Freedom Fighter

Freedom Fighter

ဗိုလ်ဟယ်ရီ ဦးဆောင်သော စစ်ကြောင်းဖြစ်ပါသည်

06/02/2024

Hello Page မှာ Live မလွှင့်တာ ကြာပြီဆ်ိုတော့ မကြာခင် Live နဲ့ စကားပြောကြရအောင်ဗျာ😍

Photos from Freedom Fighter's post 31/10/2023

လက်နက်မဲ့ထွက်ပြေးလာသော စစ်ကောင်စီ တပ်သားနှစ်ဦး ဖမ်းစီးရမိ

တပ်မဟာ(၆) နယ်မြေ ၊ မြ၀တီမြို့တောင်ဘက် ၊ ဝေါ်လေဗျူဟာကုန်းမှ (၁၁.၁၀.၂၀၂၃) ရက်နေ့တွင် လက်နက်မဲ့ ထွက်ပြေးလာသော တပ်ရင်း(ခမရ -၅၅၉ ) မှ ကိုယ်ပိုင်နံပါတ် တ- ၅၃၄၅၂ တပ်ကြပ် တင်ဦး ၊ တပ်ရင်း (ခမရ-၅၈၅) မှ ကိုယ်ပိုင်နံပါတ် တတ - ၁၂၉၀၆၅ တပ်သား သန်းလွင်ဦး တို့ကို Freedom Fighter ဌာနချုပ်စစ်ကြောင်းမှ ဖမ်းစီးထိန်းသိမ်းခဲ့ပါသည်။

ဖမ်းစီးရမိသော စစ်ကောင်စီတပ်သားများကို Freedom Fighter စစ်ကြောင်းမှ စစ်ဆေးမေးမြန်းရာတွင်
" တပ်တွင်း စစ်ကောင်စီတပ်သား အချင်းချင်း အနိုင်ကျင့် နိုပ်စက်မှုများကို မခံနိုင်၍ ရေချိုးမည်ဟု ပြောပြီး ‌၎င်းတို့ ကိုင်ဆောင်သော MA - 3 နှင့် MA - 1 ကို ထားခဲ့ပြီး ထွက်ပြေးလာခဲ့ခြင်းဖြစ်သည် ဟု သိရသည် ။ ဝေါ်လေ‌ဗျူဟာ‌တွင် စကစအင်အား ၁၀၀ ‌ကျော်ရှိပြီး တပ်ရင်းမှူးမရှိပဲ ၊ ဒုတပ်ရင်းမှူးနှင့် ဗျူဟာမှူးရှိကြောင်း ၊ ဗျူဟာမှူးအသက်မှာ(၃၅)နှစ် ဖြစ်ပြီး (၂)လတစ်ခါ အပြောင်းအရွေ့လုပ်ခြင်း ၊ ဗျူဟာကုန်းတွင် လက်နက်ကြီး ဟောင်၀စ်ဇာ (၁)လက် ၊ ၁၂၀ (၁)လက်၊ ၈၁ (၁)လက်၊ ၆၀ (၁)လက်နှင့် စနိုက်ပါ (၂)လက် ရှိပြီး ၊ ဗျူဟာကုန်းပေါ်တွင် ရေတွင်း ရှိကြောင်း" အစရှိသဖြင့် တပ်တွင်းသတင်းများကို ရရှိခဲ့ပါသည်။

လက်ရှိ ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား နှစ်ဦးကို သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားပြီး သက်ဆိုင်ရာ အရာရှိများမှ လိုအပ်သည်များဆောင်ရွက်ပြီးစီးသွားသဖြင့် ယနေ့ ( ၃‌၁.၁၀.၂၀၂၃) နေ့တွင်
ပြည်သူ့ပန်းတိုင် - People's Goal အဖွဲ့နှင့် ချိတ်ဆက်ပြီး စစ်ကြောင်းမှအရာရှိများမှသွားရောက်ပို့ဆောင်အပ်နှံပေးခဲ့ပါသည် ။

ာနချုပ်စစ်ကြောင်း
#ကော်သူးလေအာမီ

01/10/2023

တိုက်ပွဲသတင်း ထုတ်ပြန်ချက်

ယနေ့ (၁.၁၀.၂၀၂၃) ရက်နေ့ ၊ နေ့လည် (၁:၅၇) နာရီအချိန်တွင် ကရင်ပြည်နယ်၊ တပ်မဟာ (၆) နယ်မြေအတွင်းရှိ ရွှေအေးမြိုင်ဘုရားကုန်း၌ တပ်စွဲထားသော ခမရ (၅၅၉) စစ်ကောင်စီခြေကုတ်စခန်း၏ ခြံစည်းရိုးနားအထိ Freedom Fighter ဌာနချုပ် စစ်ကြောင်း ၊ KTLA ခေးပွေး ဦးဆောင်သော အဖွဲ့၊ KNLA ပူးပေါင်းအဖွဲ့ ၊ Cobra Column 2 VENOM စစ်ကြောင်း နှင့် Tiger Special Force စစ်ကြောင်း ပူးပေါင်း၍ 40 မမ , လက်နက်ငယ်များဖြင့် သွားရောက် ချဉ်းကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။

ရန်သူ့ဘက်မှလည်း 40 မမ ၊ Sniper ၊ လက်နက်ငယ်၊ စက်လက်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပေမယ့် မိမိတို့ ပြည်သူ့ဘက်တော်သား ရဲဘော်များ ပြည်သူများ၏ပို့သသော ဆုတောင်း မေတ္တာများကြောင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။

ရန်သူများ၏ ထိခိုက်ဒဏ်ရာများအား အတွင်းသတင်းပေးမှုကို စောင့်ဆိုင်းစိစစ်ဆဲဖြစ်ပါသည်။

ထပ်မံအသိပေး ထုတ်ပြန်ပေးသွားပါမည်။

တိုက်ပွဲကာလ ရှည်ကြာလာသောကြောင့်
ကျွန်တော်တို့ Freedom Fighter ဌာနချုပ်စစ်ကြောင်းနှင့် အခြားသော မဟာမိတ်စစ်ကြောင်းများသည် လက်နက်ခဲယမ်းများစွာ လိုအပ်နေပါသဖြင့် ပါ၀င်ကူညီပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။

ကျွန်တော်တို့မှာ ပြည်သူတွေပဲ ရှိပါတယ်။

ပူးပေါင်းစစ်ကြောင်းမှ ရဲဘော်များ စစ်ကောင်စီ ရန်သူ့စခန်းကုန်းအား အနီးကပ် ပစ်ခတ်တိုက်ခိုက်နေသော Video မှတ်တမ်း (ရုပ်သံ)

Photos from Drug & Crime Enforcement Special Task Force's post 12/08/2023

(၇၃)ကြိမ်မြောက် ကရင်အာဇာနည်နေ့

73rd Karen Martyr's Day

August 12, 2023

Photos from Drug & Crime Enforcement Special Task Force's post 03/05/2023

မေ (၃) ၊ ၂၀၂၃ ခုနှစ်

Freedom Fighter စစ်ကြောင်းမှ အရာရှိများကိုတရား၀င်ရာထူး ခန့်အပ်သည် အခမ်းအနားပြုလုပ်

Freedom Fighter ဌာနချုပ်စစ်ကြောင်းမှ အရာရှိများကိုတရား၀င် ရာထူးခန့်အပ်ခြင်းကို
ဗိုလ်ချုပ်နယ်ဒါးမြ ကိုယ်စား စစ်ကြောင်းမှူး ဗိုလ်ဟယ်ရီ မှ စစ်ကြောင်းအရာရှိများကို တရား၀င်ရာထူး အပ်နှင်းပြီး ဗိုလ်ဟယ်ရီမှ ရဲဘော်များအား လိုအပ်သည်များကို မှာကြားပြီး အခမ်းအ‌နားကိုအောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ခဲ့ပါသည်။

မှတ်တမ်းပုံ - Freedom Fighter ဌာနချုပ်စစ်ကြောင်း တပ်ခွဲ(၂)

01/05/2023

မေ (၁) ၊ ၂၀၂၃ ခုနှစ်

ကော်သူးလေအာမီ ၊ Freedom Fighter ဌာနချုပ်စစ်ကြောင်း မှ သက်ဆိုင်ရာ အရာရှိများကို ဗိုလ်ချုပ်နယ်ဒါးမြကိုယ်တိုင် တရား၀င်ရာထူးပေးအပ်ပြီး ၊ရဲဘော်များအား စစ်ကောင်စီအမြစ်ပြတ်ချေမှုန်းရန် နှင့် ဆက်လက်လုပ်ဆောင်ရန် မိန့်ခွန်းပြော မှာကြားခဲ့ပါသည်။

23/04/2023

မိုးရွာ၊လေပြင်းတိုက်သောအခါ စခန်းရှိ ရဲဘော်များအခြေအနေ

23/04/2023

ရုတ်တရက် မိုးရွာ၊လေပြင်းတိုက်သောအခါ

17/03/2023

တာ၀န်ချိန်မှာ တာ၀န်
အားလပ်ချိန်မှာ ဆရာနဲ့တပည့် မဟုတ်တဲ့
ညီအကိုလို ပေါင်းသင်းဆက်ဆံကြတဲ့ Freedom Fighter တွေ

23/02/2023
14/02/2023

ပြည်ပရောက်မြန်မာ PPYM(ထိုင်းနိုင်ငံ အခြေစိုက် တော်လှန်ရေး ထောက်ပို့အဖွဲ့အစည်း)သည်
ကော်သူးလေတပ်မတော် Freedom Fighter တပ်ရင်း၊စစ်ကြောင်း၏ အဓိက မဟာမိတ် ထောက်ပို့အဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခြင်း

13/02/2023

ကော်သူးလေတပ်မတော် Freedom Fighter စစ်ကြောင်း၊ ဆင်ဖြူစစ်ကြောင်း၊ Tiger စစ်ကြောင်း ၊ Venom Commando စစ်ကြောင်း၊ Federal Wings Drone အဖွဲ့ နှင့် အခြားသောပူး‌ပေါင်းအဖွဲ့များမှ စစ်ကောင်စီ၏ ထီးကပလယ် စခန်းသို့ ဖေဖော်ဝါရီ (၉)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်နေသည့် မှတ်တမ်းတချို့

သတင်း၊မှတ်တမ်းများအား ဆက်လက်ဖော်ပြသွားပါမည်။

01/02/2023

စစ်ရေးသတင်း ထုတ်ပြန်ချက်

ဖေဖော်ဝါရီ (၁) ၊ ၂၀၂၃ ခုနှစ်

Freedom Fighter စစ်ကြောင်းနှင့် ညီနောင် မဟာမိတ် Tiger Special Force စစ်ကြောင်း ပူးပေါင်း၍ ဇန်နဝါရီလ (၃၁) တွင် စစ်ကောင်စီစခန်း အထိုင်ချ တည်ရှိရာ ဝေါ်လေစစ်ဗျူဟာကုန်း သို့ စနိုက်ပါ ၊ M79 ဖြင့် ပစ်ခတ်မှုကြောင့် ခွေး အရေအတွက် (၃) ကောင် ထိခိုက်မှုရှိပြီး (၂) ကောင် သေဆုံးမှုရှိကြောင်း အတွင်းသတင်းများအရ သိရှိရသည်။

ပစ်ခတ်ခဲ့ပြီး မကြာမှီ ရန်သူဘက်မှ လက်နက်ကြီးပြန်လည် ပစ်ခတ်ပေမယ့် မိမိတို့ဘက်က အထိအခိုက် မရှိခဲ့ပါ။

Photos from Drug & Crime Enforcement Special Task Force's post 24/12/2022

ကော်သူးလေ တပ်မတော် ၊ Freedom Fighter စစ်ကြောင်း၏ အပါတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် ကရင်နှစ်သစ်ကူး ၊ ခရစ်စမတ်အကြို ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်

ဒီဇင်ဘာ(၂၄)ရက်၊ ၂၀၂၂ ခုနှစ်

ကော်သူးလေ တပ်မတော် ၊ Freedom Fighter စစ်ကြောင်း၏ အပါတ်စဉ် (၁) သင်တန်းဆင်းပွဲနှင့် ကရင်နှစ်သစ်ကူး ၊ ခရစ်စမတ်အကြို ဂုဏ်ပြုပွဲအခမ်းအနားကို Freedom Fighter တပ်ရင်းစခန်း၌ ကျင်းပပြုလုပ်ပြီး ဒုတပ်ရင်းမှူး ဗိုလ်ဟယ်ရီမှ တစ်နိုင်ငံလုံးရှိ မိဘပြည်သူတွေ၊ရဲဘော်တွေ အတွက် နှစ်သစ်ဆုမွန်ကောင်း တောင်းပေးပြီး၊ ရဲဘော်များအား မိန့်ခွန်းစကားပြောကြားရင်း ပွဲအခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။

Photos from Drug & Crime Enforcement Special Task Force's post 13/12/2022

ဒီဇင်ဘာ (၁၃)ရက်၊ ၂၀၂၂ ခုနှစ်

အမေရိကန်နိုင်ငံ မွေး‌နေ့ရှင် ညီမ တစ်ယောက်မှ
မွေးနေ့အမှတ်တရအဖြစ် ကျေးရွာတစ်ခုမှာရှိတဲ့ ကလေးများအတွက် မုန့်၊ အအေး၊ သွားတိုက်တံ၊ သွားတိုက်ဆေး၊‌ ခေါက်ဆွဲခြောက်၊ Mask မွေးနေ့အလှူ ပေးတဲ့ အတွက် Freedom Fighter တွေမှ တစ်ဆင့် သွားရောက် ကူညီပေးဝေ ပေးခဲ့ပြီး Freedom Fighter တွေရဲ့ ဆေးမှူးမှ ကျန်းမာရေး ကူညီစောင့်ရှောက်ပေးမှုများ ပြုလုပ်ခဲ့ပါတယ်။


#သတင်းနှင့်ပြန်ကြားရေး

Photos from Drug & Crime Enforcement Special Task Force's post 12/12/2022

ကော်သူးလေတပ်မတော် ဗဟိုဌာနချုပ်၌ ဗိုလ်မှူးချုပ် နယ်ဒါးမြနှင့် Freedom Fighter တပ်ရင်း၊စစ်ကြောင်း အကြီးအကဲများ တွေ့ဆုံဆွေးနွေးမှုပြုလုပ်

Freedom Fighter တပ်ရင်း၊စစ်ကြောင်းသည် ကော်သူးလေတပ်မတော်ရဲ့ တရား၀င် တပ်ရင်း၊စစ်ကြောင်း တစ်ခုဖြစ်တာကြောင့် ဗိုလ်ချုပ်ရဲ့ ညွန်ကြားမှုဖြင့် စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်မှာဖြစ်ပြီး၊ Freedom Fighter ရဲ့ သက်ဆိုင်ရာ ခေါင်းဆောင်များအား တရား၀င်ရာထူးပေးအပ်၊ ခန့်အပ်ခြင်းများ ပြုလုပ်ခဲ့ပါသည်။


#သတင်းနှင့်ပြန်ကြားရေး

Photos from Drug & Crime Enforcement Special Task Force's post 09/12/2022

" ကော်သူးလေတပ်မတော် တပ်ရင်း၊စစ်ကြောင်း (၃) ခု စစ်ရေးဗျူဟာ အတွက် တွေ့ဆုံခြင်း "

ဗိုလ်ဟယ်ရီ ဦးဆောင်သော Freedom Fighter စစ်ကြောင်း ၊ ဗိုလ်လားဖိုး ဦးဆောင်သော Tiger စစ်ကြောင်း ၊ ဗိုလ်စောဗလာန ဦးဆောင်သော စစ်ကြောင်း တို့ တွေ့ဆုံပြီး စစ်နည်းဗျူဟာအရ
ပူးပေါင်း တိုက်ပွဲ၀င်ရန်နှင့် သက်ဆိုင်ရာ အရာရှိ၊ ရဲဘော်များ လိုက်နာရန် စည်းကမ်းကျင့်၀တ်များကို
ပြောဆို ဆွေးနွေးခဲ့ကြပါသည်။


#သတင်းနှင့်ပြန်ကြားရေး

14/10/2022

Freedom Fighter စစ်ကြောင်းကို NUG Pay နဲ့ ထောက်ပံ့ လှူဒါန်းလို့ ရသလို မဲလာ၀ယ်လို့လည်း ရပါတယ်

Photos from Drug & Crime Enforcement Special Task Force's post 07/10/2022

Freedom Fighter စစ်ကြောင်း စုဖွဲ့မှုရဲ့ ပုံရိပ်မှတ်တမ်းတစ်ချို့

https://t.me/freedomfightercolumn

Videos (show all)

မေ (၁) ၊ ၂၀၂၃ ခုနှစ်ကော်သူးလေအာမီ ၊ Freedom Fighter ဌာနချုပ်စစ်ကြောင်း မှ သက်ဆိုင်ရာ အရာရှိများကို ဗိုလ်ချုပ်နယ်ဒါးမြကို...
မိုးရွာ၊လေပြင်းတိုက်သောအခါ စခန်းရှိ ရဲဘော်များအခြေအနေ #FreedomFighter
ရုတ်တရက် မိုးရွာ၊လေပြင်းတိုက်သောအခါ #FreedomFighter
တာ၀န်ချိန်မှာ တာ၀န်အားလပ်ချိန်မှာ ဆရာနဲ့တပည့် မဟုတ်တဲ့ ညီအကိုလို ပေါင်းသင်းဆက်ဆံကြတဲ့ Freedom Fighter တွေ #FreedomFighte...
ကော်သူးလေတပ်မတော် Freedom Fighter စစ်ကြောင်း၊ ဆင်ဖြူစစ်ကြောင်း၊ Tiger စစ်ကြောင်း ၊ Venom Commando စစ်ကြောင်း၊ Federal Wi...
စစ်ရေးသတင်း ထုတ်ပြန်ချက်ဖေဖော်ဝါရီ (၁) ၊ ၂၀၂၃ ခုနှစ် Freedom Fighter စစ်ကြောင်းနှင့် ညီနောင် မဟာမိတ် Tiger Special Force...
မ င်းအော င်လှို င် နဲ့ အပေါင်းအပါများ မင်းတို့ရဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ဖို့၊ ပြည်သူလူထုကို ကာကွယ်ဖို့၊ တစ်နိုင်ငံ...
ကော်သူးလေအာမီ တည်ထောင်လိုက်ခြင်း၊ အခြားသော အဖွဲ့အစည်းများနဲ့ မည်သို့ပူးပေါင်းဆောင်မည်ကို ပြည်သူလူထုနှင့် ရဲဘော်များအတွက်...
အသစ်၀ယ်ယူထားတဲ့ M4 (6)လက် စမ်းသပ်ခြင်းအကြွေးနဲ့ ၀ယ်ယူထားရတာဖြစ်လို့ မိဘပြည်သူတွေအနေနဲ့ ပါ၀င်အား‌ဖြည့်ပေးကြပါအုံးခင်ဗျာကံ...