Feeling the POEM

Feeling the POEM

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Feeling the POEM, College & University, .

09/02/2023

ငါ
ငါ့မှာလည်း ငါ၊ သူ့မှာ ငါနှင့်
ငါ့ငါ သူ့ငါ၊ တွေ့ကြခါဝယ်
ငါနှင့်ငါချင်း၊ ငါစစ်ခင်းလျက်
ပူပြင်းလျှံရဲ၊ ငါပေါက်ကွဲ၏။
ငါဒုက္ခပေး၊ ငါမအေး၍
ငါအေးရကြောင်း၊ ခွင့်ခါချောင်းလျက်
ငါကောင်းကိုရှာ၊ ငါဆိုးခွာသော်
ကွာလေသည်သို့၊ ဖြစ်သမို့လည်း
ခေါင်းလျှိုကိုယ်ခွေ၊ ပခြုပ်ဗွေ၌
ငန်းမြွေမခြား၊ နှဲသံကြားလျှင်
ပါးပျဉ်းထောင်လျက်၊ ငါသည်ထွက်၏။
အို...ဖွားဖက်ငါ၊ အသင်ငါနှင့်
ငါမလျှော့တမ်း၊ အားမာန်စမ်းအံ့
အစွမ်းသာသူ၊ ပန်းဆွတ်ယူလိမ့်
ငါမူငါ့ကို အောင်မည်လော။
ငါ့ကိုငါက အောင်မည်လော။ ။
မင်းသုဝဏ်

Website