Nann Taw Win Traditional Clinic

Nann Taw Win Traditional Clinic

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nann Taw Win Traditional Clinic, Medical and health, .

29/06/2022

ဒီနေ့ တရုတ်တိုင်းရင်းဆေးပညာ 中医
Traditional Chinese Medicine (TCM)ရဲ့
Acupuncture 针灸 နဲ့ နည်းနည်း မိတ်ဆက်ရအောင်.....

📌Acupuncture 针灸 ဆိုတာဘာလဲ...

Acupuncture is the practice of inserting and manipulating needles into the superficial skin ,subcutaneous tissue,and muscles of the body at particular acupuncture point by using thin,solid and metallic needles.

Acu: ဟာ TCM ရဲ့ ရှေးယခင်ကတည်းက အသုံးပြုလာတဲ့ ကုသမှု နည်းစနစ်တခုဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ...
တရုတ်တိုင်းရင်းဆေးပညာရှင်တွေဟာ လူ့ခန္ဓာကိုယ်မှာ စီးကြောင်းတွေ meridians 经络(နောက်ပိုင်းဘာစီးကြောင်းတွေလည်းဆိုတာပြောပြပါ့မယ်) နဲ့ဆက်စပ်နေတဲ့ Acupuncture point ပေါင်း ၂၀၀၀ကျော်လောက်ရှိတယ်လို့ ပြောတယ်။အဲ့ဒီ စီးကြောင်းတွေက ဘာတွေလုပ်ပေးလဲဆိုတော့ ခန္ဓာကိုယ်ကို ကျန်းမာနေစေဖို့အတွက်အရေးကြီးတဲ့ စွမ်းအင်(Qi)တွေကို ခန္ဓာကိုယ်တစ်ခုလုံးကို စီးဆင်းနေစေတယ်။အဲ့ဒီ စွမ်းအင် စီးဆင်းမှုမှာ ပြဿနာ ရှိလာရင် ရောဂါတွေ ပေါ်ပေါက်လာနိုင်တယ်လို့ ယူဆကြတယ်။ အခု ဒီ acu: နည်းနဲ့ ခန္ဓာကိုယ်ရဲ့ သက်ဆိုင်တဲ့ point တွေမှာ အသုံးပြုပေးခြင်းဖြင့် စွမ်းအင်စီးဆင်းမှုကို ထောက်ပံ့ကူညီနိုင်ပြီး ကျန်းမာမှုကို ရရှိစေတယ်။
အပ်စိုက်ကုသရာမှာ အထက်မှာပြောခဲ့သလိုစီးကြောင်းတွေများစွာရှိသလို ကုသမှုနည်းစနစ်တွေလည်း အများကြီးရှိပါတယ်။

Acu point တွေကို ပိုးသတ်ထားတဲ့ needle သုံးပြီးကုသမှုပြုတယ် ဆိုပေမယ့်.. needle အစား pointနေရာကို moxibustion လို့ခေါ်တဲ့ moxa stick လေးနဲ့အပူပေးတဲ့နည်း၊ လက်နဲ့ pressure ပေးတဲ့ acupressureနည်း၊ စုပ်ခွက် cupping ပေးတဲ့နည်း အပြင် electromagnetic energy electroacupuncture နဲ့လည်း impulse လုပ်ပေးနိုင်ပါတယ်။

သူက အဓိက အနှစ်ချုပ်အားဖြင့် ဘာတွေအက်ျုးပြုလဲဆိုတော့...
အပ်စိုက်ကုသခြင်းဟာ

📌Yin&Yang ကို ထိန်းညှိပေးတယ်
📌ရောဂါကိုခုခံကာကွယ်ပေးတဲ့စွမ်းအင် Qi တွေကို သန်မာအားကောင်းစေတယ်
📌ရောဂါဖြစ်စေတဲ့အရာတွေကိုလည်း ရှင်းထုတ်ပေးနိုင်တယ်
📌စီးကြောင်းတွေမှာပိတ်ဆို့မှုလို ပြဿနာတခုခုရှိရင်လဲ ဖယ်ရှားပေးနိုင်တယ်
📌ခန္ဓာကိုယ်မှာအရေးကြီးတဲ့ Qi& Blood ရဲ့စီးဆင်းမှု့ကိုလည်း အားဖြည့်ပေးတယ်

💯သူက ရောဂါ ကုသဖို့အတွက်တင်မဟုတ်ဘဲ။ ကာကွယ်ဖို့အတွက်ပါ အသုံးပြုနိုင်တယ်...

ကုသမှုနည်းစနစ်တိုင်းမှာ benefitsရှိသလို risks လေးတွေလည်းရှိပါတယ်...
Acu: မှာလည်း ရှိပါတယ်..

📌စိုက်တဲ့နေရာက သွေးခြေဥသွားတာ
📌စိုက်ပီး နည်းနည်းနာနေတာ
📌ပိုးသတ်ထားတဲ့အပ်ကိုမသုံးရင် / pointကို cleanလုပ်တဲ့အခါ သေချာမလုပ်မိရင်infection ဝင်နိုင်တာ
📌လူနာက အရမ်းကြောက်နေရင် acu shock ရနိုင်တာ
📌နောက်ပြီး အကြောင်းအမျိုးမျိုးကြောင့် စိုက်နေစဉ် skin ထဲမှာ အပ်ကျိုးသွားနိုင်တာ အပ်ကောက်သွားနိုင်တာ...
ဒါတွေကို သတိထားရပါမယ်။
ဒါကလည်း physician နဲ့ patient နဲ့ သေချာဆွေးနွေးတိုင်ပင်ပြီးလုပ်ရင် ဘာမှကြောက်စရာမလိုပါဘူးနော်...

📌အင်မတန် အကျိုးများပြီးထိရောက်တဲ့ ကုထုံးတစ်ခုပါ

ဒီလောက်ဆိုရင် အပ်စိုက်ကုပညာကို အနည်းငယ် နားလည်မှာပါနော်...

📌လူနာတွေအမေးများတဲ့မေးခွန်းလေးတွေလည်း တွဲဖြေပေးပါ့မယ်...
Q: ဆရာမ အပ်မှာ ဆေးပါတာလားဟင်
A: ဆေးမပါပါဘူး...သူ့ရဲ့ သတ်မှတ်ထားတဲ့စီးကြောင်းနဲ့ အပ်စိုက်ကွက်တွေပေါ်မှာ ရောဂါအလိုက် အပ်ရဲ့အတိမ်အနက် စိုက်နည်း နည်းစနစ်တွေကိုသုံးပြီး အပ်စိုက်ကုသမှုပြုကာ ရောဂါကိုကုသခြင်း ကာကွယ်ခြင်းဖြစ်ပါတယ်။

# Nann Taw Win Traditional clinic

ပြန်လည်ကူးယူဖော်ပြခွင့်ပေးသော ဝဏ္ဏသိဒ္ဓိတိုင်းရင်းဆေးထုတ်လုပ်ငန်းအား ကျေးဇူးအထူးတင်ပါတယ်

Website