Soe Soe Yi

Soe Soe Yi

politician

03/06/2023

တောင်သူများအဆင်ပြေကြပါစေရှင်

19/05/2023

https://www.facebook.com/100071273352154/posts/266633942389049/?mibextid=CDWPTG

တရုတ်ဘက်ခြမ်းမှာ မြန်မာကုန်သည်တွေရဲ့ တန် ၂ သောင်းခန့် ပဲတွေ ချိတ်ပိတ်ခံရလို့ အခက်ခဲဖြစ်နေ

မေ ၁၆၊ ၂၀၂၃
Shy V(VOM)

တရုတ် - မြန်မာ နယ်စပ် တရုတ်ဘက်ခြမ်း ဝမ်တိန်က ဂိုဒေါင်မှာ မြန်မာကုန်သည်တွေရဲ့ ပို့ကုန် ပဲ တန်ချိန် ၂ သောင်းခန့် ချိန်ပိတ်ခံရလို့ ကုန်သည်တွေ အခက်ခဲဖြစ်နေတယ်လို့ နယ်စပ် ပို့ကုန်လုပ်ငန်းရှင်တွေက ပြောပါတယ်။

"မြန်မာကုန်သည်တွေရဲ့ကုန် ပိုများတယ်။ တရုတ်ကုန်သည်တွေရဲ့ ကုန်လည်း ပါတယ်။ ပိုးမွှား အုပ်တဲ့ ဂိုဒေါင်မှာ ချိတ်ပိတ်လိုက်တာ။ လူတွေကိုလည်း ဖမ်းထားတယ်။ မှောင်ခိုလမ်းက ဝင်လာတယ်ဆိုတဲ့ အကြောင်း လက်မှတ်ထိုးခိုင်းနေတာ။ ကျနော်တို့က ကျင်စန်းကျော့ - မန့်မိုင် တရားဝင်လမ်းက ဝင်လာတာလေ။ ဒီလိုပဲပို့နေတာ ဆယ်စုနှစ် ကျော်ပြီ။" လို့ ပို့ကုန်လုပ်ငန်းရှင် ၁ ဦးက ပြောပါတယ်။

လက်ရှိ ချိတ်ပိတ်ခံရတဲ့ ပဲတွေက ပဲတီစိမ်းအပါအဝင် ပဲတန်ချိန် နှစ်သောင်းကျော်ခန့် ရှိပြီး ကာလတန်ဖိုး တရုတ်ယွမ်ငွေ သိန်း တစ်ထောင်ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။

တရုတ်ဘက် တင်ပို့နေတဲ့ ပဲ လုပ်ငန်းရှင်တွေအနေနဲ့ ပဲ ဈေးကျနေတဲ့အချိန်ဖြစ်တဲ့အပြင် မြန်မာဘက်ရော တရုတ်ဘက်ပါ အခွန်ဆောင်ပြီးသား ပဲတွေကို ချိတ်ပိတ်ခံရတာကြောင့် ကုန်သည်တွေ ညှိနှိုင်းနေပေမယ့် အဆင်မပြေတာကြောင့် အခက်အခဲဖြစ်နေကြရတယ်လို့ နယ်စပ်ကုန်သည် အမျိုးသမီး ၁ ဦး ကလည်း ပြောပါတယ်။

"တရုတ် ကာစတန်တွေက ဖမ်းချင်နေတာ။ မဆိုင်ဘူးလေ။ လက်မခံဘူးဆိုရင် မဝင်ခင်၊ အခွန်မဆောင်ခင် ကတည်းက ပြောရမှာ။ အခုက တရုတ်ဘက်ရော အခွန်လည်းဆောင်ပြီးပြီ။ အရောင်းအဝယ် မဖြစ်သေးတာပဲရှိတယ်။"လို့ သူက ပြောပါတယ်။

အရင်က ပဲတီစိမ်းကို တရုတ်ဘက်က ဂျူတီဆောင်ပြီး တင်သွင်းခိုင်းပေမယ့် နောက်ပိုင်း ဂျူတီဆောင်ကာ မတင်ပို့နိုင်တော့တာကြောင့် တရုတ်ဘက်က ဒေသထွက်ကုန်အနေနဲ့ စနစ်တခု ပြန်ချပေးထားပြီး လက်ခံနေတာဖြစ်ပေမယ့် လက်ရှိ အဲဒီစနစ်ကို ပြန်မပေးချင်တော့တဲ့ သဘောဖြစ်နေတယ်လို့ တရုတ်ကုန်သည် ၁ ဦး ကလည်း ရှင်းပြပါတယ်။

"ပဲတီစိမ်းက အမှန်တကယ်တော့ ပြည်ကြီးအထိသွားတာ။ ဒါပေမယ့် ဒေသသုံးအနေနဲ့ ခွင့်ပြုထားတာလေ။ ဒေသသုံးကျတော့ ဂျူတီနည်းတယ်လေ။ အမှန်တော့ အစိုးရက မှားတာပါ။ စနစ်တခုကို ခွင့်ပြုပေးထားပြီး ပြန်မပေးချင်တော့ လို့ အပြစ်ရှာတာပေါ့နော်။" လို့ သူက ပြောပါတယ်။

အဲဒီ ကုန်လှောင်ရုံတွေကို အရင်လ ၂၄ ရက်နေ့က စ တင်ချိတ်ပိတ်ခဲ့တာဖြစ်ပြီး နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေ တတ်နိုင်သရွေ့ ကြိုးစားညှိနှိုင်းနေပေမယ့် အဆင်မပြေတဲ့အပြင် ဆုံးရှုံးမှု အရမ်းများနေတာကြောင့် သက်ဆိုင်ရာအစိုးရအနေနဲ့လည်း ညှိနှိုင်းပေးစေလိုတယ်လို့ ကုန်သည် လုပ်ငန်းရှင်တွေက ပြောပါတယ်။

လက်ရှိမှာတော့ ပဲ ပို့ကုန်ကားတွေ မရှိကြောင်း နယ်စပ်ကုန်တင် ယာဉ်မောင်း ၁ ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ကိုဗစ်ရောဂါ ကာလ မတိုင်ခင်ကလည်း တရုတ်နယ်စပ်က မြန်မာနိုင်ငံသားတွေရဲ့ ဘဏ်အကောင့် နှစ်ရာဝန်းကျင် ပိတ်သိမ်းခံခဲ့ရပြီး များစွာ ဆုံးရှုံးမှု ဖြစ်ခဲ့ဖူးပါတယ်။

Photo Crd-ကုန်တင်ကားသမား ၁ ဦး
#မြန်မာပဲကုန်သည် #တရုမ်ဘက်ခြမ်း #တန်နှစ်သောင်းခန့်ချိတ်ပိတ်ခံရ

Web Link - https://voiceofmyanmarnews.com/news/2023/05/16/တရုတ်ဘက်ခြမ်းမှာ-မြန်မာ/

Photos from Khin Yi's post 22/04/2023
21/04/2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့်ပြု

Photos from Union Solidarity and Development Party's post 23/03/2023
Photos from Soe Soe Yi's post 27/02/2023

ရွေးကောက်ပွဲအတွက်
မြန်မာအီလက်ထရွန်နစ်
မဲပေးစက်(MEVM)-

Videos (show all)

ကုသိုလ္ပါ
အသံမထွက်လို့ကျေးဇူးတင်စကားနောက်ကျသွားတာပါရှင်

Website