The Crows
တစ်ကောင်ထိရင် တစ်မျိုးလုံးအုံကြွတဲ့အမျိုးဗျ
မိတ်ဆွေတို့ မျှဝေသော ဆန်စေ့တွေဟာ 🛑
စစ်ဘေးရှောင်တွေအတွက် မှီတည်ရာပါ။
ကိုယ်ခန္ဓာသန်စွမ်းသလောက် ဝင်ငွေမရှာနိုင်တဲ့
စစ်ရှောင်ကာလမှာ များစွာအထောက်အကူပြုပါတယ်
မိတ်ဆွေတို့မျှဝေတဲ့ ဆန်ကိုစားပြီး
ကြီးပြင်းလာရတဲ့ ကလေးငယ်များစွာရှိပါတယ်။
မိတ်ဆွေတို့ရဲ့ဆန်စေ့တွေနဲ့ အသက်ဆက်နေရတဲ့
သက်ကြီးရွယ်အိုများစွာရှိပါတယ်။
ရောဂါကပ်ဆိုးကြောင့်နလန်မထူနိုင်ခင်
အဘက်ဘက်ကတိုးတက်စပြုနေတဲ့ကျနော်တို့
မြေပုံလေးခင်မျာ အာဏာရှင်တို့ရဲ့ရန်ကြောင့် အခုဆို
ယမ်းနံ့တွေသင်းလို့နေပါပြီ။
နေရပ်စွန့်ခွာထွက်ပြေးနေရပြီး စစ်ရှောင်နေရတဲ့
လူတွေအတွက် မိတ်ဆွေတို့အိမ်မှာ ဆန်စေ့ကလေးတွေ
ပိုသလောက် ထောက်ပံ့နိုင်ပါတယ်။ ၅၀၀ ၁၀၀၀
ကစလို့ ကျီးကန်းတို့ကစုပေါင်းပြီး ဆန်အိတ်တွေအများကြီးထားခဲ့ပေးချင်ပါတယ်....✊💕
#ဆန်စေ့ပိုသလောက်လှူပေးပါ
#ကရင်ပြည်စစ်ဘေးရှောင်စခန်း
ကျနော်တို့အတူတူရှိနေကြရအောင်
အခုလို စစ်ရေးရေချိန်မြင့်တက်လာတဲ့ တော်လှန်ရေးကာလမှာ ကျနော်တို့နိုင်ငံမှာနေထိုင်တဲ့ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းဟာ ပင်ပန်းခက်ခဲမှူများနဲ့
များစွာ အသက်ရှုကြပ်လှပါပြီ။
မြင့်တက်လာတဲ့ကုန်စျေးနှုန်းတွေရယ်
ကျနော်တို့ရဲဘော်တွေ ထိုးစစ်ဆင်နိုင်ပြီဆို ရန်သူ့
ဖက်ဆစ်တပ်တွေရဲ့ အပြစ်ပုံတိုက်စစ်တွေကြောင့်လည်း
အဘက်ဘက်က ပင်ပန်းနေကြရပါပြီ။
မိတ်ဆွေတို့လည်း ပင်ပန်းနေတာသိပေမယ့်
ရွာလုံးကြီးမီးရှို့ခံရ ဖက်ဆစ်တပ်ဝင်လာရင် ပြေးရပုန်းရ
စစ်ဘေးရှောင်တွေလည်း ပင်ပန်းလှပါပြီ။
အသားဟင်း ကောင်းကောင်းတစ်ခွက်ရယ်
နူးညံ့တဲ့ထမင်းပူပူရယ်ဆိုတာ သူတို့အတွက်
မိုးပေါ်ကကျလာမှရမယ့် အခြေအနေလို့ပြောရအောင်
ပင် တောကြီးမျက်မည်းထဲ ခိုအောင်းနေထိုင်နေကြရပါတယ်။
မိတ်ဆွေတို့လည်းခေတ်ပျက်ကြီးကိုအန်တုနေရတာသိပေမယ့် မိတ်ဆွေတို့အိမ်မှာ ဆန်စေ့ကလေးတွေပိုခဲ့ရင်
ကူညီမျှဝေပေးဖို့တောင်းဆိုချင်ပါတယ်။ ကျီးကန်းတို့က
မိတ်ဆွေတို့ရဲ့ဆန်စေ့လေးတွေကို စုပြီး
စစ်ဘေးရှောင်၆၀၀ ကျော်အတွက် ဆန်အိတ်တွေထားခဲ့ပါ့မယ်။
အခုဆိုလည်း ဆန်အိတ်ပမာဏတချို့ကို မိတ်ဆွေတို့ရဲ့
အကူအညီနဲ့စုဆောင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။ လုံလောက်တဲ့
ပမာဏမရရှိသေးတာမို့ ၅၀၀၊ ၁၀၀၀ ကစလို့
ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုချင်ပါတယ်....
#ဆန်စေ့ပိုသလောက်လှူပေးပါ
#ကရင်ပြည်စစ်ဘေးရှောင်စခန်း
ကရင်ပြည်နယ် စစ်ဘေးရှောင်စခန်းအတွက်
အေးချမ်းလှတဲ့ ဒီဇင်ဘာမှာ ဆန်အိတ်လက်ဆောင်
မျှဝေဖို့ တိုက်တွန်းချင်ပါတယ်။ 🛑
နှစ်သစ်ကိုကြိုဆိုဖို့ ဒီဇင်ဘာဟာ စစ်ဘေးရှောင်တွေ
အဖို့တော့ ရတက်မအေးနိုင်ပါဘူး။ တနေ့တနေ့ ပိုမိုများပြားလာတဲ့ အာဏာရူးတို့ရဲ့ရန်ကြောင့် နေရပ်စွန့်ခွာ
လာကြသူတွေဟာ ဒီစစ်ဘေးရှောင်စခန်းမှာ ၆၀၀ ကျော်ရှိပါတယ်။
အသားဟင်းအရသာ မေ့နေသူတွေအတွက်
ဆန်စေ့ကလေးတွေတော့
လုံလုံလောက်လောက်ရှိသင့်တယ် မဟုတ်လား ။
မိတ်ဆွေတို့ဆီမှာ ဆန်စေ့ကလေးတွေပိုခဲ့ရင်
မျှဝေပေးဖို့တောင်းဆိုပါတယ်။ ကျီးကန်းတို့က မိတ်ဆွေ
တို့ရဲ့ ဆန်စေ့ကလေးတွေစုပြီး စစ်ရှောင်စခန်းလေးဆီ
ပို့ဆောင်ပေးပါ့မယ်။
၅၀၀ ၁၀၀၀ ကစလို့ မျှဝေနိုင်ပါတယ်။
ဆန်စေ့ကလေးတွေ မျှဝေရတာ အဆင်ပြေဖို့အတွက်
နိုင်ငံတကာအလိုက် Banking Accountလေးတွေ
ပြင်ဆင်ထားပါတယ်...။
မိတ်ဆွေတို့အနေနဲ့ ကျီးကန်းတို့ရဲ့ Page Messengerကို
Hi လိုက်ရုံနဲ့ စစ်ဘေးရှောင်တွေဆီ
ဆန်စေ့တွေ အရောက်ပို့နိုင်မှာပါ...
ကျီးကန်းတို့ကလည်း မအိပ်ပဲစောင့်နေမှာမို့
ကူညီထောက်ပံ့ပေးဖို့ တောင်းဆိုချင်ပါတယ်....✊💕
#ကရင်ပြည်စစ်ဘေးရှောင်စခန်း
#ဆန်စေ့ပိုသလောက်လှူပေးပါ
သောင်ရင်းမြစ်လို့ခေါ်ပါတယ်။
ကရင်ပြည်နယ်နှင့်ထိုင်းနိုင်ငံ နှစ်နိုင်ငံ နယ်နမိတ်
စည်းခြားမြစ်လို့ သတ်မှတ်လို့ရပါတယ်။ အဲ့ဒီသောင်ရင်းမြစ် တစ်လျှောက်မှာတော့ စစ်ဘေးရှောင်များစွာနေထိုင်ပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အရပ်သားတည်နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ၊
ရွာထဲဝင် မုဒိန်းကျင့်လုယက်မှုတွေကြောင့် ဇာတိမြေမှာ
မနေထိုင်နိုင်ပဲ အသက်ဘေးအန္တာရယ်ကြားထွက်ပြေး
နေရသူတွေပါ။
ဖက်ဆစ်စစ်တပ်ရဲ့ရန်ကြောင့်ထွက်ပြေးလာရတဲ့
စစ်ဘေးရှောင်တွေမှာ ထိုင်းနယ်ခြားစောင့်စစ်သားများ
ရဲ့ ဖမ်းဆီးမှုဒဏ်ကိုလည်း အလူးအလဲခံစားရတာကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲလှတဲ့ တောကြီးမျက်မည်းထဲမှာပဲ စစ်ရှောင်စခန်းတွေကို ဆောက်လုပ်ကြရပါတယ်။
အခုကျီးကန်းတို့ရောက်နေတဲ့စစ်ဘေးရှောင်စခန်းလေးမှာတော့ စစ်ဘေးရှောင်၆၀၀ ကျော်ရှိပါတယ်။ နွေဦးတော်လှန်ရေးကာလမှ ထွက်ပြေးလာသူများနှင့် ယခင်
ဖက်ဆစ်တို့၏ အသံတိတ်သတ်ဖြတ်မှုကြောင့် ထွက်ပြေး
လာရတဲ့ တိုင်းရင်းသားစစ်ဘေးရှောင်များပါဝင်ပါတယ်။
စစ်ရေးအရှိန်စတာနဲ့တပြိုက်နက် မြင့်မားလှတဲ့
ကုန်စျေးနှုန်းတွေကြား ပြည်သူတွေပင်ပန်းနေကြတာကို
နားလည်ပါတယ်။ ဆန်တစ်အိတ် သိန်းကျော်သွားတဲ့ခေတ်မှာ စစ်ဘေးရှောင်စခန်းဆိုတာ ထောက်ပံ့သူရှိမှ
ထမင်းတစ်နပ်ကိုမျှော်လင့်လို့ရတာမျိုးမို့ များစွာ
ပင်ပန်းဒုက္ခရောက်နေကြပါတယ်။
လွန်ခဲ့တဲ့တစ်ပတ်လောက်က
"ဆန်စေ့ပိုသလောက်လှူပေးပါ "ခေါင်းစဥ်နဲ့ စစ်ဘေးရှောင်စခန်းအတွက် ဆန်စေ့လေးတွေစုဆောင်းခဲ့ပါတယ်။ လိုအပ်တဲ့ပမာဏပြည့်ဖို့ 50%လောက်ကို
လိုအပ်နေသေးတာမို့ မိတ်ဆွေတို့အနေနဲ့ ဆန်စေ့လေးတွေ ပိုခဲ့မယ်ဆိုရင် မြစ်ကမ်းပတ်ပတ်လည်က အကူညီလိုအပ်နေသူတွေကို ထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်။
ကျီးကန်းတို့အနေနဲ့လည်း
မိတ်ဆွေတို့လှူဒါန်းရလွယ်ကူအောင် Banking လေးတွေ
နဲ့စောင့်နေတာမို့ Page messenger ကို အခုပဲ Hiပြီး
ထောက်ပံ့ပေးဖို့ တောင်းဆိုချင်ပါတယ်ဗျာ...✊💕
#ဆန်စေ့ပိုသလောက်လှူပေးပါ
#ကရင်ပြည်စစ်ဘေးရှောင်စခန်း
စစ်ဘေးရှောင်ကလေးငယ်တွေဟာ သူတို့ ကလေး
အရွယ်လေးတွေနဲ့မမျှတဲ့ စိန်ခေါ်မှုအခက်အခဲတွေကို ရင်ဆိုင်နေရပါတယ် ကလေးငယ်ဆိုတာ အာဟာရ
ပြည့်ဝစွာစားနိုင်ဖို့ အရမ်းကိုအရေးကြီးတဲ့အချိန်တွေပါပဲ
ဒါပေမယ့် အာဟာရပြည့်ဝဖို့ဆိုတာထပ် အသက်
ရှင်သန်နိုင်ရေးအတွက်ပဲ ပြေးပြေးလွှားလွှား နေထိုင်နေကြရတဲ့ စစ်ဘေးရှောင်ကလေးငယ်တွေဖြစ်ပါတယ်။
ဒီလိုကလေးငယ်လေးတွေအတွက် ကျီးကန်းတို့တွေပြုလုပ်ထားတဲ့ " ဆန်စေ့ပိုသလောက်လှူပေးပါ" ဆိုတဲ့
ကမ်ပိန်းလေးရှိပါတယ်။
အိမ်မှာ ကျနော်တို့ ကောင်းကောင်းစားနေရတဲ့အချိန်တိုင်း
ပြေးလွှားနေကြရတဲ့ ကလေးငယ်လေးတွေမှာလဲ လိုအပ်နေတာကို သတိရပြီး ဝေမျှပေးကြပါ လို့ ကျီးကန်းတို့ တိုက်တွန်းလိုက်ပါရစေဗျာ...✊💕
#ဆန်စေ့ပိုသလောက်လှူပေးပါ
#ကရင်ပြည်စစ်ဘေးရှောင်စခန်း
#တော်လှန်သောကျီးကန်းများ
မောင်စစ်ပြေးတို့စစ်ရှောင်စခန်း ဆန်မလောက်ပါ။
ဒီပုံထဲမှာ မြင်ရတဲ့ ကလေးလေးနာမည်က မောင်စစ်ပြေးတဲ့။ ၂၀၂၁ခုနှစ် နှောင်းပိုင်း လေးကေ့ကော်တိုက်ပွဲဖြစ်ချိန်တုန်းက ဒီကလေးလေးက သူ့အမေဗိုက်ထဲမှာ။ ကိုယ်ဝန်ငါးလ။
သူ့အမေ ကိုယ်ဝန်ဆောင်က လူမမည်ကလေး (၃)ယောက်နဲ့ဗိုက်ထဲကမောင်စစ်ပြေးလေးနဲ့အတူ ရက်သတ္တပတ် ပေါင်းများစွာကြာ ကျည်ဆန်၊ လက်နက်ကြီးနဲ့ လေကြောင်းပစ်နေတဲ့ကြား ကီလိုမီတာ (၄၀)ကျော်လမ်းလျှောက်ပြီး ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ကမ်းက လော့ကော စစ်ရှောင်စခန်းအရောက်မှာပဲ မောင်စစ်ပြေးလေးကိုမွေးပါတယ်။
မောင်စစ်ပြေးလေးက သူ့ကိုတခြားနာမည်ခေါ်ရင် မသိပါဘူး။ "မောင်စစ်ပြေး"လို့ခေါ်မှပဲ လှည့်ကြည့်တတ်ပါတယ်။ မောင်စစ်ပြေးအမေလို စစ်ရှောင်ရင်း ကိုယ်ဝန်ဆောင်ခဲ့တဲ့ အမျိုးသမီးတွေရှိပါတယ်။ အဲ့ထဲက ကလေးလေး တယောက်ကတော့ အသက်ရှင် လျှက်နဲ့ လူ့လောက ကိုရောက်မလာခဲ့ပါဘူး။
မောင်စစ်ပြေးတို့စခန်းမှာ ဆန်မလောက်ပါ။ လူ(၆၀၀)ကျော်ရှိပါတယ်။
ဒီစခန်းလေးအတွက်လုံလောက်တဲ့ ဆန်အိတ်တွေ
ထားခဲ့ပေးချင်ပါတယ်။မိတ်ဆွေတို့ရဲ့ စုပေါင်းအားနဲ့
ရိက္ခာတွေ စုကြပါမယ်။
၅၀၀၊၁၀၀၀ က စလို့ပါဝင်နိုင်ပါတယ်...
အခုပဲ Page messenger ကို Hiပေးဖို့တောင်းဆိုချင်ပါတယ်ဗျ။ ထောက်ပံ့နိုင်မယ့်လူတွေမြင်အောင်လည်း
Share ပေးကြပါအုန်း 💕✊
#ဆန်စေ့ပိုသလောက်လှူပေးပါ
❗ ဆန်စေ့ပို့သလောက်လှူပေးပါ ❗
မိတ်ဆွေတို့ရဲ့ ကျီးကန်းအဖွဲ့ဝင်တစ်ချို့ တောင်ပိုင်းတိုင်းသို့ရောက်ရှိနေရင်း စစ်ဘေးရှောင်စခန်းတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ ဒီစစ်ဘေးရှောင်စခန်းလေးဟာ ကရင်ပြည်နယ်နှင့်ထိုင်းနယ်စပ် သောင်ရင်းမြစ်နံဘေးမှာတည်ရှိပါတယ်။
တော်လှန်ရေးရေချိန်မြင့်တက်လာတာနဲ့အမျှ စစ်ရေးလိုအပ်ချက်အရှိန်မြှင့်တင်နေရင်း ဒီစစ်ဘေးရှောင်စခန်းလေးကို ရိက္ခာထောက်ပို့နေကြ Teamတွေမလာနိုင်ဖြစ်နေပါတယ်။ ဒါကြောင့်ကျီးကန်းတို့က စစ်ဘေးရှောင်စခန်းတာဝန်ရှိသူနဲ့စကားပြောဆိုကြည့်ပြီး ကျီးကန်းတို့မပြန်ခင် မိတ်ဆွေတို့ရဲ့အကူအညီလေးတွေနဲ့ ဆန်အိတ်ကလေးတွေထားခဲ့ချင်ပါတယ်။
မိတ်ဆွေတို့လည် ပင်ပန်းနေတာသိကြပေမယ့်...
အကြွေမှစလို့ ၅၀၀၊၁၀၀၀ တက်နိုင်တဲ့အင်အားလေးတွေစုစည်းလို့ ဒီစခန်းလေးရဲ့ရိက္ခာဖူလုံရေးအတွက် ကြိုးစားပေးစေချင်ပါတယ်။ ထောက်ပံ့ကူညီပေးမယ်လို့လည်း
ယုံကြည်ပါတယ် ✊💕
စစ်ဘေးရှောင်စခန်းလေးမှာ ဆန်အိတ်တွေထားခဲ့ပေးချင်တယ်ဆို အခုပဲကျီးကန်းတို့ရဲ့ Page messengerကို လာရောက်ပေးဖို့မေတ္တာရပ်ခံချင်ပါတယ်။ ပြည်တွင်းပြည်ပ ထောက်ပံ့ချင်တဲ့ပြည်သူတွေအဆင်ပြေအောင် Bankingလေးတွေစီစဥ်ထားတာမို့ Hi သာHiလိုက်ပါဗျိို့
ကိုယ်တိုင်မထောက်ပံ့ဖြစ်ခဲ့ရင်တောင် ကူညီနိုင်မယ့်
မိတ်ဆွေတွေမြင်အောင် shareပေးကြပါအုန်းနော် 💕
#တော်လှန်သောကျီးကန်းများ
#ဆန်စေ့ပိုသလောက်လှူပေးပါ
#ကရင်ပြည်စစ်ဘေးရှောင်စခန်း
ကောလင်း
(Cmt 👇)
မောင်းပြန်ကမ့်ပိန်းလေး မဲဖောက်ကြေညာပြီးပါပြီဗျ
အောက်က လင့်ခ်လေးထဲ ဝင်ကြည့်ပေးကြပါအုန်း
ပထမဆု - 0138
ဒုတိယဆု - 0005
တတိယဆု - 0323 တို့ပဲဖြစ်ပါတယ်...
ရည်မှန်းချက်မပြည့်ခဲ့ပေမယ့် ပါဝင်ပေးခဲ့တဲ့ ပြည်သူများတဦးတယောက်ချင်းစီတိုင်းကို ကျီးကန်းတို့ ကျေးဇူးတင်ပါတယ် ခင်ဗျာ။ နောက်ထပ်ပြုလုပ်မယ့်ကမ့်ပိန်းလေးတွေမှာလဲ ပါဝင်ပေးကြပါဦးလို့ ကျီးကန်းတို့ ထပ်တိုးပြောပါရစေခင်ဗျာ
#ရွှေဘိုမောင်းပြန်
#တော်လှန်သောကျီးကန်းများ
ရွှေဘိုစွန်ရဲတပ်ဖွဲ့အတွက် ပြုလုပ်ပေးလျှက်ရှိသော မောင်းပြန်ကမ့်ပိန်းလေးအား ရည်ရွည်သော ပမာဏမပြည့်ခင့် ရပ်တန့်လိုက်ပါတယ်။ Ticket2000လောက် ရည်ရွယ်မိခဲ့ပေမယ့် များပြားလှတဲ့ ကမ့်ပိန်းတွေကြား
ပြည်သူတို့ထောက်ပို့ဖို့အခက်အခဲဖြစ်နေမှာ နားလည်ပါတယ်။ ကျီးကန်းတို့ရဲ့ ကမ့်ပိန်းလေးကို လာမယ့် အောက်တိုဘာ ၁၅ရက်နေ့ မြန်မာစံတော်ချိန် ည၉နာရီမှာ မဲဖောက်ပေးသွားပါ့မယ်ဗျ။
ထောက်ပို့ကံစမ်းချင်တဲ့ မိတ်ဆွေတို့ဝယ်ယူနိုင်ပါသေးတယ်။ နောက်ဆုံးနေ့လို့သဘောထားပြီး နိုင်သလောက်လေး လာကူပေးဖို့မျှော်လင့်ပါတယ်ဗျ....
ဆုမဲတွေဖွင့်ဖောက်ကြေညာဖို့ လာမယ့်
Super Sundayမှာဆုံကြမယ်ဗျို့ ✊❤
#ရွှေဘိုမောင်းပြန်
#တော်လှန်သောကျီးကန်းများ
အခုဆိုရင် ဖက်ဆစ်စစ်တပ်က အာဏာသိမ်းခဲ့တာ၂နှစ်ကျော်ခဲ့ပြီပဲဖြစ်ပါတယ်။ဒီ၂နှစ်တာကာလအတွင်းမှာ ဒီစစ်တပ်ရဲ့ ဖက်ဆစ်ဆန်ဆန် အကြမ်းဖက်သတ်ဖြတ်မှုတွေ၊ဖိနှိပ်ရက်စက်မှုတွေကို မိဘပြည်သူတို့ မျက်ဝါးထင်ထင်မြင်တွေ့ခဲ့ပြီးပြီလို့ထင်ပါတယ်။နောက်ပြီး လက်ရှိကာလမှာ ကုန်ဈေးနှုန်းမြှင့်တက်မှုတွေကြောင့် ပြည်သူတရပ်လုံးဟာ ဆင်းရဲဒုက္ခဆိုတဲ့အကြပ်အတည်းကြီးကို ခါးစည်းရင်ဆိုင်နေရပါတယ်။ဒီကိစ္စရပ်တွေရဲ့တရားခံဟာ စစ်အုပ်စုပဲဖြစ်ပါတယ်။အဲ့အချက်ကို သတိမူဖို့လိုပါတယ်။ပြည်သူလူထုအနေနဲ့ ဒီအကြပ်တည်းဖိနှိပ်မှုတွေကလွန်မြောက်ဖို့ ပြည်သူ့တော်လှန်ရေးကြီးမုချအောင်မြင်ဖို့အတွက် လက်နက်ကိုင်တော်လှန်ရေးသာလျင် အဖြေဖြစ်ပါတယ်။လက်ရှိဆို အညာမြေမှာ လက်နက်ကိုင်ရဲဘော်တွေ(အဖွဲ့အစည်းတွေ)ဟာ ဖက်ဆစ်တပ်တွေကို သွေးကြွေးအတွက် ပြန်ကလဲ့စားချေ တိုက်ပွဲဝင်နေတာကိုလည်း မိဘပြည်သူတို့သိကြပါလိမ့်။ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ရာမှာ အောင်ပွဲတွေလည်းအလီလီဆင်နွှဲရသလို၊မိမိတို့ ရဲဘော်တွေအကျအဆုံးအထိခိုက်များရတဲ့အချိန်အခါတွေဟာလည်း ဒုနဲ့ဒေးပါပဲ။အညာလိုပူပြင်းလွန်းတဲ့ဒေသမှာ အညာနေကိုအံတုပြီး တိုက်ပွဲဝင်ရင်းကျဆုံးသွားတဲ့ရဲဘော်တွေရှိသလို၊လက်နက်တွေစမ်းသပ်တပ်ဆင်ရင်းကျဆုံးသွားရတဲ့ ရဲဘော်တွေလည်းရှိပါတယ်။ဒီရဲဘော်တွေဟာ မိမိ့အသက်ကိုတောင်မငဲ့မကွက်ပဲ အခုလိုတိုက်ပွဲဝင်နေချိန်မှာ မိဘပြည်သူတို့၊ရွှေကျီးတို့ဟာလည်း တော်လှန်ရေးကို နိုင်ရာအားသာရာကဏ္ဍကနေ ပါဝင်ရမှာဖြစ်ပါတယ်။အခုဆိုရင် ရွှေကျီးတို့ဟာ လက်နက်ကိုင်ရဲဘော်တွေဆီ လက်နက်ခဲယမ်းဖိုး၊ရိက္ခာဖိုးတွေအတွက် ပြည်သူတို့မှ ထောက်ပံ့လှူဒါန်းလိုက်သည်တို့ကို စစ်ကြီးအတွင်း သယ်ယူပို့ဆောင်ပေးနေတယ်ဆိုလည်းမမှားပါဘူး။လူထုသာလျှင်အဓိကဖြစ်ပါတယ်၊လူထုပါဝင်ပါက ဤတော်လှန်ရဟာအရှိန်ဟုန်မြှင့်သထက်မြှင့်ပြီး အောင်ပွဲဆီ၊လွတ်လပ်ပြီးငြိမ်းချမ်းတဲ့နိုင်ငံတော်သစ်ဆီ ဧကန်မလွဲချီတက်နိုင်မှာပဲဖြစ်ပါတယ်။ပြည်သူလူထုအနေနဲ့ စစ်အုပ်စုရဲ့ ဖိနှိပ်မှု၊အကြပ်တည်းဒုက္ခတွေအောက်မှာ ငြိမ်ခံမနေပဲ၊ ပြည်သူ့ဒီမိုကရေစီတော်လှန်ရေးကို ရရာနေရာ ရရာကဏ္ဍကနေ ရရာလက်နက်စွဲကိုင်ပြီး ချီတက်တိုက်ပွဲဝင်ဖို့လိုအပ်ပါတယ်။ပြည်သူ့အားနှင့်သာလျှင် ဖက်ဆစ်အစိုးရရဲ့ဇာတ်သိမ်းခန်းကိုရေးဖွဲ့နိုင်မှာဖြစ်တယ်။ဖက်ဆစ်ပုလ္လင်ကို ရိုက်ချိုးဖျက်ဆီးပြီး ပြည်သူ့ဒီမိုကရေစီကိုတည်ဆောက်နိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ ပြည်သူလူထုတရပ်လုံးအနေနဲ့ ရွှေကျီးတို့နဲ့အတူလက်တွဲပြီး စစ်အုပ်စုကို၊ဖက်ဆစ်တပ်ကိုအမြစ်ဖြတ်ခြေမှုန်းမယ့် ရဲဘော်တွေဆီ ကူညီထောက်ပံ့လိုက်ကြရအောင်ဗျာ..✊
#ရွှေဘိုမောင်းပြန်
#တော်လှန်သောကျီးကန်းများ
ရန်ကုန်က မိတ်ဆွေတို့
ဂရုစိုက်ကြပါအုန်းဗျို့...
ဘုရားငွေနဲ့စစ်တိုက်နေတဲ့ကောင်
ဘုရားငွေနဲ့ ပြည်သူကိုသတ်နေတဲ့ဖက်ဆစ်တပ်
ကိုဆောင်းဦးလှိူင်ပြောတဲ့ရထားကြီးပေါ်တက်ဖို့
ဒီတစ်ခေါက်နောက်ဆုံးလို့ထင်တယ်။
ကျွန်တော်တို့မျိုးဆက် လက်ထက်မှာ
ပြည်သူကိုမောင်းခလုတ်ဖြုတ်တဲ့ ဘီလူးသာသာ
ဖက်ဆစ်တပ်ရှုံးနိမ့်ကိုနိမ့်စေရပါမယ်။.
ကျွန်တော်ရဲဘော်တွေကိုယုံကြည်ပါ။
ကျွန်တော်တို့ရဲဘော်တွေကို ကူညီပါ။
စုပေါင်းခြင်းအားနဲ့ဖက်ဆစ်တပ်ကို
အနိုင်တိုက်နိုင်ပါလိမ့်မယ်။ ရဲဘော်တွေကိုကူညီပါ။
ဒီလမှာတော့ရွှေဘိုစွန်ရဲအတွက်မောင်းပြန်ကမ့်ပိန်းလေး
ပြုလုပ်ထားပါတယ်။ Ticketတစ်စောင်တစ်သောင်းထဲနဲ့
ပါဝင်လို့ရပါတယ်။
အောက်ကလင့်ခ်ကိုကြည့်ပါ။
https://m.facebook.com/story.php?story_fbid=217186061337659&id=100091387980465&mibextid=Nif5oz
#ရွှေဘိုမောင်းပြန်
#တော်လှန်သောကျီးကန်းများ
မင်း မလုပ်ရင် ဘယ်သူလုပ်မှာလဲ?
တယောက်ယောက်ကတော့ လုပ်မှာပါပဲ လို့
ကျီးကန်းတို့ တွေးလိုက်မယ်ဆိုရင်
ကျီးကန်းလို တွေးတဲ့သူတွေများလာတဲ့အခါမှာ
လုပ်နေတဲ့ အလုပ်တွေမှာ လစ်ဟာမှုတွေ ရှိလာမှာ
အမှန်ပါပဲ...
ကျောက်သားမြေဖြစ်နေပေမယ့်
ခက်ခက်ခဲခဲ ပွင့်လာတဲ့ ပန်းပင်ဆိုတာ ရှိစမြဲပါပဲ
ရှင်သန်လိုစိတ်ပဲ လိုပါတယ်။
ကျနော်တို့ဟာ အခက်အခဲတွေကြားထဲကနေ
ရှင်သန်ဖို့ ကြိုးစားကြရမှာပါ
အသက်ပေးလို့ တိုက်မယ့်ရဲဘော်တွေတော့ ရှိပါရဲ့
တဖက်ကိုတိုက်ဖို့ လက်နက်ခဲယမ်း မပြည့်စုံရင်
ကျီးကန်းတို့မှာ ပေးဆပ်စရာ လူငယ်တွေရဲ့
ဈေးပေါလှတဲ့ အသက်တွေပဲကျန်ပါတော့မယ်
ဒါကြောင့်မို့ ကျေးဇူးပြုပြီး
" ငါကိုယ်တိုင်လုပ်မှ ဖြစ်မယ် " ဆိုတာကို
စိတ်ထဲမှာ မှတ်ထားစေချင်ပါတယ်
အခက်အခဲတွေကြုံရတိုင်း အားမလျော့လိုက်ပါနဲ့ ကျီးကန်းတို့ လုပ်နိုင်တာ တခုခုရှိကိုရှိမှာပါ
ကျီးကန်းတို့ရဲ့ ရွှေဘိုစွန်ရဲအတွက် မောင်းပြန်ကမ်ပိန်းလဲ မပြီးသေးပါဘူးခင်ဗျာ သိန်း၄၀ကျော် ပမာဏဆိုတာမောင်းပြန်စျေးနှုန်းနားကို ကပ်တောင်မကပ်နိုင်ပါဘူး
Ticketတစ်စောင်တစ်သောင်းထဲနဲ့ပါဝင်ကူညီပေးပါအုန်း
ပါဝင်ပြီးတဲ့မိတ်ဆွေတွေကလဲ တခြားသူတွေမြင်အောင်
Shareသွားပေးပါအုန်းဗျ။
#ရွှေဘိုမောင်းပြန်
တစ်စောင်တစ်သောင်းထဲပါ
ငွေပိုငွေလျှံလေးတွေစုပြီးကျီးကန်းတို့ရဲ့စွန်ရဲတပ်ဖွဲ့အတွက် မောင်းပြန်အိမ်မက်ကလေးကိုအကောင်အထည်ဖော်လိုက်ကြရအောင်လား 👇👇
မောင်းပြန်ကောင်းကောင်းရမှ တိုက်ပွဲတိုက်ရတာ
အဆင်ပြေတာဗျို့...မဟုတ်ရင် ကျည်ထွက်ပါစေ
ဆုတောင်းပြီး တိုက်နေရတာ...
အခုဆို သိန်း၄၀ ကျော်ဖိုးတောင်စုမိနေပါပြီ။
နောက်ထပ်သာ နိုင်သလောက်လေးထပ်ကူညီရင်
စွန်ရဲတို့အတွက် မောင်းပြန်ရကိုရမှာပါဗျာ...
#တော်လှန်သောကျီးကန်းများ
စီးတဲ့သွေးတွေမခြောက်သေးဘူး...💔
❐ တစ်နှစ်ပြည့် လက်ယက်ကုန်း
ဤနေရာ ဤဒေသမျိုးနှင့် ငိုသံ ဟစ်သံ ပစ်ခတ်သံတို့သည် လားလားမျှ မဆိုင်ပါ။ ကလေးသူငယ်များ အတွက် မိဘရိပ်ရှိရာ နေအိမ်ပြီးလျှင် အလုံခြုံဆုံးနေရာမှာ စာသင်ကျောင်းဖြစ်သည်။ ယခုတော့ ထိုစာသင်ကျောင်းတွင်း ပညာ သင်ကြားနေသော ကလေးငယ် ခြောက်ဦး သေဆုံးကာ ကလေးငယ် တစ်ဆယ့်နှစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့သည်။ ထို အဖြစ်အပျက် များသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ကျေးရွာ ဘုန်းကြီးကျောင်းနှင့် တွဲလျက်တည်ရှိနေသော စာသင်ကျောင်း၊ စည်းကမ်းကောင်းမွန် သန့်ရှင်း၍ အနီးအနား ရွာများကပင် အားကျရသော ထိုစာသင်ကျောင်းလေးသည် ကံကြမ္မာဆိုးဝင်ရောက်မည်မှန်း မည်သူမျှ စိုးစဥ်းမသိခဲ့ကြပါ ။ အလယ်တန်း ကလေးများ ကို နေ့လည် ၁၂ နာရီတွင် စာစသင် ပြီး မူလတန်း ကလေးများကို နေ့လည် ၁ နာရီ တွင် စာစသင်သော ထိုကျောင်းလေးသည် ထိုနေ့က ကျောင်းသား အင်အား ၂၀၀ ဝန်းကျင်ခန့် ရှိခဲ့ပေလိမ့်မည်။
ထိုသို့ စာသင်နေချိန် နေ့လည်ခင်းအချိန်တွင်ပင် တပ်မတော်(လေ) ၏ Mi 35 ရဟတ်ယာဥ်များ ဝဲပျံလာကာ ရဟတ်ယာဥ်နှစ်စီးက ဘုန်းကြီးကျောင်းတွင်းရှိ စာသင်ကျောင်းလေးသို့ ဒုံးကျည်များ စက်သေနတ်များဖြင့် ၄၅ မိနစ်ခန့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စက်သေနတ် ကို စာရေးစားပွဲဖြင့် အကာအကွယ်ယူခဲ့ရသော စာသင်ကျောင်းလေးမှ ကျောင်းသား လူငယ် ၇ ဦးမှာ ထိုဖြစ်ရပ်ကြောင့် သေဆုံးခဲ့ရသည်။ စက်သေနတ်များဖြင့် ဆက်တိုက်ပစ်ခတ်ပြီးနောက် မြေပြင် ထိုးစစ် အနေဖြင့် ခြင်းကျားလွယ် ယူနီဖောင်း မပြည့်မစုံ ဖရိုဖရဲဖြင့် စစ်သားတစ်အုပ်က ဝင်ရောက် စီးနင်းခဲ့သည်။
ထိုစစ်သားများမှာ ခမရ - ၃၆၈ မှဟုလည်း ဆိုကြသည်။ မြေပြင် တပ်ဖွဲ့များ ဝင်ရောက် စီးနင်းမှုကြောင့် ဒေသခံ ၆ ဦးလည်း သေဆုံးခဲ့ရသည်။
ပတ်ခတ်ချိန်တွင်း ထွက်ပြေးလွတ်မြောက် လာခဲ့သူ ကလေးငယ်များမှာလည်း စိတ်ဒဏ်ရာပေါင်းများစွာဖြင့်ကျန်ရစ်ခဲ့ရသည်။
ဝင်ရောက် စီးနင်းသူ စစ်ကောင်စီ တပ်သားများသည် သတင်းရရှိမှု မှားယွင်းသွားပြီ ဖြစ်ကြောင်းပြောဆိုလျက် ကလေးငယ်တို့၏ အလောင်းကို ဖျောက်ဖျက်ရန် ကြိုးပမ်းခဲ့ကြသည်။ အပိုင်းပိုင်းအစစ ရုပ်အလောင်းများကို ဂုန်နီအိတ်တွင်းထည့်ကာ ဒဏ်ရာရရှိသည့် ကလေးငယ် ၁၂ ဦးနှင့် ဆရာ/ ဆရာမ ၂၀ ကျော်ကို ကားများဖြင့် ရေဦးမြို့သို့ ခေါ်ဆောင်ဖမ်းဆီးသွားခဲ့သည်။
သေဆုံးသူ ကလေးငယ်တို့၏ ရုပ်အလောင်းများ ပြန်လည်ပေးရန် မိဘ များ၏ တောင်းဆိုချက်ကိုလည်းလျစ်လျူရှုကာ ရုပ်အလောင်းများကို ရေဦး မြို့နယ် မီးသင်္ဂြိုလ်စက်တွင်း မီးရှို့ ဖျောက်ဖျက်ပစ်ခဲ့သည်။
၂၀၂၂ အောက်တိုဘာလ ၂၃ ရက်နေ့တွင် ဖမ်းဆီးခံထားရသည့် ကလေးများအနက် ၄ ဦးနှင့် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမ ၃ ဦးကို ပြန်လွှတ်ပေးခဲ့သည်။ ကလေး ၂ ဦးအား ပြန်မလွှတ်မီ လေကြောင်းတိုက်ခိုက်မှု ဖုံးကွယ်ထားသည့် အသင့်ရေးသားထားသော စာရွက်ကို ဖတ်ခိုင်းကာ ရုပ်သံရိုက်ကူး ဝါဒဖြန့်ရန် စစ်ကောင်စီက ကြိုးပမ်းမှုများ ပေါ်ထွက်လာခဲ့သည်။
ထိုဖြစ်ရပ်များနှင့် ပတ်သက်ပြီး စက်တင်ဘာ ၂၀ ရက် ၂၀၂၂ တွင်ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် စစ်ကောင်စီက ကလေးငယ် နှစ်ဦးသာ အပြင်းအထန် ဒဏ်ရာရရှိကြောင်းလိမ်လည်ခဲ့ပြီး ရဟတ်ယာဥ် များနှင့် တိုက်ခိုက်ခဲ့မှု ဖြစ်စဥ်ကို ဖျောက်ဖျက် ပြောဆိုခဲ့သည်။ ထိုနေ့က ဖြစ်ရပ်သည် PDF နှင့် KIA များက အကြမ်းဖက် စစ်ကောင်စီကို လူသားဒိုင်း အကာအကွယ်ပြု တိုက်ခိုက်၍ ဖြစ်ပွားခြင်းဖြစ်ကြောင်း ထပ်မံ လိမ်လည်ခဲ့ပြန်သေးသည်။ သို့သော် ဒေသခံများကမူ ရွာအတွင်း KIA၊ PDF များမရှိသလို ရင်ဆိုင် တိုက်ပွဲဖြစ်ခြင်း မရှိပဲ တစ်ဖက်သတ် ပစ်ခတ်ခဲ့ခြင်းသာ ဖြစ်ကြောင်း ပြောဆိုကြသည်။
ထို့ပြင်လက်နက်ဖြင့်တိုက်ခိုက်မှုသည် စစ်ရေးရည်ရွယ်ချက်အရဖြစ်သည် ဆိုလျှင်ပင်၊ အရပ်သားများ ထိခိုက်ဒဏ်ရာရမှု သို့မဟုတ် သေဆုံးမှုများ လွန်ကဲစွာ ဖြစ်ပေါ်လာပါက ဤသို့ တိုက်ရိုက် စစ်ရေးအရ အသာစီးရရန် မျှော်လင့်ချက်ဖြင့် တိုက်ခိုက်မှုကို စစ်ပွဲဥပဒေများအရ တားမြစ်ထားသည်။
အကြမ်းဖက် စစ်ကောင်စီ သည် ကလေးငယ်များ၏ အသက်ကို မငဲ့ကွက်ပဲ လူနေ ရပ်ရွာများသို့ ရဟတ်ယာဥ် လက်နက်ကြီးများဖြင့် အကြိမ်ကြိမ်အခါခါ တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ ထိုသို့ တိုက်ခိုက်ခဲ့သော် လည်း ယခုတိုင် ထိုက်သင့်မျှတ သော ပြစ်ဒဏ်ကို ဦးဆောင်သူနှင့် ဆောင်ရွက်သူတို့သည် ခံယူရခြင်းမရှိသေးပါ။ ငရဲခွေးများသည် လွတ်နေဆဲသာ ဖြစ်သည်။ ထို ငရဲခွေးများကို အပြစ်ဒဏ်ပေးနိုင်သော နည်းလမ်းမှာ တော်လှန်ရေးသာ ဖြစ်ပေလိမ့်မည်။
#တစ်နှစ်ပြည့် #လက်ယက်ကုန်း
#ဆီသို့
နိုင်ငံတော်သစ်ဆီသို့ မျှော်ရည်၍
စိတ်ဓာတ်တွေလည်းကျပါတယ်
ရဲဘော်တွေလိုအပ်တဲ့မောင်းပြန်ကမ့်ပိန်းလေးဟာ
အခုဆို သိန်း၄၀ ကျော်ပဲရရှိသေးပါတယ်။
ပြည်သူတွေလည်း ပင်ပန်းနေတာ ကမ့်ပိန်းတွေများနေတာ နားလည်ပါတယ်။ စွန်ရဲတို့အတွက် ကမ့်ပိန်းလေးကို
လည်းတက်နိုင်သလောက်လေး လာကူပေးကြပါအုန်း
https://m.facebook.com/story.php?story_fbid=217186061337659&id=100091387980465&mibextid=Nif5oz
♦️ မောင်းပြန် တလက်ဝယ်ယူရန် ကမ်ပိန်း ၁၂ ရာခိုင်နှုန်းသာ ရရှိသေး
ဩဂုတ်လ ၆ ရက်နေ့ကနေ စတင်ခဲ့တဲ့ ကျီးကန်းတို့ရဲ့ ကမ်ပိန်းဟာ အခု စက်တင်ဘာ ၅ရက်နေ့ ရောက်တဲ့အထိ ၁၂ ရာခိုင်နှုန်းသာ ရောင်းချရသေးပါတယ် 😔
တပ်ဖွဲ့တခုက ကမ်ပိန်းတခုခုကို ဖော်ဆောင်ကြတဲ့အခါမှာ
အောင်မြင်ခဲ့ရင်တော့ ခွန်အားတွေရရှိကြပါတယ်
အလှူငွေ ကိစ္စမှ မဟုတ်ပါဘူး မစ်ရှင် ပြုလုပ်တာ
စစ်တိုက်ထွက်ကြတာ ... အစရှိတဲ့ကိစ္စမျိုးတွေပေါ့ရှင်။
တကယ်လို့ မအောင်မြင်ခဲ့ရင်တော့
စိတ်ဓာတ်ကျကြပါတယ် ဒါပေမယ့် ဆက်လျှောက်ရမယ်ဆိုတဲ့
သူတို့ရဲ့ ဒီတော်လှန်ရေးအပေါ် အဆုံးထိ သွားချင်စိတ်တွေနဲ့
အဘက်ဘက်က အခက်အခဲတွေကို ကျော်လွှားနေကြတာပါ။
စွန်ရဲ ပြည်သူ့ကာကွယ်ရေးတပ်ကလဲ
ဒီကမ်ပိန်းလေး အပြည့်မရခဲ့ရင်တောင် အခုထပ်များတဲ့ ပမာဏကို
မျှော်လင့်ထားကြမှာပါ။
ငါတို့မှာ ငါတို့ပဲရှိတယ် ✊ ဆိုတဲ့ စကားအတိုင်းပါပဲ
ရဲဘော်တွေဆီမှာလဲ ငါတို့မှာ ငါတို့ပြည်သူတွေရှိတယ် လို့
ယုံကြည်ထားကြတာပါ။
ဒီယုံကြည်မှုကို ဆက်လက်တည်ရှိနေဖို့
ကျီးကန်းတို့ရဲ့ စွန်ရဲပြည်သူ့ကာကွယ်ရေးတပ်အတွက်လိုနေတဲ့
မောင်းပြန်လေးတလက်ကို အားလုံးရဲ့ စုပေါင်းအားနဲ့
ကျီးကန်းတို့နဲ့အတူ ပို့ပေးလိုက်ကြရအောင်ပါ။
မြန်မာငွေ တသောင်းကျပ်တွေ အများကြီးစုပြီး
မောင်းပြန်တလက်ကို စွန်ရဲတို့ဆီ အရောက်ကြိုးစားပို့ပေးကြရအောင်လားရှင်။
ဘယ် Payment Info နဲ့မဆို ပမာဏ အနည်းအများမဆို ပါဝင်နိုင်ပါတယ်။
ပြည်တွင်းက ဖြစ်စေ ပြည်ပကဖြစ်စေ ပါဝင်နိုင်အောင်လည်း ကျီးကန်းတို့ ကြိုးစားထားပါတယ် ရှင်။
" အားမလျော့နဲ့ ရောက်လုပြီ ကြိုးစားတက်ပါမည် " ကျီးကန်းတို့နဲ့ အတူတူ ကြိုးစားပြီး မောင်းပြန်လေးတလက် ပို့ပေးလိုက်ကြရအောင် ✊✊✊
#တော်လှန်သောကျီးကန်းများ
#ရွှေဘိုစွန်ရဲ
လစာထုတ်ရက်လေးရောက်လာတော့
ကျီးကန်းတို့ ရွှေဘိုစွန်ရဲအတွက် မောင်းပြန်နှစ်လက် ဝယ်ယူရန်ဆိုတဲ့ ကမ်ပိန်းလေးမှာ ပိုပြီး မဲအရောင်းသွက်စေချင်တယ် ✊
လစာထုတ်ရက်ဆိုတော့ ကျနော်တို့ အသံပြုသမျှကိုကြားပြီး
မဲ လာဝယ်မယ့်သူလေးတွေကို စောင့်နေပါတယ်။
ရွှေဘိုစွန်ရဲအတွက် မောင်းပြန်နှစ်လက် ဝယ်ယူရန် ဆိုတဲ့
ကမ်ပိန်းလေးပြုလုပ်နေဆဲပဲ ဖြစ်ပါတယ်။
မိတ်ဆွေတို့ လာရောက်ဝယ်ယူပေးကြပါဦး ခင်ဗျာ။
ကိုယ်တိုင်အားဖြင့်လဲ အားပေးလို့ရသလို
ကိုယ့်အသိမိတ်ဆွေတွေ မြင်အောင် ဝေမျှပေးလို့ရပါတယ်။
လစာထုတ်ရက် ဆိုတဲ့အချိန်လေးက ကျီးကန်းတို့အတွက်
မျှော်လင့်စရာ အချိန်ကာလလေး ပဲ ဖြစ်ပါတယ် ။
ဒါကြောင့် အားလုံး ဝိုင်းဝန်း ပါဝင်ပေးကြပါဦး ခင်ဗျာ။
#တော်လှန်သောကျီးကန်းများ
#ရွှေဘိုစွန်ရဲ
အကျဥ်းထောင်မှာနေခဲ့တုန်းက အမေဧည့်တွေ့လာရင်း
ချည်ဆွဲကြိုးလေးတကြိုးပေးပြီး...နှုတ်ကရွတ်ခိုင်းတဲ့
စာပိုဒ်လေးသတိရမိတယ်။ ဘာတဲ့...
"ဥုံ ငါ့ကိုငါချိတ်ပိတ်လိုက်ပြီ "
"ဘယ်သူမှ ပိတ်လှောင်ချင်း မပြုစေရ" တဲ့
ကိုယ့်ချည်းပဲလားဆိုတော့ မဟုတ်ပြန်ပါဘူး။တခြား
အကျဥ်းသားတွေရဲ့ သက်ဆိုင်ရာမိခင်တွေကလည်း
သားဖြစ်သူလွတ်မြောက်ဖို့ နည်းလမ်းပေါင်းစုံ
အထွေထွေနဲ့ ကြိုးစားလေ့ရှိတယ်။ အိမ်ကထွက်သွားတဲ့သားတိုင်းကို အမေတွေဟာ ခလုတ်မထိဆူးမငြိအိမ်ပြန်ရောက်ဖို့ အမြဲမျှော်လင့်နေမိတာမျိုးပေါ့။
ယဥ်းကျေးမှုနဲ့ကိုးကွယ်ယုံကြည်မှု များပြားလှတဲ့နိုင်ငံမှာ
အားထားရာဘာသာရေးလမ်းစဥ်တွေနဲ့အတူ အမေတွေဟာ သားမောင်တွေအိမ်ပြန်ရောက်ဖို့အတွက် ကြိုးစားနေကြတယ်။ဥပမာ - မိသားစုကိုးကွယ်တဲ့ ဆရာတော်ဆိုတာမျိုး၊ဗေဒင်ယတြာဆိုတာမျိုး မဟုတ်တောင်
ကျွန်တော်တို့မိခင်တွေဟာ ညအိပ်ယာဝင်ဘုရားရှိခိုင်းတိုင်း ပရိတ်ပဠာန်းတွေရွတ်လို့ တဖွဖွဆုတောင်းပြီး
မျက်ရည်လေးစိုမှ အိပ်ပျော်တက်သူတွေပေါ့။
အမေလာနှိုးတောင် မထတက်တဲ့ကောင်တွေက
တရားမျှတမှုဘက်ကိုရပ်တည်ရင်း သံတိုင်နောက်ရောက်သူရောက်၊စစ်ကြီးတစ်ခု ပခုံးပေါ်ရောက်သူရောက်ပေါ့။
သေချာတာတစ်ခုကတော့ သားတွေအိမ်ကထွက်ကတည်းက အမေတွေဟာ ကိုးကွယ်ရာဘုရားစဥ်ရှေ့
ရောက်နေမယ်ဆိုတာပါပဲ။
စာရေးသူကျွန်တော် ပွင့်ပွင့်လင်းလင်းပြောရရင်ဗျာ...
အမေတွေနဲ့သားတွေအားလုံးကို ပြန်ဆုံစေချင််တယ်။
အားလုံးကို ရှင်ကွဲကော၊သေကွဲကော မကွဲကွာစေချင်တော့ဘူး။ ကျွန်တော့်လိုမဖြစ်စေချင်တာပေါ့ဗျာ....
ကျွန်တော့်လိုမဖြစ်စေချင်တာပေါ့...💔
သံတိုင်နောက်ကရဲဘော်တွေလည်း အမေ့ဆီပြန်ရမယ်။
တောထဲကရဲဘော်တွေလည်း အမေ့ဆီပြန်ရမယ်။
အမေ့အိမ်ကထွက်လာသူတွေအားလုံး အမေ့အိမ်ကို
ပြန်ကိုပြန်ရမယ်။ သားမောင်အန္တရာယ်ကင်းဖို့ ယတြာတွေနဲ့ လုံးပန်းနေတဲ့ အမေတွေဆီ ကျွန်တော်တို့ပြန်ကိုပြန်ရအုန်းမယ်။
အဲ့လိုပြန်နိုင်ဖို့အတွက် မိတ်ဆွေတို့အကူအညီကိုလိုပါတယ်။ ပြည်သူတစ်ရပ်လုံးရဲ့ စုပေါင်းတဲ့အားနဲ့မှ ဇာတိမြေကို အားလုံးအမြန်ပြန်ရောက်ကြမှာပါ။ အမြန်ပြန်နိုင်ဖို့အတွက် ရဲဘော်တွေရဲ့ လုပ်ငန်းစဥ်တွေမှာ ကူညီပူးပေါင်းပါ။
ကျွန်တော်တို့ကတော့ လက်ရှိ စစ်ကိုင်တိုင်း၊ရွှေဘိုဒေသက စွန်ရဲတပ်ဖွဲ့အတွက် မောင်းပြန်ရိုင်ဖယ်ကမ့်ပိန်းလေးယပြုလုပ်နေပါတယ်။Ticketတစ်စောင်တစ်သောင်းနဲ့
ကူညီထောက်ပံ့လှူဒါန်းနိုင်ပါတယ်။
စွန်ရဲတပ်ဖွဲ့မှရဲဘော်တွေပိုင်ဆိုင်သော ရွှေလက်စွပ်နာရီ၊
ပန်းချီကားတို့ကို ပြန်လည်မဲဖောက်ပေးသွားပါ့မယ်။
ကျီးကန်းတို့ရဲဘော်တွေကို အခုပဲတက်နိုင်သလောက်လေး ကူညီထောက်ပံ့ပေးကြပါအုန်းဗျို့...✊❣
#တော်လှန်သောကျီးကန်းများ
ဘာကြောင့်ရယ်တော့မသိဘူး
သားတွေဟာ အိမ်ကထွက်သွားကြတာပဲ
အမေ တွေဟာ အိမ်မှာကျန်ခဲ့ကြတာပဲ
လူ့သမိုင်းတလျှောက်လုံး ဒီလိုပဲ လည်ပါတ်ခဲ့တာပဲလို့
စိတ်ဖြေတွေးခဲ့ရတဲ့ မိခင်တွေ ရှိနေတာလည်း သမိုင်းတလျှောက်လုံးပဲ
အိမ်ကထွက်ခွာစဉ် သားတစ်ယောက်စီရဲ့စိတ်ထဲမှာ
တနေ့သောအခါ
နတ်မြင်းပျံကြီးစီး
လူတွေမမြင်အောင် တိမ်တွေကြားပုန်းလာ
အမေ့အိမ်ခေါင်မိုးတည့်တည့်ရောက်မှ
နတ်မြင်းပျံကို တဟုန်ထိုး အောက်ထိုးချ
သားပြန်လာပြီအမေရေလို့ အော်ဟစ်ပြန်လာဖို့
တွေးမိထားတဲ့ အကောင်စားများချည်းပဲ
ဘာကြောင့်ရယ်တော့မသိဘူး
သားတိုင်းရဲ့အိမ်ပြန်ခရီးမှာ ခရီးစိတ် ခရီးမွှာတွေဟာ များလှတယ်
အမေ ငယ်စဉ်က ဝယ်ပေးထားတဲ့ နတ်မြင်းပျံရုပ်လေးကို
အမေနဲ့ အဝေးကြီးကနေ
သတိရမိနေတဲ့
သားတွေဟာလည်း သမိုင်းအပြည့်ပဲ.
လူ့သမိုင်းတွေဟာ အိမ်အသစ်တွေ ကို လိုအပ်တယ်
ယောကျာ်းဘသားတွေဟာ အိမ်အသစ်တွေကို တီထွင်ရမယ်လို့
ဘယ်သူကလဲ မသိဘူး.
တောင်းဆိုတယ်
အိမ်အသစ်ကို တီထွင်တာဟာ
ပြန်မလာနိူင်မယ့်သားနဲ့ မျှော်နေဦးမယ့် မိခင်ကိုပါ
တီထွင်လိုက်တာနဲ့ အတူတူပဲ.
လူ့သမိုင်းဟာ
ဒီလိုပဲ လည်ပါတ်ခဲ့တာပဲလေ လို့
စိတ်ဖြေတွေးခဲ့ရတဲ့မိခင်တွေ
ဘယ်လောက်တောင်ရှိခဲ့လဲကိုတော့
ဘယ်သမိုင်းဆရာမှ မှတ်တမ်းမတင်နိူင်ခဲ့ဘူး
ဘာကြောင့်ရယ်တော့မသိဘူး
သားတွေဟာ အိမ်ကထွက်သွားကြတာပဲ
ထွက်သွားတုန်းကတော့ နတ်မြင်းပျံကြီးစီးပြီး
တိမ်တွေကြားကနေ အမေ့ဆီ ပြန်လာမယ်လို့
စိတ်ဆုံးဖြတ်ခဲ့တဲ့ကောင်တွေချည်းပဲ
အမေတွေကတော့သိပါတယ်
သူ့သား ချန်ထား ကျန်ရစ်သွားတဲ့
နတ်မြင်းပျံရုပ်လေးကိုကိုင်ကြည့်ရင်းနဲ့
သူ့သားရဲ့အပြန်လမ်းဟာ တခေါက်ထက်တခေါက်ပို
နှောင့်နှေးကြန့်ကြာလာလိမ့်မယ်လို့
ကြိုသိခဲ့ပါတယ်
ကြိုသိပြီးခဲ့ပါတယ်
သူတို့က လူ့သမိုင်းကိုတည်ဆောက်ခဲ့တဲ့ မိခင်တွေပဲလေ
Paing Soe Thu Mg
(မူရင်းရေးသားသူ Paing Soe Thu Mg အားလေးစားစွာဖြင့် ကူးယူဖော်ပြပါသည်။ကျီးကန်းတို့ရဲ့ ရဲဘော်တွေအပါအဝင် ကျီးကန်းတို့ကိုယ်တိုင် အကိုရေးတဲ့ ဇာတ်ကောင်တွေပါပဲ။ ကျနော်တို့အိမ်အမြန်ပြန်နိုင်အောင် ကျနော်တို့လုပ်နေတာတွေ ကူကြပါအုန်းနော်။
ကျီးကန်းတို့လက်ရှိစွန်ရဲPDFအတွက်မောင်းပြန်ကမ့်ပိန်းလုပ်နေပါတယ်။အောက်ကလင့်ခ်ကိုကြည့်ပါ။👇👇
https://m.facebook.com/story.php?story_fbid=199151133141152&id=100091387980465&mibextid=Nif5oz
#တော်လှန်သောကျီးကန်းများ
ရွှေဘိုစွန်ရဲ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အတွက်
"မောင်းပြန်တလက်ဝယ်ယူရန်" ကမ်ပိန်း ပြုလုပ်လာတာ
အခုဆိုရင် (13)ရက်တိတိ ရှိခဲ့ပြီဖြစ်ပါတယ်ခင်ဗျာ။
လာရောက်ပြီး မဲဝယ်ယူကြတဲ့ ကျီးကန်းတို့ရဲ့ မိတ်ဆွေတွေလဲရှိကြပေမယ့် အခုထိ ရောင်းချပြီးမဲအရေအတွက်ကတော့ ၁၀% သာ ရှိနေပါသေးတယ်။
Reach တွေလဲအချခံနေရတာမို့
မိတ်ဆွေတို့အနေနဲ့ share လုပ်ပေးဖို့အဆင်ပြေတယ်ဆိုရင်လဲ
share ပေးကြပါဦး။
ကျီးကန်းတို့ရဲ့ပို့စ်မှာ ကွန်းမန့်လေးတွေရေးပေးရင်လဲ
Reach တက်ပါတယ်
အဲ့လိုဆိုရင် မြင်တဲ့သူတွေများပြီး ပါဝင်မယ့်သူတွေပိုများလာနိုင်တာမို့ ကူပေးကြပါဦးခင်ဗျာ ✊
တယောက်ချင်းစီပါဝင်ပါမှ ဒီကမ်ပိန်းလေး အောင်မြင်မှာမို့ တယောက်ချင်းစီရဲ့အားလေးတွေ ဝေမျှပေးကြဖို့ ကျီးကန်းတို့ ပြောလိုက်ပါတယ်ခင်ဗျာ ✊
#တော်လှန်သောကျီးကန်းများ
#ရွှေဘိုစွန်ရဲ
😍😍
မြန်ချက်က လန်ထွက်စေရမယ်
ရွှေဘိုက လိုကယ်အဖွဲ့အတွက် -
မဲလေးတွေ သွားရောက်အားပေးကြပါအုံးလို့
တိုက်တွန်းပါရစေခင်ဗျာ 💪💪💪
ကောမန့်သို့ 👇👇👇
တကယ်ကိုပဲ ကျီးကန်းတို့ရဲ့ ကမ့်ပိန်းဟာ
Ticket 300တောင်မပြည့်သေးပါဘူး...
မောင်းပြန်တစ်လက်အတွက်ဆို
အင်မတန်မှ နည်းပါးလွန်းနေပါသေးတယ်။
စွန်ရဲတပ်ဖွဲ့ကို ထောက်ပံ့ပေးချင်လို့ Ticket တစ်စောင်
တစ်သောင်းထဲနဲ့ လာကူပေးကြပါအုန်းနော် ✊❣
မေတ္တာလက်ဆောင်အနေနဲ့ ဆုမဲတွေကို ပြန်လဲမဲဖောက်ပေးမှာမို့ အခုပဲနိုင်သလောက် လာကူကြပါအုန်းနော်။
#တော်လှန်သောကျီးကန်းများ
ကမ့်ပိန်းပြုလုပ်ရခြင်း ရည်ရွယ်ချက်
---------------------------------------------------------
ဒီကမ့်ပိန်းလေးစတင်ဖို့ တိုင်ပင်ကြတဲ့အခါ ကျီးကန်းတို့က စွန်ရဲတပ်ဖွဲ့မှ ရဲဘော်ဝေကြီးအား မေးခွန်းတစ်ချို့
မေးဖြစ်ခဲ့ပါတယ်။ ရဲဘော်ဝေကြီးရဲ့ အဖြေအားကြည့်လိုက်ကြရအောင်။
မေး ။ ။ လှူတန်းမယ့်ပြည်သူတွေကို သိစေချင်တာက မောင်းပြန်တစ်လက်က စွန်ရဲတို့အတွက် ဘယ်လောက်အရေးပါလဲဆိုတာမျိုးပေါ့...ဖြေကြားပေးပါအုန်း။
ဖြေ။ ။ ကျွန်တော်တို့တော်လှန်ရေးဟာ ရရာလက်နက်စွဲကိုင်တော်လှန်ရင်း ပြောက်ကျားလမ်းစဥ်ကိုရင်ဝယ်ပိုက်ပြီး စတင်ခဲ့တာ။ ကျွန်တော်တို့ လက်လုပ်သေနတ်တွေနဲ့ပစ်တယ်၊ လက်လုပ်မိုင်းတွေနဲ့ရန်သူကို ထိုးစစ်ဆင်တယ်။ ဒါပေမယ့်လည်း စွန့်စားတိုက်ပွဲဝင်တာမတန်လောက်အောင် ရန်သူကိုလက်လုပ်လက်နက်တွေဟာ ထိခိုက်မှုနည်းစေခဲ့တယ်။
အသက်တွေနဲ့လောင်းကြေးထပ် တိုက်ပွဲဝင်ခဲ့ပေမယ့်
မိုင်းဆိုမကွဲတာ၊ကျည်ဆိုမထွက်တာနဲ့ အခန့်မသင့်တိုင်းလဲ လက်နက်မတော်တဆမှုနဲ့ ရဲဘော်တွေအသက်ဆုံးရှုံးနေရတယ်။ လက်နက်ကိုင် တပ်ဖွဲ့တစ်ခုမှာ အရေးပါဆုံးက အရည်အသွေးပြည့်ဝတဲ့စစ်လက်နက်လို့ဆိုရင် မမှားပါဘူး။
ကျွန်တော်တို့ စစ်ဆင်ရေးစချင်တယ်။
ကျွန်တော်တို့ အိမ်အပြန်လှချင်တယ်။
စစ်တိုက်နေတာဗျာ...
ကျည်ထွက်မထွက် ဆိုတောင်းပြီး မပစ်ချင်တော့ဘူး။
ကျည်မထွက်တဲ့ သေနတ်နဲ့ ဖက်ဆစ်တွေကိုထိုးစစ်ဆင်ရတယ်ဆိုတာ ကျွန်တော်တို့အတွက် ငှက်ကိုလေးခွနဲ့ပစ်သလိုပဲ။ ပစ်တိုင်းမထိ၊ ထိတိုင်းမသေလိုပေါ့။ ဒါတွေကိုဖြေရှင်းဖို့၊ ဖက်ဆစ်တွေကိုငရဲပို့ဖို့ အမေ့အိမ်ကိုပြန်ရဖို့
ဆိုရင် ကျွန်တော်တို့မှာ စစ်လက်နက်ကောင်းကောင်းလိုပါတယ်။
ပြည်သူတွေ ကုန်စျေးနှုန်းဒဏ်တွေကို အလူးအလဲခံနေရတာသိပေမယ့် ကပ်ဆိုးကိုအတူကျော်ခဲ့သလို တပ်ဆိုးကိုလည်း အတူလှော်ပါမယ်။ တက်နိုင်တဲ့ဘက်ကနေ မောင်းပြန်ကမ့်ပိန်းအား ပါဝင်ပေးကြဖို့တောင်းဆိုချင်ပါတယ်။
Ticket တစ်စောင်တစ်သောင်းထဲနဲ့ ဖက်ဆစ်တွေကိုငရဲပို့မယ့် ကျည်တစ်တောင်းချင်းဆီကို ရိုက်လွှတ်ပေးမယ့်ရိုင်ဖယ်ပါ။ ကျွန်တော်တို့ရဲဘော်တွေပိုင်တဲ့ တစ်ကိုယ်ရည် တန်ဖိုးထားရာပစ္စည်းများကိုလည်း ပြန်လည်မဲဖောက်ပေးသွားမှာမို့ ကမ့်ပိန်းလေးအောင်အောင်
ဝိုင်းကူတွန်းပေးကြပါအုန်းဗျ ။
#တော်လှန်သောကျီးကန်းများ
ဘာလို့မဲလာမဝယ်ကြတာလဲ???
ကျီးကန်းကို အသားအရောင်ခွဲခြားတာလား 😕
မိတ်ဆွေတို့ရေ ကျီးကန်းတို့ကမ့်ပိန်းလေးဟာ
အခုဆိုရင် Ticket 252စောင် ရောင်းချနိုင်ခဲ့ပြီး
ရွေဘိုကရဲဘော်တွေမောင်းပြန်ဝယ်ဖို့
၂၅သိန်းကျော်ထိ စုဆောင်းနိုင်ခဲ့ပါပြီ။
မောင်းပြန်တစ်လက်စာနဲ့ယှဥ်ရင် Targetပြည့်ဖို့
အတော်လိုသေးတာမို့ လှူဒါန်းနိုင်မယ့်သူတွေမြင်အောင်
စကားပါးပေးကြပါအုန်း...😍
ကျီးကန်းတို့ကမ့်ပိန်းအပြည့်အစုံလင့်ခ်ပါ 👇👇
https://m.facebook.com/story.php?story_fbid=199151133141152&id=100091387980465&mibextid=Nif5oz
#တော်လှန်သောကျီးကန်းများ
Hello Morning ပါဗျို့...😍
ဒီနေ့တော့ စွန်ရဲPDFအတွက် မောင်းပြန်ကမ့်ပိန်းလေးရောင်းအားတက်ချင်ပါတယ်။ မိတ်ဆွေတို့လည်း
အဆင်မပြေတာသိပေမယ့် အပူကပ်ပါရစေ...
Ticket တစ်စောင်တစ်သောင်းထဲပါနော်။
ရွှေဘိုစွန်ရဲ ရဲဘော်တွေအတွက်
တကယ်လိုအပ်နေတဲ့ မောင်းပြန်ဝယ်ယူဖို့ပါ ။
ပမာဏအများကြီးမဟုတ်ရင်တောင်
ဆေးလိပ်ဖိုး၊ကွမ်းဖိုးလေးနဲ့ လာကူကြပါအုန်း...
ပုံကတော့ မနက်စောစော မိတ်ဆွေတို့
စိတ်ချမ်းမြေ့အောင်ရိုက်လာတာ ဟဲဟဲ ✊❤
#တော်လှန်သောကျီးကန်းများ
ညဆိုတာ အိပ်ရမယ်မှန်းမသိတော့တာ
မဲရောင်းကတည်းက စတာဗျို့...😇😇
အခုထိလည်း ကျီးကန်းမအိပ်သေးပါဘူး
ဘာလို့လည်းဆို ပြည်ပရောက်ရွှေမြန်မာတွေက
ဒီလိုညဥ့်နက်သန်းခေါင်မှ လာကူကြတာမဟုတ်လား
သူတို့အားတဲ့အချိန်လာကူတာနဲ့
ကွတ်တိဖြစ်နေမှအဆင်ပြေမှာလေ
ဒါကြောင့်ကျီးကန်းတို့က
ကမ့်ပိန်းစတာနဲ့ မအိပ်တော့တာပါပဲ။
ကမ့်ပိန်းတစ်ခုပြီးရင် ကျန်းမာရေးလေးပြန်ဂရုစိုက်လိုက်
နောက်ကမ့်ပိန်းတစ်ခုဆို ထပ်ကြုံးလိုက်နဲ့
ဒီလိုပါပဲ ဆက်လျှောက်ရတာပေါ့။
ကျီးကန်းတို့ရဲဘော်တွေအတွက် မောင်းပြန်ကမ့်ပိန်းလေး
ပြုလုပ်ထားတယ်နော် လာကူကြပါအုန်းဗျို့...
Ticket တစ်စောင်မှ တစ်သောင်းကျပ်တည်းရယ် 😢
ကျီးကန်းဒီညလည်း မိုးလင်းတဲ့ထိစောင့်နေမယ်နော်
#တော်လှန်သောကျီးကန်းများ
မိုးအေးအေးနဲ့ကွေးနေမယ်ဆို...
လက်နက်ကိုင်ရဲဘော်တွေနဲ့
အတောင်ရေစိုနေတဲ့ ကျီးကန်းတို့ကို သတိရပါနော် ......😪
အခုထိတနေကုန် မဲရောင်းနှုန်းကျနေလို့ပါ
ချစ်ရင်လာဝယ်ကြလေနော်....
#တော်လှန်သောကျီးကန်းများ