဘာကြီးသည် လစ်ဘရယ် စနစ်ကို အခြေခံ ပြီး ဒီမိုကရေစီ အရေး၊ ဥပဒေ စိုးမိုးရေး နှင့် လူ့အခွင့်အရေး များ တိုးတက်ရရှိလာရေး အပေါ် အခြေခံသည့် ကမ္ဘာစနစ်သစ် တရပ်ကို ပြဋ္ဌာန်းလာခဲ့သည်။ နိုင်ငံများ အားလည်း ထိုကဲ့သို့သော စနစ်ကို ခံယူကျင့်သုံးလာအောင် အကူအညီ ပေးခဲ့ ကြသည်။

မြန်မာ စစ်အာဏာရှင်များသည် ၎င်းတို့ ဆက်လက် ဗိုလ်ကျ အနိုင်ကျင့် နိုင်ရန် အားလုံး သည်းခြေကြိုက် ဒီမိုကရေစီ စကားလုံး ကို ထုတ်နှုတ်ကာ အသေအချာ တွက်ချက်ပြီး “အသွင်ကူးပြောင်းရေး” ဆိုကာ ပျားရည် နှင့် ဝမ်းချလာခဲ့သည်။ သို့သော် ပင်မ ရည်ရွယ်ချက်သည် ၎င်းတို့၏ အကျိုးစီးပွားကို တဖက်လှည့် နှင့် ထိန်းသိမ်း သွားနိုင်ရန် အတွက် ဖြစ်သည်။ နိုင်ငံတကာသည် ထိုသို့ ကောက်ကျစ်စွာ စီမံ ဖန်တီးထားမှု ကို နားလည်ရန် ပျက်ကွက်ခဲ့ပြီး ရှေ့လျှောက်တိုး၍ ပြောင်းလဲလာမည် ဟု ယူဆကာ အကူအညီများ ပေးခဲ့ကြသည်။ စစ်အာဏာပိုင်များကို လူရာသွင်း ဆက်ဆံခဲ့ကြသည်။

နောက်ဆုံးတွင် ၎င်းတို့၏ အကျိုးစီးပွားများ ပျက်သုဥ်းတော့မည့် အရေး နှင့် ကြုံလာသည့် အခါတွင် မျက်နှာဖုံးကွာကျသွားခဲ့ရပြီး မြန်မာပြည်သူတို့ အဖို့ ဒုတိယကမ္ဘာစစ်ကြီး အပြီး တခါဖူးမျှ မကြုံခဲ့ရသော ဒုက္ခပင်လယ်ဝေမှုများ နှင့် ရင်ဆိုင်ခဲ့ကြရတော့သည်။

နိုင်ငံတကာ၏ အမြင်သည် မြန်မာ အပေါ် တွင် အမြဲလို မှန်မှန်ကန်ကန် ရှုမြင်နိုင်ခြင်း ကင်းဝေးနေသည့် အဖြစ်ကို မင်းအောင်လှိုင်က နောက်တကြိမ် အသုံးချ၍ ရဦးမည်လားဟု ယူဆကာ ရွေးကောက်ပွဲ အတုအယောင်ဖြင့် ကလေးကလား လှည့်စားရန် ကြံစည်လာခြင်း ဖြစ်သည်။

ထိုအရေးကို မြန်မာပြည်သူများ အားလုံး တစိတ်တဝမ်းတည်း ပြတ်သားစွာ ဖြင့် ဆန့်ကျင်သွားရမည်။ ထိုသို့ ဦးဆောင် ဆန့်ကျင်နိုင်သည်မှာလည်း နိုင်ငံတကာ၏ အသိအမှတ် ပြုခြင်းကို ရရှိထားသော အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား အဖွဲ့များသာ ဖြစ်သည် မဟုတ်ပါလော။

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!

ဓါတ်ပုံ - ဧရာဝတီ

26/11/2022

#ပြည်သူတွေအတွက်_စစ်ကောင်စီနဲ့_အပစ်အခတ်ရပ်စဲရတာပါလို့_AA_ပြော

😂 + မြေလတ်အသံ + 😂 ( နိုဝင်ဘာ၂၆၊ ၂၀၂၂ )

စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် ( AA ) တို့ တကျော့ပြန်တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ တပ်နှစ်ခုအကြား အပစ်အခတ်ရပ်စဲလိုက်တယ်လို့ AAက ပြောဆိုပါတယ်။

အခုလို အပစ်အခတ်ရပ်စဲရတာဟာ ရခိုင်ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့အခက်အခဲ၊ အကြပ်အတည်းတွေကို ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက​ မြေလတ်အသံကို ပြောပါတယ်။

"လောလောဆယ်မှာ ရခိုင်ပြည်သူတွေအတွက် အဓိကကျတဲ့ စားနပ်ရိက္ခာ၊ စပါးရိတ်သိမ်းဖို့ အချိန်ရောက်လာပြီဖြစ်တာမို့ ပြည်သူတွေအတွက် အလေးအနက်ထားစဥ်းစားပြီးတော့မှ လူသားချင်းစာနာမှုဆိုင်ရာအပစ်အခတ်ရပ်စဲရေးကို ကျနော်တို့ ဆောင်ရွက်တာဖြစ်ပါတယ်။ ကျန်တာကတော့ ဘာမှအပြောင်းအလဲမရှိပါဘူး။ နဂိုနိုင်ငံရေးရပ်တည် ချက်အတိုင်းပဲဖြစ်ပါတယ်"လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲထားတယ်ဆိုပေမယ့် ဘယ်အချိန်ထိရပ်စဲထားမလည်းဆိုတာကိုတော့ အချိန်ကာလအတိုင်းအတာအနေနဲ့ ကြိုတင်ပြောဆိုသတ်မှတ်ခဲ့တာမရှိဘူးလို့လည်း ခိုင်သုခကဆက်ပြောပါတယ်။

"အပစ်အခတ်ရပ်စဲပေမယ့်လည်း အချိန်ကာလသတ်မှတ်ချက်မရှိဘူး။ ဒီနေ့ကစပြီးတော့ ၂၄နာရီအတွင်းမှာ ပစ်တာ၊ခတ်တာတွေအကုန်လုံးကိုရပ်ထားဖို့။ ဘယ်လောက်အချိန်ထိ အပစ်အခတ်ရပ်ထားဖို့လည်းဆိုတာကိုတော့ အကန့် အသတ်မရှိဘူး။ ဒီဟာကဖြစ်လာမဲ့ အခြေအနေပေါ်မှာ မူတည်ပြီးတော့ အပစ်အခတ်ရပ်စဲရေးကဘယ်လောက်အထိ သက်တမ်းရှည်မလဲဆိုတာကိုတော့ကြိုပြောလို့မရဘူး"လို့ ဆိုပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ စစ်ကောင်စီက တမြို့နဲ့တမြို့သွားလာနေရတဲ့ ကုန်းလမ်း၊ရေလမ်းတွေကို ရက်အကန့်အသတ် မရှိပိတ်ပင်ထားတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ ကျန်းမာရေး၊ စားဝတ်နေရေးတို့မှာ အခက်အခဲအကြပ်အတည်းတွေ ဖြစ်နေကြရတယ်လို့ ဒေသခံတွေကပြောဆိုကြပါတယ်။

ပုံစာ - စပါးရိတ်သိမ်းပေးနေတဲ့ ( AA ) တပ်ဖွဲ့ဝင်များ

စာတည်း - ဇို

+ မြေလတ်အသံ +

18/11/2022

စစ်ကိုင်းတိုင်းမှာ
အထင်ကရ ပုဂ္ဂိုလ်တွေ
မနည်းပါလား။

“စစ်ကိုင်းတိုင်းဒေသကြီး”

စစ်ကိုင်းတိုင်းဒေသကြီးသည် ဧရိယာစုစုပေါင်း ၃၆,၅၃၄ စတုရန်းမိုင်ကျယ်ဝန်းပြီး တိုင်းဒေသကြီး ၇ ခုတို့တွင် အကျယ်ဆုံးလည်းဖြစ်သည်။ မြန်မာနိုင်ငံ၏ အလယ်ပိုင်းမှ မြောက်ထိပ်စွန်းလောက်ထိ တောင်မြောက်ရှည်လျားသော တိုင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ အိန္ဒိယနိုင်ငံနှင့် ချင်းပြည်နယ်တို့ဖြင့် ဝန်းရံထားသည်။ မြောက်လတ္တီတွဒ် ၂၁ ဒီဂရီ ၃၀မိနစ် မှ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ မှ ၉၇ ဒီဂရီ မိနစ် အတွင်း တည်ရှိသည်။

#မြို့တော်

စစ်ကိုင်းတိုင်းဒေသကြီး၏ မြို့တော်နှင့် အကြီးဆုံးမြို့မှာ
မုံရွာမြို့ဖြစ်သည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ
မြို့၊ ရွာ များ -

ခန္တီးခရိုင်၊ ကလေးခရိုင်၊ကသာခရိုင်၊ ကန့်ဘလူခရိုင်၊ မော်လိုက်ခရိုင်၊ မုံရွာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရွှေဘိုခရိုင်၊ တမူးခရိုင်၊ ယင်းမာပင်ခရိုင်၊ ကောလင်းခရိုင်၊ အလုံ၊ ခင်ဦး၊ အန့်ပေါ်၊ အရာတော်၊ ဗန်းမောက်၊ ဘော်၊ ဘုတ်ကန်၊ ဘုတလင်၊ ချပ်သင်း၊ ချောင်းဦး၊ ချင်ပစ်၊ လှတော၊ ဟုမ္မလင်း၊ အင်းတော်၊ အင်းရွာ၊ ကဒူး၊ ကံထူးမ၊ ကလေးဝ၊ ကနီ၊ ကောင်းဟိန်း၊ကင်း၊ ကင်းတပ်၊ ခင်ဦး၊ ကုက္ကိုကုန်း၊ ကူတော်၊ ကွမ်းတောင်၊ ကျားတတ်၊ ကျောက်ကာ၊ ကျောက်မြောင်း၊ ကွန်းလှ၊ လဟယ်၊ လောသာ၊ လေရှီး၊ မလည်၊ မံစီ၊ မစိန်၊ မောင်းထောင်၊ မောင်းခမ်း၊ မော်လူး၊ မဲဇာ၊ မင်းကင်း၊ မင်းကွန်း၊ မင်းတိုင်ပင်၊ ချောင်းဦး၊ မိုးဒါး၊ မုဆိုးချုံ၊ မုံရွေး၊ မြောင်၊ မြေမွန်၊ မြင်းမူ၊ မြင်သာဆိပ်၊ မြို့သာ၊ မြို့သစ်၊ နဘား၊ နမ့်တိန်ခွန်(ဂျိတ်ဆော)၊ နန်းယွန်း၊ နတ်ချောင်း၊ ငါန်းစွန်၊ ညောင်ကန်၊ အုန်းတော၊ အုန်းသာ၊ ပဒူ၊ ပုလဲ၊ ပုလွေရွှေ၊ ပန်ဆောင်၊ ပန်းသာ၊ ဖလံဂုဏ်၊ ဖောင်းပြင်၊ ပင်လည်ဘူး၊ ပြောင်ဘုတ်၊ ရိတုဂါး၊ ဆားတောင်၊ ဆားတွင်းကြီး၊ ဆားလင်းကြီး၊ စာရေး၊ ဆိပ်ခွန်၊ ရှိန်းမကား၊ ရွှေတွင်း၊ ဆင်ကုန်း၊ ဆင်လမောင်း၊ စစ်တောင်း၊ ဆွမ္မရာ၊ ဒီပဲယင်း၊ထမံသီ၊ တတ်လွင်၊ တန့်ဆည်၊ တယ်ပင်၊ သန၊ သောင်ဝွဋ်၊ သာစည်၊ သက္ကယ်ကျင်း၊ ထီးချိုင့်၊ တုန်ဟဲ၊ ဝက်လက်၊ဝန်ကြီး၊ ဝန်းသို၊ ရေဦး၊ ရွာရှည်၊ ရွာသစ်ကြီး၊ စေတီ၊ ဇီးကုန်

မြို့နယ် (၃၇) မြို့နယ်၊ မြို့ပေါင်း (၄၆)မြို့၊ ရပ်ကွက်ပေါင်း (၂၃၃) ကွက်၊ ကျေးရွာအုပ်စု (၁၇၅၈) အုပ်စုနှင့် ရွာပေါင်း (၅၉၀၇) ရွာ တည်ရှိသည်။ ( မှတ်ချက် - နှစ်အလိုက် အပြောင်းအလဲ ရှိနိုင်သည်။ )

#စိတ်ဝင်စားဖွယ်နေရာများ

ဟန်လင်း ပျူမြို့ဟောင်း ( ဝက်လက် )
အမြင့်မြို့ဟောင်း၊ အနိမ့်မြို့ဟောင်း ( ချောင်းဦး )
စစ်ကိုင်းတောင် ( စစ်ကိုင်း )
ဖိုလ်ဝင်းတောင် ( ယင်းမာပင် )
အင်ကြင်းတောင် ( ယင်းမာပင် )
မဟာလယ်တီကျောက်စာတိုက် ( မုံရွာ )
ဆွမ်းဦးပုညရှင်စေတီ ( စစ်ကိုင်း )
ကောင်းမှုတော်စေတီ ( စစ်ကိုင်း )
မင်းကွန်းခေါင်းလောင်း ( စစ်ကိုင်း )
ကျောက္ကာရွှေဂူနီဘုရားကြီး ( မုံရွာ )
မိုးညှင်းသမ္ဗုဒေဘုရား ( မုံရွာ )
ဗောဓိတထောင် ( မုံရွာ )
မြသိန်းတန်စေတီ ( စစ်ကိုင်း )
တွင်းတောင် ( ဘုတလင် )
မြို့ထောင့်စေတီ ( ရွှေဘို )
အလောင်းတော် ကဿပ ( ယင်းမာပင် )
နာဂနှစ်သစ်ကူးပွဲ (လဟယ် )
ဖလံဂုဏ်ရွာ (နန်းမတော်မယ်နု ၏ဇာတိ)
လင်းနို့ဂူ ( ကန့်ဘလူ )
ရွှေဘုံရတနာ မင်္ဂလာနန်းတော် ( ရွှေဘို )
ရှိန်းမကားဒေသ ( ဝက်လက် )
ထမံသီဘေးမဲ့တော ( ခန္တီး ၊ ဟုမ္မလင်း )
ဇလုံတောင်(ဗန်းမောက်ဒေသ)
ကျောက်နဂါး(မြောင်)
ကံတလူဘုရား(စစ်ကိုင်းမြို့)
ရှင်သီဝလိတောရကျောက်စာဘုရား(စစ်ကိုင်းမြို့)
ရွှေတောင်ဦးစေတီ(မုံရွာ)
အလောင်းတော်ကဿပ

#ထင်ရှားကျော်ကြားသူများ
လည်တီဆရာတော်ဘုရားကြီး
တည်တောဆရာတော်ဘုရားကြီး
ဗန်းမော် ဆရာတော်ဘုရားကြီး
မဟာဗောဓိမြိုင်ဆရာတော်(ကန့်ဘလူမြို့မင်းကုန်းရွာ)
ရှင်ဒိသာပါမောက် (ခေါ်) ဦးကျည်ပွေ့ ( ရွှေဘို )
ဆူးတွင်းပစ်ဆရာတော် ( စစ်ကိုင်း )
မောင်းထောင်ဆရာတော် ( ဘုတလင် )
ဆရာတော် ဦးဗုဓ် ( ဘုတလင် )
မုံရွေးဇေတဝန်ဆရာတော် ( မုံရွာ )
ဆီးပန်းနီဆရာတော် ( စစ်ကိုင်း )
သင်္ဂဇာဆရာတော် ( မြောင် )
ရွှေကျင်ဆရာတော် ( ဝက်လက် )
မန်လည်ဆရာတော် ( ဝန်းသို )
လယ်တီဆရာတော် ( ဒီပဲယင်း )
ဆရာ‌တော် ဦးဝိစာရ ( ချောင်းဦး )
မဟာစည်ဆရာတော် ( ရွှေဘို )
ဝေဘူဆရာတော် ( ခင်ဦး )
မဟာဂန္ဓာရုံဆရာတော် ရှင်ဇနကာဘိဝံသ ( ဝက်လက် )
တောင်တန်းသာသနာပြုဆရာတော် ဦးဥတ္တမသာရ ( အရာတော် )
ဗောဓိတစ်ထောင်ဆရာတော် ( ဒီပဲယင်း )
စတုတ္တတိပိဋကဆရာတော် အရှင်သုမင်္ဂလာလင်္ကာရ ( ဝက်လက် )
အဌမတိပိဋကဓရဆရာတော် ဘဒ္ဒန္တဝံသပါလာလင်္ကာရ ( မြင်းမူ )
ဓမ္မဒူတ အရှင်ဆေကိန္ဒ ( စစ်ကိုင်း )
ဒွါဒဿမတိပိဋကဆရာတော် အရှင်အဘိဇာတာဘိဝံသ ( ဝက်လက် )
တေရဿတိပိဋကဓရဆရာ‌တော်အရှင်ဣန္နာစရိယ ( ဘုတလင် )
ဖြူးဆရာတော် ဦးနရပတိ၊
(ပင်စိမ်းခင်းရွာ၊ရေဦး)
ကန်တော်မင်းကျောင်းဆရာတော်(အင်းဝခေတ်)မြင်းမူမြို့နယ်ကန်တော်ကျေးရွာ။
ကျန်စစ်သား ( မြောင် )
ငထွေရူး ( မြင်းမူ )
သတိုးမင်းဖျား ( စစ်ကိုင်း )
မင်းခေါင်ကြီး ( ကန့်ဘလူ )
အလောင်းမင်းတရာကြီး (ရွှေဘို)
လက်ဝဲနော်ရထာ ( မုံရွာ )
သေနတ်ဝန်ဦးကောင်း ( ရွှေဘို )
မင်းခေါင်နော်ရထာ ( ရွှေဘို )
မဟာသီဟသူရ ( ရွှေဘို )
တွင်းသင်းတိုက်ဝန်မဟာစည်သူ ဦးထွန်းညို ( ဘုတလင် )
ဗလမင်းထင် ( ရွှေဘို )
တိမ်ကြားမင်းခေါင် ( ရွှေဘို )
စိန္တကျော်သူဦးဩ ( ဘုတလင် )
ဆင်ဖြူရှင် ( ရွှေဘိုမြို့ )
လက်ဝဲသုန္ဒရအမတ်ကြီး ( ရွှေဘို )
ရာမရကန်ဦးတိုး ( ရွှေဘို )
ဘိုးတော်ဘုရား (ရွှေဘိုမြို့ )
ဦးပေါ်ဦး ( တန့်ဆည် )
ဗန္ဓုလ ( ဘုတလင် )
လှေသင်းအတွင်းဝန်ဦးချိန် ( မုံရွာ )
နန်းမတော်မယ်နု ( ရေဦး )
ပုဂံဝန်ဆီမီးခုံရွာစားဦးရွှန်း ( ဆားလင်းကြီး )
မြဝတီမင်းကြီးဦးစ ( စစ်ကိုင်း )
ကင်းဝန်မင်းကြီးဦးကောင်း ( ပုလဲ )
ယောမင်းကြီးဦးဘိုးလှိုင် ( မြောင် )
နိုင်ငံခြားဝန်ထောက်မင်းကြီး မဟာမင်းလှဇေယျသူ ဦးခြိမ့် ( ရွှေဘို )
ခုံမင်းကြီးဦးပြည့်ကျော် ( ဘုတလင် )
မောင်းထောင်ဦးကျော်လှ ( ဘုတလင် )
ဖန်ချက်ဝန်ဦးရွှေအိုး ( ကျောက်မြောင်း )
ဝန်းသိုစော်ဘွားကြီးဦးအောင်မြတ် ( ဝန်းသို )
လယ်တီပဏ္ဍိတဦးမောင်ကြီး ( မုံရွာ )
ဂဠုန်ဆရာစံ ( ဒီပဲယင်းမြို့ )
ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ဇေယျ ( မုံရွာ )
စိန်ဝေလျှံ ( ဒီပဲယင်း )
ညိုမြ ( ချောင်းဦး )
သိန်းဖေမြင့် ( ဘုတလင် )
ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင် ဦးဘမော် ( မုံရွာ )
စံရှားတင် ( ကသာ )
ခင်မောင်တိုး ( မော်လိုက် )
သတ္တမလယ်တီဆရာတော် ဓမ္မကထိကအကျော် ဦးးဝိလာသ၊
သံချို ဦးးကျော်လှ၊
နာမည်ကျော် ဓမ္မကထိက ဦးလှသိန်း၊
ဂီတစာဆို မုံရွာ ဦးလေးခန့်၊
ရဲဘော်ဌေး(စစ်ကိုင်း)
အင်ဒါးဆင်းဦးအံ့မောင်
ချင်းတွင်းဒိုး ကျော်ခိုင်မြိုင်
စာဆိုရှင်နဝဒေး ဒုတိယစာဆိုရှင်အကျော်အမော် (ဆားတောင် ရွာဝေးရွာ)
ဒီပဲယင်း မြိုဝန်ဦးမြဲ။
အယူတော်မဂ်လာဦးနိုး
ဒီးပဲယင်းတောင်လက်ကြခတ်
နီယံဆရာတော်(မြင်းမူ)
စန္ဒရားလှရွှေ (စစ်ကိုင်း)
ဆိုင်းဆရာကြီး စိန်ကြာပေါ်
စာရေးဆရာမကြီး ရွှေဘိုမိမိကြီး
အမတ်ကြီးဦးပေါ်ဦး(တန့်ဆည်)
ဗိုလ်မြ(တန့်ဆည်)
ကိုးကား - Myanmar Wikipedia

....
်းပညာများျ

18/11/2022

အကောင်းမြင်ကြည့်ချင်ပါတယ်.. သို့သော်..

စကစက အကျဉ်းသားတွေ လွှတ်လို့
နိုင်ငံတကာ ဖိအားကျအောင် လုပ်တာထင်နေရင်မှားပါမယ်..
#တဖက်ကလွှတ်ပြီးတဖက်ကစစ်ရေးအရှိန်သိသိသာသာမြှင့်ပါပြီ..

ကရင်ဘက်ကိုလည်း လေယာဉ်တွေ ဝဲ
စစ်ကိုင်းကို ဖြတ်လေးဖြတ် လုပ်ပြီး ရက်ရက်စက်စက် ကိုင်ဖို့
မနေ့က အတော်ကြီးမားတဲ့ လုံခြုံရေး အစည်းအဝေးလုပ်သတဲ့
ကချင် ရခိုင် ကိုးကန့် ချင်း တပြိုင်နက်ထဲ
ပွင့်လင်းရာသီ. စစ်ဆင်ရေး ဝင်နေပြီ..
ကသာဘက်မှာ အတော်ဆိုးတယ်ကြားတယ်.

သူတို့အုပ်ချူပ်ရေး မသက်ရောက်တော့တဲ့ နေရာတွေများလာလို့
အဲလိုနေရာတွေကို အလုံးအရင်းဝင်စီး ရှိသမျှ ဖျက်ဆီးမီးရှို့ပြီး
ဘာမှ မကျန်တော့မှ ပြန်ဆုတ် ပုံစံ လုပ်နေတာပါ.
အုပ်ချူပ်ရေး အာဏာ သက်ရောက်အောင် မလုပ်နိုင်တော့ပါဘူး

မအလကလည်း ရွေးကောက်ပွဲ ကျင်းပနိုင်တယ်ဆိုတဲ့
အခြေအနေရှိပါတယ်ဆိုပြီး တခုခု လက်ဆုတ်လက်ကိုင်ပြဖို့
ဒီအတောအတွင်း ထူးခြားချင်တယ် လို့ဖိအားပေးသတဲ့.

NUG နဲ့ ဆက်ဆံလို့ ဆိုပြီး
ဦးမြင့်ဆွေလည်း ရန်ကုန်ဆင်း
မလေးနဲ့ သံဖြတ်ဖို့ လုပ် မောင်းထုတ်မတဲ့.
အာစီယံကလည်း မလေးကိုသံဖြတ်ရင်
အဖွဲ့ထဲက ထုတ်မယ်လို့ အသိပေးထား..

အဲဒါဆို အခုလွှတ်တာဟာ
နေရာရှင်းတာကလွဲလို့ ဘာဖြစ်အုံးမှာလဲ…

ဝင်းဗိုလ်..
(18.11.2022)

18/11/2022

လားရှိုး နမ့်ပုံဒေသ၌ MNDAAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

🛑Z Fighter November 18🛑

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်၌ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးထိခိုက်မှုရှိခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA)က ယနေ့ ထုတ်ပြန်သည်။

နိုဝင်ဘာ ၁၅ ရက်တွင် လားရှိုးမြို့ နမ့်ပုံကျေးရွာတွင် MNDAAနှင့် စစ်ကောင်စီတပ်တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် နိုဝင်ဘာ ၁၆ရက်တွင် ဆက်လက်တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

MNDAA တပ်ဖွဲ့ နယ်မြေကင်းလှည့်ချိန် စစ်ကောင်စီ၏ စကခ(၁၆) လက်အောက်ခံ တပ်ရင်း (၂၉၁)သည် လူအင်အား(၁၅၀)ဖြင့် နမ့်ပုံဒေသတစ်လျှောက်စုဝေးနေသည်ကိုတွေ့ရ MNDAA တပ်ခွဲမှူးက တိုက်ခိုက်ရေးအဖွဲ့ကို စုစည်းပြီး စစ်ကောင်စီတပ် စုဝေးရာနေရာကို တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

"ကင်းစောင့်တဲ့ စစ်ကောင်စီတပ်သားကို အရင်ချေမှုန်းပြီးတော့ သူတို့ ရှိတဲ့နေရာကို ဝင်ပြီးတော့ ပစ်ခတ်တာပေါ့။ အဲဒီလို သွားရောက်ပစ်ခတ်တော့ MNDAA အဖွဲ့က အထိအခိုက် ကျဆုံးမှုမရှိခဲ့ဘူး။ အလစ်တိုက်တယ် အမြန်ထွက်ခွာတယ်ဆိုတော့ စစ်ကောင်စီ ကျဆုံးဒဏ်ရာရတာ ကောင်းကောင်း မသိခဲ့ဘူး။ အနည်းဆုံး တစ်ယောက်တော့ ကျတယ် အဲဒီ ကင်းတပ်သားတော့"ဟု ကိုးကန့် သတင်းရင်းမြစ်က ယမန်နေ့တွင် Peoples Spring သတင်းဌာနသို့ ဖြေကြားထားသည်။

MNDAA၏ ယနေ့ ထုတ်ပြန်ချက်တွင်လည်း စစ်ကောင်စီတပ်မှ တစ်ဦး သေဆုံးပြီး ဒဏ်ရာရသူများ ရှိခဲ့ကြောင်း၊ တပ်စခန်း အဆောင် တစ်ခုကိုလည်း ဖျက်ဆီးခဲ့ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၇ရက် နေ့လယ်ပိုင်း၌ အဆိုပါ တိုက်ပွဲဖြစ်ပွားရာဒေသသို့ စစ်လေယာဉ် ၂စီးဖြင့် လာရောက်ကင်းလှည့်ခဲ့သည်ဟု MNDAAက ထုတ်ပြန်သည်။

လားရှိုးမြို့နယ်တွင် နိုဝင်ဘာ ၁၅ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် MNDAA တပ်ဖွဲ့၏ မိုင်းဖြင့်တိုက်ခိုက်မှု၊ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၁၃ဦး သေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ကိုးကန့်သတင်းရင်းမြစ်က ပြောကြားထားသည်။[People's Spring][Z_F]

(ကိုးကန့်တပ်မတော် -MNDAA မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - The Kokang)

18/11/2022

ချောင်းဦး၊ ဒီးမော့ဆို၊ လားရှိုးတို့တွင် တိုက်ပွဲများဖြစ်ပြီး စစ်ကောင်စီတပ် ဘက် မှ ၂၄ ဦး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ကရင်နီပြည်နယ်၊ ဒီးမော့ဆို မြို့နယ်၊ ရှမ်း ပြည် နယ်၊ လားရှိုးမြို့နယ်တို့တွင် စစ်တပ်နှင့် ပြည်သူ့ ကာကွယ် ရေးတပ် များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီ တပ်ဘက်မှ ၂၄ ဦးသေဆုံးကြောင်း သက်ဆိုင်ရာ၏ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ချောင်းဦးတွင် မိုင်းဆွဲမှုကြောင့် ပျူစောထီး ၅ ဦး သေဆုံး
===============================

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန် တောပုရွာမှ မြောက်ဘက်သို့ ဆိုင်ကယ်များဖြင့် ထွက်လာသော စစ်ကောင်စီလက်အောက်ခံ ပျူစောထီး ၂၅ ဦးကို CHUPDF တပ်ခွဲ ၅ (IGF – Monywa) မှရဲဘော်များက မိုင်းဆွဲတိုက်ခိုက်ရာ တောပုရွာမှ ပျူစောထီး ၅ ဦးသေဆုံးကြောင်း CHUPDF က သတင်းထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျူစောထီးများ ဒဏ်ရာရရှိစဉ် ရမ်းသမ်းပစ် ခတ်မှု များကို ပျူစောထီးများ လုပ်ဆောင်ခဲ့ကြကြောင်း၊ CHUPDF တပ်ခွဲ ၅က ထပ်မံ၍ ပဒေသာ မိုင်းတွဲ ၂ လုံး ဖောက်ခွဲလိုက်ရာ ပျူစောထီးများ၏ ပစ်ခတ်မှုများ ငြိမ်သက်သွားကြောင်း၊ မုံရွာဘက်မှ လူနာတင်ယာဉ်များက အလောင်းကောက်ခြင်း လူနာကောက်ခြင်း၊ ဆောင်ရွက်ခဲ့ကြကြောင်း CHUPDF တပ်ခွဲ ၅က ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို Immortal Guerrilla Force-Monywa (IGF-Monywa)၊ CHUPDF တပ်ခွဲ ၅ (IGF-Monywa) နှင့် Chaung U Revolution အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်၍ ပျူစောထီးများကို တိုက်ခိုက် ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဒီးမော့ဆိုတွင် စစ်တပ်ရိက္ခာတင်ကား မိုင်းဆွဲခံရပြီး စစ်သား ၃ ဦးသေဆုံး
=======================================

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် စစ်တပ်ရိက္ခာတင်ကား မိုင်းဆွဲခံရပြီး စစ်သား ၃ ဦးသေဆုံးကြောင်း ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU)က ပြောသည်။

နိုဝင်ဘာလ ၁၈ ရက်နေ့ ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) လှုပ်ရှား စစ်မျက်နှာ ဖြစ်သော ကုန်းသာကျေးရွာ အတွင်း ဖြတ်သန်းသွားလာခဲ့သော စစ်ကောင်စီ လက်နက် ၊ ရိက္ခာ ပို့ကားကို KRU တပ်ဖွဲ့ က မိုင်းဖြင့် တိုက်ခိုက်ခဲ့ပြီး ကားတစ်စီးပျက်စီး သွားခဲ့ကာ စစ်ကောင်စီ တပ်သား ၃ယောက်ထိ သေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကားကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီ မှ အင်အား အလုံးအရင်းဖြင့်အလျင်အမြန် ရောက်ရှိလာခဲ့သောကြောင့် KRU တပ်ဖွဲ့ အနေဖြင့် ပြန်လည်ဆုတ်ခွာ ပေးခဲ့ပြီး အထိအခိုက်တစ်စုံတစ်ရာ မရှိခဲ့ကြောင်း သိရှိရသည်။

လားရှိုးတိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ ၁၆ ဦးသေဆုံး
================================

ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ်အတွင်း နိုဝင်ဘာလ ၁၄ ရက်နေ့မှ နိုဝင်ဘာလ ၁၆ ရက်နေ့အထိ ကိုးကန့် MNDAA တပ်များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၁၆ ဦးသေဆုံးကြောင်း MNDAA ဘက်က ပြောဆိုသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၆ နာရီအချိန် လားရှိုးမြို့နမ့်ပုံကျေးရွာတွင်အခြေချထားသည့် ကိုးကန့်(MNDAA)တပ် ဖွဲ့စခန်းကို စစ်ကောင်စီတပ်ဘက်ကအင်အား(၇၀)နည်းပါးဖြင့် ကိုးကန့်(MNDAA)ရှိရာကို ရှေ့တိုးလာ ချီတက်လာကြောင်း၊ ထို့ကြောင့် ယင်းနေ့ ၇ နာရီ ၄၆ မိနစ်အချိန်တွင် ကိုးကန့်တပ်ဖွဲ့က စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ ၁၃ ဦးနေရာတွင် ပွဲချင်းပြီးသေဆုံးပြီး ၁၅ ယောက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ မိနစ်အနည်းငယ်ကြာပြီးနောက် စစ်ကောင်စီမှ ကိုးကန့်(MNDAA)တပ်ကို စတင် ပစ်ခတ်လာ ကြောင်းသိရှိရသည်။

ယခုလဆန်းပိုင်းတွင်လည်းစစ်ကောင်စီနှင့် ကိုးကန့်(MNDAA)တပ်သည် လားရှိုးမြို့ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် ကိုးကန့် (MNDAA) ဘက်မှ ၁ ဦးဒဏ်ရာရရှိပြီး စစ်ကောင် စီဘက်မှ ၂ ဦးသေဆုံး ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၁၅ ရက်နေ့တွင် လားရှိုးမြို့ နမ့်ပုံကျေးရွာတွင် မြန်မာအမျိုးသား ဒီမိုက ရက်တစ် မဟာမိတ် တပ်မတော်ကိုးကန့်(MNDAA)နှင့် တိုက်ပွဲ ဖြစ်ပွား ခဲ့ပြီးနောက် နိုဝင်ဘာလ ၁၆ ရက်နေ့ တွင်လည်း ဆက်လက် ဖြစ်ပွား ခဲ့ ကြောင်း၊ စစ်တပ် ဘက်မှ အင်အား(၁၅၀)ဖြင့် နမ့်ပုံဒေသ တစ်လျှောက် စုဝေးနေသဖြင့် နိုဝင်ဘာလ ၁၆ ရက်နေ့ နံနက် ၃ နာရီ ၁၅ မိနစ် အချိန် စစ်ကောင်စီ၏စုဝေးနေရာ ကိုပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ကိုးကန့်တပ်ဖွဲ့က စစ်တပ်ဘက်မှ ကင်းသမားကိုပစ်သတ်ပြီးမှ အင်အားအရှိန်ဖြင့် စစ်ကောင်စီတပ်စခန်းကိုပစ်ခတ်ကြောင်း၊ စစ်တပ်ဘက်မှ စစ်သား ၁ ဦး သေဆုံးပြီး တပ်စခန်းအဆောင်တစ်ဆောင်ကိုလည်း ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့၏ ပုံရိပ်များ။

Photos from AungMyanmar's post 18/11/2022

ကရင်နီတော်လှန်ရေးတပ်ပေါင်းစု​ အထူးမွမ်းမံသင်တန်းဆင်းပွဲ (ဓာတ်ပုံ)

DVB | 18 November, 2022

ကယား (ကရင်နီ) ပြည်နယ်အခြေစိုက် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု (KRU) ရဲ့ အပတ်စဉ် စီ အထူးမွမ်းမံသင်တန်းဆင်းပွဲကို နိုဝင်ဘာ ၁၇ ရက်က ကျင်းပပါတယ်။

အပတ်စဉ် စီ အထူးမွမ်းမံသင်တန်းမှာ ရဲဘော်တွေရဲ့ အရည်အသွေး စွမ်းဆောင်ရည်နဲ့ အထူးစစ်ရေးအကြောင်းအရာတွေ လေ့ကျင့်သင်ကြားခဲ့ပြီး သင်တန်းရဲ့ ရည်ရွယ်ချက်မှာ ရဲဘော်တွေ စွမ်းဆောင်ရည် ပိုမိုမြင့်မားစေဖို့နဲ့ စည်းလုံးညီညွတ်မှုရှိစေဖို့ ‌ရည်ရွယ်ပြီး ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

KRUဟာ ကရင်နီပြည်နယ်အတွင်းရှိ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်အာ‌ဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ်နေတာဖြစ်ပြီး KRU ကို ပြီးခဲ့တဲ့ ဧပြီ ၆ ရက်နေ့က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ KRU အနေနဲ့ စစ်အာဏာရှင်စနစ်ကို ပိုမိုထိရောက်တဲ့ လုပ်ဆောင်ချက်တွေနဲ့ တိုက်ပွဲဝင်သွားမယ်လို့ ပြည်သူတွေကို အသိပေးထားပါတယ်။

18/11/2022

#လွှတ်မြောက်လာသော_ရွှေညဝါ ဆရာတော်ကြီး🙏။
ခြေထောက်နည်းနည်း ယောင်တာကလွဲပြီး ကျန်းမာပါတယ်။ စိတ်ဓာတ်ကတော့ မပြောင်းမလဲ အရင်အတိုင်း မာလျှက်ပါပဲ။

Medical checkup ပြန်လုပ်ဖို့တော့ လိုမယ်။
ထောင်တွင်းမှာ တရားတွေကြောင့် တရားအသိတွေပိုသိလာတယ်။ အန်ကယ်ဦးဉာဏ်ဝင်း အတွက် အရမ်းနှမြောမိတယ်လို့ မိန့်ကြားတယ်။
တရားရေအေးတွေ ပေးဖို့ အာသီသရှိတယ်။

ဒီမိုဝေယံ

ဓာတ်ပုံ အာကာ & ဒီမိုဝေယံ

18/11/2022

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီ ယန္တရားတွေကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ တွေက ဖြိုလှဲချ

By ဘမောင်

လက်နက်ကိုင်တော်လှန်ရေးဆိုတာ ဗမာပြည်မှာ မနေ့တနေ့ကမှ ပေါ်လာတာ မဟုတ်ပါဘူး။ လွတ်လပ်ရေးမရခင်ကတည်းက ရှိနှင့်ပြီး လွတ်လပ်ရေးရပြီး နောက်လည်း ဆက်ရှိနေခဲ့တာပါ။ ဗမာပြည်မှာ လက်နက်ကိုင် တော်လှန်ရေး မလုပ် ဖူးတဲ့ တိုင်းရင်းသားလူမျိုးစုရယ်လို့ မရှိတော့သလောက်ပါ။ ဒီလောက် တော်လှန် ဆန့်ကျင်နေတာတောင် စစ်အာဏာရှင်စနစ်ကတော့ အခုထိ သက်ဆိုး ရှည်နေတုန်းပဲ။

ဒါပေမဲ့ ဒီကနေ့ နွေဦးတော်လှန်ရေးကာလမှာတော့ ဘယ်ခေတ်ဘယ်ကာလနဲ့မှ မတူလောက် အောင်ကို ဗမာပြည်လက်နက်ကိုင်တော်လှန်ရေးဟာ ကြီးမား နက်ရှိုင်းတဲ့ ရေတံခွန်ကြီး တခုပမာ သန်စွမ်းအားကောင်း လာခဲ့ပါပြီ။ နဂို ရှိရင်းစွဲ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ကြီးတွေအပြင် လက် နက် ကိုင်အဖွဲ့သစ်တွေ အများအပြားပေါ်ခဲ့ပါပြီ။

PDF ၊ LPDF၊ BPLA ၊ PLA ၊ DRPA ၊ PLF၊ PIA၊ ဒေါင်းနက် အစရှိ သည်ဖြင့် အမည်ပေါင်းစုံနဲ့ စစ်ကောင်စီကို ထိုးနှက်တိုက်ခိုက်နေကြပါပြီ။ အဲဒီလို တော်လှန်တိုက်ခိုက်နေတဲ့ အဖွဲ့တွေကြားကမှ စစ်ကိုင်းတိုင်းအတွင်းမှာ ရှိတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ပေါင်းစုံရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို လက်လှမ်းမီသလောက် လေ့လာတင်ပြသွားမှာ ဖြစ်ပါတယ်။

စစ်ကိုင်းမှ PDF များ၏ နိဒါန်း
=================

နွေဦးတော်လှန်ရေးစပြီးနောက်ပိုင်း စစ်ကောင်စီက လက်နက်နဲ့ အပြင်းအထန်ဖိနှိပ်လာတဲ့အခါ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ဗမာပြည်လူမျိုးပေါင်းစုံ ပြည်သူလူထုကြီးရဲ့ အဓိကတိုက်ပွဲပုံသဏ္ဍာန်ဟာ ရုတ်ချည်းပြောင်းလဲသွားပါတယ်။ အမျိုးသားရင်ကြားစေ့ရေးဆိုတာကို နှစ်ပေါင်းများစွာ မအောင်မမြင် ကျင့်သုံးလာရာကနေ လက်နက်ကိုင်တော်လှန်မှဖြစ်တော့မယ်ဆိုတဲ့အသိ ပြည်သူတိုင်းရဲ့ ရင်မှာ ကိန်းအောင်းသွားခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲက ပြည်သူတွေရဲ့ဖြစ်ပေါ်တိုးတက်မှုကလည်း ဒီအတိုင်းပါပဲ၊ အစောပိုင်းတုန်းက ကိုယ့်ရပ်ရွာကို ကာကွယ်ဖို့ ကိုယ့်သပိတ်ကို ကာကွယ်စောင့်ရှောက်ဖို့ ရည်ရွယ်ဖွဲ့စည်းထားတဲ့ အဖွဲ့ကလေးတွေဟာ နောင်မှာ အဆင့်တက်ပြီး လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ဖြစ်လာကြတယ်။ စစ်ကိုင်းအထက်ဘက်က မြို့တွေဟာ KIA နဲ့ နီးကပ်တာမို့ KIA ကို စစ်သင်တန်းသွားတက်ပြီးတော့ မိမိဒေသဆီပြန်လာ၊ ဆင့်ပွားစစ်သင်တန်းတွေ ပြန်ပေးဆိုတဲ့ နည်းနဲ့ တော်လှန်ရေးအဖွဲ့တွေ တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာပါတယ်။

အစောပိုင်းမှာတော့ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေဟာ အမည်ပေါင်းစုံပါပဲ ဥပမာ Tamu Security Group, People Liberation Army (PLA), Kalay Civil Army, Kalay Civil Defense Association အဖွဲ့တွေပေါ့။ အခြားအဖွဲ့တွေလည်း အများကြီးရှိပါသေးတယ်။

အရင်နှစ် မေလ ၅ ရက်နေ့မှာတော့ NUG အစိုးရက တပြည်လုံး အတိုင်းအတာနဲ့ PDF များဖွဲ့စည်းနေပြီ ဖြစ်တဲ့အကြောင်း တရားဝင် ကြေညာခဲ့ပါတယ်။ (၂၀၂၂ ခုနှစ် ဧပြီလထဲမှာတော့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တပြည်လုံးမှာ PDF တပ်ရင်း (၂၅၉)ရင်း ဖွဲ့စည်းထားပြီး LDF ပြောက်ကျားတပ်ဖွဲ့ (၄၀၁)ဖွဲ့ ရှိနေပြီလို့ ပြောပါတယ်။)

ဦးရည်မွန်ပြောတဲ့ စာရင်းပေါက်အဖွဲ့တွေရော စာရင်းမပေါက်တဲ့ အဖွဲ့တွေပါ ပေါင်းရင် ဗမာတပြည်လုံးမှာ PDF နဲ့လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ နည်းနည်းနောနောမဟုတ်ပါဘူး။ စစ်ကိုင်းတိုင်းအတွင်းမှာတွင် လက်နက်ကိုင်တော်လှန်ရေး PDF အဖွဲ့ပေါင်း (၁၅၀)ကျော်ခန့် ရှိတယ်လို့ သတင်းအချက်အလက်တွေအရ သိရပါတယ်။

PDF ၏ ခုခံတွန်းလှန်စစ်နှင့် စစ်ကောင်စီ ယန္တရား ဖြိုချခံရခြင်း
====================================

နွေဦးတော်လှန်ရေးပေါ်ပေါက်လာပြီးတဲ့နောက်ပိုင်း နိုင်ငံအနှံ့အပြားမှာ အုပ်ချုပ်ရေးပျက်ပြားသွားပါ တယ်။ ပျက်သွားတဲ့ အုပ်ချုပ်ရေးကို စကစက ပြန်လည်တည်ဆောက်ဖို့ အသည်းအသန် ကြိုးပမ်းပါတယ်။ တော်လှန်ရေးအင်အားများအနေနဲ့ ဒါကိုလက်မခံပါဘူး။ ရန်သူ့အုပ်ချုပ်ရေး ပျက်ပြားအောင် အားထုတ်ပါတယ်။

အားထုတ်တဲ့နေရာမှာ ရန်သူ့ရဲ့အောက်ခြေ အုပ်ချုပ်သူတွေ၊ သတင်းပေးတွေ၊ ဒလန် အစရှိတာတွေကို ခြိမ်းခြောက်ဟန့်တားတာ၊ ဖိအားပေးတာ၊ မလွှဲမရှောင်သာရင် အရေးယူရတာမျိုးထိ မဖြစ်မနေဆောင်ရွက်ပါတယ်။ စစ်ကိုင်းတိုင်းအတွင်း လေ့လာတွေ့ရှိချက်တွေအရ ကျေးရွာ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွေကို တိုက်ခိုက်တာ၊ ရဲကင်းတွေကို တိုက်ခိုက်တာ အများအပြားတွေ့ရပါတယ်။ သတင်းပေးဒလန်တွေကိုလည်း အများအပြား ရှင်းလင်းခဲ့ပါတယ်။ အဲဒီရှင်းလင်းမှုတွေမှာ စစ်ကိုင်းတိုင်းထဲက တောကြီးမြွေဟောက်အဖွဲ့၊ နှလုံးလှလူမိုက်ကြီးများအဖွဲ့ နှင့် မိုးကြိုးမုန်တိုင်း (ရွှေဘို)အဖွဲ့တွေဟာ ထင်ရှားပါတယ်။

အဲဒီလုပ်ရပ်တွေကြောင့် လုံးဝအုပ်ချုပ်၍ မရစေရဆိုတဲ့ ကြွေးကြော်သံနဲ့အညီ စကစဟာ သူ့အုပ်ချုပ်ရေးကို ယခုထိ တည်ငြိမ်အောင် မဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။

စစ်ကောင်စီနှင့် ဆက်စပ်သော စီးပွားရေးလုပ်ငန်းများနှင့် ထုတ်ကုန်များအား ကန့်ကွက်သပိတ်မှောက်ခြင်း
နွေဦး တော်လှန်ရေး အရှိန်မြင့်လာတာနဲ့အမျှ PDF တွေဟာ အထိုက်အလျှောက် နယ်မြေစိုးမိုးမှု ရရှိလာကြပါတယ်။

သူတို့စိုးမိုးထားတဲ့ ဒေသမှာရှိတဲ့ ကုန်ပစ္စည်းအရောင်းဆိုင်တွေမှာ စစ်ကောင်စီထုတ်ပစ္စည်းတွေ မရောင်းဖို့ ထုတ်ပြန်တားမြစ်တာတွေလည်း လုပ်လာနိုင်ကြပါတယ်။ မြန်မာတံဆိပ် ယမကာတွေ၊ မန္တလေးတံဆိပ် ယမကာတွေ၊ ဒဂုံတံဆိပ် အဖျော်ယမကာတွေ၊ အန်ဒမန် တံဆိပ် ယမကာတွေ၊ Premium Gold၊ Red Ruby၊ ဆင်မင်းဘိလပ်မြေ၊ ကြံ့တံဆိပ်ဘိလပ်မြေ အစရှိတာတွေကို အဓိကထား တားမြစ်ကြပါတယ်။

နယ်မြေစိုးမိုးမှု ရရှိလာကြတဲ့ ဒေသတွေမှာ စစ်ဆေးရေးဂိတ်တွေလည်း ဖွင့်လာနိုင်ကြပါတယ်။ အဲဒီဂိတ်တွေမှာ စစ်ဆေးလိုက်လို့ တားမြစ်ထားတဲ့ ပစ္စည်းတွေ ပါလာခဲ့ရင် ဖျက်ဆီးပစ်တာမျိုးလည်း လုပ်လေ့ရှိပါတယ်။ ဒါတွေဟာ ရုတ်တရက်ကြည့်ရင် စစ်ရေးနဲ့ သိပ်မဆိုင်ဘူးလို့ ထင်စရာရှိပေမယ့် အကြမ်းဖက်စစ်တပ်ရဲ့ ဝင်ငွေရပေါက်ရလမ်းကို ဖျက်ဆီး ပိတ်ဆို့ပစ်တာပဲ ဖြစ်ပါတယ်။

အဲဒါတွေအပြင် စစ်ကိုင်းတိုင်း နေရာတော်တော်များများမှာ ဖြစ်ပွားခဲ့တဲ့ မိုင်တဲလ်တာဝါတိုင်တွေ ဖြိုလဲပစ်တာဟာလည်း အကြမ်းဖက်စစ်တပ်ရဲ့ဝင်ငွေကို ပိတ်ပင်တာပါပဲ။ နောက်ပိုင်းမှာ အဲဒီတာဝါတိုင်ပျက်တွေကရတဲ့ သံထည်ပစ္စည်းတွေက PDF တွေရဲ့ ဗုံးသီးနဲ့ လက်နက်ထုတ်လုပ်မှုတွေမှာ လွန်စွာ အသုံးဝင်လာခဲ့ပါတယ်။

လက်နက်ထုတ်လုပ်ခြင်း
=======================

နွေဦးလက်နက်ကိုင်တော်လှန်ရေးဟာ တကယ့်ကို ဆင်းရဲစွာစတင်ခဲ့ရတာပါ။ လက်နက်ဆိုလို့ ဘာတခုမှ မရှိတဲ့ ပြည်သူတွေက လက်နက်ကိုင်တော်လှန်ရေးကို အတော့်ကိုကြိုးစားပမ်းစား လုပ်ယူခဲ့ရတာပါ။ လိုလျှင် ကြံဆ နည်းလမ်းရ ဆိုသလိုပဲ အချိန်သိပ်မကြာခင်အတွင်းမှာပဲ PDF တွေဟာ ကိုယ်တိုင်လက်နက်ထုတ်လုပ်လာနိုင်ကြပါတယ်။ PDF တွေရဲ့ လက်နက်ထုတ်လုပ်မှုအချို့ကို အောက်မှာ တင်ပြသွားပါမယ်။

၂၀၂၁ ခုနှစ် မတ်လမှာ ၄၀ မမနဲ့ ၈၀ မမ တာဝေးပစ် လက်နက်ကြီးတွေကို ပုလဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ဒီဇင်ဘာလမှာလည်း ရေလည်ကျွန်းဒေသ PDF, People Soldiers Production Teamအဖွဲ့ဝင် DSTAနှင့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့အပါအဝင် PDF ၁၂ဖွဲ့မှ စုပေါင်းပြီး အဝေးပစ်လက်နက်၊ ရှေ့ထွက်မိုင်း၊ ကားမိုင်းများကို ထုတ်လုပ်အောင်မြင်ခဲ့ပါ တယ်။ Special Attacking Force (SAF)မှ ဗြိတိန်ထုတ် AWM ပုံစံတူ စနိုက်ပါသေနတ်အား ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၂၀၂၂ ခုနှစ် မေလမှာတော့ 12.7 ကျည်သုံး တာဝေးပစ် ရိုင်ဖယ်ကို Myanmar Defense Force (ရွှေဘို)က ထုတ်လုပ်နိုင်ခဲ့ပါတယ်။

အဲဒီလမှာပဲ 5.56 ကျည်သုံး မောင်းပြန်သေနတ်ကို Ayadaw Bone Naing PDF က စမ်းသပ်အောင်မြင်ခဲ့ပါတယ်။ (၁)မိုင်အကွာအဝေးထိ ပစ်ခတ်နိုင်သည့် ဒုံးကျည်ကို One Star Task Force-OSTF က ထုတ်လုပ်ခဲ့ပြီး Pluton Project ရှော့တိုက် အဝေးပစ် Non-Guided Missile လက်နက်ကို Burmese Revolutionary Technical Front က ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ ဇွန်လမှာ ဒရုန်းမှာ တပ်ဆင်တိုက်ခိုက်နိုင်သည့် UAV ဗုံး အမြောက်အမြားကို People Soldiers Production Team (PSPT)က ထုတ်လုပ်ခဲ့ပါတယ်။

ဇူလိုင်လမှာတော့ India Shotgun နဲ့ 5.56 ကျည် ၇တောငျ့ထိုး သေနတ်ကို ဆရာစံ PDF က ထုတ်လုပ်ခဲ့ပြီး စက်တင်ဘာလမှာ (၃)မိုင်ပြေး တာဝေးပစ် Rocket (ခ) အညာနှဲလေးကို ယင်းမာပင်ခရိုင် တပ်ရင်း (၁၆) တပ်ခွဲ (၁) BDF က ထုတ်လုပ်ခဲ့ပါတယ်။ အဲဒီလမှာပဲ လက်လုပ် M4 သေနတ်ကို Infinite Revolution Force က စမ်းသပ်အောင်မြင်ခဲ့ပါတယ်။

ရန်ပုံငွေရှာဖွေခြင်း
===============

နွေဦးတော်လှန်ရေး PDF အဖွဲ့တွေရဲ့ မဖြစ်မနေ အလုပ်ရဆုံးကိစ္စကတော့ ရန်ပုံငွေ ရှာဖွေရေးပဲ ဖြစ်ပါတယ်။ ရန်ပုံငွေ ရှာဖွေရေး နည်းလမ်းအချို့ကတော့ Click to Donate အစီအစဉ်၊ ကံစမ်းမဲ အစီအစဉ်၊ Influencer များကို အကူညီတောင်းခံပြီး အလှူခံခြင်း အစီအစဉ်၊ အဖွဲ့များမှ Telegram Channel များ အသုံးပြုပြီး Click သည့် အစီအစဉ်၊ YouTube Channel အသုံးပြုသည့် အစီအစဉ်၊ Game App တွေ ထုတ်သည့် အစီအစဉ်တွေနဲ့ ရပ်ရွာလူထုထံမှ တိုက်ရိုက်အလှူခံတာတွေ ဖြစ်ပါတယ်။

တော်လှန်ရေးကြာလာတာနဲ့အမျှ ရန်ပုံငွေရှာဖွေတဲ့ နည်းလမ်းတွေလည်း ပိုမိုများပြားလာတာကို တွေ့ရပါတယ်။ ပြည်သူလူထုကလည်း တော်လှန်ရေးရန်ပုံငွေတွေကို လက်ရှိအချိန်အထိ တက်တက်ကြွကြွ ထည့်ဝင်နေကြတုန်းပါပဲ။

စစ်ရေးလှုပ်ရှားမှု
=================

စစ်ကိုင်းတိုင်းထဲရှိတဲ့ PDF တွေရဲ့ စစ်ရေးလှုပ်ရှားမှုကို ဖော်ပြတဲ့နေရာမှာတော့ သူတို့ရဲ့ စစ်ရေး မဟာဗျူဟာတွေနည်းနာတွေကို အသေးစိတ်ဖော်ပြနိုင်မှာတော့ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီစစ်မြေပြင်ကို အဝေးမြင်နဲ့ ရှု့ကြည့်ရတာဖြစ်နေတဲ့အပြင် တော်လှန်ရေးဆိုင်ရာ အကျိုးစီးပွားအရအချို့အချက်အလက်တွေကို ဖော်ပြဖို့ အခက်အခဲရှိလို့ပါပဲ။

အဲဒီဒေသမှာ PDF တွေ အဓိက အသုံးပြုတဲ့ နည်းနာကတော့ ပြောက်ကျားစနစ်ပဲ ဖြစ်ပါတယ်။ ရန်သူစကစက ကိုယ့်ထက် လက်နက်အင်အား အဆမတန် သာလွန်အားကြီးမားနေတဲ့ အခြေအနေကြောင့် ပြောက်ကျားစစ်ကိုရွေးချယ်ဖို့ဖြစ်ပါတယ်။ ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်တဲ့အတွက်ကြောင့် လူထုထောက်ခံမှုမရှိတဲ့ စကစတပ်တွေ အလူးအလဲ ခံကြရပါတယ်။

PDF တွေဘက်က သေချာပြင်ဆင်ပြီး စကစစစ်စခန်း ဝင်တိုက်တာတွေ၊ ရဲစခန်း စီးနင်းတာတွေကိုလည်း မကြာခဏ တွေ့ရလေ့ရှိပါတယ်။ လဝကလို၊ ထွေအုပ်လို ရုံးတွေကို ပစ်ခတ်တိုက်ခိုက်တာတွေလည်း ရှိပါတယ်။ စစ်ဌာနချုပ်တွေ လေတပ်စခန်းတွေကိုလည်း အလျဉ်းသင့်ရင်သင့်သလို လက်နက်ကြီးနဲ့ ပစ်တာ ဗုံးနဲ့ ပစ်တာမျိုး တွေလည်း ရှိပါတယ်။

ရေကြောင်းအသုံးပြုပြီး မြစ်ကြောင်းတလျှောက်တက်လာတဲ့ စကစသင်္ဘောတွေကိုလည်း PDF တွေက မြစ်ရိုးတလျှောက် ဝိုင်းဝန်းတိုက်ခိုက်လေ့ရှိပါတယ်။

PDF တွေ အားအထားဆုံးနဲ့ အသုံးအများဆုံး ရန်သူချေမှုန်းရေး လက်နက်ကတော့ မိုင်းတွေပဲ ဖြစ်ပါတယ်။ စစ်ကိုင်းက မိုင်းတစ်ရာစစ်ဆင်ရေးက အလွန်နာမည်ကြီးခဲ့ပါတယ်။ ရန်သူ့ယာဉ်တန်းတွေကို အကြီးအကျယ် ဒုက္ခပေးနိုင်ခဲ့တာလည်း မိုင်းတွေပါပဲ။ မိုင်းတိုက်ပွဲကို အဓိကလုပ်ဖြစ်တဲ့ အခြားအချက်တခုကလည်း အခြားသောစစ်ရေးလှုပ်ရှားမှုများနှင့် စာရင် နှိုင်းယှဥ်ချက်အရ ကုန်ကျစရိတ်နည်းပါးလို့ပါပဲ။

PDF တွေအနေနဲ့ သိပ်အများကြီး တွင်တွင်ကျယ်ကျယ် အသုံးမပြုနိုင်သေးပေမယ့် ကိုယ့်ဘက်က အန္တရာယ်ကင်းကင်း တိုက်ခိုက်နိုင်တဲ့ လက်နက်တခုကတော့ ဒရုန်းပဲ ဖြစ်ပါတယ်။ ဒရုန်းတခုရဲ့ တန်ဖိုးကလည်း မနည်းလှပါဘူး။ ဒရုန်းတစီးရဲ့ ကာလတန်ဖိုးက မြန်မာငွေ ၃၇ သိန်းခန့် ရှိပါတယ် ဒရုန်းမှာတပ်ဆင်တဲ့ ဗုံး(၁)လုံးတန်ဖိုးဟာ (၇)သောင်းခွဲခန့် ရှိပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်တဲ့ PDF တွေက စစ်ကိုင်းတိုင်းထဲမှာ တိုက်ပွဲပေါင်း (၁၀၆)ပွဲလောက် ဆင်နွှဲပြီးပြီလို့ ဆိုပါတယ်။ တောက်လျှောက်အသုံးပြုဖို့အတွက်တော့ ငွေကြေးများစွာ လိုတာအမှန်ပါပဲ။

PDF တွေ အဓိက အထိနာနေရတာကတော့ စကစရဲ့ လေကြောင်းတိုက်ခိုက်မှုပဲ ဖြစ်ပါတယ်။ မြေပြင်မှာ လူထုထောက်ခံမှု လုံးဝမရှိတဲ့ စကစခြေလျင်တပ်တွေဟာ လက်နက်ကြီးအလွန်အကျွံ အသုံးပြုတိုက်ခိုက် တာကလွဲလို့ ကျန်တဲ့အပိုင်းတွေမှာ ရှေ့ဆက်မတိုးနိုင်ကြတော့ပါဘူး။ ဒါကြောင့်မို့ စစ်သုံးရဟတ်ယာဉ်တွေ တိုက်လေယာဉ်တွေကို အများအပြား အသုံးပြုလာပါတယ်။ လေကြောင်းတိုက်ခိုက်မှုဟာ သူတို့ကို တော်တော်အကျိုးပြုပါတယ်။ စစ်သုံးတိုက်လေယာဉ်တွေကြောင့် PDF တွေကျဆုံးရတာ မနည်းပါဘူး။

NUG အစိုးရက ရဟတ်ယာဉ်ပစ် လေယာဉ်ပစ် လက်နက်တွေ ရှိနေပြီလို့ ပြောလေလေ စကစက တိုးပြီး ဗုံးကြဲလေလေပါပဲ။ တစင်းမှ ပစ်ချနိုင်တာတော့ မတွေ့ရသေးပါဘူး။ ရေရှည်မှာ လေကြောင်းတိုက်ခိုက်မှုကို ဘယ်လိုကာကွယ်မလဲ တုံ့ပြန်မလဲဆိုတာ PDF တွေအဖို့ အရေးကြီးဆုံး မေးခွန်းတွေထဲက တခုဖြစ်လာပါတယ်။

နိဂုံး
====

စစ်ကိုင်းတိုင်းအတွင်းမှာရှိတဲ့ PDFတွေရဲ့ စစ်ရေးလှုပ်ရှားမှုကို ခြုံငုံသုံးသပ်ကြည့်ရင် အောက်ပါအတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။

PDF တွေဟာ လက်ဖဝါး ခြေဖဝါးက လာတာပါ။ ဓားရှည်၊ တူမီး၊ လုပ်သေနတ်တွေနဲ့ နိဒါန်းပျိုးခဲ့ရာကနေ အခုသေနတ်ကောင်းတွေ အထိုက်အလျောက် ကိုင်နိုင်နေကြပါပြီ။ ဒါပေမဲ့ ဘယ်လိုပဲပြောပြော စစ်ကိုင်းတိုင်းထဲရှိ ပြည်သူ့ခုခံကာကွယ်ရေးလှုပ်ရှားမှုတွေဟာ တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူ့ခုခံကာကွယ်ရေးလှုပ်ရှားမှုတွေလိုပဲ သေနင်္ဂဗျူဟာ ခုခံစစ် အဆင့်မှာပဲရှိပါသေးတယ်။ သေနင်္ဂဗျူဟာ ထိုးစစ်အဆင့်ကို တက်လှမ်းနိုင်ခြင်းမရှိသေးပါဘူး။

စိတ်ဓာတ်ရေးရာအရဆိုရင်လည်း စကစအပေါ် မခံချင်စိတ် ခံပြင်းစိတ်တွေနဲ့ စတင်ခဲ့ရာကနေ လက်နက်ကိုင်တော် လှန်ရေးကို အတန်အသင့် ဖြတ်သန်းပြီးတဲ့အခါ ရင့်ကျက်မှုတွေ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ တရားရှိတဲ့အတွက် သေးရာမှကြီးလာ၊ နည်းရာမှ များလာပါတယ်။ ဆက်လက် ကြီးထွားလာဖို့ဆိုရင် တစ်နိုင်ငံလုံး အားလုံးအတွက် လွှမ်းခြုံတဲ့ နိုင်ငံရေးအတွေး အမြင်၊ ရုပ်၀တ္တုပိုင်းမှာတော့ လက်နက်ခဲယမ်းတွေ ဒီထက်ပိုပြီး တပ်ဆင်သွားဖို့ လိုအပ်နေပါသေးတယ်။

အဲဒါတွေ ပြည့်စုံတဲ့ တနေ့မှာတော့ ဗမာပြည် စစ်အာဏာရှင်စနစ် ပြိုလဲကျဆုံးပြီး စစ်ကိုင်း တိုင်းမှာသာမက တစ်ပြည်လုံးကောင်းကင်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ အောင်လံတွေ ဝဲပျံနေမှာ အသေအချာပါပဲ။

KTM

Videos (show all)

" PDF သင်တန်းဆင်းပွဲမိန့်ခွန်း "ဦးလွင်ကိုလတ် ပြည်ထောင်စုဝန်ကြီးပြည်ထဲရေးနှင့်လူဝင်မှု​ကြီးကြပ်ရေးဝန်ကြီးဌာန( တောင်ပိုင်...
NUG Radio မှ ကူယူတင်ပြချင်းဖြစ်ပါသည်Radio NUG  - Oct 1st,  2021 Evening8PM LIVE @ 25 Meter Band, 12 MHzON-AIR & Internet...
PVTV သတင်းတစ်နေ့တာသတင်းအစီအစဉ်များကို နေ့စဉ် ည၈ နာရီခွဲအချိန်တိုင်းမှာ CRPH, NUG, Radio NUG, PVTV လူမှုကွန်ယက်စာမျက်နှာတ...
တစ်နေ့တာသတင်းအစီအစဉ်များကို နေ့စဉ် ည၈ နာရီခွဲအချိန်တိုင်းမှာ CRPH, NUG, Radio NUG, PVTV လူမှုကွန်ယက်စာမျက်နှာတွေကနေ ထုတ်...
တစ်နေ့တာသတင်းအစီအစဉ်များကို နေ့စဉ် ည၈ နာရီခွဲအချိန်တိုင်းမှာ CRPH, NUG, Radio NUG, PVTV လူမှုကွန်ယက်စာမျက်နှာတွေကနေ ထုတ်...
PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၁၅) သင်တန်းဆင်းပွဲမှတ်တမ်း--------------------------အမျိုး...
NUG က "ပြည်သူ့တော်လှန်ရေး" စတင်ပြီလို့ ကြေညာပြီးနောက်ပိုင်း ဘာတွေဖြစ်လာဖို့ မျှော်လင့်ထားနိုင်သလဲဆိုတာနဲ့ စိုးရိမ်စိတ်ဝင...
ပြည်သူ့ကာကွယ်ရေးတပ်မတော် (People's Defence Force - PDF) တောင်ပိုင်းတိုင်းစစ်ဌာနချုပ် သင်တန်းဆင်းပွဲအခမ်းအနား

Website