Ven Ñãnadhaja

Ven Ñãnadhaja

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ven Ñãnadhaja, Musician/Band, .

25/01/2024

အမေ တစ်ယောက်ဟာ...
သား သမီး​​တွေ အတွက်ဆိုရင်
ဘယ်လောက်ပဲ အပြောဆိုးဆိုး ဘယ်လောက်ပဲ စရိုက်က်
ကြမ်းကြမ်း သားသမီးတွေအတွက်
တော့ အမေးဟာ အမေပါပဲ ဆိုတဲ့
အတွေးလေးတော့ ယခုခေတ်.သား သမီးတွေရင်ထဲမှ ကိန်းဝပ်စေချင်တာပါ။

ဘယ်လိုအချေအနေပဲရောက်ရောက်
အမေဟာ အမေပါပဲဆိုတာကိုတော့
မင့်မမေ့လိုက်ပါနဲ့။

27/07/2023

လောကမှာ......
ကိုယ်ကျင်သီလ မရှိတာကို
ဟန်ဆောင်လို့ရတယ်...

အသိဉာဏ် မရှိတာကိုတော့
ဟန်ဆောင်လို့မရဘူးတဲ့...

ကိုယ်ကျင့်သီလ ကောင်းနေရင်လဲ
ကိုယ့်ရဲ့အကျင့်သီလကို အကြောင်ပြုပြီး
တစ်ဖက်သားကို အထင်သေးရင်
မကောင်းဘူးတဲ့....

(စာသင်ခန်းက ဆရာ့ ရွှေစကား)

(Ñãna Ashin)
(27/7/2023)

17/07/2023

Relationship....

တစ်ချို့ Relationship တွေက..
ခက်တော့ အခက်သားပါပဲ
online ပေါ်မှာ green light လေး
တွေ့လို့ သတိရတဲ့စိတ် တာဝန် ဝတ္တရား
စိတ်နဲ့ စားလေးရေးပြီး ပို့မိလိုက်တဲ့အခါ
တစ်ဖက်က စိမ်းနေတဲ့မီးလေးက ကိုယ့်အတွက်
လင်းနေတဲ့ အလင်းရောင်မဟုပါပဲ....

အခြားအကြောင်းအရာ တစ်ခုကြောင့်
လင်းနေတယ်ဆိုတာကို ဒီဘက်ကလူရဲ့
အသိစိတ်မှာ သိလိုက်တဲ့အချိန်
အသိစိတ်ထဲမှာ မေ့သင်တာကိုမေ့
စွန့်လွှတ်သင့်တာကို စွန့်လွှတ်ပြီး
ရုန်းထွက်နိုင်အောင် ရုန်းထွက်လို့
True reationship ဖြစ်ဖို့အတွက်
ကြိုးစားဖို့လိုတယ်။

Ashin Ñãna
(17/72023)

15/07/2023

လောကမှာ.......
မပြည့်စုံခြင်း ၂ မျိုးရှိစမြဲပါပဲ
(၁) ရုပ်ဝတ္ထုမပြည့်စုံခြင်း
(၂) စိတ်ထားမပြည့်စုံခြင်း
ဒီနှစ်မျိုးပဲဖြစ်ကြပါတယ်။

ဒီအခါကြတော့.....
ရုပ်ဝတ္ထုမပြည့်စုံတဲ့အခါ
ရှာဖွေ စုဆောင်းဖို့ နည်းလမ်း
များစွာရှိသည့် အလျှောက်
လွယ်ကူနိုင်ပေမဲ့လို့.....

စိတ်ထားမပြည့်စုံခြင်းကတော့....
တော်တော်လေးကို အဆိုးဘက်
ယိုင်သွားသလို ပြန်ပြုပြင်ဖို့ကလည်း
နည်းလမ်း များများစားစား မရှိသလို
ပြုပြင်ဖို့ကလည်း တော်တော်ကို
ခက်ခဲတဲ့ အရာတစ်ခုဖြစ်ပါတယ်။

အဲ့ဒီအခါမှာတော့....
မြတ်ဗုဒ္ဒက ဓမ္မပဒ စိတ္တဝဂ် အညရဘိက္ခုဝတ္ထုမှာ
တော့ နည်းလမ်းတစ်ခုပေးခဲ့တာရှိတယ်....

ဒုန္နိဂ္ဂဟဿ လဟုနော၊
ယတ္ထကာမ နိပါတိနော။
စိတ္တဿ ဒမထော သာဓု၊
စိတ်တံ ဒန်ဒံ သုခါဝဟံ။ တဲ့

အလွန်နှိပ်နင်းနိုင်ခဲတဲ့ အလွန်မြန်လွန်းတဲ့
ဖြစ်ခြင်း ချုပ်ခြင်းရှိတဲ့ အလိုရှိရာ အားသာရာ
ရောက်သွားတတ်တဲ့ စိတ်ကိုပဲ ယဉ်ကျေးအောင်
ဆုံးမလိုက်တာဟာ အကောင်းဆုံပဲဖြစ်လို့
ယဉ်ကျေးသွားတဲ့ စိတ်ကပဲ မဂ် ဖိုလ် နိဗ္ဗာန်
သုံးတန်သော ချမ်းသာကိုပေးလိမ့်မယ့်တဲ့။

Ashin na
(15/7/2023)

28/06/2023

ဘဝတစ်ကွေ့မှာ တွေ့ခဲ့ရတဲ့
လူတစ်တစ်ချို့ဆိုပေမဲ့လည်း
ပျော်မွေ့မှု့များစွာနဲ့....

စိတ်ချမ်းမြေ့ခဲ့ရတဲ့ အခိုက်အတန့်တွေနှင့်
တွေ့စုံခွင့်ပေးခဲ့တဲ့ ဒီမိသားစုတစ်ခုကိုလည်း
လေးနက်တဲ့စိတ်ထားတွေနဲ့
အထူးကျေးဇူးအထူးတင်ပါတယ်။

ဒီအတွက်ကြောင့်...
အကျွန်ုပ် ပျော်ရွှင်
စိတ်ချမ်းသာရသလို
ဒီ မိသားစုလည်း ပျော်ရွှင်
စိတ်ချမ်းသာရပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

23/06/2023

အကျွန်ုပ်၏.....
ဧကာဒသမ(၁၁ )မြောက်
လောဟိတဒါနပဲဖြစ်ပါတယ်။

ဤကောင်းမှုကြောင့်
၃၁ဘုံသားသတ္တဝါတွေ
ဘေးကင်းကြပါစေ
ရန်ကင်းကြပါစေ
စိုးရိမ် သောက ဗျာပါဒ
ကင်းကြ၍.....

စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့်
မိမိတို့ရဲ့ ခန္ဓာဝန် သာသနာ့ဝန်ကို
ကောင်းမွန်စွာ ကြိုးပန်း ဆောင်ရွက်နိုင်ကြပါစေ။

ဓာတ်ပုံရိုက်ပေးတဲ့ ဆရာမပေါစလေးလည်း
အစစ အရာရာ အဆင်ပြေပါစေ။

Ashin Ñãn
23/6/2023

22/06/2023

ကိုယ်ဘဝနဲ့
ဆက်နွယ် ပတ်သက်မှု
မပြုချင်တော့တဲ့ သူတွေအတွက်
အချိန်တွေ အလဟတ်သတ်
မဖြုန်းတီးလိုက်ပါနဲ့....

ဘာလိုလဲဆို....
ကိုယ့်လျှောက်လှမ်းနေတဲ့
ဘဝခရီးမှာ ခြေလှမ်းတွေ
​နှောင့်နှေးတတ်တယ်လေ။

Ashin Ñãna
22/6/2023

21/01/2023

#အဓိက နဲ့ သာမညကို....
မခွဲခြားနိုင်တော့
ကိစ္စအတော်များများမှာ
တွေဝေမှုတွေနဲ့ပဲအဆုံးသတ်ခဲ့ရတယ်။

#တစ်ချို့ကိစ္စတွေဆို
​ရှေ့တိုးသင့်တာကို
​ရှေ့မတိုးနိုင်ခဲ့ဘူး
တစ်ချို့အရာတွေဆို
နောက်ဆုတ်သင်တာကို
နောက်မဆုတ်နိုင်ခဲ့ဘူး။

#တစ်ချို့အလုပ်တွေက
တိုးတက်သင့်တာကို
မတိုးတက်ပဲတုံ့ဆိုင်းနေတုန်းပဲ
တစ်ချို့လုပ်ရက်တွေက
စွန့်လွှတ်သင့်တာကို
မစွန့်လွှတ်နိုင်ပါပဲ
ငြိတွယ် ပွေ့ဖက်ထားချင်နေတုန်း

#တစ်ခါတစ်လေ.....
နှလုံးသားနဲ့ ဦးနှောက်က
ဖြစ်တည်ဆဲဘဝနဲ့
ဆန့်ကျင်ပြီး နှလုံးသားကိုပဲ
ဦးစားပေးအလေးသာကာ
သာယာကြည်နူးမိနေတုန်းပဲလေ။

♥ဒီလိုသာ.......
လွဲချော်မှုတွေများနေရင်
​ရှေ့ဆက်လွဲချော်နေဦးမယ်ဆိုရင်
သွားပြီပဲ..........
ဘဝကတော့ လမ်းစ ပျောက်မှာ
အသေချာပဲလေ။

♥မဖြစ်တော့ဘူး......
နှးလုံးသားကို ဖက်နဲ့ထုပ်
အုပ်ကားမိုးမယ် သတိတွေနဲ့
အသိတွေနဲ့......
ဦးနှောက်ကို ထုပ်ကာဖွင့်
လွှင့်မှဖြစ်မယ်...
ရှေ့ခရီးဆက် လှမ်းမှဖြစ်မယ်
ခပ်သွက်သွက်......

အရှင်ဉာဏ
(၂၁.၁.၂၀၂၃)

မူပိုင်

Website