Hiv&Aids အကြောင်းသိကောင်းစရာ
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hiv&Aids အကြောင်းသိကောင်းစရာ, Nonprofit Organization, .
HIV ပိုး ရှိနေသူတွေအတွက် HIV ပိုးတွေ ပွားများမလာအောင် ထိန်းချုပ်ကုသတဲ့အနေနဲ့ ART ဆေးကို နေ့စဉ် အချိန်တိတိကျကျသောက်ရန်လိုအပ်ပါတယ်.
အကယ်၍ ပုံမှန်သောက်ရမည့်အချိန်တွင် မေ့လျော့သွားပါက သတိရသောအချိန်တွင်
‼️ တစ်ရက်တစ်ကြိမ်သောက်ရသော ဆေးအမျိုးအစားအတွက် ဆေးသောက်သည့်အချိန်မှရည်တွက်၍ ၁၂ နာရီမကျော်သေးပါက ချက်ချင်းသောက်ပြီး ပုံမှန်သောက်သည့်အချိန်အတိုင်း ဆက်လက်ပြီး အချိန်အတိအကျ မပျက်မကွက်သောက်ပါ.
၁၂ နာရီ ကျော်လွန်ပါက ပုံမှန်သောက်သည့်အချိန်အတိုင်းသာ ဆက်လက်ပြီးသောက်ပါ.
‼️ တစ်ရက်နှစ်ကြိမ်သောက်ရသော ဆေးအမျိုးအစားအတွက် ဆေးသောက်သည့်အချိန်မှရည်တွက်၍ ၆ နာရီမကျော်သေးပါက ချက်ချင်းသောက်ပြီး ပုံမှန်သောက်သည့်အချိန်အတိုင်း ဆက်လက်ပြီး အချိန်အတိအကျ မပျက်မကွက်သောက်ပါ.
၆ နာရီ ကျော်လွန်ပါက ပုံမှန်သောက်သည့်အချိန်အတိုင်းသာ ဆက်လက်ပြီးသောက်ပါ.
⚠️သတိပြုရန်
-----------
ART ဆေးကို ဆေးသောက်သည့်အချိန်အတိုင်း အတိအကျမသောက်ပါက HIV ပိုးများ အဆမတန်ပွားများလာတတ်သလို ဆေးယဉ်ပါးခြင်းပြဿနာများလည်း ဖြစ်ပေါ်နိုင်သည့်အတွက် နေ့စဉ်အချိန်အတိအကျသောက်သုံးရန်လိုအပ်ပါသည်.
crd.
HIV မှ AIDS သို့👇👇
AIDS ဘာကြောင့်ဖြစ်တာလဲ ?
AIDS ဆိုတာက (Acquired Immune Deficiency Syndrome ) ဆိုတဲ့ ခုခံအား ကျဆင်းမှူ ရောဂါလက္ခဏာတွေဖြစ်ပါတယ်။
HIV ကူးစက်ခံရပီး HIV မှ လူရဲ့ ခုခံအားစနစ်တွေ ပျက်စီးအောင်ပြုလုပ်လို့ ခုခံအားတွေ ကျဆင်းလာတဲ့အခါ ဖြစ်ပေါ်လာသော ရောဂါလက္ခဏာ အစုအဖွဲ့ကို AIDS လို့ခေါ်ပါတယ်။
🙅HIV ရှိနေတိုင်း AIDS ဖြစ်နေတယ်လို့ သက်မှတ်လို့မရပါဘူး🤷
HIV ရှိနေတာ မသိလို့ / ဒါမှမဟုတ် HIV ရှိနေတာသိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ART ဆေးဝါးတွေနဲ့ ကုသမှူ မခံယူတဲ့ သူတွေမှသာ ၃ နှစ် ကနေ ၁၀ နှစ်အတွင်း HIV ကြောင့်ခုခံအားတွေ ကျဆင်းပြီး AIDS ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။
HIV ရှိနေပြီး ART ဆေးဝါးတွေကိုလည်း ပုံမှန် သောက်မယ် ! ကျန်းမာရေး ကိုလည်း ဂရုစိုက်မယ်ဆိုရင်တော့ AIDS ဖြစ်လာမယ့် အလားအလာတွေ လျော့ကျသွားပီး သာမန် အတိုင်းကျန်းကျန်းမာမာနဲ့ နေနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့်မို့ HIV မှ AIDS သို့ မကူးပြောင်းခင် မိမိကိုယ်ကို သံယရှိနေရင် HIV စောစီးစွာ စစ်ဆေးပြီး ကုသမှူ ခံယူကြဖို့ တိုက်တွန်းလိုက်ပါတယ် ........☺️
HIV/AIDS အကြောင်း သိကောင်းစရာများ..👇
(ကာကွယ်နည်း / ကူးစက်နည်း / Condon) အကြောင်း
HIV ဆိုတာ ဘာလဲ?👇
HIV(Human Immunodeficiency Virus👿) ဆိုတာ လူ့ရဲ့ ကိုယ်ခံစွမ်းအားကို ကျဆင်းစေတဲ့
Virus ပိုး ဖြစ်တယ်.........
AIDS ဆိုတာ ဘာလဲ? 👇
(Acquired Immune Deficiency Syndrome) ခုခံအား ကျဆင်းမှုရောဂါ ဆိုတာ HIV ပိုး
ကူးစက်ခံရလို့ ရလာရတဲ့ “ရောဂါလက္ခဏာ အစုအပေါင်း” ဖြစ်တယ်။ လက္ခဏာ သတ်သတ်မှတ်မှတ်
မရှိဘူး။ Opportunistic infections အခွင့်သာလို့ ၀င်လာတဲ့ ကူးစက်ရောဂါတွေကြောင့်
အသက် အန္တရာယ်ကို စိုးရိမ်ရတဲ့အထိ ဖြစ်စေတယ်။
ဘယ်ချိန် ကာလမှာ AIDSရောဂါ ဖြစ်လာသလဲ ?👇
HIV
ပိုးဝင်ပြီးနောက် ဆေးမကုသူတွေမှာ ၈-၁၀ နှစ်ကြာမှ AIDS ဖြစ်လာတယ်။
HIV ပိုး ကူစက်နိုင်တဲ့ အဓိက အကြောင်းအရင်းတွေက ဘာတွေလဲ ?
1.
ပိုးရှိသူ နှင့် -လိင်တူ👬👭 / လိင်ကွဲ👫 ဆက်ဆံခြင်း၊
2.
ပိုးပါတဲ့ သွေးသွင်းခြင်း (၉၀% ကျော် ကူးနိုင်စွမ်းရှိတယ်)၊ ပိုးရှိသူနဲ့
ဆေးထိုးအပ် ဆေးထိုးပြွန် မျှဝေသုံးစွဲခြင်း၊ တက်တူး ဆေးမင်ကြောင် ထိုးခြင်း၊
3.
ကိုယ်ဝန်ဆောင် မိခင်က ကလေးကို ကူးစက်ခြင်း ၊
အဆင့်များ👇
ဘာ ရောဂါလက္ခဏာမှ မရှိသေးတာ။
သာမန်အရေပြား၊ အရေပြားနု၊ အသက်ရှူလမ်း အပေါ်ပိုင်းတွေမှာ ရောဂါလက္ခဏာတွေ ရှိလာတာ။
၀မ်းခဏခဏ၊ အကြာကြီး (၁ လ) လျှောတာ၊ ဆိုးဝါးတဲ့ ဗက်တီးရီးယားပိုးဝင်တာ၊
နူမိုးနီးယား၊
အဆုပ်တီဘီ ဖြစ်လာတာ။
ဆေးကုသခြင်း 😇👇
1.HIV ကို လုံး၀ ပျောက်ကင်း စေနိုင်တဲ့ ဆေးဝါး ယခုအချိန်ထိ မပေါ်သေးပါ။😇
2. ဗိုင်းရပ်စ်ပေါက်ပွားတာကို ထိန်းချုပ်ပေးပြီး၊ CD4 Cell အရေအတွက် ဆက်မလျော့ကျစေလို့ ရောဂါ ရှေ့ဆက် တိုးမှာကို ဟန့်တားပေးတဲ့ ART ပိုးထိန်းဆေးတွေသာ ရှိတယ်။
3. HIV ပိုးကြောင့် ခံစားရတဲ့ ဝေဒနာတွေကို သက်သာစေဖို့နဲ့ရောဂါပိုး အရေအတွက်ကို လျှော့ချပေးဖို့./လူနာရဲ့ သက်တမ်းကို ဆွဲဆန့်ပေးဖို့..😍လူနာရဲ့ ကျန်းမာရေး ကောင်းမွန်စေပြီး အလုပ် ပြန်လုပ်နိုင်စေဘို့သာ ဖြစ်တယ်။☺💪
HIV ကူးစက်မှု ရှိ-မရှိကို သွေးစစ်ကြည့်မှသာလျှင် သိနိုင်ပါတယ်.😊
HIV မကူးအောင် ဘယ်လို ကာကွယ်နိုင်မလဲ😳👇
လိင်ဆက်ဆံမှုပြုတိုင်း Latex condom (ကွန်ဒွမ်) ကို စနစ်တကျ သုံးခြင်းဟာ HIV ကိုကာကွယ်နိုင်တဲ့ တခုထဲသော အကောင်းဆုံးနည်း ဖြစ်တယ်လို့ UNAIDS, WHO, UNFPA ဆိုတဲ့နိုင်ငံတကာ အမြင့်ဆုံး ကျန်းမာရေး အဖွဲ့ အစည်းတွေက ထောက်ခံချက် ပေးထားတယ်။ ၉၈%ထိရောက်တယ်။ (ကွန်ဒွမ်) ကို ရည်ရွယ်ချက် ၂ ခုအတွက် သုံးရတယ်။
👉 ကိုယ်ဝန်ရမှာကို တားဖို့။ STD လိင်ကတဆင့် ကူးစက်မဲ့ (ဆစ်ဖလစ်ရေယုံ၊ ကလာမိုင်ဒီးယား၊ဂနိုရီးယား၊)ရောဂါ မှန်သမျှတွေကို ကူးစက်မလာအောင် ကာကွယ်ဘို့ ဖြစ်တယ်။လိင်လမ်း ကြွက်နို့ နဲ့ လိင်လမ်း ရေယုံတွေကိုတော့
မကာကွယ်နိုင်ဘူး 😊။
Condon ကို စနစ်တကျဘယ်လို သုံးစွဲမလဲ..👍
အသုံးပြုနည်းလဲ မှန်ရမယ်။ နည်းအမှန်ဆိုတာ ဘာလဲ။
လိင်တခါ ဆက်ဆံတိုင်း (ကွန်ဒွမ်) အသစ်ဖြစ်ရမယ်။ (ကွန်ဒွမ်) ကို
(ဗဂျိုင်းနား-ပါးစပ်-စအို) နဲ့ ထိစပ်မှု မရှိသေးခင် ကျားအင်္ဂါ သန်မာတာနဲ့ စွပ်ရမယ်။
စွပ်တဲ့အခါ၊ (ကွန်ဒွမ်) ရဲ့ အရင်းကို လက်နဲ့ ကိုင်ပြီး၊ လိင်တံတခုလုံးအပေါ်ဖုံးပေးပါ၊ လေ မခိုစေအောင် ဂရုစိုက်ပါ၊ အဖျားမှာတော့ ထွက်လာမဲ့ သုတ်ရည်အတွက် နေရာ ရှိနေပါစေ။ ဒီနေရာက လွဲရင် လိင်တံ တခုလုံးပေါ်မှာ သပ်သပ်ရပ်ရပ် ကပ်နေအောင် ရှိပါစေ။
သုတ်ရည်👉 ထွက်ပြီးတာနဲ့ ကျားအင်္ဂါ နဂိုအနေ ပြန်မကျခင်မှာ (ကွန်ဒွမ်) ကို ချွတ်ပါ။ချွတ်တဲ့အခါ အထဲက သုတ်ရည်တွေ တစက်မှ ဖိတ်မကျစေပါနဲ့။ မ-အင်္ဂါထဲ ကျွတ်ကျန်မနေစေပါနဲ့။ စနစ်တကျ ချွတ်ပါ။
၊ ရောဂါ မတားနိုင်တာ ဘယ်လောက် ရှိတယ်ဆိုတာ သုတေသန ရလဒ်တွေ (ကွန်ဒွမ်) အမျိုးအစား၊ အရည်အသွေး၊ စွပ်နည်း-ချွတ်နည်း၊ အချိန်၊ စဉ်ဆက်မပြတ်သုံးတာဟုတ်-မဟုတ်၊ (ကွန်ဒွမ်) မသုံးခင် ကတည်းက ရောဂါ-ကိုယ်ဝန် ရှိနေ-မနေ၊ စတာတွေပါထည့်စဉ်းစားရတယ်။☺☺☺ ဒီအချက်လေးတွေကို လိုက်နာပီး စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် ရောဂါကူးစက်မှူလျော့ချနိုင်ပါတယ်😇
HIV😈 ပိုးရှိမရှိ မိမိက စပြီးသွေးစစ်ကြည့်ကြပါစို့...........နီးစပ်ရာ ကျန်းမာရေးဋ္ဌာနများတွင် ကုသမှူခံယူ ပါ......ကိုးကား...☺