For Our Future -FOF

For Our Future -FOF

Let's learn together!

Photos from For Our Future -FOF's post 26/07/2023

မကြာခင်မှာ ဝါဝင်တော့မှာဆိုတော့
ဝါတွင်း (၃)လ ရက်ပေါင်း(၉၀)စိပ်တဲ့
ကိုးနဝင်းပုတီးစိပ်နည်းလေး
📿📿📿📿📿📿📿📿📿📿📿
စိပ်ရမဲ့ ရက်လေးတွေ သတ်မှတ်ပြီးပါပြီ
ဒုတိယဝါဆိုလပြည့်နေ့(ဓမ္မစင်္ကြာနေ့မှ
သီတင်းကျွတ်လပြည့်နေ့)ထိဖြစ်ပါတယ်။
သက်သတ်လွတ်လည်း စားစရာမလိုပါဘူး
အချိန်လည်း တိတိကျကျစိပ်စရာမလိုပါဘူး
နေ့တိုင်း မှန်မှန်စိပ်ဖို့ပဲလိုပါတယ်ရှင့်
စိပ်ရမဲ့ နေ့ရက်များ
__________________________
(၉)ပါးစလုံးကိုနေ့တိုင်းတစ်ပတ်စီ
အရဟံ (၁)ပတ်
သမ္မာသမ္ဗုဒ္ဓေါ (၁)ပတ်
ဝိဇ္ဇာစရဏသမ္ပန္နော (၁)ပတ်
သုဂတော (၁)ပတ်
လောကဝိဒူ (၁)ပတ်
အနုတ္တရောပုရိသဒမ္မသာရထိ (၁)ပတ်
သတ္ထာဒေဝမနုဿာနံ (၁)ပတ်
ဗုဒ္ဓေါ (၁)ပတ်
ဘဂဝါ (၁)ပတ်
1.. 8 . 2023 မှ
9. 8 . 2023 အထိ
__________________________
အရဟံ သိဒ္ဓိ (၉)ပတ်
10.8 .2023 မှ
18 . 8 . 2023 အထိ
__________________________
သမ္မာသမ္ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
19 . 8 . 2023 မှ
27 . 8 . 2023 အထိ
________________________
ဝိဇ္ဇာစရဏသမ္ပန္နော သိဒ္ဓိ (၉)ပတ်
28. 8 . 2023 မှ
5 . 9 . 2023 နေ့အထိ
________________________
သုဂတော သိဒ္ဓိ (၉)ပတ်
6. 9. 2023 မှ
14 . 9 . 2023 နေ့အထိ
__________________________
လောကဝိဒူ သိဒ္ဓိ (၉)ပတ်
15 . 9. 2023 မှ
23. 9 . 2023 နေ့အထိ
__________________________
အနုတ္တရောပုရိသဒမ္မသာရထိ သိဒ္ဓိ (၉)ပတ်
24. 9 . 2023 မှ
2. 10 . 2023 နေ့အထိ
__________________________
သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ (၉)ပတ်
3. 10 . 2023 မှ
11. 10 . 2023 အထိ
__________________________
ဗုဒ္ဓေါ သိဒ္ဓိ (၉)ပတ်
12 . 10 . 2023 မှ
20. 10 . 2023 အထိ
_________________________
ဘဂဝါ သိဒ္ဓိ (၉)ပတ်
21. 10 . 2023 မှ
29. 10 . 2023 အထိ
__________________________
🙏🙏🙏🙏🙏

03/07/2023
18/06/2023

ခေတ်သစ် အိမ်ရှင်မတွေ အမြဲခေါင်းစားရတဲ့
အတွက်အချက်လေး သိသလောက် မျှဝေပေးပါမယ်နော်
kg နဲ့ ပိဿာ တွက်ချက်ပုံလေးပါ
ဥပမာ ကြက်သား 1 ပိဿာ ဝယ်ခဲ့ပါလို့--> မှာလိုက်ရင်ကိုယ်က kg နဲ့ ချိန်ရောင်းတဲ့ city mart တွေမှာဝယ်ဖြစ်မယ်ဆိုရင်ပေါ့

1 ပိဿာ လိုချင်ရင် kg နဲ့ ဆိုရင် 1.6 kg ပြည့်အောင် ဝယ် ရပါမယ်
g နဲ့ဆိုရင် 1600 g ဝယ် ရပါမယ်

50 ကျပ်သား လိုချင်ရင် 800 g ဝယ် ရပါမယ်

25 ကျပ်သား လိုချင်ရင် 400 g ဝယ်ရပါမယ်

10 ကျပ်သား လိုချင်ရင် 160 g ဝယ်ရပါမယ်

20 ကျပ်သား လိုချင်ရင် 320 g ဝယ်ရပါမယ်

30 ကျပ်သား လိုချင်ရင် 480 g ဝယ်ရပါမယ်

40 ကျပ်သား လိုချင်ရင် 640 g ဝယ်ရပါမယ် ရှင့်😍😍

ဖြည့်စွက်

📌📌1 kg ဟာ 63 ကျပ်သား နဲ့ ညီမျှပါတယ်

13/06/2023

1.အိမ် ကိုအရင်ဝယ်ပါ။
ကားက လိုရာခရီးသွား လို့ ရရင်တော်ပီ။
2.တာရှည်သုံးရတဲ့ ပစ္စည်းဆို
ဈေးကြီးကောင်းတာဝယ်။
3.သူငယ်ချင်း အမျိုးတွေနဲ့
စီးပွါးတွဲ မလုပ် ပါနဲ့။
4.ကျန်းမာ ရေးကို အထူးဂရုစိုက်ပါ။
5.အခွင့်ရေးရရင် ကိုယ်ပိုင်လုပ်ငန်း လုပ်ပါ
တသက်လုံးလခစားမလုပ်နဲ့။
6. ကိုယ် က သူများကို ပြောပြနိုင်တဲ့
အဆင့် ရအောင်ကြိုးစားပါ။
7.တယောက်ထဲနေတတ်နိုင်အောင်ကြိုး စားပါ။
8.အလုပ်လုပ် ရင် ပုံသေ လခ နဲ့
အလုပ် မလုပ် ပါနဲ့။
9. စာအုပ် ဖတ် တတ်တဲ့ အကျင့် လုပ်ပါ။
10. စိတ်တည်ငြိမ် ဆုံးဖြတ် နိုင်တဲ့
လူငယ်တယောက် ဖြစ် အောင် ကြိုးစားပါ။
11.အလုပ်လုပ်ရာမှာ.တစ်ဖက်သားကို
မထိခိုက်ပါစေနဲ့
12.တစ်ဖက်ကတိုက်ခိုက်လာရင်
ရှောင်သွားလိုက်ပါ
သူများရဲ့ စကားတခွန်းကြောင့်
ကိုယ့်ရဲ့ ပျော်ရွှင်မှုကို မဆုံးရှုံးပါစေနဲ့။
Credit # Sale Mollar 🙂
Photo-crd

12/06/2023

ချည်ကျော်........
အောက်ချည်မလှတာ.........
ချည်ပြတ်ပြတ်တာ ........
အသံကျယ်တာ........
အပေါ်ချည်မလှတာ........
Backတံအလိုလိုလှုပ်နေတာ...........

အဲ့လိုတွေ ဖြစ်နေခဲ့တယ်ဆို ဖြေရှင်း
နည်းလေးတွေမျှဝေ ပေးသွားမယ်နော်......

📌ချည်ဘာကြောင့်ကျော်ရတာလည်း❓

ဆွဲသားတို့ အပါးသားတို့ ချူပ်ရင်
ချည်ကျော်တယ်ဆိုတာ
စက်မှာ မူလတပ်ထားတဲ့ အပ်က ပုံမှန်
နံပါတ် (၁၄) ပါ အဲ့ဒီအပ်နဲ့ဘဲချူပ်ရင်
တစ်ခါတစ်လေ မကျော်တာတို့ဘာတို့တော့
ရှိပါတယ် အကယ်လို့များ ကျော်နေခဲ့သော အပ် နံပါတ် (၁၁) လဲပေးပါ
အထူသား ဂျင်းသား လယ်သာ
ပိတ်စတွေဆို အပ် နံပါတ် (၁၆) လဲသုံးပေးပါ........

📌အောက်ချည်ဘာကြောင့်မလှရတာလည်း❓

အဲ့တာကအပေါ်ချည်ထိုးတာနဲ့ သက်ဆိုင်ပါတယ်
ကြားဖြတ်ပြောပေးမယ်နော်
အရေးကြီးဆုံးက အပေါ်ချည်ထိုးရင် အောက်က ဘိကို မ,ထားပေးရပါမယ် ချည်ညှပ်ပြားထည်း ချည်မဝင်တာ ဖြစ်တဲ့တွက် အောက်ချည် မလှတာဖြစ်နေတာပါ

📌ချည်ခနခနပြတ်တာဘာကြောင့်လည်း❓

ချည်တင်းထားတာနဲ့ဆိုင်ပါတယ်
ချည်ညှပ်စုံကို နည်းနည်းလေးလျော့ပေးရပါမယ် လျော့ပေးပီး ထပ်ပျက်နေရင်လည်း လွန်းအိမ်လေးမှာလည်း
ကြံ့ဘတ်နတ်ကလေးပါပါတယ်
အဲ့ဒါလေးပါ ထပ်လျော့ပေးကြည့်နော်

📌စက်သံဘာကြောင့်ကျယ်ရတာလည်❓

အဲ့ဒါကတော့ စက်လေးကိုဆီဝအောင်ထည့်ပေးပါနော် စက်ကိုချူပ်နေတာဘဲမဟုတ်ဘဲ တစ်ပတ်တစ်ခါလောက်
သန့်ရှင်းရေးလေးလုပ်ပေးပါနော်

📌အပေါ်ချည်ဘာကြောင်မလှရတာလဲ❓

အောက်ချည်တဲ့ လွန်းအိမ်နဲ့လွန်းစံကို စစ်ဆေးပေးပါ။လွန်းအိမ်မှာပါတဲ့ မူလီလေးကို အလျော့အတင်းလုပ်ပေးပါ။

-ချည်တုတ်တာ ရှေ့တိုးနောက်ဆုပ်လုပ်တဲ့အခါများလာရင် Backတံလေးက ချုပ်နေရင်း အပေါ်ကိုတက်တက်လာတက်တယ်။အထဲကမူလီလေးကိုကြပ်ပေးပါ။

Credit

12/12/2021

☘️ငွေကိုဘယ်လိုထားမလဲ☘️

🌱ငွေကို ပိုက်ဆံအိတ် အံဆွဲမီးခံသေတ္တာ စသည်မှာထားပါတယ် …
ဒါပေမဲ့…ထားတဲ့နည်းစံနစ် လိုပါတယ်..
မိမိငွေ အဝင်များဖို့…
အထွက်နည်းဖို့…
လာဘ်ကောင်းဖို့…
လုံခြုံစိတ်ချဖို့….
ကံတက်စေဖို့…

အဝင်ကောင်း သလိုအထွက်လည်းကောင်းသောနည်းနဲ့သာ ထွက်ဖို့ ..ဖုန်းရွှေFung Shui ပညာက အခုလိုအကြံပြုပါတယ်..

☘️၁☘️ကရဝေးရွက် နဲ့အတူထားပါ…
အကျိုးအနာ မပါသော ကရဝေး ရွက် အနည်းဆုံး တစ်ရွက်နဲ့ အတူထားပါ…
ငွေပွားများ လာစေပါတယ်…

☘️၂ ☘️အကျိုးအနာမပါတဲ့ဆန်စေ့ ၂၁ စေ့ကို ပလတ်စတစ်အိတ်ကလေးနဲ့ထုပ်ပြီး ငွေနဲ့အတူထားပါ..,
လာဘ်ပွင့်လန်းစေတဲ့အပြင်မလိုအပ်ပဲငွေထွက်ခြင်းကိုကာကွယ်ပေးပါတယ်….

☘️၃ ☘️ပင်လယ်ဆား အနည်းငယ် ကိုပလတ်စတစ်
အိတ်ကလေးနဲ့ ထုပ်ပြီးငွေနဲ့အတူထားပါ…
ငွေကြေး အရှုပ်အရှင်းကိစ္စကြွေးမြှီ အမှုအခင်းကိစ္စများကာကွယ်ပေးပါတယ်…

☘️၄ ☘️ငွေဒင်္ဂါး ဖြစ်စေ ငွေထည်ပစ္စည်းတစ်ခုခုနဲ့ဖြစ်စေအတူထားပါ..
ငွေကို ကာကွယ်ပေးသလို လုံခြုံစိတ်ချရစေပါတယ်….

☘️၅ ☘️ငွေစက္ကူ အသစ်တစ်ရွက် အနည်းဆုံးထားပါ….
ငွေတန်ဖိုးမြင့်လေ ကောင်းလေပါ…

☘️၆ ☘️ပိုက်ဆံအိတ်ထဲမှာ​ငွေလုံးဝ မရှိတဲ့ အဖြစ်မျိုး မပြုမိပါစေနဲ့….
ငွေကံ ညံ့သွားတတ်ပါတယ်…

☘️၇ ☘️ပိုက်ဆံအိတ်ထဲမှာ အလွန်စုတ်ပြတ်နေတဲ့ငွေတွေကို စက္ကူ အိတ်နဲ့ ဖယ်ထားပါ…
ရော မထားပါနဲ့…
ငွေမရှိတဲ့ ဘဏ်ကတ်အဟောင်းများ ဘောက်ချာအဟောင်းများ လိပ်စာကတ်များ နဲ့ ရှုပ်ထွေးမနေပါစေနဲ့…လာဘ်တိတ်ပါတယ်…

☘️၈ ☘️အားလုံးထည့်ထားနိုင်ရင်ကောင်းပါတယ်… အနည်းဆုံးအမှတ် ၁ မှ ၄ အထိတစ်မျိုးတော့ ငွေနဲ့အတူထားရှိဖို့ သင့်ပါတယ်…

☘️၉ ☘️ဝင်ငွေကောင်း ငွေမြဲပြီးလာဘ်လာဘ ပွားများကြပါစေ..

☘️၁၀ ☘️တားရော့ကတ် အနေနဲ့နံပါတ် ၁၇ The Star ကို အဆောင်အဖြစ် ထည့်ထားနိုင်ပါတယ်…

credit.ပါ..

10/12/2021

မသိသူကျော်သွားသိသူဖော်စား🌹

ဟိုးတစ်လောကပဲ မန္တလေးက မိတ်ဆွေတစ်ယောက်ကပြောပါတယ်။မြန်မာပြည်မှာကျောက်ကပ်ပျက်စီးကြတဲ့သူတွေတစ်နေ့ထက်တစ်နေ့ပိုပိုများလာပါတယ်တဲ့။

မန္တလေးတစ်မြို့ထဲမှာတင်ကျောက်ကပ်ပျက်စီးသူတွေအများကြီးပါပဲတဲ့။တစ်ချို့ဆိုရင်ကျောက်ကပ်က၁၀%လောက်ပဲအလုပ်လုပ်တော့တဲ့အတွက်မကြာခဏကျောက်ကပ်ဆေးနေရလို့ပိုက်ဆံအရမ်းကုန်ပါတယ်တဲ့။

ဒါကြောင့်သဘာဝနည်းနဲ့ကျောက်ကပ်ပြန်လည်ကောင်းမွန်လာစေနိုင်တဲ့နည်းလမ်းကိုအများပြည်သူအကျိုးအတွက်ရှာကြံပြီးဝေမျှပေးပါလို့တောင်းဆိုလာပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ကျွန်တော့်အမျိုးသမီးနဲ့ပတ်သက်ပြီးဆရာဝန်မကြီးတစ်ယောက်နဲ့အဆက်အသွယ်ရခဲ့ပါတယ်။

ဆရာဝန်မကြီးကိုကျောက်ကပ်ပျက်စီးမှုအ
ကြောင်းကိုမေးမြန်းလိုက်ပါတယ်။ကျောက်ကပ်ပျက်စီးနေကြရတာဟာကိုယ်တွင်းအဆိပ်တွေမျိုးစုံကြောင့်ဖြစ်ရတာဖြစ်ကြောင်း၊ဓာတုဗေဒဆေးတွေကိုရေရှည်သုံးစွဲသူတွေကျောက်ကပ်ပျက်စီးကြောင်း၊သဘာဝမဟုတ်တဲ့ဆေးတွေကိုသတိထားဖို့လိုကြောင်း၊အဆိုးဆုံးကတော့Capsuleတွေကိုပလပ်စတစ်ဖြင့်ပြုလုပ်ထားရင်အရမ်းကိုဥပဒ်ဖြစ်တတ်ကြောင်း၊
ဖြည့်စွက်ဆေးတွေကိုလည်း သဘာဝမဟုတ်ရင် မသုံးသင့်ကြောင်း၊ဖြည့်စွက်ဆေးဆိုတိုင်းလည်းမိမိရဲ့ဇီဝကမ္မဖြစ်စဉ်နဲ့သဟဇတဖြစ်ချင်မှဖြစ်တတ်ကြောင်း၊လူတိုင်းနဲ့တည့်မှာမဟုတ်ကြောင်းစသည်ဖြင့် ပြောသွားပါတယ်။

ဒီတော့ကျောက်ကပ်ပျက်စီးတဲ့သူတွေသဘာဝအတိုင်းပြန်ကောင်းရအောင်ဘယ်လိုလုပ်ရမလဲ
ဆရာမကြီးလို့မေးလိုက်ပါတယ်။

ကျောက်ကပ်ပြန်ကောင်းဖို့အတွက် ကဒက်ဥပဲဖ့စ်ပါတယ်တဲ့။ တရုတ်တွေကတော့ Chinese Yamလို့ခေါ်ပါတယ်။ကဒက်ဥမှာပါတဲ့အင်ဇိုင်းတွေကကျောက်ကပ်ကိုပြန်လည်တည်ဆောက်ပေးနိုင်ကြောင်းများများစားစရာမလိုဘဲတစ်နေ့ကို ၁ လက်မှလောက် စားပေးတာနဲ့ ကျောက်ကပ်က တဖြည်းဖြည်း ပြန်ကောင်းလာနိုင်ကြောင်း၊ကျောက်ကပ်ပျက်စီးနေသူတွေရောကျောက်ကပ်ကိုကာကွယ်ထားလိုသူတွေရောစားသင့်ကြောင်းဆရာမကြီးကပြောပြပါတယ်။

ကျွန်တော်တို့မြန်မာပြည်မှာမရှိဘူးဆရာမကြီးလို့ဆိုတော့ကမ္ဘနဲ့အဝှမ်းမှာရှိပါတယ်တဲ့။
ကျောက်ကပ်ပျက်စီးနေသူတွေဟာရှောင့်သင့်တာတွေကိုရှောင်ပြီးchinese yam ကိုပုံမှန်စားသွားမယ်ဆိုရင် ကျောက်ကပ်ရောဂါအတွက် ပူပန်စရာမလိုပါဘူး တဲ့။

မြန်မာတွေကတော့ ကတက်ဥလို့ခေါ်ပြီး
ရခိုင်တွေကတော့သင်းဖောဥလို့ခေါ်ကြပါတယ်၊သင်းဒက်ဥလို့လည်းခေါ်တယ်လို့သိရပါတယ်။

တစ်ချို့ဒေသတွေမှာတော့ တောမျောက်ဥလို့လည်းခေါ်ပါတယ်တဲ့။တောကမိတ်ဆွေတွေကိုမေးကြည့်တော့တို့တောမှာပေါလွန်းလို့ကွာတဲ့။
ပိန်းဥလိုပဲဟင်းချိုလုပ်သောက်ကြတယ်၊အာလူးလိုလည်းကြော်စားကြတယ်။
တရုတ်လူမျိုးတွေကတော့ဝက်နံရိုးနဲ့စွပ်ပြုတ်လုပ်သောက်ကြကြောင်းသိရပါတယ်။နဲနဲပြုတ်လိုက်တာနဲ့စားလို့ရပါပြီ။

ထို chinese yum ခေါ် ကဒက်ဥမှာ ကျောက်ကပ် ရောဂါ တစ်ခုတည်း သာမက.....
အဆုတ်၊အစာအိမ်၊သရက်ရွက်တို့ကိုလည်းပြန်ကောင်းစေနိုင်ကြောင်း အင်တာနက်မှာ
ရေးသားထားတာလည်း တွေ့ရပါတယ်...။

ကလီစာ၄ခုအပြင် အခြားသော
ကလီစာတွေကိုလည်းသူ့မှာပါတဲ့အင်ဇိုင်းတွေဟိုမုန်းတွေနဲ့ပံ့ပိုးသမှုပြုပေးပါသေးတယ်။

ထို chinese Yam(ကဒက်ဥ)ကတစ်ပင်လုံးတန်ဖိုးရှိတာဖြစ်ပြီးအောက်ပါအကျိုးကျေးဇူးများကိုရရှိမှာဖြစ်ကြောင်းသေသေချာချာပြောထားပါတယ်။

၁)Energy ကိုမြှင့်တင်ပေးခြင်း

၂)ပင်ပန်းနွမ်းနယ်မှုကိုပျောက်စေခြင်း

၃)ရင်ကျပ်ပန်းနာကိုသက်သာစေခြင်း
၄)ချောင်းခြောက်ဆိုးခြင်းကိုပျောက်စေခြင်း

၅)သံကောင်တုတ်ကောင်များကိုဖယ်ရှားပေးခြင်း

၆)ကိုယ်အလေးချိန်လျှော့ချပေးခြင်း

၇)ဝမ်းတွင်းအပူအပုပ်များကိုဖယ်ရှားပေးခြင်း

၈)ဆီးကောင်းစေခြင်း

၉)အရိုးပွမှုကိုကာကွယ်ခြင်း

၁၀)သိုင်းရွိုက်ဟိုမုန်းရေချိန်ညှိပေးခြင်း

၁၁)သွေးတွင်းသကြားဓာတ်ကိုညှိပေးခြင်း

၁၂)သည်းခြေရောင်ရမ်းမှုမဖြစ်အောင်ကာကွယ်ခြင်း

၁၃)အူကျန်းမာရေးကိုစောင့်ရှောက်ခြင်း

၁၄)အတွင်းကြေမှုများကိုပြန်ကောင်းစေခြင်း

၁၅)ကင်ဆာဆဲလ်များကိုသတ်ပေးခြင်း

၁၆)စိတ်ခံစားမှု၊မငြိမ်သက်မှုများကိုကောင်းစေခြင်း

၁၇)အစာကြေစေခြင်း

၁၈)နာတာရှည်ဝမ်းလျောမှုကိုပျောက်စေခြင်း

၁၉)သွေးဆုံးကိုင်ခြင်းကိုသက်သာစေခြင်း

၂၀)အသရိုက်တစ်ကိုသက်သာစေခြင်း
၂၁)ဇီဝကမ္မဖြစ်စဉ်ကိုထိန်းပေးခြင်း

၂၂)အဆစ်အမျက်နာကျင်ကိုက်ခဲမှုကိုသက်သာစေခြင်း

၂၃)ကိုလက်စတြောရေချိန်ကိုညှိပေးခြင်း

၂၄)အင်တီအောက်ဆိဒင့်ကြွယ်ဝခြင်း
စသည်ဖြင့်ကောင်းကျိုးများစွာရရှိနိုင်ကြောင်းဖော်ပြထားတာကိုတွေ့ရပါတယ်။

တစ်ချို့ ဒေသတွေမှာလည်း
ကဒက်ဥတွေအများကြီးရှိနေပေမဲ့မသိသူကျော်သွား၊သိသူဖော်စားအဆင့်မှာပဲရှိနေပါတယ်...

ဒီစာကို ဖတ်ပြီး အားလုံးပဲ
လက်ဆင့်ကမ်း၍ အကျိုးရှိစွာ အသုံးပြုနိုင်ကြပါစေ......။

10/12/2021

လက်ရှည်ကိုသူ့လိုချပ်ကပ်ပြီးဝတ်ချင်တာတဲ့

ဒီလိုဖြစ်နေအောင်ဝတ်ချင်တယ်ဆိုရင် customer
အနေနဲ့သိထားသင့်တာက

1*ပိတ်စကိုကော်ပိတ်နှစ်ထပ်ကပ်ရမယ်
ကော်ပိတ်ဖိုး ကော်ပိတ်ကပ်ခ ပိုအကုန်ခံရမယ်

2*လာတိုင်းတဲ့အခါ အိမ်ယာကထလာသလိုဖရိုဖရဲ နဲ့အိမ်နေရင်းအတွင်းဝတ်နဲ့တိုင်းလို့မရပါဘူး
ပွဲတက်မှာဝတ်တဲ့အတွင်းဝတ် ဘော်လီ ဗိုက်ချပ်တ
ခါတည်းဝတ်လာခဲ့ရပါမယ်။
နည်းနည်းချောင်ထားပါ နည်းနည်းကျပ်ပေးထား
ပါတို့မရပါဘူး

3*စင်တီချုပ် ဖြစ်ပါတယ်။

4*ဂျိုင်းသည်မြောက်လို့မရပါဘူး ဒါကိုလက်ခံနိုင်ရပါမယ်
တောင့်ပြီးနေနိုင်ရပါမယ်
ဟိုဆွဲ ဒီလွဲ နဲ့ free ဖြစ်ပီးနေချင်လို့မရပါဘူး

5*ထိုင်တဲ့အခါ ခါးမတ်ပြီးထိုင်နိုင်ရပါမယ်

6*photographer ဟာ photo retouch နိုင်နင်းရပါမယ်
ပြုပြင်အချောကိုင်မွမ်းမံ နိုင်ရမယ်
တနည်းအားဖြင့် အထည်ကိုမီးပူတိုက်သလို ဓာတ်ပုံဆရာဟာ ကွန်ပျူတာနဲ့မီးပူတိုက်နိုင်ရမယ်

7* သူ့လိုလှဖို့ဆိုရင် သူ့လိုbody ဖြစ်ရပါမယ်

8* ဓာတ်ပုံရိုက်တဲ့အခါ သူ့လို post ပေးတတ်ရပါမယ်

9* လာချုပ်တဲ့ပိတ်စဟာဒီလိုအထည်ထွက်မယ့်ပိတ်စဖြစ်ပြီးတော့ လုံလောက်အောင်ပေးရပါမယ် အစွေသုံးရမယ့်အပိုင်းတွေအတွက် ပိတ်စချွေတာ၍မရပါ

10* လာတိုင်းတဲ့အချိန်နဲ့ အထည်ဝတ်မယ့်အချိန်
ကိုယ်အလေးချိန်ဟာ တူနေရပါမယ်
ဝိတ်ကျသွားတယ် တက်လာတယ် ဖြစ်နေလို့မရပါ

ဒီအချက်တွေအကုန်ပြည့်စုံနိုင်ရင် ဒီလိုဝတ်လို့ရပါပြီ

#မမမြ

Photos from For Our Future -FOF's post 28/08/2021

၂၀၂၁ ခုနှစ်တွင် ကျောင်းသားများအတွက် အကောင်းဆုံး လက်ပ်တော့ပ်များ

22/08/2021

လူသားစက်ရုပ်ထုတ်လုပ်တော့မည့် Tesla ကုမ္မဏီ

Tesla ရဲ့ အမှု့ဆောင်အရာရှိချုပ်ဖြစ်သူ Elon Musk က လာမည့်နှစ်တွင် လူသားပုံစံစက်ရုပ်တွေရဲ့ ရှေ့ပြေးပုံစံ Optimus လို့ခေါ််တဲ့ စက်ရုပ်ကို ပြသမည်ဟု သြဂုတ်လ ၁၉ ရက်နေ့တွင် ကျင်းပပြုလုပ်တဲ့ AI Day ပြပွဲတွင် ပြောကြားခဲ့ပါတယ်။
အဆိုပါ စက်ရုပ်ဟာ အရပ်အမြင့် ၅ ပေ ၆ လက္မကျော် (၁၇၃ စင်တီမီတာ)၊ အလေးချိန်အားဖြင့် ၁၂၅ ပေါင်ခွဲ (၅၇ ကီလိုဂရမ်)နှင့် လှုပ်ရှားသွားလာနိုင်ဖို့ စက်ကိရိယာအစိတ်အပိုင်း (electromechanical actuators) ၄၀ ခု တပ်ဆင်ထားကာ ဦးခေါင်းပိုင်းတွင် ရုပ်ပြသမှု့ပိုင်းဆိုင်ရာ ဖန်သားပြင် (screen display) တစ်ခု ပါဝင်မည်ဖြစ်သည်။ ၎င်းစက်ရုပ်အား ပိုင်ရှင်ဖြစ်သူမှ အသံဖြင့် အမိန့်ပေးခိုင်းစေခြင်းများ ပြုလုပ်နိုင်မည်ဖြစ်သည်။ အဆိုပါစက်ရုပ်သည် အလေးချိန် ၄၄ ပေါင် ( ၂၀ ကီလိုဂရမ် ) ထိ သယ်ယူနိုင်မည်။ တစ်နာရီကို ၅ မိုင်နီးပါး (၈ ကီလိုမီတာ) အထိ လမ်းလျှောက်သွားနိုင်မည်ဖြစ်ပြီး ၎င်းစက်ရုပ်ကို လိုအပ်ပါကလည်း အလွယ်တကူ ဖျက်ဆီးပစ်နိုင်မည်ဖြစ်မည်။
အဆိုပါ ပြပွဲတွင် Elon Musk က “လာမည့်ကာလတွင် Tesla ကုမ္မဏီဟာ ကမ္ဘာအကြီးဆုံး စက်ရုံကုမ္မဏီတစ်ခု ဖြစ်လာနိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ Tesla က ကားတွေဟာ ခံစားချက်တစ်ဝက်ပါတဲ့ စက်ရုပ်တွေကို ဘီးတပ်ထားသလိုပါဘဲ။ အဲ့လို မောင်းသူမဲ့ကားတွေမှာပါတဲ့ စနစ်တွေကို အခြေခံပြီးတော့ လူသားပုံစံစက်ရုပ်တွေအဖြစ်ပြောင်းလဲနိုင်ဖို့ လုံလောက်တဲ့ အာရုံခံစနစ်၊ ဘတ္ထရီစနစ်နဲ့ လှုပ်ရှားသွားလာမှု့စက်ကိရိယာ (actuators) တွေ Tesla ဆီမှာ အလွယ်တကူ ရှိတယ်” လို့ ပြောကြားခဲ့ပါတယ်။
Tesla ကုမ္မဏီဟာ ၎င်း Optimus စက်ရုပ်အား ထိန်းချုပ်မည့် Dojo လို့ခေါ်တဲ့ စူပါကွန်ပျူတာမှာ D1 လို့ခေါ်တဲ့ ကွန်ပျူတာချပ်စ်တစ်မျိုးအား အသုံးပြုမည်ဟု ဆက်လက်ကြေငြာခဲ့ပါတယ်။ အဆိုပါ စူပါကွန်ပျူတာသည် Tesla ကားတွေမှာ တပ်ဆင်ထားတဲ့ ကင်မရာတွေနဲ့ အာရုံခံစနစ်တွေကို ထိန်းချုပ်ပြီး မောင်းသူမဲ့စနစ်နောက်ကွယ်မှာ ရှိတဲ့ ကွန်ယက်စနစ်ကြီးတစ်ခုလုံးကို ကိုင်တွယ်မှာဖြစ်တယ်။ အဆိုပါ အဆင့်မြှင့်တင်မှု့စနစ်များကို အင်တာနက်မှတဆင့် ကမ္ဘာတစ်ဝန်းရှိ Tesla ကားများထံသို့ လည်း ပေးပို့၍ အဆင့်မြှင့်တင်ပေးမည်ဖြစ်သည်။

မူရင်းလင့်ခ် - https://www.newscientist.com/article/2287792-tesla-is-building-an-ai-humanoid-robot-called-optimus-says-elon-musk/

Videos (show all)

Website