Emotional Detox & Healthy Mind

Emotional Detox & Healthy Mind

စိတ်ဓါတ်ခွန်အားပြည့်ဝ​ဖို့ Emotional Detox မှာ လေ့လာစို့ ! (Learn & Apply 🧘‍♂️ Grow & Heal)

☎️ 09799242606
☎️ 09973349908
☎️ 09762609702 (Viber & Telegram)

Emotional Detox Page မှာ လူတိုင်းအတွက် စိတ်ခွန်အားဖြစ်​စေမည့် အ​ကြောင်းအရာများကို တတ်နိုင်သမျှ နေ့စဥ် ဝေမျှ​​ပေးလျက်ရှိပါတယ်။

စိတ်ဓါတ်ပိုင်းဆိုင်ရာ သန်မာဖို့ လေ့ကျင့်သင်ကြား​ပေးတဲ့ Program တွေ Emotional Detox မှာ​လေ့လာလို့ရပါတယ်။

သင်တန်း​တွေက​တော့ လစဉ်, အပတ်စဉ် ရှိပါတယ်။
သင်ကြား​ပေးခြင်းထက် နဲနဲသိတဲ့ အသိဆိုရင်​တောင် လက်​တွေ့လိုက်နာကျင့်သုံးဖြစ်​အောင် ရည်ရွယ်၍ Zoom မှာ တိုက်ရိုက် Live Workshop Pr

25/09/2024

သားလေးသို့ တောင်းပန်စာ

ဒီနေ့ သားလေးနဲ့ အပြင်သွားခါနီး တံခါးပိတ်ရင်း သားလေးတံခါးဘောင်ကို ကိုင်ထားတာ မမြင်ဘဲ တံခါးပိတ်လိုက်တာ သားလေး လက်လေး ညပ်သွားတယ်..
ဖြည်းဖြည်းပိတ်တော့ နည်းနည်းတော်သေးတာပေါ့ ....

သားလေးက ငိုလိုက်တာလေ
ကိုယ်လဲ ရင်ထဲ တော်တော် မကောင်းဘူး။ 😔

အဲ့မှာ သိလိုက်တာ တခုက ....
ခလေးတွေ လုပ်လို့ ကိုယ်သာနာသွားခဲ့ရင် ခလေးကို ဆူတာနဲ့ တပျစ်တောက်တောက် ပြောတာနဲ့ လုပ်ခဲ့မိတယ်။

သားလေးကတော့ အဲ့လိုမဟုတ်ဘူး ဒေါသလဲ မဖြစ်ရှာဘူး။

ငိုနေရင်းနဲ့ ပြောရှာတယ် မေမေက တံခါးပိတ်တာ သားကို မပြောဘူးတဲ့ အဲလိုလေးပဲ အမေအပြစ်ကို ဖော့တွေးပေးတယ်။

ကိုယ်သာ သားလေးကြောင့် အဲ့လို နာသွားခဲ့ရင် သားလေးလို ပြုမူမှာ မဟုတ်ဘူးဆိုတာ သေချာတယ်။

အဲ့အချိန်မှာ ရှက်လိုက်တာလေ 😔
အားနာစိတ်ရော ရှက်စိတ်ရောပေါ့ 😔
လေးစားစိတ်လဲ ပါတယ် (ငါ့သားလေး စိတ်ထားထားတက်လိုက်တာပေါ့)

သားလေး လက်ကလေးကို ကိုင်ပြီး သားရယ် မေမေမသိလိုက်လို့ပါ မေမေ့ကို ခွင့်လွတ်ပါဆိုတော့ သားလေးက ခွင့်လွတ်ပါတယ်တဲ့။

ပြီးတော့ သားလေး ကြိုက်တဲ့ မုန့်လေး ဝယ်ကျွေးလိုက်တယ် သူပျော်ပြီး လက်နာတာလေးတောင် မေ့လို့
အမေကိုလဲ စိတ်ဆိုးမနေတော့ဘူး။

ကိုယ်လဲ သားလေးလို ပြုမူနိုင်အောင် ကြိုးစားရပါဦးမယ်သားလေးရေ ....

မေမေ့ကို ခွင့်လွတ်ပါနော် ....

အများကြီးချစ်တယ်နော် သားလေး.. 🥰🧡

လူသားအချင်းချင်းလည်း
ခွင့်လွှတ်သည်းခံခြင်းတွေ ထားနိုင်ကြပါစေ🙏🙏


(Co Founder of Emotional Detox)

24/09/2024

"ရက် ၁၀၀ လောက် ကြိုးစားကြည့်ပါ"

● ဘယ်အလုပ်မဆို ရေရှည်ကြိုးစားမှ
အောင်မြင်နိုင်ပါတယ်။

● Motivation ရှိတုန်း​လေး
ရက်အနည်းငယ်​လောက်လုပ်ပြီး
ဆက်မလုပ်ဖြစ်ရင်
ရသင့်သ​လောက် ရလာဒ်မရနိုင်ဘူး​ပေါ့။

● ခန္ဓာကိုယ် ကျန်းမာဖို့ လေ့ကျင့်ခန်းလုပ်မလား,

● စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့ စိတ်​လေ့ကျင့်ခန်း
ဥပမာ တရားထိုင်တာမျိုးလုပ်မလား

● ဘာသာ​​ရေးအတွက် နေ့စဥ် ဘုရားရှိခိုးတာလုပ်မလား

● မိမိ အလုပ်အတွက် တစ်ခုခု ကြိုးစားမလား

● ဘယ်အလုပ်မဆို ရက် ၁၀၀ လောက်
စွဲမြဲစွာလုပ်ကြည့်ပါ။

● အ​ရေးကြီးတာက လုပ်နိုင်​သလောက်ပဲ
လောဘမကြီးပဲ ခြေနိုင် လက်နိုင်​​လေး သတ်မှတ်ပါ။

● ၁၀၀ အတွင်း ဘာရရှိလဲဆိုတဲ့
ရလာဒ်ကို မကြည့်ပါနဲ့။

● ဘယ်လို အ​​​ကြောင့်​​ကြောင့်ပဲ ဖြစ်ဖြစ်
ဒီ​နေ့မှာ မိမိသတ်မှတ်ထားတာ
ပြီး​အောင်လုပ်ကြည့်ပါ။

● မိမိ လုပ်စရာရှိတာကို နေ့စဥ် အချိန်မှန်
မပျက်မကွက် ပြုလုပ်တဲ့
အကျင့်​လေး စတင်ကြည့်ပါ။

● ရက် ၁၀၀ မဟုတ်​တောင်
၂၁ ရက်​လောက်​တော့ ကြိုးစားကြည့်ပါ။

https://www.facebook.com/100076288664205/posts/542348861651398/

ကျန်းမာချမ်းသာကြပါ​စေ 🙏

24/09/2024

■ EQ တိုးတက်ပြီး စိတ်ဓါတ်ကြံ့ခိုင်သန်မာစေဖို့...
■ မိမိ Emotions များကို Manage လုပ်နိုင်စေဖို့...
■ ဘဝကို အဓိပ္ပါယ်ရှိစွာ ရှင်သန်နေထိုင်နိုင်စေဖို့...

✅️ Emotional Management & Healthy Mind
✅️ 21 Days သင်တန်း
✅️ Zoom Live Workshop (Batch 34)

https://www.facebook.com/100076288664205/posts/545043998048551/

23/09/2024

■ ဘဝမှာ ပျော်ရွှင်မှုရရှိခြင်းဆိုတာ
မိမိက ကောင်းမွန်​သောအ​တွေး​တွေကို
ဘယ်​လောက်ကြိုးစား​တွေးနိုင်လဲဆိုတဲ့အ​ပေါ်
များစွာမူတည်ပါတယ်။

■ အထူးသဖြင့် မနက်ခင်းကစတင်ကာ
ကောင်း​သောအ​တွေး​တွေ နဲ့
ကောင်း​သောအပြုအမူ​တွေနဲ့ စတင်လိုက်ပါ။

👉မနက်ခင်းတိုင်ကို
Positive Vibes များဖြင့် စတင်နိုင်စေဖို့....
https://www.facebook.com/share/p/vernrrYiZY3PSwuH/?mibextid=oFDknk

23/09/2024

■ စိတ်ရဲ့ ကြည်လင် အေးချမ်းမှု, သန့်ရှင်းမှု , အသိဥာဏ် ရှိမှု အ​ပေါ်မှာ မူတည်ပြီး​တော့ ကိုယ့်ဘဝရဲ့ အရည်အ​သွေးဆိုတာ ဖြစ်လာပါတယ်။

■ စိတ်ရဲ့ ငြိမ်းချမ်းမှုကို ရရှိလာတဲ့အခါ ကိုယ့်အတွက် အကျိုးမဖြစ်​စေမည့် အ​တွေး​တွေနဲ့ , မလိုအပ်တဲ့ တုန့်ပြန်မှု​တွေကို ထိန်းသိမ်း နိုင်ပါလိမ့်မယ်။

♦️ စိတ်တည်ငြိမ်း​အေးချမ်းပြီး ပျော်ရွှင်နိုင်ဖို့
အ​ခြေခံကျတဲ့ ဘဝ​ရှင်သန်နေထိုင်နည်း များကို

👉 Emotional Management & Healthy Mind
👉 ( 21 Days Zoom Live Workshop Program)
👉 Batch 34
မှာ​လေ့လာနိုင်ပါတယ်။

✅ ကြိုတင်ရိုက်ကူးထားတဲ့ Video File သင်ခန်းစာများ
မဟုတ်ပဲ 21 ရက်လုံး Zoom မှာ တိုက်ရိုက်သင်ကြားရင်း တခါထဲ​လေ့ကျင့်ရမှာမို့ လက်​တွေ့လိုက်နာကျင့်သုံး ဖြစ်သွားပါမယ်။

✅ What You Practice, Grow Stronger ဆိုသလို စိတ်အေးချမ်းဖို့, ပျော်ရွှင်ဖို့ လေ့ကျင့်ရင်း ဘဝမှာ Mindful Living, Joyful Living ဖြစ်​အောင် မိမိကိုယ်ကို ထိန်းသိမ်း​စောင့်​ရှောက်နိုင်ပါလိမ့်မယ်။

❗️(October 2) ည ၈နာရီ ည​ပိုင်း​အတန်း စတင်ပါမည်။
❗️(October 3) မနက် ၆နာရီ မနက်အတန်း စတင်ပါမည်။

https://www.facebook.com/share/p/vernrrYiZY3PSwuH/?mibextid=oFDknk

📌 Page Messenger မှာ စာရင်း မပိတ်ခင် စာရင်း သွင်းနိုင်ပါတယ်။

Admin Team
09799242606

23/09/2024

အပြင်ကမ္ဘာကို ပြောင်းလဲဖို့ အတွင်း ကမ္ဘာကို အရင်​ပြောင်းလဲပါ။ ✨️

မြင်ရတဲ့ Fruits ရဖို့ မမြင်ရ​သော Roots ကို ဂရုစိူက်ပါ။✨️

အ​တွေး (Thoughts) မှ => စိတ်ခံစားမှု (Emotions)✨️

Emotions မှ => Actions (လုပ်​ဆောင်ချက်)✨️

Actions မှ => Results (ရလာဒ်)✨️

● မိမိအ​တွေး​တွေက စိတ်ခံစားမှုတွေကို ဖြစ်​ပေါ်လာ​စေတယ်။

● စိတ်ခံစားမှုတွေက မိမိ အပြုအမူ​တွေကို အ​​ရောင်ဆိုး​​ပေးတယ်။

● မိမိ လုပ်ရပ် အပြုအမူ​တွေက မိမိ ဘဝ, မိမိ ရလာဒ် ဖြစ်လာတယ်။

● လူတစ်ယောက်မှာ နေ့စဥ်တွေး​သောအ​တွေး ၅ သောင်း​ကျော်ရှိပါတယ်။
အများစုက မ​နေ့က တွေးပြီးသားအ​တွေး​တွေဖြစ်တယ်။

● ဖြစ်ပြီးသားကိစ္စ​တွေ စိတ်ညစ်စရာ​တွေကို ထပ်တစ်လဲလဲ ပြန်​တွေးတတ်ကြတယ်။

● Negative Thoughts တွေနဲ့ Positive Life မရနိုင်ပါဘူး။

● ကောင်းတာ​တွေကို အကျိုးရှိတာတွေကို ရွေးချယ်ယူပြီး တွေးတတ်​သော အရည်အသွေးရှိဖို့ လိုပါတယ်။

● ကောင်းတာ​တွေ​ရွေးချယ်​တွေး တတ်ဖို့က မိမိ ဦး​နှောက်ထဲ , မသိစိတ်ထဲ ဘယ်လို Program လုပ်ထားလဲဆိုတဲ့ အ​ပေါ်မူတည်ပါတယ်။

● မ​ကောင်းတဲ့ Program တွေကို ကောင်းတဲ့ Program တွေနဲ့ Replace လုပ်ဖို့လိုပါတယ်။

● Bad habits တွေ Good Habits နဲ့ အစားထိုးဖို့လိုပါတယ်။

Are you willing to take care your roots❓️
Are you willing to take care your inner world❓️

👉 အတွင်းကမ္ဘာကို ပြောင်းလဲပြီး New Version ဖြစ်​စေဖို့ ၂၁ရက်တိုင်တိုင် လေ့ကျင့်ဖို့အတွက်

( Emotional Management & Healthy Mind - 21 days Zoom Live Workshop Program) မှာ ပါဝင်လေ့ကျင့်နိုင်ပါတယ်။

https://www.facebook.com/share/p/vernrrYiZY3PSwuH/?mibextid=oFDknk

23/09/2024

မနက်ခင်းတိုင်းကို
အဓိပ္ပါယ်တွေ အပြည့် နဲ့ နိုးထ
စတင်နိုင်ဖို့ လေ့ကျင့်ထားရမယ်။

ဘဝရဲ့ နေ့ရက်တိုင်းက တန်းဖိုးရှိလှပါတယ်။

22/09/2024

♦️ မိမိဘဝကို ကိုယ်တိုင် မောင်းနှင်တဲ့ (Driver Seat ) က မဟုတ်ပဲ။ Emotion တွေရဲ့ မောင်းနှင်မှုကို ခံရပြီး ကိုယ်တိုင်က Passenger နေရာ​ ရောက်သွားတတ်ပါတယ်။

♦️ မိမိရဲ့ စိတ်က ကိုယ့်ရဲ့ စိတ်ခံစားမှု(Emotions) ထက်
ပိုပြီး သန်မာနေအောင် လေ့ကျင့်ထားရမယ်, အဲလိုမှမဟုတ်ရင် အချိန်တိုင်း မိမိကိုယ်ကို ဆုံးရှုံးနေရတတ်ပါတယ်။

♦️ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ သတိ အသိဥာဏ်နဲ့ ဖြစ်​ပေါ်လာတဲ့ Emotion တွေကို Management လုပ်နိုင်တာက ဘဝရဲ့ အ​ရေးပါလှတဲ့ အရည်အချင်းတစ်ခုပါပဲ။

♦️ E.Q ကောင်း​အောင် လေ့ကျင့်ထားသူဟာ ဘဝရဲ့ အ​ကောင်း အဆိုး လောကဓံတွေကြုံရတဲ့အခါ ပိုပြီး Resilience ဆိုတဲ့ ခံနိုင်ရည်ပိုရှိပါတယ်။

♦️ ဘဝမှာ အောင်မြင် ပျော်ရွှင်သူ ဖြစ်ဖို့ E.Q ကောင်းဖို့ကလည်း အ​ရေးပါလှပါတယ်။

♦️ မိမိ Emotion တွေကို ကောင်းစွာ Management လုပ်နိုင်ပြီး စိတ်ဖိစီးမှု( ) များ ကင်း​ဝေးနိုင်ဖို့ ၂၁ရက် တိုင်တိုင် အတူတူ လေ့ကျင့်သင်ကြားမည့်
Emotional Management & Healthy Mind
Program Batch 34 မှာ အတူတူပါဝင် လေ့ကျင့်နိုင်ပါတယ်။

https://www.facebook.com/share/p/3LbQWJ4Y2ybo2KV6/?mibextid=oFDknk

22/09/2024

"Like Attract Like"

■ ဘဝမှာ ကောင်းကျိုးချမ်းသာမှု​တွေကို
Attract လုပ်ချင်တယ်ဆိုရင်
မိမိကိုယ်တိုင်က ကောင်းကျိုးချမ်းသာ​တွေနဲ့
ကိုက်ညီမှုရှိ​အောင် နေထိုင်ရပါမယ်။

■ သံလိုက်က သံကိုပဲဆွဲငင်တယ်
သစ်သားကို မဆွဲငင်ပါဘူး။

■ မီးက အမှိုက်ကို ကြိုက်ပါတယ်။
ရေကို​တော့ မကြိုက်ပါဘူး။

■ တူရာတူရာ ပိုစုဖွဲ့တတ်ကြပါတယ်။

■ ဓါတ်သ​ဘောချင်းတူရာကို
မိမိစိတ်က ပိုကြိုက်နှစ်သက်ပါတယ်။

■ ကိုယ့်စိတ်မှာ မ​ကောင်းတာ​တွေရှိ​နေရင်
ပတ်ဝန်းကျင်မှ တခြားသူ​တွေဆီက
မ​ကောင်းတာ​တွေ ပို​​ရောက်လာပါတယ်။
ကိုယ်ကလဲ မ​ကောင်းတာ​တွေဆီကို
သွားတတ်ပါတယ်။

■ ဒီ​တော့ မိမိဘဝကို ပို​ကောင်းချင်ရင်
မိမိကိုယ်တိုင် မိမိစိတ်ကိုကောင်းတာ​တွေနဲ့
နေ့စဥ် ထုံမွှန်းထားနိုင်ဖို့လိုပါတယ်။

■ မိမိက မေတ္တာဓါတ်​တွေရှိရင်
ပတ်ဝန်းကျင်က မေတ္တာတွေပိုမို
စီးဆင်းလာသလို
မိမိစိတ်ကလည်း မေတ္တာရှိရာကို ပိုသွားပါတယ်။
မေတ္တာက ဒေါသဆီကို မသွားပါဘူး။

■ ကိုယ့်မှာ ဒေါသရှိရင်
ကိုယ့်ဆီ ဒေါသတွေ ပိုလာမယ်။

ကိုယ့်မှာ မနာလိုမှု​တွေရှိရင်
မနာလိုမှု​တွေ ကိုယ့်ဆီပိုလာမယ်။

■ ကိုယ့်စိတ်မှာရှိတဲ့ မူရင်းဓါတ်ခံ ဆီကို
တူရာရာ ရောက်လာတတ်ကြသလို
ကိုယ့်ပင်ကိုယ် စိတ်ကလည်း
သူ့နဲ့တူရာတူရာဆီကို သွားပါတယ်။

● ဒီ​တော့ အပြင်က အဓိကလား?

● အတွင်းက အဓိကလား?ဆိုတာ

● ဆင်ခြင် သုံးသပ်ကြည့်နိုင်ပါတယ်။

ကျန်းမာချမ်းသာကြပါ​စေ🙏

22/09/2024

■ EQ တိုးတက်ပြီး စိတ်ဓါတ်ကြံ့ခိုင်သန်မာစေဖို့...
■ မိမိ Emotions များကို Manage လုပ်နိုင်စေဖို့...
■ ဘဝကို အဓိပ္ပါယ်ရှိစွာ ရှင်သန်နေထိုင်နိုင်စေဖို့...

✅️ Emotional Management & Healthy Mind
✅️ 21 Days Zoom Live Workshop (Batch 34)

🔵 နယ်ပယ်အသီးသီးမှ သင်တန်းသား 1000 ကျော် တတ်​ရောက်သင်ကြား လေ့ကျင့်ခဲ့ပြီး​အကျိုးများစွာ ရှိစေခဲ့သော သင်တန်းလေး ဖြစ်ပါတယ်။

🟧 မိမိစိတ်ခံစားမှုတွေကို စီမံခန့်ခွဲတတ်အောင်လေ့ကျင့် တည်ဆောက်ထားဖို့ ဆိုတာ Personal Life မှာ ဖြစ်စေ၊ Professional Life မှာ ဖြစ်စေ ဖြည့်ဆည်းထားအပ်သော အရည်အသွေးတစ်ရပ်ဖြစ်ပါတယ်။

🟧 𝐄𝐐 ပြည့်ဝပြီး မိမိစိတ်ခံစားမှုတွေကို စနစ်တကျ ထိန်းကျောင်းနိုင်တဲ့သူတွေဟာ ဘဝမှာ အောင်မြင်ပျော်ရွှင်မှုကို ရရှိပြီး ရေရှည်ထိပ်တန်းရောက်နိုင်ပါတယ်။

🟧 မိမိ 𝐄𝐦𝐨𝐭𝐢𝐨𝐧 တွေကို ကျိုးကြောင်းဆင်ခြင်တတ်တဲ့ အသိဥာဏ်နဲ့ စနစ်တကျ ထိန်း​ကျောင်း 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 လုပ်နိုင်ခြင်းက ဘဝမှာ အ​ရေးပါလှတဲ့ အရည်အချင်းတစ်ခုပါပဲ။

🟧 မိမိရဲ့ အသိဥာဏ်က စိတ်ခံစားမှု (Emotions) တွေထက် ပိုပြီးသန်မာနေအောင် EQ ကောင်းဖို့ လေ့ကျင့်ထားရမယ်၊
အဲ့လိုမှမဟုတ်ရင်အချိန်တိုင်း မိမိကိုယ်ကို ဆုံးရှုံးနေရတတ်ပါတယ်။

🟧 ဒါ့​ကြောင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံရှိ တချို့သော Company ကြီး​တွေ, လုပ်ငန်းခွင်​တွေ နှင့် ပညာရေးနယ်ပယ် အစရှိသည်တို့မှာ (EQ) ကောင်းဖို့, စိတ်ခံစားမှုတွေကို စီမံခန့်ခွဲနိုင်ဖို့အ​လေးထား ကြိုးစား ကျင့်သုံး​နေကြပါတယ်။

🍀 အိမ်မှာရှိတဲ့ အဆင်မ​ပြေမှု​တွေ တွေကို Manage မလုပ်နိုင်ရင် ဒီ Stress တွေ က အလုပ်ထိပါလာပြီး အလုပ်ပါ ထိခိုက်နိုင်ပါတယ်။

🍀 အလုပ်မှာ ရှိတဲ့ တွေကို အိမ်ထိပါလာပြီး အိမ်သား​တွေအ​ပေါ်မှာ မိမိ တွေကို Manage မလုပ်နိုင်ပဲ ပုံချတာမျိုးဖြစ်တတ်ပါတယ်။

🍀 𝐄.𝐐 ကောင်း​အောင် အလေ့အကျင့်ပြုလုပ်ထားသူက လောကဓံတွေ ကြုံရတဲ့အခါ 𝐑𝐞𝐬𝐢𝐥𝐢𝐞𝐧𝐜𝐞 ခံနိုင်ရည်ပိုရှိပြီး မိမိကိုယ်ကိုကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင် ပါလိမ့်မယ်။

🟪 ယခု ၂၁ရက် သင်တန်းမှာ ဘဝအတွက်အရေးကြီးတဲ့ Soft Skills တွေမိမိမှာ ပြည့်ဝအောင် လေ့ကျင့်ထားခြင်းဖြင့် စိတ်သစ်၊ လူသစ်၊ အတွေးမြင်သစ်များဖြင့် ဘဝရှင်သန်နေထိုင်မှုပုံစံ Ways of Life ကို ပိုမို အဓိပ္ပါယ်ပြည့်ဝစေဖို့ အကျိုးရှိစေပါမည်။

🟪 စိတ်ဖိစီးမှု (Stress)များ, အဆင်မ​ပြေမှု ပြဿနာ​များ ကို ရင်ဆိုင်​ကျော်ဖြတ်နိုင်ဖို့နှင့် ဘဝမှာ အောင်မြင်ပျော်ရွှင်ဖို့ ရိုးရှင်းပြီးထိရောက်တဲ့ အလေ့ကျင့်ကောင်းလေးတွေကို 21 ရက်တာ လေ့ကျင့်ရမှာပါ။

🟪 အ​လေ့အကျင့်ကောင်းတစ်ခုကို ၂၁ ရက်ဆက်တိုက်လုပ်​ဆောင်ရင် အဲ့ဒီ အ​လေ့အကျင့် က စွဲမြဲလာပါတယ်။
၂၁ ရက်ပြီးသွားရင် သိပ်အားစိုက်စရာမလိုပဲ လုပ်​ဆောင်လာနိုင်ပါမယ်။

✅ ကြိုတင်ရိုက်ကူးထား​သော Video File များမဟုတ်ပဲ Zoom မှာ တစ်ရက်ကို ၁ နာရီ, ၂၁ရက် ဆက်တိုက် တိုက်ရိုက် သင်ကြား လေ့ကျင့်ရမှာ ဖြစ်​သော​ကြောင့် တစ်ခါထဲ ကျင့်သုံးလိုက်နာဖြစ်သွား​စေမည့် အကျိုး​ကျေးဇူး ရရှိ​စေပါမည်။

✅️ မိမိ Inner World အတွင်းကမ္ဘာကို ဂရုစိုက်ဖို့ ဘဝမှာ တစ်ကြိမ်တစ်ခါလောက် ၂၁ရက် အချိန်ပေးပြီး သင်ကြားလေ့ကျင့်လိုက်ပါ။

🔺️ 21 Days သင်တန်း တတ်ရောက်ခဲ့ဖူးသူများရဲ့ Review များ လေ့လာရန်

https://www.facebook.com/100076288664205/posts/441476015072017/

♦️ သင်ကြားမည့် Platform = { Zoom Face to Face }

⛳️ သင်တန်းကာလ
(သင်တန်းစတင်မည့်ရက်မှ နေ့စဥ် ၂၁ရက် ဆက်တိုက်)

♦️ အချိန်ရွေးချယ်နိုင်ဖို့ အတန်းချိန်က
မနက်ပိုင်း နှင့် ညပိုင်း ဆိုပြီး ၂ ချိန် ရှိပါမည်။
မိမိတတ်ရောက်မည့် အတန်းချိန်တစ်ခုကို ရွေးချယ်ပြီး သင်တန်းအပ်နိုင်ပါတယ်။

⏰️ ညပိုင်း Batch အတွက်
■ သင်တန်းစတင်မည့်ရက် = October 2
■ အတန်းချိန်က { ည ၈နာရီ မှ ၉နာရီ }

⏰️ မနက်ပိုင်း Batch အတွက်
■ သင်တန်းစတင်မည့်ရက် = October 3
■ အတန်းချိန်က { မနက် ၆နာရီမှ ၇နာရီ }

✅ သင်တန်းကြေး 130000 Kyats

✴️✨ Early Bird️ Promotion = 100000 Kyats ဖြင့်
သတ်မှတ်လူဦးရေမပြည့်ခင် သင်တန်း အပ်နိုင်ပါတယ်။

✅️ 21 Days သင်တန်းသားဟောင်း = 85000 Kyats

👉 ညပိုင်း Batch မှာ တတ်ရောက်လိုပါက
" ညပိုင်း 21 Days သင်တန်းတတ်ချင်ပါတယ်" လို့ Page Messenger ကို ပေးပို့ပေးပါ။

👉 မနက်ပိုင်း Batch မှာ တတ်ရောက်လိုပါက
" မနက်ပိုင်း 21 Days သင်တန်းတတ်ချင်ပါတယ်" လို့ Page Messenger ကို ပေးပို့ပေးပါ။

🥰 မိမိချစ်ခင်ရသူ​တွေကိုလည်း သင်တန်းလေးကိုဝေမျှ ပေးပါအုံး​နော်။

■ လူဦးရေ အကန့်သတ်ရှိပါတယ် ■

☎️ 09799242606
☎️ 09762609702 (Viber)

21/09/2024

Self Control မိမိကိုယ်ကို ထိန်းချုပ်ခြင်းဆိုတာ
အနေကြပ်ဖို့ မဟုတ်ပါဘူး။

Self Discipline ရှိခြင်းက ရေတိုမှာ အနေကြပ်တယ်လိူ့
ခံစားရပေမဲ့။ ရေရှည်အကျိုးရှိစေတယ်။

မိမိ မလုပ်သင့်တာတွေကို မလုပ်မိဖို့
Self Control ရှိခြင်းက
ရေရှည် အောင်မြင် ပျော်ရွှင်ဖို့
အင်မတန် အရေးကြီးလှပါတယ်။

■ Emotional Management
■ ZOOM LIVE Workshop ( Batch 34 )

https://www.facebook.com/100076288664205/posts/545043998048551/

21/09/2024

■ Emotional Management
■ 21 Days သင်တန်း
■ ZOOM LIVE Workshop ( Batch 34 )

https://www.facebook.com/100076288664205/posts/545043998048551/

21/09/2024

စိတ်ပျော်ရွှင်လိုပါက..

1. အတင်းအဖျင်းတွေ နားမထောင်ပါနဲ့။

2. လူတွေက ကိုယ့်ကို ဘယ်လို ထင်မလဲဆိုတာ လိုအပ်တာထပ်ပို မတွေးမိပါစေနဲ့။

3. မိမိကိုယ်တိုင်အတွေးခေါ် တိုးတက်ဖို့ သင်ယူမှုတစ်ခု နေ့စဥ်လုပ်ဆောင်ပါ။

4. အခြေအနေတိုင်းကို ကောင်းတဲ့ဘက်မှ ရှူမြင်တတ်ပါစေ။

5. မိမိလက်ဝယ်ရှိတာတိုင်းကို ကျေးဇူးတင်ပါ။

6. များများပြုံးပါ၊ များများရယ်ပါ။

7. အတိတ်တွေကို လွှတ်ချလိုက်ပါ။

8. ပစ္စုပ္ပန်မှာသာ ရှင်သန်နေထိုင်ပါ။

ကျန်းမာ ချမ်းသာကြပါစေ🙏

Photos from Emotional Detox & Healthy Mind's post 20/09/2024

လောကဓံတွေကို ရင်ဆိုင်နိုင်ဖို့ စိတ်ဓါတ်ကြံ့ခိုင်မှုများ တည်ဆောက်ချင်ပါသလား❓️

Emotion တွေကို ကောင်းစွာ Manage လုပ်လိုပါသလား❓️

Daily Stress တွေလျော့ချပြီး တည်ငြိမ်အေးချမ်းသော ဘဝတစ်ခု တည်ဆောက်ချင်ပါသလား ❓️

👉 ​October 2 ညပိုင်းအတန်းစတင်မည့်....
👉 October 3 မနက်ပိုင်းအတန်း စတင်မည့်....

■️️ Emotional Management & Healthy Mind
■ 21Days Zoom Live Workshop (Batch 34)

🔵 Professional နယ်ပယ် အသီးသီးမှ သင်တန်းသား 1000 ကျော် တတ်​ရောက်သင်ကြား လေ့ကျင့်ခဲ့ပြီး​အကျိုးများစွာ ရှိစေခဲ့သော Batch 34 ထိ ရောက်ရှိပြီဖြစ်သော Zoom Live Workshop သင်တန်း ဖြစ်ပါတယ်။

🟧 မိမိစိတ်ခံစားမှုတွေကို စီမံခန့်ခွဲတတ်အောင်လေ့ကျင့် တည်ဆောက်ထားဖို့ ဆိုတာ Personal Life မှာ ဖြစ်စေ၊ Professional Life မှာ ဖြစ်စေ ဖြည့်ဆည်းထားအပ်သော အရည်အသွေးတစ်ရပ်ဖြစ်ပါတယ်။

🟧 𝐄𝐐 ပြည့်ဝပြီး မိမိစိတ်ခံစားမှုတွေကို စနစ်တကျ ထိန်းကျောင်းနိုင်တဲ့သူတွေဟာ ဘဝမှာ အောင်မြင်ပျော်ရွှင်မှုကို ရရှိပြီး ရေရှည်ထိပ်တန်းရောက်နိုင်ပါတယ်။

🟧 မိမိ 𝐄𝐦𝐨𝐭𝐢𝐨𝐧 တွေကို ကျိုးကြောင်းဆင်ခြင်တတ်တဲ့ အသိဥာဏ်နဲ့ စနစ်တကျ ထိန်း​ကျောင်း 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 လုပ်နိုင်ခြင်းက ဘဝမှာ အ​ရေးပါလှတဲ့ အရည်အချင်းတစ်ခုပါပဲ။

🟧 မိမိရဲ့ အသိဥာဏ်က စိတ်ခံစားမှု (Emotions) တွေထက် ပိုပြီးသန်မာနေအောင် EQ ကောင်းဖို့ လေ့ကျင့်ထားရမယ်၊
အဲ့လိုမှမဟုတ်ရင်အချိန်တိုင်း မိမိကိုယ်ကို ဆုံးရှုံးနေရတတ်ပါတယ်။

🟧 ဒါ့​ကြောင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံရှိ တချို့သော Company ကြီး​တွေ, လုပ်ငန်းခွင်​တွေ နှင့် ပညာရေးနယ်ပယ် အစရှိသည်တို့မှာ (EQ) ကောင်းဖို့, စိတ်ခံစားမှုတွေကို စီမံခန့်ခွဲနိုင်ဖို့အ​လေးထား ကြိုးစား ကျင့်သုံး​နေကြပါတယ်။

🍀 အိမ်မှာရှိတဲ့ အဆင်မ​ပြေမှု​တွေ တွေကို Manage မလုပ်နိုင်ရင် ဒီ Stress တွေ က အလုပ်ထိပါလာပြီး အလုပ်ပါ ထိခိုက်နိုင်ပါတယ်။

🍀 အလုပ်မှာ ရှိတဲ့ တွေကို အိမ်ထိပါလာပြီး အိမ်သား​တွေအ​ပေါ်မှာ မိမိ တွေကို Manage မလုပ်နိုင်ပဲ ပုံချတာမျိုးဖြစ်တတ်ပါတယ်။

🍀 𝐄.𝐐 ကောင်း​အောင် အလေ့အကျင့်ပြုလုပ်ထားသူက လောကဓံတွေ ကြုံရတဲ့အခါ 𝐑𝐞𝐬𝐢𝐥𝐢𝐞𝐧𝐜𝐞 ခံနိုင်ရည်ပိုရှိပြီး မိမိကိုယ်ကိုကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင် ပါလိမ့်မယ်။

🟪 ယခု ၂၁ရက် သင်တန်းမှာ ဘဝအတွက်အရေးကြီးတဲ့ Soft Skills တွေမိမိမှာ ပြည့်ဝအောင် လေ့ကျင့်ထားခြင်းဖြင့် စိတ်သစ်၊ လူသစ်၊ အတွေးမြင်သစ်များဖြင့် ဘဝရှင်သန်နေထိုင်မှုပုံစံ Ways of Life ကို ပိုမို အဓိပ္ပါယ်ပြည့်ဝစေဖို့ အကျိုးရှိစေပါမည်။

🟪 စိတ်ဖိစီးမှု (Stress)များ, အဆင်မ​ပြေမှု ပြဿနာ​များ ကို ရင်ဆိုင်​ကျော်ဖြတ်နိုင်ဖို့နှင့် ဘဝမှာ အောင်မြင်ပျော်ရွှင်ဖို့ ရိုးရှင်းပြီးထိရောက်တဲ့ အလေ့ကျင့်ကောင်းလေးတွေကို 21 ရက်တာ လေ့ကျင့်ပြီး သိထားတဲ့ Knowledge တွေကို လက်တွေ့ ကျင့်သုံးလိုက်နာဖြစ်စေဖို့ ရည်ရွယ်ပါတယ်။

🟪 အ​လေ့အကျင့်ကောင်းတစ်ခုကို ၂၁ ရက်ဆက်တိုက်လုပ်​ဆောင်ရင် အဲ့ဒီ အ​လေ့အကျင့် က စွဲမြဲလာပါတယ်။
၂၁ ရက်ပြီးသွားရင် သိပ်အားစိုက်စရာမလိုပဲ လုပ်​ဆောင်လာနိုင်ပါမယ်။

✅ ကြိုတင်ရိုက်ကူးထား​သော Video File များမဟုတ်ပဲ Zoom မှာ တစ်ရက်ကို ၁ နာရီ, ၂၁ရက် ဆက်တိုက် တိုက်ရိုက် သင်ကြား လေ့ကျင့်ရမှာ ဖြစ်​သော​ကြောင့် တစ်ခါထဲ ကျင့်သုံးလိုက်နာဖြစ်သွား​စေမည့် အကျိုး​ကျေးဇူး ရရှိ​စေပါမည်။

✅️ မိမိ Inner World အတွင်းကမ္ဘာကို ဂရုစိုက်ဖို့ ဘဝမှာ တစ်ကြိမ်တစ်ခါလောက် ၂၁ရက် အချိန်ပေးပြီး လေ့ကျင့် သင်ကြားနိုင်ပါတယ်။

♦️ သင်ကြားမည့် Platform = { Zoom Face to Face }

⛳️ သင်တန်းကာလ
(သင်တန်းစတင်မည့်ရက်မှ နေ့စဥ် ၂၁ရက် ဆက်တိုက်)

♦️ အချိန်ရွေးချယ်နိုင်ဖို့ အတန်းချိန်က
မနက်ပိုင်း နှင့် ညပိုင်း ဆိုပြီး ၂ ချိန် ရှိပါမည်။
မိမိတတ်ရောက်မည့် အတန်းချိန်တစ်ခုကို ရွေးချယ်ပြီး သင်တန်းအပ်နိုင်ပါတယ်။

⏰️ ညပိုင်း Batch အတွက်
■ သင်တန်းစတင်မည့်ရက် = October 2
■ အတန်းချိန်က { ည ၈နာရီ မှ ၉နာရီ}

⏰️ မနက်ပိုင်း Batch အတွက်
■ သင်တန်းစတင်မည့်ရက် = October 3
■ အတန်းချိန်က { မနက် ၆နာရီမှ ၇နာရီ }

✅ သင်တန်းကြေး 130000 Kyats

✴️✨️ Promotion = 100000 Kyats ဖြင့်
သတ်မှတ်လူဦးရေမပြည့်ခင် အပ်နိုင်ပါတယ်။

✅✨️️ 21Days သင်တန်းသား​ဟောင်းများအတွက် အထူး Promotion = 85000 ကျပ်။

👉 ညပိုင်း Batch မှာ တတ်ရောက်လိုပါက
" ညပိုင်း 21 Days သင်တန်းတတ်ချင်ပါတယ်" လို့ Page Messenger ကို ပေးပို့ပေးပါ။

👉 မနက်ပိုင်း Batch မှာ တတ်ရောက်လိုပါက
" မနက်ပိုင်း 21 Days သင်တန်းတတ်ချင်ပါတယ်" လို့ Page Messenger ကို ပေးပို့ပေးပါ။

♦️ Register ပြုလုပ်ရန် http://m.me/100786272375899

🥰 မိမိချစ်ခင်ရသူ​တွေကိုလည်း သင်တန်းလေးကိုဝေမျှ ပေးပါအုံး​နော်။

❗️လူဦးရေ အကန့်သတ်ရှိပါတယ်။ ❗️

☎️ 09799242606
☎️ 09762609702 (Viber)

20/09/2024

လိုအပ်တာထက်ပိုပြီး ခဏခဏ စိတ်ညစ်စရာတွေ
တွေးရင် စိတ်ညစ်စရာတွေးတောမှုမှာ
ကျွမ်းကျင်သွားတတ်ပါတယ်။
အ​လေ့အကျင့် ဖြစ်သွားတတ်တယ်။

ပျော်ရွှင်မှုကို လူတိုင်းလိုချင်ကြပါတယ်။
ပျော်ရွှင်မှုက ကြိုးစား လေ့ကျင့်ယူရမည့် Skill တစ်ခုပါတဲ့။

ထပ်ထပ်ခါလုပ်ပါများလာတဲ့အရာက
ကျွမ်းကျင်လာတတ်တာ သဘာဝပါပဲ။

ပျော်ရွှင်ဖို့အတွက် ပျော်ရွှင်စရာအ​ကြောင်းအရာကို
များများ​တွေးပါ။
ကြိုးစားပြီး ပျော်ရွှင်စရာတွေးတာကို
အ​​လေ့အကျင့်ဖြစ်​အောင် ပြုလုပ်ပါ။

■ EQ တိုးတက်ပြီး စိတ်ဓါတ်ကြံ့ခိုင်သန်မာစေဖို့...
■ မိမိ Emotions များကို Manage လုပ်နိုင်စေဖို့...
■ ဘဝကို အဓိပ္ပါယ်ရှိစွာ ရှင်သန်နေထိုင်နိုင်စေဖို့...

✅️ Emotional Management & Healthy Mind
✅️ 21 Days Zoom Live Workshop (Batch 34)

https://www.facebook.com/share/p/3LbQWJ4Y2ybo2KV6/?mibextid=oFDknk

19/09/2024

"ဝမ်းနည်းစရာကြုံလာရင် ဒါ​လေးကို သတိရပါ"

🍀 ဘဝဆိုတာ စန္ဒယားတစ်လုံးလိုပါပဲ...

🍀 အဖြူရောင်ခလုပ်လေးတွေက
ပျော်စရာနေ့လေးတွေ ဆိုရင်....

🍀 အမဲရောင်ခလုပ်လေးတွေက
ဝမ်းနည်းရတဲ့နေ့တွေ ဖြစ်မှာပေါ့.....

🍀 ချစ်စရာကောင်းတဲ့ ဂီတသံစဉ်တွေ
ဖန်တီးတဲ့အခါများမှာတော့.....

နှစ်မျိုးလုံး လိုအပ်တယ်ဆိုတာကို သတိရပါ ...

🍀 တချို့က ဝမ်းနည်းစရာတွေ အခက်အခဲတွေ
ကြုံ​တွေ့ရ​ပေမဲ့ အဲ့ဒါ​တွေ​ကြောင့်ပဲ....
စိတ်ဓါတ် ကြံ့ခိုင် သန်မာသူ​တွေ
ဖြစ်သွားတတ်ကြပါတယ်။

ကျန်းမာချမ်းသာကြပါ​စေ🙏

19/09/2024

စိတ်ခံစားမှု ( Emotion) တွေကို စီမံခန့်ခွဲဖို့ အ​လေ့အကျင့် မလုပ်ထားရင် ဖြစ်​ပေါ်သမျှ အ​ခြေ​နေတိုင်းကို မိမိရဲ့ အားသန်တဲ့ Emotion တွေရဲ့ ဆွဲ​ခေါ်ရာ နောက်ကို ပါသွားတတ်ပါတယ်။

♦️ မိမိဘဝကို ကိုယ်တိုင် မောင်းနှင်တဲ့ (Driver Seat ) က မဟုတ်ပဲ။ Emotion တွေရဲ့ မောင်းနှင်မှုကို ခံရပြီး ကိုယ်တိုင်က Passenger နေရာ​ ရောက်သွားတတ်ပါတယ်။

♦️ မိမိရဲ့ စိတ်က ကိုယ့်ရဲ့ စိတ်ခံစားမှု(Emotions) ထက်
ပိုပြီး သန်မာနေအောင် လေ့ကျင့်ထားရမယ်, အဲလိုမှမဟုတ်ရင် အချိန်တိုင်း မိမိကိုယ်ကို ဆုံးရှုံးနေရတတ်ပါတယ်။

♦️ ကျိုးကြောင်းဆင်ခြင်တတ်တဲ့ သတိ အသိဥာဏ်နဲ့ ဖြစ်​ပေါ်လာတဲ့ Emotion တွေကို Management လုပ်နိုင်တာက ဘဝရဲ့ အ​ရေးပါလှတဲ့ အရည်အချင်းတစ်ခုပါပဲ။

♦️ E.Q ကောင်း​အောင် လေ့ကျင့်ထားသူဟာ ဘဝရဲ့ အ​ကောင်း အဆိုး လောကဓံတွေကြုံရတဲ့အခါ ပိုပြီး Resilience ဆိုတဲ့ ခံနိုင်ရည်ပိုရှိပါတယ်။

♦️ ဘဝမှာ အောင်မြင် ပျော်ရွှင်သူ ဖြစ်ဖို့ E.Q ကောင်းဖို့ကလည်း အ​ရေးပါလှပါတယ်။

♦️ မိမိ Emotion တွေကို ကောင်းစွာ Management လုပ်နိုင်ပြီး စိတ်ဖိစီးမှု( ) များ ကင်း​ဝေးနိုင်ဖို့ ၂၁ရက် တိုင်တိုင် အတူတူ လေ့ကျင့်သင်ကြားမည့်
Emotional Management & Healthy Mind
Program Batch 34 မှာ အတူတူပါဝင် လေ့ကျင့်နိုင်ပါတယ်။

https://www.facebook.com/share/p/3LbQWJ4Y2ybo2KV6/?mibextid=oFDknk

19/09/2024

ဘဝခရီးကို ဖြတ်သန်းကြရာမှာ....

အကောင်းဆုံးဖြစ်လာဖို့ မျော်လင့်ထားဖို့လိုအပ်သလိုမျိုး၊

အဆိုးဆုံးတွေ ဖြစ်လာနိုင်တာကိုလည်း
ပြင်ဆင်ထားဖို့လိုအပ်ပါတယ်။

ဘဝဆိုတာ မိမိဖြစ်ချင်တာ မိမိစီစဥ်ထားသည့်အတိုင်း
အရာရာတိုင်း ဖြစ်လာချင်မှ ဖြစ်လာတတ်ပါတယ်။

အဆိုးတွေကို စိတ်ပူလောင်သောကတွေ အဆက်မပြတ်
ခံစားဖို့ တွေးတောမျိုးကိူ မဆိုလိုပါ။

အရှိတရားကိုလှစ်လျူရှူပြီးအလွန်အမင်း အကောင်းမြင်တာမျိုးလည်း သတိပြုသင့်ပါတယ်။

ဖြစ်နိုင်ခြေတွေကို ကြိုတင်တွက်ဆထားဖို့ လိုအပ်ပါတယ်။

အဆိုးတွေစဥ်းစားတိုင်း မကောင်းမြင်စိတ်မဟုတ်ပါ။

အရှိတရားထက် ကင်းကွာပြီး အလွန်အမင်း အကောင်းမြင်တာကလည်း အဆင်မပြေတတ်ပါဘူး။

Hope for the best ဆိုတဲ့ စိတ်ထားရသလို
Prepare for the worst ကိုလည်း စဥ်းစားထားရပါတယ်။

ဒီ ၂ ခုကို ချိန်ညှိပြီး ပစ္စုပ္ပန်မှာ မိမိ လုပ်နိုင်တာကို
မိမိရဲ့ အကောင်းဆုံးရှင်သန် နေထိုင်သွားဖို့ပါပဲ။

အဆိုးဆုံးကို နားလည်ထားပြီး
မိမိလုပ်သင့်တာကို လုပ်ဆောင်ရင်
အကောင်းဆုံးတွေလဲ ဖြစ်လာတတ်ပါတယ်။

ကျန်းမာချမ်းသာကြပါစေ🙏

18/09/2024

🍀 ပြီးဆုံးသွားတဲ့ မ​နေ့ကနဲ့
ရောက်မလာ​သေးတဲ့ မနက်ဖြန်တို့ ကြားမှာ
ဒီ​​နေ့ဆိုတာ ရှိ​နေပါတယ်။

🍀 ဒီ​နေ့ဆိုတာ ကိုယ်ပိုင်ဆိုင်တဲ့ လက်ထဲရှိတဲ့
အခွင့်အရေး တစ်ခုပါပဲ။

🔺️ ဒီ​နေ့မှာ ရှင်သန်ပါ
🔺️ ဒီ​နေ့ကို တန်ဖိုးထားပါ။

Your Life is Now.
ဘဝဆိုတာ လက်ရှိ ပစ္စုပ္ပန် အချိန်ဖြစ်ပါတယ်။

သာယာလှပ​သော နေ့ရက်​လေးကို ဖန်တီးနိုင်ကြပါ​စေ....

17/09/2024

ဘဝမှာ ကြုံရဆုံရတဲ့ အဖြစ်အပျက်တိုင်းက
မိမိရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိချင်မှ ရှိ​နေပါလိမ့်မယ်။

အဖြစ်အပျက်တိုင်းကို ဘယ်လို တုန့်ပြန်မလဲဆိုတာက​တော့
မိမိလက်ထဲမှာ ရှိ​နေပြီးသားပါ။

မိမိ မထိန်းချုပ်နိုင်တာ​တွေကိုပဲ စိတ်ညစ်​နေမဲ့အစား
မိမိထိန်းချုပ်နိုင်တဲ့ မိမိရဲ့ တုန့်ပြန်မှု​တွေကိုပဲ
အသိဥာဏ်ပညာနဲ့ ကြိုးစားRespond လုပ်ကြည့်ပါ။

မတူညီတဲ့ တုန့်ပြန်မှု​တွေက မတူညီတဲ့ ရလာဒ်​တွေကို ပေးစွမ်းနိူင်တဲ့ စွမ်းအား​တွေရှိ​နေပါတယ်။

ကျန်းမာချမ်းသာကြပါ​စေ🙏

16/09/2024

စိတ်အနားရဖို့ အချိန်ပေးရဲ့လား❓️

EQ တိုးတက်စေဖို့၊ စိတ်ဓါတ်ကြံ့ခိုင်သန်မာဖို့ လေ့ကျင့် တည်ဆောက်လိုပါသလား❓️

✅️ [ Emotional Management & Healthy Mind ]
✅ [ 21 Days️ Zoom Live Workshop ] (Batch 34)

❗️ October 2 ရက်နေ့ ညပိုင်းအတန်း စတင်ပါမည်။
❗️ October 3 ရက်နေ့ မနက်ပိုင်းအတန်း စတင်မည်။

🔵 Professional နယ်ပယ်အသီးသီးမှ သင်တန်းသား 1000 ကျော် တတ်​ရောက်သင်ကြား လေ့ကျင့်ခဲ့ပြီး​အကျိုးများစွာ ရှိစေခဲ့သော သင်တန်းလေး ဖြစ်ပါတယ်။

🟧 မိမိစိတ်ခံစားမှုတွေကို စီမံခန့်ခွဲတတ်အောင်လေ့ကျင့် တည်ဆောက်ထားဖို့ ဆိုတာ Personal Life မှာ ဖြစ်စေ၊ Professional Life မှာ ဖြစ်စေ ဖြည့်ဆည်းထားအပ်သော အရည်အသွေးတစ်ရပ်ဖြစ်ပါတယ်။

🟧 𝐄𝐐 ပြည့်ဝပြီး မိမိစိတ်ခံစားမှုတွေကို စနစ်တကျ ထိန်းကျောင်းနိုင်တဲ့သူတွေဟာ ဘဝမှာ အောင်မြင်ပျော်ရွှင်မှုကို ရရှိပြီး ရေရှည်ထိပ်တန်းရောက်နိုင်ပါတယ်။

🟧 မိမိ 𝐄𝐦𝐨𝐭𝐢𝐨𝐧 တွေကို ကျိုးကြောင်းဆင်ခြင်တတ်တဲ့ အသိဥာဏ်နဲ့ စနစ်တကျ ထိန်း​ကျောင်း 𝐌𝐚𝐧𝐚𝐠𝐞𝐦𝐞𝐧𝐭 လုပ်နိုင်ခြင်းက ဘဝမှာ အ​ရေးပါလှတဲ့ အရည်အချင်းတစ်ခုပါပဲ။

🟧 မိမိရဲ့ အသိဥာဏ်က စိတ်ခံစားမှု (Emotions) တွေထက် ပိုပြီးသန်မာနေအောင် EQ ကောင်းဖို့ လေ့ကျင့်ထားရမယ်၊
အဲ့လိုမှမဟုတ်ရင်အချိန်တိုင်း မိမိကိုယ်ကို ဆုံးရှုံးနေရတတ်ပါတယ်။

🟧 ဒါ့​ကြောင့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံရှိ တချို့သော Company ကြီး​တွေ, လုပ်ငန်းခွင်​တွေ နှင့် ပညာရေးနယ်ပယ် အစရှိသည်တို့မှာ (EQ) ကောင်းဖို့, စိတ်ခံစားမှုတွေကို စီမံခန့်ခွဲနိုင်ဖို့အ​လေးထား ကြိုးစား ကျင့်သုံး​နေကြပါတယ်။

🍀 အိမ်မှာရှိတဲ့ အဆင်မ​ပြေမှု​တွေ တွေကို Manage မလုပ်နိုင်ရင် ဒီ Stress တွေ က အလုပ်ထိပါလာပြီး အလုပ်ပါ ထိခိုက်နိုင်ပါတယ်။

🍀 အလုပ်မှာ ရှိတဲ့ တွေကို အိမ်ထိပါလာပြီး အိမ်သား​တွေအ​ပေါ်မှာ မိမိ တွေကို Manage မလုပ်နိုင်ပဲ ပုံချတာမျိုးဖြစ်တတ်ပါတယ်။

🍀 𝐄.𝐐 ကောင်း​အောင် အလေ့အကျင့်ပြုလုပ်ထားသူက လောကဓံတွေ ကြုံရတဲ့အခါ 𝐑𝐞𝐬𝐢𝐥𝐢𝐞𝐧𝐜𝐞 ခံနိုင်ရည်ပိုရှိပြီး မိမိကိုယ်ကိုကောင်းစွာ ထိန်းသိမ်းစောင့်ရှောက်နိုင် ပါလိမ့်မယ်။

🟪 ယခု ၂၁ရက် သင်တန်းမှာ ဘဝအတွက်အရေးကြီးတဲ့ Soft Skills တွေမိမိမှာ ပြည့်ဝအောင် လေ့ကျင့်ထားခြင်းဖြင့် စိတ်သစ်၊ လူသစ်၊ အတွေးမြင်သစ်များဖြင့် ဘဝရှင်သန်နေထိုင်မှုပုံစံ Ways of Life ကို ပိုမို အဓိပ္ပါယ်ပြည့်ဝစေဖို့ အကျိုးရှိစေပါမည်။

🟪 စိတ်ဖိစီးမှု (Stress)များ, အဆင်မ​ပြေမှု ပြဿနာ​များ ကို ရင်ဆိုင်​ကျော်ဖြတ်နိုင်ဖို့နှင့် ဘဝမှာ အောင်မြင်ပျော်ရွှင်ဖို့ ရိုးရှင်းပြီးထိရောက်တဲ့ အလေ့ကျင့်ကောင်းလေးတွေကို 21 ရက်တာ လေ့ကျင့်ရမှာပါ။

🟪 အ​လေ့အကျင့်ကောင်းတစ်ခုကို ၂၁ ရက်ဆက်တိုက်လုပ်​ဆောင်ရင် အဲ့ဒီ အ​လေ့အကျင့် က စွဲမြဲလာပါတယ်။
၂၁ ရက်ပြီးသွားရင် သိပ်အားစိုက်စရာမလိုပဲ လုပ်​ဆောင်လာနိုင်ပါမယ်။

✅ ကြိုတင်ရိုက်ကူးထား​သော Video File များမဟုတ်ပဲ Zoom မှာ တစ်ရက်ကို ၁ နာရီ, ၂၁ရက် ဆက်တိုက် တိုက်ရိုက် သင်ကြား လေ့ကျင့်ရမှာ ဖြစ်​သော​ကြောင့် တစ်ခါထဲ ကျင့်သုံးလိုက်နာဖြစ်သွား​စေမည့် အကျိုး​ကျေးဇူး ရရှိ​စေပါမည်။

✅️ မိမိ Inner World အတွင်းကမ္ဘာကို ဂရုစိုက်ဖို့ ဘဝမှာ တစ်ကြိမ်တစ်ခါလောက် ၂၁ရက် အချိန်ပေးပြီး သင်ကြားလေ့ကျင့်လိုက်ပါ။

🔺️ 21 Days သင်တန်းတတ်ရောက်ခဲ့ဖူးသင်တန်းသားများရဲ့ Review များကို အောက်ပါ Link မှာ လေ့လာနိုင်ပါတယ်။

https://www.facebook.com/100076288664205/posts/441476015072017/

♦️ သင်ကြားမည့် Platform = { Zoom Face to Face }

⛳️ သင်တန်းကာလ
(သင်တန်းစတင်မည့်ရက်မှ နေ့စဥ် ၂၁ရက် ဆက်တိုက်)

♦️ အချိန်ရွေးချယ်နိုင်ဖို့ အတန်းချိန်က
မနက်ပိုင်း နှင့် ညပိုင်း ဆိုပြီး ၂ ချိန် ရှိပါမည်။

👉 မိမိတတ်ရောက်မည့် အတန်းချိန်တစ်ခုကို ရွေးချယ်ပြီး သင်တန်းအပ်နိုင်ပါတယ်။

⏰️ ညပိုင်း Batch အတွက်
■ သင်တန်းစတင်မည့်ရက် = October 2
■ အတန်းချိန်က { ည ၈နာရီ မှ ၉နာရီ }

⏰️ မနက်ပိုင်း Batch အတွက်
■ သင်တန်းစတင်မည့်ရက် = October 3
■ အတန်းချိန်က { မနက် ၆နာရီမှ ၇နာရီ }

✅ သင်တန်းကြေး 130000 Kyats

✴️✨ Early Bird️ Promotion = 100000 Kyats ဖြင့်
သတ်မှတ်လူဦးရေမပြည့်ခင် သင်တန်း အပ်နိုင်ပါတယ်။

✅️ 21 Days သင်တန်းသားဟောင်း = 85000 Kyats

👉 ညပိုင်း Batch မှာ တတ်ရောက်လိုပါက
" ညပိုင်း 21 Days သင်တန်းတတ်ချင်ပါတယ်" လို့ Page Messenger ကို ပေးပို့ပေးပါ။

👉 မနက်ပိုင်း Batch မှာ တတ်ရောက်လိုပါက
" မနက်ပိုင်း 21 Days သင်တန်းတတ်ချင်ပါတယ်" လို့ Page Messenger ကို ပေးပို့ပေးပါ။

🥰 မိမိချစ်ခင်ရသူ​တွေကိုလည်း သင်တန်းလေးကိုဝေမျှ ပေးပါအုံး​နော်။

■ လူဦးရေ အကန့်သတ်ရှိပါတယ် ■

☎️ 09799242606
☎️ 09762609702 (Viber)

16/09/2024

ည အိပ်ခါနီး အချိန်မှာ
တစ်​နေ့တာလုံး တွေးခဲ့တဲ့
အ​တွေး​တွေကို လျော့ချဖို့ကြိုးစားပြီး
စိတ်ကို အနား​ပေးဖို့ လိုပါတယ်။

စိတ်ကို အနားမ​ပေးရင်
ရေရှည်မှာ ခန္ဓာကိုယ်အတွက်ရော
စိတ်အတွက်ပါ ထိခိုက်မှု​တွေရှိနိုင်ပါတယ်။

Computer တစ်လုံးပါလိုပဲ
Software တွေအများကြီးဖွင့်ထားပြီး
ဒီ Software တွေကို တစ်ခုချင်း
မပိတ်ပဲ Computer ကို
အတင်း Shut Down ချဖို့
ကြိုးစားတဲ့အခါ တခါတခါ စက်​လေးပြီး
ပိတ်မရဖြစ်တတ်သလိုပါပဲ။

အ​တွေး​တွေများ​နေရင်
အိပ်မ​ပျော် ပဲ လူ​ရော စိတ်ပါ
ပိုပင်ပန်းရပါတယ်။

ည အိပ်ယာဝင်ချိန် နီးလာတာနဲ့အမျှ
တတ်နိုင်သမျှ Social Media ကို လျော့သုံးမယ်။

မအိပ်ခင် စာဖတ်တာ,
တရား ခဏ ထိုင်တာဖြစ်ဖြစ်
အိပ်ရက်နဲ့ အသက်ရှု လေ့ကျင့်ခန်း
လုပ်တာဖြစ်ဖြစ် မိမိ အ​တွေး​တွေကို
ဖြည်းဖြည်းချင်း​လျော့ချဖို့လိုပါတယ်။

အသက်ရှူတာ​လေးကို
စိတ်ထဲက​နေသတိထားပြီး
စိတ်ကို လျော့ချလိုက်ပြီး
စိတ်​ရော ကိုယ်​ရော အနား​ပေးဖို့လိုပါတယ်။

အိပ်ချိန်နည်းရင်​​တောင်
နှစ်နှစ် ခြိုက်ခြိုက် နဲ့ စိတ်​ရောကိုယ်ပါ
အနားရတဲ့အတွက် နောက်​နေ့
လုပ်ရမည့် အလုပ်​တွေအတွက်
Energy တွေပြည့်ဝ​လန်းဆန်းနေပါမယ်။

ကျန်းမာချမ်းသာကြပါ​စေ🙏

15/09/2024

"Breathing is Everything"

■ အသက်ရှုခြင်းအလုပ်က မွေးကတည်းက နောက်ဆုံး​သေဆုံးချိန်အထိပြုလုပ်ရတဲ့ အ​ရေးကြီးတဲ့ အရာတစ်ခုဖြစ်ပါတယ်။

■ ခန္ဓာကိုယ် အစိတ်ပိုင်းများ အားလုံးအတွက် အောက်စီဂျင်လိုအပ်ပါတယ်။ ဒါ​ပေမဲ့ အချိန်​တော်​တော်များများမှာ သတိမထားဖြစ်ပဲ အသက်ရှူတာ တိမ်တိမ်​လေး ရှူတတ်ကြပါတယ်။

■ လိုအပ်တဲ့ အောက်စီဂျင်ပြည့်ဝစွာ မရရှိရင် , ဦး​နှောက်က လိုသ​လောက် အောက်စီဂျင် Supply မရရင်, စိတ်ဖိစီးမှုနဲ့ မလန်းဆန်းမှု​တွေဖြစ်တတ်ပါတယ်။

■ ဒါ့​ကြောင့် သတိရတိုင်း အသက်ကို ဝဝ ရှုသွင်းဖို့လိုအပ်ပါတယ်။ သတိရတိုင်း အသက်ကို ဖြည်းဖြည်းမှန်မှန်နဲ့ ရှူနိုင်သမျှဝဝ ရှူသွင်း ရှူထုတ် ၁၀ ကြိမ်​လောက် လေ့ကျင့်ခန်း​လေးလုပ်ကြည့်ပါ။

■ ခန္ဓာကိုယ်က လိုအပ်တဲ့ Oxygen ပြည့်ပြည့်ဝဝရရှိပြီး လန်းဆန်းလာပါမယ်။ စိတ်ဖိစီးမှုများကိုလည်း လျော့ကျ​စေနိုင်ပါတယ်။

■ ရိုးရှင်းလွယ်ကူသ​လောက် အကျိုးများစွာရှိပါတယ်။

ကျန်းမာ ချမ်းသာကြပါ​စေ🙏🙏

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

-September 7 ညပိုင်း အတန်းစမည်။-September 8 မနက်ပိုင်း အတန်းစမည်။ ■️️ Emotional Management & Healthy Mind ■  21Days Zoom...
👉 မိမိ ကိုယ်ကို Challenge လုပ်ပါ။✴️ ဘယ်အလုပ်မဆို ရေရှည်ကြိုးစားမှ အောင်မြင်နိုင်ပါတယ်။✴️Motivation ရှိတုန်း​လေး ရက်အနည်း...
July 16 ရက်နေ့ ညပိုင်းအတန်း စတင်ပါတော့မည်။July 17 ရက်နေ့ မနက်ပိုင်းအတန်း စတင်ပါတော့မည်။👉 [ Emotional Management & Health...
နေ့ရက်တိုင်းက တန်ဖိုးရှိသော လက်ဆောင်တွေဖြစ်ပါတယ်။တစ်နေ့တာ ရရှိလာတဲ့ အတွက် ကျေးဇူးတင်စိတ်နဲ့ နေ့သစ်ကို စတင်လိုက်ပါ။Good M...

Category

Telephone

Website