𝐃𝐞𝐚𝐝 𝐏𝐨𝐞𝐭𝐬 𝐔𝐧𝐢𝐨𝐧
ကွယ်လွန်သူကဗျာဆရာများကို မသေမရှင်ကျန်ရစ်သူများမှ သတိရတမ်းတလွမ်းဆွတ်လျက် ။
ပျော်ပျော်နေကြေကွဲ ရဲ့ ကဗျာ/စာသား
_____________________________
မနက်က အိမ်မှာကြော်တဲ့ ထမင်းကြော်လေး
နည်းနည်းစားတယ်
ပြီးတော့ တနေကုန် အရက်ကို
ဖြည်းဖြည်းချင်းသောက်တယ် ၊
ဘာမှထပ်မစားဖြစ်သေးဘူး ၊
ပူရှိန်းသကြားလုံးနဲ့ အခုထိ ထိုင်မြည်းတယ်
စောက်ပါးစပ်က အိမ်ကချက်ထားတဲ့ဟင်းကို
စားချင်စိတ်မရှိ ၊
လူက အရက်သာသောက်နေတာ
ပါးစပ်ကဘာစားချင်လဲစဉ်းစားတော့
နွားနို့ထဲ ထမင်းဖြူလေးထည့်ပြီး
စားချင်တယ် ၊
အဲဒါဆို သေချာပေါက်စားဖြစ်လိမ့်မယ်
အဲဒီလိုလုပ်ပေးဖို့ လူလည်းမရှိ
လမ်းကောင်းကောင်းမလျှောက်နိုင်လို့
ငါ့ကိုယ်ငါလည်းစီစဉ်လို့မရ
ဘဝဟာ အရေးကြုံ ဘာမှမရှိတော့ဘူးလား
အရင်ကလူတွေကိုပြုပြင်ပြောင်းလဲဖို့
ပြောခဲ့တာမှန်သမျှ ငါ ကျူးလွန်နေပါပြီ ။
ကိုယ့်ကို ချစ်တဲ့တယောက်ယောက်ဆီ
ချိတ်ဆက်ရင်ဖွင့်ဖို့ကလည်း ဖုန်းကမရှိ
စိတ်ပြေလက်ပျောက်
လမ်းလျှောက်ထွက်ဖို့ကလည်း
လူက မောပမ်းနေ -
အခန်းထဲမှာ ထိုင်ပြီး တနေကုန်
ခဏခဏ သတိမေ့နေမိတယ် -
ညစာမစားချင်တာမဟုတ်ဘူး
စားချင်ပါတယ် -
နို့ထမင်းလေး နဲ့ ပါးပါးကျိတ်လိုက်ရရင်
ပြန်သန်မာလာမှာသိတယ် -
အခုက ဘယ်သူမှ ဘေးမှာမှ မရှိတာ
မြို့ထဲကဘော်ဒါတွေဆိုတာကလည်း
သေသွားမှပေါ့ပေါ့ပါးပါးလိုက်ပို့ရုံပါပဲ
အစ်မက တနေကုန်ပင်ပန်းပြီး
အစောကြီး အိပ်ပြီ ။
အိမ်မှာရှိတဲ့ တခြားဆွေမျိုးနီးစပ်တွေကလည်း
အစောက မြို့ထဲက ဘော်ဒါတွေလိုပါပဲ ၊
သူတို့ကိစ္စနဲ့သူတို့ ငရဲကျနေကြဆဲ -
အရက်နည်းနည်း ကျန်သေးတာပဲ
ဝမ်းသာပါတယ် -
လူကနေသိပ်မကောင်းတော့
ဘေးကစာအုပ်တွေလည်း မဖတ်နိုင်တော့ဘူး -
စကားပြောဖော်ကလည်းမရှိ
အဖေလည်းမရှိ အမေလည်းမရှိ
ကဗျာကို ခဏမေ့ထားပြီး
ခုံပေါ်မှာ မှေးနေမိတယ်
အရက် တငုံထပ်သောက်မိတယ်
ဘုရားသခင်
ကျွန်တော့်ကို ဖုန်းလေးတစ်လုံးတော့
ပြန်ကယ်ပေးပါ ။
အောင်ခိုင်မြတ်
16.oct.2023
ကဗျာဆရာအောင်ခိုင်မြတ်
ကွယ်လွန်ခါနီးရက်ပိုင်းအလိုမှာ
ရေးသားထားတဲ့ ကဗျာ/စာသားကို
သူ့ကဗျာအမည် ပျော်ပျော်နေကြေကွဲ နဲ့
ခေါင်းစဉ်တပ်ပြီး ကဗျာ့မိတ်ဆွေများ
ဖတ်ရှုနိုင်ဖို့ စာစီပေးလိုက်ပါတယ် ။
အမှားအယွင်းအကျအပေါက်ရှိရင်
ဝင်ရောက်ပြုပြင်ပြောဆိုပေးနိုင်ပါတယ် -
ကဗျာ့မိတ်ဆွေ ကဗျာဆရာအောင်ခိုင်မြတ်
ကောင်းရာဘုံဘဝမှာ
ကဗျာ " အား " ဖြင့်
ပြီးပြည့်စုံပါစေ ။
ကဗျာ " အ ာ း " ဖြင့်
ရန်လင်းအောင်
စာသားရော ပုံများပါ PoetYanLin Aung Accountမှ ကူးယူဖော်ပြပါသည် ။
#အောင်ခိုင်မြတ်
စစ်အတွင်းက ကွဲသွားတဲ့ သူငယ်ချင်း ညီအစ်ကိုတစ်တွေ ပြန်တွေ့တဲ့နေ့
________________________________________________________
မောင်ချောနွယ်ဟု ခေါ် သည်
သူ ကျုံးထဲက တက်လာသည်
သူ့မှာ အနုပညာအင်္ကျီ ပါပါသည်။
မောင်ချောနွယ်ဟု ခေါ် သည်
သူ သံမဏိလမ်းက လာပါသည်
သူ့မှာ အနုပညာအင်္ကျီ ပါပါသည်။
ဤကမ္ဘာမြေ၌ ကျွန်ုပ် ထွန်ယက်သမျှသည်
အသက်ဓာတ်သားဖြစ်ပါ၏။ ကဗျာဖြင့်စပ်ယှက်ခဲ့သော
ကျွန်ုပ်၏ နေ့ပေါင်းများစွာ ညပေါင်းများစွာအား
ကဗျာဖြင့် သူကောင်းပြုပါ၏။
အယူမှန်သူအတွက် အယူခံမလို
ကမ္ဘာမြေကြီးအတွက် ညတိုင်းသီချင်းဆိုခဲ့တယ်။
(၁)
'ကဲ ခုကစပြီး တစ္ဆေကဖီးကို ဖွင့်မယ်'
ရဲဘော်သူငယ်ချင်းတို့
'ငါတို့ဟာ စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်း ညီအကိုတစ်တွေ ဖြစ်ကြရဲ့'
ငါတို့တွေ ရဲရင့်ပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြရဲ့
ရှိစေတော့
သူရဲကောင်းမှတ်တမ်းမဝင်ဘူး
ရှိစေတော့
ငါတို့ဟာ သူရသတ္တိ ္တိရှိလို့ ကဗျာဆရာဖြစ်ခဲ့ကြတယ်
ကဗျာဆရာဆိုတာ
အဂတိမလိုက်စားကြဘူး
ဟော ကြည့်ပါလား
ကဗျာဆရာ အနန္တသူရိယ အမတ်ဟာ
ကဗျာတပုဒ်နဲ့ ကြိုးစင်တက်ခဲ့တာ
မလှဘူးလား
လွှတ်လှ။
သေခြင်းတရားဆိုတာ
စောစောက လပ်ကီး လူစီယာနိုရယ်
ဘီယာဘူးတွေနဲ့ ပစ်ပေါက်လိုက်တော့
ဖန်တွေ မှန်တွေ ကွဲကျသွားကြတယ်မဟုတ်လား
လွှတ်လှတယ်။
သေခြင်းတရားဆိုတာ
ရဲဘော်တို့ ရဲရဲမှတ်ထားကြ
စားပွဲပေါ်က ဖန်ခွက်တစ်လုံး
သမံတလင်းပေါ် ကျကွဲသလောက်ပဲ ရှိတယ်
လွှတ်လှ။
ငါတို့ရဲ့ ကဗျာဆရာ မောင်ချောနွယ် ပြောတာကတော့
သေခြင်းတရားဆိုတာ
လေယာဉ်ပျံတစ်စင်းကနေ
လေယာဉ်ပျံတစ်စင်း ပြောင်းစီးသလောက်ပါကွာတဲ့
လွှတ်လှ။
ကဲ .. နောက်ဘဝမှာ နောက်ဘဝကူးရင်
နောက်ဘဝရောက်ရင်လည်း
ကဗျာဆရာဖြစ်ဦးမှာ သေချာတဲ့
ငါတို့ရဲ့ သစ္စာတိုင် တရားရှိတယ်
ငါတို့ဟာ
လူတစ်သိန်း တစ်သန်းမှာမှ
ကဗျာဆရာတစ်ယောက်ဖြစ်တယ်ဆိုတဲ့
၂၁ ရာစုသစ် သီအိုရီရှိတယ်
ဟုတ်တယ် .. ဟုတ် ..
ဟုတ် ၁ဝ ကြိမ် အော်ဟစ်ကြရဲ့
ကဲ .. ခု အခမ်းအနားသစ်တစ်ခု မကျင်းပခင်
ငါတို့ရဲ့ သူရဲကောင်းတွေကို
အရင်ဆုံး အလေးပြုကြရအောင်
ကဲ အားလုံးငြိမ်သက်ပါ
၁၅ မိနစ် ငြိမ်သက်ပေးပါ။
စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်း ညီအစ်ကိုတစ်တွေ ပြန်တွေ့တဲ့နေ့
(၂)
(၁၅ မိနစ်ဆိုတာ ငါတို့ရဲ့ နောက် ၁၅ ဘဝကို ဆိုလိုတယ်)
နောက် ၁၅ ဘဝ ကဗျာဆရာပေါ့။
ဟုတ်တယ် နောက် ၁၅ ဘဝထိ
ငါတို့ဟာ ကဗျာဆရာပဲဖြစ်ရမယ်
ပထမဆုံး ငါတို့ရဲ့ ကဗျာဆရာ ဖော်ဝေး
သူ့ကိုအလေးပြုကြ
၁၅ မိနစ်ငြိမ်
ဒုတိယ မြေချစ်သူကို
သူ့ကိုအလေးပြုကြ
တတိယ စစ်တွေနောင်လတ်
၁၅ မိနစ်ငြိမ်
စတုတ္ထ .. မောင်စိမ်းခေါင်
ကဲ .. ရိုးပြတ်တောအောင်ခက် ၁၅ မိနစ်ငြိမ်
ကဲ .. အားလုံး သက်သာနိုင်ပါပြီ။
ကြိုက်သလိုနေနိုင်ပါတယ်
ကြိုက်သလိုပေါ့။
ရှေးဦးစွာ 'ရောဘင်ဟု' က သူရဲမျက်နှာဖုံးကို စွပ်လိုက်တယ်
အားလုံးမျက်နှာဖုံးတွေ စွပ်လိုက်ကြရဲ့
အားလုံး တစ္ဆေတွေ၊ သူရဲတွေ၊ ဘီလူးတွေ၊ ဖုတ် ပြိတ္တာတွေ
မှင်စာတွေ ဖြစ်သွားကြရဲ့။
ဟောခန်းကြီးတစ်ခန်းလုံး မီးခိုးတွေ လှိုင်အူလာရဲ့
အားလုံး စီးကရက်တွေသောက်ကြ
ဘီယာတွေ၊ ဝိုင်တွေ၊ ဝီစကီတွေ သောက်ကြနဲ့
စကားတွေ တဖြောင်းဖြောင်းထအောင် ပြောကြတော့ရဲ့
အားလုံး မီးတွေ မှိတ်လိုက်ကြ
အားလုံး ကကြမယ်
အားလုံး အားလုံး
စိတ်လွတ်လပ် ကိုယ်လွတ်လပ်
ထောင့်မီး မီးလေးတွေလင်းလာ
အစိမ်း အနီ အပြာ အဝါ
ဟေ့ .. အသံတစ်သံ ပေါ်လာ
လူ့ဘဝဆိုတာ လေထဲက ဖယောင်းတိုင်မီးလေးပါ
အားလုံး ဃေညိူန ငည အ့န ျွှငညိ ပဲ
ဒါပဲ .. ဒါပဲ .. ဒါပဲ
အားလုံး ဖယောင်းတိုင်မီးတွေ ထွန်းညှိကြ
သီချင်းဆိုကြမယ် (သံပြိုင်)။
(၃)
စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်း ညီအစ်ကိုတစ်တွေ ပြန်တွေ့တဲ့နေ့
ဟေ့ .. စစ်သီချင်းတွေဆိုကြ
ချီတက်ကြမယ် .. ကမ္ဘာသစ်ဆီ
ဟော ..
သစ်ကုလားအုတ်ဟီသံတွေ မြင်းဟီသံတွေ
မော်တော်ကားသံတွေ ရဟတ်ယာဉ်သံတွေ ..
ကဗျာဆရာတွေ လာကြပြီဟေ့
အသံတွေကြားနေရပြီ
ခြင်္သေ့ဟောက်သံတွေ ကျားဟိန်းသံတွေ ဆင်နှာမှုတ်သံတွေ
ကလဲနက်မှုတ်သံတွေ ဝေဆာလို့
ငါတို့ ကဗျာဆရာတွေ လာကုန်ကြပြီဟေ့
ကြိုဆိုလိုက်ကြရအောင်
ဟော .. ကြည်ဝင်းတော၊ မိုဃ်းဇော်၊ ငွေယံဦး
မိုးဝေး၊ ကိုရွေး၊ ဝင်းမြင့်၊ ခက်ထန်ပိုင်းစိုး၊ ဇော်ဝင်းတင့်၊ ကမ္ဘာပု
စတီးလ် အစရှိသော
လူငယ်ကဗျာဆရာတွေ တပြုံတမကြီးဟာ
ဟောခန်းတွင်း ဝင်ရောက်လာကြ
တွေ့ဆုံကြသည်နှင့် တစ်ပြိုင်နက်
ဟေး .. ဟေး .. ဟေး .. အသံတွေ
ဆူညံစွာ တစ်ပြိုင်တည်း ထွက်လာကြရဲ့
အုတ်အော်သောင်းတင်းပါပဲ
ကဗြုန်းကရုန်းပါပဲ
ဟော .. အော်ကြပြန်ပြီ
ဟေ့ မက်ဆိုပိုတေးနီးယားကလာတာ
ဟေ့ ငါလည်း မက်ဆိုကပဲ
ဟိုမှာ မင်းနဲ့ ငါနဲ့ မတွေ့ခဲ့တာတစ်ခုပဲ
ဟေ့ ငါလည်း မက်ဆိုပိုတေးနီးယားစစ်မြေပြင်မှာ
ကျခဲ့တာပဲကွ
အဲဒီမှာ လူဖြစ်ခဲ့တာပဲ
ခုသေပြီး ခု လူဝင်စားပြန်ဖြစ်တာ
တန်ပါတယ်
အရာရာဖြစ်ပျက်နေတာ တန်ပါတယ်ကွာ
ဟေ့ ငါက ဟိုနိုလူလူက လာတာ
ငါနဲ့ အတူတူပေါ့ကွာ
ဟေ့ ငါလည်းပါတယ်ကွ
ဟေး .. ဟေး .. ဟေးဟေး
တွေ့ကုန်ကြပြီကွာ။
စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်း ညီအစ်ကိုတစ်တွေ ပြန်တွေ့တဲ့နေ့
(၄)
ဟေ့ ငါက အီတလီကလာတာ
အီတလီစပျစ်ခြံကလာတာ
စပျစ်ဝိုင်တွေပါတယ်
ရဲဘော်တွေအားလုံးအတွက်ပဲ
တို့တွေအားလုံးက စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်း ညီအစ်ကိုတစ်တွေ
တစ်ယောက်နဲ့ တစ်ယောက် ပစ်ချလို့မရဘူး
ပြောပြရင်တော့လည်း လွမ်းစရာကြီးကွာ
ဟား .. ဟား .. ဟား ဟား
ကဲ ခုတွေ့ပြီပဲ
ဘာလုပ်ကြမလဲ
ငါသိတာကတော့
လောကကြီးမှာ အရက်ကလွဲပြီး
ဘာမှ ပျော်စရာကောင်းတာ မရှိဘူး
ဟေ့ သောက်ပစ်ကြ သောက်ပစ်ကြ
ဟေ့ကောင်တွေ ငါက ဟော်လန်က လာတာ
ငါ့မှာ နို့ဆီတွေပါတယ် သောက်ကြ
ငါတို့တွေ နို့ငတ်ခဲ့ကြတယ် မဟုတ်လား
ဖောက်သာ သောက်ကြ
ရောက်ချင်ရာ ရောက်ကြပစေ
တို့တွေ နေပူခဲ့တယ်
ဒါကြောင့်ပဲ တို့တွေနေမပူဘူးပေါ့
ဟေ့ ငါက ဒါဂျီလင်က လာတာ။
ဟေ့ ငါက ပန်ဂျပ်က လာတာ။
(၅)
ဘာလဲ ဘဝဆိုတာ ဘာလဲ
စူးစမ်းနေစရာမလိုဘူး
ငါဟာ စပျစ်ခြံအလုပ်သမားလေး
ဒါ ဝမ်းနည်းစရာလား
ငါ .. ချစ်သူနဲ့တွေ့ချင်တဲ့အခါ
ငါတွေ့ရတယ်
ငါပျော်ချင်ရင် ပျော်ရတယ်
ငါက နေပျော် သေပျော်သမားပဲ
စစ်အတွင်းက သူငယ်ချင်းတွေ
ပေါင်မုန့်ကလေး တစ်ယောက်တစ်ဝက်
ရေဘူးလေး တစ်ယောက်တစ်ဝက်
ဆေးလိပ်လေး တစ်ယောက်တစ်ဝက်
သေမင်းကျည်ဆံတွေ တဖျောက်ဖျောက်အောက်မှာ
တို့တွေ လျှောက်ခဲ့တာ
ဘာဖြစ်လာလဲ
ဘာမှမထူးဆန်းဘူး
နေကြ သေကြပါပဲကွာ
တို့တွေ .. ပြန်မဆုံဖြစ်ကြဘူးထင်တာ
ခု ပြန်ဆုံကြတယ်
ဒါကောင်းတယ်
ဒါ အကောင်းဆုံးဆုလာဘ်ပဲ
ဒါကောင်းတယ်
အေး .. ကောင်းတယ်
ဒါပေမယ့် ငါတို့လည်းပြောပါရစေဦး
ငါက ကွင်းစလန်မှာ နွားခြံပိုင်ရှင်
ငါ သြစတြေးလျ ကမ်းခြေတစ်နေရာမှာ ကျခဲ့တာ
အဲဒီမှာ လူသွားဖြစ်
နွားတွေမွေး
နို့စားနွားတွေပေါ့
ငါ့မှာ
နွားနို့တွေ ပါတယ်
အားလုံးသောက်ပစ်ကြ
ဒါဟာ နတ်ဆိုးရဲ့ ဝိုင်ပဲ
နွားနို့ဟာ နတ်ဆိုးရဲ့ဝိုင်ပဲ
နတ်ဆိုးရဲ့ ဝိုင်တွေကို ငါတို့ပဲ သောက်ကြရဲ့။
စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်း ညီအစ်ကိုတစ်တွေ ပြန်တွေ့တဲ့နေ့
(၆)
သောက်နိုင်ကြတာ
ကဗျာဆရာဆိုတာ
နတ်ဆိုးဝိုင်တွေ သောက်တဲ့သူတွေ
အထက်တန်းစားတွေ
ဒုက္ခနဲ့ ဒဏ်ရာတွေဟာ
ငါတို့ရဲ့ ရှုမျှော်ခင်းတွေပဲကွ
ငါတို့တွေ အလှကြည့်နေကျတွေပဲ
ဟုတ်တယ် .. ဟုတ်တယ်
ဟုတ်တယ် .. ဟုတ်တယ်
ဟုတ်တယ် .. ဟုတ်တယ်
အားလုံး ဝိုင်းအော်ကြ
အားလုံးပျော်သွားကြပြီ
ဘာနဲ့တူသလဲဆိုတာ
ဥပမာကလည်း ခပ်ရှာ်းရှားပါပဲ
ဂရင်း ဖာလူဒါဆိုင်က ရေခဲတုံးကြီးလို
ပျော်လို့ ပြဲလို့
အော်လို့ ဟစ်လို့
ခန်းလုံးပြည့် အော်သံတွေ
ပျော်စရာကြီး
(စစ်အတွင်းကကွဲသွားတဲ့ သူငယ်ချင်းညီအစ်ကိုတွေ
ချစ်ခြင်းနဲ့ အမြဲပဲ ညီညာကြစေ)
တေးသံဖောက်ပြီး ထွက်လာ
ဝိုင်ဖောက်သလို တေးသံဖောက်ပြီးထွက်လာ
အားလုံး သီဆိုကြ
ဘာနဲ့တူသလဲဆိုတော့
တီကောင်တွေ အထွေးလိုက်ကြီး ရှုပ်ထွေးသလိုမျိုး
ရှုပ်ထွေးပျော်ရွှင်ကြ
တေးသံ ခဏရပ်အသွား
ဟေ့ .. ငါတို့က နော်မန်ဒီမှာ ကျခဲ့တာကွ
မင်းတို့နဲ့ကွဲကွာပြီး နော်မန်ဒီမှာ
ငါတို့ သွေးအလူးလူးနဲ့ ကျကျန်ရစ်ခဲ့တာ။
(၆)
ဝမ်းမနည်းဘူး
မျက်ရည်မကျဘူး
ဘယ်အရာမှ အလကားမရဘူး
ဒဏ်ရာတွေလည်း အလကားမရဘူး
ဒုက္ခတွေလည်း အလကားမရဘူး
ဘယ်အရာမှ အလကားမရဘူး
ဘယ်အရာမှ အလကားမရဘူး
ဒါ ငါ့ သီအိုရီပဲ
မသစ်လား ..
သစ်ရုံတင်မကဘူး လှနေတယ်။
ဟေ့ ငါက ပုလဲဆိပ်ကမ်းမှာ ကျခဲ့တာ
ကြည့်ပါလား၊ ငါ့သွားတွေ ခေါနေတာ
ငါ ဂျပန်ကျွန်းစုတစ်စုမှာ လူဖြစ်ပြီး
ဟိုက်ကု ကဗျာတွေဘာတွေ ရေးနေတာ
ခုမှ သူငယ်ချင်း ညီအစ်ကိုတွေနဲ့
တွေ့ရအောင် ရောက်လာတာ
စစ်အတွင်းက သူငယ်ချင်း ညီအစ်ကိုတစ်တွေ
ချစ်ခြင်းနဲ့ ညီညာစေ ..
ချစ်ခြင်းနဲ့ ညီညာစေ ..
ူသူ့အသံတိတ်သွား၊ သူ့သွေး သူချိန်ကြည့်နေ
နောက်ထပ် အသံပေါ်လာပြန်
အသံသြကြီးနဲ့
ဟေ့ ငါက စစ်တောင်းမြစ်ဝှမ်းမှာ ကျခဲ့တာကွ
ခု သခွားသီးတွေပါတယ်
စားပစ်ကြ .. ငါက သခွားခင်းပိုင်ရှင်
ဟေ့ .. ငါကရိုးမ ရိုးစမ်မှာ ကျခဲ့တာ
မြို့မဟုတ်ဘူး
ဟေ့ကောင် ခက်ထန်
မင်း မမှတ်မိဘူးလား
ရန်သူ့ ကျည်ဆံ တဖွားဖွားကြားမှာ
ငါတို့တစ်တွေ ရှေ့တက်ခဲ့ကြတာလေ။
စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်း ညီအစ်ကိုတစ်တွေ ပြန်တွေ့တဲ့နေ့
(၈ )
ဟေ့ ငါက ဟန်ဂေရီ စစ်မျက်နှာက
ဗုံးနင်းမိတာ တစ်စစီပဲ ကိုယ့်လူရေ
အဲဒီကနေ လူပြန်ဖြစ်ပြီး
ပါရီ တောရပ်ပိုင်းလေးမှာ နေခဲ့ရတာပေါ့
အရက်ဘားက စားပွဲထိုးလေးပေါ့
အဲဒီကနေမှ ဒီရောက်ခဲ့ရတာ
တစ်ယောက်က ထအော်တယ်
အားလုံး ခဏငြိမ်ပေးကြပါ
ကဗျာဆရာတွေလာနေကြပြီ
သစ်ကုလားအုပ်သံတွေ ကြားရတယ်
မြင်းဟီသံတွေကြားရတယ်
ကျားသစ်သံတွေ ..
ခြင်္သေ့ဟောက်သံတွေ ကြားနေရတယ်
ဟော .. တောခွေးအူသံတွေ ကြားရတယ်
ပင်လယ်လှိုင်းရိုက်သံတွေ ကြားရတယ်
ခြင်္သေ့ဟောက်သံကတော့
ဒါ နေသွေးဦး ခေါ် အာရပ်ဖက်တီးပဲ ဖြစ်မှာ
ဒီကောင်ကြီး ခြင်္သေ့နဲ့ တထေရာတည်းတူအောင်
ဟောက်တတ်တယ်
ဟော .. လှေလှော်သံတွေ ကြားရပြန်ပြီ
ဒါ ကဒုံတင်စိုးပဲ ဖြစ်မှာ
ဟော မြွေတွန်သံတွေ ကြားရပြန်ပြီ
ဒါ မြွေကြီး ခေါ် ဇော်ဝင်းတင့်ပဲ ဖြစ်မှာ
မလွဲပါဘူး။
(၉)
ဟော တကယ်ဝင်လာတော့လည်း
သင်းအုပ်ဆရာ အဝတ်အစားကြီးဝတ်လို့
'ယူကော' ဆိုတဲ့ ကောင်ကြီးရယ်
အာဖရိကဗုံကို ထုနှက်ကာ
ဆန်လည်းမဟုတ် ပြောင်းလည်းမဟုတ်
ဆန်ပြောင်းရယ်
ဟာကြူရီငပျော့ ခေါ် ကြည်ဝင်းမြို့ရယ်
ငါးသလောက် နှစ်ကောင် ပူးချည်ထားတဲ့အပြုံးနဲ့
အခန်းကျယ်ကြီးထဲ အားလုံးလည်းရောက်ရော
ဆန်ပြောင်းရဲ့ အာဖရိကဗုံသံ ကြားရတော့တာပဲ
တခန်းလုံး
အာဖရိကဗုံသံတွေ လွှမ်းမိုးသွား
သူငယ်ချင်းညီအစ်ကိုတစ်တွေ
ရိုးဟေး ညာသံတွေ
ဗုံသံအလိုက် လိုက်ကကြ
အခန်းကြီး ဝက်ဝက်ကွဲမျှ
အတော်ကလို့မောတော့
အားလုံးပိုင်သီချင်းလေးကို
တစ်ယောက်မကျန်သီဆိုကြ
'စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်းညီအစ်ကိုတစ်တွေ
ချစ်ခြင်းနဲ့ ညီညာကြစေ၊
စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်းညီအစ်ကိုတစ်တွေ
ချစ်ခြင်းနဲ့ ညီညာကြစေ'။
စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်း ညီအစ်ကိုတစ်တွေ ပြန်တွေ့တဲ့နေ့
(၁ဝ)
ထိုသီချင်းကို လေးကြိမ်သံပြိုင်သီဆိုပြီး
ဟေ့ ဟေ့ သူငယ်ချင်းညီအစ်ကိုတစ်တွေ
ကြည်ဝင်းမြို့ တို့မှာ ဝက်ပေါင် နှစ်ပေါင်ပါတယ်
ဘာဘီကျူးမီးဖို ဖိုကြရအောင်
ပြီးရင်
ဝက်ပေါင် ကင်ကြရအောင်
ပြီးရင်
ဒီမှာ ဝိုင်တွေ အများကြီးရှိတယ်
ဝက်ပေါင်နဲ့ ဝိုင်နဲ့ သောက်ကြတာပေါ့
ဟေး .. တဲ့
အသံကြီး တစ်စုတစ်ခဲတည်းထွက်
ဘာဘီကျူးမီးဖို ဖိုလိုက်ကြတယ်
မီးပုံကြီးဘေးမှာ
ကြည်ဝင်းမြို့က
သူက ပဲခူးရိုးမမှာ ကျခဲ့တာတဲ့
ယူကောကြီးက
သူလည်း ပဲခူးရိုးမမှာပဲတဲ့
မြွေကြီး ခေါ် ဇော်ဝင်းတင့်က စစ်တောင်းမြစ်ဝှမ်းမှာ
သင်ကြီး ခေါ် စာသင်ကြီးကတော့
အင်ဖာတိုက်ပွဲမှာ
အဲဒီမှာ လူဖြစ်တာ
ဒါဂျီလင်က လက်ဖက်ခင်းထဲမှာ နေနေပြီးမှ
ခုမှ ဒီကိုရောက်လာရတာတဲ့
ပြီးတော့ သူကပြောသေးတယ်
ကမ္ဘာကြီးဟာ ပြားတယ်တဲ့
ဟော .. ဖော်ဝေးရယ်
ဝတ်ရုံအနီကြီးဝတ်ပြီး ဖော်ဝေးဝင်လာ
အားလုံး ၁၅ မိနစ် ငြိမ်သက်စွာ အလေးပြုကြ။
(၁၁)
ငါတို့ သူငယ်ချင်းတွေ ပြန်ဆုံဖို့ဆိုတာ
ဘဝအသီးသီး တိုင်းပြည်အသီးသီးက လာကြရတာ
ဒါအတွက် ငါတို့တွေ စိတ်မပျက်ခဲ့ကြဘူး
ငါတို့မှာ
နတ်တွေတောင် မမြင်နိုင်တဲ့
ခွန်အားတွေအပြည့်ရှိတယ်
ကဗျာဆရာဟာ
တောင်ဝန်ရိုးစွန်းလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ဥတ္တ့ရာယာဉ်စွန်းလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ဧဝရက်တောင်လည်း ဖြစ်တယ်
ကဗျာဆရာဟာ
မြေဝပ်ငှက်ကလေးလိုလည်း နေတတ်တယ်
ကဗျာဆရာဟာ
သတ္တုတွင်း တူးသူလည်း ဖြစ်တယ်
ကဗျာဆရာဟာ
ကြယ်ကလေးတွေလိုလည်း မှိတ်တုတ်မှိတ်တုတ် နေတတ်တယ်
ကဗျာဆရာဟာ
စစ်မုန်းသူလည်း ဖြစ်တယ်
ဝေဟင်မှာ စာမရီငှက်ဖြစ်ပြီး
မြေပြင်မှာ ကေသရာဇာလည်း ဖြစ်တယ်
ရေပြင်မှာ နဂါးဖြစ်တယ်
ကဗျာဆရာဟာ
ရေတွက်မရတဲ့ နာမ်တွေဖြစ်တယ်
မမြင်နိုင်တဲ့ စွမ်းအင်ရှိသူတွေဖြစ်တယ်
လက်ခုတ်သံတွေ တစ်ခန်းလုံး
အုန်းအုန်းကျွက်ကျွက်ဆူညံသွား။
စစ်အတွင်းက ကွဲသွားတဲ့
သူငယ်ချင်း ညီအစ်ကိုတစ်တွေ ပြန်တွေ့တဲ့နေ့
(၁၂)
ဝက်ပေါင်နဲ့ ဝိုင်တွေ အားလုံးသောက်
ဆိုချင်တဲ့သီချင်းတွေ အသံနက်ကြီးတွေနဲ့ ဆိုကြ
ကြိုးတန်းဆွဲပြီး ဟိုဘက်သည်ဘက် ခိုစီးကြ
ကင်းမီးကောက်ထောင်ပြီး လမ်းလျှောက်သူ လျှောက်ကြ
ကျွမ်းထိုးသူတွေကလည်း ရှေ့ကျွမ်း နောက်ကျွမ်းတွေ ထိုးကြ
ဆန်ပြောင်းက အာဖရိကဗုံကိုနှက်လိုက်တော့
အားလုံး မြိုင်သွားပြီး ကကြပြန်ပြီ
ဗုံသံကလည်း မရပ်မနားကို တီးလို့
အားလုံးကလည်း မရပ်မနားကို ကကြလို့
ပျော်စရာကြီးပါ
အခန်းကျယ်ကြီးထဲမှာ
ကဗျာဆရာတွေချည်းပဲ
ကဗျာဆရာ မဟုတ်တာ တစ်ယောက်မှ မရှိဘူး
ဟေး ..
ကဗျာဆရာတွေကွ
ကမ္ဘာကြီးကို မျက်ခြည်မပျက် စောင့်ကြည့်နေတာ
ပြီးရင် ကမ္ဘာကြီးကို အင်္ကျီချုပ်ဝတ်မယ်
တစ်ယောက်တစ်ခွန်းစီ အော်ဟစ်ကြ
အားလုံးလည်း မူးကုန်ကြပေါ့
ဒါပေမယ့်
တစ်ယောက်မှ သတိမလစ်ကြပါဘူး
ဟော .. နောက်ဆုံး ဝင်လာ ရောက်လာတာက
ရော်ဗင်ဟု ခေါ် သိန်းဇက်
သူ့မျက်နှာက လင်းတနဲ့တူတယ်
သူ့ကဗျာကလည်း လင်းတရဲ့ အတ္ထုပ္ပတ္တိတဲ့။
(၁၃)
ဒီကောင်ကြီးဝင်မူး
အာဖရိကဗုံသံနဲ့ကခုန်
အော်ချင်တာတွေ အော်ဟစ်
ခဏနေတော့ ဗုံသံရပ်သွား
အဲဒီမှာ အောင်ချိမ့်အသံကြီးထွက်လာ
'ဟေ့ .. ကဗျာဆရာဆိုတာ ငါတစ်ယောက်တည်းပဲ ရှိရမယ်'
အောင်ချိမ့်ကြီးက ကဗျာဆရာတွေကို သေနတ်နဲ့ပစ်ချလိုက်တော့
အားလုံး
အိုက်တင်အမျိုးမျိုးနဲ့ လဲကျသွားကြ
(သူပစ်တာက ရေသေနတ်နဲ့ ပစ်တာ)
ခဏနေတော့ အားလုံး တဟားဟားရယ်ပြီး ထလာကြ
ကဗျာဆရာဆိုတာ ဘယ်တော့မှ မသေဘူး
သိထား ..
မသေဆေးမြစ်ရှိတယ်
မရပ်နားတဲ့ မြစ်တွေ်ရှိတယ်
အဲဒီလိုနဲ့
အခန်းကျယ်ကြီးထဲက ထွက်ဖို့ပြင်တော့
အခန်းကြီးဟာ ပဒုမ္မာကြာဖက်ကြီးလို
အလိုလိုပွင့်ကျသွား
သူတို့အားလုံးမှာ
ကမ္ဘာသစ်ဝတ်စုံတွေ ဝတ်ပြီးဖြစ်နေတာ
အံ့သြဖွယ် တွေ့ရှိလိုက်ရတယ်။
မောင်ချောနွယ်
#မောင်ချောနွယ် #လှသန်း #လူအိမ် #ဟိန်းမြတ်ဇော် #ခက်သီ #ကြည်ဇော်အေး #အောင်ဘညို
ကဗျာဆရာကေမျိုးငြိမ်း ၁၈-၂-၂၀၂၄ ရက်နေ့ (တနင်္ဂနွေ) မွန်းလွဲ ၂ နာရီတွင် ရေဝေးသုသာန်၌ သင်္ဂြုဟ်ပါမည်။
အသုဘရှုအခမ်းအနားကို ခန်းမ ၃(က) တွင် (၁)နာရီမှ (၂)နာရီအတွင်း ကျင်းပပါမည်။
▪ မြို့ထဲမှ လိုက်ပါပို့ဆောင်မည့်သူများ (၁၁:၃၀) နာရီ ဗိုလ်ချုပ်လမ်း၊ ဝဇီရာရုပ်ရှင်ရုံရှေ့ (လပြည့်ဝန်းလက်ဖက်ရည်ဆိုင်ရှေ့)မှ ကားထွက်ပါမည်။
#ကေမျိုးငြိမ်း
ကဗျာဆရာ
________________
မောင်ချောနွယ်က
တောအုပ်ဆန်တယ်
အောင်ချိမ့်က
ပင်စည်ကြီးမားပြီး အရိပ်ခိုစရာများတဲ့
သစ်ပင်ဆန်တယ်
ဖော်ဝေးက
လွမ်းတတ်သူတိုင်းအတွက် လမ်းဆန်တယ်
မြေချစ်သူက
ရာသီမရွေး လေညင်းဆန်တယ်
သုခမိန်လှိုင်က
ဘယ်လူငယ်ပဲလာလာ ခေတ်ဆန်တယ်
ကျွန်တော်တို့ကတော့
လူမိုက်ဆန်ပါတယ်
တစ်စက်လေးကျန်တဲ့အထိ
အရသာရှိခဲ့ကြတယ် ။
- အောင်ခိုင်မြတ် -
#အောင်ခိုင်မြတ် #ခက်သီ #နောင်မင်းနိုင် #ကေမျိုးငြိမ်း
ကဗျာဆရာကေမျိုးငြိမ်း ဖေဖော်ဝါရီ ၁၆ နံနက် (၆းဝ ဝ) နာရီတွင်ကွယ်လွန်သွားပါသည်။
သတိရခြင်း အစိမ်း
__________________ ကေမျိုးငြိမ်း
ဆေးလိပ်မီးခိုး တစ်လွင့်မှာ
ကျွန်တော်က ခိုးခိုးပွင့်ရတဲ့ သက်ပြင်းလား ။
နံရံက ဂစ်တာ
လတစ်ခြမ်း သစ်ရိပ်တစ်ခြမ်း
ဘဝတစ်ခြမ်း ။
ရင်မှာ တစ်ယောက် တစ်မြို့စီ
တစ်မြို့ တစ်လမ်းစီ
တစ်လမ်းဆိုတာက တစ်ကမ္ဘာ ။
ဝေးတယ်
စာချင်း ဆက်သွယ်၍ မရ
ဖုန်းချင်းနီးစပ်၍ မရ
ဘယ်မှာလဲ
ဘယ်လိုလဲ ။
လေထဲမှာလည်း မင့်သတင်းက မပါပြန်ဘူး ။ ။
#ကေမျိုးငြိမ်း
ရုပ်ရှင်သစ္စာ ၂၀၀၅
#ကေမျိုးငြိမ်း
မင်းတစ်ယောက်တည်းမဟုတ်ဘူး
---------------------------------------------------
လှသန်း
လောကထောင့်ကျဉ်းထဲမှာ
ခံတွင်းပျက်နေပြီလား
မင်းတစ်ယောက်တည်းမဟုတ်ဘူး
လက်တင်အမေရိက
ကချေသည်မတစ်ယောက်က ပြောတယ်
တစ်ဘဝတည်းမှာပဲ
နှစ်ဘဝစာလောက် ဒုက္ခခံခဲ့ရသမို့
မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့တောင်အာရှက
တရားမဝင် အလုပ်သမားတစ်ယောက်က ပြောတယ်
နာကျည်းခံပြင်းမှုတွေကို
အတိအလင်း ဖော်ပြရရင်
မင်းတစ်ယောက်တည်း မဟုတ်ဘူး
အရှေ့ဥရောပက
ကဗျာဆရာ တစ်ယောက်က ပြောတယ်
လူလိုမနေရတာ ကြာတော့
လူစိတ်ကလည်း ပျောက်လုလု
မင်းတစ်ယောက်တည်း မဟုတ်ဘူး
အာဖရိကက
စားစရာမရှိတဲ့ လူတစ်ယောက်က ပြောတယ်
ကောင်းပြီ၊ ဘယ်သူတွေ ပါသေးသလဲ
ခေတ်ကြီး တစ်ခုလုံး ပါတယ်
ခေတ်ကြီး တစ်ခုလုံးကို အဖော်လုပ်ရမှာဆိုတော့
နည်းနည်း စိတ်ညစ်စရာ ကောင်းမှာပေ့ါ
ကဲ.. ကဖေး တခုခုမှာ ချိန်းတွေ့ရအောာင်
ဂျာကာတာက ဖက်ရှင် ကဖေးမှာလား
ဟိုချီမင်း စီတီးက ကွန်ဒွန်ကဖေးမှာလား
တိုကျိုက ဆိုင်ဘာကဖေးမှာလား
ကွာလာလမ်ပူက ဟာ့ဒ်ရော့ခ် ကဖေးမှာလား
ရေငုပ်သင်္ဘောလို နေလို့ မဖြစ်တော့ဘူး… တဲ့
အာကာသယာဉ်လို နေမှ ဖြစ်တော့မယ်… တဲ့
ယဇ်ပလ္လင်ပေါ်ကို
ခေါင်းထိုးတင်လိုက်တဲ့ သိုးတစ်ကောင်က ထ အော်တယ်
မင်းတစ်ယောက်တည်း မဟုတ်ဘူး
နေ့စဉ်နဲ့အမျှ
ကားကြိတ်ခံနေရတဲ့ လမ်းမက ထ အော်တယ်
မင်းတစ်ယောက်တည်း မဟုတ်ဘူး
သွေးစသွေးနနဲ့တူတဲ့
စိန်ပန်းပွင့်တွေက ထ အော်တယ်
မင်းတစ်ယောက်တည်း မဟုတ်ဘူး
မဝေးတော့တဲ့ နွေဦးအတွက်
စုဘူးကို ဖောက်လိုက်ပါတော့
မင်းတစ်ယောက်တည်း မဟုတ်ဘူး။ ။
ရနံ့သစ်
၁၉၉၇
#လှသန်း
သူတို့
ငယ်ရွယ်မှုကို
ဘာနဲ့မှတုလို့ မရပါဘူး
ဒါကြောင့် သူတို့
သူတို့ အရူးအမူး ချစ်ကြပါစေ
ချစ်ကြပါစေ။
အရူးအမူး ချစ်ကြပါစေ
ပြီးလျှင် ကောင်းမွန်စွာ
တာဝန်ထမ်းဆောင်ပါလိမ့်မယ်
သူတို့ ။
- အောင်ချိမ့် -
#အောင်ချိမ့် #သူတို့
ကျျွန်တော်သေနေတာကို
ကျွန်တော့်ဘေးကဦးအောင်ချိမ့်
မသိနိုင်တော့ပါ
၉၆ မေ ဇွန်လောက္မှာတာမွေ၁၆၅လမ္းက
ကုိချစ်ဝင်းမောင်ရဲ့ရနံ့သစ်မဂ္ဂဇင်းတိုက်ကို
မနက်အေစာကြီးကျွန်တော်ရောက္သွားပါတယ်။ကဗျာပါလို့စာအုပ်နဲ့စာမူခသွားထုတ်တာပါ။ကိုချစ်ဝင်းမောင်ကလမ်းထိပ်ကလက်ဖက်ရည်ဆိုင်သွားနေလို့အရေးကြီးရင်လိုက်သွားပါလို့အစ်မကပြောပါတယ်။ဒါမှမဟုတ်ရင်ခဏထိုင်စောင့်နေလို့လဲရပါတယ်လို့ပြောလို့ထိုင်ပဲစောင့်နေလိုက်ပါတယ်။ မဂ္ဂဇင်းရုံးလေးထဲမှာကျွန်တော့်ရှေ့ကလူတစ်ယောက်လည်းထိုင်စောင့်နေပါတယ်။ကျွန်တော်လည်းဟိုကြည့်ဒီကြည့်နဲ့ကြောင်တောင်တောင်ကြီးထိုင်လို့ပေါ့ တဘက်လူကလည်းဘယ်သူများမသိ၊စကားပြောရအောင်ကလည်းဘယ်ကစရမှန်းမသိဘူးပေါ့လေ။ အဲဒီအချိန်မှာဘာကိစ္စနဲ့လာတာလဲညီလေးလို့သူကမေးပါတယ်။ကဗျာပါလို့ပါလို့ပြော
ေတာ့ ညီလေးကဘယ်သူလဲဘယ်ကလဲဆိုတော့ကျွန်တော်ဟိန်းမြတ်ဇော်ပါ မန်းလေးကပါ ရန်ကုန်မှာအလုပ်လုပ်ဖို့ဆင်းလာတာပါပေ့ါ ပြောပြီးအစ်ကိုကကောဘယ်သူလဲဆိုတော့....
ကိုယ်က အောင်ချိမ့်ပါ။ ။
- ဟိန်းမြတ်ဇော် -
ကဗျာဆရာဟိန်းမြတ်ဇော် ၁၁ရက် ဖေဖော်ဝါရီ ၂၀၂၄ တနင်္ဂနွေနေ့ နေ့လယ် ၁၁နာရီ ၅၈မိနစ် ရန်ကုန်မြို့တွင် ကွယ်လွန်သည်။
ပထမဆုံးဝတ္ထု
_______________ ဟိန်းမြတ်ဇော်
အဝေးက
နှလုံးသားရဲ့ပျံလွှားငှက်ကလေးထွက်ကျလာလို့
ဒီမြေကို တူးဖော်ပြီး ဖျော်ဖြေခဲ့တယ်။
မိုးချုန်းသံတွေနဲ့
လူသားနှစ်ဦးရဲ့ ဖက်တွယ်ဝင်းမည့်မှုက
ကန်ပေါင်ပေါ်မှာ ငါးမျှားတံလေးတစ်ချောင်းနဲ့
ထိုင်လို့...
သူ့ဘဝကိုယ့်ဘဝ ရုန်းကန်ရတဲ့အခါ
အကြည့်လေးတစ်ချက်ထဲမှာကိုပဲ
လျှပ်စစ်ဓာတ်အားတွေ ပိုလျှံနေခဲ့တယ်။
၁၉၉၇
ကိုယ်က
ယဉ်ကျေးတယ်
သွေးအေးတယ်။။
ဟန်သစ်၊၂၀.၁၂.၂၀၀၀
#ဟိန်းမြတ်ဇော် #ပထမဆုံးဝတ္ထု
ကြက်ကလေးငှက်ကလေးဖမ်းသလို
ဖမ်းမယ်ဆိုရင်တော့
မေတ္တာတရားကိုမိမယ်မထင်ဘူး ။
- အောင်ခိုင်မြတ် -
မျက်ရည် ... ကဗျာမှ
#အောင်ခိုင်မြတ် #မျက်ရည်
၇/ဒဥန(နိုင်) ၀၂၃၇၂၅
________________________ မာန်ထက်သာ
ရထားလက်မှတ်၀ယ်တော့ ဘ၀ကိုခုံမဲ့လိုက်ပါစီးနင်းခွင့်ရတယ်
အိပ်မက်ကိုဆန်ဖို့ ရိုးရိုးတန်းအရောင်းကောင်တာမှာ ရိုးရိုးပဲစုန်မျှောခဲ့သူ
ဒီကောင်၊ လူယောင်ဆောင်ထားတဲ့ ဝံပုလွေတစ်ကောင်ဖြစ်ပြီး
ဝံပုလွေယောင်ဆောင်ထားတဲ့ သိုးတစ်ကောင်ဖြစ်တယ်
အရပ် ရေတိမ်တစ်နစ်စာ၊ ကိုယ်အလေးချိန် ၁၀၉/၁၁၀ ပေါင်
အသားအရောင် ည၊ မွေးသက္ကရာဇ် အမြဲတမ်းလွန်ခဲ့သော (၂၂)နှစ်
သွေးအမျိုးအစား အတ္တာဟိ အတ္တနော နာထော
ထင်ရှားတဲ့အမှတ်အသား နဖူးမှာပစ်မှတ်ပါတယ်
နေရပ်လိပ်စာ ပင်လယ်ဓားပြတွေရဲ့ မှောက်ဖဲဆန်တဲ့ကျွန်း
ကိုယ့်အတွက်ကိုယ် ဆန်ပြုတ်တစ်အိုးတောင် မလတ်ဆတ်တတ်ခဲ့တဲ့
အားလူးစားသူတွေအတွက်ဆို ကံကြမ္မာနဲ့ ပွဲစားလုပ်ပေးချင်တဲ့ကောင်
မြို့တစ်မြို့ကို ကဗျာဆရာတစ်ယောက်ရဲ့ အရင်းအနှီး မ,တည်ပေးချင်တဲ့ကောင်
မုန်းသူကို ဂစ်တာတစ်လက်နဲ့ မျက်၀န်းချွေးမြေကျ ဖွဲမီးဖိုတတ်တဲ့ကောင်
ချစ်သူကို ဓာတ်ဆီနဲ့ဘဏ်စာအုပ်လက်ဆောင်ပေးဖို့ နောင်တနဲ့မိုးအုံ့နေတဲ့ကောင်
ဒီကောင်က
ဆံပင်ရှည်ရှည်၊ အရပ်မြင့်မြင့်၊ သူများနဲ့ညားမယ့်ဖူးစာပါလာတဲ့သူကိုချစ်တတ်ပြီး
ဆံပင်လိမ်ကောက်ကောက်၊ အရပ်ပုပု၊ အသားမည်းမည်း၊ ကိုယ်ခန္ဒာ ပိန်ပိန်လှီလှီနဲ့
ကျောင်းသားဆိုတဲ့အလုပ်အကိုင်နဲ့ မိဘအိတ်ထောင်ထဲလက်တစ်ဖက်ပြတ်ကျ
လက်ဖက်ရည်နေ့ ဘီယာည ဖြစ်နေတဲ့သူတွေကို အရမ်းမုန်းတတ်တယ်
သူနဲ့တူလွန်းလို့တဲ့ ဒီကောင်က
သူ့ကြောင့် ဘယ်သူမှစစ်မဖြစ်ရအောင် ကဗျာကိုရွေးချယ်ခဲ့ပြီး
ရုက္ခဗေဒသင်ရိုးနဲ့ ပင်လယ်မှာစံပယ်ပွင့်အောင် ကျောက်ဆောင်ကိုထွန်ယက်နေတဲ့ကောင်
အလင်းနှစ်တစ်သန်းစာ ရင်ခွင်ရပ်ခြားထာ၀ရငြိမ်းချမ်းနားတစ်စုံအတွက်
ရင်ကိုပလပ်ပေါက်မတပ်ဘဲ နှလုံးသားကိုခေါင်းလောင်းထိုးပြီးလှူခဲ့တဲ့ကောင်
ဒီကောင်က မာန်ထက်သာဖြစ်ချင်လွန်းလို့ အောင်ကိုကိုဦးကို မေ့တတ်လွန်းပြီး
ဘ၀မှာအနုပညာဆိုတဲ့ တန်ဆာမဲ့ခံစားမှုတွေပါလာလို့
မှတ်ပုံတင်ကလေးထုတ်ထုတ်ပြီး ဒဏ်ကြေးငွေတွေဆောင်ခဲ့ရပေါင်းများပေါ့
ဒါလည်း လက်မှတ်စစ်က ၇/ဒဥန(နိုင်) ၀၂၃၇၂၅ ကို အခုထိအလွတ်မရသေးဘူး။ ။
#မာန်ထက်သာ
ဆုံးရှူံးမှု သစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သဘာဝရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ်အမေ
အမမေသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမေရဲ့ ။
တကယ်တော့လည်း အမေရယ်
ကဗျာဆိုတာ
ဒဏ်ခံကြိုးလေး တချောင်းပါဗျာ ။
အမေရယ်...
ဟောဒီ ကမ္ဘာလောကကြီးမှာ
အမေ့သား ကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလား အမေ
သားရဲ့အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူး အမေရယ် ။
- မောင်ချောနွယ် -
သင်ယူခဲ့ရသော အဓိပ္ပါယ်များ
________________________________ လင်းမာအို
အချစ်ဆိုတာ
ကိုးတန်း B ခန်းက စီစီဝင်းဆိုတဲ့
ကောင်မလေးဖြစ်ပြီး
ဒုက္ခဆိုတာ
ကျက်ဖို့မေ့လာတဲ့
ဘိုင်အိုတစ်ပုဒ်ပဲဖြစ်တယ်
ရဲဘော်ရဲဘက်ဆိုတာ
ကျောင်းအိမ်သာမှာ
ဆေးလိပ်တစ်လိပ်ကို
မင်းတစ်ရှိုက် ငါတစ်ရှိုက်
ခိုးဖွာခဲ့ကြသူတွေဖြစ်ပြီး
ဂျော်လကီးဆိုတာ
ရှေ့ဆုံးတန်းမှာထိုင်ပြီး
ကောင်မလေးတွေနဲ့ပဲ ရောနေတတ်တဲ့
အသံပြာပြာ ကြက်တူရွေးတစ်ကောင်ဖြစ်တယ်
လိင်ကိစ္စဆိုတာ
ဖိုတိုရှော့နဲ့လုပ်ထားတဲ့
ထက်ထက်မိုးဦးပုံကို
ဝိုင်းအုံကြည့်ရှုခြင်းဖြစ်ပြီး
ငွေရှာတယ်ဆိုတာ
အခြားအခန်းကကောင်တွေနဲ့
ဘောလုံးချိန်းကန်တဲ့ တနင်္ဂနွေဖြစ်တယ်
စွန့်စားခန်းဆိုတာ
ကျောင်းနောက်ဖေးပေါက်ကနေ
ငမိုးရိပ်ချောင်းနားက ရေကန်မှာ
ရေသွားကူးကြတဲ့ ဇာတ်လမ်းဖြစ်ပြီး
ရရှိဖူးတဲ့ဆုတံဆိပ်ဆိုတာကတော့
ခြေသလုံးက ပူစပ်စပ် အရှိုးရာတွေဖြစ်ခဲ့ပါတယ်။
ကဗျာဆရာလင်းမာအိုသည် ၂၀၁၈ အောက်တိုဘာ ၂၀ မြောက်ဒဂုံနေအိမ်တွင် ကွယ်လွန်ခဲ့သည်။
#လင်းမာအို #သင်ယူခဲ့ရသောအဓိပ္ပါယ်များ
ကဗျာဆရာကွယ်လွန်ခြင်း
________________________ သက်ငြိမ်သစ်
မီးခိုးငွေ့တွေဖြစ်သွားသည်အထိ
အသွေးသားရှိတယ်
ဒီလိုတွေးခေါ်ပါတယ်
စိတ်ကူးသစ်လက်နဲ့ထွင်းယူလို့
သိမ်မွေ့သောသစ်ရွက်လေတိုးသံလေးတွေကအစ
ပန်းပုရုပ်လေးတွေဖြစ်လို့
ထိုပန်းပုရုပ်ကလေးတွေက
ကဗျာတွေရွတ်ဆိုလို့
သန့်ရှင်းသူရဲ့လမ်းမှာ
ကိုယ်ကျိုးမရှာခဲ့သူ နေရောင်ခြည်
ထိုနေရောင်ခြည်ဟာ ကမ္ဘာမြေနဲ့တွေ့ဆုံလို့
ထိုကမ္ဘာမြေဟာလည်း
ကဗျာတွေရွတ်ဆိုလို့။
၂၀ ၉ ၂၀၂၀
ဓာတ်ပုံ - Moe Way
ကဗျာဆရာသက်ငြိမ်သစ်သည် ၂၀၂၁ ဧပြီ ၂၁ နေ့လယ် ၁၁ နာရီခွဲ လက်ပံတန်းမြို့တွင်ကွယ်လွန်ခဲ့သည် ။
အရေးတော်ပုံ
_________________ လင်းမိုးစွေ
ဖျက် ပစ် ကြမယ်မှန်း သိတယ်
ငြမ်း ဖြစ်မှတော့
ဘုရားပြီးအောင်ထိ စောင့်ရမှာပေါ့...၊
တောင့်ထား
မပြီးမှာပဲ စိုးရိမ်တာပါ...။
ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း
ငါသိပြီ
ငါဟာ
''ဘယ်သူပြိုင်လို့ လှပါတော့နိုင်"
ဇာတ်ကား နောက်ဆုံးခန်းထဲက
ဦးအံ့ကျော်ပဲ ။
ကိုယ့်အချစ်စိတ်ကို အသံထွက် မပြခဲ့ရဘူး ။
မျက်လုံးနဲ့ပဲ ပြခဲ့ရတယ် ။
- ကျော်မျိုး -
မိုးလေ၀သ
__________________________________ ဇင်လင်းနောင်
လက်ဖက်ရည်တစ်ခွက်သောက်ပြီး
ကော်ဖီတစ်ခွက်ထပ်မှာတော့
စားပွဲထိုးကောင်မလေးက ရယ်သွားတယ်
ဇာတ်ကြောင်း ဇာတ်ကွက်ဆိုတာ
အနုပညာကို သတ်တဲ့ အဖျက်အမှောင့်ဆိုပဲ
ပန်းခြံထဲက ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ
လူငယ်တွေ selfie ဆွဲနေကြတယ်
အလောင်းမှာ ဓါးက စိုက်နေတုန်းပဲ
အဲ့ဒီ ရုပ်ရှင်ကားထဲ
အခု အရှင်လတ်လတ် ရောက်နေသလိုဖြစ်နေပြီ
စာအိတ်ထဲမှာ ဘာစာမှ ပါမလာဘူး
လူနာတင်ယာဉ်ဟာ
ငါမပါဘဲ ပြန်ထွက်သွားတယ်။ ။
ဇင်လင်းနောင်
၂.၁၀.၂၀၂၂
ဝမ်းတွင်းစုန်း
_________________ ကိုသျှပ် (ကန့်ဘလူ)
သင်လို့ တတ်ခဲ့တာ မဟုတ်ဘူး
မွေးရာပါ မှားတဲ့သန္ဓေဟာ
ကြာကြာဝါးတော့ ခါးတယ်
တူးလိုက်
နား ... နားပြီး ဆက်တူးလိုက်
မိုက်တွင်းတွေ နက်သထက်နက်ခဲ့ပေါ့ ... ။
ယုံကြည်လို့
ကျားစွယ်ကို သွေးသောက်ခဲ့
ယုံကြည်လို့
သစ်ပင်ကို ခုတ်ပြီး
သစ်ငုတ်ကို ကိုးကွယ်ခဲ့
ယုံကြည်လို့
ဆေးမှင်ကြောင်တွေ ဖျက်ခဲ့
ယုံကြည်လို့
သစ္စာတရားကို အဆိပ်ခပ်ခဲ့
ယုံကြည်လို့
ကိုယ်စားရမယ့် ညစာထဲ
ကိုယ်တိုင် အပင်း သွင်းခဲ့
အလျော်အစားမရှိတဲ့ ကစားပွဲမှာ
ချစ်တော့ ချစ်လို့
မုန်းတော့ မုန်းလို့
တစ်ဖက်မှာ ပြုစားခံရစမြဲ။...........။
#ကိုသျှပ် #ဝမ်းတွင်းစုန်း
မိစ္ဆာဝိုင်ကိုသောက်ကြည့်ခြင်း ၊ သို့မဟုတ် ကဗျာဆရာလှသန်းနှင့်တွေ့ဆုံခြင်း
_______________________________________________ အောင်ဘညို
‘ ကဗျာတွေ ရှင်ချင်ရင် ကဗျာဆရာ သေဖို့သာ ပြင်ပေရော့ ’
‘ အေးရာအေးကြောင်း ’ ကဗျာမှ
၁၉၉၈ ။
ကဗျာ ဆိုတာ ပဟေဠိဝှက်တမ်း ကစားနေတာ မဟုတ်ပါဘူး ။ ဆုံးမစာလိုလို ၊ နီတိလိုလို ပညာပေး နေတာလည်း မဟုတ်ပါဘူး ။ စတုရန်းတွေ ၊ တြိဂံတွေထဲ အပေါစား စာသားထည့်ပြီး ကလေးတွေ တီဗီဂိမ်း ဆော့သလို ဆော့ရတဲ့ အရာလည်း မဟုတ်ပါဘူး ။ စကားလုံးတွေ လော်မာပြီး အဓိပ္ပာယ်မဲ့ ၊ အဆက်အစပ်မဲ့ ထင်ရာမြင်ရာ ရေးနေတဲ့ စကားလုံးစွပ်ပြုတ် မဟုတ်ဘူး ။
ကျွန်တော်တို့ လူငယ်တွေဟာ ကုန်းဘောင်ခေတ်က ဦးပုည ၊ အချုပ်တန်း ဆရာဖေတို့ရဲ့ တေးထပ်တွေကိုလည်း တန်ဖိုးအနဂ္ဂ ထားပေရဲ့ ။ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ မဟာလေးချိုးကြီးတွေဟာလည်း နှလုံးသားထဲ ခေတ်အဆက်ဆက် ခုန်ကြွနေပေလိမ့် ။ ဆရာ ဇော်ဂျီ ၊ ဆရာ မင်းသုဝဏ်တို့ရဲ့ ခေတ်စမ်းကဗျာများဟာလည်း ရာစုအဆက်ဆက် ဝင်းပြက်နေပေလိမ့် ။ စာပေသစ် မုခ်ဦးက ဆရာ ဒဂုန်တာရာ ၊ ကြည်အေးတို့ ကဗျာတွေကလည်း ကျွန်တော်တို့ သွေးသားထဲ မြစ်ကြီးတစ်မြစ်လို တသွင်သွင် စီးဆင်းနေဆဲပါ ။
စာပေပုံသဏ္ဍာန် တစ်ရပ်ဟာ အဓိပ္ပာယ်မဲ့ ပေါ်ပေါက်လာတာ မဟုတ်ပါဘူး ။ ( မိဘမဲ့ ၊ အဖမဲ့ သားတွေ မဟုတ်ပါဘူး ။ ) ခေတ်ရဲ့ တောင်းဆိုမှုအရ ပေါ်ပေါက်လာတာပါ ။ ကျွန်တော်တို့ဟာ ခေတ်စမ်းရဲ့ နောက်မြီးဆွဲ နဝဂန္ထဝင် ကဗျာတွေကိုလည်း မပစ်ပယ်ခဲ့ပါဘူး ။ ခေတ်နဲ့ အံမဝင်တော့တဲ့အခါ ရှေးဟောင်းအမွေအနှစ် အနုပညာတွေဟာ ယဉ်ကျေးမှု ပြတိုက်ထဲ ခံ့ခံ့ညားညား နေရာယူခဲ့ကြပါတယ် ။ အသစ်ကို မြတ်နိုးတဲ့ လူငယ်များဟာ အတားအဆီးတွေ ၊ အတန်းအစားတွေ ၊ အပိတ်အဆို့တွေကြားက ရုန်းကန်ဖူးပွင့်လာကြ ရတာဟာ ဓမ္မတာပဲ ဖြစ်ပါတယ် ။ လူကြီးနဲ့လူငယ် ၊ အဟောင်းနဲ့အသစ် ပဋိပက္ခ အတွက်ကတော့ ခေတ်တိုင်းမှာ ရှိနေမှာပါပဲ ။ ကျွန်တော်တို့ဟာ ဂန္ထဝင် ကဗျာတွေကို မပစ်ပယ်ခဲ့ပါဘူး ။ နှလုံးသားထဲက မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထား သိမ်းဆည်းထားဆဲပါပဲ ။
ကနေ့ ခေတ်ပေါ်ကဗျာကို စူးရှထက်မြက်စွာ တစိုက်မတ်မတ် ရေးဖွဲ့နေသူကတော့ ကဗျာဆရာ လှသန်းပဲ ဖြစ်ပါတယ် ။ လှသန်းရဲ့ မိုးဝေ မဂ္ဂဇင်း ၁၉၈၃ ခုနှစ်ထဲမှာ ‘ ပေါင်ချိန်ကြစို့ ’ ကဗျာကို မှတ်မှတ်ရရ စတင်ဖတ်ခဲ့ဖူးပါတယ် ။ ၁၉၈၉ နောက်ပိုင်းမှာတော့ လှသန်းရဲ့ ကဗျာတွေ မဂ္ဂဇင်း စာမျက်နှာပေါ်မှာ အတွေ့စိပ်လာပါတယ် ။ လှသန်းရဲ့ နိမိတ်ပုံတွေ ၊ သင်္ကေတတွေ ၊ စကားလုံး ခွန်အားတွေဟာ ကဗျာဖတ်သူရဲ့ သွေးကြောထဲ စိုက်ထိုးလိုက်သလို ပူနွေးသွားပြီး အလင်းတစ်ခု ပွားလာသလို ခံစားခဲ့ရပါတယ် ။ လှသန်းရဲ့ ကဗျာတွေထဲက ‘ လက် ’ ၊ ‘ ရေသူမနဲ့ ညစာစားခြင်း ’ ၊ ‘ အာရှတိုက်ရဲ့ တစ်နေရာ ’ ၊ ‘ တောင်အမေရိက သွားချင်တယ် ’ ကဗျာတွေဟာ ကဗျာဖတ်သူ ရင်ထဲကို စွဲထင်ကျန်ရစ်ခဲ့တဲ့ ကဗျာတွေပဲ ဖြစ်ပါတယ် ။ ကဗျာဆရာ လှသန်းရဲ့ သွေးခုန်နှုန်းကို တိုင်းထွာနိုင်ဖို့ တင်ဆက်လိုက်ပါတယ် ။
မေး - ပထမဦးဆုံး ကဗျာအဖြစ် ရွေးချယ်ခဲ့ပုံကို သိပါရစေ ။
ဖြေ - ကဗျာဆရာ အဖြစ်ကို ရွေးချယ်ခဲ့ခြင်း မဟုတ်ပါ ။ ငယ်စဉ်ကတည်းက စာတွေ ဖတ် ၊ ကဗျာတွေ ဖတ် ၊ သီချင်းနားထောင် ၊ ဂစ်တာတီး ၊ ရုပ်ရှင်တွေ ကြည့်ရင်း အလယ်တန်း ကျောင်းသားဘဝမှာ ကဗျာ ရေးချင်စိတ် ပေါ်လာပြီး ကဗျာတွေ စမ်းရေး ၊ မဂ္ဂဇင်းတွေကို ကဗျာတွေ လှမ်းပို့ဖြစ်တယ် ။ အဲဒီ အချိန်က ရှုမဝ ၊ မိုးဝေ ။ ဖေဖော်ဝါရီလ မိုးဝေ မဂ္ဂဇင်းမှာ ‘ ဆူးလေလမ်းရဲ့ ရာဇဝင် ’ ဆိုတဲ့ ကဗျာကို ပထမဆုံး ပုံနှိပ်ဖော်ပြ ခံရပါတယ် ။ အဲဒီတုန်းက စာမူခ မရပါဘူး ။ စာအုပ်လက်ဆောင်ပဲ ရခဲ့ပါတယ် ။ အဲဒီလိုနဲ့ ကဗျာတွေ ဆက်ရေး ၊ မဂ္ဂဇင်းတွေကို စာမူတွေ ဆက်ပို့ ဖြစ်ပါတယ် ။ အပယ်ခံရတာလည်းရှိ ၊ ဖော်ပြခံရတာတွေလည်း ရှိခဲ့ပါတယ် ။ ဘဝမှာ အသက်မွေးဝမ်းကျောင်းအလုပ် အမျိုးမျိုး ကျင်လည်ခဲ့ရပေမဲ့ ကဗျာ ရေးချင်စိတ် တစ်ခုတည်းနဲ့ ကဗျာတွေ ရေးခဲ့တာပါ ။ ရေးချင်တဲ့အခါလည်း ရေး ၊ မရေးချင်တဲ့အခါလည်း မရေး ၊ မဂ္ဂဇင်းတွေဆီ ပို့ချင်တဲ့အခါလည်း ပို့ ၊ မပို့ချင်တဲ့အခါလည်း မပို့ဘဲ နေခဲ့ပါတယ် ။ တက္ကသိုလ်ရောက်မှ ကဗျာ ရေးမယ် ၊ ဘွဲ့ရမှ ကဗျာ ရေးမယ် ၊ ပင်စင်ယူပြီးတော့မှ ကဗျာ ရေးမယ် ၊ ပုံမှန်ဝင်ငွေရှိမှ ကဗျာ ရေးမယ် ၊ ဘဝမှာ ဘာလုပ်လုပ် အဆင်မပြေတော့မှ ကဗျာ ရေးမယ် ၊ လူရာဝင်ချင်လို့ ကဗျာ ရေးမယ် ၊ တွေ့ကရာတွေ လျှောက်ရေးပြီး ကလောင်နာမည် လူသိမှ ကဗျာ ရေးမယ် စသည်ဖြင့် ရွေးချယ်ခဲ့ခြင်း လုံးဝမဟုတ်ပါ ။ တစ်ဆက်တည်း ပြောရရင် ကဗျာ ရေးလာတာ ပုံနှိပ်စာလုံး စဖြစ်ချိန်က စရေတွက်ရင် ၂၄ နှစ်ကျော် ရှိပါပြီ ။ ကိုယ့်ကိုယ်ကိုယ် ကဗျာဆရာလို့ မခံယူရဲသေးပါ ။ ကဗျာဆရာ ဆိုတာ ကဗျာ ဖတ်သူနဲ့ အချိန်ကာလ သတ်မှတ်ပေးပါလိမ့်မယ် ။ ခုချိန်ထိ ကိုယ့်ကိုယ်ကိုယ် ကဗျာ ရေးသူလို့ပဲ ခံယူပါတယ် ။
မေး - လေးစားအားကျတဲ့ ပြည်တွင်းပြည်ပ ကဗျာဆရာတွေကို ပြောပြပါလား ။
ဖြေ - ပြောရရင်တော့ ဖတ်ဖူးသမျှ ဂန္ထဝင် ကဗျာဆရာ အားလုံးကို ကြိုက်ပါတယ် ။ သူတို့က သေချာပြီးသားမို့ပါ ။ ကြိုက်ခဲ့တာတွေကတော့ အများကြီးပါ ။ ပြည်တွင်းကဆို ဂန္ထဝင်ရော ၊ ခေတ်စမ်းရော ၊ တာရာခေတ် ၊ မိုးဝေခေတ်ကနေ ဒီနေ့ကဗျာတွေထက် ကြိုက်တာတွေ အများကြီးပါ ။ စိတ်ထဲ ပေါ်ပေါက်သလောက် ပြောရရင် ရှင်မဟာရဌသာရ ၊ ရှင်မဟာသီလဝံသ ၊ ရှင်ဥတ္တမကျော်လည်း ကြိုက်တာပဲ ။ ဦးကြင်ဥ ၊ ဦးကြော့လည်း ကြိုက်တာပဲ ။ စိန္တကျော်သူ ဦးသြ ၊ ဝန်ကြီးပဒေသရာဇာလည်း ကြိုက်တာပဲ ။ ဖိုးသူတော်ဦးမင်းတို့လည်း ကြိုက်တာပဲ ။ ဦးပုည ၊ အချုပ်တန်းဆရာဖေလည်း ကြိုက်တာပဲ ။ သခင်ကိုယ်တော်မှိုင်း ၊ ဇော်ဂျီ ၊ မင်းသုဝဏ်တို့လည်း ကြိုက်ပါတယ် ။ ဒဂုန်တာရာ ၊ ကြည်အေး ၊ ဒေါင်းနွယ်ဆွေ ၊ နေသွေးနီ ၊ မင်းလှညွန့်ကြူး ၊ ကြည်လင် ၊ ကန်မြဲအေးကျော် ၊ ဝင်းဖေ ၊ မောင်သင်းခိုင် ၊ မောင်လေးအောင် ၊ မောင်ယဉ်မွန် ၊ ဖော်ဝေး ၊ သုခမိန်လှိုင် ၊ မောင်ချောနွယ် ၊ အောင်ချိမ့် ၊ မြေချစ်သူ ၊ မောင်လူမှိန် ၊ သစ္စာနီ ၊ ဇော် ( ပျဉ်းမနား ) ၊ မအိ ၊ မောင်ခိုင်မာ ၊ ပိုင်စိုးဝေ ၊ မောင်သင်းပန် ။ ( နာမည်တွေ ကောက်သင်းကောက်နေရလို့ တချို့ လေးစားအားကျပေမဲ့ မေ့နေတဲ့ ကဗျာဆရာတွေ ခွင့်လွှတ်ပါ ။ )
ပြည်ပက ဆိုရင်လည်း ( ဘာသာပြန်တွေကတစ်ဆင့် ) ရှိတ်စပီးယား ၊ ဒန်တေ ၊ ဂွယ်ထည် ၊ တဂိုးတို့လည်း ကြိုက်တာပဲ ။ မာယာကော့ဖ်စကီး ၊ နီရူဒါ ၊ ဘားတော့ဗရက် ၊ အိုက်ကျင့်လည်း ကြိုက်တာပဲ ။ အိလိယော ၊ ဒလန်တောမတ်လည်း ကြိုက်တယ် ။ အော်ဒင် ၊ စီဒေးလူးဝစ္စ ၊ စတီဖင်စပင်ဒါလည်း ကြိုက်တာပဲ ။ အမေရိကန်က အလန်ဂျင်းစဘတ် ၊ ရုရှက ယက်ဖ်တူရှင်ကို ၊ ဘောစနက်စင်စကီး ၊ ပြင်သစ်က ဂျက်ကွက်ပရေးဗား ၊ ဂျာမနီက အိုင်ဇင်ဘာဂျာ ၊ အီတလီက ကွာစီမိုဒို ၊ အရှေ့ဥရောပက ဟိုးလဗ် ၊ ပိုပါ ၊ ဟားဘတ် တို့လည်း ကြိုက်ပါတယ် ။ နောက် အိုင်ယာလန်က ရှေးမတ်စ်ဟေနီ ၊ မက္ကဆီကိုက အောက်တိုဗီယိုပါ့ဇ် စသည်ဖြင့် ကြိုက်ပါတယ် ။ နောက် တောင်အမေရိက ၊ ဂျပန် ၊ တောင်ကိုရီးယား ၊ အင်ဒိုနီးရှားက အမည်တွေ မမှတ်မိတော့တဲ့ မော်ဒန် ကဗျာဆရာတွေကိုလည်း ကြိုက်ပါတယ် ။
မေး - ဘယ်လို စာမျိုးကို ဇောင်းပေးဖတ်ပါသလဲ ။
ဖြေ - စာနဲ့ပတ်သက်ရင် အစုံဖတ်ပါတယ် ။ လက်လှမ်းမီသရွေ့ ၊ အချိန်ရှိသရွေ့ပေါ့ဗျာ ။ သိုင်းဝတ္ထု ၊ တက်ကျမ်းနဲ့ ဆုံးမစာတွေက လွဲရင်ပေါ့ဗျာ ။ အတ္ထုပတ္တိ စာအုပ်တွေလည်း ကြိုက်ပါတယ် ။ ဝတ္ထုတို ပေါင်းချုပ်တွေလည်း ကြိုက်ပါတယ် ။ ဝတ္ထုတို ပေါင်းချုပ်တွေကို ဖတ်သလို ဝတ္ထုရှည်ကြီးတွေကိုလည်း အချိန်ပေး ဖတ်ပါတယ် ။ ဘက်စ်ဆဲလားတွေကိုလည်း အချိန်ရရင် ရသလို အင်တာတိန်းမင့် အနေနဲ့ ဖတ်ပါတယ် ။ ရုပ်ပြတို့ ၊ ကာတွန်းတို့လည်း ဖတ်ပါတယ် ။ အက်ဆေးနဲ့ ကဗျာကတော့ ဦးစားပေးပေါ့ဗျာ ။ တစ်ခါတစ်ရံ အမျိုးသားစာပေကို ဖတ်ပါတယ် ။
မေး - ကဗျာ တစ်ပုဒ်ရဲ့ အသက်နဲ့ ပန်းတိုင်က ဘာလဲ ။
ဖြေ - ကဗျာ တစ်ပုဒ်ဟာ အနုပညာမြောက်စွာ ဆွဲဆောင်မှုရှိပြီး ကဗျာဖတ်သူကို ကျေနပ်ခံစားစေရရင် လိုရင်းရောက်တယ် ထင်တာပဲ ။
မေး - ပုံသဏ္ဍာန်နဲ့ အကြောင်းအရာ ဘာက ပိုအရေးကြီးပါသလဲ ။
ဖြေ - ဘယ်ဟာကမှ ပိုအရေးမကြီးပါဘူး ။ လိုက်လျောညီထွေ ဖြစ်ဖို့ပဲ လိုပါတယ် ။
မေး - မြန်မာပြည်ရဲ့ လူနေမှု ဘဝနဲ့ အခု လူတချို့ တင်သွင်းလာတဲ့ LP ကဗျာတွေရဲ့အပေါ် ကဗျာဆရာရဲ့ အမြင်ကို သိပါရစေ ။
ဖြေ - LP ကဗျာတွေနဲ့ ပတ်သက်ရင် လေ့လာဖတ်ရှုဆဲပါ ။
မေး - ပို့စ်မော်ဒန် ကဗျာတွေက ဗဟိုချက်မဲ့ရမယ်လို့ တချို့က ပြောကြတယ် ။ အခု ကိုလှသန်း ရေးနေတဲ့ ကဗျာတွေက ခင်ဗျားရဲ့ ဘဝကို ဗဟိုချက်ပြု ရေးတာ မဟုတ်ဘူးလား ။
ဖြေ - ပို့စ်မော်ဒန် ကဗျာတွေနဲ့ ပတ်သက်ရင်တော့ တတ်ကျွမ်းနားလည်တဲ့သူတွေ ဆွေးနွေးပြောဆိုကြပါစေ ။ ကျွန်တော့်ကဗျာတွေနဲ့ ပတ်သက်လို့ကတော့ ကျွန်တော် ရေးချင်သလို ရေးပါတယ် ။ ဘဝကို ဗဟိုပြုပြီး ရေးချင်လည်း ရေးမယ် ၊ တခြားဟာလည်း ရေးချင် ရေးပါမယ် ။
မေး - ကိုလှသန်း ကဗျာဆရာ ဖြစ်မလာရင် ဘာဖြစ်မယ် ထင်ပါသလဲ ။
ဖြေ - ကျွန်တော့်အနေနဲ့ ကဗျာ ရေးသူ ဖြစ်မလာရင် ကဗျာ ဖတ်သူတော့ ဖြစ်နေမှာပဲ ။
မေး - ကိုလှသန်း အကြိုက်ဆုံး ကဗျာတစ်ပုဒ်နဲ့ ဘာကြောင့် ကြိုက်ပါသလဲ ဆိုတာ . . . ။
ဖြေ - အကြိုက်ဆုံး ကဗျာတွေ များနေလို့ မရွေးပါရစေနဲ့တော့ ။
မေး - ကနေ့ ခေတ်ပေါ်ကဗျာဟာ အရှိန်အဟုန်နဲ့ စီးဆင်းနေသလား ။ ရေစီးတန့်နေပါသလား ။
ဖြေ - ကနေ့ ခေတ်ပေါ်ကဗျာဟာ အရှိန်အဟုန်နဲ့လည်း မစီးဆင်းပါ ။ ရပ်တန့်ခြင်းလည်း မရှိပါ ။ ပုံမှန်စီးဆင်းနေတယ်လို့ပဲ မြင်ပါတယ် ။
မေး - ဂန္ထဝင် ကဗျာထဲကရော ခင်ဗျား သွေးသားထဲမှာ ဘာတွေ စီးဆင်းနေပါသလဲ ။
ဖြေ - မေးခွန်း နားမလည်ပါ ။
မေး - စိတ်တိုင်းကျ ကဗျာတစ်ပုဒ် ဖန်တီးပြီးရင် ခင်ဗျား ရင်ထဲက ခံစားမှုတွေကို ပြောပြပါလား ။
ဖြေ - စိတ်တိုင်းကျ ကဗျာတစ်ပုဒ် ဖန်တီးပြီးရင် စိတ်ကျေနပ်သွားတာပေါ့ ။
မေး - ကဗျာ မရေးဖြစ်တဲ့ အချိန်ကာလမှာ မိမိကိုယ်မိမိ ပြန်မေးဖြစ်တဲ့မေးခွန်း ။
ဖြေ - ဘာမေးခွန်းမှ မရှိပါ ။ မေးခွန်းထုတ်ရအောင် ကျွန်တော်က စာစစ်အဖွဲ့မှ မဟုတ်တာ ။
မေး - ကဗျာရေးမယ့် လူငယ်တွေကို ဘာပြောချင်သလဲ ။
ဖြေ - များများဖတ် ၊ နည်းနည်းရေး ။
မေး - ကိုလှသန်း ရေးတဲ့ ‘ လက် ’ ၊ ‘ ရေသူမနဲ့ ညနေစာစားခြင်း ’ ၊ ‘ အာရှတိုက်ရဲ့ တစ်နေရာ ’ ၊ ‘ တောင်အာဖရိကကို သွားချင်တယ် ’ ကဗျာတွေထဲက ဘယ်ကဗျာတွေကို ပိုပြီးအားရသလဲ ။
ဖြေ - ကိုယ့်ကဗျာတွေ ကိုယ် ပြန်ဖတ်ပြီး တစ်ခါတလေ အားရသလိုပဲ ။ တစ်ခါတလေတော့လည်း အားမရဘူး ။
မေး - ကိုလှသန်း ကဗျာ လုံးချင်းထုတ်ဖို့ အစီအစဉ် ရှိ ၊ မရှိ သိပါရစေ ။
ဖြေ - အခြေအနေပေးတဲ့ တစ်နေ့ပေါ့ဗျာ ။ ခုထက်ထိ မောင်လေးအောင် တစ်ကိုယ်တော် ကဗျာလုံးချင်း မရှိသေးဘူး ။ ဖော်ဝေးတို့ ၊ မြေချစ်သူတို့တောင် ကွယ်လွန်ပြီး တော်တော်ကြာမှ ကဗျာ လုံးချင်းတွေ ထွက်လာကြတာပဲ ။ ကဗျာ ရေးတဲ့လူ အတွက် ကဗျာလုံးချင်း ရှိရင်လည်း ကောင်းပါတယ် ။ မရှိရင်လည်း ဘာမှမဖြစ်ပါဘူး ။
မေး - ဒီနေ့ ကဗျာ စာအုပ်တွေ အပြိုင်းအရိုင်း ဖူးပွင့်နေပါတယ် ။ အဲဒီအပေါ် ကိုလှသန်းရဲ့ အမြင် . . . ။
ဖြေ - ဝမ်းသာပါတယ် ။
မေး - ကိုလှသန်းနဲ့ ခေတ်ပြိုင်ထဲက ကြိုက်တဲ့ ကဗျာဆရာတွေက ဘယ်သူတွေလဲ ။
ဖြေ - မောင်ပြည့်မင်း ၊ ခင်အောင်အေး ၊ နေမျိုး ၊ မိုဃ်းဇော် ၊ ခိုင်မြဲကျော်စွာ ၊ မောင်ဖီလာ ၊ မောင်ယုပိုင် ၊ မင်းနိုင်သား ၊ ကြည်ဇော်အေး ။ နောက် မဂ္ဂဇင်းကို ကဗျာ ဘယ်တော့မှ မပို့တဲ့ ကျောက်ဆည်က တည်ဘွားဦး ။ မှော်ဘီက ဝင်းဇော်လွင် ။
မေး - စတုဂံတွေ ၊ တြိဂံတွေထဲမှာ စာတွေသွင်းပြီး ပို့စ်ကဗျာလို့ ပြောနေတဲ့ လူတွေကို ကိုလှသန်း ဘယ်လို မြင်ပါသလဲ ။
ဖြေ - သူတို့ လုပ်ချင်တာ လုပ်ကြပါစေလေ ။ အပေါ်လီနဲတို့လည်း လုပ်ခဲ့တာပဲ ။ ဝါသနာပါသူတွေ လုပ်ချင်တာ လုပ်ကြပါစေလေ ။
မေး - ကိုလှသန်းဟာ ‘ မန္တလေး ထန်းရိပ်ညိုဆု ’ ၊ ‘ ပျဉ်းမနား အလယ်ရိုးမဆု ’ ၊ ဦးဝင်းငြိမ်းရဲ့ ‘ ရွှေအမြုတေ စာပေဆု ’ တွေ ရထားတဲ့ ကဗျာဆရာတစ်ဦး အနေနဲ့ ဆုပေးတာနဲ့ ပတ်သက်ပြီး ခင်ဗျားရဲ့ အမြင်ကို သိပါရစေ ။
ဖြေ - ကျွန်တော် ၁၉၉၈ မှာ ‘ မန္တလေး စာဖတ်သူများရဲ့အကြိုက် ’ ကဗျာဆု ( ထန်းရိပ်ညိုဆု မဟုတ်သေးပါ ) ၊ ၂၀၀၆ မှာ ‘ အလယ်ရိုးမ ကဗျာဆု ’ ၊ ၂၀၀၆ မှာပဲ ‘ ရွှေအမြုတေ ကဗျာဆု ’ တွေကို ရခဲ့ပါတယ် ။ ဆုပေးတာနဲ့ ပတ်သက်ပြီး ပြောရရင်တော့ ဆုပေးတယ် ဆိုတာ ကျွန်တော်တို့ အနုပညာကို အသိအမှတ်ပြုတာပါပဲ ။ အဲဒီအတွက် ဝမ်းသာပါတယ် ။ ငွေလည်းရတော့ ကောင်းပါတယ် ။ ဒါပေမဲ့ ဆုရလို့ဆိုပြီး ဘဝင်မြင့်စရာ ၊ ကြီးကျယ်စရာ အကြောင်းမရှိပါ ။ ဆုမရပေမဲ့ တော်တဲ့ ၊ ကောင်းတဲ့ ကဗျာဆရာတွေ ၊ ကဗျာတွေ အများကြီးပါ ။ ရုပ်ရှင်သရုပ်ဆောင်တွေကတော့ အကယ်ဒမီ ရပြီးရင် အနုပညာကြေး ပိုရတယ်လို့ ကြားဖူးပါတယ် ။ ကဗျာဆု ရပြီးတဲ့ ကဗျာ ရေးသူကတော့ ကဗျာ စာမူခ ပိုတောင်းလို့ မရဘူးဗျို့ ။
ကဗျာ့အသံ အစီအစဉ် ၄
အောက်တိုဘာ ၊ ၂၀၁၄ ။
#လှသန်း #အောင်ဘညို