Myat Vlogs
Welcome from Myat Vlogs�
ကိုရီးယားအစားအစာနဲ့ ခေါက်ဆွဲချစ်သူတွေအတွက် သွားကြည့်သင့်တဲ့ဆိုင်လေး♥️
မြတ်ကတော့မိုးအေးတိုင်းဒီဆိုင်လေးကိုရောက်ရောက်သွားတယ်
ခေါက်ဆွဲချင်းအတူတူတောင် အိမ်မှာစားတာနဲဲ့ဆိုင်မှာထိုင်စားရတာအရသာမတူသလိုပဲ 😁
ဒီဆိုင်လေးက aircon လေးနဲ့ သန့်သန့်ပြန့်ပြန့်အေးအေးဆေးဆေးထိုင်ရတာ သဘောအကျဆုံးပဲရှင်
ဒီီဆိုင်မှာ ခေါက်ဆွဲတော်တော်များများရပါတယ် Topping အစုံလည်း add လို့ရပါတယ် ကိုယ်တိုင်ပြုတ်လို့ရသလို ဆိုင်ကိုလည်းပြုတ်ခိုင်းလို့ရပါတယ်ရှင်
ခေါက်ဆွဲအပြင် ကိုရီးယားအစားအစာဖြစ်တဲ့ ဘူဂိုဂီ၊ တော့ပူကီ၊ ထမင်းလိပ်၊ ကင်ချီ ၊ fish cake စတဲ့ menu အစုံလည်းရပါသေးတယ်နော်
အအေးဆိုလည်း Korea ကလာတဲ့အအေးလေးတွေလည်းရပါသေးတယ်
အရသာလေးတွေလည်းစားလို့ကောင်းတာမလို့ တစ်ခါလောက်တော့ try ကြည့်ပါရှင်
ဆိုင်နာမည်လေးက Ramyeon City
လိပ်စာ📍66 လမ်း 108 x 109 ကြား
ဆိုင်ဖွင့်ချိန် မနက် ၁၀ နာရီ - ည ၈ နာရီ
ချစ်တဲ့မြတ်💕
3 in 1 effect ရတဲ့
One step hair dryer - Hot Air brush review လေးနဲ့အတူပြန်လာပါပြီ✨
Wolf cut (or) Layer cut ညှပ်ထားတဲ့ကောင်မလေးတွေအတွက် အရမ်းအသုံးဝင်ပြီး မဖြစ်မနေလိုအပ်တဲ့ပစ္စည်းလေးပါ
Wolf cut ညှပ်ထားတဲ့ဆံပင်က ပုံမသွင်းရင်ဘယ်လိုမှကြည့်မကောင်းတာမလို့ ခေါင်းလျှော်ပြီးတိုင်းအမြဲပုံသွင်းပေးရတယ် 😮💨
ပုံသွင်းဖ်ို့လေးကိုဆံပင်လျှော်ဆိုင်အမြဲသွားဖို့ကျလည်း အချိန်မရတာရယ် budget save ဖြစ်ဖို့လည်းလိုသေးတယ်လေနော်
အားသာချက်လေးတွေကတော့-
✔️ဆံပင်အခြောက်မြန်ခြင်း
✔️ အဖျားကုပ်ကုပ်လေး ပုံသွင်းနိုင်ခြင်း
✔️ နဂိုရှိပြီးသားဆံပင်ထက် volume ဖြစ်အောင်ပုံသွင်းနိုင်ခြင်း
✔️ဆံသားအပျက်အစီးနည်းစေခြင်း
✔️အချိန်ကုန်သက်သာခြင်း
✔️Budget save ဖြစ်ခြင်း
အပူချိန် ညှိဖို့အတွက် Low , Middle , High ဆိုပြီး သုံးမျိုးရှိတာ Middle လေးကအသင့်တာ်ဆုံးပါ။ အားနည်းချက်ကတော့အသံအရမ်းဆူပါတယ်
ဒါပေမယ့်စျေးလေးက ၂၀၀၀၀ ကျော်လေးပဲဆိုတော့ ပေးရတဲ့စျေးနဲ့ ပြန်ရတဲ့ quality လေးနဲ့ကတန်တယ်ပြောရပါမယ် (ဆံပင်လျှော်ဆိုင်တစ်ခါသွားရင်တောင် ၁သောင်းကျော်လောက်ကုန်တာဆိုတော့ ၂ ခါသွားစာပဲရှိပါတယ်🥰)
မြတ်ခေါင်းလျှော်ပြီးတိုင်း ဘယ်လိုပုံသွင်းတယ်ဆိုတာလေးကိုပါ sharing လုပ်ပေးလိုက်ပါတယ်
How to use :
ခေါင်းလျှော်ပြီး ဆံပင်မစိုမခြောက် အချိန်လေးမှာ သုံးပါတယ် (အရမ်းစိုတဲ့အချိန်မှာမသုံးပါနဲ့နော်)
မမှုတ်ခင် hair tonic နဲ့ hair oil လေးလိမ်းပါတယ် ပြီးရင် အတိုအရှည်အလိုက် တစ်လွှာချင်းလေးလိပ်ပေးပါတယ်
ဆံပင်အဖျားနားလေးတွေကိုကုတ်ထားပေးပြီး ရှေ့ဆံပင်ကိုတော့ ဖောင်းဖောင်းလေးဖြစ်အောင် အပြင်လိပ်လိပ်ပါတယ်ရှင်
ကြာကြာခံချင်ရင်တော့ hair spray လေးပါဖြန်းနိုင်ပါတယ်နော်
မြတ်ဝယ်တာ Poe Panchi Cosmetics OnlineStore ကပါရှင်♥️
အားလုံးပဲအဆင်ပြေကြပါစေရှင့်
ချစ်တဲ့မြတ်💞
Mala အရသာစစ်စစ်ဟော့ပေါ့ကြိုက်တဲ့ ထိုင်းရောက်ရွှေမြန်မာများအတွက်သတင်းကောင်းလေးပါ🤩
တရုတ်မာလဟောပေါ့အရသာလွမ်းနေရင် HUENG HUENG HOT POT လေးကိုစမ်းကြည့်ဖို့ strongly recommend ပါရှင်✅
စက်လေးပေါ်မှာ လည်နေပြီးရွေးရတာလေးကိုသဘောအကျဆုံးပဲ🥰
Buffet မဟုတ်ပဲ ကိုယ်စားနိုင်သလောက်ပဲစားလို့ရတာမလို့မကုန်မှာလည်းမပူရဘူး
Price range က 5 baht ကစရှိတာမလို့ budget နည်းနည်းနဲ့ဟော့ပေါ့လည်းစားနိုင်မယ်
Menu တွေကလည်း seafood အသား၊ အရွက် စုံစုံလင်လင်ရှိတယ်နော် အအေးတွေဆိုလည်းတရုတ်အအေးတွေစုံနေရောပဲ😍 အချဉ်ကလည်းကိုယ်စိတ်ကြိုက်စပ်ချင်
လည်းစပ်လို့ရတယ် မစပ်တတ်ရင်လည်းဆိုင်ကညီမလေးတွေစပ်ပေးပါတယ်တဲ့ရှင်
ညီမလေးတွေကလည်းမြန်မာစကားအကုန်ပြောတတ်ကြတာမလို့ မြန်မာလိုပြောတော့ပိုအဆင်ပြေတယ်
မြတ်ဆိုနေ့တိုင်း ၄ ရက်ဆက်တိုက်စားရတဲ့ထိကြိုက်သွားတာ🤭
တစ်ခါစားမှ baht 300 အများဆုံးပဲ ဗိုက်ကိုတင်းကားနေရောရှင်
အရည် ကတစ်မျိုးကို baht 50 ပေးရတယ် 2 မျိုးစပ်ယူရင် baht 60 ပါရှင်
မြတ်ကတော့ no 1 spicy broth နဲ့ no 3 pork bone soup ကိုအကြိုက်ဆုံးပဲ
အရသာတကယ်ကောင်းရင် share ပေးချင်လွန်းလို့ အလွမ်းပြေဖြစ်ဖြစ် try ကြည့်ကြည့်နော်
Address : 645/11 phetchaburi Rd, Thannon phaya Thai,Ratchathewi,Bangkok 10400, Phetchaburi, Thailand, Phetchaburi 10400
11 နာရီလောက်ဆိုဆိုင်စဖွင့်တယ်ပြောပါတယ်ရှင့်
ချစ်တဲ့မြတ်💕
In love with the rhythm of this city🖤
ပြင်ဦးလွင်ရောက်လို့ နေရာအဆန်းလေးမှာတည်းချင်သူများနဲ့ Camping vibe 🏕️ ကိုကြိုက်တဲ့သူများအတွက် မြို့ထဲမှာရှိတဲ့ Lustre Nann Myaing ဟိုတယ်ဝန်းထဲကတောအုပ်လေးထဲက Camp လေးတွေဆီကိုမြတ်နဲ့အတူသွားလည်ကြည့်ကြမယ်🥰🫶
Hotel ဝန်းထဲမှာရှိတာမလို့ safely အရမ်းဖြစ်ပြီးစိတ်ချရတာမြတ်သဘောအကျဆုံးအချက်ပါ😍
Car Parking လည်းကျယ်၊ 24hrs မီးရော Wi-Fi ရောရတဲ့အပြင် breakfast buffet ကလည်းရှယ်ကောင်းလို့အရမ်းစိတ်ချမ်းသာရတယ်
သူငယ်ချင်းတွေစုသွားရင်ပိုပျော်ဖို့ကောင်းမှာနော် ဂီတာ🎸တီးသီချင်းတွေဆို မုန့်တွေစားသောက်ရင်း ဒီ camp vibe လေးနဲ့အရမ်းလိုက်ဖက်နေမှာအသေအချာပါပဲရှင်
ချစ်တဲ့မြတ်💕
808 Festival Day 1, Day 2, Day 3 လုံးကို KIM’s Clothing 2 က outfit လေးတွေနဲ့ချည်းပဲဝတ်ခဲ့တယ်🥰
အပေါ်အောက် one set မလို့ခေါင်းလည်းမစားရတော့ပဲ fashion လည်းအရမ်းကျတယ်
ဝတ်ရတာလဲအရမ်းအဆင်ပြေပြီး ပေါ့ပေါ့ပါးပါးနဲ့အရောင်လေးတွေကထင်းနေရောပဲ🥹🫶
Cutting ကလဲလုံးဝကွက်တိကို ချပ်ချပ်ကပ်ကပ်လေး
တကယ်အရမ်းကြိုက်နေပါပြီရှင်♥️
ပွဲကြိုက်ခင်တို့ကို လုံးဝrecommend ပေးပါတယ်နော်🤭
ချစ်သောမြတ်💕
Local brand ထဲက စျေးသက်သက်သာသာ ဒီဇိုင်းဆန်းဆန်း အပွင့်ဆန်းဆန်း ရှာနေရင် Kay Kay Local Clothing လေးရှိတယ်နော်🥰
Top လေးတွေဆို 2500 နဲ့ရတယ်ဆိုယုံမလားနော်👀
ရလို့ပဲမြတ်အများကြီးအားပေးခဲ့ပြီရှင် (နောက်ဆုံးပုံမှာဘယ်လိုတွေဝယ်ခဲ့လဲကြည့်နော်🤪)
Fitting room ထဲမှာစမ်းဝတ်ကြည့်ရုံနဲ့ ခန္ဓာကိုယ်မှာချပ်ကပ်နေလို့အရမ်းကြိုက်နေရသောလေးပါ ပေးရတဲ့စျေးလေးတွေနဲ့quality လေးကအရမ်းတန်တယ်
အပွင့်ဒီဇိုင်းတွေအများကြီးရှိလို့စိတ်ကြိုက်ရွေးနော်
လကုန်ထိpromotion ရှိပါသေးတယ်တဲ့ရှင်
မြတ်သွားက ဆိုင်1 လေးပါရှင့်🥰
ဆိုင်လိပ်စာများ
ဆိုင်1-လှည်းတန်းစံရိပ်ငြိမ်ဂမုန်းပွင့် 3လွှာ
ဆိုင်2-မြောက်ဥက္ကလာကန်သာယာ ရုပ်ရှင်ရုံရှေ့မှာစိတ်ကြိုက်သွားရောက်ဝယ်ယူနိုင်ပါတယ်နော်
L'oreal ရဲ့ Revitalift Hyaluronic Acid Serum
သုံးရင်းသုံးရင်းနဲ့ 7 ဘူးတောင်ကုန်သွားပြီ😂 တကယ်သုံးကောင်းလို့ review လေးမျှဝေပေးတာပါ
Serum ထဲမှာသူ့စျေးလေးနဲ့သူ တော်တော်သုံးလို့ကောင်းတဲ့ထဲပါပါတယ်
❣️ထူးခြားချက်က မျက်နှာပေါ်တင်လိုက်တာနဲ့ရေလေးလိုအေးပြီး တစ်ခါလိမ်းလိုက်တာနဲ့ ခြောက်သွေ့တဲ့ အသားအရည်ကို တောက်ပြောင်ပြီး နူးညံ့ချောမွေ့စေပါတယ်
❣️Hyaluronic Acid အမြင့်ဆုံးထည့်သွင်းထားတဲ့ Serum လေးမလို့ မြတ်လို dry skin သမားတွေဆိုအရမ်းအဆင်ပြေမှာပါ
❣️စျေးအရမ်းမကြီးပဲ serum ကောင်းကောင်းသုံးဖို့ရှာနေရင် ဒါလေး စမ်းသုံးကြည့်ကြည့်ပါရှင်
❣️အရောင် အနံ့မရှိပဲ အေးအေးကြည်ကြည်လေးမလို့ပါ
မြတ်တစ်ခါတစ်လေအပျင်းကြီးပြီး skincare step တွေအများကြီးမလိမ်းချင်ရင် L'oreal ရဲ့ Revitalift Hyaluronic Acid Serum လေးတစ်မျိုးကိုပဲလိမ်းအိပ်ဖြစ်ပါတယ်ရှင်🥰 စမ်းသုံးကြည့်ပြီးအဆင်ပြေကြပါစေရှင်
ချစ်တဲ့မြတ်💕
ခရီးထွက်လိုက်ရသလို ပင်ပန်းနွမ်းနွယ်မှုတွေပြေပျောက်စေတဲ့နေရာလေး🫶🥰
သန့်ရှင်းလတ်ဆတ်ပြီး ပေးရတဲ့စျေးနဲ့အရမ်းတန်လို့ ခဏခဏစားဖြစ်တဲ့ Cherry Pot မူကထဆိုင်လေး♥️
ဒီဆိုင်လေးမှာက set လေးတွေနဲ့ရောင်းပေးတာမလို့ ကိုယ်စားနိုင်သလောက်ရွေးချယ်ပြီးမှာလို့ရတယ်
မြေအိုးလေးနဲ့ပါစားလို့ရသေးတယ်နော်
တစ်ယောက်တည်းဆိုသူများအတွက် Single set လေးရှိပါတယ်
မြတ်မှာတာ couple set လေးကို ၂ သောင်းကျော်လေးပဲကျပါတယ် ဗိုက်လည်းကားနေရောပဲ🥰
ဆိုင်လေးက 11နာရီဆိုစဖွင့်ပါပြီ
Address - ၇၅ လမ်း ၊ ၃၁ × ၃၂ လမ်းကြား၊ မန္တလေးမြို့
Cheers to being 24🎂♥️
မန်လေးရောက်ရင်မဖြစ်မနေသွားစားကြည့်သင့်တဲ့ စျေးအရမ်းတန်ပြီး အမောပြေစေတဲ့ ပလုပ်တုတ်ရေခဲသုပ်ဆိုင်လေး🥰
မြတ်ဝယ်စားတဲ့ဂေါက်ရေဘူးကြီးအပြည့်ကိုမှ ၅၀၀၀ ပဲနော် ရေဘူးနဲ့တင်တကယ်တန်နေပြီ
ရေဖလားနဲ့လည်းရတယ် ရေပုံးနဲ့လည်းရသေးတယ် စျေးလေးတွေကသူ့စျေးနဲ့သူတန်နေရော
ဂျယ်လီရေခဲသုပ်လည်းရသေးတယ်နော်😍
လိပ်စာလေးက လမ်း ၈၀ ၁၅ x ၁၆ ကြားမှာပါရှင်
မြို့ပြနဲ့အဝေးကြီးသွားဖို့အချိန်လည်းမပေးနိုင်ဘူး စိတ်လည်းအပန်းပြေချင်တယ်ဆိုရင်တော့အဆုံးထိဖတ်ကြည့်ကြည့်နော် သွားကိုသွားသင့်တဲ့နေရာလေးမလို့ပါ😉
နေရာလေးကတော့ ဗိုလ်တစ်ထောင်ကမ်းနားမှာရှိတဲ့ Vintage Luxury Yacht ဆိုတဲ့သင်္ဘော Hotel ကြီးပါ
ပင်လယ်ထဲရောက်နေတဲ့ခံစားမှုမျိုးနဲ့ လတ်ဆတ်တဲ့လေလေးတွေက စိတ်မောပန်းတာတွေပြေပျောက်စေပါတယ်
မြတ်ယူတာ King bay suite river view အခန်းလေးပါ
အားလုံးထဲမှာတော့အကျယ်ဆုံးနဲ့အမိုက်ဆုံးအခန်းလေးပါ လူကြိုက်များတာမလို့သွားမယ်ဆိုကြိုbook ပါနော်
(City view နဲ့ River View ဆိုပြီး ၂ ခန်းရှိတာ river view အခန်းလေးကပိုလှပါတယ်)
ဒီသင်္ဘော hotel ကြီးက
- အစားအသောက်အရမ်းကောင်းတယ် မှာရင်လည်းခဏလေးပဲကြာတယ် ဝန်ထမ်းservice လည်းအရမ်းကောင်းနော် (breakfast ကလည်း westernစာရောရလို့အရမ်းမိုက်)
-KTV နဲ့ Spa လည်းရှိတာမလို့အချိန်ပေးနိုင်ရင်ပေးနိုင်သလိုအနားယူလို့ရပါတယ်ရှင် ( မြတ်တို့အဖွဲ့ကတော့ KTV 2 section ယူပြီးအဝဟဲခဲ့တယ် KTV ကည၁၀:၃၀ ဆိုပိတ်ပါတယ်
-သူငယ်ချင်းတွေစုလာရင် activities တွေလည်းအများကြီးလုပ်လို့ရပါတယ် ဘိလိယက်လည်းထိုးလို့ရပါသေးတယ်ရှင်
-အခန်းကြီးကလည်းကျယ်ပြီး အပြင်သင်္ဘောဦးပိုင်းထွက်လိုက်ရင် bathtub လည်းပါတာမလို့စိတ်ပါရင်ရေချိုးလို့ပါရပါသေးတယ် (လူရိပ်လူကဲလေးတော့ကြည့်ဖို့လိုမယ်နော်😜)သူငယ်ချင်းတွေစုနေရင် chill လို့အကောင်းဆုံးပေါ့ရှင်
အခု Sep မှာ discount တွေလည်းရှိနေတာမလို့သွားလည်ကြည့်ပါနော်သဲလေးတို့ရေ
ချစ်တဲ့မြတ်💕
#ပီလခတ်ဘုရားကျောင်း
🙏Peelikaan Temple🙏
ဆုတောင်းရင် တကယ်ပြည့်တယ် ဆိုတဲ့ ပီလခတ်.....
ရန်ကုန် ကျောက်တန်းမြို့နယ်ထဲကနှစ်ပေါင်း (၁၆၀) ကျော်ပြီဖြစ်တဲ့ ပီလခတ်ဟိန္ဒူဘုရားကျောင်း
ဘုရားကျောင်းနာမည်အပြည့်အစုံကတော့
"ပီလခတ် စရီ အန်ဂါလဲအီစ်ဝရီ-
စရီမဟာမူနီ(စ်)ဝရရ် ဟိန္ဒူဘုရားကျောင်း"
ပီလခတ်ဟိန္ဒူဘုရားကျောင်းက(၃)ကျောင်းရှိပါတယ် (ဆုတောင်းပြည့် စရီမဟာမူနီ(စ်)ဝရရ် ဘုရား)
မယ်တော်ကျောင်း (ဆုတောင်းပြည့် စရီအန်ဂါလဲ အီ(စ်)ဝရီ)
ကွင်းပိုင်ကြီးကျောင်း
(ပူကျီအယား)
ဆိုပြီးသုံးကျောင်းရှိပါတယ်။
ဘုရားကျောင်းသမိုင်း
-----------------------
၁၈၆၀ခုနှစ်က အိန္ဒိယနွယ်ဖွား တမီလ်လူမျိုး လယ်သမားတွေက ပီလခတ်ဆိုတဲ့ရွာမှလာရောက်အခြေချကြပါတယ်။ချုံနွယ်တွေ တောထနေတဲ့အပင်ရိုင်းတွေကိုခုတ်ထွင်ရှင်းလင်း စိုက်ပျိုးရေးလုပ်ကြရင်း လယ်သမားကြီး ပူကူးဆာမိ ဆိုသူကယခုဘုရားကျောင်း တည်နေရာမှာ ညောင်ပင်ကြီးတပင်နဲ့မြွေတကောင်ရှိကြောင်း၊
မဟာမူနီ(စ်)ဘုရား ရှိကြောင်း ကျောင်းဆောက်လှူဒါန်းစေချင်ကြောင်းထူးဆန်းတဲ့အိပ်မက်ပေးလို့ ချုံတွေကိုရှင်းလင်းရာမှညောင်ပင်ကြီးနဲ့မြွေတကောင်တွေ့ရှိခဲ့တာကြောင့် ဘုရားကျောင်းဆောက်လုပ်ပြီးကိုးကွယ်ခဲ့ပါတယ်။စစချင်ဓနိမိုးကျောင်းဖြစ်ပြီးအခုမြင်နေရတာကတော့ ၂၀၀၃ခုနှစ်နောက်ပိုင်းမှအုတ်မြစ်ချတည်ဆောက်ခဲ့တယ်လို့သိရှိရပါတယ်။
မြန်မာနိုင်ငံတွင်းမှာရှိတဲ့သက်တမ်းအရင့်ဆုံးဘုရားကျောင်းဖြစ်ပြီး ပထမဆုံးထီးတင်ပွဲလုပ်တဲ့ဘုရားကျောင်းလည်းဖြစ်ပါတယ်။
ပီလခတ်ဟိန္ဒူဘုရားကျောင်းက ဆုတောင်းပြည့်တယ်လို့နာမည်ကြီးတာကြောင့် ဟိန္ဒူဘာသာဝင်တွေသာမက ဗုဒ္ဓဘာသာဝင်တွေလည်း လာရောက်ဆုတောင်း အဓိဌာန်ပြုကြပါတယ်။ ဘုရားကျောင်းကိုလာရောက်သူတွေဟာမိမိတို့အခက်အခဲကိုလာရောက်အဓိဌာန်သူရှိသလို၊သားဆုပန်တာတွေလည်းရှိကြပါတယ်။
ဆုတောင်းအဓိဌာန်ပြည့်ကြတာမို့ လူမှုရေး၊စီးပွားရေး၊ကျန်းမာရေးစတာတွေကို မြန်မာနိုင်ငံမှသာမက အိန္ဒိယနိုင်ငံကပါလာရောက်ဆုတောင်းတာတွေရှိတယ်လို့သိရပါတယ်။
အများအားဖြင့် ပစ္စည်းပျောက်တာ၊ငွေကြေးလိမ်လည်ခံရတာ၊ပြုစားခံရတာကိုလာရောက်တိုင်တန်းကြတယ်လို့သိရပါတယ်။အမှန်တကယ်ဖြေရှင်းပေးပြီး လာရောက်တိုင်တန်းသူဟာမှန်ကန်မှုတော့ရှိရပါမယ်။
ယုံကြည်အားကိုးသူအတွက် "အား" တခုပဲမို့ ယုံကြည်သူများအနေဖြင့် သွားရောက်အားကိုနိုင်သလိူ မယုံကြည်သူများအနေဖြင့် အပြစ်မပြောသင့်။
ဆုတောင်းလည်းပြည့်သလိုပေးထားတဲ့ကတိကဝတ်များကိုလည်း ပြန်လည် မမေ့မလျော့ပြုလုပ်ပေးရပါတယ်။ မေ့လျော့ခဲ့ရင်အပြစ်ပေးခြင်းခံရတယ်လို့ သာဓကတွေရှိခဲ့တယ်လို့လည်းလေ့လာခဲ့ရပါတယ်။
ဘယ်ဘုရားကျောင်းမှာမှမရှိတာက ဒီဘုရားကျောင်းမှာအမှုတိုင်တန်းလို့ရပါတယ်။တရားရုံးအမှုတိုင်သလိုပဲ ရက်ချိန်းပြန်ပေးပါတယ်။ အမှုတိုင်ရင်စျေးနှုန်း၅၀၀၀ကျပ်ဖြစ်ပြီး အမှုရုပ်သိမ်းရင်၅၅၀၀ကျပ်ကျသင့်ပါတယ်။ကန်တော့ပွဲကပ်ရင် ဟိန္ဒူဘုန်းကြီးကကပ်ပေးပါတယ်။ကန်တော့ပွဲမှာအုန်းသီး၊ဌက်ပျောသီး၊ပန်း၊သံပရာသီး၊အမှုန်းထုတ်တထုတ်နဲ့အမွှေးတိုင်တို့ပါပါတယ်။အင်္ဂါနေ့နဲ့သောကြာနေ့က အမှုတိုင်တန်းတဲ့ရက်ဖြစ်လိူ့လူစည်ကားပါတယ်။
ကျန်းမာရေးအတွက်ဆုတောင်းသူတွေကခန္ဓာကိုယ် နဲ့မီးပူဇော်ကြပါတယ်။(လူကပက်လက်အနေအထားလက်အုပ်ချီမယ်။တမာရွက်စည်းတစည်းကိုလက်အုပ်ချီလျက်ကိုင်ထားမယ်။ကိုယ်ပေါ်မှာဌက်ပျောရွက်ခင်းပြီး ပန်းအချို့ရယ် ဆီမီးခွက်ရယ်ထွန်းပြီး ဌက်ပျောရွက်ပေါ်တင်မီးပူဇော်တာပဲဖြစ်ပါတယ်)။
သားဆုပန်ပြီးရလာတဲ့ရင်သွေးကိုလည်း ဘုရားပွဲနေ့မှာ ကြံပုခတ်ထမ်းပြီး အဖေဖြစ်သူကရှေ့ အမေဖြစ်သူကနောက်ကထမ်းပြီး ဘုရားကိုလာရောက်ပြသရပါတယ်။အခြားအခြားသောအဓိဌာန်အောင်သူတွေက အပ်စိုက်တာ၊မီးပူဇော်တာတို့ ဘုရားပွဲတော်ဖြစ်တဲ့ မီးနင်းပွဲမှာပြုလုပ်ကြပါတယ်။
ထူးခြားသောစတုဒီသာ 🍚
--------------------------
ပီလခတ်ဘုရားကျောင်းရဲ့ထူးခြားချက်ကတော့လာသမျှဘုရားဖူးတိုင်းကို သတ်သက်လွတ်ချစ်တီးကျွေးတာပဲဖြစ်ပါတယ်။သားတော်ဘုရားကျောင်းတောင်ဘက်ဓမ္မာရုံမှာ မနက်၁၁နာရီကနေစပြီတနေကုန်ကျွေးတာပါ☺☺☺ဘုရားကျောင်းပိုင်လယ်ၔက(၂၆)ကဆန်နဲ့သာကျွေးတာပါ။ထွက်သမျှမရောင်းပဲ စတုဒီသာကျွေးတာပါ။
လူမျိုးဘာသာမရွေးလာရောက်လည်ပတ်ဖူးမျှော်လေ့လာနိုင်ပြီး ယုံကြည်မှုကြောင့်လာရောက်နိုင်သလို ၊လေ့လာချင်စိတ်ဖြင့်လာရောက်လည်ပတ်နိုင်ပါတယ်။☺☺☺
လမ်းညွှန်
----------
ပီလခတ်ကျောင်းကပီလခတ်ရွာမှာတည်ရှိပြီးကျောက်တန်းမြို့ကနေ(၃)မိုင်ဝေးပါတယ်။ ကျောက်တန်းမြို့နယ်တွင်တည်ရှိပြီးYBS 33..95.70စီးပြီး ပဲလှော်ဖိုမှတ်တိုင်ဆင်းပြီး အနည်းငယ်ဝေးတာကြောင့် ဆိုင်ကယ် ကယ်ရီသွားနိုင်ပါတယ်။Google Mapမှာတော့အေးစေတီဆိုတဲ့လမ်းဆုံ လေးကိုရှာပြီးကြည့်နိုင်ပါတယ်။
Credit:
စာသားများအားလုံးကို မူရင်းရေးသားသူအား Credit ပေးပါတယ်ရှင် ။
မြတ်သွားတဲ့ရက်ကသောကြာမလို့ လူအရမ်းများပါတယ် သွားမယ်ဆိုကြားရက်လေးသွားဖို့အကြံပေးချင်ပါတယ်ရှင်🥰
#ကျောက်တန်း #သန်လျင် #ပီလခတ်ဟိန္ဒူဘုရားကျောင်း
မိုးအေးအေးလေးနဲ့ မြတ်လိုခေါက်ဆွဲဗန်းချစ်သူတို့အကြိုက်တွေ့စေမယ့် VietLine Coffee ဆိုင်လေး🥰
မန်းလေး Central point ဒုတိယအလွှာမှာ ဆိုင်ခွဲအသစ်ထပ်မံဖွင့်လှစ်ထားတယ်ဆိုတာလာလက်တို့တာပါရှင်😍
အရသာကတော့ပြောစရာမလိုတာပါနော်
ရွေးချယ်စရာခေါက်ဆွဲဗန်းတွေကလည်းအများကြီးပဲ
Seafood တွေကလည်းအကြီးကြီးနဲ့လတ်မှလတ်🥰
Fruit Tea သောက်မလား Coffee သောက်မလား သောက်စရာတွေကလည်းအရသာထိမိဂွိပဲ
မြတ်အကြိုက်ဆုံးကတော့ ရောက်တိုင်းမသောက်မဖြစ် peach tea 🍑လေးပါ သောက်ပြီး fresh ဖြစ်လို့အရမ်းကြိုက်တယ်
စျေးလေးတွေကလည်းတကယ်တန်တယ် ခေါက်ဆွဲဗန်းဆို ၁ သောင်းကျော်လောက်နဲ့ ၃ ယောက်လောက်ထိစားလို့ရတယ် မြတ်တို့၂ ယောက်စားခဲ့တာတောင်မကုန်ခဲ့ဘူး ဗိုက်လည်းဝ အရသာလည်းကောင်းနော်
ဆိုတော့ မန်းလေး Central Point ရောက်ခဲ့ရင် ဒီဆိုင်လေးကိုမသွားမဖြစ်သွားရောက်စားကြည့်ဖို့ လက်တို့ပါရစေရှင်
ချစ်တဲ့
မြတ်💕
ဝင်းဝါနေတဲ့ မန္တလာမြေ က မန္တလေးသူလေးပါ💛
ပွဲတက်လေးတစ်ဖြတ်♥️
ဝတ်ရတာအရမ်းအဆင်ပြေသော Ready to wear ပေမယ့်ခန္ဓာကိုယ်နဲ့တိုင်းချုပ်ထားသလိုကွက်တိမလို့ အရမ်းသဘောကျရပါတယ်🥰
👗-Burmese Couture
အလုပ်တွေမအားနေတာနဲ့ page လေးတောင် active သိပ်မဖြစ်နိုင်ဘူးကွယ်🖤
💜💜💜
👗-Vega collection
ဆယ်ကျော်သက်ဘဝရဲ့အမှတ်တရတွေအများကြီးရှိခဲ့တဲ့ Mingalar Mandalay တောင် ၈ နှစ်ပြည့်ပြီ♥️
စဖွင့်တည်းက အခုချိန်ထိ တစ်မျိုးပြီးတစ်မျိုးဆန်းသစ်မှုတွေနဲ့အောင်မြင်နေတာ ဘယ်ချိန်သွားသွားမရိုးဘူး
မန္တလေးရောက်ရင် Mingalar Mandalay ကမသွားမဖြစ်ထဲကနေရာလေးတစ်ခုလို့တောင်ဆိုရမယ််🥰
Congratulations and best wishes on your 8 years Anniversary🎉
၈ နှစ်ပြည့်မှသည် နောင်နှစ်ပေါင်းများစွာတိုင် အခုလိုပဲအောင်မြင်မှုတွေရရှိပါစေရှင်🥳
London - Singapore - Myanmar အိမ်ပြန်ခရီးစဉ်လေး♥️
Sep 2022 က Ukကနေအိမ်ပြန်အလာခရီးစဉ်လေးအမှတ်တရရိုက်ထားခဲ့တာ memory လေးဖြစ်အောင်တင်လိုက်ပါတယ်
အခက်အခဲတွေအများကြီးကြားထဲက ရောက်အောင်သွားခဲ့ရတာမလို့ ဘဝမှာအမှတ်တရအဖြစ်ဆုံး ကျောင်းသူဘဝလေးပါ
ဘယ်ရောက်ရောက်ပျော်ပျော်နေတတ်သူမလို့ ပုံလေးတွေပြန်မြင်တိုင်း အရာရာကိုလွမ်းမိပြန်ရော🥰
အမောပြေစေတဲ့ Vanilla Latte ကော်ဖီအေးအေးလေးသောက်ရင်း 📸🤎
📍ORLA Coffee 68
Budget save ဖြစ်ပြီးအရမ်းသုံးလို့ကောင်းတဲ့ Bourjois healthy mix foundation💓
မြတ်ကအသားအရမ်းခြောက်တဲ့ထဲပါတော့ foundation အရမ်းရွေးရတယ်
ဒါလေးကိုစမ်းသုံးကြည့်တော့ တကယ်အဆင်ပြေလို့ မြတ်လိုအသားခြောက်တတ်တဲ့သူတွေအတွက်review လေးပေးတာပါ💓
သူ့ရဲ့ထူးခြားချက်က
☑️Vit C/E/B5 ပါလို့ လိမ်းပြီးတာနဲ့အသားရည်ကခြောက်မနေပဲ စိုစိုဝင်းဝင်းလေးနဲ့ 16 hrs လောက်ထိ healthy glow look လေးရလို့အရမ်းသဘောကျတယ်
☑️အကြိုက်ဆုံးကတော့ အနံ့လေးကလည်းမွှေးမွှေးလေးနဲ့မိတ်ကပ် Blend ရတာအရမ်းကောင်းတယ်
☑️Full coverage တော့မဟုတ်ပေမယ့် Medium coverage လောက်နဲ့ သုံးရတာအဆင်ပြေပြီး long lasting ဖြစ်ပါတယ် (မိတ်ကပ်ထူထူသိပ်သိပ်ကြီးမကြိုက်တဲ့သူတွေအတွက်အရမ်းအဆင်ပြေမှာ)
☑️skincare effect ပါဝင်တဲ့ Healthly Foundation မလို့ မျက်နှာမှာ ဝက်ခြံဖုရှိရင်လည်းသုံးလို့ရလို့တကယ်အဆင်ပြေစေတယ်
☑️မြတ်သဘောအကျဆုံးကတော့လိမ်းပြီးပြာမသွားဘူး ကြာလေမိတ်ကပ်သားတက်ပြီးပြောင်နေရောပဲ
အသားဖြူသူလေးတွေက အရောင် 51(light vanilla),52 (Vanilla)နဲ့အသားလတ်/ညိုသူလေးတွေအတွက်က အရောင် 53 (light Beige)ပါရှင်
စျေးလည်းအရမ်းမကြီးလို့မိန်းကလေးတိုင်းတစ်ဘူးလောက်တော့ဆောင်ထားသင့်တယ်နော်
ချစ်တဲ့မြတ်💓
ပြည်မြို့ရောက်ရင် ဘယ်နေရာတွေလည်စရာရှိလဲမေးရင် Pyay River Bank လေးကိုအရင်ဆုံးညွှန်းပေးချင်ပါတယ်♥️
ဒီအပန်းဖြေနေရာလေးမှာ
✨လေညှင်းလေးတွေတိုက်ရင်း နဝဒေးတံတားကြီးနဲ့ ဧရာဝတီမြစ်ကြီးရဲ့အလှကိုတဝကြီးခံစားလို့ရမယ်
✨ဓာတ်ပုံရိုက်စရာနေရာတွေလည်းအများကြီးပဲ (ဝင်ကြေး ၅၀၀ ကဒါနဲ့တင်တန်နေပြီ)
✨ပြည်အစားအစာတွေနဲ့မတူပဲကွဲထွက်နေတဲ့ အစားအသောက်ကောင်းတွေရှိတယ်
(ကြက်ကြော်မျိုးစုံ၊ အသုပ်မျိုးစုံ၊ ထမင်းနယ်မျိုးစုံ၊ Hey U bubble tea ကအစအအေးမျိုးစုံရပါတယ်)
မြတ်စားခဲ့တာအကုန်လုံးအရသာကပြောစရာမလို ရှယ်ပဲ
သန့်သန့်ရှင်းရှင်းလတ်လတ်ဆတ်ဆတ်မလို့အရမ်းသဘောကျတယ်
✨Mini zoo လေးလည်းရှိတာမလို့ အကောင်လေးတွေလည်းကြည့်လို့ရသေးတယ်နော်
✨ပွဲရှိတဲ့နေ့တွေဆိုလည်းစျေးဆိုင်ခန်းလေးတွေအများကြီးရှိသေးတယ်
အားလပ်ရက်မှာ မိသားစုပဲဖြစ်ဖြစ်၊သူငယ်ချင်းတွေစုသွားတာဖြစ်ဖြစ်၊ စုံတွဲလေးတွေပဲဖြစ်ဖြစ် သွားလည်သင့်တဲ့နေရာလေးပါ
February 11-14 ရက်အထိအထူးအစဉ်လေးတွေရှိတာမလို့ သွားရောက်လည်ပတ်ဖို့ဖိတ်ခေါ်ပါတယ်နော်
လိပ်စာလေးက 📍ပြည်မြို့တစ်ဖက်ကမ်း ရွှေဘုံသာသွားတဲ့လမ်းမပေါ် နဝဒေးတံတားအဆင်း ဒုတိယမြောက်ခြံ ညာဘက်ခြမ်းမှာပါရှင့်
အသေးစိတ်သိရှိလိုပါက
Page link-https://www.facebook.com/profile.php?id=100063942041482&mibextid=LQQJ4d မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်♥️
ချစ်တဲ့မြတ်💕
🐼🖤
🧢 MLB Crew Myanmar