HRMDC

HRMDC

Education service

26/10/2020

Brand Equity အပိုင်း(၂)

1.Brand Image
2.Brand Identity
3.Brand Awareness
4.Brand Loyalty
5.Brand Association
6.Customer association

1.Brand Image
တကယ်တော့Brand ဆိုတာ နာမည်ကောင်းတစ်ခု တည်ဆောက်ခြင်းဖြစ်ပါတယ်။ နာမည်ကောင်း တစ်ခု ဖြစ်လာဖို့ဆိုရင် သူ့ရဲ့Imageက အရေးပါလာပါတယ်။ပတ်၀န်းကျင်မှာ Imageထိခိုက်တယ် မလုပ်နိုင်ဘူး ၊မလုပ်ချင်ဘူးလို့ ပြောဆိုတာတွေ ကြားဖူးပါလိမ့်မယ်။
နိုင်ငံတစ်ခု၊လူတစ်ဦး၊ပစ္စည်းတစ်ခု ကောင်းမကောင်းဆုံးဖြတ်ချင်ရင် သူတည်ဆောက်ထားတဲ့ Imageက အဓိကဖြစ်ပါတယ်။

Barack Obamaလို့ ပြောရင် တခြားသူတွေဘယ်လိုမြင်လဲ?
L'oreal Paris Cosmetics ကို customers တွေဘယ်လိုမြင်လဲ?

အခုခေတ်မှာဆိုရင် Brand imageကို social mediaပေါ်မှာ အကောင်းဆုံးတည်ဆောက်ပြကြတယ်။Customers တွေကလဲ ပစ္စည်းတစ်ခုလိုချင်တဲ့အခါ social mediaမှာ အရင်ရှာဖွေ ကြည့်လာကြတယ်။Social media ကတစ်ဆင့်

ပစ္စည်းကဘယ်လောက် ယုံကြည်ရနိုင်လဲ?
ဘယ်လောက်ထိ အသုံးကျနိုင်လဲ?
Customers တွေက ဘယ်လို comments ပေးနေလဲ?
ကိုယ့်အတွက် ဘယ်လောက်ထိ အဆင်ပြေနိုင်လဲ?
ဘယ်လောက်ထိ standard ရှိလဲ?

ကိုယ်နဲ့ အလုပ်တွဲလုပ်ရမဲ့ လူတစ်ဦးအကြောင်းကို သိချင်တဲ့အခါ ဘယ်လိုလူမျိုးလဲဆိုတာ social media ကတဆင့်
လေ့လာကြတယ်။
Social mediaမှာ ဆဲဆိုနေရင် မိုက်ရိုင်းတယ်လို့ သတ်မှတ်ကြမှာပဲ။
ကြိုးစားပြနေရင် ကြိုးစားနေတယ်လို့ သတ်မှတ်ကြမှာပါပဲ။postတစ်ခုကြောင့် imageထိခိုက်ရတဲ့ လူတွေအများကြီးပါ။

လူဆိုတာ လူဆိုးနဲ့လူကောင်းဆိုပြီးရှိတာမဟုတ်ပါဘူး။
လူဆိုးရယ် ၊သူဆိုးတာကို ဖုံးဖိနိုင်တဲ့လူရယ်ပဲရှိတယ်လို့ တရားစကားတွေမှာ နာကြားဖူးပါတယ်။
ကိုယ်ဆိုးတာကိုအကောင်းဆုံးဖုံးဖိ ဆန့်ကျင်နိုင်တဲ့သူက ကိုယ့်
image ကို ကောင်းအောင်တည်ဆောက်နိုင်သူဖြစ်ပါတယ်။

L'oreal Paris cosmetics ပစ္စည်းတစ်မျိုးသုံးကြည့်လို့ အဆင်ပြေတဲ့ imageကြောင့် set လိုက်၀ယ်သုံးချင်လာတယ်။ L'oreal Paris Brand လို့ပြောရင် Brand Imageကြောင့် မသုံးဖူးရင်တောင် အလိုလိုယုံကြည်နေတာမျိုး ဖြစ်တယ်။

အမေရိကန်သမ္မတ Barack Obama ကို အမေရိကန် ပြည်သူပြည်သားတွေ ဘာကြောင့် သမ္မတတင်မြှောက်သလဲ?

Barack Obama ဆိုတဲ့လူတစ်ယောက်ရဲ့ လုပ်ဆောင်ချက်တွေ၊မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ၊အရည်အချင်းတွေကိုကြည့်ပြီး ထောက်ခံမှု အများဆုံး ရလို့ပဲဖြစ်တယ်။လုပ်ဆောင်ချက်တွေ၊အရည်အချင်းတွေက သူတည်ဆောက်ထားတဲ့ Barack Obama ဆိုတာ ဒီလိုလူပါဆိုတဲ့ imageတွေဖြစ်တယ်။ ထောက်ခံမှုအများဆုံးရအောင် သူရဲ့image တွေက အကူအညီပေးလို့ သမ္မတ Barack Obama ဖြစ်လာတာဖြစ်တယ်။

နိုင်ငံတစ်ခု၊လူတစ်ဦး၊ကုန်ပစ္စည်းတစ်ခု branded ဖြစ်ဖို့ဆိုရင် သူ့ရဲ့imageတွေက အဓိက အဆုံးအဖြတ်ပေးတယ်။နာမည်ကောင်းရချင်တဲ့ လူတစ်ဦး၊ပစ္စည်းတစ်ခုဟာ imageတွေကောင်းနေဖို့လိုတယ်။ ဒါကြောင့် customers တွေဆီက positive comments တွေရဖို့ or
Brand Equity ဖြစ်ဖို့ Brand image တွေကောင်းဖို့ လိုလာပါတယ်။Image ကျဆင်းသွားရင် Brand Equityအလိုလို ကျဆင်းလာပါလိမ့်မယ်။

ကျန်အပိုင်းများကို ဆက်လက်စောင့်ကြည့်ပေးပါရန်။

သဲ့ထက်သျှန်
တတိယနှစ်ဂုဏ်ထူးတန်း(BBA)
မုံရွာစီးပွားရေးတက္ကသိုလ်

24/10/2020

Brand Equity အပိုင်း(၁)

Brand Equity ဆိုတာဘာလဲ?
Brand equityဆိုတာ customersတွေဆီကရတဲ့ ကိုယ့်ပစ္စည်းအပေါ်မှာ အကောင်းဘက်ကနေ ဘယ်လောက်ထိ အသိအမှတ်ပြုခံရတာ ကိုယ့်ပစ္စည်းက စျေးကွက်ထဲမှာ နာမည်ကောင်းဘယ်လောက်ရသလဲ ဆိုတာကို တိုင်းတာပေးတဲ့ သတ်မှတ်ပေးတဲ့ တန်ဖိုးတစ်ခုဖြစ်ပါတယ်။ Brand လို့ပြောတာနဲ့ ကိုယ်ပိုင်တန်ဖိုးရှိထားပြီးလို့ဖြစ်ပါတယ်။ Brand Equityမှာ Brandတစ်ခုရဲ့ မြင်နိုင်တဲ့ ထိတွေ့လို့ရတဲ့ တန်ဖိုးတွေပါ၀င်သလို မမြင်နိုင်တဲ့ ထိတွေ့လို့မရတဲ့ တန်ဖိုးတွေလဲ ပါ၀င်ပါတယ်။

တစ်နည်းအားဖြင့် Brand Equity ဆိုတာ competitorsတွေနဲ့ ပြိုင်ဆိုင်ရတဲ့အခါ customers တွေကိုယ့်brand အပေါ်မှာ ပိုပြီးချစ်ခင်နှစ်သက်အောင် competitors တွေထက်ပိုပြီး စွဲဆောင်နိုင်တဲ့ စွမ်းအင်တစ်မျိုးဖြစ်တယ်။
ဥပမာ- Garnier အလှကုန်ပစ္စည်း တစ်မျိုးကို တခြားbrand အလှကုန်ပစ္စည်းတွေထက် customers တွေက စျေးနှုန်းအရသော်လည်းကောင်း၊အရေအတွက်အရသော်လည်းကောင်း ပိုပြီးစျေးနှုန်းပိုပေးပြီး ၀ယ်ကြတယ်ဆိုတာ Garnier တည်ဆောက်ထားတဲ့ brand equity ကြောင့်ဖြစ်တယ်။ ကောင်းတဲ့ ​​ေ၀ဖန်ချက်တွေကပဲ မသုံးဖူးေသးတဲ့ customers တွေကိုတောင် တခြားbrand တွေနဲ့ယှဉ်ကြည့်တဲ့အခါ သူ့ရဲ့ brand equity ကိုကြည့်ပြီး စမ်းသုံးချင်လာတာ၊စိတ်၀င်စားလာတာမျိုးတွေထိ စွဲဆောင်နိုင်ခြင်း ဖြစ်ပါတယ်။

တကယ်တော့ Brand equityဆိုတာ customers တွေရင်ထဲကနေ ပေးထားတဲ့ အမှတ်တွေစုပေါင်းပြီး ဖြစ်ပေါ်လာတဲ့ တန်ဖိုး တစ်ခုဖြစ်ပါတယ်။

Brand Equity မှာ အဓိကအနေနဲ့ ပါ၀င်ဖွဲ့စည်းထားတဲ့ အချက်တွေကတော့ -
1.Brand Image
2.Brand Identity
3.Brand Awareness
4.Brand Loyalty
5.Brand Association
6.Customer perception စတာတွေပဲဖြစ်ပါတယ်။

ဒီအချက်တွေရဲ့ တစ်ခုခြင်းတန်ဖိုးကို
Brand Equity အပိုင်း(၂)အနေနဲ့
နောက်post တစ်ခုမှာဆက်လက်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

သဲ့ထက်သျှန်
တတိယနှစ်ဂုဏ်ထူးတန်း(BBA)
မုံရွာစီးပွားရေးတက္ကသိုလ်

12/10/2020

Stress Management

လူသားအရင်းအမြစ်စီမံခန့်ခွဲမှု၊စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု၊စျေးကွက်စီမံခန့်ခွဲမှု၊ငွေကြေးစီမံခန့်ခွဲမှု၊နည်းဗျူဟာစီမံခန့်ခွဲမှု၊ အချိန်ကို စီမံခန့်ခွဲမှု၊ကိုယ့်ကိုကိုယ် စီမံခန့်ခွဲမှု စတဲ့ စီမံခန့်ခွဲမှု တွေ အပြင် စိတ်ဖိစီးမှုများကို စီမံခန့်ခွဲမှု ( stress management ) ဟာလဲ အရေးကြီးပါတယ်။

စီးပွားရေးလုပ်နေတဲ့လူ၊ကျွမ်းကျင်ရာနယ်ပယ်မှာ ဦးဆောင်မှု လုပ်နေတဲ့လူ၊ လူကြီး၊လူငယ် ၊ကျောင်းသား၊ကျောင်းသူ အားလုံး သက်ဆိုင်ရာ စိတ်ဖိစီးမှုတွေ အသီးသီးရှိနေကြတယ်။အခုလို အချိန်မျိုးမှာဆိုရင် ရောဂါကြောင့်ဖြစ်လာတဲ့ စိတ်ဖိစီးမှုတွေ ၊ စီးပွားရေးလုပ်ငန်း အဆင်မပြေတာ၊စား၀တ်နေရေး ကျပ်တည်းလာတာ၊အလုပ်အကိုင် အခွင့်အလမ်းတွေအဆင်မပြေတာ၊၀င်ငွေမရှိတာ၊ မိသားစု ပြဿနာတွေ ရှိတာ၊အိမ်ထောင်ရေးအဆင်မပြေတာ၊ကျောင်းကိစ္စ အဆင်မပြေတာ၊ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေ၊အချစ်ရေးကြောင့် ရလာ တဲ့ stressတွေ၊ပြတ်တောက်သွားတဲ့ relationship တွေနဲ့ ပတ်သက်ပြီး မကောင်းတဲ့ခံစားရမှုတွေ ရှိနေတာမျိုးတွေ တော်တော်များများတွေ့ရတယ်။ အိမ်ထဲမှာနေနေရတာကိုက stressတစ်ခုဖြစ်နေကြတယ်။ အောင်မြင်မှုနောက်ကွယ်က stressတွေက ပိုပြီးကြီးမားကြတယ်။ ဒီဒဏ်ကို မခံနိုင်လို့ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားတဲ့ သရုပ်ဆောင်၊အဆိုတော်၊စီးပွားရေးသမားတွေရှိသလို မိမိတို့ပတ်၀န်းကျင်မှာလဲ ဒါမျိုးနည်းနဲ့ဖြေရှင်းသွားတာတွေ တွေ့ရတယ်၊ကြားရတယ်။လူတိုင်းမှာ stressတွေ ကိုယ်စီရှိပါတယ်။လူတစ်ယောက်ဟာ သမ္မတဖြစ်ချင်ရင် နိုင်ငံရေးစိတ်ဖိစီးမှုတွေရမယ်၊ချမ်းသာချင်ရင် ချမ်းသာမှုနဲ့ ညီမျှတဲ့ stressတစ်ခုရမယ်၊အောင်မြင်ချင်ရင် အောင်မြင်ချင်တဲ့ စိတ်ကြောင့် ဖြစ်လာမဲ့ stress တစ်ခုရမယ်၊လူတစ်ယောက်ကိုချစ်ရင် လူနှစ်ယောက်စာနဲ့ ဆိုင်တဲ့ stressတစ်ခုရမယ်။ကိုယ်ယူရင်ယူသလောက်ရတဲ့ အရာထဲမှာပါတယ်။ ဒါကြောင့် ကိုယ့်အပေါ်ကျရောက်လာတဲ့ stressပေါင်းစုံကို စီမံခန့်ခွဲတတ်ဖို့လဲ လိုအပ်ပါတယ်။Professional HRတစ်ယောက်ဖြစ်လာဖို့ လူသားရေးရာတွေ စီမံခန့်ခွဲနိုင်ရသလို၊ အောင်မြင်တဲ့ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ကိုယ့်လုပ်ငန်းကို စီမံခန့်ခွဲနိုင်ရသလို၊ လူကောင်းတစ်ယောက်ဖြစ်လာဖို့ ကိုယ့်ကိုကိုယ် စီမံခန့်ခွဲနိုင်ရသလို ကိုယ့်ဘ၀ကိုကျေနပ်ပြီး ပျော်ရွှင်တဲ့ လူတစ်ယောက် ဖြစ်လာဖို့ ကိုယ့်ဆီမှာ ရှိလာတဲ့stressတွေအားလုံးကို စီမံခန့်ခွဲတတ်ဖို့လဲ လိုအပ်ပါတယ်။စီမံခန့်ခွဲမှုဖြင့် ဖြတ်ကျော်အနိုင်ယူကြရအောင်။

သဲ့ထက်သျှန်
တတိယနှစ်ဂုဏ်ထူးတန်း(BBA)
မုံရွာစီးပွားရေးတက္ကသိုလ်

11/10/2020

HR တစ်ယောက်ဟာ H သုံးလုံးကိုအသုံးချပြီး အလုပ်လုပ်ဖို့ လိုအပ်ပါတယ်။

First H - Heard (ဦးခေါင်း)
HRတစ်ယောက်ဟာ ဆုံးဖြတ်ချက်တိုင်း ပေါ့ပေါ့တန်တန်ဆုံးဖြတ်လို့မရပါဘူး အရာရာကို ဦးခေါင်းသုံးပြီး ဖြေရှင်းရပါမယ်။

Second H - Heart(နှလုံးသား)
လူအများကြီးကိုစီမံခန့်ခွဲရတဲ့အခါ ဦးခေါင်းအပြင် နှလုံးသားနဲ့ပါတွဲပြီး ဆုံးဖြတ်ချက်ချသင့်တယ်။လူတွေအားလုံးမှာ စိတ်ခံစားမှုတွေရှိမယ်၊ပြေလည်တာတွေရှိမယ်၊မပြေလည်တာတွေ ရှိမယ်၊ ပျော်ရွှင်တာရှိမယ်၊၀မ်းနည်းတာရှိမယ် ဒါတွေအကုန်လုံးသည် နှလုံးသားကဖြစ်တည်လာတာ ဖြစ်တယ်။နှလုံးသားကဖြစ်တည်လာတဲ့ ကိုယ်ချင်းစာတရားဟာ လူသားတွေ အတွက် စိတ်ကျေနပ်စေမဲ့ ဆုံးဖြတ်ချက်မျိုးကို ချပေးနိုင်မှာပါ။

Third H - Hand(လက်)
HRတစ်ယောက်ဟာလဲ ကိုယ့်၀န်ထမ်းတွေကို မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေအပြင် လက်တွေ့မှာ အတူလက်တွဲ ခေါ်ဆောင်တတ်ဖို့လဲ လိုအပ်ပါတယ်။ဒါကြောင့် ဖေးမကူညီလက်တွဲ
ခေါ် ဆောင်လို့ရတဲ့ Handကို ကိုယ်စားပြု ပါတယ်။

သဲ့ထက်သျှန်
တတိယနှစ်ဂုဏ်ထူးတန်း(BBA)
မုံရွာစီးပွားရေးတက္ကသိုလ်

10/10/2020

Value added ဆိုတာဘာလဲ?

Value addedဆိုတာ ကုန်ပစ္စည်းတစ်ခုအပေါ်မှာ နဂိုရှိနေတဲ့စျေးနှုန်းထက် ပိုရအောင်ဖန်တီးနိုင်ခြင်းဖြစ်တယ်လို့ ယူဆပါတယ်။

ငှက်ပျောသီးတစ်လုံးရောင်းရင် ၁၀၀ ရမယ်
ငှက်ပျော်သီးဖျော်ရည်လုပ်ပြီးရောင်းရင် ၅၀၀ ရသွားမယ််
ငှက်ပျော်သီးဖျော်ရည်ကို ခွက်လှလှလေးနဲ့ထည့်ပြီး ဆွဲဆောင်မှုရှိအောင် ပြင်ပေးနိုင်ရင် ၁၀၀၀ ရချင်ရမှာပေါ့။

အိမ်ဟောင်းတစ်လုံးဒီတိုင်းငှားရင် ၁၀၀၀၀ ရမယ်
ပြင်ဆင်မွန်းမံပြီး ငှားရင် ၂၀၀၀၀ ရမယ်
ဇိမ်ခံပစ္စည်းတွေပါ ထည့်ပေးနိုင်ရင် ၃၀၀၀၀ ရချင်ရမှာပေါ့။

ကုန်ပစ္စည်းတစ်ခုရဲ့ တန်ဖိုးသည် ပိုကောင်းအောင်၊ပိုလှအောင် ၊ပိုပြီးဆွဲဆောင်မှုရှိအောင် လုပ်နိုင်လေ တန်ဖိုးမြင့်မြင့်ရနိုင်လေပဲ။ဒါကို value added လုပ်ခြင်းလို့ခေါ်ပါတယ်။

လူတစ်ယောက်သည်လဲ ကိုယ့်အရည်အချင်းအပေါ်မှာပိုပိုပြီး value addedလုပ်နိုင်လေလေ တန်ဖိုးပိုမြင့်လာလေလေဖြစ်သည်။

သဲ့ထက်သျှန်
တတိယနှစ်ဂုဏ်ထူးတန်း(BBA)
မုံရွာစီးပွားရေးတက္ကသိုလ်

06/10/2020

Marketing

Marketingဆိုတာ မိမိတို့ စီးပွားရေးလုပ်ငန်းက ထုတ်လုပ်တဲ့ products or services or brand တစ်ခုခုကို customerတွေ လက်ခံလာအောင်၊၀ယ်ယူသုံးစွဲလာနိုင်အောင် ၊ကိုယ့်product or service or brandအပေါ်မှာ ယုံကြည် စိတ်ချလာအောင် အသုံးပြုရတဲ့ strategy တစ်ခုဖြစ်ပါတယ်။
Marketingလို့ပြောတဲ့အခါအကုန်လုံးကိုခြုံကြည့်ရမယ်ဆိုရင်

C=Creative Market(စျေးကွက်ကို စတင်ဖန်တီးရမယ်)
T=Target Market(စျေးကွက် သတ်မှတ်ရမယ်)
C=Communicate(စျေးကွက်သို့ရောက်အောင်ဆက်သွယ်ပါ)
D=Deliver(စျေးကွက်သို့ရောက်အောင် ဖြန့်ဖြူးပါ)
V=Value(စျေးကွက်တန်ဖိုးကို တည်ဆောက်ပါ)
P=Profit (စျေးကွက်မှ အကျိုးအမြတ်ဖန်တီးပါ) ဆိုပြီးတော့ Marketing ပညာရှင် Philip Kotlerက အကြံပေး ရေးသားထားပါတယ်။

၁။ စျေးကွက်ဖန်တီးခြင်း(Creative Market)

Marketမရှိရင် Marketingလုပ်လို့မရပါဘူး။ စီးပွားရေးစတင်လုပ်တဲ့အခါမှာ ကိုယ့်Product or servicesအတွက် Market ရှိပြီးသားလား?
ရှိပြီးသားဆိုရင် ဘယ်လိုထိုးဖောက်မလဲ?
Start -up businessတစ်ခုအတွက်ဆိုရင် marketကို အရင်ဆုံး စဉ်စားရမယ်။Market (စျေးကွက်)ရှိမှ တနည်းအားဖြင့် customers တွေ ၀ယ်ယူစားသုံးနိုင်ခြေရှိမှ ရောင်းအားက ထွက်မယ်မို့လား?
ဥပမာ - ချိုရည်ထုတ်လုပ်မယ် အခုချိန် အချိုရည်ဘူးတွေ ထုတ်မယ်ဆိုရင် စျေးကွက်ကရှိပြီးသား ကိုယ့်brandကို သိလာအောင် မှတ်မိလာအောင် စျေးကွက်ထဲရောက်အောင် ဘယ်လိုထိုးဖောက်မလဲ စဉ်းစားရမယ်။
Carabao Brandဟာ အချိုရည် စျေးကွက်ထဲကို တစ်ဘူးသောက်ရင် တစ်ဘူးFree နှုန်းနဲ့ customer တွေစိတ်၀င်စားလာအောင် ဆွဲဆောင်ရင်း စျေးကွက်ထဲကို ရောက်လာတယ်။

Entrepreneur တစ်ဦးအတွက်ဆိုရင်တော့ marketကို ပထမဆုံးအရင်တည်ဆောက်ရပါမယ်။
ဥပမာ-လူတော်တော်များများ သိပြီးသားဖြစ်တဲ့ စွန့်ဦးတီထွင်သူ Jackma တီထွင်ခဲ့တဲ့ online marketဟာ မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး ဆိုတဲ့အသံတွေကြားထဲက ဘယ်လိုနည်းနဲ့ creativeလုပ်နိုင်ခဲ့သလဲ?
လက်တွေ့မမြင်ရဘဲ ကုန်ပစ္စည်းကို ၀ယ်ယူဖို့ဆိုတာ Buyers and sellers ကြားမှာ Trust ဆိုတဲ့ ယုံကြည်မှုကအရေးကြီးပါတယ်။ စစချင်းမှာ ဘယ်သူကမှ ယုံကြည်ပြီး ၀ယ်ယူမှာမဟုတ်ပါဘူး။၃နှစ်ကြာ လုပ်ငန်းတွက် ၀င်ငွေမရှိပဲ online market တည်ဆောက်ပြတယ်။ ၀င်ငွေမရသေးပေမဲ့ Customer တွေ အဆင်ပြေတာကိုတွေ့ရတယ်။ Customerတွေဆီကရတဲ့ "အဆင်ပြေတယ်၊အကူအညီဖြစ်တယ်၊ကျေးဇူးတင်ပါတယ်"စတဲ့ reviewတွေနဲ့ပဲ ဆက်လုပ်ခဲ့တယ်။ အဆင်ပြေတော့နည်းနည်းလက်ခံလာတယ်။ တဖြည်းဖြည်း ရောင်းသူ၀ယ်သူကြားက ဆက်ဆံရေး၊လွယ်ကူအဆင်ပြေမှု၊ယုံကြည်မှု တွေနဲ့ တည်ဆောက်ရင်း တဖြည်းဖြည်း online market ကကြီးထွားလာတယ်။

၂။ စျေးကွက် သတ်မှတ်ခြင်း(Target Market )

ကိုယ့်လုပ်ငန်းရဲ့ products or services က ဘယ်သူ့အတွက်လဲ၊ဘယ်နေရာအတွက် အဓိကထားမလဲ၊ဘယ်အချိန်မှာ ရောင်းအားအမြင့်ဆုံးရောက်နိုင်မလဲ စတာတွေ သတ်မှတ်ထားရမယ်။

Customer - ကိုယ့် product or service က ဘယ်လိုလူမျိုးတွေ အတွက်လဲ?
လူကြီး၊လူငယ်၊ကလေး၊အမျိုးသား၊အမျိုးသမီး၊အားကစားသမား၊ကျန်းမာရေးသမား စသည်ဖြင့် ဘယ်သူတွေအတွက် Targetထားမလဲ?

Place - ဘယ်နေရာမှာ စျေးကွက်ကိုစတင်ဖော်ဆောင်မလဲ?
ကိုယ့်product or serviceက အပူပိုင်းဒေသလိုမျိုးနေရာ
တွေမှာ သင့်လျော်တာလား?
အအေးပိုင်းဒေသလိုမျိုးနေရာတွေမှာလား?
Onlineမှာ လား?

Time - ဘယ်အချိန်တွေမှာ ရောင်းအားအမြင့်ဆုံးရောက်နိုင်မလဲ?
နွေရာသီမှာလား?
ဆောင်းရာသီမှာလား?
သီတင်းကျွတ်လို လမျိုးလား?
ပြောချင်တာက ဖယောင်းတိုင် ထုတ်တယ်ဆိုပါစို့ ကျန်တဲ့အချိန်တွေမှာ ပုံမှန်ရောင်းအားရှိနေပေမဲ့ သီတင်းကျွတ်လို လမျိုးမှာ ရောင်းအားမြင့်တက်နိုင်တာမို့ ကုန်ကြမ်းတွေ ကြိုတင်ပြင်ဆင်ပြီး ပစ္စည်းအဆင်သင့်ဖြစ်အောင် ဘယ်အချိန်ကို Targetထားရမယ်ဆိုတာ သတ်မှတ်ရမယ်။

၃။ စျေးကွက်သို့ရောက်အောင် ဆက်သွယ်ပါ(communicate)

လုပ်ငန်းအောင်မြင်ဖို့ဒီအဆင့်ကအရမ်းအရေးကြီးတယ်လို့ ယူဆပါတယ်။ကိုယ့်ပစ္စည်းCustomerတွေလက်ထဲ ရောက်သွား အောင် communicateလုပ်တဲ့အခါမှာ ဘယ်လိုmarketing strategyတွေကို အသုံးပြုရမလဲ?

နာမည်ကြီးကြော်ငြာမင်းသား/မင်းသမီးတွေနဲ့ေကြာ်ငြာမလား?

Sales Promotion တွေပေးမှာလား?

Flyers, Information, Channel, Social Media(facebook,Twitter, link, etc....) စသည်တွေကတဆင့် communicate လုပ်မလား?
(ဒီနည်းလမ်းတွေဟာ customerတွေဆီကိုယ့်productဘယ်လောက်ရောက်လဲသိရပြီး
customerတွေရဲ့ စကားသံတွေကို comment, cb,reviewတွေကတဆင့် ကိုယ့်ပစ္စည်းရဲ့ အားသာချက် အားနည်းချက်ကို ပြန်ကြားရပါတယ်။)

(Packaging )ထုတ်ပိုးမှုပိုင်းနဲ့ ဆွဲဆောင်မလား?

Online Marketမှာအသုံးများတဲ့
မိမိကုန်ပစ္စည်းအကြောင်းကို customerတွေလိုချင်လာအောင် ဒီဇိုင်းဆွဲရေးသားဖော်ပြနည်း(Content Marketing)ကိုအသုံးပြုမလား?

၄။စျေးကွက်သို့ရောက်ရှိအောင် ဖြန့်ဖြူးပါ(Deliver)

ကိုယ့်လုပ်ငန်းကနေ customerတွေလက်ထဲ ကိုယ့်ပစ္စည်းရောက်အောင်၊သိအောင် ဘယ်ကတစ်ဆင့်ဖြန့်ဖြူးမလဲ?

Online market လို Agent တွေခါ်ယူပြီး မက်လောက်စရာ bonus တွေ၊အခွင့်အရေးမျိုးတွေ ပေးပြီး Agent တွေဆီကတစ်ဆင့် customer တွေဆီရောက်အောင် ဖြန့်ဖြူးမလား?

မြို့နယ်တိုင်းက လက်လီ၊လက်ကားဆိုင်တွေက ဖြန့်ဖြူးမလား?

Customer တွေဆီDirectဖြန့်မလား?
(Service လုပ်ငန်းမျိုးတွေက customer တွေဆီ directဖြန့်ရပါတယ်)

၅။ စျေးကွက်တန်ဖိုး တည်ဆောက်ပါ(Market value )

Market valueဆိုတာ တနည်းအားဖြင့် ကာလပေါက်စျေး ဖြစ်တယ်။ ရောင်းသူရော ၀ယ်သူရော ဒီပစ္စည်းအပေါ်က စျေးနှုန်းအပေါ်မှာ ကျေနပ်လက်ခံမှုရှိရမယ်။ ကိုယ့်ပစ္စည်းကို သုံးလိုက်တာနဲ့ ပေးရတဲ့စျေးနဲ့ တန်တယ်ဆိုတာမျိုး ဖြစ်အောင်တည်ဆောက်ရမယ်။
Buyer is happy with the price.
Seller is happy with the price.
ကာလပေါက်စျေးက ၁၅၀ဖြစ်နေရင် ဘယ်သူကမှ ၂၀၀ပေးပြီး၀ယ်မှာမဟုတ်ဖူး။ စျေးကွက်က လက်ခံနိုင်မဲ့ စျေးနှုန်းသတ်မှတ်ပေးနိုင်ခြင်းသည် market valueတည်ဆောက်ခြင်းဖြစ်တယ်။ Competitionများတဲ့ လုပ်ငန်းတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။

၆။ စျေးကွက်မှ အကျိုးအမြတ်ဖန်တီးပါ(Profit )

Profitရဖို့က လုပ်ငန်းတိုင်းရဲ့ Objectives တွေထဲကတစ်ခုဖြစ်တယ်။ ငွေအမြတ်အပြင် marketကနေ ဘယ်လို အကျိုးအမြတ်တွေဖန်တီးနိုင်လဲ?

-Customer တွေရဲ့ စကားသံတွေကို နားထောင်ပါ။ လက်ခံပါ။ ပြုပြင်ပါ။ပိုကောင်းတဲ့Qualityရအောင် ပြောင်းလဲခြင်းသည်လည်း အကျိုးအမြတ်ဖြစ်ပါတယ်။

- စျေးကွက်ထဲက အားနည်းချက်များကို အားသာချက်များအဖြစ် ပြောင်းလဲ အသုံးချရပါမယ်။

-market ထဲက ပြိုင်ဘက် တွေဆီကရတဲ့စိန်ခေါ်မှုအသစ်တွေကို အခွင့်အလမ်းများအဖြစ် အကျိုးအမြတ်ရအောင်လဲ ပြောင်းလဲ အသုံးချနိုင်ပါတယ်။

သဲ့ထက်သျှန်
တတိယနှစ်ဂုဏ်ထူးတန်း(BBA )
မုံရွာစီးပွားရေးတက္ကသိုလ်

Photos from HRMDC's post 04/10/2020

Why Business Ethics is important?
=============================
Human resource managementနဲ့ပက်သက်တဲ့အကြောင်းမဆွေးနွေးခင်မှာ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်တဲ့အခါအရေးပါတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ "Ethics"ဆိုတဲ့ (ကျင့်ဝတ်) အကြောင်းလေးကို remind ပြန်လုပ်ပေးချင်ပါတယ်။ "Ethics"ဆိုတာ လူတစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းအတွက်ကောင်းကျိုးများနဲ့ပက်သက်တဲ့ ကိုယ့်ကျင့်တရားဆိုင်ရာ အတွေးအခေါ်ပညာရပ်တစ်ခုလည်းဖြစ်တယ်။ "Ethics"ဆိုတဲ့ဝေါဟာရဟာ "Ethos"ဆိုတဲ့ ဂရိစကားလုံးကနေမှဆင်းသက်လာတာဖြစ်တယ်၊ Ethosဆိုတဲ့ စကားလုံးလေးမှာ custom(ဓလေ့)၊ habit(အလေ့အကျင့်၊အလေ့အထ)၊ character or disposition(စိတ်နေသဘောထား)စတဲ့ အဓိပ္ပါယ်တွေပါဝင်တယ်။ "Ethics"ဆိုတာ လူတိုင်းသိကျွမ်းတဲ့အရာတစ်ခုဖြစ်ပါတယ်၊ တစ်ချို့​သောလုပ်ငန်းရှင်များက Ethics ဟာ လူမှုပတ်ဝန်းကျင်နဲ့ပဲဆိုင်တယ် စီးပွားရေးလောကမှာ Ethics က အရေးမကြီးဘူးလို့ ထင်ကြတယ်။

ကျွန်မဆွေးနွေးချင်တာကတော့ Ethics က business environmentတွေမှာလည်း ဘယ်လောက်အရေးပါလဲဆိုတဲ့အကြောင်းကို general ပြောပြချင်ပါတယ်။Business Ethicsလို့ပြောလိုက်တာနဲ့ အနဲဆုံး consumers(စားသုံးသူ) နဲ့ market ထဲမှာရှိတဲ့သူတွေကြားမှာရှိသင့်တဲ့ အခြေခံကျတဲ့ trust(ယုံကြည်မှု)ရှိကိုရှိရပါမယ်။Employees
(အလုပ်သမားများ) နဲ့ organization ကြားမှာလည်း trustကအရေးပါသလို၊ Investor (ရင်းနှီး​မြုပ်နှံတဲ့သူ) နဲ့ organization ကြား၊ customers(ဝယ်သူသူများ) နဲ့ organization ကြားမှာလည်း trust ကအရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ Trust ဆိုတဲ့ ယုံကြည်မှု တစ်ခုရဖို့ဆိုတာ ပြောရင်တာလွယ်တာ တကယ့်လက်တွေ့မှာ အလွန်ခက်ခဲတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ ယုံကြည်မှုရဖို့ဆိုရင် Ethics(ကျင့်ဝတ်) နဲ့လည်းကိုက်ညီမှုရှိရပါမယ်။

👉Employee👨‍🔧 နဲ့ organization ကြားမှာ trustရဲ့အရေးပါမှုကို ပြောရမယ်ဆိုရင်၊ employee တွေကသူတို့ရဲ့ future အတွက်ပိုကောင်းမွန်တဲ့အခြေအနေတစ်ခုကို ဒီorganizationက ပေးနိုင်မယ်လို့ယုံကြည်မှုတစ်ခုရှိမယ်ဆိုရင် organizationအတွက်ဆို သူတို့ရဲ့ကိုယ်ကျိုးကိုစွန့်ပြီးလုပ်ပေးချင်လာမယ်။ ထိုနည်းတူ Organization ဘက်ကလည်း employee တွေအတွက် ပိုကောင်းမွန်တဲ့အရာတစ်ခုကိုပေးနိုင်တဲ့ abilityရှိရမယ်။ အဲ့လို organization က employee တွေအတွက်ပိုစဥ်းစားပြီးဂရုစိုက်ပေးလေလေ၊ employeeတွေကလည်း organizationအတွက် ပိုပြီးဂရုစိုက်ကြိုးစားပေးလေလေဖြစ်မယ်။ Employee တွေရဲ့အမြင်မှာ ဒီ organization ဟာ ethical environment (ကျင့်ဝတ်နဲ့ညီတဲ့ပတ်ဝန်းကျင်) တစ်ခုဖြစ်တယ်လို့ မြင်လာမယ်ဆိုရင်
employees ရဲ့ performance တွေကလည်းတိုးတက်လာမယ် organizationရဲ့ positive outcomes(ရလာဒ်) တွေကလည်းပိုများလာမှာဖြစ်ပါတယ်။

👉ဒုတိယတစ်ခုအနေနဲ့ Investors(🤑)တွေဟာ invest တစ်ခုလုပ်တော့မယ်ဆိုရင်သူတို့ ရင်းနှီးမြုပ်နှံမဲ့ organization(company) ရဲ့ brand image၊ social
responsibility တွေနဲ့ပက်သက်ပြီးကောင်းမွန်တဲ့ အနေအထားရှိ မရှိ စုံစမ်းကြတယ်။ Investors တွေက သူတို့ invest လုပ်မဲ့ companyက Ethics နဲ့ညီမယ်ဆိုရင် သူတို့အတွက် efficient, productivity, နဲ့ profits တွေတိုးမယ်လို့ ယုံကြည်တယ်။ဒါ့ကြောင့်
Investors ရဲ့ organization အပေါ်မှာမြင်တဲ့ trust level ကလည်း အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။

👉နောက်ဆုံးတစ်ခုအနေနဲ့ customers👨‍👩‍👧‍👦🍔🍟🥙🍜 တွေရဲ့ trust levelကိုပြောရမယ်ဆိုရင် customers satisfaction ကလည်း organization အောင်မြင်ဖို့အတွက် အရေးပါတဲ့ factor တစ်ခုဖြစ်တယ်။ Customers တွေရဲ့ ပြောင်းလဲနေတဲ့ desires တွေ preferences တွေနဲ့ကိုက်ညီတဲ့ product တွေကိုထုတ်နိုင်အောင် organization က အမြဲမပျက်သိအောင်လုပ်ရမယ်။ ဒါမှသာ customer နဲ့ organization ကြားမှာ ပိုပြီးကောင်းမွန်တဲ့ long-term relationship ကိုရစေမှာဖြစ်တယ်။ organization နဲ့ customer တွေရဲ့ relationship က mutual respect သာဖြစ်မယ်ဆိုရင် customer တွေကလည်း repeat purchases(ထပ်ခါတလဲလဲဝယ်ယူခြင်း) ပြီး အဲ့လို customer ရှိခြင်းဟာ organization အတွက်လည်း အောင်မြင်မှုကို ရစေတဲ့အချက်တစ်ခုဖြစ်တယ်။

အပေါ်မှာရှင်းပြထားတဲ့အတိုင်း employees, investors, customers တွေထဲကတစ်ခုခုဟာ organization အပေါ်မှာသာ ယုံကြည်မှုမရှိရင် profits ကလည်းသိသိသာသာလျော့နည်းမှာဖြစ်ပါတယ်။ Trust & loyalty သာရှိမယ်ဆိုရင် organization ကလည်း maximize profits ရမှာဖြစ်တယ်။

🗣 "The public trust is essential to maintain a good long-term relationship between a business and consumers."

Business ethics က employees တွေရဲ့ responsible decision ချမှတ်ဖို့နဲ့ စီးပွားရေးလုပ်ငန်းလည်ပတ်တဲ့အခါ ethical behavior ကိုလည်း maintain လုပ်ပေးတယ်။ လုပ်ငန်းခွင်ထဲမှာရှိတဲ့ ethical behavior ကဘာတွေလဲဆိုရင် company ရဲ့ rules တွေ policies တွေကိုလည်း လိုက်နာရမယ်၊ environment နဲ့လည်း ပိုကောင်းတဲ့ communication ရှိရမယ်၊ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမယ်၊ လုပ်ဖော်ကိုင်ဖက် တွေနဲ့လည်း mutual respect ရှိရမယ်။

Ethical Codes of conduct(လိုက်နာရမဲ့စည်းမျဥ်းစည်းကမ်း)
✍Transparency(ပွင့်လင်းမြင်သာမှု)
✍Integrity(ဂုဏ်သိက္ခာရှိမှု)
✍Trustworthiness(ယုံကြည်စိတ်ချရမှု)
✍Loyalty(သစ္စာရှိမှု)
✍Equality(တန်းတူညီမျှမှု)
✍Compassion(စာနာရိုင်းပင်းတတ်မှု)
✍Respect(ရိုသေလေးစားမှု)
✍Lawfulness(ဥပဒေနှင့်လျော်ညီမှု)
✍Providing excellence (အကောင်းဆုံးထောက်ပံ့ပေးနိုင်မှု)
✍Responsibility (တာ၀န်ရှိမှု)
✍Upholding reputation (ဂုဏ်သတင်းထိန်းသိမ်းနိုင်မှု)
✍Accountability (တာ၀န်ခံ တာ၀န်ယူမှု)

အနှစ်ချုပ်အနေနဲ့ပြောရမယ်ဆိုရင် ethics ကကျွန်မတို့လူမှုပတ်ဝန်းကျင်မှာအရေးပါသလို business environment မှာလည်းသိပ်ကိုအရေးကြီးတဲ့ ကိစ္စရပ်တစ်ခုဖြစ်တယ်။ ဒါကြောင့်ကျွန်မတို့အနေနဲ့ ethical environment ကိုဖော်ဆောင်ရင်း ဒီထက်ကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးကြပါစို့။

* Learner တစ်ယောက်အနေနဲ့ မှားယွင်းမှုရှိပါက နားလည်ပေးစေလိုပါသည်။

👉👸မခင်ဝင်းရီ
👉👩‍🏫တတိယနှစ် ဂုဏ်ထူးတန်း (BBA)
👉🏯မုံရွာစီးပွားရေးတက္ကသိုလ်

Photos from HRMDC's post 01/10/2020

HRတစ်ယောက်မှာ မရှိမဖြစ်လိုအပ်တဲ့ essential skills (၂)မျိုးရှိပါတယ်။ဒီ (၂ )မျိုးဟာဆိုရင် HRတစ်ယောက်မှာမှ မဟုတ်ပါဘူး လူအများကိုဦးဆောင်ချင်တဲ့ ခေါင်းဆောင်တိုင်းမှာ၊လူတိုင်းမှာ ရှိထားသင့်တဲ့ skillsတွေပဲ ဖြစ်ပါတယ်။ ဘာskillsတွေများဖြစ်နေမလဲ?

အောက်ကပုံတစ်ပုံချင်းကို ထောက်ဖတ်ကြည့်ပေးပါ။

30/09/2020

Operational Tasks and Activities

HRMနဲ့ပတ်သက်တဲ့operational tasks and activitiesတွေကိုပြောပြသွားမာဖစ်ပါတယ်။
ပထမဆုံးအနေနဲ့organization ကိုယ့်ရဲ့အဖွဲ့အစည်းက ဘယ်လိုများဖွဲ့စည်းထားတာလဲ grouping activitiesလို တူရာတူရာတွေစုထားတာမျိုး လုပ်သားအချင်းချင်းဘယ်လိုcommunicationမျိုးတည်ဆောက်ထားတာလဲ authority relationshipsလို လုပ်ပိုင်ခွင့်အာဏာတွေပေးတာမျိူးတွေဘယ်လို flexible structure အလျော့အတင်း အပြောင်းလဲပြုလုပ်မလဲ စတာတွေပါဝင်ပါတယ်။
ဒုတိယတခုကတော့လူ့စွမ်းအားအရင်းအမြစ် ရယူတာပဲဖစ်ပါတယ် ကိုယ့်လုပ်ငန်းမာ ဘယ်လိုလုပ်သားတွေ ဘယ်လိုစွမ်းရည်တေ‌ွလိုအပ်နေတာလဲနဲ့ပတ်သတိပီး လုပ်သားခေါ်ယူမယ် ရွေးမယ် reward and incentiveတွေသုံးပီးကိုယ့်ဆီမာမြဲအောင်လုပ်မယ်
တတိယတခုကတော့သူတို့ရဲ့performanceနဲ့ပတ်သတ်တာဖစ်ပါတယ်သူတို့ရဲ့performamceတွေကိုစဉ်ဆက်မပြတ်စောင့်ကြည့်အကဲဖြတ်ဖို့ကန်လိုအပ်ပါတယ်။
နောက်တခုကတော့reward (pay system)လစာပေးတာနဲ့ပတ်သတ်တာပါ ဥပဒေအရချမှတ်ထားတဲ့payနဲ့ ကိုက်ညီပီးညီတူညီမျှ မျှမျှတတ စနစ်တွေချမှတ်ရပါမယ်ကိုယ့်ရဲ့လုပ်ဆောင်ချက်အပေါ်မူတည်ပီးပေးတဲ့benefit scheme(လစာကလွဲပီးပေးတဲ့အကျိုးအမြတ်)နဲ့non-financial reward(ချီးမွမ်းစကားပြောတာမျိုး)ဆိုပီးနှမျိုးရှိ‌ပါသေးတယ်
ကိုယ့်ရဲ့လုပ်သားတွေကိုလက်ရှိအလုပ်ထက်ပိုတတ်အောင်trainingတွေပေးရပါမယ် အလုပ်သမားတယောက်နဲ့တယောက်အလူပ်နဲ့ပတ်သတ်ပီးစဉ်ဆက်မပြတ် အချိတ်အဆက်ရှိနေအောင်communicationအမြဲလုပ်နေရပါမယ်အလုပ်နဲ့ပတ်သတ်ပီးဆုံးဖြတ်ချက်ချတဲ့အခါမျိုးမာ လုပ်သားတွေကိုပြောရေးဆိုခွင့်တွေလဲပေးရပါမယ်အရေးကြီးဆုံးကတော့အလုပ်နဲ့ပတ်သတ်ပီးwork-life balanceဖစ်တာမျိုး‌ေတွoccupational health and safetyတွေလဲပါဝင်ပါတယ်။
အချု ပ်အနေနဲ့ သက်ဆိုင်ရာlawတွေနဲ့ကိုက်ညီစွာချမှတ်ထားတဲ့ HR policies and practicesနဲ့အညီ လုပ်ကိုင်ရမာပဲဖစ်ပါတယ်။

မအိအိဖြိုး
တတိယနှစိဂုဏ်ထူးတန်း(HRM)
မုံရွာစီးပွားရေးတက္ကသိုလ်

29/09/2020

Human Resource Managementဆိုသည်မှာ လူသားအရင်းအမြစ်ကိုအသုံးချ၍ ပိုမိုကောင်းမွန်သောလုပ်ဆောင်
ချက်များ ရရှိစေရန် စီမံခန့်ခွဲနိုင်သော ပညာရပ်ဖြစ်ပါတယ်။စဥ်းစားကြည့်မယ်ဆိုရင် ကိုယ့်ကိုကိုယ်စီမံခန့်ခွဲခြင်း
(self-management) လုပ်ဖို့အတွက်တောင် တော်တော်ခက်ခဲတဲ့အရာတစ်ခုပါ။၀န်ထမ်းများစွာရဲ့ အရည်အချင်း၊စိတ်နေသဘောထား၊စိတ်ခံစားမှု ၊အလေ့အကျင့်၊သူတို့မှာရှိတဲ့ ဗဟုသုတ ဒါတွေကို လိုက်လျောညီထွေဖြစ်အောင် စီမံခန့်ခွဲရမယ်ဆိုတာကတော့ တကယ်မလွယ်ပါဘူး။

လူသားအရင်းအမြစ်သည် မည်သည့်လုပ်ငန်းအရွယ်အစားမဆို လိုအပ်သော အဓိက Energyတစ်ခုဖြစ်ပါတယ်။Organizationတစ်ခုရဲ့ members or staffs ၀န်ထမ်းတွေကို ပိုမိုကောင်းမွန်လာသော၊ပိုမိုကျွမ်းကျင်လာသော ၀န်ထမ်းများအဖြစ် ပြောင်းလဲနိုင်မှသာလျှင် Organizationသည်လဲ ကောင်းမွန်အောင်မြင်လာမှာ ဖြစ်ပါတယ်။

Human ResourceManagementလို့ပြောတဲ့အခါမှာ foundationအဖြစ်ယူဆရမဲ့ HRM Policies(7)မျိုးရှိပါ
တယ်။
1.Recruitment and selection
2.Performance Management
3.Learning and Development
4.Succession Planning
5.Compensation and Benefits
6.Human Resources Information System
7.HR data and Analytics


၁။Recruitment and selection

Recruitment and Selection
(လူသစ်စုဆောင်းခြင်းနှင့် ရွေးချယ်မှု)
လို့ ပြောတဲ့အခါမှာ ၀န်ထမ်းတွေအနေဖြင့် first interview ကိုပြေးမြင်မယ် ထင်ပါတယ်။ကျွန်မတို့ ကျောင်းသား/သူတွေအနနဲ့ ရရာအမှတ်နဲ့ ၀င်ခွင့်စာမေးပွဲတွေဖြေဖူး ၊လျှောက်ဖူးကြတာကို သတိရပါ။

ဘာကြောင့် သူတို့ ရွေးချယ်တာလဲ ?
HRတစ်ယောက်ရဲ့ တာ၀န်က ဘာတွေလဲ?

ကိုယ့်လုပ်ငန်းက ဆိုင်ခွဲအသစ်အတွက် လူအသစ်တွေ
ထပ်ခန့်ဖို့ရှိသည်ပဲဖြစ်ဖြစ်၊၀န်ထမ်းအဟောင်းနေရာမှာ အစားထိုးချင်လို့ပဲဖြစ်ဖြစ် လူသစ်တွေငှားရမ်းဖို့ လိုအပ်လာတဲ့အခါ HRက ၀န်ထမ်းအသစ်တွေထပ်မံခေါ်ယူပေးရတယ်။လာရောက်လျှောက်ထားသူအများကြီးထဲကမှ ကိုယ့်လုပ်ငန်းနဲ့သင့်လျော်မဲ့သူ၊လိုအပ်နေတဲ့ နေရာနဲ့ fixဖြစ်နိုင်မဲ့သူ၊ အရည်အချင်းရှိတဲ့ ၀န်ထမ်းကောင်းတွေရဖို့ interviewတွေ၊အကဲဖြတ်စစ်ဆေးမှုတွေနဲ့ အခြား Recruitment methodsအမျိုးမျိုးကို အသုံးချပြီးတော့ အဆင့်ဆင့် စီစစ်ရွေးချယ်ရတာဖြစ်ပါတယ်။မှန်ကန်တဲ့ ၀န်ထမ်းရွေးချယ်ခန့်အပ်ခြင်းက HRတစ်ယောက်ရဲ့ တာ၀န်တွေထဲက တစ်ခုဖြစ်ပါတယ်။

၂။Performance Management

HR Basic ရဲ့ဒုတိယအရေးကြီးတာကတော့ Performance Managementလို့ခေါ်တဲ့ လုပ်ဆောင်ချက်များကို စီမံခန့်ခွဲခြင်းဖြစ်ပါတယ်။
၀န်ထမ်းများကို သူတို့လုပ်ရမဲ့အလုပ်အပေါ်မှာ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်စေရန် အကဲဖြတ်အမှတ်ပေးရခြင်းပဲဖြစ်ပါတယ်။Feedbackကောင်းကောင်းလိုချင်သော ၀န်ထမ်းသည် မိမိအလုပ်အပေါ်တွင် လုပ်ဆောင်ချက်ကောင်းမှရမည်။၀န်ထမ်းတစ်ယောက် Performanceကောင်းလာဖို့အတွက်ဆို
HRက သူတို့လုပ်ဆောင်ချက်အပေါ်မှာ reviewပေးရမယ်၊ဆုကြေး၊ဒဏ်ကြေး စသည်တွေနဲ့ အမျိုးမျိုးလှည့်ပတ် စီမံခန့်ခွဲရတာတွေ ရှိမယ်။ဒီလိုတွေ လုပ်ပေးခြင်းအားဖြင့် ၀န်ထမ်းတစ်ယောက်ရဲ့ အရည်အချင်း or Performanceက high or low ပေါ်ထွက်လာမယ်။အမျိုးမျိုးပြောင်းလဲနိုင်တဲ့ အခြေအနေတစ်ခုမှာ ကိုယ့်လုပ်ငန်းအောင်မြင်အောင်ဖို့
လိုအပ်တဲ့ပြောင်းလဲမှုတွေနဲ့အတူလိုက်ပြီး ၀န်ထမ်းတွေရဲ့ skills or capabilities တွေကိုတိုးတက်အောင်ဆောင်ရွက်နိုင်ဖို့ရန် ၀န်းထမ်းတွေရဲ့ ဆောင်ရွက်ချက်များကို HRကကောင်းကောင်း စီမံခန့်ခွဲပေးရမှာဖြစ်ပါတယ်။

၃။Learning and Development

ဒုတိယအချက်မှာပြောခဲ့သလို ၀န်ထမ်းတွေရဲ့ performanceကို resultကောင်းကောင်းရဖို့အတွက်ဆိုရင် အဆက်မပြတ် learning လုပ်ပေးနေဖို့လိုတယ်။လုပ်ငန်းတိုင်းမှာ L&Dအတွက်budgetသပ်သပ်ကြိုတင်ပြင်ဆင်ထားဖို့လိုပါတယ်။၀န်ထမ်းတွေတော်လာလေကိုယ့်လုပ်ငန်းအောင်မြင်လာလေဖြစ်မှာပါ။၀န်ထမ်းတွေမှာရှိပြီးသားအရည်အချင်းတွေထက် ပိုကောင်းတဲ့ အရည်အချင်းတွေလိုချင်တဲ့အခါ trainingပေးတာ၊motivationပေးတာမျိုးတွေ လုပ်ပေးဖို့ လိုအပ်တယ်။

ဥပမာ။ အပ်ချုပ်စက်ရုံအတွက် ၀န်ထမ်းခန့်အပ်မယ်ဆိုပါစို့။ခန့်ထားတဲ့ ၀န်ထမ်းသည် အနည်းဆုံးစက်တော့ချုပ်တတ်ရမယ် ဒါပေမဲ့ ကိုယ့်စက်ရုံက ထုတ်မဲ့ designသည် ပြိုင်ဘက်တွေထက် ထူးကဲချင်တဲ့အခါသူတို့ရဲ့အရည်အချင်းကိုထပ်တိုးတက်လာဖို့
အတွက် trainner တွေငှားပြီး ၀န်ထမ်းတွေကို လိုအပ်တဲ့ training တွေပေးတာမျိုးတွေလုပ်ပေးရမယ်။

ဒါကြောင့်Performance Management နဲ့ L&Dက ချိတ်ဆက်နေတဲ့ Networkတစ်ခုဖြစ်တယ်လို့ပြောလို့ရတယ်။

၄။Succession planning

ကိုယ့်လုပ်ငန်းထဲက အဓိက၀န်ထမ်းတစ်ယောက် ရုတ်တရက်အလုပ်ထွက်တဲ့အခါမှာ succession planning(ဆက်ခံခြင်း စီစဥ်ခြင်း)က အလွန်အသုံး၀င်ပါတယ်။Leader မရှိတာပဲဖြစ်ဖြစ်၊ခရီးထွက်သွားတာပဲဖြစ်ဖြစ်၊အရေးကိစ္စရှိလို့ လုပ်ငန်းကခွင့်ယူတဲ့အခါအခါမျိုးမှာဖြစ်ဖြစ် Leaderမရှိပဲ လုပ်ငန်းကိုဆက်လက်လုပ်ကိုင်နိုင်ဖို့ရန်လဲ ရည်ရွယ်ပါတယ်။

ဥပမာ။ ကိုယ့်လုပ်ငန်းထဲက senior managerတစ်ယောက် ရုတ်တရက် အလုပ်ထွက်သွားတဲ့အခါမျိုးမှာ သူ့ရဲ့နေရာမှာ လျှင်မြန်စွာ အစားထိုးနိုင်မဲ့ managerရာထူးနဲ့ကိုက်ညီတဲ့ ၀န်ထမ်းတစ်ယောက်အဆင်သင့်ရှိနေဖို့ လိုအပ်ပါတယ်။ဒါမှာ လုပ်ငန်းရဲ့ တာ၀န်တွေမလစ်ဟင်းပဲ ဆက်လက်လည်ပတ်နိုင်မှာဖြစ်ပါတယ်။Succession Planning လုပ်ဆောင်နိုင်ဖို့ဆိုရင် ၀န်ထမ်းတွေကို Performance Managementနဲ့ Learning and Development အဆင့်မှာ ကောင်းကောင်းtrainingတွေရခဲ့ရမယ်။ကောင်းကောင်းlearnလုပ်နိုင်ခဲ့တဲ့အတွက် ထွက်သွားတဲ့ managerနေရာမှာ အလွယ်တကူအစားထိုးနိုင်ပြီး လုပ်ငန်းကိုနှောင့်နှေးမှုမရှိအောင် ကြိုတင်ပြင်ဆင်ထားတယ် လို့ပြောလို့ရပါတယ်။

၅။Compensation and Benefits

တရားမျှတမှုရှိတဲ့ နစ်နာကြေးပေးခြင်း၊လျော်ကြေးပေးခြင်း၊လစာပေးခြင်းတွေသည် ၀န်ထမ်းတွေကို အလုပ်မှာ စိတ်ပါ၀င်စားစွာနဲ့ လုပ်ကိုင်နိုင်ဖို့အတွက် motivationဖြစ်စေတဲ့အရာတွေထဲက တစ်ခုဖြစ်ပါတယ်။Compensationမှာ primary compersationနဲ့ secondary compensationဆိုပြီးနှစ်မျိုုးရှိပါတယ်။

- Primary Compensationဆိုတာက ၀န်ထမ်းတွေကို လစဥ်ပုံမှန် ပေးရတဲ့ လစာ၊၀န်ထမ်းတွေရဲ့ performanceတွေအပေါ်ကြည့်ပြီး ပေးတဲ့bonus ပေးတာမျိုးတွေကို ဆိုလိုတယ်။

-Secondary Compensationဆိုတာက ပိုက်ဆံပေးတာမျိုးမဟုတ်ပဲ extra holiday တိုးပေးတာ၊အလုပ်ကိုအလွယ်တကူသွားလာနိုင်ဖို့ ကားစီစဥ်ပေးတာ၊တိုက်ခန်းစီစဥ်ပေးတာ၊Laptopပေးတာ၊၀န်ထမ်းအဆင်ပြေမဲ့အချိန် အလုပ်ချိန်ပြောင်းပေးတာ၊ကလေးရှိတဲ့၀န်ထမ်းတွေအတွက် အလုပ်ထဲမှာ ကလေးတွေကိုစောင့်ရှောက်ပေးနိုင်မဲ့ child care centerထားပေးတာမျိုးတွေကို ဆိုလိုတယ်။

၀န်ထမ်းတွေရဲ့ အခက်အခဲတွေကို ဖြည့်စွက်စီစဥ်ပေးခြင်းဖြင့် ၀န်ထမ်းတွေက အလုပ်အပေါ်အာရုံစိုက်နိုင်ပြီး ကိုယ့်လုပ်ငန်းရဲ့Objectiveကို ရောက်အောင် ၀န်ထမ်းလဲအဆင်ပြေ၊ကိုယ့်လုပ်ငန်းအတွက်လဲ အကျိုးရှိတဲ့ (win-win situation)အနေဖြင့် သွားနိုင်ခြင်းဖြစ်ပါတယ်။

၆။Human Resource Information System(HRIS)

Human resource information system ဆိုတာက၀န်ထမ်းတွေအားလုံးနဲ့ပတ်သက်တဲ့ dataတွေကို စုဆောင်းပေးခြင်း၊စီစစ်ပေးခြင်း၊သိမ်းစည်းထားပေးခြင်း တွေကိုဆိုလိုပါတယ်။dataတွေအားလုံးကို recordလုပ်ထားခြင်းဖြင့် ပြဿနာတစ်ခုခြဖြစ်လာတဲ့အခါ dataတွေကိုလိုက်ပြီး ပြဿနာရဲ့sourceကို အလွယ်တကူ ခြေရာခံနိုင်တယ်။
ဘယ်ရက်ကအလုပ်စ၀င်တာ၊ဘယ်ရက်မှာHolidayယူထားတာ၊
address၊birth date၊အရည်အချင်း၊အလုပ်အချိန်အချိန်ဇယား၊တက်ရောက်ထားတဲ့ training သင်တန်းတွေ စတဲ့၀န်ထမ်းတွေနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို စုဆောင်းထားခြင်းဖြင့် ပြဿနာကိုဖြေရှင်းရတဲ့အခါမှာ အချိန်ကို saveဖြစ်ရုံမျှမက ၀န်ထမ်းအားလုံးရဲ့ အရေးကိစ္စတွေကို manage လုပ်ဖို့ရန်အတွက် HRISကအကူအညီပေးနိုင်ပါတယ်။

၇။HR data and Analytics

HR analytics ဆိုတာက လုပ်ငန်းထဲက ပြဿနာတစ်ခုကို စိတ်ခံစားမှုတွေ (၀န်ထမ်းနဲ့ အမျိုးဖြစ်နေတာ၊ခင်နေတာ၊မုန်းနေတာ)ထည့်မစဥ်းစားပဲနဲ့ recordလုပ်ထားတဲ့dataတွေပေါ်မှာပဲ အခြေခံပြီး ဖြေရှင်းပေးခြင်း ဖြစ်ပါတယ်။
ဥပမာ-

ဒီတစ်နှစ်အတွင်း ၀န်ထမ်းတွေဘာလို့အလုပ်ထွက်နှုန်းတိုးလာတာလဲ?

အလုပ်ထွက်ရတဲ့ အကြောင်းအရင်းက ဘာတွေဖြစ်နိုင်မလဲ?
-လစာနည်းလို့လား
-လုပ်ငန်းခွင်မှာ မဆင်မပြေတာများရှိနေလား
-အလုပ်ကို မကျွမ်းကျင်လို့လား
-၀န်ထမ်းကို စိတ်အနှောက်အယှက်ဖြစ်စေတာက ဘယ်အချက်လဲ

ဘယ်လို၀န်ထမ်းမျိုးတွေ အလုပ်ထွက်နိုင်ခြေ များတာလဲ?

စတဲ့ မေးခွန်းမျိုးတွေနဲ့ ရှာဖွေချင်တဲ့အခါ ငါနဲ့အဆင်မပြေလို့ ထွက်တာလား၊ငါ့ကိုမုန်းလို့ထွက်တာလား ဆိုတာတွေထက် ၀န်ထမ်းက ဘယ်နေရာမှာအဆင်မပြေဖြစ်နေတာလဲ၊အလုပ်ထွက်ရတဲ့အကြောင်းအရင်းတွေနဲ့ ပတ်သက်တဲ့dataတွေကို အခြေခံပြီး ဆုံးဖြတ်ရပါတယ်။ အရေးကြီးတဲ့ ၀န်ထမ်းထွက်သွားရင်
လုပ်ငန်းတွက်နစ်နာမှုတွေ ဖြစ်လာနိုင်ခြေ ရှိပါတယ်။ဒါကြောင့်
အစမ်းခန့်ကာလကနေ အလုပ်ထွက်တဲ့ အချိန်ထိ ၊recruitment and selection ကနေစပြီး trackလုပ်ထားတဲ့ အချက်အလက်အားလုံးသည်လုပ်ငန်းတစ်ခုရဲ့Objectiveကိုရောက်အောင် ကောင်းကောင်း အကူအညီပေးနိုင်ပါတယ်။

သဲ့ထက်သျှန်
တတိယနှစ်ဂုဏ်ထူးတန်း(HRM)
မုံရွာစီးပွားရေးတက္ကသိုလ်

28/09/2020

What is Human Resource Management?
Human resource management,or HRM, is the practice of managing people to achieve better performance.

Human Resource managementဆိုသည်မှာ
မည်သည့်လုပ်ငန်းအရွယ်အစားမဆို မရှိမဖြစ်လိုအပ်သော၊အသုံးချရသော ပညာရပ်တစ်ခုဖြစ်ပါတယ်။ဘယ်အဖွဲ့အစည်း၊လုပ်ငန်းမဆို လူတွေနဲ့ လှည့်ပတ်နေတာပါ။ကိုယ့်အဖွဲ့အစည်း၊ကိုယ့်လုပ်ငန်းလက်အောက်မှာ ရှိတဲ့ ၀န်ထမ်းပေါင်းများစွာကို စနစ်တကျစီမံခန့်ခွဲနိုင်ဖို့ရန် အရေးကြီးပါတယ်။အကယ်၍ သင်ဟာ Human Resource Managementနဲ့ ပတ်သက်တဲ့ အခြေခံကျသော သတင်းအချက်အလက်(information)များကို လေ့လာချင်တယ်ဆိုရင် HRMDCမှ ကြိုဆိုပါတယ်။HRMDC Pageကနေ Human Resource Management ပညာရပ်ကို အထူးလေ့လာသင်ယူနေသော Monywa University of Economic မှ တတိယနှစ်ဂုဏ်ထူးတန်း ကျောင်းသား/သူများမှ မိမိတို့အတွေး အမြင်များဖြင့် အပတ်စဥ် ဆွေးနွေးတင်ပြပေးသွားမှာ ဖြစ်ပါတယ်။

ရည်ရွယ်ချက်မှာ

- Stay at home ကာလအတွင်း
ကျောင်းသား/ သူများအချင်းချင်း communication
ပြတ်တောက်မှုမရှိစေရန်။

-Stay at home ကာလအတွင်း
မိမိလေ့လာနေသော ဘာသာရပ်နှင့် ချိတ်ဆက်မှုမပြတ်စေရန်။

-Human Resource Management ပညာရပ်ကို စိတ်၀င်စားသော သူများ အနေဖြင့် ပိုမိုကျယ်ပြန့်သော
HR Networkကို ချိတ်ဆက်မိစေရန်။

-နယ်ပယ်အစုံမှ Business Management ကျောင်းသား/သူများ အချင်းချင်း ချိတ်ဆက်၍ အပြန်အလှန်ဆွေးနွေး ဖလှယ်နိုင်သော Discussion Competitionများ ပြုလုပ်နိုင်ရန်။

-Major ရွေးချယ်ရာတွင် HRဘာသာရပ်ကိုအမှန်တကယ်သိရှိ၍ စိတ်၀င်စားမှုရှိမှ တက်ရောက်ခွင့်ရစေရန်။

-အနာဂတ်တွင် အရည်အချင်းပြည့်၀သော HRကောင်းများ ဖြစ်ပေါ်လာစေရန်။

Website