JELLY
I have been up against tough competition all my life..I wouldn't know how to get along without it
ထုတ်မကြွားမိစေနဲ့ 💕
အောင်မြင်တာဖြစ်ဖြစ်...
အဆင်ပြေတာဖြစ်ဖြစ်...
ခေတ်ကိုက အပင်သိပ်မြင့်မှ
လေတိုက်ချင်ကြတာ မဟုတ်ဘူး ။
သီးကင်းလေး စသီးရင်ကို
ခဲနဲ့ ထုချချင်နေကြတာ ။
မနာလိုတဲ့သူဆိုတာလည်း
ဝေးဝေးလံလံက မဟုတ်ဘဲ
သင့် အနီးဆုံးကလူတွေလည်း
ဖြစ်နေတတ်သေးတယ် ဆိုတာ
မမေ့ပါနဲ့ ။
🤦
"ပြောင်းလဲသွားတယ်နော်တဲ့" မဟုတ်ဘူး
•--•---•---•---•---•---•---•--•
မတည်မြဲတဲ့အကြောင်းကို တွေးရင်းနဲ့
တိမ်တွေကို ငေးကြည့်ဖြစ်တယ်
ဖြစ်ပြီးရင် ပျက်သွားတဲ့ အရာထဲ
ဒဏ်ရာတွေ ဘာလို့ ပါမသွားတာလဲ
ရင်နာစရာကောင်းပါတယ်
တစ်ဖတ်သက်ချည်တဲ့ သံယောဇဉ်တွေထဲမှာ
သေစေလောက်တဲ့ နာကျင်စရာတွေ ရှိမှန်
အစက ကြိုမသိခဲ့ဘူး
တစ်ဖတ်လူ ဘယ်လို ထိခိုက်သွားမလဲလို့
ဖြည့်တွေးပေး မနေပဲနဲ့
ရက်စက်သွားတဲ့ ပြတ်သားမှုတွေကို
အားကျမိတယ် သိလား?
စိတ်ကို စိတ်နဲ့ ပြန်ခေါ်တိုင်း
အနာတရတွေပဲ ထွက်ကျလာတဲ့အနေအထားမှာ
ကိုယ် သူတို့လို မပြတ်သားနိုင်ခဲ့ဘူး
ပေါ့ပေါ့ပါးပါး ရှင်သန်ဖို့
နာကျင်စရာတွေ လွှတ်ချခဲ့ရမယ်ဆိုရင်
မပျော်ရတဲ့ အပြုံးတွေက အစ
မပိုင်ဆိုင်ရတဲ့ ချစ်ခြင်းမေတ္တ္တာတွေ အထိ
ကိုယ် တစ်နေ့ လွှတ်ချထားခဲ့မှာပါ
ဆုတောင်းတွေ မပြည့်ရင် နေပါစေ
တစ်ပါးသူရဲ ဒုက္ခကိုတော့
အခွင့်အရေး မယူချင်းဘူးလေ
ဒါကြောင့်ပဲ ထင်ပါရဲ့
ကျနော်ကမ္ဘာမှာ ကြွေတဲ့ ကြယ်တွေက
သိပ် ကို လှ တာ
မှတ်မိပါသေးတယ်
လျှောက်တဲ့ လမ်းချင်းမတူတဲ့သူတွေက
ဘဝအနေအထားချင် ကွာတဲ့သူတွေက
ကိုယ့်ဒုက္ခကို တကယ်မသိတဲ့သူတွေက
ကိုယ်ခံစားဘူးသလို မခံစားဘူးတဲ့သူတွေက
ကိုယ့်ဒဏ်ရာရဲ့ အတိမ်အနက်ကို
သေသေချာချာ မသိတဲ့ သူတွေက
" နင် ပြောင်းလဲသွားတယ်နော် တဲ့
နင် သိပ် တစ်ကိုယ်ကောင်းဆန်တာပဲ တဲ့
နင် အရမ်း အခြေကြီးနေတယ် တဲ့ "
မြေကြီးပေါ်မှာ ရပ်နေတာချင်းတူပေမယ့်
ကိုယ် ဘယ်လောက် နာကျင်နေရမှန်း
ဘဝကို ထမ်းပိုးထားတာချင် တူပေမယ့်
ကိုယ်ဘယ်လောက် ပင်ပန်းနေခဲ့မှန်း
ပြိုလဲဖူးတာချင်း တူပေမယ့်
ကိုယ် ဘယ်လောက် အထိအရှ များခဲ့မှန်း
သူတို့ တကယ် မသိကြပါဘူး
ဆေးမကျွေးရင် နေပါ
အနာတွေတော့ ထပ် မပေးပါနဲ့တော့
ကိုယ့်ဖြစ်တည်မှုလေးနဲ့ကိုယ်
အမြဲ တိတ်ဆိတ်နေတယ်ဆိုရင်တောင်မှ
ရှင်သန်ဖို့တော့ လုံလောက်တယ် မဟုတ်လား
" ပြောင်းလဲသွားတယ်နော် တဲ့
မဟုတ်ဘူး" အမှန်က
ကိုယ့်အရှိတရားလေးနဲ့ ကိုယ်နေရမယ်ဆိုတာ
ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ရမယ်ဆိုတာ
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားရမယ်ဆိုတာ
ကိုယ့်ဒဏ်ရာ ကိုယ်ပဲ ဆေးထည့်ရမယ်ဆိုတာ
ကိုယ့်ဘဝရဲ့ အဆိုး အကောင်းတွေဟာ
ကိုယ့်မှာပဲ တာဝန်ရှိတယ် ဆိုတာ
သူများပေးတဲ့ ပျော်ရွှင်မှုက
ရေရှည် မခံဘူးဆိုတာ
သံယောဇဉ်တွေက ပူလောင်ရတယ်ဆိုတာ
မျော်လင့်ချက်တွေများရင် နာကျင်ရတယ်ဆိုတာ
အများကြီး ချစ်တက်တဲ့သူတွေကပဲ
အများကြီး ဆုံးရှုံးရတတ်တယ်ဆိုတာ
ငွေမရှိရင် ဆွေမျိုးတွေတောင်
သူစိမ်းလို ဆက်ဆံကြတယ်ဆိုတာ
စိတ်ကူးယဉ် သက်သက်တွေက
လက်တွေ့မှာ မပျော်ရဘူး ဆိုတာတွေကို
နားလည် သဘောပေါက်သွားတာပါ။
.အရှင်ဇဝနသူ့စိတ်ကြိုက်စာပေများ
"ခင် မင် လေး စား လျှက်"
.
ကိုယ်လဲကျနေတဲ့အချိန်မှာတောင်
ဘေးနားမှာရှိနေပေးတဲ့သူမျိုး❤️
🙆
I'm so lonely🤦
I'll have never be......😇