Gurkha Defence Force

Gurkha Defence Force

We are for peace , but we accept the challenge of the Enemy . We will protect our Motherland Myanma

09/04/2023

Rest In Power our brave Laure ! 🙏

Hero’s take on many forms
But anyone who served their country with such
Pride and distinction is without a doubt a Hero.

May you never be forgotten .

30/01/2023

မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် 🙏🙏🙏

29/09/2022

GURKHA PALTAN 💪

30/08/2022

#သတိပေးထုတ်ပြန်ကြေညာချက်

28/08/2022

Teej ဆိုတာက Shivaji ကို Parvati Mata ရသွားတဲ့ တနည်းအား​​​​ဖြင့်သူမ၏ ဥပုသ်သီလတွေဟာ အလဟသာမဖြစ်ဘဲ အမှန်တကယ် လိုချင်တဲ့ အရာကို ပြည့်စုံစေခဲ့တဲ့ လိုအင်ဆန္ဒ ပြည့်ဝခဲ့တဲ့နေ့တနေ့ပါ။ ဒီလိုအခါကြီးရက်ကြီးကို ကျမတို့ ဂေါ်ရခါးအမျိုးသမီးများက ဥပုသ်သီလစောင့်ပြီး လိုချင်တဲ့ အရာတွေကို ဆုတောင်းကြတယ်။ အိမ်ထောင်သည် ဆိုရင် မိမိခင်ပွန်း ကျန်းမာသက်ရှည်စေဖို့ အပျိုဆိုရင်တော့ အိမ်ထောင်ရေးကံကောင်းစေဖို့ စသဖြင့် ဆုတောင်းကြတယ်။ ​တ​​​ဖြည်းဖြည်းနဲ့ အမျိုးသမီးများက ဆုတောင်းပြည့်တော့မယ့်အပျော်စိတ်တွေကြောင့် က၊ ခုန် ပျော်ကြတဲ့ အစဥ်အလာပါ တိုးပွားလာပါတယ်။ ယခု မြန်မာပြည်အခြေအနေသည် မည်သည့်အပျော်အပါးကိုမှ လုပ်ဆောင်ရမည့်အနေထားတွင် မရှိသည့်အပြင် ပြည်သူလူထု၏ အခြေအနေမှာ "နေ့မြင်ညပျောက် "ဆိုရလောက်အောင်ထိ စိုးရိမ်ထိတ်လန့်ကာ ရှိနေရပါသည်။
ဤအခြေနေမျိုးတွင် မြန်မာပြည်တွင် ဖွား၍ မြန်မာပြည်တွင် ကြီးပြင်းခဲ့ကြသော မည်သည့်ပြည်တွင်းနှင့် ပြည်ပရောက် ဂေါ်ရခါးမှ ပျော်ပါးကခုန်နေနိုင်မည်မဟုတ်ဟု ယူဆပါသည်။ အကယ်၍ ကခုန် ပျော်ပါးနေနိုင်သူများ ရှိခဲ့သည်ရှိသော် ဂေါ်ရခါး လူမျိုး တစ်ဦးအနေနဲ့ ပြည်သူလူထု အပေါင်းအား ရိုသေစွာ ဝန်ချတောင်းပန်အပ်ပါသည်။ ကိုယ်ချင်းစာစိတ်နှင့် အသိစိတ်များနည်းပါးခြင်းကြောင့်သာ ယခုလို တနိုင်ငံလုံး အသုဘအသွင်ဆောင်နေသည့်အချိန်တွင် ကခုန်နေနိုင်သည်ဟု ယူဆမိပါသည်။ မတရားမှုကို ခေါင်းငုံ့မခံတဲ့ Veer Gorkha ဆိုတဲ့ဂုဏ်ပုဒ်ကို မထိန်းသိမ်းထားပေးနိုင်စေကာမူ Shameless Gorkha ဖြစ်အောင် မလုပ်ကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။

# Gorkhali Naari PDF

31/07/2022

ဂုဏ်ပြုမှတ်တမ်း 🙏🙏🙏

07/07/2022

Statement on the killing of two Indians

Photos from People's Defense Force - Tamu District's post 26/06/2022
Photos from Gurkha Defence Force's post 31/01/2022

မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည် 🙏🙏🙏

24/12/2021
18/12/2021

17-12-2021

People's Defense Force-Tamu
ကြေညာချက်အမှတ်(၂/၂၀၂၁)

15/12/2021

NST မှ စီစဉ်သော တော်လှန်ရေးအကြောင်းတစေ့တစောင်းကဏ္ဍ အပိုင်း (၃၂)

❗️စစ်ရေးနှင့်ပတ်သက်လျှင် အစဉ်အလာကြီးသော မြန်မာနိုင်ငံဖွား ဂေါ်ရခါးလူမျိုးတို့​၏ Gurkha Defence Force (GDF) အကြောင်း သိကောင်းစရာ
❗️လက်နက်ကိုင်တော်လှန်ရေးတွင်ပါဝင်လာရတဲ့အကြောင်း
❗️GDF ဖွဲ့စည်းချိန်နှင့် ရည်ရွယ်ချက်
❗️လောလောဆယ် မည်သို့ရပ်တည်လှုပ်ရှား
❗️အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် အဆက်အသွယ်
❗️နိုင်ငံတကာ ဂေါ်ရခါးအဖွဲ့အစည်းများနှင့်ဆက်သွယ်မှု
❗️GDF ရဲ့ရှေ့လုပ်ငန်းစဉ်
❗️ပြည်သူထံမှ အားပေးမှု အထူးလိုအပ်

GDF သို့တိုက်ရိုက်ဆက်သွယ်ကူညီလိုပါက https://www.facebook.com/GurkhaDefenceForce/ သို့တိကြ်ရိုက်ဆက်သွယ်ကူညီပေးနိုင်ပါသည်။

Guest: ကိုမိုးသောက်ကြယ် (GDF ပြောရေးဆိုခွင့်ရှိသူ)

Host: မရွှေမိုး (ကိုရီးယား)

26/11/2021

MILLIONS OF DREAMS

ကျွန်တော်တို့အားလုံးဟာ အရေးတော်ပုံအောင်ပြီးရင် ဟိုဟာလုပ်မယ် ဒီဟာလုပ်မယ်ဆိုပြီး ရည်မှန်းထား‌တဲ့ အိပ်မက်များကိုမက်ရင်း ရှေ့ဆက်လျှောက်လှမ်းနေကြပါသည်။ထိုနည်းတူစွာ ကျွန်တော်တို့ရဲ့ PDF ရဲဘော်များမှာလည်း တောထဲ၊တောင်ထဲမှာနေရင်း အခက်ခဲပေါင်းစုံများကြားမှ ဤကဲ့သို့ ရည်မှန်းထားသော အိပ်မက်များကို ပြင်ဆင်ထားကြပါသည်။

ကျွန်တော်တို့အားလုံးဟာ အရေးတော်ပုံပြီးရင် နွေးထွေးမှု့တွေနဲ့ ပြည့်နေတဲ့ ချစ်လှစွာသော အိမ်ကို ပြန်ကြရမှာပါ။ထို့နောက် တစ်ချို့သော ရဲဘော်များမှာလည်း သူတို့မိခင်၏ မျက်စိခွဲစိတ်ဖို့၊ မိဘတွေအတွက် အိမ်လှလှလေးဆောက်ပေးဖို့၊ ကျောင်းမပြီးသေးသော ရဲဘော်များမှာလည်း ကျောင်းဆက်တက်ပြီး ဆရာဝန်ကြီး၊အင်ဂျင်နီယာကြီး ဖြစ်အောင် ဆက်လက်ကြိုးစားရမည်၊တစ်ချို့ မိဘများကြတော့လည်း ကိုယ့်သားသမီးကို ကျောင်းပြီးအောင်ထားရအုံးမည်၊တစ်ချို့ကြတော့ မဂ်လာဆောင်ပြီး လှပပျော်ရွှင်တဲ့ မိသားစုဖြစ်အောင် ကြိုးစားရအုံးမည်၊ တစ်ချို့ကြတော့ အရင် KTV ဟောင်းမှာ ကိုယ်ကြိုက်တဲ့ သီချင်းလေးကို သွားဆိုအုံးမယ် ဆိုတဲ့ ရည်မှန်းထားတဲ့ အိပ်မက်များကို ပြင်ဆင်ရင်း တိုက်ပွဲဝင်နေကြပါသည်။

" အဲ့ဒီလိုပဲ ကျွန်တော့မှာလည်း ရည်မှန်းချက်အကြီးကြီးကို မျှော်လင့်ထားတဲ့ အိပ်မက်ကြီးတစ်ခုရှိပါတယ်ဗျာ အဲ့ဒါကတော့ အရေးတော်ပုံပြီးသွားရင် မြန်မာနိုင်ငံကြီးမှာ လူမျိုး၊ဘာသာ ခွဲခြားဆက်ဆံခြင်း၊ အဖြူ အမည်း ခွဲခြားဆက်ဆံခြင်းများ ပျောက်ကွယ်သွားလိမ့်မည်ဟု မျှော်မှန်းထားသော အိပ်မက်ကို လွယ်ထားပါတယ်။ ပြီးတော့ သတင်းတွေမှာလည်း မုဒိန်းမှုကဲ့သို့သော လူ့လောကကို အကျည်းတန်စေသည့် သတင်းများထက် လောကကို အကျိုးပြုသည့် သတင်းများနှင့် အမျိုးသမီးထုများအပေါ် လေးစား၊စာနာ၊ ဖေးမ ကူညီ စောင့်ရှောက်သော သတင်းများသာ ကြားသိရပါလို၏။ အကျင့်ဆိုး စရိုက်ဆိုး‌‌များပပျောက်ပြီး ရိုးသား‌ဖြောင့်မတ် ဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်‌ရပါမည်။ ဘုရင့်မျိုးနွယ် ဘုရင်၏သားသာလျှင် ဘုရင်ဖြစ်ရမည် ဟူသော ဥပဒေသထက် အတက်ပညာ၊အသိပညာနှင့်ပြည့်ဆုံပြီး အရည်အချင်းရှိသူတိုင်းကို ရွေးချယ် ဦးစားပေးနိုင်ရမည်။"

ကျွန်တော်တို့ အားလုံးရဲ့ အိပ်မက်တွေဟာ ဒီအရေးတော်ပုံမှာ ခေတ္တရပ်တန့်နေပြီး ကျွန်တော်တို့ အားလုံးရဲ့ အိပ်မက်တွေကို အမြန်ဆုံး အကောင်ထည်ဖော်နိုင်ရန်နှင့် အရေးတော်ပုံ အောင်နိုင်ရေးကို ခင်ဗျာတို့နှင့် ကျွန်တော်တို့အတူ လက်တွဲ ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ပါသည်။ မျှော်မှန်းချက်ထားပါ၊ ကိုယ့်ကိုယ်ကို ယုဲကြည်မှုရှိပါ၊ ကျွန်တော်တို့ အားလုံး စည်းစည်းလုံးလုံး ရှိရမည်။ ယခုအချိန်မှာ ကျွန်တော်တို့ရဲ့ အဓိက အရေးကြီးဆုံး လက်နတ်ဟာ စည်းလုံးမှုပါ။ " စည်းလုံးခြင်းသည် အင်အား " ဟူသော ဆိုရိုးစကားနှင့်အညီ ဝိုင်းဝန်း ကြိုးစားကြပါစို့ ။
အရေးတော်ပုံ အောင်ရမယ် 💪💪💪

Photos from Gurkha Defence Force's post 22/11/2021

आज हाम्रा समाजको बिडम्पना

पूर्खाले तिमीलाई सुम्पी दिए जन्ताले तिमीलाई विश्वास गरे जन्ताको विश्वास तोडेर

समाजरूपि घर

दिशाहीन बनाई सात सय घरको विश्वास तोडि जन्ताको मनबाट लगाएको पदको टोपि के ! मात्र ठूलो हुनको लागि समाज सेवा भन्ने प्रतिज्ञा लिएको उसदिन के ! समाज डुवाउन हो ? हाम्रो आहान छ माछा देख्दा दुला भित्र हात सॉप देख्दा दुला बाहिर हात भनेझैं निराश निसाहाय भएका छन् जन्ता आज गालावाट चर्कापसिना बगाएकाछन् जन्ता छातिमा बलेको त्राहित्राहि को ज्वालाले यस्सै हेरेर बस्न सकेऊ आफ्नो अविभार फालेर परिआएको बेला समाजको भरोसा तोडी समाजरूपि आमा रोएकिछिन हर गाउँ घर बाट बचाऊ बचाऊ भनेको बेला कान थुनेर लुकेको देख्दा विश्वास तोड्ने छोरो सम्झी समाजमा भने कैले पर्दा पछाडी कंशको पाठखेलि पर्दा अगाडि रामको पाठ खेलेर ढोङ गर्ने फेर फुस्कीएको देखेर समाजलाई आफ्नो परिचय ऑफै दिदैछ छोराले भनि आमा पानी पानी भएकी छिन
गौरव गर्थ्यो "३६" शाखा टमूलाई देख्दा

थुक्न थालेकाछन् भागेको देख्दा

बग्नेहोकि त्यहि थुकेको लहरमा

चिन्तामा छिन् आज आमा

समयको साथ नदिए पछि

परिआउँदा भागेपछि

टोपिलगाई कुर्सिमा बसेर

प्रतिज्ञाको बाचा, अविभार फ्याँकेर भाग्ने

गद्दारहरूहो !

नायक नेता नालायक छोरा देखेर

आमारूपि समाज रूदैछिन्

आपस्त भित्र मात्र वड्पन, हठपन देखाउने

भलात्मी बन्ने

समाज जोगाउनुपर्दा भने भाग्ने

कुन नजरले हेरौँ ?

कसरी भर परौ भविश्यको ?

अविश्वास बडेको छ सर्दै आमाको मनमा

Photos from Gurkha Defence Force's post 22/10/2021

" တော်လှန်ရေးအတွက် သင့်ထံမှ အကူအညီအလိုရှိသည် "

အာဏာရှင်ကို အမြစ်ပြတ်ချေမှုန်းမည့် ပြည်သူ့တော်လှန်ရေးကြီးဟာ တစ်နေ့တစ်ခြား အရှိန်အဟုန် မြင့်တက်လာပြီး တဖြည်းဖြည်းနဲ့ အရေးကြီးဆုံး အချိန်တွေကို ရောက်လာပါပြီ ။
ယုံကြည်ရာ ခြေတစ်လှမ်းအဖြစ် မကြာခင် အောင်မြင်တော့မည့် တော်လှန်ရေးကြီးမှာ အသက်စွန့် တိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ရင်သွေးများ၏ လိုအပ်ချက်တွေကို အတူ ဝိုင်းဝန်းဖြည့်ဆည်းကြဖို့ ဒီကတစ်ဆင့် ပြည်သူတစ်ရပ်လုံးကို တောင်းဆိုလိုက်ပါသည်။
ဒါကြောင့် ပြည်သူတစ်ရပ်လုံး အနေနဲ့ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ နိုင်ရာဝန်ကို ထမ်းရင်း ပါဝင်လှူဒါန်းပေးကြပါအုံးဗျာ။

❗❗❗ အရေးကြီးချိန်မို့ အထူးသွေးစည်းကြပါစို့ ❗❗❗

" ယုံကြည်ရာအတွက် အသက်ကိုပင်စွန့်ရာ၏ အနာဂတ်မဲ့နေတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို ကျွန်တော်တို့လက်တွေနဲ့ လှပအောင် ဖန်တီးကြမယ်ဗျာ "

အရေးတော်ပုံ အောင်ရမည် 💪

Gurkha Defence Force

19/10/2021
30/09/2021

စစ်ပွဲ‌တွေမှာ ပြည်သူလူထု ပါဝင်ခဲ့မှု့ပုံစံ မျိုးစုံ

Types of roles played by citizens in a Civil War.

Credit - Radio 📻 NUG .

28/09/2021

အသိပေး‌‌ကြေငြာချက်

Website