Aung Kyaw Kyaw

Aung Kyaw Kyaw

Enjoy the JOURNEY!

04/12/2023

SWOT analysis

စီးပွားရေးလေ့လာဖူးတဲ့သူတွေအတွက် SWOT analysis ဆိုတာ မစိမ်းဘူးလို့ထင်ပါတယ် စီးပွားရေးနဲ့ သက်ဆိုင်တဲ့ ဘာသာရပ် တော်တော်များများ မှာလည်း ဒီ theory က ပါလေ့ပါထ ရှိပါတယ်

SWOT analysis က ကိုယ့်လုပ်ငန်းရဲ့ အခြေအနေကို အမှန်အတိုင်းလေ့လာပြီး တွေ့ကြုံလာရနိုင်တဲ့ အပြောင်းအလဲတွေကို ဘယ်လိုရင်ဆိုင်မလဲ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာ သုံးသပ်တာဖြစ်တယ်

အချက် ၄ ချက်ကို အဓိကထားပြီး သုံးသပ်တယ်

၁။ ကိုယ့်လုပ်ငန်းရဲ့ အားသာတဲ့အပိုင်း (Strength)
ကိုယ်လက်ရှိလုပ်နေတဲ့အလုပ်က ဘယ်အပိုင်းတွေမှာ အားသာချက်ရှိလဲ၊ အပြောင်းအလဲတွေကြုံတဲ့အခါ ရင်ဆိုင်နိုင်ဖို့ ဘာအစွမ်းအစတွေရှိလဲ ဆိုတာကို လေ့လာတယ်
ဥပမာ - ကိုယ့်ဆီမှာ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေရှိတာမျိုး၊ နည်းပညာနဲ့ပတ်သက်ပြီး အားကောင်းတာမျိုး၊ သစ္စာရှိတဲ့ customer များများရှိတာမျိုးတွေ

၂။ ကိုယ့်လုပ်ငန်း အားနည်းနေတဲ့အပိုင်း (Weakness)
အပြောင်းအလဲတွေကြုံလာမယ်ဆိုရင် လုပ်ငန်းရဲ့ ဘယ်အားနည်းချက်တွေကြောင့် လုပ်ငန်း ယိမ်းယိုင်သွားနိုင်မလဲ ၊ သူများနဲ့ယှဉ်တဲ့အခါ ဘယ်နေရာတွေက အားနည်းနေမလဲ ဆိုတာကို ပြန်ဆန်းစစ်တာမျိုးဖြစ်တယ်
ဥပမာ - ကိုယ့်ဆိုင်က နေရာမကောင်းတာမျိုးလား၊ supplier ကောင်းကောင်းမရှိတာမျိုးလား စသဖြင့်ပေါ့

၃။ ကြုံလာရနိုင်တဲ့ အခွင့်အရေး (Opportunities)
အပြောင်းအလဲတွေတိုင်းက အဆိုးတွေချည်းမဟုတ်ပါဘူး၊ ဒီအပြောင်းအလဲတွေကနေပြီးတော့ မြင်တတ်မယ် အကင်းပါးမယ်ဆိုရင် ရလာနိုင်တဲ့ အပြောင်းအလဲတွေ အခွင့်အရေးတွေရှိတတ်ပါတယ်။ ဒါကြောင့် ကိုယ့်လုပ်ငန်းရဲ့ အားသာချက် အားနည်းချက်ကိုသုံးသပ်ပြီး ဒီအပြောင်းအလဲတွေက ကိုယ့်လုပ်ငန်းအတွက် ဘာအခွင့်အလမ်းတွေရလာနိုင်မလဲ၊ ဒါကို အသုံးချပြီး ဘယ်လို တိုးတက်အောင်လုပ်လို့ ရနိုင်မလဲ ဆိုတာကို စဉ်းစားတာမျိုးဖြစ်တယ်
ဥပမာ - လက်ရှိငွေကြေးဖောင်းဖွမှုကြောင့် လူတွေငွေမကိုင်ထားရဲတဲ့အခါ ရွှေလုပ်ငန်း၊ ငွေကြေးလှဲလှယ်ရေးလုပ်ငန်း၊ ကုန်ခြောက်လုပ်ငန်းတွေအနေနဲ့ ဘယ်လိုအခွင့်အလမ်းတွေရှိနိုင်မလဲ ဆိုတာမျိုးပေါ့

၄။ ကြုံလာရနိုင်တဲ့ အခက်အခဲ၊ ခြိမ်းခြောက်မှု (Threat)
ဒါကတော့ လက်ရှိအပြောင်းအလဲတွေက ကိုယ့်လုပ်ငန်းမှာ ဘာထိခိုက်မှုတွေရှိလာနိုင်မလဲ၊ ဘာတွေနစ်နာဆုံးရှုံးနိုင်မလဲ ဆိုတာကို လေ့လာတာဖြစ်တယ်
ဥပမာ - တလောကပဲ စက်သုံးဆီဝယ်ယူဖို့အတွက်လိုအပ်တဲ့ နိုင်ငံခြားငွေလှဲလှယ်ရေးမှာ အပြောင်းအလဲတချို့ဖြစ်တော့ စက်ဆုံးဆီဆိုင်တချို့ ဆီအသစ်တင်သွင်းဖို့ အခက်အခဲရှိသွားနိုင်လား ဆိုတာမျိုး ကြိုတင်စဉ်းစားတာမျိုး ဖြစ်ပါတယ်

အခုလို အပြောင်းအလဲများတဲ့အချိန်မျိုးမှာ SWOT analysis က ပိုပြီးတောင် အရေးကြီးပါတယ်
လုပ်ငန်းရှင်တော်တော်များများက နေ့စဉ်ရောင်းလိုက်၊ဝယ်လိုက်၊ စာရင်းတွက်လိုက်နဲ့ အချိန်ကုန်တတ်ကြပါတယ်။
တနေ့ကို နာရီဝက်လောက် တွေးတောဖို့ သုံးသပ်ဖို့ အသုံးပြုမယ်ဆိုရင် ကိုယ့်လုပ်ငန်းမှာရော ကိုယ့်ဘဝမှာပါ အပြောင်းအလဲတချို့ ဖြစ်နိုင်ပါတယ်

Website