The growth

The growth

Sharing is caring

Navarea Warnings (Navtex) 01/08/2024

Navarea Warning in force update ကို မိမိဖုန်းမှာ ကြည့်ခချင်သော သူများအတွက်

iOS version

Navarea Warnings (Navtex)

24/07/2024

Hi အားလုံးပဲ မင်္ဂလာပါဗျ
စာရေးသူလည်း မအားတာနဲ့ post မတင်ဖြစ်တာ တော်တော်ကြာသွားတယ်
ဒီနေ့ စာရေးဆရာ Cal Newport ရေးတဲ့ So good they can’t ignore you စာအုပ်လေးဖတ်ဖြစ်တယ်
အဲ့ထဲမှာ ကျွန်တော် သဘောကျတဲ့အချက်လေး share ပေးချင်ပါတယ်
အခုခေတ်တော်တော်များများ motivation ဆရာတွေက follow your passion ဆိုပြီး ပြောကြတယ်
ဒီစာအုပ်ထဲမှာတော့ စာရေးဆရာ က Don’t follow your passion ကို Rule 1အနေနဲ့ ဖော်ပြထားတာနဲ့ ထူးခြားလို့ ဆက်ဖတ်ကြည့်မိတယ်
Love what you do and build career capital ဆိုပြီး ပြောပြတာ အရမ်းသဘောကျတယ်
အဲ့လို Career capital တည်ဆောက်ဖို့ရာမှာလည်း deliberate practice လိုတယ် ဆိုတဲ့အချက်ကိုပြောထားတယ်

ကျွန်တော်တို့ရဲ့ ဘဝတွေမှာ လည်း အကြောင်းအမျိုးမျိုးကြောင့် ကိုယ်မလုပ်ချင်တဲ့ အလုပ်တွေလုပ်ပြီး ရုန်းကန်နေရပေမယ့် deliberate practice ကိုလေ့ကျင့်ပြီး တစ်နေ့ကိုယ် ဝါသနာပါတဲ့ အရာ လုပ်နိုင်လာတဲ့အခါ ပိုပြီး ရှေ့ရောက်အောင် လုပ်နိုင်ဖို့ စာရေးဆရာ Cal Newport ရေးတဲ့ So good they can’t ignore you ကို ဖတ်ကြည့်ဖို့ recommend လုပ်ပါတယ်

မင်္ဂလာရှိသောနေ့လေးဖြစ်ပါစေ 😊

23/05/2024

What is solidifying substances/High viscosity substances??

If u know, please comment below👇

21/05/2024

Thanks for being a top engager and making it on to my weekly engagement list! 🎉 Khin MaungNaing, Nay Win Kyaw Kyaw, Ko Htet Paing Nge

21/05/2024

What is the inhibitor for Acrylonitrile (ACN)??
If you know, please comment 😊

15/05/2024

မိတ်ဆွေတို့ internet လိုင်းရှိရုံနဲ့ နည်းပညာကို leverage လုပ်ပြီး မိမိသိလိုသမျှ self study လုပ်လို့အရမ်းလွယ်ကူတဲ့ခေတ်ရောက်နေပါပြီ

အောက်က ပုံကတော့ မနေ့ကOpenAI ကအသစ် မိတ်ဆက်လိုက်တဲ့ GPT-4o ကို cargo plan အကြောင်း မေးထားတာလေးကို sharing လုပ်ပေးလိုက်ပါတယ်

အားလုံးမင်္ဂလာရှိသောနေ့လေး ပိုင်ဆိုင်ပြီး အလုပ်အကိုင်အဆင်ပြေကြပါစေ 😊

Photos from The growth's post 14/05/2024

Cargo calculation on tanker

ဒီနေ့တော့ page မှာတောင်းဆိုထားတဲ့ Volume Correction Factor (VCF)နဲ့ Density correction factor (DCF) ကိုသုံးပြီးcargo calculation on tanker အ​ကြောင်း sharing လုပ်ပေးချင်ပါတယ်

Calculation မသွားခင် အခုပိုစ့်မှာ သုံးမယ့် abbreviation တွေကိုဖော်ပြချင်ပါတယ်
VCF -Volume Correction Factor
WCF - Weight Correction Factor (Density at 15’C in Air)
DCF-Density Correction Factor
GOV-Gross Oil Volume at observed temperature
GSV-Gross Standard Volume-Gross Oil Volume at standard temperature
ASTM-American Standard of Testing an Materials
D-Density
M-mass

Standard Temperature က 15’C, 20’C နဲ့ 60’F ဆိုပြီး အမျိုးမျိုးရှိပါတယ် Surveyor ကို STD temp ဘယ်လောက်လဲဆိုတာ သေချာ confirm လုပ်ဖို့ လိုပါမယ်

Cargo calculation မှာ အဓိက သုံးတာကတော့
M=Vx D
🔶Mass =Volume x Density formula ပါပဲ
🔸VCF method - Mass =Volume at 15’C (GSV)x Density at 15’C in Air

🔸DCF method
Mass= Volume at observed temperature (GOV) x Density at observed temperature
EG - M=V at 37’C x D at 37’C

Density at 15’C in Air (WCF) = Density at 15’C in Vacuum-0.0011
(0.0011 နှုတ်ရတာက အမြဲမမှန်ပါဘူး density 1.1 အထိပဲမှန်ပါတယ် )

Method-1
Chemical cargoes တော်တော်များများအတွက် က surveyor က different temperature တွေနဲ့density table ပေးလေ့ရှိပါတယ်
eg- Temp. density in Vac
28. 0.8656
29. 0.8650
30. 0.8643 Etc….

Cargo temperature က 29’C ဆိုပါတော့

Temp 29 ‘C ကို Density table မှာ ကြည့်တော့ density in Vac at 29’C က 0.8650
WCF ကို လိုချင်တော့ 0.8650 ထဲ က 0.0011 ကိုနှုတ်
Density at 29’C in air (WCF) = density at 29’C in Vac -0.0011 = 0.8650-0.0011= 0.8639

Observed volume ကိုရှာရမယ်
UTI Tape ကို သုံးပြီး observed ullage ယူ
Observed ullage မှာ Trim , List correction (apply လုပ်ရင် Corrected Ullage ရမယ်
Corrected Ullage ရတော့မှ Ullage table မှာ သွားကြည့်ရင် observed volume ရပါမယ်

Observed volume က 2310M3 ဆိုပါစို့
Mass in MT= GOV x WCF = 2301x 0.8639= 1987.8339 MT

Method -2 က DCF method သုံပြီး တွက်တာကို ရှင်းပြပါမယ်

Cargo က Methanol
Density at 15’C or 20’C in Air =0.8400 (In Vac 0.8411 ) ကို surveyor ဆီကရမယ်
Cargo temperature =29’C
Density Correction factor given by surveyor = 0.0007 per one degree temperature change

Observed Volume (GOV) က 1000M3 ဆိုပါစို့

Step-1
Temperature difference (TD) တွက်မယ်
TD=Standard Temperature-Observed temperature
TD=15-29= -14’C

Step 2-DCF for TD ရှာမယ်
TD နဲ့ DCF given by surveyor နဲ့ multiply လုပ်ပြီး DCF for TD ရ
DCF for TD = -14’Cx 0.0007= -0.0098

Step -3 Density for required temperature ရှာမယ်
Density for 29’C = Density at 15’C in Air + DCF for TD
= 0.8400-0.0098=0.8302

တင်ရမယ့် cargo weight ကိုရှာ
Mass= GOVx Density at 29’C
=1000x 0.8302
= 830.2 MT

🔸VCF Method (များသောအားဖြင့် Petroleum products,Annex I cargo တွေအတွက်သုံးကြပါတယ် ) သင်္ဘောမှာ တော့ surveyor ကို သေချာမေးပြီး VCF method or DCF method လား confirm လုပ်ပါ

VCF for 15’C က အမြဲ 1 ပါ
Cargo -Methanol
Density at 15’C ကို surveyor ဆီကရမယ် In Air or In Vac သေချာ confirm လုပ်ရန်
ဒီမှာတော့ Density at 15’C in Air (WCF) = 0.7959
VCF for temp 1’ change = 0.00116(ASTM table ကရမယ် table 54A,54B etc)
Cargo temperature =37’C
Observed vol at 37’C = 1000 M3

Step-1
Temperature difference (TD) တွက်မယ်
TD=Standard Temperature-Observed temperature
TD=15-37= -22’C

Step 2-VCF for TD ရှာမယ်
TD နဲ့ VCF for temp 1’ change ကို multiply လုပ်ပြီး VCF for TD ရ
VCF for TD = -22’Cx 0.00116= -0.02552

🔸VCF for 37’C ကိုရှာ
VCF for 37’C = VCF for 15’C + VCF for TD
=1-0.2552
=0.97448

🔸Volume at 15’C (GSV ) ကိုရှာ
Volume at 15’C = Volume at 37’C x VCF for 37’C
= 1000x 0.97448
= 974.48 M3

တင်ရမယ့် cargo ရှာချင်တော့ GSV ကို WCF နဲ့ မြှောက်
m= GSVx WCF
= 974.48x 0.7959
= 775.589 MT

အကျိုးတစုံတရာရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်
တခြားသူတွေလည်း knowledge ရအောင် Like and share လုပ်ပေးသွားပါဉီး

အားလုံးမင်္ဂလာရှိသောနေ့လေး ပိုင်ဆိုင်ပြီး အလုပ်အကိုင်အဆင်ပြေကြပါစေ 😊

Photos from The growth's post 11/05/2024

Hi ဒီနေတော့ hazards of chemical အပိုင်း၂ ကို sharing လုပ်ပေးချင်ပါတယ်

အပိုင်း-၁မဖတ်ရသေးရင် အောက်က လင့်ခ်ကနေဝင်ရောက်လေ့လာနိုင်ပါတယ် 👇
https://www.facebook.com/share/p/WDJZEuYVMoetv9Ug/?mibextid=WC7FNe

🔸Corrosiveness of cargo

Acids,Anhydrides နဲ့ Alkalis တွေဟာ များသောအားဖြင့် corrosive substances(စားတယ် ပေါ့) တွေဖြစ်တယ် corrosive liquid တွေက materials တွေကို စားနိုင်တဲ့အတွက်ကြောင့် CO တစ်ယောက်အနေနဲ့ မိမိတင်မယ့် cargoes ကို safe ဖြစ်အောင်တင်နိုင်ဖို့အတွက် tanks နဲ့ associated equipment တွေဟာ compatible ဖြစ်မဖြစ် သိထားရပါမယ်
Corrosion ဖြစ်ခဲ့ရင် မီးလောင်ခြင်း (highly flammable) ကို ဖြစ်စေတဲ့ hydrogen gas တွေထွက်ပါတယ်
Rags, Cloths နဲ့ saw dustလိုမျိုး fibrous material တွေနဲ့ ထိတွေ့မိရင် လောင်ကျွမ်းမှုဖြစ်စေနိုင်ပါတယ်
တချို့သော corrosive liquid တွေက မီးလေင်ကျွမ်းစေတဲ့အပြင် ကျွန်တော်တို့ရဲ့ ကျန်းမာရေးကိုလည်း သက်ရောက်မှုရှိစေတဲ့အတွက် မိမိတို့အနေနဲ့ cargo မတင်ခင် Material safety Data shed (MSDS ) ကိုလည်း အကျွမ်းတဝင်ရှိဖို့လို အပ်ပါတယ်
တချို့သော cargo တွေက သူတို့ကို တိုက်ရိုက်ကိုင်တွယ်လို့ မရပါဘူး human tissues တွေအစားခံရတာမျိုး ဖြစ်တတ်ပါတယ် chemical Gloves ကို သေချာ ဝတ်ဆင်ပြီးမှ ကိုင်တွယ်သင့်ပါတယ်

🔸Flammability

တချို့သော cargo တွေက သူတို့ရဲ့ flash point ရောက်လို့ရှိရက် cargo vapour တွေထွက်တယ် အဲ့ဒီ cargo vapour တွေက လေထဲမှာရှိတဲ့ oxygen နဲ့ သမမျှတစွာရောပြီး source of ignition တခု ပေးလိုက်တာနဲ့ မီးလောင်တာဖြစ်တယ် (fire Triangle ကတော့ အားလုံးသိကြမယ်ထင်ပါတယ် )
အဲဒီ cargo vapour က လေနဲ့နှိုင်းယှဉ်ကြည့်လို့ အရမ်းများ (too rich လို့ ခေါ် ) အရမ်းနည်း (Too lean လို့ခေါ် ) နေရင် မီးမလောင်နိုင်ပါဘူး
လေထဲမှာ flammable v***r ကို percentage by volume နဲ့ ဖော်ပြတာ နှစ်မျိုးရှိတယ် LFL (Lower Flammable Limit) or LEL (Lower Explosive Limit) နဲ့ UFL (University of Foreign Languages မဟုတ်ပါ 😂😂) Upper flammable Limit ပါ or UEL (Upper Explosive Limit)
LFL နဲ့ UFL ကြားထဲက Zone ကို flammable Range လို့ခေါ်ပြီး အဲ့ကြားထဲမှာရှိရင်တော့ မီးလောင်ကျွမ်းနိုင်ပါတယ်
အပေါ်မှာပြောခဲ့သလိုပဲ flammable v***r တွေက oxygen content နဲ့ ရောပြီးမှ မီးလောင်တာဖြစ်တဲ့ အတွက် flammable cargo တင်ပြီးသွားရင် tank ထဲမှာ ကျန်တဲ့ ullage space နေရာကို Nitrogen လိုမျိုး inert gas ကိုထည့်ပြီး oxygen content ကို မီးလောင်ခြင်းကိုမဖြစ်စေနိုင်တဲ့ ပမာဏထိလျှော့ချပြီး flammability မဖြစ်အောင် ကာကွယ်လေ့ရှိတယ်
Voyage တစ်လျောက်မှာလည်း oxygen content ကို အမြဲတမ်း monitor လုပ်ပြီး လိုအပ်ရင် Nitrogen ဖြည့်သင့်ရင် ဖြည့်ရပါမယ်
Heating coil တွေ heat exchanger တွေကိုလည်း cargo မတင်ခင်ကတည်းက blank လုပ်ထားသင့်ပါတယ်
Cargo ချပြီးလို့ tank cleaning လုပ်ပြီးtank ထဲဆင်းဖို့လိုရင်လည်း company SMS ထဲက enclosed space entry procedure ကို gas ကို သေချာတိုင်းပြီးမှ ဝင်သင့်ပါတယ် (Nitrogen inerting လုပ်ထားတာကို သတိရှိပါ ‼️‼️)

🔸Health Hazard
▪️Toxicity
▪️Asphyxia
▪️Anestesia
▪️Putrefaction

🔸Toxicity
Benzene နဲ့ တခြား သော Aromatic Hydrocarbon တွေက human နဲ့ animal တွေကို toxic (အဆိပ်သင့်)
ဖြစ်စေပါတယ်
ဘယ်လိုနည်းလမ်းတွေနဲ့ human health ကို toxic ဖြစ်စေသလဲဆိုရင် 👇
ingestion -Toxic substance ကိုမျိုချမိတာ (Toxic မှန်းသိရင် ဘယ်သူမှ မျိုချမှာမဟုတ်ပါဘူး ဖြစ်တော့ဖြစ်ခဲပါတယ် တစ်ခု သတိထားရမှာ က toxic cargo တွေ ကိုင်လာပြီး ထမင်းမစားခင် သေချာဆေးကြောသင့်ပါတယ်)
Skin Contact -cargo တင်လို့ sample ယူရရင် chemical suit,glove ,Goggles သေချာ ဝတ်ဆင်ပြီးမှ ယူသင့်ပါတယ်
Inhalation- toxic v***r တွေရှူမိတာ (Breathing Apparatus (BA Sets ))ကို သေချာ ဝတ်ဆင်သင့်ပါတယ်

Cargo တခု toxicity ကို သင်္ဘောမှာ ပေးထားတဲ့ MSDS ထဲမှာ ကြည့်နိုင်ပါတယ်
လေထုထဲမှာရှိနေတဲ့ toxic substances တွေရဲ့ concentrations ကို ဖော်ပြတဲ့ အသုံးအနှုန်းတွေရှိပါတယ် 👇
TLV -Threshold Limit Value or OEL (Operational Exposure Limit) လေထဲမှာပါတဲ့ toxic concentrations ကိုပြောတာပေါ့ gas တိုင်းကြည့်လိုက်လို့ ပြောထားတဲ့ value အောက်ရောက်နေရင် ဆိုးဆိုးရွားရွား အကျိုးသက်ရောက်မှု မရှိစေဘဲ အလုပ်လုပ်နိုင်တယ်လိုဆိုတယ်

အဲ့ဒီ TLV ကိုမှ ၃မျိုးထပ်ခွဲတယ်
🔸TLV-TWA (Time weighted Average ) cargo တခုရဲ့ TLV-TWA က 5ppm ဆိုပါစို့ 8Hour period မှာ ပြောထာတဲ့ ပမာဏမကျော်ဘူးဆိုရင် အလုပ်လုပ်လို့ရတယ်ပြောတာဖြစ်တာ
🔸TLV-STEL-(Short Term Exposure Limit) သူကတော့ 15Mins အတွင်းမှာပဲ အလုပ်လုပ်နိုင်တယ်ပေါ့ ppm နဲ့ပဲဖော်ပြတယ်
🔸TLV-C Ceiling သူကတော့ any part of working exposure မှာမှ ကျော်လို့ မရတဲ့ concentration ဖြစ်တယ်

🔸Asphyxia
Oxygen မရှိတော့တဲ့အတွက် unconscious (သတိလစ်မေ့မြောသွားတာကို )ပြေတာဖြစ်တယ်
မည်သည့် vapour မျိုးမဆို (toxic ရှိသည်ဖြစ်စေ မရှိဘူးဖြစ်စေ) လေကို ဖယ်တဲ့ သတ္တိကြောင့် asphyxia ဖြစ်စေနိုင်တယ် tanker မှာဆိုရင်တော့ cargo tanks Void space နဲ့ cargo pump room လိုနေရာမျိုးတွေပေါ့
အဲဒီနေရာမျိုးတွေက အကြောင်းအမျိုးမျိုးကြောင့် oxygen deficiency ဖြစ်နေနိုင်တယ် ဉပမာ organic cargo putrefaction ဖြစ်တာမျိုး cofferdam void space ထဲမှာ rusting ဖြစ်နေတာလိုမျိုး

🔸Anesthesia
တချို့သော cargo v***r တွေက Nervous system ကို သူတို့ရဲ့ effect သက်ရောက်ပြီး loss of conscious ဖြစ်စေနိုင်ပါတယ်
အဲဒီ v***rs တွေက toxic ဖြစ်တာရှိသလို toxic မရှိဘဲလည်း ဖြစ်နိုင်တယ်ဆို တာ သတိရှိစေချင်ပါတယ်

🔸Putrefaction
Animal oil နဲ့ vegetable oil အများစုက အချိန်ကြာတာနဲ့ decomposition ဖြစ်တယ် အဲ့ဒီဖြစ်စဉ်ကို putrefaction လို့ပြောတာဖြစ်တယ်
Decomposition ဖြစ်ရင် toxic vapour တွေထွက်ပြီး tank ထဲမှာ oxygen depletion ဖြစ်စေပါတယ်
အဲ့လို cargo မျိုးတင်ထားတဲ့ tank ထဲကို မဝင်ခင်မှာ ventilation သေသေချာချာ လုပ်ပြီးမှ ဝင်သင့်ပါတယ်
Animal or vegetable oil ကို overheating ပေးတဲ့အခါ မှာ Carbon Monoxide (CO) ထွက်ပါတယ် အရောင်မရှိ အနံ့မရှိပါ gas detector နဲ့ တိုင်းမှသာသိနိုင်ပါတယ်

အကျိုးတစုံတရာရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ် hazards တွေကိုသိရှိပြီး အန္တရာယ်ကင်းစွာ အလုပ်လုပ်နိုင်ကြပါစေ
တခြားသူတွေလည်း knowledge ရအောင် Like and share လုပ်ပေးသွားပါဉီး

အားလုံးမင်္ဂလာရှိသောနေ့လေး ပိုင်ဆိုင်ပြီး အလုပ်အကိုင်အဆင်ပြေကြပါစေ 😊

Photos from The growth's post 10/05/2024

Hazards of chemical Part-1

ဒီနေ့တော့ tanker ပေါ်မှာ တင်ဆောင်တဲ့ chemical cargoes တွေရဲ့ hazardတွေ ဘာတွေလဲဆိုတာ sharing လုပ်ပေးချင်ပါတယ် ☢️

အန္တရာယ်တွေ ကြိုပြီးသိထားတော့ ကြိုပြီး ကာကွယ်လို့ရတာပေါ့

🔸Chemical cargoes ရဲ့hazardsတွေကဘာတွေလဲ👇
▪️Reactivity
▪️Corrosiveness of cargoes
▪️Flammability
▪️Health hazard

🔸Reactivity
မိမိသင်္ဘောမှာ တင်ရမယ့် တစ်ချို့သော chemical တွေဟာ နည်းလမ်းများစွာနဲ့ ဓာတ်ပြု(react) ကြပါတယ်
1-Self reaction
2-Reaction with air
3-Reaction as a result of mixing with water
4-Reaction with other cargoes
5-Reaction with other materials

Chemical reaction ဖြစ်ရင် အပူထွက်လာပါတယ် အဲ့အပူက ဓာတ်ပြုမှူကို ထပ်မံလှူံ့ဆော်ပေးပြီး vapour အမြောက်အမြားထွက်လာပြီး health hazard နဲ့ fire hazard တွေကို ဖြစ်ပေါ်စေပါတယ်

1-Self-reaction
တချို့သော chemical တွေက သူ့ဘာသာသူ reaction ဖြစ်စေတဲ့ သတ္တိရှိတယ် အဲ့ဒီ chemical တွေကို လေ သို့မဟုတ် တချို့သော material နဲ့ ထိတွေ့စေလို့ရှိရင် reaction ဖြစ်တာကို ပိုမိုအားပေးပါတယ်
Self reaction ရဲ့ common type ကတော့ polymerisation ဖြစ်တာပါပဲ (EG-Styrene Monomers) (မြင်အောင်ပြောရမယ်ဆိုရင် cargo အရည်တွေကနေ reaction ဖြစ်ပြီး tankထဲမှာ ပလပ်စတစ်လိုမျိုးဖြစ်သွားတာမျိုးပါ မိမိသင်္ဘောအနေနဲ့ self reaction cargo တွေတင်ရပြီဆိုရင် အထူးသတိထားသင့်ပါတယ် )
ဒါဆိုရင် self reaction cargo တင်ရင် ဓာတ်မပြုအောင် ဘယ်လိုလုပ်ရမလဲ မေးစရာရှိပါတယ်
ကာကွယ်တဲ့နည်းတော့ရှိပါတယ်
Loading port မှာ self reactive cargo တင်ထားတဲ့ tank ထဲ့ကို inhibitor ထည့်ခြင်းပဲဖြစ်ပါတယ်
Inhibitor အတွက်လည်း certificate ကို surveyor ဆီကနေ မဖြစ်မနေတောင်းထားဖို့ လိုအပ်ပါတယ် (တခါတလေကျရင်တော့ shore tank ထဲမှာ ထဲက inhibitor ထည့်ထားတာမျိုးလည်းရှိပါတယ် cargo မတင် ခင် surveyor loading master ကို သေချာ မေးထားသင့်ပါတယ်
Inhibitor မှလည်း expiryရှိပါတယ် တကယ်လို့ မိမိ သဘောင်္ က long voyage ဖြစ်ရင် inhibitor expired date cover ဖြစ်မဖြစ်ကို သေချာ စစ်ဆေးပြီး လိုအပ်ရင် လမ်းမှာ ထည့်ဖို့ surveyor ဆီကတောင်းထားရပါမယ် inhibitor က oxygen dependent ဖြစ်လို့ရှိရင် လိုအပ်တဲ့ minimum oxygen content ကို သိထားရမယ် )

Self reactive cargoes မတင်ခင် သတိထားရမယ့်အချက်တွေကတော့ 👇
🔸Cargo တင်မယ့် tanks တွေနဲ့ pipelines တွေမှာ cargo နဲ့ မတည့်တဲmaterial တွေရှိမနေရပါဘူး
🔸CO အနေနဲ့လည်း stowage plan ဆွဲကတည်းက heated cargo tank တွေနဲ့ ကပ်ရပ်တင်တာမျိုးကို ရှောင်ရှားပြီး ဆွဲရပါမယ်
🔸voyage တစ်လျောက်မှာလည်း cargo temperature ကို charters instructions အတိုင်း maintain လုပ်ထားပြီး closely monitored လုပ်ပြီး record လုပ်ထားရပါမယ်
🔸စပြီးတော့ react ဖြစ်တယ်ဆိုရင် အရေးပေါ်အနေနဲ့ ဘယ်လို လုပ်ရမလဲဆိုတာ ကြိုတင်တွေးထားသင့်ပါတယ်

2-Reaction with Air
တချို့သော cargo တွေ especially ethers and aldehydrates တွေက လေနဲ့ ဓာတ်ပြုပြီး oxygen compound ဖြစ်စေပြီးတော့ explosion 💥 ဖြစ်စေနိုင်ပါတယ် အဲ့ဒီ cargo မျိုးတင်ရင်တော့ inerted conditions မှာပဲတင်လေ့ရှိပါတယ်

3-Reaction as a result of mixing with water
တချို့ cargo တွေက ရေနဲ့ ဓာတ်ပြုပြီး သင်္ဘောနဲ့ crew တွေကို အန္တရာယ်ဖြစ်စေနိုင်တယ် toxic gas တွေလည်း ထွက်ပါတယ် EG sulphuric Acid နဲ့ isocyanide cargoes တွေပေါ့
အဲ့လို cargo မျိုးတင်ရပြီဆိုရင် tank က dry ဖြစ်ပြီး inert conditionမှာပဲတင်ပါတယ် ရေနဲ့ ဓာတ်ပြုတာဖြစ်တဲ့ အတွက် ballast tank ထဲမှာ ရေမရှိသင့်ပါဘူး
Voyage တလျောက်မှာလည်း non cargo tank တွေကို leakage ရှိမရှိ နေ့စဉ် ကြည့်ရှု စစ်ဆေး ပြီး record လုပ်ထားသင့်ပါတယ်

4-Reaction with other cargoes

တချို့သော cargoes တွေက တခြား cargo အမျိုးအစားနဲ့ react ဖြစ်တာမျိုးရှိတတ်တယ် အဲ့လို cargo မျိူးတင်ရင် segregation လုပ်ဖို့လိုအပ်လာပြီ CO တယောက်အနေနဲ့လည်း Compatibility Table (ပုံမှာကြည့်နိုင်ပါတယ် ) ကို သုံးပြီး မိမိတင်ရမယ့် cargo ဟာ တမျိုးနဲ့တစ်မျိုး ကပ်ပြီး တင်လို့ရလား segregationလုပ်ရမလားဆိုတာကို သတိအမြဲရှိရပါမယ်

5-Reaction with other materials
Tank တွေနဲ့ associated equipment တွေကိုပြုလုပ်ထားတဲ့ materials က တင်မယ့် cargo နဲ့ compatible ဖြစ်ဖို့လိုအပ်ပါတယ်
Cargo မတင်ခင်မှာ materials compatibility ဖြစ်မဖြစ်ကို စစ်ဆေးသင့်ပါတယ် တော်တော်များများ case တွေမှာ reaction က သင်္ဘောနဲ့ crew ကို အန္တရာယ်မရှိပေမယ့်လို့ cargo quality ကို ပျက်စီးစေနိုင်တဲ့အတွက်ဖြစ်ပါတယ်
မိမိသင်္ဘောရဲ့ cargo tank က stainless steel နဲ့ ဆောက်ထားတာမဟုတ်ရင် Certificate of fitness နဲ့ IBC code မှာ cargo tank compatible ဖြစ်မဖြစ် စစ်သင့်ပါတယ်

တခြား ကျန်တဲ့ hazard တွေကို နောက် post နဲ့ sharing လုပ်ပေးပါ့မယ်

အကျိုးတစုံတရာရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်
တခြားသူတွေလည်း knowledge ရအောင် Like and share လုပ်ပေးသွားပါဉီး

အားလုံးမင်္ဂလာရှိသောနေ့လေး ပိုင်ဆိုင်ပြီး အလုပ်အကိုင်အဆင်ပြေကြပါစေ 😊

Photos from The growth's post 03/05/2024

Analysis of wall wash test

Hi ပြီးခဲ့တဲ့ post မှာ Wall wash test (WWT) အတွက်လိုအပ်မယ့် instrument တွေ၊procedure တွေအကြောင်း ပြောခဲ့ ပြီးပြီး ဆိုတော့
ဒီနေ့တော့ sharing လုပ်ဖို့ ကျန်တဲ့ analysis of wall wash အကြောင်း ဆက်သွား ကြည့်ကြရအောင် 😊

ပထမဆုံအနေနဲ့ hydrocarbon test အကြောင်း sharing လုပ်ပေးပါမယ်
🔸100 cc Nestler tube နှစ်ခု ယူပြီး pure methanol နဲ့ ဆေးပါမယ် (တခု က sample အတွက်ဖြစ်ပြီး နောက် တခု က standard အတွက်ပါ )
🔸 nestler tube တခုထဲကို pure methanol 50cc ထည့် Deionised water(DI) water 50cc ထည့် thoroughly shake လုပ်ပြီးရင် standard solution ရပါပီ
🔸နောက် nestler tube တခုထဲကို tank ထဲက ယူလာတဲ့ sample methanol 50cc ကိုထည့် DI water 50cc ထည့်ပြီး shake လုပ်ပြီး မိနစ်နှစ်ဆယ်လောကိထားထားပါမယ်
🔸ပြီးရင် အခန်းကို မှောင်အတိလုပ်ပြီး standard နဲ့ sample nestler tube နှစ်ခုကို ယှဉ်ပြီး flashlight နဲ့ကြည့်ပါမယ်
Sample solution က standard solution အတိုင်း clear ဖြစ်နေတယ်ဆိုရင် Hydrocarbon clear ဖြစ်ပါတယ်
တကယ်လို့ sample solution က အောက် ဖော်ပြပါအတိုင်းဆိုရင်တော့ hydrocarbon ရှိတယ် ပေါ့

✅Nearly clear -0.5 ppm
✅Little cloudy-1 ppm
✅Not cloudy - 5ppm
✅Cloudy (Milky) - more than 10 ppm

Note: Sample methanol ကို DI water ထဲ အချိုး ပိုထည့်တာက Hc test ကို ပို strict ဖြစ်စေတယ်
Dilution ratio ကတော့ မိမိcompany နဲ့ Load port ပေါ်မှာမူတည်ပါတယ်
အသုံးများတဲ့ ratio တွေကတော့ 25:75, 33:67, 50:50 တွေပဲဖြစ်ပါတယ်

🔸Chloride test
ပုံမှန်အားဖြင့် 10ppm standard solution တွေ သင်္ဘောမှာရှိတတ်ပါတယ်

Cl 2ppm standard solution လုပ်ဖို့ ဆိုရင်
👉Pure methanol-50cc
👉10ppm standard chloride solution-8cc
👉Distilled water -38cc
👉20% Nitric acid solution-2cc
👉2%silver nitrate solution-2cc
နဲ့ ပြုလုပ်နိုင်ပါတယ်

တခြားသောppm တွေအတွက် အချိုးအစား ကိုလည်း ပုံမှာ ကြည့်နိုင်ပါတယ်

🔸Standard solution အတွက်ရပြီဆိုတော့
Sample solution လုပ်ဖို့ Sample methanol-50cc , 20% Nitric acid/2cc, 2%silver nitrate-2cc , distilled water - 46 cc ကို 100cc nestler tube ထဲထည့်ပြီး သမမျှတအောင်လှုပ်ပါမယ်

🔸ပြီးရင် ၁၀မိနစ်လောက်ထားပြီးရင် HC test တုန်းကအတိုင်း အမှောင်ထဲမှာ standard solution နဲ့ compare လုပ်ကြည့်ပါမယ်
Standard solution နဲ့ တူရင် standard solution ရဲ့ ppm နဲ့တူတဲ့ chloride ပမာဏရှိမယ်
နောက်နေရင်တော့ ppm ပိုများတယ်ဆိုတာ သိရပါမယ်

🔸Permanganate Time Test (PTT)
Permanganate time test ဆိုတာ ကတော့ ketone or alcohol ထဲမှာ impurity ပါမပါကိုစစ်တာပဲဖြစ်တယ်
👉Standard solution ပြင်ဖို့ 100cc nestler tube ထဲကို pure methanol 50cc နဲ့ 0.02% Kmno4-2cc ကို ထည့်ပြီး shake လုပ်ပါမယ်
👉Sample solution အတွက် နောက်100cc nestler tube တခုထဲကို pure methanol 50cc နဲ့ 0.02% Kmno4-2cc ကို ထည့်ပြီး shake လုပ်ပါမယ်
Nestler tube နှစ်ခုလုံးကို temperature 15+/-0.5 degree C or temperature 25+/-0.5 degree C မှာ maintain လုပ်ထားတဲ့ နေရာ မှောင်တဲ့နေရာ မှာထားထားပါမယ်
ပြီးရင်းအချိန်စမှတ်ပြီး ၁၀မိနစ် တခါကြည့်ပေးရပါမယ်
မူလ violet colour ကနေ orange color ပြောင်းတဲ့အထိစောင့်ကြည့်ရပါမယ်
PTT test အတွက် က time တွေကတော့
50 mins over at 15 C , or 30 Mins over at 25C , or 20 Mins over 28C
တကယ်လို့ အရောင် က အပေါ် က ပြောထားတဲ့အချိန် ထက်စောပြီး ပြောင်းသွားတယ်ဆိုရင် PTT test fail ဖြစ်ပြီးတော့ impurity ပါတဲ့ အနေအထားဖြစ်ပါတယ်

🔸APHA colour test

👉100cc Nestler tube ထဲကို Sample-50cc နဲ့ Methanol -50cc ထည့်ပြီး shake လုပ်ပါမယ်
ပြီး ရင် APHA standard solution နဲ့ compare လုပ်ကြည့်ရပါမယ်
APHA No 1 to 30 အထိရှိပါတယ်
APHA No က lab မှာ sample ကို light နဲ့ ဖြတ်စေပြီးတော့ ဆုံဖြတ်တာဖြစ်တယ် သဘော်ပေါ်မှာတော့ equipment မရှိတဲ့အတွက် အလွယ်ဆုံးဆိုရင် စာရွက်ဖြူနောက်ခံထားပြီး sample ကိုကြည့်လို့ ကြည်နေရင် APHA no 5ထက်နည်းတယ်ဆိုတာ မှန်းလို့ရပါတယ်
APHA -American Public Health Association

🔸Non Volatile matter test (NVM test )

NVM test ရဲ့ ရည်ရွယ်ချက်ကတော့ tank မျက်နှာပြင်မှာရှိတံဲ့ non volatile impurities တွေရှိမရှိtest လုပ်တာ ဖြစ်ပါတယ်
NVM test ကlab မှာ ပဲလုပ်တာ ဖြစ်တဲ့ အတွက် အကျယ် ရှင်းမပြတော့ပါဘူး
တခု NVM test အတွက် က tank surface ကို methanol နဲ့အစား acetone နဲ့ လုပ်ရပါတယ်

ဒါဆိုရင်တော့ analysis of WWT နဲ့ပတ်သတ်ပြီး ပြည့်စုံလောက်ပါပြီ

အကျိုးတစုံတရာရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်
တခြားသူတွေလည်း knowledge ရအောင် Like and share လုပ်ပေးသွားပါဉီး

အားလုံးမင်္ဂလာရှိသောနေ့လေး ပိုင်ဆိုင်ပြီး အလုပ်အကိုင်အဆင်ပြေကြပါစေ 😊

Photos from The growth's post 30/04/2024

Hi everyone
ဒီတခေါက်တော့ tank cleaning ရဲ့ final stage လည်းရောက်ပြီ tank ကလည်း cargo (wall wash cargoes )တင်ဖို့ ready ဖြစ်ပြီဆိုရင် chief officer တစ်ယောက်အနေနဲ့ လုပ်ဆောင်ရမယ့် wall wash test procedures တွေကို ကျတော်လေ့လာထားသလောက် sharing လုပ်ပေးချင်ပါတယ်

အခု ဒီမှာ wwt နဲ့ပတ်သတ်ပြီး sharing လုပ်သမျှသည်
မိတ်ဆွေတို့ အလုပ်အကိုင် အဆင်ပြေစေရန်ရည်ရွယ်ပါတယ်
Test အားလုံးလုပ်ရမယ်လို့ မဆိုလိုပါ
ကို့ယ့်သင်္ဘောရဲ့ charterer instructions အတိုင်း အတိအကျလုပ်ဆောင်ပြီး ready ဖြစ်အောင် ပြင်ဆင်ထားရပါတယ်

ကဲစလိုက်ကြရအောင်
🔸Items required for WWT
🔸Procedures
🔸Analysis of wall wash sample
၃မျိုးနဲ့ပတ်သတ်ပြီး sharing လုပ်ပေးပါမယ်

အပေါ်ကအချက်မသွားခင် wall wash test analysis ကဘာတွေစစ်တာလဲ ပြောပြချင်ပါတယ်

🔸Hydrocarbon test
🔸Chloride test
🔸Non volatile test
🔸colour test
🔸Permanganate Time test (PTT)
🔸UV test (ultraviolet absorption

🔸 Items required for WWT
Tanks ထဲမှာ wall wash sample မယူခင် CO တယောက်အနေနဲ့ ပြင်ဆင်ထားရမယ့် items ၂မျိုးရှိပါတယ်
1-Reagent
2-Instrument

1-Reagent တွေကို အောက်မှာဖော်ပြထားပါတယ်
🔸Pure Methanol (500ml/bottle)
🔸Pure water (Distilled water)
🔸Acetone (500ml/bottle)
🔸2%agno3 solution (500ml/bottle)
🔸20% hno3 solution (500ml/bottle)
🔸10ppm (0.01mg/ml) chlorine standard solution (500ml/bottle)
🔸0.02% Kmno4 Solution (500ml/bottle)(dark place and cool temperature မှာ သိမ်းဆည်းထားရပါမယ်
🔸APHA colour standard Solution

Instrument အနေနဲ့ ဘာတွေလိုလဲကြည့်ကြရအောင်
🔸funnel
🔸Plastic bottle (500mlx2 bottles for methanol washing /pure water dropping)
🔸Nessler tube (100mlx 6pcs)
🔸Pipette (5mlx4pcs for agno3/hno3/cl/kmno4 respectively)
🔸Disposable vinyl gloves
🔸Shoe covers
🔸a.p.h.a color standard for color test
🔸flash light
🔸Shalle (for testing non volatile matter)
🔸Black colored plate( for testing turbidity of hi/cl)
🔸White colored plate(for testing turbidity of color)

Procedure

🔸Wall wash sample ယူဖို့ အတွက် tank ထဲမဝင်ခင်မှာ cargo tank နဲ့ tank နံရံတွေကစိုထိုင်းစမရှိဘဲ ခြောက်သွေ့နေဖို့လိုအပ်ပါတယ်
Tank ကလည်း gas free ဖြစ်ရပါမယ်
🔸tank ထဲမဝင်ခင် မိမိcompany ရဲ့ enclosed space entry procedure ကို follow လုပ်ပြီး tank ထဲမှာရှိတဲ့ oxygen content,combustible gas,toxic gas ရှိမရှိကို responsible officer ဖြစ်တဲ့ CO က check လုပ်ရပါမယ် tank ထဲဆင်းရင် hatch coverနား မှာ one man standby ရှိသင့်ပါတယ်
🔸အပေါ်မှာ ပြောခဲ့တဲ့ WWT အတွက် test kit ကို close bag or သန့်ရှင်းတဲ့ bucket နဲ့ ready ပြင်ထားပါ
🔸ပြီးရင် shoe cover ဝတ်ပြီး tank ထဲဆင်းပါမယ်
🔸vinyl glove ဝတ်ပြီး sample မယူခင်မှာ funnel ကို methanol နဲ့ဆေးပါမယ်
🔸sample ကို fore and aft /port and starboard bulkhead လေးနေရာက ယူပါမယ်
Methanol ဖြန်းတဲ့အခါ မတ်တပ်ရပ်အနေအထား လက်တဆုံးနေရာကဖြန်းချပြီး အောက်ခြေကနေ ၁.၅ မီတာလောက်ကနေ methanol sample ကို ခံယူပါမယ် (ပုံမှာကြည့်နိုင်ပါတယ် )
🔸WWT Sample ယူနေစဉ်တလျောက် သတိထားရမှာက ချွေးတွေ ရေတွေ sample bottles ထဲ မဝင်အောင်ပါ
WWT မှာ မှန်ကန်တဲ့ resultရဖို့ cleanliness ကအခရာပါပဲ
🔸tank တစ်tank ကနေ ယူရမယ့် sample quantity က 200 cc (for color/50cc, hc/50cc, cl/50cc, ptt/50cc)
WWT sampling procedure ပြီးပါပြီ 😊

Analysis အသေးစိတ်ကို နောက်ပို့စ်တခုနဲ့ တင်ပေးပါမယ်

အကျိုးတစုံတရာရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်
တခြားသူတွေလည်း knowledge ရအောင် Like and share လုပ်ပေးသွားပါဉီး

အားလုံးမင်္ဂလာရှိသောနေ့လေး ပိုင်ဆိုင်ပြီး အလုပ်အကိုင်အဆင်ပြေကြပါစေ 😊

28/04/2024

Required Documents before loading cargoes on chemical tanker

Photos from The growth's post 27/04/2024

Tank cleaning ဆိုတာ ဘာလဲ
Tanker သင်္ဘောမှာ ကုန်ချပြီးသွားရင် နောက် ကုန်တမျိုးတင်ဖို့အတွက် tank တွေပြောင်အောင် ဆေးတာကို tank cleaning လုပ်တယ်လို့ဆိုပါတယ်
Tank cleaning လုပ်ရာမှာ မိမိသင်္ဘောနောက်ဆုံး တင်ခဲ့တဲ့ cargo နောက်တင်ရမယ့် cargo အမျိုးအစားပေါ်မူတည်ပြီး cleaning လုပ်ရတဲ့ standard ကွဲနိုင်ပါတယ် သင်ေ္ဘာပေါ်မှာတော့ reference လုပ်စရာ tank cleaning guide စာအုပ်တွေရှိပါတယ်
တခါတလေလည်း charterer က နောက်တင်ရမယ့် cargo ပေါ်မူတည်ပြီး ဘယ်လို ဆေးရမလဲဆိုတဲ့ procedures ပေးတာမျိုးလည်းရှိတတ်ပါတယ်

အခု post မှာတော့ ကျွန်တော် လေ့လာထားမိသလောက် sharing လုပ်ပေးချင်ပါတယ်

Chemical tanker မှာ tank cleaning လုပ်ရင် standard နှစ်မျိုးရှိတယ်
1- Water White standard
2-High purity standard

1-water white standard ဘယ်လို သတ်မှတ်သလဲ
Tanks တွေနဲ့ Associated systems (pump stack, pipelines ) တွေက
🔸visually clean and dry ဖြစ်ရမယ်
🔸နောက်ဆုံးတင်ခဲ့တဲ့ cargo residue က tanks တွေနဲ့ Associated systems (pump stack, pipelines ) ထဲမှာ မကျန်ရဘူး
🔸tank cleaning လုပ်လို့ပဲဖြစ်ဖြစ် နောက်ဆုံးတင်ခဲ့တဲ့ cargo ကြောင့် tank discolouration မဖြစ်ရဘူး
🔸pump well တွေ tank bulkhead တွေ၊ tank overhead တွေနဲ့ associated pipeline တွေမှာ ရေမရှိရဘူး
🔸tank က stainless steel tank မဟုတ်ဘဲ တခြား tank အမျိုးအစားဖြစ်ခဲ့မယ်ဆိုရင် previous cargo ကကျန်နေတာမျိုးမဖြစ်ရဘူး
🔸heating coil တွေ cargo pump တွေကလည်း clean and bright ဖြစ်ရပါမယ်

ဒုတိယ ကတော့ high Purity standard ပေါ့ wall wash standard လို့လည်း သင်္ဘောမှာ ပြောလေ့ရှိကြတယ်
High purity standards အတွက်က wall wash test (WWT) လုပ်ရတယ်
Wall wash test လုပ်တဲ့အခါ အောက်က ဖော်ပြထားတဲ့ test တွေပါဝင်တယ်
🔸Hydrocarbon test
🔸Chloride test
🔸Non volatile test
🔸colour test
🔸Permanganate Time test (PTT)
🔸UV test (ultraviolet absorption)

နောက်ပိုစ့်တွေမှာ wall wash test တခုချင်းစီ sharing လုပ်ပေးပါဦးမယ်

အကျိုးတစုံတရာရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်
တခြားသူတွေလည်း knowledge ရအောင် Like and share လုပ်ပေးသွားပါဉီး

အားလုံးမင်္ဂလာရှိသောနေ့လေး ပိုင်ဆိုင်ပြီး အလုပ်အကိုင်အဆင်ပြေကြပါစေ 😊

27/04/2024

What is Wall Wash test on tanker??
Are you guys interested in WWT comment Yes below and stay tune

27/04/2024

Credit to original uploader

10/04/2024
09/04/2024

What are three minimum sensor input in ECDIS ???

U can freely answer the question in comment 😊😊

06/04/2024

Hi ဒီနေ့တော့ inspectors (SIRE,PSC) တွေ အနေနဲ့ bridge inspection မှာ second Officer ကို အမေးများလေ့ရှိတဲ့ ECDIS နဲ့ ပတ်သတ်တဲ့ questions ၁၀ခု ကို sharing လုပ်ပေးချင်ပါတယ်

Question 1: Can you show me the last passage plan on ECDIS?

မိတ်ဆွေတို့ ပြင်ဆင်ထားတဲ့ passage plan ဟာ berth to berth ဖြစ်ရမယ် company requirements တွေ industrial guidelines နဲ့ အညီ ပြင်ဆင်ထားရပါမယ်
ECDIS ပေါ်မှာ လည်း အောက်မှာ ပြောထားတဲ့ information တွေ plot လုပ်ထားသင့်ပါတယ် (အောက်မှာ ပြောထားတဲ့အချက်တွေက ဉပမာအနေနဲ့ ပြောထားတာ သာဖြစ်တဲ့အတွက် information လိုကောင်းလိုနိုင်ပါတယ် information စုံလေကောင်းလေပါပဲ )
*
* The route
* Parallel index lines
* No-Go Areas (not excessively marked)
* Wheel over position
* Abort point
* Marking of bridge watch levels
* Position plotting interval and method at each leg
* Security levels and the points where vessels need to be hardened.
* Point for notice to the engine room and calling the master

Question 2: Do you perform a route check? How do you do it?

Route check ကတော့ ECDIS မှာ ပါတဲ့ function တခုပဲဖြစ် ပါတယ်
ECDIS ပေါ်မှာ route ဆွဲပြီးတဲ့အခါ navigator အနေနဲ့ မိမိဆွဲထားတဲ့ route ဟာ safe ဖြစ်လား navigation hazards တွေ danger တွေဖြတ်သွားလားဆို တာ route check function ကို သုံးပြီး စစ်ဆေးရပါတယ်
ECDIS ရဲ့ type specific ပေါ်မူတည်ပြီး route check function နေရာကွဲလွဲမှူတော့ရှိနိုင်တဲ့ အတွက် inspector မေးရင် ဖြေ နိုင်အောင် အကျွမ်းတဝင်ရှိသင့်ပါတယ်

Question 3: How do you make sure your ENCs are corrected up to date?

ဒါကတော့ ညီကိုတို့အားလုံးသိထားပြီးတဲ့အတိုင်း ပဲ
Voyage မစခင်မှာSOLAS requirement အရ all charts and publications up to date ဖြစ်ရပါမယ်
Inspectors မေးရင်လည်း ပြနိုင်ရပါမယ်

Question 4: How do you know if you have all the required ENCs for the route?

ဒီမေးခွန်းနဲ့ ပတ်သတ်လို့လည်း ENC ordering process က မိမိ company က ယူထားတဲ့ ENC service provider ပေါ်မူတည်ပြီး အနည်းငယ် ကွဲလွဲနိုင်ပါတယ်

Question 5: How do you plot the Navigation warnings

Inspector မေးရင် Navarea warning တွေ navtex messages တွေ T&P corrections တွေ up to date plot လုပ်ထားတာ ပြပေးလို့ရပါတယ်

Question 6: What IHO presentation library your ECDIS uses? Can you show me?
Second mate တစ်ယောက်အနေနဲ့ မိမိECDIS ရဲ့ latest IHO presentation library ဘယ်လောက်လဲဆိုတာ ပြသနိုင်ရပါမယ်
မပြသနိုင်ခဲ့ရင် observation အနေနဲ့ ရေးခံရနိုင်ပါတယ်
PSC inspections မှာ ဆိုရင်တော့ detainable deficiency ပါ (မိမိသင်္ဘောကို ဖမ်းခံရနိုင်ပါတယ်)

လက်ရှိ presentation library နဲ့ ပတ်သတ်တဲ့ information သိချင်ရင်လည်း IHO website မှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်

Question 7: How do you plot position from sources other than GPS?

Second mate တစ်ယောက်အနေနဲ့ GPS ကလွဲလို့ တခြား သော sources (visual bearings, range/bearings, and celestial observations)တွေကိုသုံးပြီး ECDIS ကိုသုံးပြီး position plot လုပ် ပြတတ်ရပါမယ်

Inspector အနေနဲ့ intercept နဲ့ position plot လုပ်ထားမထားကိုလည်း မေးတတ်ပါတယ်

Question 8: What ECDIS safety settings are entered during arrival to this port?
Safety settings နဲ့ ပတ်သတ်လို့ ကျတော် post တစ်ခုတင်ပေးထားပါတယ်
အောက်က link ကနေတဆင့် ဝင်ရောက်လေ့လာနိုင်ပါတယ်

https://www.facebook.com/share/p/GYMfJDd3ZKxWZKZ9/?mibextid=WC7FNe

Question 9: What procedure you follow when the route crosses safety contour?
ဒီမေးခွန်းနဲ့ပတ်သတ်လို့ မိမိcompany’s ရဲ့ SMS procedures အတိုင်း follow လုပ်စေချင်ပါတယ်
Question 10: What is scamin and how do you use it?
SCAMIN နဲ့ ပတ်သတ်လို့ အောက်ကလင့်မှတဆင့် လေ့လာနိုင်ပါတယ်

https://www.facebook.com/share/p/LhNZiLZgv6ftz3pH/?mibextid=WC7FNe

အကျိုးတစုံတရာရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်
တခြားသူတွေလည်း knowledge ရအောင် Like and share လုပ်ပေးသွားပါဉီး

အားလုံးမင်္ဂလာရှိသောနေ့လေး ပိုင်ဆိုင်ပြီး အလုပ်အကိုင်အဆင်ပြေကြပါစေ 😊

Photos from The growth's post 03/04/2024

Hi ဒီနေ့မှာတော့ inspector တွေအမေးများတဲ့ SCAMIN အကြောင်းလေး sharing လုပ်ပေးချင်ပါတယ်

SCAMIN ဆိုတာဘာလဲ
အရှည်ကောက်ကတော့ Scale Minimum ပါ
ECDIS မှာ တချို့သော ENC features တွေ ပြပေးရမယ့် minimum scale (smallest scale)ကိုခေါ်တာပါ
ဉပမာ ECDIS မှာ buoy တခုကို Information ထောက်ကြည့်ရင် အဲ့ဒီbuoy ရဲ့ scale minimum ကို တွေ့ရပါလိမ့်မယ် တကယ်လို့ display scale က အဲ့ဒီ buoy ရဲ့ SCAMIN value ထက်နည်းလို့ရှိရင်
အဲ့ဒီ buoy ကို မြင်ရမှာ မဟုတ်တော့ပါဘူး

IHO Presentation Library edition 4.0 နောက်ပိုင် ECDIS တွေမှာ SCAMIN on and off လုပ်ဖို့အတွက် function ပါလာပြီပဲဖြစ်ပါတယ်

🔸SCAMIN ကို ဘာအတွက်ကြောင့် သုံးတာလဲ ??
👉Overcrowded display ကို လျှော့ချဖို့သုံးပါတယ်
👉SCAMIN ကို information အားလုံးမြင်ရဖို့အတွက် appraisal,planning နဲ့ review phases တွေမှာ OFF လုပ်ထားရပါမယ်
👉Voyage plan ကို monitoring လုပ်တဲ့အဆင်မှာ တော့ overcrowded display ကို လျှော့ချဖို့ အတွက် SCAMIN ကို on ထားရပါမယ်

အကျိုးတစုံတရာရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်
တခြားသူတွေလည်း knowledge ရအောင် Like and share လုပ်ပေးသွားပါဉီး

အားလုံးမင်္ဂလာရှိသောနေ့လေး ပိုင်ဆိုင်ပြီး အလုပ်အကိုင်အဆင်ပြေကြပါစေ 😊

Videos (show all)

အားလုံးပဲမင်္ဂလာပါ ဒီတစ်ခါတော့ PSC inspection/ SIRE inspection တွေမှာ မေးလေ့မေးထရှိတဲ့ Inmarsat-C ကနေ သင်ေ္ဘာ Email ကို ...
Reframing technique ဆိုတာ ဘာလဲ ပြဿနာ တစ်ခုခုကြုံလာရင် ကိုယ့်ရဲ့စိတ်မှာ Nagative emotions တွေမဖြစ်အောင်နည်းအောင် မိမိရဲ့ ...
အားလုံးပဲ မင်္ဂလာပါ ChatGPT ဆိုရင်တော့ မသိတဲ့သူမရှိလောက်ဖူးထင်ပါတယ် ဒီနေ့ IoS မှာ ChatGPT app မှာ passage planning မှာ ထ...
အားလုံးပဲ မင်္ဂလာပါ ChatGPT ဆိုရင်တော့ မသိတဲ့သူမရှိလောက်ဖူးထင်ပါတယ် ဒီနေ့ IoS မှာ ChatGPT app မှာ passage planning မှာ ထ...
IMSC (International Maritime security conduct ) က ထုတ်တဲ့ security နဲ့ပတ်သတ်တဲ့ Bridge reference card ကို share ပေးလိုက်...

Website