GZ-21 Team

GZ-21 Team

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from GZ-21 Team, News & Media Website, .

09/03/2022

မနေ့က ရွာနားဝန်းကျင် ဖြတ်သွားတဲ့ စစ်ကြောင်းဟာ ရွာမရောက်ခင် ရွာသား တစ်ဦးကို ပစ်သတ်ခဲ့တယ်။ ရွာက အထွက် တစ်ယောက် သတ်တယ်။ ကလေးတွေနဲ့ ထိတွေ့မှု ၂ ကြိမ်ဖြစ်တယ်။ စစ်ရှောင်စခန်းဖွင့်ထားတဲ့ နမ ရွာ ဘုန်းကြီးကျောင်း လက်နက်ကြီးကျတယ်။ ၅ ယောက်လောက် ဒဏ်ရာရတယ်။ တချို့ စိုးရိမ်စရာ။ လမ်းတစ်လျှောက် တွေ့တဲ့ ဝင်တဲ့ တဲ မွှေတယ်။ စားစရာတွေ ယူစားတယ်။ ဖျက်ဆီးစရာ ဖျက်တယ်။ ဒီစစ်ကြောင်း ထွက်လာချိန်ကစ သူ့စမှတ် ပြန်ဝင်သည်အထိ ဆယ်ရက် ဝန်းကျင်ပြည်သူတွေမှာ သောကနဲ့ ဖိစီးမှုအပြည့်။ အိမ်တွေမှာ ဆန်မထားရဲ။ ဆီမထားရဲ။ တဲတွေမှာ ဝမ်းစာ မစုထားရဲ။ တချို့တဲတွေ ကြိုဖျက်ထားကြပြီ။ တချို့ ကြမ်းနဲ့ အကာတွေ ခွါချပြီး မိုးကာနဲ့ ဖြစ်သလိုအိပ်တယ်။ မီးရှို့ခံရရင် ဆိုတဲ့ အတွေး မိသားစုတိုင်းမှာ ရှိတယ်။

အင်တာနက် ပိတ်ထားတယ်။ ဖုန်း mpt မရတာ ကြာ။ ကျန်တာတွေ ၃ ခါလောက်ခေါ်မှ ဝင်ကောင်း ဝင်တယ်။ ၂ မိနစ် ၃ မိနစ်ပြောပြီးတာနဲ့ အသံပျောက်၊ လိုင်းပြတ်ကျတယ်။ လျှပ်စစ်မီးလား။ စကားထဲ ထည့်တောင် မပြောဖြစ်ကြဘူး။

ဖျားနာကြတယ်။ ပြစရာ ဆရာဝန်မရှိ။ မြို့ကိုတက်မယ်ဆို ဖုန်းကအစ အကုန် ဖြဲ အစစ်ခံရတယ်။ ပြဿနာရှာတယ်။ ရစ်မယ်။ ပလက်စတစ်ရေဘူး အကြည်တွေ ဆီထည့်ဝေချင်လို့မှာတာ လိုင်းကားဆရာက မတင်ရဲလို့ ဒီအတိုင်းနေရတယ်။ ဆေးဝါး ဝေး။ ဘေထုပ်တောင် များရင် ပြဿနာရှာတယ်။

နေ့ ည အိပ်ကောင်းခြင်းမအိပ်ရ။ စိတ်သောကရောက်ရ။ အာ့တွေ ငြိမ်းချင်ရင် သူတို့နဲ့ပေါင်းပါတဲ့။ သူတို့လက်အောက် ငြိမ်ပါတဲ့။ ရွာဖျက်မခံချင်ရင် ရွာဖျက်မဲ့ကောင်တွေနဲ့ ပေါင်းဆိုတာမျိုးပေါ့။

အောင်မြင်ရမယ်ပေါ့ဆိုတဲ့စိတ်နဲ့ တောင့်ခံဖြတ်သန်းကြတယ်။ စိတ်ဓာတ်ကျမှာစိုးလို့ ရန်ကုန်မြို့ကြီးရဲ့အခြေအနေကို မမေးဘူး။ တချို့တပည့်တွေ ဘွဲ့ရပ်နားပြီး စလုံးမှာ အိမ်ဖော်လုပ်ဖို့ ဒီနယ်လေးကနေ ထွက်သွားကြပြီ။ ရန်ကုန်မှာ ခဏနားပေါ့။ ကိုယ် မမေးတဲ့ကြားက သူတို့တွေက ပြောဖြစ်အောင်ပြောသေး။

ဆရာတို့ မြို့က ဘာမှ မဆိုင်တော့သလိုပဲတဲ့။

07/03/2022

ကယားပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ရှိ ကျောက်ဆည်ကန် နှင့် ကုန်းသာကျေးရွာ တွင် ယနေ့ (၇.၃.၂၀၂၂) တနလ်ာနေ့ မနက် (၅:၃၀) ဝန်းကျင်တွင် စစ်ကြောင်း လေးကြောင်းဖြင့် နယ်မြေကျူးကျော် ထိုးစစ်ဆင်လာသော စစ်ကောင်စီတပ်များ နှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်များမှ အထိနာခဲ့ သဖြင့် လွိုင်ကော်မြို့ နှင့် ဒီး​မော့ဆို​မြို့ ရှိ အမြောက်တပ်မ​ျားမှ လက်နက်ကြီးပစ်ကူများဖြင့် တိုက်ခိုက်ခဲ့ပြီး နက်ပိုင်း ၁၀ နာရီဝန်းကျင်တွင် တိုက်လေယာဥ် နှစ်စီးဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ကိုပြုလုပ်ခဲ့ပါသည်။ထို့နောက် နေ့လည် ( ၁:၀၀) နာရီအချိန်တွင် ရဟတ်ယာဥ် နှစ်စီးဖြင့်ထပ်မံပစ်ခတ်ခဲ့ပါသည်။ အကျအဆုံးများခဲ့​သော စစ်ကောင်စီတပ်မ​ျားသည် ညနေ့ပိုင်းအထိ လက်နက်ကြီးများဖြင့်ရမ်းသမ်းပစ်ခတ်လျက်ရှိပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်များသည် အထိအခိုက်အနည်းငယ်သာရှိခဲ့ပြီး အကျအဆုံးမရှိပဲ အောင်မြင်စွာ ​ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပါသည်။

04/03/2022

Breaking 🛑🛑🛑
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိအင်တာနက်ထပ်မံဖြတ်တောက်ခံရမဲ့မြို့တွေကိုပုံနဲ့တကွဖော်ပြလိုက်ပါတယ်။ပုံမှာ Select ပေးထားတဲ့ Plan To Lock လုပ်မဲ့ မြို့တွေအားလုံးဒီကနေ့ည 11 နာရီမှစတင်ကာ အင်တာနက်ပြတ်တောက်တော့မှာဖြစ်ပါတယ်။ Unlock မြို့လေးမြို့သာအင်တာနက်ရနေမှာဖြစ်ပါတယ်။
Crd

04/03/2022

3.3.2022
#တိုက်ပွဲပြင်းထန်နေရှယ်ထုနေပြီ
#လေယာဥ်ပစ်1monthCampaignမှာပါဝင်ကြ
အခု ဒီမောဆို၊ဆီးလီဒုံးရွာ ဘက်မှာ တိုက်ပွဲတွေစဖြစ်နေပြီ၊လက်နက်ကြီးအသံတွေက တအုန်းအုန်းပဲ။နန်းမယ်ခုံ ပြန်ရဖို့ ကျည်တွေပိုလိုမယ်၊လေယာဥ်ပစ်လိုမယ်။
/B-02သတင်းနှင့်ပြန်ကြားရေးဌာန

26/02/2022

ကမ္ဘာကြီးကို စိတ်ပူတာလဲ ပူပေါ့ဗျာ ဒါမဲ့ မြန်မာ အရေးက ပိုအရေးကြီးတယ်နော်

Website