NUG Southern military division

NUG Southern military division

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NUG Southern military division, Government Organization, .

19/06/2024

'ချုပ်နှောင်ကန့်သတ်မှုများကို
တွန်းလှန်ကျော်ဖြတ်ကာ
ဖူးပွင့်ခဲ့သော သံမဏိနှင်းဆီသည်
ငြိမ်းချမ်းရေး၏ ရနံ့ငွေ့သက်ကို
လူထုထံ ဆောင်ကျဉ်းခဲ့၏။'

ယနေ့ကျရောက်သော နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၏ "၇၉ နှစ်ပြည့်" မွေးနေ့မှသည် အချုပ်အနှောင်မှ အမြန်ဆုံးကင်းလွတ်ပြီး လာမည့်နှစ်များစွာတိုင် ကျန်းမာသက်ရှည်သော မွေးနေ့များ ပိုင်ဆိုင်နိုင်စေကြောင်း လေးနက်စွာဖြင့် ဆုတောင်းမေတ္တာပိုအပ်ပါသည်။

Photos from NUG Southern military division's post 14/06/2024

အခြေခံစစ်သင်တန်းက အမျိုးသမီးတပ်ဖွဲ့ဝင်များ

Photos from NUG Southern military division's post 13/06/2024
08/02/2024

https://www.facebook.com/share/p/ByLSP6gerXh6izxd/?mibextid=WC7FNe

ရဲဘော်(၁)ဦးရဲ့ အသံ…🔊
တော်လှန်ရေး လှုပ်ရှားမှု…🏃🏽
စစ်ရေး၊နိုင်ငံရေး သုံးသပ်ချက်များ…🤷🏻‍♂️
စုံစုံ လင်လင်ကြည့်ရှု့နားဆင်နိုင်ဖို့အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်`ရဲဘော်ရှမ်းလေး’-Yebaw Shanlay page နှင့် Yebaw Shanlay YouTube Channel ကို Like & Subscribe လုပ်ပေးရင်း၊တော်လှန်ရေးအတွက် ဝန်းရံကူညီဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
လေးစားစွာဖြင့် -ရဲဘော်ရှမ်းလေး
YouTube Channal😍👇🏻😍

https://youtube.com/?si=0LlBwu7tRjXpe9C7
Telegram Channel ❤️👇🏻❤️

https://t.me/shanlay302357

Photos from NUG Southern military division's post 31/01/2024

"စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ထုတ်ပြန်ကြေညာခြင်း"

၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်

မျှော်မှန်းချက် (Vision)
ပြည်ထောင်စုအတွင်းနေထိုင်ကြသည့် စုံလင်ကွဲပြားသော လူမျိုးများ၏ သရုပ်လက္ခဏာ (Identity) များကို ကာကွယ်မြှင့်တင်ပေးသည့် ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးများအပြည့်အဝရှိသော ပြည်နယ်များဖြင့် စုဖွဲ့ထားသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရန်
ဦးတည်ချက် (Objectives)
(က) စစ်အာဏာသိမ်းထားမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းအား အဆုံးသတ်ရန်
(ခ) လက်နက်ကိုင်တပ်ဖွဲ့များအားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက် ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ်ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန်
(ဂ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ယင်းကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှ တိုက်ဖျက်ရန်
(ဃ) သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းရန်
(င) ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအသစ်အား တည်ဆောက်ရန်
(စ) ပဋိပက္ခအတွင်း မတရားကျူးလွန်ခံရသူများအတွက် တရားမျှတမှုရရှိရေး နှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ဖော်ဆောင်ရန်

ရပ်တည်ချက် (Position)
(က) မြန်မာစစ်တပ်၏ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့ အာဏာသိမ်းမှုသည် တရားမ၀င်ကြောင်း ကြေညာပြီး အာဏာသိမ်းမှုကို အကြွင်းမဲ့ ဆန့်ကျင်ရှုတ်ချသည်။
(ခ) အာဏာသိမ်းမှုသည် မြန်မာစစ်တပ်ကိုယ်တိုင် တဖက်သတ် ရေးဆွဲပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များကို ချိုးဖောက်ခဲ့သည်။ ထို့ကြောင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် တရားမဝင်တော့ပါ။
(ဂ) ၂၀၂၀ရွေးကောက်ပွဲရလဒ်သည် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ရှိ နိုင်ငံရေးစနစ်ကို အကောင်အထည်ဖော်ရန်မဟုတ်ဘဲ တော်လှန်ရေးအောင်မြင်ရေးနှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက်မှု အတွက် အသုံးချရန် ဖြစ်သည်။
ထိုသို့အသုံးချခြင်းသည် စစ်အာဏာသိမ်းယူမှုကို ဖယ်ရှားရေး နှင့် စနစ်ပြောင်းနိုင်ငံရေး တည်ဆောက် မှုအတွက် ပြည်သူ့တော်လှန်ရေးတွင် ပါဝင်နေကြသော ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့အား ပြည်သူလူထု၏ မဲပေးရွေးချယ်မှုအခန်းကဏ္ဍကို အသိအမှတ်ပြုခြင်းဖြစ်သည်။ တော်လှန်ရေးအလွန်ကာလ နိုင်ငံရေးဦးဆောင်မှုသည် အာဏာရှင်စနစ် တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ၏ စုပေါင်းပါဝင်ဦးဆောင်မှုဖြင့် နိုင်ငံသစ် တည်ဆောက်သွားရန် ဖြစ်သည်။
(ဃ) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပရန် ကြိုးပမ်းခြင်းသည် ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်နိုင်မည်မဟုတ်သည့်အပြင် အာဏာသိမ်းမှု တရားဝင်ဖြစ်စေပြီး မြန်မာစစ်တပ်ကို ကာလ အကန့်အသတ်မရှိ အုပ်ချုပ်ခွင့် ပေးခြင်းသာ ဖြစ်မည်။
(င) စစ်တပ်သည် အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ခွင့် မရှိစေရ။
(စ) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အမျိုးသားတန်းတူရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေး ပြန်လည်ဖော်ဆောင်ရန် သက်ဆိုင်သူများအားလုံး လက်ခံနိုင်သည့် ဖက်ဒရယ်နှင့်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် တစ်ရပ် လိုအပ်သည်။
(ဆ) နိုင်ငံရေးအခွင့်ထူးခံများအချင်းချင်းအကြား ပြုလုပ်သည့် အာဏာခွဲဝေမှုကို လက်ခံမည် မဟုတ်ပါ။
(ဇ) အရှေ့တောင်အာရှနိုင်ငံများအသင်းနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့၏ မြန်မာနိုင်ငံဆိုင်ရာ အဖြေရှာမှု လုပ်ငန်းစဉ်များတွင် ညှိနှိုင်း ပူးပေါင်းပါဝင်သွားမည်။
(ဈ) ဒေသအတွင်းငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ဦးတည်ပြီး အိမ်နီးချင်းနိုင်ငံများနှင့် ငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်သွားမည်။

လုပ်ငန်းစဉ် အဆင့်ဆင့်
(က) စစ်ကောင်စီ/မြန်မာစစ်တပ် အား စစ်ရေး၊ နိုင်ငံရေး (ပြည်တွင်း/ပြည်ပ) ဖိအားပေးခြင်း။
(ခ) မြန်မာစစ်တပ်တာဝန်ရှိသူများအနေဖြင့် နိုင်ငံရေးဦးတည်ချက် (၆) ရပ်အား လက်ခံလာလျှင် စစ်အာဏာသိမ်းမှု အဆုံးသတ်ခြင်းနှင့် အေးချမ်းတည်ငြိမ်စွာ အာဏာလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် ဆွေးနွေးခြင်း။
(ဂ) စစ်အာဏာသိမ်းမှု အဆုံးသတ်၍ စစ်ကောင်စီ (သို့) မြန်မာစစ်တပ်ကျောထောက်နောက်ခံ အုပ်ချုပ်ရေးအဖွဲ့အား အပြီးသတ်ဖယ်ရှားပြီးနောက် ဖက်ဒရယ်အဆင့်အတွက် အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) နှင့် အသွင်ကူးပြောင်းရေးကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ် အစိုးရများဖွဲ့စည်းပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ပြန်လည်တည်ဆောက်ခြင်း။
(ဂ-၁) အာဏာရှင်စနစ်တော်လှန်ရေးတွင် ပါဝင်ခဲ့သော သက်ဆိုင်သည့် နိုင်ငံရေးအစုအဖွဲ့များ ပါဝင်၍ အသွင်ကူးပြောင်းရေးကာလ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဋ္ဌာန်းခြင်း။
(ဂ-၂) တော်လှန်ရေးအလွန်တွင် တော်လှန်ရေးအင်အားစုများမှ ပါဝင်သင့်သူများပါဝင်၍ စုပေါင်း ခေါင်းဆောင်မှုနှင့် အသွင်ကူးပြောင်းရေးကာလဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကိုဖွဲ့စည်းခြင်း။
(ဂ-၃) ဖက်ဒရယ်ယူနစ်အစိုးရများကို သက်ဆိုင်ရာ ပြည်နယ်/ဖက်ဒရယ်ယူနစ်အလိုက်လွတ်လပ်စွာ ဖွဲ့စည်းခြင်း။
(ဃ) သက်ဆိုင်သူများအားလုံးပါဝင်သော နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်၍ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖေါ်ဆောင်ရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးချမှတ်ခြင်း။
(ဃ-၁)ပြည်နယ်/ဖက်ဒရယ်ယူနစ်များ သတ်မှတ်ဖွဲ့စည်းရေးနှင့် ပြည်နယ်/ဖက်ဒရယ်ယူနစ်များ၏ နယ်နိမိတ်ပိုင်းခြားသတ်မှတ်ရေးကိစ္စကို အသွင်ကူးပြောင်းရေးကာလ ရောက်ရှိသည့်အခါ အဓိက သက်ဆိုင်သူအားလုံးပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများတွင် ငြိမ်းချမ်းစွာညှိနှိုင်း ဆောင်ရွက်ခြင်း။
(င) ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းခြင်း။
(စ) ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်အား တည်ဆောက် အကောင်အထည်ဖေါ်ခြင်း။
ကျွန်ုပ်တို့သည် ဤ နိုင်ငံရေးမျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက်နှင့် လုပ်ငန်းစဉ်များ လက်တွေ့ အကောင်အထည်ဖော်နိုင်ရန်အတွက် မဟာဗျူဟာအရအရေးကြီးသည့် ကဏ္ဍစုံတွင် ပူးပေါင်းညှိနှိုင်းရေး ယန္တရားများ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်သည်။ ထို့အပြင် သက်ဆိုင်သည့် တော်လှန်ရေးမဟာမိတ် အင်အားစုများနှင့်လည်း ဆက်လက်ပူးပေါင်းညှိနှိုင်း၍ အစွမ်းကုန် ဆောင်ရွက်သွားမည် ဖြစ်သည်။

ဆက်သွယ်ရန်-
၁။ ဆလိုင်းထက်နီ (CNF) (+91 69097 51721)‬
၂။ အောင်ဆန်းမြင့် (KNPP) (+66 307 49087)
၃။ ပဒိုစောတာဒိုမူး (KNU) (+66 646459113)
၄။ ဦးတင်ထွန်းနိုင် (NUG) (+1 9383007007)

06/11/2023

ကောလင်း မြို့ပေါ်က ပြည်သူ့တော်လှန်ရေး အလံတော်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့။

စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြို့တော်၊ ကောလင်းမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ ကာကွယ်ရေးတပ်မတော်(PDF)၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)နှင့်မဟာမိတ်တပ်သားများက ကောလင်း ခရိုင် ကွပ်ကဲရေး ဦးဆောင်မှုဖြင့် နိုဝင်ဘာလ (၆) ရက်နေ့တွင် သိမ်းပိုက် ရရှိခဲ့ပြီး ယခုအခါ ကောလင်း မြို့ပေါ်၌ ပြည်သူ့တော်လှန်ရေးအလံတော် လွှင့်ထူထားပြီ ဖြစ်သည်။

ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ

အသက်နဲ့ ဘဝတွေသွန်းလောင်းခဲ့တဲ့ ဖက်ဒရယ်သစ်ပင် ၁၀၂၇ 02/11/2023

အသက် သွေးနဲ့ သွန်းလောင်းနေတဲ့
`ဖက်ဒရယ်သစ်ပင်’

အသက်နဲ့ ဘဝတွေသွန်းလောင်းခဲ့တဲ့ ဖက်ဒရယ်သစ်ပင် ၁၀၂၇ အသက်နဲ့ ဘဝတွေသွန်းလောင်းခဲ့တဲ့ ဖက်ဒရယ်သစ်ပင် ၁၀၂၇

30/10/2023
မြို့ပြကိုတောင်ခိုးကြောင် ခိုးဝှက်အုပ်ချုပ်နေရတဲ့စစ်ကောင်စီ 30/10/2023

https://youtu.be/ma--Q1juv5c?si=42C0b9jnJcOfqx7a

မြို့ပြကိုတောင်ခိုးကြောင် ခိုးဝှက်အုပ်ချုပ်နေရတဲ့စစ်ကောင်စီ မြို့ပြကိုတောင်ခိုးကြောင် ခိုးဝှက်အုပ်ချုပ်နေရတဲ့စစ်ကောင်စီ

15/09/2023

ဒီနိုင်ငံ
ဒီကာလ
ဒီအရေးမှာ အားလုံးအတူ ပူးပေါင်းကြပါစို့…

25/08/2023

ရဲဘော်ညီအကိုတို့ရေ
ပြန်တွေ့ကြမယ်ဆိုပြီး…ပေးထားတဲ့
ပြည်သူ့စစ်သား ဂတိ ကို…မဖျက်ကြပါနဲ့လို့
ပြောချင်တယ်။
ရဲဘော်-ရှမ်းလေး

Lay

Photos from NUG Southern military division's post 16/08/2023

ဒါဏ်ရာရ ရဲဘော်များအတွက်
အရေးပေါ် အကူညီများစွာ လိုအပ်လို့နေပါတယ်။
လေးစားစွာဖြင့်။

03/07/2022

ငါတို့ အသက်တွေ ပေးထားပြီးသား
ငါတို့အသက်တွေ ပေးခဲ့ကြပြီးပြီ။

ဘာအကြောင်းနဲ့မှ တွေဝေမသွားပါနဲ့။

ပြက်သားပြီးသား၊ထင်ရှားပြီးသား
အမှားအမှန် ဝေဖန်ပိုင်းခြားထားပြီးသား။

မတရားမှုနဲ့ ၊တရားမှု
အဓမ္မနဲ့ ၊ဓမ္မ
ငါတို့ပြက်သားထင်ရှား၊သိမြင်ခံယူထားပြီးသား။

ငါတို့နိုင်ငံကို ဒီလူယုတ်မာ၊လူလိမ် လူညစ် အကြမ််းဖက် လူသက်ကောင်​တွေလက်ထဲ ဘယ်လိုမှ မထားခဲ့ဘူး။

အဆုံးထိတိုက်ပွဲ
အားလုံးတပြိုင်နက်တည်း ဆင်နွဲကြစို့

အရေးတော်ပုံ အောင်ရမည်။
အရေးတော်ပုံ အောင်ကိုအောင်ရမည်။

ဒေါက်တာဇော်ဝေစိုး

05/04/2022
04/04/2022

မြန်မာနှစ်သစ်ကူးသင်္ကြန်နှင့်စပ်လျဉ်း၍ ပြည်သူလူထုသို့ တိုက်တွန်းနှိုးဆော်လွှာ

စာအမှတ်။ ။ ၅/ပပ/၂၀၂၂
ရက်စွဲ။ ။ ၃၊ ၄၊ ၂၀၂၂

၁။ အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုသည် မကြာခင်ကျရောက်တော့မည့် မြန်မာနှစ်သစ်ကူးကာလကို အကြောင်းပြကာ တိုင်းပြည်၏ အခြေအနေအရပ်ရပ်သည် ပုံမှန်ဖြစ်နေသယောင် လုပ်ကြံဖန်တီးမည့် အတုအယောင် "အပျော်သင်္ကြန်" နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်အစီအစဉ်များ ကျင်းပနိုင်ရေးအတွက် အထူးအားစိုက် ကြိုးပမ်းနေသည်ကို ပြည်သူများ တွေ့မြင်ကြားသိရပြီး ဖြစ်သည်။

၂။ ကျွန်ုပ်တို့ပြည်သူများအနေဖြင့် တော်လှန်ရေးအတွင်း ကျဆုံးလေပြီးသော အာဇာနည်ပုဂ္ဂိုလ်များ၊ အဓမ္မ ဖမ်းဆီးခံထားရသော အကျဉ်းကျ သူရဲကောင်းများ၊ အပိုမပါ အစားထိုး ပြန်မရနိုင်သည့် မိမိတို့အသက်ကို အရင်းတည်စတေးကာ တိုင်းပြည်အတွက် တောထဲတောင်ထဲတွင် အငတ်ငတ်အပြတ်အပြတ် တိုက်ပွဲဝင်နေသည့် PDF နှင့် EROs စစ်သည်တော်များ၊ အခက်အခဲ အကြပ်အတည်းပေါင်းများစွာကြားက ကြံ့ကြံ့ခံ ရင်ဆိုင်တိုက်ပွဲဝင်နေကြသော CDM သူရဲကောင်းများ၊ သိန်းပေါင်းများစွာသော စစ်ဘေးသင့် စစ်ဘေးရှောင်ပြည်သူများကို အသိအမှတ်ပြုခြင်း၊ စာနာခြင်း၊ လေးစားခြင်း၊ ဂုဏ်ပြုခြင်းအားဖြင့် အကြမ်းဖက်စစ်အုပ်စု၏ အတုအယောင် "အပျော်သင်္ကြန်" နှင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်အစီအစဉ်များကို လုံးဝ (လုံးဝ) မပူးပေါင်း၊ မပါဝင်ကြခြင်းဖြင့် သပိတ်မှောက်ကြရန် အထူးလေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၃။ ကျွန်ုပ်တို့နိုင်ငံ၌ လက်ရှိကာလသည် ဘုံရန်သူ အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုကို တွန်းလှန်တိုက်ပွဲဝင်နေသည့် ပြည်သူ့တော်လှန်ရေးကာလဖြစ်သည်နှင့်အညီ ပြည်သူများအနေဖြင့် သင်္ကြန်အကြောင်းပြ ပျော်ပွဲရွင်ပွဲ ပွဲလမ်းသဘင်များ မကျင်းပ၊ မဆောင်ရွက်ကြရန်လည်း အထူးလေးနက်စွာ တိုက်တွန်းနှိုးဆော်အပ်ပါသည်။

၄။ ကျွန်ုပ်တို့ပြည်သူလူထုကြီးသည် အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုက အဓမ္မ လုပ်ကြံပုံဖော်နေသော "အပျော်သင်္ကြန်"ကို လုံးဝလက်မခံ၊ ငြင်းဆန်ပြီး ယခုမြန်မာနှစ်သစ်ကူးကာလကို ပြည်သူ့အသံ စစ်စစ်ဖြစ်သော တော်လှန်ရေးကာလ၏ "တော်လှန်သင်္ကြန်"အဖြစ် မှတ်ယူ၊ ဖြတ်သန်းကြရမည်ဖြစ်ပါသည်။ ပြည်သူလူထုတရပ်လုံးအနေဖြင့် တော်လှန်ရေးကာလနှင့် လိုက်ဖက်ဆီလျော်ကာ ပြည်သူ့တော်လှန်ရေးကို အထောက်အပံ့ဖြစ်သည့် "တော်လှန်သင်္ကြန်"ကို မည်သို့ပါဝင်ဆင်နွှဲကြမည်၊ မည်သို့ ဖြတ်သန်းကြမည်စသည့် နှိုးဆော်တိုက်တွန်းချက်များကိုလည်း မကြာခင် ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေး ထုတ်ပြန်အပ်ပါသည်။

"အပျော်သင်္ကြန် ဒို့ငြင်းဆန်၊ တော်လှန်သင်္ကြန် ပြည်သူ့အသံ"
"ပေတရာပေါ်မှာ စီးတဲ့သွေးကို သင်္ကြန်ရေနဲ့ မဆေးကြော"

“အရေးတော်ပုံ မုချ အောင်ရမည်” |||


#အရေးတော်ပုံ_မုချအောင်ရမည်
#သွေးကြွေးမှာဆွေးနွေးစရာမရှိ
#အာဏာရှင်မှန်သမျှ_ကျရှုံးရမည်
#ဖက်ဒရယ်ပြည်ထောင်စု_တည်ဆောက်ကြ

16/03/2022

တစ်နိုင်ငံလုံး ပီဒီအက်ဖ် . . . တစ်ကမ္ဘာလုံး ထောက်ပို့တပ်
++++++++++++++
ပြည်သူ့ကာကွယ်ရေးတပ်မတော် ထောက်ပို့တပ် ဖွဲ့စည်းခြင်း
++++++++++++++
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် စစ်အာဏာရှင်စနစ်ကိုအရင်ဆုံးအမြစ်ဖြတ်နိုင်ဖို့ လိုအပ်ပါတယ်။
အခုဆိုရင် တိုင်းနဲ့ပြည်နယ်နေရာအနှံ့မှာ ပြည်သူ့ကာကွယ်ရေးတပ်သားများ၊ တပ်ရင်းတပ်ဖွဲ့များရှိနေပြီ ဖြစ်ပါတယ်။
စစ်အာဏာရှင်စနစ်အမြန်ဆုံးအမြစ်ဖြတ်နိုင်ရေးအတွက် ရှေ့တန်းစစ်မျက်နှာပြင်မှာ ရဲဝင့်စွာတိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားများအတွက် ပြည်သူတစ်ရပ်လုံးကလည်း နောက်တန်းကနေ ထောက်ပို့တာဝန်ကို အပြည့်အဝတာဝန်ယူကြမယ်လို့ ယုံကြည်ပါတယ်။
စစ်အာဏာရှင်စနစ်ကို လက်သင့်မခံသူတိုင်း ထောက်ပို့တာဝန်ထမ်းဆောင်နိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပို့တပ်ကို ဖွဲ့စည်းသွားမှာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်သားများအတွက် လစဉ်လတိုင်း စားနပ်ရိက္ခာဖူလုံနိုင်ရေး ရည်ရွယ်ပြီး မြေပြင်တိုက်ရိုက်ကူညီပေးနိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
လစဉ်မပြတ်တာဝန်ယူကြမယ့် ထောက်ပို့တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ဖွဲ့စည်းပုံအတိုင်း စိတ်၊ စု၊ ခွဲ၊ ရင်းနဲ့ ထောက်ပို့တပ်ကိုဖွဲ့စည်းမှာဖြစ်ပြီး ကိုယ်ပိုင်နံပါတ်တစ်ခုနဲ့ ထောက်ပို့တပ်ဖွဲ့ဝင်ကတ်ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပေးမှာဖြစ်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်သားတယောက် လစဉ်စားနပ်ရိက္ခာဖူလုံနိုင်ရေးအတွက် အမေရိကန်ဒေါ်လာ(၂၀) လိုအပ်မှာ ဖြစ်ပြီး မိမိတို့တတ်နိုင်သည့် တပ်သားအရေအတွက်ကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းနှင့်ဖြစ်စေ ထောက်ပို့မှုများ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံး ပီဒီအက်ဖ် ၊ တစ်ကမ္ဘာလုံးထောက်ပို့တပ်သားတွေ ဖြစ်လာပြီး စစ်အာဏာရှင်စနစ်အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့ အတူတူကြိုးစားရအောင်ပါ။

ပြည်သူ့တော်လှန်ရေး မုချ အောင်ရမည်။
++++++++++++++

ထောက်ပို့တပ်သားအဖြစ် ဝင်ရောက်ရန်
m.me/prf4pdf

#အရေးတော်ပုံအောင်ရမည်
#တစ်နိုင်ငံလုံးPDF_တစ်ကမ္ဘာလုံးထောက်ပို့တပ်

#ထောက်ပို့PRF

#ပြည်သူ့တော်လှန်ရေးထောက်ပို့မိသားစု

PRF - People's Revolution Supply Family ထောက်ပို့တပ်သား တာဝန်ထမ်းဆောင်လိုပါက -

Telegram - t.me/prf4pdfbot

“အကောင်းဘက်ကို ရောက်လာပြီ” 07/02/2022

https://www.myanmar-now.org/mm/news/10286?fbclid=IwAR2EbcKlvpnccctgEOgzXAtk_Tc-UJdOUReLJo0jYxcTHX-BXRYTHeNxiWA

“အကောင်းဘက်ကို ရောက်လာပြီ” တောင်ပိုင်းဒေသ PDF ခေါင်းဆောင်တစ်ဦးက တိုက်ခိုက်ရေး၊ အမိန့်နာခံမှု၊ စည်းကမ်းကောင်းမွန်မှု၊ ကျင့်ဝတ်တို့နှင...

Photos from NUG Southern military division's post 01/01/2022

တောင်ပိုင်းတိုင်းတပ်ခွဲ စစ်စခန်း EAOs အလံတင်အခမ်းအနား Jan.1.2022

#တောင်ပိုင်းတိုင်းတပ်ခွဲစခန်း
#အရေးတော်ပုံအောင်ရမည်

31/12/2021

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလမှ ပြည်သူလူထုအား ပြောကြားမည့် နှစ်သစ်ကူးမိန့်ခွန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေပိုင်း (၇း၀၀) အချိန်တွင် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း အသိပေးနိုးဆော်အပ်ပါသည်။ အဆိုပါ ယာယီသမ္မတကြီးမှ ပြောကြားမည့် နှစ်သစ်ကူးမိန့်ခွန်းအား Acting President Duwa Lashi La နှင့် National Unity Government of Myanmar Facebook စာမျက်နှာများတွင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

27/12/2021

အောင်မြင်တဲ့ ရလဒ်ကို ရယူပေးဖို့အတွက် NUG၊ PDF တွေကို အချိန်တခုပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြော
ဒီဇင်ဘာ ၂၆၊ ၂၀၂၁

တော်လှန်ရေးအောင်မြင်ပြီး အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ်ခြေမှုန်းနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ PDF တွေကို အချိန်တခုပေးဖို့လိုအပ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် က ပြောကြားလိုက်ပါတယ်။

“NUG၊PDFနဲ့ မဟာမိတ်တွေကို အချိန်တစ်ခု ပေးပါ၊မိတ်ဆွေတို့ မျှော်လင့်တဲ့ ရလဒ်များကို သူတို့ ရယူပေးပါ လိမ့်မယ်။စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ခွင့် မရစေရဘူးဆိုတာ ကတိပြုပါတယ်။ ရဲဘော်များ၊ မိတ်ဆွေများရဲ့ လေးနက်သော အကြံပြု တိုက်တွန်းချက်များအပေါ်မှာလည်း နာခံဆောင်ရွက်သွားဖို့ အသင့် ရှိကြောင်းပါ” လို့ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ရေးသားထားတာပါ။

အကြမ်းဖက်စစ်တပ်က တောင်ပိုင်းတိုင်းနယ်မြေအတွင်းကို လက်နက်အင်အား အလွန်အကျူးအသုံးပြုတာ၊ စစ်သုံးလေယာဉ် တွေအသုံးပြုပြီး လေကြောင်းက တိုက်ခိုက်တာတွေပြုလုပ်နေတာကြောင့် အရပ်သားသေဆုံးမှုတွေ ဒဏ်ရာရမှုတွေ ဖြစ်ပွားနေ ပါတယ်။

ဒီလိုဖြစ်နေတဲ့အပေါ်မှာ အမျိုးသားညီညွတ်ရေးအစိုးရအပေါ် အားမရမှုတွေဖြစ်ပေါ်နေပေမယ့် စစ်မဟာဗျူဟာနဲ့ စီမံချက်တွေဟာ စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေဖြစ်တာကြောင့် အားလုံးအသိပေး ရှင်းပြလို့ မရတဲ့အပေါ်မှာ နားလည်ပေးကြဖို့လည်း ဦးရည်မွန် က ပြောထားပါတယ်။

ဒါအပြင် လူအင်အား၊ ရန်ပုံငွေအင်အား၊ လက်နက်အင်အားတွေ့ လျှို့ဝှက်ချက်တွေ ဖြစ်တဲ့အတွက် ပြောမလိုရတဲ့အကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အားလုံးကို အကျိုးရှိအောင်နဲ့ အထိရောက်ဆုံးဖြစ်အောင် စီမံခန့်ခွဲသုံးစွဲနေတယ်လို့ လည်း ပြောထားပါတယ်။

“အခုဆိုရင် Regular PDF တပ်ရင်းများ ရာနဲ့ချီပြီး စနစ်ကျတဲ့ Chain Of Command အောက်မှာ ဖွဲ့စည်းထူထောင်ပြီး ဖြစ်သလို လက်နက်တပ်ဆင်မှုကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မျှမျှတတဖြစ်အောင် စီမံဆောင်ရွက်နေပါတယ်။တချိန်တည်းမှာပဲ စစ်မဟာဗျူဟာအရ စစ်ရေးစီမံချက်အရ ဦးစားပေးတပ်ဆင်ရတဲ့ ဒေသတွေ ရှိဆိုတာလည်း အစီရင်ခံလိုပါတယ်။ စစ်တိုက်တဲ့အခါ လက်နက်ဟာ မရှိမဖြစ် လိုအပ်ပေမယ့် လက်နက်ရှိတိုင်း စစ်တိုက်လို့ ရတာတော့ မဟုတ်ပါဘူး။အမိန့်ပေး ကွပ်ကဲမှုစနစ် Chain Of Commandတည်ဆောက်မှု ၊မဟာမိတ်တွေရဲ့ နားလည်ယုံကြည်မှုနဲ့ ပူးပေါင်းဆောက်ရွက်မှု၊ထောက်ပို့နဲ့ ဆက်သွယ်ရေးယန္တရား တည်ဆောက်မှု၊ ဗျူဟာမြောက် ဟန်ချက်ညီ ဆောင်ရွက်နိုင်မှုတွေဟာ အလွန် အရေးကြီးပါတယ်။ အခုဆိုရင် PDFတပ်ဖွဲ့ ဝင်တွေဟာ မဟာမိတ်ရဲဘော်တွေနဲ့ လက်တွဲပြီး စစ်မြေပြင်မှာ လက်တွေ့တိုက်ပွဲဝင်နေကြပြီ ဖြစ်သလို တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေနဲ့ PDFတပ်ရင်းတပ်ဖွဲ့တွေလည်း အမြောက်အမြား ရှိနေပါပြီ။ တစ်ဖက်မှာ သမိုင်းတလျှောက် မကြုံဖူးတဲ့ ပြည်သူ့ထောက်ခံပါဝင်မှု၊ တော်လှန်ရေးအင်အားစုများအကြား မကြုံဖူးတဲ့ အမျိုးသား စုစည်းညီညွတ်မှုကို တည်ဆောက်ထားနိုင်တဲ့ အခြေအနေမှာ ဒီတော်လှန်ရေး မုချအောင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။” လို့ ဦးရည်မွန်က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုးဖြောင့်တဲ့ စိတ်နှလုံးနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ မခိုမကပ် အလုပ်လုပ်နေတယ် ဆိုတာနဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက် နှိပ်စက်မှုတွေကို အပြင်းအထန်ခံနေရတဲ့ ပြည်သူတွေ၊ စစ်မြေပြင်မှာ အသက်စွန့် တိုက် ပွဲဝင်နေတဲ့ တော်လှန်ရေးရဲဘော်တွေကို အားတက်စေမဲ့စကား၊ တော်လှန်စစ်အတွက် အကျိုးရှိမဲ့ စကားတွေကိုပဲ များများ ပြောစေလိုကြောင်း တိုက်တွန်းထားပါသေးတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဉ်ရှိရှိ ဆင်နွဲနေတာဖြစ်ပြီး တော့ မဟာမိတ်တွေနဲ့ ညှိနှိုင်းရေးဆွဲထားတဲ့ မဟာဗျူဟာအစီအစဉ်ကို စနစ်တကျနဲ့ အဆင့် အကောင်အထည် ဖော်နေတာဖြစ်ကြောင်းလည်း သိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအားလုံးက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ Chain Of Command နဲ့ မဟာမိတ်တွေရဲ့ ပူးပေါင်းဖော်ဆောင်ထားတဲ့ ကွက်ကဲမှုစနစ်တွေသာဖြစ်ကြောင်းလည်း ကာကွယ်ရေး ပြည်ထောင်စုဝန်ကြီးက ပြောကြားထားပါတယ်။

21/12/2021

ကရင်ပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီက လေးကေကော်မြို့သစ် တိုက်ပွဲများနှင့်သက်ဆိုင်သော ကြေငြာချက် တစ်ရပ်ထုတ်ပြန်

ဒီဇင်ဘာလ ၂၀ရက်၊ ၂၀၂၁

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၄) ရက်နေ့ နံနက် (၈) နာရီခန့်မှာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြဝတီမြို့နယ်အတွင်း ငြိမ်းချမ်းရေးကျေးရွာ လေးကေကော် ဧရိယာအတွင်းကို အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံတပ်တွေက ကျူးကျော် ဝင်ရောက် စစ်ဆေးမှုများလုပ်ဆောင်တဲ့အတွက် လူပေါင်းဒါဇင်ထက်မနည်း မတရားဖမ်းဆီးခဲ့ရတယ်လို့ CRKH က ဒီဇင်ဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါကြောင့် KNU/KNLA တပ်များ၊ ဒေသခံတိုင်းရင်းသားများနဲ့ PDF တပ်များ ပူးပေါင်းပြီး ခုခံကာကွယ်စစ် ဆင်နွှဲခဲ့ရပါတယ်။

လေးကေကော် နဲ့ ပတ်ဝန်းကျင်မှာ တိုက်ပွဲများ ထိတွေ့ ဖြစ်ပွား လာတာကြောင့် လေးကေကော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ၊ ဖလူး၊ မယ်ထော်သလေး၊ ပဟိကလော်၊ မင်းလက်ပံနဲ့ အနီးအနားကျေးရွာများမှာ ဒေသခံပြည်သူထောင်ပေါင်းများစွာ ဒေသတွင်း စစ်ဘေးကင်း လွတ်ရာနေရာအပြင် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရတာဖြစ်ပါတယ်။

စစ်ဘေးရှောင် ပြည်သူတွေအနေနဲ့ နေရေး၊ စားရေး အတော်ခက်ခဲနေကြောင်း သိရတဲ့အပြင် တိုက်ပွဲကြောင့် ထိခိုက် ဒဏ်ရာရကာ ဆေးကုသဖို့ အခက်အခဲတွေရှိနေကြောင်း CRKH က ကြားသိရတယ်လို့ ဆိုပါတယ်။

ဒီလိုအချိန်မှာ အကြမ်း ဖက်စစ် ကောင်စီတပ်တွေက တိုးမြှင့် တိုက်ခိုက်နေတာအပြင် ဒေသခံရွာတွေထဲကို လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်နေတာဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီ ကျူးကျော်စစ်ကြောင့် ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ရပြီး ဒုက္ခများစွာ ခံစားရတဲ့အတွက် များစွာဝမ်းနည်းရတယ်လို့ CRKH က ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ လူသားမဆန်တဲ့လုပ်ရပ်များကို CRKH က ပြင်းထန်စွာ ရှုံ့ချတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ NUG အစိုးရ၊ CRPH ၊ CRKH ၊ EAO ၊ CBO အဖွဲ့အစည်းများနဲ့ ပြည်သူများအတူပူးပေါင်းပြီး စစ်ဘေးရှောင် ပြည်သူတို့အတွက် လိုအပ်ချက်များကို ကြိုးစားဖြည့် ဆည်းဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံ တဝန်းလုံးရှိ ပြည်သူများကလဲ ဝိုင်းဝန်းကူညီ ပေးကြပါဖို့ CRKH က မေတ္တာရပ်ခံလိုက်ပါတယ်။

19/12/2021

အာဏာရှင်တွေအတွက် အသက်ပေးမလား လက်နက်ချပြီး လူလိုသူလို ဆက်ဆံတာခံမလား

ဒီဇင်ဘာ ၁၉၊ ၂၀၂၁

ကိုယ်ကျိုးစီးပွားကလွဲရင် အောက်ခြေစစ်သည်တွေမျက်နှာကို လှည့်မကြည့်တဲ့ ဆီမှာနေပြီး ဘဝဆုံးခံမလား၊ ရန်သူကိုတောင် လူ့ဂုဏ်သိက္ခာမလျော့အောင် ဆက်ဆံတဲ့သူဆီ လက်နက်ချမလားဆိုပြီး ပြည်သူ့ရင်ခွင် ဖေ့ဘွတ်စာမျက်နှာက ဖော်ပြထားပါတယ်။

ရှေ့တန်းရောက်နေသူတွေ၊ အင်တာနက်သုံးရခက်နေသူတွေအတွက် ဆွေမျိုး/မိသားစုဝင်တွေက ပြည်သူ့ရင်ခွင် - People's Embrace ကို Telegram : ( http://t.me/MyanmarPeople ) ကနေ ကိုယ်စားဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။

("ပြည်သူ့ရင်ခွင် - People's Embrace") က ပြည်သူ့ကနေ ပြည်သူကို မူဝါဒနဲ့ ပြည်သူတွေနဲ့ ဖွဲ့စည်းထားတဲ့ လွတ်လပ်သော အဖွဲ့တစ်ခုဖြစ်ပြီး တပ်နဲ့ရဲ CDM တို့ရဲ့ လုံခြုံရေး၊ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ ပညာရေးတို့အတွက် တတ်နိုင်သည့်နည်းလမ်းနဲ့ အဘက်ဘက်က ကူညီထောက်ပံ့ပေးနေတဲ့ အဖွဲ့ဖြစ်တယ်လို့ သိရပါတယ်။

တပ်နဲ့ရဲ CDM တွေအတွက် မူဝါဒဆိုင်ရာ ဆွေးနွေးခြင်းများအပါအဝင် CDM ကုဒ်ထုတ်ပေးခြင်းလုပ်ငန်းများကို "ပြည်သူ့ရင်ခွင် - People's Embrace" တစ်ဖွဲ့တည်းကသာ ကာကွယ်ရေးဝန်ကြီးဌာန Ministry of Defence - National Unity Government of Myanmarနဲ့ပူးပေါင်းပြီး စိစစ်ဆောင်ရွက်ပေးနေတယ်လို့ဆိုပါတယ်။

Photos from NUG Southern military division's post 17/12/2021

လေးကေ့ကော်အနီးတိုက်ပွဲများတွင် ဖမ်းမိထားသော စစ်သုံ့ပန်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင်များကို KNU က ကောင်းမွန်စွာ လက်ခံထားရှိ ကျွေးမွေး နေရာပေးထား

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ၊ လေးကေ့ကော်တွင် ဖမ်းဆီးရမိထားသော စစ်သုံ့ပန်း စစ်ကောင်စီတပ်၊ BGF ပူးပေါင်းတပ်မှ စစ်သုံ့ပန်း ၈ ဦးကို ကောင်းမွန်စွာထားရှိပြီး ကျွေးမွေး နေရာချထားပေးထားကြောင်း KNU က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ ခမရ ၂၇၅ တပ်ဖွဲ့ဝင် ၆ ဦးနှင့် ကရင်နယ်ခြားစောင့်တပ် BGF တပ်ဖွဲ့ဝင် ၂ ဦးကို လေးကေ့ကော်ဒေသရှိ ဘဲဟိကလော်၊ မယ်ထော်တလေးနှင့် မေတ္တာလင်းမြိုင်ကျေးရွာ တိုက်ပွဲများတွင် KNLA ပူးပေါင်းတပ်ဖွဲ့က အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၈ ဦးသေဆုံးပြီး စစ်သား ၆ ဦးနှင့် BGF ၂ ဦးကို အရှင်ဖမ်းမိထားပြီး ဖမ်းဆီးရမိသူများကို ကရင်အမျိုးသားအစည်းအရုံး KNU က ကောင်းမွန်စွာ ထားရှိထားကြောင်း သိရှိရသည်။

ယနေ့ ဒီဇင်ဘာလ ၁၇ ရက်တွင် လေးကေ့ကော်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေပြီး တိုက်ပွဲဖြစ်ပွားလျှက်ရှိသည်ဟု ကနဦး သိရှိရသည်။

ဓါတ်ပုံ - ကရင်အမျိုးသားမီဒီယာ

17/12/2021

ကရင်ပြည်နယ်၊ လေးကေကော်ရှိ စစ်ဘေးရှောင်ပြည်သူများနယ်စပ်ဖြတ်ကျော်ခိုလှုံနိုင်ရေး အရေးပေါ် မေတ္တာရပ်ခံစာပေးပို့

၁၆ ရက် ဒီဇင်ဘာ ၂၀၂၁

လက်ရှိအချိန်တွင် အကြမ်းဖက်စစ်အုပ်စု၏ အကြမ်းဖက်လုပ်ရက်များကြောင့်ဖြစ်ပွားလာရသည့် လက်နက်ကိုင်တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပေးတိမ်းရှောင် လာရသော စစ်ဘေးရှောင်ပြည်သူများအရေးနှင့်စပ်လျဥ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ထိုင်းနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ မေတ္တာရပ်ခံစာပေးပို့ခဲ့ပါသည်။
ကရင်ပြည်နယ် လေးကေကော်မှ နေရပ်စွန့်ခွာထွက်ပြေးလာရသည့် စစ်ဘေးရှောင်ပြည်သူများကို ထိုင်း-မြန်မာ နယ်စပ်ဖြတ်ကျော်ခိုလှုံခွင့်ပေးနိုင်ရေး၊ နိုင်ငံတကာအသိုင်းအဝိုင်းမှလည်း အဆိုပါစစ်ဘေးရှောင်ပြည်သူများကို လိုအပ်သောအကူအညီများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနိုင်ရေး စသည့်အချက်များပါဝင်ပါသည်။

Photos from NUG Southern military division's post 17/12/2021

Breaking News- လေးကေကော်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် BGF ၈ ဦးကို လက်နက်ခဲယမ်းများဖြင့် အရှင်ဖမ်းမိထား၊ စစ်သား ၁၈ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၇

ကရင်ပြည်နယ်၊ KNU တပ်မဟာ ၆ နယ်မြေ လေးကေ့ကော်တွင် ဒီဇင်ဘာလ ၁၆ ရက်နေ့ ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၈ ဦးသေဆုံးပြီး စစ်ကောင်စီတပ်သား ၆ ဦးနှင့် BGF ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင် ဖမ်းမိကြောင်း NUG ၏ တရားဝင် သတင်းဌာန PVTV က ဓာတ်ပုံများနှင့်တကွ သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် KNLA+PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ဖြစ်ပွားသော လေးကေကော် မဲထော်သလေး ပရိကလော်တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၁၈) ဦးကျဆုံးပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား(၆) ဦး၊ BGF (၂) ဦး အရှင်ဖမ်းမိကြောင်း၊လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိထားကြောင်း NUG ၏ တရားဝင်သတင်းဌာနက သတင်းထုတ်ပြန်သည်။

ဓါတ်ပုံ - စစ်မြေပြင်သတင်းနှင့်ပြန်ကြားရေး(တောင်ပိုင်းတိုင်း)

Videos (show all)

'ချုပ်နှောင်ကန့်သတ်မှုများကို တွန်းလှန်ကျော်ဖြတ်ကာ ဖူးပွင့်ခဲ့သော သံမဏိနှင်းဆီသည်ငြိမ်းချမ်းရေး၏ ရနံ့ငွေ့သက်ကို လူထုထံ ဆ...

Website