Flyway Urban Gurrilla
Flyway Urban Guerrilla
ရဲဘော်၂၃ နှင့် စကဲရိုအဖွဲ့မှ လက်နက်ခဲယမ်းဝယ်ယူရန်အတွက် လှူဒါန်းပေးမှုအား အထူးပင်ကျေးဇူးတင်ပါတယ်
ကျွန်တော်တို့မှာ ကျွန်တော်တို့ပဲရှိပါတယ်
အရေးတော်ပုံအောင်တော့မည်
“UGတွေဖမ်းခံရတာ အယောက်၂၅၀ကျော်ပြီ”
ဟုတ်ပါတယ် UGတွေဖမ်းခံရတာ အတိအကျဆို
လူဦးရေ ထောင်ဂဏန်းနီးပါးရှိပါတယ်။ ဒါတောင် ဒီအရေအတွက်က စာရင်းရှိ အရေအတွက်ပါ၊ စာရင်းပေါ်မှာ မရှိတဲ့ ဖမ်းဆီးခံရဲဘော်တွေအများကြီးရှိသေးသလို၊ စစ်ကြောရေးမှာ အသက်ပေးသွားတဲ့ရဲဘော်တွေ၊ ဖမ်းဆီးခံရရင်း အသက်ပေးသွားရတဲ့ရဲဘော်တွေ၊အကျဥ်းထောင်အတွင်း ဆေးဝါးကုသမှုညံ့ဖျင်းလို့ အသက်ပေးရဲဘော်တွေ၊ပစည်းစမ်းသပ် မတော်တဆဖြစ်ရင်း အသက်ပေးဆပ်လိုက်ရတဲ့
ရဲဘော်တွေ အမြောက်အများရှိပါသေးတယ်ဗျ။
အံ့ဩသွားပါသလား။
UGတွေဟာ မြို့ပြတွေမှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ စစ်အာဏာရှင်ကို တော်လှန်ရင်း ဖမ်းဆီးသ_တ်ဖြ_တ်ခံရမှုကြောင့် လူမသိသူမသိ တစတစ ပျောက်ကွယ်သွားလေ့ရှိပါတယ်။ ရဲဘော်တွေဖမ်းဆီးသ_တ်ဖြ_တ်ခံရကြောင်းတင်ရင်လဲ အဖတ်လုပ်ခံရတာ နည်းပါတယ်။
သို့သော်လည်း ရဲဘော်တွေဟာ ဘယ်တော့မှ မြို့ပြကို မစွန့်ခွါခဲ့ပါဘူး။ အဖမ်းမခံရသရွေ့ အသ_တ်မခံရသရွေ့ လူအင်အား၊လ_က်န_က်အင်အားပြန်စုကာ စစ်ခွေးများကို ပြန်လည််တိုက်ခိုက်ရင်းနဲ့ပဲ နေ့ရက်တိုင်းကို ဖြတ်သန်းနေကြတာပါ။
အဲ့လို မြို့ပြကပြည်သူတွေအတွက် စစ်ဘီလူးနဲ့အပေါင်းအပါ စစ်ခွေးများကို ကြိုးစားပမ်းစားတိုက်ပွဲဝင်နေတဲ့ ရဲဘော်များကို ကျွန်တော်တို့အားလုံးဝိုင်းဝန်းကူညီထောက်ပံ့လိုက်ကြရအောင်ဗျာ။
#ပြည်သူ့နွေဦးတော်လှန်ရေး(၂) နှစ်ပြည့် လူထုတိုက်ပွဲ
Silent Strike အပြင်မထွက် ငြိမ်သက်တိတ်ဆိတ်ခြင်းသပိတ်
ငါတို့မြို့/ရွာ ငါတို့ပိုင်တယ်
ငါတို့ ငြိမ်ချင်ငြိမ်မယ် လှူပ်ချင်လှူပ်မယ်
ဖေဖော်ဝါရီ(၁)ရက်၊၂၀၂၃ခုနှစ်
နံနက်(၁၀:၀၀)နာရီ မှ ညနေ(၃:၀၀)နာရီအတွင်း
မြို့/ရွာ ရှိပြည်သူများအနေနဲ့ ပါဝင်ပြီး
စစ်အာဏာရှင်စနစ်ဆိုးကို တွန်းလှန်ကြဖို့ တိုက်တွန်းအပ်ပါသည်။
“စစ်အာဏာရှင်စနစ်ကြဆုံးစေရမည်”
#အရေးတော်ပုံအောင်ရမည်၊၊
Flyway Urban Guerrilla
လားရာ
***
ငါနှင့်မတူ ငါ့ရန်သူ
ဦးတည်ချက်များ လွဲနေသည် ။
နာမည်ရရေး မျှော်ကာတွေး
နင်းတက်ဖို့လည်း မဆန်းပြီ ။
အသုံးချကာ စီးပွားရှာ
သံတွေသံခဲ မျိုကြသည် ။
ဝါသနာထုံ ဗူးကလုံ
နေရာပြောင်းကာ ရှာသင့်သည် ။
ဒီတော်လှန်ရေး ခဏလေး
ဖော်ရှိုးအတွက် မဟုတ်ပေ ။
ဟိုကူးဒီခုန် စိတ်မျိုးစုံ
မျောက် တော်လှန်ရေး ရှောင်သင့်သည် ။
နောက်ဆုံးအောင်ပွဲ နွှဲသူလဲ
ဇွဲရှိသူပဲ ဖြစ်လိမ့်မည် ။
အနာရှိက စပ်လိုက်ကြ
ပုဂ္ဂိုလ်စွဲများ တို့ကင်းသည် ။
နဖူးပေါ်တွင် လက်ကိုတင်
မိမိကိုယ်ကို သုံးသပ်လေ ။
ဒီတော်လှန်ရေး အသက်ပေး
ရင်းခဲ့သူများ ငဲ့ရမည် ။
ပြည်သူလူထု ဘဝစု
အနာဂါတ်များ တွေးရမည် ။
ပေါ့ပေါ့ဆဆ တွက်မည့်စား
ထောင့်တစ်ထောင့်မှာ နေသင့်သည် ။
Flyway
တော်လှန်ရေးမှာ
မင်းဘာလုပ်နေလဲ လူမသိစေနဲ့
မင်းဘယ်ရောက်နေလဲ
လူမသိစေနဲ့။
မဖြစ်မြောက်တဲ့
စွမ်းဆောင်ရည်လောက်နဲ့
လူမသိစေနဲ့
ထိရောက်တဲ့စွမ်းဆောင်ရည်လုပ်ပြီး
မင်းကျဆုံးမှ လူသိပါစေ။
(ဟိုချီမင်း)
ကိုယ်လုပ်မှကိုယ်စားရတာချင်းအတူတူ
ဘာလို့ငါတို့က တော်လှန်နေတာလဲဆိုတော့
ငါတို့မှာ ကျွန်စိတ်ကင်းလို့ .......
crd Flyway
ရက်စက်တဲ့နေရာမှာ ပြတ်သားတဲ့သူတွေကို
တော်လှန်တဲ့နေရာမှာ ပြတ်သားရမယ်
စစ်ခွေးနိဂုံး နှစ်ဆယ့်သုံး
၂၀၂၃မှာ missionအကြမ်းတွေလာမယ်
စကစ အုပ်ကြီးတွေ ရာအိမ်မှုး ဆယ်အိမ်မှုးတွေလည်းသတိထား
အခကြေးငွေ ပေါ်တင်တောင်းရမ်း ပြည်သူဒုက္ခပေးနေတဲ့ မီတာရုံး EPC ထွေအုပ် လဝက ရယက ဝန်ထမ်းတွေလည်းသတိထား
ပြည်သူတွေလည်း အုန်းသံကြားရင် ဝပ်သာနေကြ
လှူဒါန်းငွေများအား အလဟဿမဖြစ်စေရဟု သစ္စာပြုပါသည်
လှူဒါန်းပေးသောအကိုအား ကျေးဇူးတင်ပါတယ်ခင်ဗျာ
တော်လှန်ရေးတွင်တစ်ဖက်တစ်လှမ်းမှကူညီတော်လှန်ပေးနေသည့်အလှူရှင်အကိုအမများအားကျေးဇူးတင်ရှိပါတယ်ခင်ဗျ
ထောက်ပံ့ကူညီပေးပါသော အလှူရှင်ညီမငယ်လေးအား ကျေးဇူးအထူးပင်တင်ရှိပါတယ်
တော်လှန်ရေးကာလတစ်လျှောက် တော်လှန်ရေးအတွက် တထောင့်တနေရာမှ ပါဝင်တော်လှန်ပေးနေမှုအတွက်လည်း များစွာဂုဏ်ယူပါတယ်ခင်ဗျ
ထောက်ပံ့ကူညီပေးပါသော အလှူရှင်တစ်ဦးတစ်ယောက်ခြင်းနှင့် ရဲဘော်ဖလိုင်းဝေးအား ကျေးဇူးတင်ရှိပါသည်ခင်ဗျ
တစ်ဖက်တစ်လှမ်းမှ ပါဝင်တော်လှန်ပေးကြပါဦးခင်ဗျ
စစ်အာဏာရှင် အမြစ်ပြတ်ချေမှုန်းတဲ့ နောက်ဆုံးတ်ိုက်ပွဲမှာ ပြည်သူတွေရဲ့အထောက်အပံ့မပါဘဲ ပန်းတိုင်မရောက်နိုင်ပါဘူး
ဒါကြောင့် တတ်နိုင်တဲ့ဘက်က ပါဝင်ပေးကြပါဦးဗျ🙏🙏🙏
ကွဲလွဲမှုများ
အေခန်းဘီခန်း ခွဲ၍ကွဲ
ဝါစိမ်းနီပြာ ထား၍ကွဲ
တော်သူညံ့သူ ခွဲ၍ကွဲ
ငယ်စဉ်ကပင် စ၍ကွဲ
စစ်ကျွန်သင်ရိုး သင်၍ကွဲ
သွေးခွဲသပ်လျှို မှုကြောင့်ကွဲ
လူမျိုးဘာသာ စွဲ၍ကွဲ
အကွဲဓါတ်ခံ ကောင်း၍ကွဲ
ရပ်ကွက်မြို့ရွာ ခွဲ၍ကွဲ
ဟိုလမ်းဒီလမ်း တပ်ကာကွဲ
ယူဆမျိုးစုံ တိမ်း၍ကွဲ
အုပ်စုဖွဲ့ကာ ယှဉ်၍ကွဲ
နာလိုမကင်း ဖြစ်ကာကွဲ
ဖိနပ်နင်းကာ လိုက်၍ကွဲ
ပန်းတိုင်နီးလေ လွဲ၍ကွဲ
ကိုယ်ကျိုးမျှော်ကာ မက်၍ကွဲ
နေရာဦးကာ မက်၍ကွဲ
ကျော်ကြားမှုကို လို၍ကွဲ
နွေဦးတိုက်ပွဲ ဒီလိုပဲ
စည်းရုံးမှုတွေ ကင်း၍ကွဲ
စေ့မရအောင် စိပ်စိပ်ကွဲ
ခေါင်းစဉ်တပ်ကာ မျိုးမျိုးကွဲ
⛳️ သြော်..တကယ်တော့..
ကမ္ဘာဦးအစကနေ ဆွေမျိုးစပ်မယ်ဆိုရင် ကျွန်ပ်တို့ လူသားတွေအားလုံးဟာ အမျိုးတော်ပါတယ် ။ ဖော်ပြခဲ့သော အကွဲတွေကြောင့်သာ တိုင်း၊နိုင်ငံ၊ပြည်ရွာတွေ ကွဲသွားကြတာပါ ။ ဒီလိုမဟုတ်ဘဲ အားလုံးဟာ ကမ္ဘာသားစိတ်ဓါတ်ထားနိုင်ခဲ့ရင် ပြည်တွင်း၊ပြည်ပ နဲ့ ကမ္ဘာစစ်ဆိုတာ ရှိခဲ့မယ်လို့တောင် မထင်ပါ ။
အားလုံးလဲ ဒီ အကွဲ သံသရာကြီးမှ လွန်မြောက်နိုင်ကြပါစေ 🙏🙏🙏
PDF တွေအလှူခံတယ်တိုက်လဲမတိုက်ဘဲအလှူတွေချည်းခနခနခံနေတယ်လို့ပြောလို့
စကားနဲနဲပြောပါမယ်
pdfတွေမှာ local pdfနဲ့ Nugလက်အောက်ခံ pdfနှစ်မျိုးကွဲနေပါတယ်
NUGလက်အောက်ခံ pdfတွေတောင် NUGရဲ့ထောက်ပံမှုကိုအပြည့်အဝမရဘူး
pdfတွေမှာ ကျောင်းသား အလုပ်သမား ကုန်သယ်ပွဲစား ဆရာဝန် ပန်းရံသမား မော်ဒယ် လူတန်းစားပေါင်းစုံပါဝင်ပါတယ်
ချမ်းသာတဲ့ သူတွေကတော့ မိသားစုရဲ့ပံပိုးမှုနဲ့ အဆင်ပြေပေမဲ့ ချမ်းသာတယ်ဆိုရင်တောင်ရေရှည်အတွက်မလွယ်ကူလှပါဘူး အသင်းအဖွဲ့တစ်ခုလုံးအတွကိလဲမထောက်ပံနိုင်ပါဘူး
တော်လှန်ရေးကပါးစပ်ကအော်နေလို့မပြီးပါဘူး
တိုက်ချင်တိုင်းလဲတိုက်မရပါဘူး
မြန်မာ့GDPကျလာတာနဲ့ အမျှကုန်စျေးနှုန်းတွေတန်ဖိုးမြင့်တက်လာပါတယ် ကျနော်တို့လိုနယ်စပ်ဘက်တွေမှာဆို ကြက်ဥ3လုံး 500ပေးဝယ်နေရပါတယ် ဒီအခြေမျိုးတွေမှာ စီးပွားရေးမရှိတဲ့ pdfတွေအနေနဲ့ စားနပ်ရိက္ခာအတွက်ငွေကြေးလိုအပ်ပါတယ်အလှူခံကိုခံရမဲ့အခြေနေပါ
pdfတွေရပ်တည်နိုင်ဖို့အတွက်
ပထမအချက်အနေနဲ့ နေရာထိုင်ခင်းလိုပါတယ် အဲ့နောက်မှာ စားနပ်ရိက္ခာတွေ လိုက်ပါတယ် စားနပ်ရိက္ခာတွေ နောက်မှာဆေးဝါး ဆေးဝါးနောက်မှစစ်လက်နက်တစ်ဆင့်ချင်းသွားပါတယ်
မတိုက်သေးဘူးလားမပြောနဲ့ လက်နက်တွေမစုံသေးပါဘူး
ဒီလောက်ကြာနေပြီလက်နက်မစုံသေးဘူးလားမေးရင်
သေနက်တစ်လက်ရဖို့ ကျောက်ကပ်ထုတ်ရောင်းတောင်သေနက်စျေးကိုတိုးမပေါက်ပါဘူး
ခင်ဗျားတို့မြို့ပေါ်မှာ ဖုန်းလေးကိုင်
တော်လှန်ရေးလို့ထိုင်အော်နေရအောင်မလွယ်ကူလှဘူး အစားအသောက်အနေအထိုင်အဝတ်အစားအကုန်ခက်ခဲပါတယ် ပိုက်ဆံရှိရင်တောင်ရှိတိုင်းဝယ်လို့မရပါဘူး
ကျနော်တို့ တွေက ဘဝ အနာဂတ် မိသားစု ပညာရေး ချစ်သူ သူငယ်ချင်း အကုန်လုံးကိုပေးစပ်ထားတာပါ ဘယ်အထိ ဆက်ပြီးပေးဆပ်ရအုံးမလဲကျနော်တို့မသိပါဘူး
ဘယ်သူကလုပ်ခိုင်းလို့လဲမေးရင်တော့မင်းဟာ စောက်ဂျပုနဲ့မထူးခြားနားသူတစ်ယောက်ပါဘဲ
ကျနော်တို့လုပ်နေတာ လူငယ်တာဝန်ကျေချင်လို့ပါ
ကျနော်တို့နောင်လာနောက်သားတွေအတွက်ပါ
ကျနော်တို့ရဲ့ မဟုတ်ရင်မခံချင်တဲ့စိတ်ကြောင့်ပါ
ခင်ဗျား တို့ကိုယ်တိုင်လာနေကြည့်ပါ
ခုဆိုကျနော်တို့မှာ အလှူငွေ တောင်းဖို့တောင်အားနာလာပြီ ..............
နာမည်အရင်းက RS-71
RS ဆိုတာက Reconnaissance ရဲ့ စာလုံးတို
Reconnaissance Plane 71 ပေါ့ ။
အမေရိကန် သမ္မတ lyndon B. Johnson ဖတ်မယ့် မိန့်ခွန်းထဲမှာ ဘယ်သူက SR-71 လို့ ပြင်ရေးပေးလိုက်လဲ မသိဘူး.. (လေတပ် စစ်ဦးစီးချုပ် Curtis LeMay လက်ချက်လို့လဲ ပြောကြပါတယ်) ။ သမ္မတကြီး Johnson က အဲ့ဒီအတိုင်း SR-71 လို့ ကြေငြာသွားပါလေရော... ။ သမ္မတ မိန့်ခွန်းကို မှားနေကြောင်း ပြောရအောင်လည်း တိုင်းသိပြည်သိ ကြေငြာပီးနေပီ ။
အဲ့မှာ တကယ် ဒုက္ခများကုန်တာက Lockheed Martin က လေကြောင်း အင်ဂျင်နီယာတွေ နဲ့ ၀န်ထမ်းတွေ ။ ကုမ္ပဏီမှာ သိမ်းထားတဲ့ blueprint စာရွက် ၂သောင်းကျော်ကို အကုန် RS-71 ကနေ SR-71 နာမည်လိုက်ပြောင်းပေးရတာ အလုပ်တွေများကုန်ပါလေရော ။
ကရင်နီ(ကယား)ကို နှစ်ဆင့်သုံးဆင့် လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ထုနေတဲ့စခ
Dec5,2022
page က like &Follow. နည်းတယ်.
နည်းပလေ့စေ ဂရုမစိုက်ဘူး
ကျွန်တော်တို့ page ကတော်လှန်ရေး page
စျေးရောင်း online shop page မဟုတ်ဘူး
ဟိုmissionလုပ်ထားပါတယ်
ဒီmission လုပ်ထားတယ်ချပြပြီး
အဖွဲ့နာမည်ကြီးအောင် page နာမည်ကြီးအောင်မလုပ်ဘူး အဖွဲ့နာမည်ကြီးလေ ရဲဘော်တွေအတွက်အန္တရာယ်များလေ ကျွန်တော်တို့ကmissionလုပ်ပီးတိုင်း page မှာမကြေညာဘူး မကြေညာတော့ ဘယ်အဖွဲ့အစည်းက ဒီ mission လုပ်မှန်းမသိတော့ media တွေကလည်းလာမမေးသလို ဟော့လည်းမဖြစ်ဘူး ထောက်ပံ့ငွေရတာတော့နည်းတာပေါ့
ဒါပေမယ့် ကျွန်တော်တို့ရဲဘော်တွေလုံခြုံတယ်လေ
page ရောအဖွဲ့နာမည်ရောသိပ်ပြီး မဟော့တော့
ဒလံတွေသိပ်သတိမထားမိဘူး
ကျွန်တော်တို့က အရင်လိုအုတ်နံရံကိုခေါင်းနဲ့ဆောင့်နေတာမဟုတ်တော့ဘူး ကျွန်တော်တို့လက်ထဲမှာတူ (လက်နက်ခဲယမ်း)တွေရှိနေပြီ အဲ့တူကိုကိုင်ပြီး ဒီအုတ်နံရံကိုဖြိုဖို့ လူအင်အားလိုတယ် အဲ့တော့ ကျွန်တော်တို့က စကစ ထောက်တိုင် ဒလံတွေ စကစရဲ့ငွေရေးကြေးရေးစီးဆင်းတဲ့နေရာ ဌာန အုပ်ချုပ်ရေးယန္တရား စကစအင်အားကို တဖြည်းဖြည်းရှိတဲ့အင်အားလက်နက်ခဲယမ်းနဲ့လျှော့ချနေတာ
အဲ့လိုလုပ်နေတဲ့အချိန်မှာ ကျွန်တော်တို့အဖွဲ့အတွက် ပြည်သူနဲ့ ကျွန်တော်တို့ရဲဘော်တွေရဲ့ ဘေးကင်းလုံခြုံမှုကအဓိကပဲ နာမည်လည်းမကြီးချင်ဘူး Follower လည်းမများချင်ဘူး ကူညီတဲ့သူရှိသလောက်နဲ့ အဖွဲ့ကိုဆက်သွားနေမှာဖြစ်ပါတယ် စကစကိုဆက်လက်တော်လှန်နေဦးမှာဖြစ်ပါတယ်
Sep-Nov နှစ်လပေါင်း အနေနဲ့ ဒလံရှင်းလင်းမှု 2ခု
စကစထောက်တိုင်များနှင့်ဌာနဆိုင်ရာများအား ဖောက်ခွဲတိုက်ခိုက်မှု 8ခုပြုလုပ်ခဲ့ပါသည်
ရဲဘော်နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ယခုချိန်ထိ စကစသတင်းမီဒီယာတွေမှ ဖော်ပြခြင်းမရှိသေးပါဘူး
လက်သုံးချောင်းထောင်နေရုံနဲ့
တာဝန်မကျေပါဘူး
ကိုယ်နိုင်တဲ့ဝန်ထမ်းကြပါတော့....
ဒီနေ့ ရှေ့တန်းအသွား လမ်းခုလတ်တစ်နေရာမှာ စစ်ရှောင်ဟုယူဆရတဲ့ လူတစ်စုမှ ထော်လာဂျီဖြင့် မိမိတို့ရှိရာဖက်သို့ ဦးတည်ကာမောင်းနှင်လာသည်ကိုခပ်လှမ်းလှမ်းမှ တွေ့လိုက်ရသည် ။
ခနအကြာတွင် ထော်လာဂျီမှာ ကိုယ်တွေရှေ့နားသို့ ကပ်၍ရပ်လာပြီး အဖွားဟုယူဆရသည့် အသက်ခပ်ရင့်ရင့် အမျိုးသမီးတစ်ဦးမှ ထမိန်ခပ်နွမ်းနွမ်းတစ်ထည်ကို ချက်ပေါ်ဝတ်ထားပြီး လက်ထဲတွင် မဲမဲသဏ္ဌန်ကြိုးများကို ကိုင်ဆောင်လျှက် ထော်လာဂျီပေါ်မှ ဆင်းလာခဲ့သည် ။
"သားတို့ရေ လက်ပေး "
လောကဓံကြောင့် လက်ဖဝါးများ အက်ကွဲနေပြီး အရေတွန့်နေသည့် အေးစက်စက် လက်ဖဝါးတစ်စုံမှာ ကျွန်တော်၏ လက်ကို ဆုပ်ကိုင်ပြီး
" သားတို့ ဘေးကင်းကင်းနဲ့ ပြန်လာခဲ့ကြပါနော ၊အိမ်မှာ အမေတို့ စောင့်နေကြလိမ့်မယ် ၊သားတို့နဲ့အတူ ဘုရားသခင် ရှိတယ်နော " တဲ့ ။
ခါးလေးကုန်းကုန်းနဲ့ တန်းစီပြီးလမ်းလျှောက်နေသော ရဲဘော်တွေအများကြီးကို အယောက်စေ့ လိုက်ပြီး ဂရုစိုက်ဖို့ တဖွဖွမှာနေလေရဲ့ ။
အားကိုးတစ်ကြီးနဲ့ ဆုပ်ကိုင်ထားသော လက်မှန်းသိသာသည် ။ဒီပွဲ ဘယ်တော့ပြီးမလဲ သူ မမေး ၊
ဘေးကင်းကင်းနဲ့ပြန်လာဖို့သာ သူမမှာ သည်။
ပြန်မလာနိုင်တဲ့သူအတွက် ငိုကြွေးရသလို
ပြန်လာဖို့မသေချာတဲ့သူတွေအတွက်လဲ ထိုအမယ်အိုစိတ်ပူနေလေသည် ။
ကျွန်တော်တို့ ကြိုးစားရမည်
ကျွန်တော်တို့ ရုန်းကန်ရမည်
ကျွန်တော်တို့ တိုက်ခိုက်ရမည်
ကျနော်သည် ဘာသာခြားဖြစ်သည် ၊သို့သော် အမယ်အိုရဲ့ လက်ဆောင်ကို တိုက်ပွဲပြီးသည်အထိ ကျွန်တော့် လက်၌ ပတ်၍ချည်ထားမိလေသည် ....
- Phoenix -၂၄
#မြန်မာဒီမို
ရဲဘော်တွေအတွက် ooredoo telenor ဖုန်းbillလေးများအလှူခံပါတယ်ခင်ဗျ
မြို့ပြမှာပွဲတွေမြိုင်ဖို့ နိုင်သလောက်ကူကြပါစို့
ပြောက်ကျားစနစ်မှသည် မြို့သိမ်းတိုက်ပွဲဆီသို့
"လေကြောင်းတိုက်ခိုက်မှုခံရချိန် လုပ်ဆောင်ရန်"
လေကြောင်းတိုက်ခိုက်မှုခံရချိန်တွင် စိတ်ငြိမ်ငြိမ်ထားပါ။ အနီးဆုံးအကာအကွယ်ကိုရှာပါ
။ အချိန်မီပါက ဗုံးခိုကျင်းသို့ရောက်အောင်သွားပါ။ မိမိနေအိမ်အတွင်းတွင်ရှိနေပါက ကြိုတင်ပြင်ဆင် ထားသည့် အခန်းတွင်း ဝင်နေပါ။ ကြိုတင်ပြင်ဆင်ထားသည့် အခန်းမရှိပါက ခိုင်ခံ့သည့်စားပွဲပေါ်တွင် စောင်များ၊ မွေ့ယာများ၊ စာအုပ်များ ဖုံးအုပ်၍ အောက်တွင် ဝင်နေပါ။ အကာအကွယ်မရှိသည့်နေရာ (ကွင်းပြင်)တွင် ရှိပါက မြေနိမ့်သောနေရာကို ရှာဖွေ၍ ဝပ်နေပါ။ ဦးခေါင်းကို မထိခိုက်စေရန် လက်ဖဝါး(သို့) အင်္ကျီဖြင့်အုပ်ပါ၊ ပေါက်ကွဲမှု အသံ နှင့် တုန်ခါမှုကြောင့် နားစည်ကို ထိခိုက်နိုင်သဖြင့် နားကိုလုံအောင်ပိတ်ပါ၊ လွင့်စင်လာသော အစများ မျက်လုံးထဲ မဝင်စေရန် မျက်စိကို မှတ်ထားပါ၊ ပေါက်ကွဲမှု၏ ပြင်းအားနှင့် လေဖိအားကြောင့် အဆုတ်ကို ထိခိုက်မှု နည်းစေရန် ပါးစပ်ကို အနည်းငယ် ဟ ထားပါ။
(၁) စိတ်ငြိမ်ငြိမ်ထားပါ။
(၂) အနီးဆုံး အကာအကွယ်ရှာ၍ အနိမ့်ဆုံးနေရာတွင်နေပါ။
(၃) အကာအကွယ်မရှိပါက မြေအနိမ့်ဆုံးနေရာကို ရှာ၍ ဝပ်နေပါ။
(၄) ဦးခေါင်းကို လက်ဖဝါးနှင့်အုပ်၊ နားကိုလက်ဖျံဖြင့်ပိတ်၊ တံတောင်ကို မြေတွင်ထောက်ပြီး မှောက်နေပါ။
(၅) ပါးစပ်ကို အနည်းငယ် ဟ ၍ မျက်စိမှိတ်ထားပါ။
ကာကွယ်ရေးဝန်ကြီးဌာန
အမျိုးသားညီညွတ်ရေးအစိုးရ
မေးဖူးလား ??
ကိုယ့်ကိုကိုယ် ..
မဟာယာနလား ၊ ထေရဝါဒလား ၊ မိရိုးဖလာလား ဆိုတာနော် ..
သာသနာကို စောင့်ရှောက်သူများ သတိပြုပါ။
ခင်ဗျားတို့ အပြစ်မကင်းဘူးရယ် ။
ဒီအရပ်နဲ့ ဒီဇာတ် ခင်းနေတာက အဖေ ၊အမေတွေက ဦးကုန်းချလို့ ဒါ..ငါ့ဘာသာပါဆိုပြီး လိုက်ကိုးကွယ်တဲ့သူတွေ များလာလို့ပါ ။
အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတာ ဆင်ခြင် သုံးသပ်နိုင်မှ ဗုဒ္ဓဘာသာ ဖြစ်မှာနော် ။
ဒဲ့ပဲပြောပါမည် .. ဗုဒ္ဓဘာသာ အထွန်းကားဆုံးလို့ ယဥ်ပါးခဲ့တဲ့ ကျနော်တို့ တိုင်းပြည်မှာ ၅ ပါးသီလကို ဘယ် အကြားမှ မညှပ်တာ အံ့ဩစရာပါ ။
ရန်သူက ရန်သူပီသနေတဲ့အချိန်မှာ
ရန်သူကို ခါးခါးသီးသီး
မုန်းနိုင်ရမယ် သတ်နိုင်ရမယ်
လက်နက်ကိုင်တော်လှန်ရေးကို
ရွေးချယ်ခဲ့ပြီးတဲ့နောက်မှာ
သေနတ်မောင်းချိန်ပြီး ပစ်ရမှာကိုတွေဝေမနေနဲ့
မင်းတို့မပစ်နိုင်ရင် မင်းတို့ထိုင်ရှစ်ခိုးရလိမ့်မယ်
ဆရာဖလိုင်းဝေး
July 22.2022 ပြောကြားချက်
ဆောင်းဆိုတာ အေးတယ် အဲ့တော့ အနွေးဓာတ်လိုတယ်။
ရန်ကုန်မှာ နေပြီး ဆောင်းက မအေးဘူးလို့ မထင်လိုက်ပါနဲ့
သင်ထင်တာထက်ကို ပိုပြီး အညာဒေသက အေးလွန်းပါတယ်။
ကွင်းပြင်ခေါင်ခေါင်မှာ ညဘက်ဆို တိုးလာတဲ့ လေက အေးခဲလုမတက်ပဲ။ အညာသားရဲဘော်တွေ သိပ်အေးလွန်းတာကြောင့် ကောင်ရိုးပုံတိုးအိပ်ရတယ်။ မီးဆိုတာလည်း ရန်သူ့ရဲ့ ပစ်မှတ်ဖြစ်နိုင်တာကြောင့် အမြဲတမ်း ဘယ် လှုံလို့ရမလဲ။
"ခန်းဆောင်ရွှေ ရဝေတွင်းမှာလ
ချမ်းပေါင်လေ တဖေတင်းသော်လည်း
ဖြေရင်းရယ်တဲ့ ခိုက်ခိုက်တုန်" ဆိုပြီး အချုပ်တန်းဆရာဖေ စပ်ခဲ့ဆိုခဲ့သလိုပဲ ကျွန်တော်တို့ အညာသား ရဲဘော်တွေက
မဲပြာနေတဲ့ ကျောမဲကြီးနဲ့ မချမ်းပါဘူးဆိုပြီး ခိုက်ခိုက်တုန်နေကြရပါတယ်။
ဒီလိုအနွေးဓာတ်လိုနေတဲ့ အညာသားရဲဘော်တွေ အတွက်
အနွေးဓာတ်မျှဝေပေးနိုင်ပါတယ်။ သင့်ရဲ့ အသုံးစရိတ်ထဲက ငွေ အနည်းငယ်လောက်နဲ့ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ကို အမြဲတမ်း အနွေးဓာတ်ပေးနိုင်မှာပါ။
အနွေးထည်တစ်ထည် လျှင်
15000 MMK/DMKK 🇲🇲
300 TBH🇹🇭
10USD🇺🇸
15AUD 🇭🇲
80 HKD 🇭🇰
စသဖြင့် ထောက်ပံ့ကူညီနိုင်ပါတယ်။
ထောက်ပံ့ လိုပါက m.me/soldiercatmm
သို့ဆက်သွယ်လှူဒါန်းနိုင်ပါတယ်။
(အပေါ်က link ကလေး ကိုနှိပ်ပြီး သွားရုံပါပဲ)
မြန်မာ ဆိုရင် kpay, wavepay ၊NUG pay အပြင် နိုင်ငံခြား Bank အကောင့်များလည်း ရှိပါတယ်။
မလှူဖြစ်ခဲ့ရင်တောင် လူများများ တွေ့မြင်နိုင်အောင် Like & Share လေးလုပ်ခဲ့ပေးပါ။
ကျွန်တော်တို့ဆီကနေ ညီရေ အကိုရေ ဘယ်အဖွဲ့အစည်းထံသို့လှူပေးပါဆိုပြီး တဆင့်လှူခိုင်းလို့ရပါတယ်
လုံခြုံရေးစည်းပေါက်မှာစိုးရိမ်လို့ ကိုယ်တိုင်ကိုယ်ကျ သွားမလှူချင်ဘူးဆိုလည်း တဆင့်လှူဒါန်းပေးပါမယ် တော်လှန်ရေးကပြည်သူတွေပါဝင်မှ ခရီးဖြောင့်ဖြောင့်ဖြူးဖြူးနဲ့လျင်လျင်မြန်မြန်အောင်နိုင်မှာပါ
တော်လှန်ရေးကိုခုတုံးလုပ်လုပ်စားညာစားနေတဲ့ လူတွေ page တွေ အဖွဲ့အစည်းတွေ ရှိတာမို့ မှန်ကန်ပြီးတော်လှန်ရေးသမားတွေ မှန်ကန်တဲ့အဖွဲ့အစည်းတွေဆီ ထောက်ပံ့ငွေရောက်ဖို့ စစ်သုံးစရိတ်ရောက်ဖို့က ထောက်ပို့အဖွဲ့တွေက စီစစ်ပြီး ထောက်ပံ့ပေးသွားမှာပါ
နင့်ဘဝ ခဏစိုက်
သူ့အသက် ခဏငှားဆိုပြီး
ကစားကြတဲ့ပွဲမှာ
ကျနော်တို့က
ကျောက်ဆောင်ကို ကြက်ဥနဲ့ပစ်ဖို့
ကိုယ့်ဘဝကိုယ်ရိုက်ခွဲနေရ
အချိန်တန်ရင် သမိုင်းစာအုပ်မာတိကာထဲ
မိုက်ရူးရဲလို့ မပါလာရင်ပဲကျေနပ်ပါပြီ။
Kyinu Khit