Authentic Healing

Authentic Healing

Spiritual, Personal development, Healing,Tarot, Oracle, Reiki

Photos from House of Booboo's post 23/12/2023

မနက်ဖြန် 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 𝑬𝒗𝒆 မှာ 𝑩𝒐𝒐𝒃𝒐𝒐 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 𝑾𝒐𝒏𝒅𝒆𝒓𝒍𝒂𝒏𝒅 ရဲ့ Tarot session မှာရှိနေမယ်နော်

နေ့ခင်းပိုင်းမှာဆို
𝑻𝒂𝒓𝒐𝒕 𝑺𝒆𝒔𝒔𝒊𝒐𝒏 𝒃𝒚 Authentic Healing
1𝒑𝒎-6𝒑𝒎 ကြား ရှိနေမှာပါ …

𝑨𝒖𝒕𝒉𝒆𝒏𝒕𝒊𝒄 𝑯𝒆𝒂𝒍𝒊𝒏𝒈 ဆရာမက
🎟️30k Bill သုံးဆောင်တဲ့ 𝑻𝒂𝒃𝒍𝒆အတွက်
𝑮𝒆𝒕 1 𝑭𝒓𝒆𝒆 𝑸𝒖𝒆𝒔𝒕𝒊𝒐𝒏.
🎟️𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔 𝑺𝒆𝒕 𝑴𝒆𝒏𝒖 သုံးဆောင်ရင်
𝑮𝒆𝒕 3 𝑭𝒓𝒆𝒆 𝑸𝒖𝒆𝒔𝒕𝒊𝒐𝒏𝒔 ဟောပေးသွားမှာပါ 😍

22/12/2023

သူများကိုဒုက္ခပေးပြီး
ကိုယ်ချမ်းသာဖို့ ကြိုးစာရတဲ့ပုဂ္ဂိုလ်ဟာ
ဘယ်တော့မှချမ်းသာသုခမရဘူး။

" ဣဿာ မစ္ဆရိယ " ဆိုတဲ့
မနာလိုဝန်တိုတဲ့စိတ်ဟာအမှန်တကယ်
ကိုယ့်ဟာကိုယ် ဖျက်ဆီးနေတဲ့စိတ်ပါပဲ ။

ပျက်စီးချိန်တန်လာပြီ ဆိုရင်လည်း
ဘယ်လိုအဆောင်၊ ဘယ်လိုယတြာမျိုးကမှ
မစွမ်းနိုင် မကယ်နိုင်တော့ဘဲ
ကျိန်းသေ ပျက်စီးကြရတော့မှာပါပဲ ။

(ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး)🙏🙏🙏🙏🙏



လောကီပညာ နယ်ပယ်ထဲရောက်လာတဲ့အခါမှာ အစီအရင် ယတြာတွေလုပ်ပေးနေရတဲ့အခါမှာ လူတယောက်ရဲ့ ကံတရားက သူလုပ်ခဲ့တဲ့အရာတွေပေါ်မှာလဲ အများကြီးမူတည်ပြီး ကူလို့မရတာတွေရှိပါတယ်။ သက်ရောက်တွက်တဲ့အခါမှာ ဘုမ္မိကျတဲ့နှစ်တွေ ဘုမ္မိနှစ်ထပ်ကွမ်းတွေ ဘုမ္မိကြီးတွေကျပေမဲ့ တချို့က ကျော်လွှားနိုင်ပြီး တချို့က မကျော်လွှားနိုင်ပါဘူး။

တခါဆိုရင် အခုမှမွေးကင်းစကလေးလေး အသက်အန္တာရယ်ရှိတာ သူ့ကံတရားအပြင် သူ့မိဘနဲ့ ကံတရားတွေကြည့်ပြီး ကူပေးရတဲ့အချိန်မှာ အသက်ရှင်ဖို့ ကံဇာတာလေးပါလာတော့ ချက်ချင်းကို ICU ခန်းထဲကနေ ထွက်လာရပြီး အခုတော့ ကျန်းမာပျော်ရွှင်တဲ့ မိသားစုလေးကိုကြည့်ရတာကလဲ စိတ်ချမ်းသာစရာပါပဲ။

07/12/2023

Page မှာကော အပြင်မှာကော တားရော့ Oracle ဟောတိုင်း မေးခံရတာက အခုအဖြေက တသက်လုံးစာမှန်လားလို့မေးကြတာများပါတယ်။

မမှန်ပါဘူး တသက်လုံးမမှန်နိုင်ပါဘူး

စာမေးပွဲဖြေမယ် အောင်မလားမေးတယ် ဒါပေမဲ့ အောင်မယ်ပြောထားလို့စာမလုပ်တော့ရင် အဲ့စာမေးပွဲက မအောင်နိုင်ပါဘူး။

ချစ်သူနဲ့ တသက်တာ ပေါင်းသင်းရမလားမေးတယ်။ လက်ရှိမှာ ပေါင်းသင်းရကောင်းရနိုင်တာဖြစ်နိုင်ပေမဲ့ တဖက်သူက မကြာခင်မှာ သေသွားရင်ကော ဒါက တသက်တာပေါင်းသင်းရတာကလဲ မှန်နိုင်တာပါပဲ။

တားရော့က လက်ရှိကံကြမ္မာကိုဖတ်တာလို့ပြောရင် ပိုမှန်နိုင်ပါတယ်။ တခါတလေ ကာယကံရှင်က Energy ပြောင်းလဲသွားတာ သို့မဟုတ် ဆုံးဖြတ်ချက်ပြောင်းလဲတာ သို့မဟုတ် mindset, attitude ပြောင်းလဲသွားရင်လဲ အဖြေကမတူနိုင်တော့ပါဘူး။

တားရော့ကို ဟိုမှာမေးလိုက် ဒီမှာမေးလိုက်နဲ့ စိတ်တွေ ဂယက်ထပြီး လုပ်နေရင်လဲ အဖြေတွေက ပြောင်းလဲနိုင်သလို ကိုယ်ကလဲ အရမ်းကို စိတ်တွေက mood swing တွေဖြစ် အရမ်း emotion တွေဖြစ်နေရင်လဲ ဖတ်ရတဲ့ တားရော့ဆရာ ဆရာမတွေကလဲ ကတ်ဖတ်တဲ့အခါမှာ energy ကိုလာထိတတ်ပါတယ်။

တသက်တာဆိုတာသိချင်ရင် Astrology နဲ့တကယ်သေသေချာချာ planet တွေconjunction ဖြစ်တာအထိ သေသေချာချာ ပြောပေးနိုင်တဲ့ ဆရာ ဆရာမတွေဆီမှာကြည့်ရင် ဘယ်အချိန်မှာဘာတွေဖြစ်ခဲ့ပြီး ဘယ်အချိန်မှာ ဘာတွေဖဖြစ်နိုင်တယ်ဆိုတာကို ဟောပြောပေးနိုင်ပါတယ်။

ဒါပေမဲ့ တနှစ်ချင်း တလချင်းသော်လည်းကောင်းပြန်ကြည့်ရင် အသေးစိတ် ပြန်ပြီးကြည့်လို့ရတဲ့အတွက် တနှစ်စာဟောစာတမ်းတွေ ပေါ်လာတာပဲဖြစ်ပါတယ်။

06/12/2023

တနှစ်စာဟောစာတမ်းတွေ ရယူနိုင်ပါပြီ။

📜တနှစ်စာ ဟောစာတမ်းဆိုတာ ဘာလဲ။
တနှစ်ဟာဟောစာတမ်းဆိုတာကတော့ မိမိရဲ့ နေ့နာမ်၊ မွေးရက်၊ မွေးလ အပေါ်မူတည်ပြီးတော့ မိမိရဲ့ တစ်လတာ (သို့မဟုတ်) တစ်နှစ်တာအတွင်း စီးပွါးရေး၊ ပညာရေး၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ငွေကြေးဆိုင်ရာ ကြုံတွေ့လာနိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ၊ ဆောင်ရန် ရှောင်ရန်တွေကို သေသေချာချာ စိစစ်တွက်ချက်ပြီး ဟောပေးတာဖြစ်ပါတယ်။

📜ဟောစာတမ်းကို ဘယ်လိုဟောပြောပေးလဲ။
မိမိတို့ရဲ့ ဟောစာတမ်းကို
မြန်မာလောကီပညာ၊ Astrology၊ Numerology၊
တရုတ်ပညာတွေနဲ့ပေါင်းစပ်ပြီး ဟောပြောပေးမှာဖြစ်ပါတယ်။

📜Online ကနေ မေးလို့ရလား။
Google Drive, Messenger, Viber တို့တွင် အသံဖိုင် သို့မဟုတ် လူကိုယ်တိုင်သော်လည်းကောင်းဟောပြောပေးပါတယ်။

📜ဟောစာတမ်းမှာ ဘာတွေပါမှာလဲ။
စီးပွါးရေး
ပညာရေး
အချစ်ရေး
အိမ်ထောင်ရေး
လူမှုရေး
ကျန်းမာရေး
ငွေကြေးဆိုင်ရာတွေကို ဟောပြောပေးမှာဖြစ်ပါတယ်။

📜ပညာဉာဏ်ပူဇော်ကြေး။
ပညာဉာဏ်ပူဇော်ကြေးသည်
တနှစ်စာ ဟောစာတမ်းကို ၁၀၀,၀၀၀ ကျပ်ဖြစ်ပါတယ်။
တလစာ ဟောစာတမ်းကို ၁၀,၀၀၀ ကျပ်ဖြစ်ပါတယ်။

ဟောစာတမ်းကို ပညာဉာဏ်ပူဇော်ကြေးအား ပူဇော်သည့်နေ့မှစ၍ တပတ်အတွင်းရရှိမည်ဖြစ်ပါသည်။ အကယ်၍ တပတ်အတွင်းမရနိုင်လျှင် ကြိုတင်၍ အကြောင်းကြားပေးမည်ဖြစ်ပါသည်။

ဆရာအောင်သူရ၏ တပည့်
ဆုလှိုင်အေး
( တောင်စဉ် ရှမ်းပညာ ၊ ဝိဇ္ဇာသိပ္ပပညာ ၊ ဝေ လာ သာ ရ ပညာ ၊
ကျစ်ဝေးဂိုဏ်းပညာ ၊ လျို့ရန့်ဂိုဏ်းပညာ
ထိုက်ယီး ဂိုဏ်းပညာ ၊ ပါးကွ ဂိုဏ်းပညာ၊ ယွိချင်းဂိုဏ်းပညာ)

06/12/2023

မင်္ဂလာပါ ဒီနေ့ ကျွန်မ သင်ယူထားတဲ့ပညာတွေဖြစ်သော ဖုန်းရွှေ၊ သောက်ပညာ၊ တရုတ်ပညာတွေနဲ့ မြန်မာလောကီပညာတွေကို ပြောပြပါရစေ

ကျွန်မကို သင်ကြားပေးတဲ့ဆရာကတော့ ဆရာဦးအောင်သူရဖြစ်ပါတယ်။

ဆရာကတော့ လောကီပညာတွေကို ငယ်စဉ်ကတည်းက သင်ယူလာတာပါ။ ငွေကြေးများလဲ လွန်စွာကုန်ကျခဲ့ပါတယ်။ ဒါပေမဲ့ ဆရာ့ရဲ့ မျှဝေပေးချင်တဲ့ စိတ်ဆန္ဒနဲ့ တပည့်တွေကို ငဲ့ညှာသောအားဖြင့် မများသော ပညာဉာဏ်ပူဇော်ကြေးဖြင့်သာ သင်ပေးနေပါတယ်။ ဆရာက အရမ်းအလုပ်များပေမဲ့လဲ ကျွန်မတို့ကို တတ်စေချင်တဲ့ စေတနာနဲ့ အပတ်တိုင်းစနေနေ့တိုင်း သင်ပေးပါတယ်။ စနေနေ့မှာသင်တဲ့ပညာတွေဟာ အရမ်းကိုလေးနက်ပြီး တကယ်ကို လက်တွေ့မှာ ပြန်ပြီး အကူအညီလိုအပ်တဲ့သူတွေကို သေသေချာချာပြန်ပြီး ဟောပြောပေးလို့ရအောင်တကယ့်လက်တွေ့လောကီ အသုံးချပညာရပ်တွေကိုသင်ပေးတာပါ။

ထို့အပြင်ဆရာ့ဆီမှာသင်ယူခဲ့တဲ့ ပညာရပ်တွေကတော့

၁။ တောင်စဉ်ဝိပဿနာ စာမဝိဇ္ဇာဓိရ ဣစ္ဆာသရ ရှမ်းမနောပညာ
၂။ ဝိဇ္ဇာသိပ္ပပညာ
၃။ ဝေလာသာရပညာ
၄။ ကျစ်ဝေးဂိုဏ်ပးညာ
၅။ လျို့ရန့်ဂိုဏ်းပညာ
၆။ ထိုက်ယီးဂိုဏ်းပညာ
၇။ ပါးကွဂိုဏ်းပညာ
၈။ ဟေးလောင်ထိုက် နတ်မြေခွေးပညာ
၉။ ဟူရှန်းနတ်မြေခွေးပညာ
၁၀။ ဖုန်းရွှေပညာ
၁၁။ ယွိချင်းဂိုဏ်းပညာ
စသည်တို့ကို ၂၀၂၁ ကနေစပြီး သင်ယူလေ့လာခဲ့တာပါ။

အခုကတော့ ဆရာ့ထံမှ တရားဝင် ခွင့်ပြုချက်တောင်းပြီးထားသလို လက်ရှိမှာလဲ တကယ်ကို ကူညီပေးနိုင်ပြီလို့ ယုံကြည်တဲ့အတွက် အခုမှစတင်ပြီးတော့

၁။ လာဘ်ဖွင့်ခြင်း
၂။ ဆိုင်ခန်း၊ ရုံးခန်း လာဘ်ဖွင့်ခြင်း
၃။ လာဘ်လာဘအစီအရင်
၄။ ပီယ အစီအရင်
၅။ ပညာရေးအစီအရင်
၆။ အချစ်ရေး အိမ်ထောင်ရေး အစီအရင်
၇။ ကျန်းမာရေးအစီအရင်
၈။ အိမ်ခြံမြေရုံးခန်း သန့်စင်ခြင်း
၉။ လူမှုရေးအနှောင့်အယှက်အစီအရင်
ကို စတင်ပြီး လက်ခံ၍ ဟောကြားပေးမည်ဖြစ်ပါသည်။

Online မှသော်လည်းကောင်း နန်းသို့ လာရောက်၍ မေးမြန်းနိုင်ပါသည်။

ကြိုတင်၍ စုံစမ်းမေးမြန်းပေးပါ။

ထို့အပြင် လေးစားသမှုအနေဖြင့် ချိန်းဆိုထားသည့်အချိန်ကိုအရောက်လာခြင်းဖြင့်ကူညီပေးပါ။ အကယ်၍ မလာနိုင်ပါလျှင် ကြိုတင်၍ အကြောင်းကြားပေးပါ။

30/11/2023

အခုလာမဲ့ weekend မှာ တားရော့ Oracle ကို အပြင်မှာဟောပေးမဲ့ အစီအစဉ်လေးရှိပါတယ်

တခြားသော အလှအပရေးရာတွေဖြစ်တဲ့ skincare, အဝတ်အစား၊ ဝိုင်၊ ဆေးတွေအပြင် လက်သည်းအလှဆင်တာတွေကော အိုးချစ်စရာလေးတွေကို သူငယ်ချင်းတွေ ကိုယ့်ချစ်သူ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့အတူ ဆုံကြရင်း လာခဲ့ဖို့ဖိတ်ခေါ်ပါတယ်။

၂ ရက်နေ့နဲ့ ၃ ရက်နေ့ပါနော်

^ 𝗧𝗵𝗲 𝗰𝗮𝗹𝗹 𝗼𝗳 𝘁𝗵𝗲 𝐁𝐨𝐨𝐛𝐨𝐨 𝐁𝐚𝐳𝐚𝐚𝐫
𝐂𝐡𝐚𝐩𝐭𝐞𝐫-𝟱 !🤩

ဒီတစ်ပတ် စနေ နဲ့ တနင်္ဂနွေ
𝐃𝐞𝐜 𝟐 & 𝐃𝐞𝐜 𝟑 မှာ
𝐁𝐨𝐨𝐛𝐨𝐨 𝐁𝐚𝐳𝐚𝐚𝐫 𝐂𝐡𝐚𝐩𝐭𝐞𝐫-𝟱
ရှိနေမယ်နော်...

𝐂𝐡𝐚𝐩𝐭𝐞𝐫-𝟱 ရဲ့ စိတ်ဝင်စားစရာ
𝑽𝒆𝒏𝒅𝒐𝒓𝒔 တွေက
ဘာတွေ ဖြစ်မလဲ...

*မယ်သီ’s Skin Care
*The One Fashion & Boutique
*Candy Fancy House & Nail Art
*Pamela Pottery
*LLTT clothing
*V.Jun Myanmar
*Vitabiotics Myanmar - WellFamily
*ASHROLYTE ors
*𝗡𝘄𝗲 𝗟𝗮𝘆 𝗛𝗹𝗮𝗶𝗻𝗴 𝗙𝗮𝘀𝗵𝗶𝗼𝗻
*Kustie Shower Gel
*𝗪𝗶𝗻𝗲 𝗕𝘆 𝗚𝗹𝗮𝘀𝘀

ဒါတင်ပဲလားဆို
🔮𝗧𝗮𝗿𝗼𝘁 𝗦𝗲𝘀𝘀𝗶𝗼𝗻 အတွက််...
Authentic Healing ကို ဖိတ်ခေါ်ထားပါတယ်

𝗣𝗮𝘆𝗱𝗮𝘆 𝗪𝗲𝗲𝗸𝗲𝗻𝗱 မှာ
𝗛𝗮𝗻𝗴𝗼𝘂𝘁 ထွက်ရင်း
𝗦𝗵𝗼𝗽𝗽𝗶𝗻𝗴 လည်း လုပ်ရင်း
𝐁𝐨𝐨𝐛𝐨𝐨 𝐁𝐚𝐳𝐚𝐚𝐫 ကို
လာလည်ဖို့ဖိတ်ခေါ်လိုက်ပါတယ် …

𝘿𝙞𝙣𝙚-𝙞𝙣 သုံးဆောင်လိုသော
𝙂𝙪𝙚𝙨𝙩𝙨 များအနေဖြင့်
𝙃𝙊𝘽 ဆိုင်ဖုန်း သို့
𝙏𝙖𝙗𝙡𝙚 𝙍𝙚𝙨𝙚𝙧𝙫𝙖𝙩𝙞𝙤𝙣 ကြိုယူနိုင်ပါတယ်…

𝐁𝐨𝐨𝐛𝐨𝐨 𝐁𝐚𝐳𝐚𝐚𝐫 𝐂𝐡𝐚𝐩𝐭𝐞𝐫-𝟱
𝐃𝐞𝐜 𝟐 & 𝐃𝐞𝐜 𝟑
10𝗔𝗠 𝘁𝗼 6𝗣𝗠

𝑯𝒐𝒖𝒔𝒆 𝒐𝒇 𝑩𝒐𝒐𝒃𝒐𝒐
အင်းစိန်လမ်းမကြီးပေါ်၊
သုခမှတ်တိုင်၊ လှိုင်မြို့နယ်။
+95 9781927728

Photos from Authentic Healing's post 27/11/2023

တန်ဆောင်မုန်းလပြည့်နေ့ Special Sale

တန်ဆောင်မုန်းလပြည့်နေမှာ ကျွန်မတို့ Authentic Healing မှ ရောင်းချတဲ့ Crystal လေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

Crystal လေးတွေကို ယနေ့ခေတ်မှာ ပုံစံအမျိုးမျိုးနဲ့ မိမိတို့ရဲ့ စိတ်ရောကိုယ်ပါ ကျန်းမာရေး၊ လာဘ်လာဘ ပေါကြွယ်ဝရေးအတွက် ဆောင်ထားကြပါတယ်။

ယနေ့ တန်ဆောင်မုန့်လပြည့်နေမှာတော့ Authentic Healing အနေနဲ့ Crystals လေးတွေကို စျေးသက်သက်သာသာဝယ်ယူနိုင်ဖို့အတွက် Special Sale အစီအစဉ်လေးရှိပါတယ်။

သက်ဆိုင်ရာ Crystal လေးတွေရဲ့ အောက်မှ စျေးနှုနိးလေးတွေကိုဖော်ပြပေးထားပါတယ်။

Special Sale အစီအစဉ်လေးက ဒီနေ့ တစ်ရက်တည်းဖြစ်လို့ မိမိနှစ်သက်တဲ့ Crystal လေးတွေကို Authentic Healing Page Messenger မှာ တဆင့်လာရောက်ဝယ်ယူနိုင်ပါပြီ။

21/11/2023

Relationship တွေမှာ အမြဲတမ်းအဆင်ပြေနေတာမဟုတ်သလို အမြဲတမ်းလဲ ရန်ဖြစ်ပြီး စကားများ ညှိနှိုင်းမရ ပြသနာတွေတက်နေတာတော့မဟုတ်ပေမဲ့လဲ

တချို့က အဆင်ပြေနေကြတယ်
တချို့ကတော့ လမ်းခွဲကြတယ်
အာဃာတတွေကြီးလာတယ်
မာနတွေပြိုင်ကြတယ်
စကားနာတွေထိုးကြတယ်
Emotion အရတင်မဟုတ်ပဲ လက်ပါလာတာတွေလဲရှိကြတယ်
တချို့ကတော့ psychology အရ တဖက်သားကို နည်းအမျိုးမျိုးနဲ့ နှိပ်စက်ကြတယ်

ဒါတွေက လင်မယား သမီးရည်းစားမှမဟုတ်ဘူး မိသားစုတွေမှာလဲဖြစ်ပါတယ် သားအမိ သားအဖတွေ မြေးအဘွား မြေးအဘိုးတွေ ညီအကိုမောင်နှမတွေ အဒေါ် ဦးလေး တူ တူမတွေ သူငယ်ချင်း အိမ်နီးချင်း ဆရာတပည့်တွေ လုပ်ဖော်ကိုင်ဖက် သူဌေး ဝန်ထမ်းတွေဟာလဲ အပါအဝင်ပါပဲ

ဒါ့ကြောင့် တချို့သောသူတွေက ဘဝမှာ သင်ခန်းစာပေးဖို့လဲဆုံနိုင်သလို တိုးတက်အောင်ကူညီပေးတာလဲရှိနိုင်ပါတယ်

Relationship Energy မှာ တခါတလေကျရင် soulmate လို့ထင်ရပေမဲ့လဲ Karmic relationship ကိုနောက်ကျမှ ဘွားကတည်း ပေါ်လာတာတွေလဲ ရှိနိုင်ပါတယ်

Relationship Energy စစ်တာဟာ သေသေချာချာ အချိန်ပေးပြီး ဆွေးနွေးနိုင်မှသာ တကယ်သေချာတဲ့ အဖြေကိုသိရမှာပါ

20/11/2023

ချစ်နေရတာ ပျော်နေရတာပဲ လိုချင်တာ တနေ့ကျရင် ခွဲခွါရမယ်ဆိုတာကို မေ့နေတတ်တယ်

19/11/2023

မနက်နိုးလာပြီဆိုရင် ဘာလုပ်လေ့ရှိပါလဲ

တခါတလေ ဖုန်းကိုင်ပြီး Facebook သုံးနေလေ့ရှိတာလား
Notification တွေဝင်ကြည့်တာလား
ဖုန်းခေါ်လို့နိုးလာတာလား

ဒီတိုင်းလုပ်နေကျ မျက်နှာသစ် ရေချိုးတာလား

တနင်္လာနေ့မလို့ ကတိုက်ကရိုက်ထပြီး အလုပ်သွားဖို့ပြင်နေတာလား

ဒါမှမဟုတ် alarm မြည်သံကြားတဲ့အချိန်မှာ snoozeလုပ်ပြီး ပြန်အိပ်နေတာလား

ဒါမှမဟုတ် ယုံကြည်ရာ ဘာသာရေးနဲ့ဆိုင်ရာတွေကို လုပ်နေတာလား

အလုပ်လုပ်တာလား

မနက်ကိုကော ဘယ်အချိန်ထလေ့ရှိလဲ

ဒီအကျင့်တွေက ဘာတွေရယ် မဟုတ်ပေမဲ့ ကိုယ့်ဘဝကို ပြောင်းလဲမှုစစေနိုင်သလို အရင်က ကိုယ်နဲ့ အခုလက်ရှိကိုယ်ကို ပြောင်းလဲ စေနိုင်ပါတယ်။

ကျွန်မတို့ဟာ ပတ်ဝန်းကျင်မှာ ဘယ်လိုအရာတွေနဲ့ နေ့တိုင်း ဖြတ်သန်းလာပြီး ကြီးပြင်းလာတယ်ဆိုတာဟာလဲ အရမ်းအရေးကြီးပါတယ်။

10/11/2023

Professional

လူတွေက ပြောတတ်ကြတယ် သူကအရမ်းတော်တာပဲ သူကအရမ်း professional ပီသလိုက်တာ ဘာလုပ်လုပ် အရာရာက ပြီးပြည့်စုံအောင်မြင်နေတာပဲ သူက Leadership skill နဲ့ပြည့်စုံလိုက်တာ သူ့ဆီကနေ ပညာတွေသင်ယူရမယ် သူဒီလိုပိုက်ဆံရှာနိုင်သလို ငါလဲ ရှာရမယ် ဘာလုပ်မယ် ညာလုပ်မယ်နဲ့ လေကြီးကြပါတယ်။

တကယ်ကော လုပ်ဖြစ်ကြလား????????

Resilience

ကျွန်မတို့က အမြဲ ဆင်ခြေတသိန်းနဲ့ ငါတော့ ဘာမလုပ်နိုင်ဘူး ဟိုဟာမလုပ်နိုင်ဘူး ဒီဟာမလုပ်နိုင်ဘူးနဲ့ ပြောတတ်ကြတယ် ဘယ်နှစ်ကြိမ် ကြိုးစားကြည့်ပြီးပြီလဲ

ကျွန်မတို့က လွယ်လင့်တကူ အရှုံးပေးတတ်ကြတာလား???????

Tenacity

အခုဆို ကထိန်လာတော့မယ် တော်တော်များများက ပိုက်ဆံကြဲရင် လုကောက်ဖူးတဲ့သူရှိနိုင်သလို တချို့ကလဲ ငယ်ငယ်က လိုချင်တာရဖို့အတွက် ငိုယိုပြီး မိဘကို ပူဆာကြဖူးတာပဲ။

ဒါပေမဲ့ တကယ်အရွယ်ရောက်လာချိန်မှာကော ကိုယ်လိုချင်တဲ့အရာတွေကို ဘယ်လောက်ကြိုးစားအားထုတ်ပြီးကြပြီးပြီလဲ??????

Discipline

ကိုယ်လိုချင်တာရဖို့အတွက် စိတ်ပါမှ ထလုပ်တာလား ဒါမှမဟုတ် စနစ်တကျနဲ့ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်သေချာဆွဲပြီး SMART Goal တွေနဲ့ သေချာအကောင်အထည်ဖော်မှာလား

ဒါတွေဟာ ကျွန်မတို့ရဲ့ ဘဝကြီးကိုပြောင်းလဲနိုင်မှာပါ။ ရေစက်တပေါက်ပဲဖြစ်နေရင်တောင်ကြာရင် ကိုယ်လိုချင်တာတွေကို ရလာနိုင်မှာပါ။

အားလုံးပဲ မင်္ဂလာညချမ်းလေးပိုင်ဆိုင်နိုင်ကြပါစေ

19/09/2023

Authentic Healing ကနေပြီးတော့ အပြင်မှာ တားရော့ဟောပေးရင်း crystal, Reiki တို့အပြင် Astrology နဲ့ပတ်သက်တာတွေကို ဟောပြောပေးမဲ့ အစီအစဉ်ရှိပါတယ်ရှင်

🌸🌸🌸 Junction Square မှာ ကျင်းပပြုလုပ်မဲ့ Consumer Products Fair မှာ ၂၂ ရက်နေ့ကနေ ၂၄ ရက်နေ့ထိ မနက် ၉ နာရီကနေ ညနေ ၇ နာရီထိရှိပါမယ်

🧡🧡🧡 Tarot reading, Oracle reading, Astrology, Reiki healing, Relationship Energy တို့အပြင် မိုးကုတ်ထွက် ကျောက်တွေနဲ့ထုဆစ်ထားတဲ့ ဘုရား၊ စိန်ဖူးတော်အပြင် Crystal tower အစုံအလင်တို့ကိုပါ လာရောက်အားပေးဖို့ဖိတ်ခေါ်ပါရစေ

🦋🦋🦋 Page ကနေတဆင့် Booking ပြုလုပ်နိုင်သလို အားတဲ့အချိန်လဲ လာရောက်အားပေးနိုင်ပါတယ်

🍀🍀🍀 ၅၀.၀၀၀ ဖိုးပြည့်တိုင်းမှာလဲ Spin wheel လှည့်တဲ့ ကံစမ်းမဲ အစီအစဉ်လဲရှိပါတယ်

🌺🌺🌺 ဒါ့အပြင် Page like လုပ်ပေးပြီး ယခု post ကိုရှယ်ပေးပြီး လာရောက်အားပေးတဲ့သူတိုင်းကိုလဲ ပျော်ရွှင်စရာ ကံစမ်းမဲအစီအစဉ်လေးတွေကို သီးသန့်ပေးဖို့လဲ ရှိလို့ Junction square ကိုလာရင်းနဲ့ Authentic Healing booth ကိုလာရောက်ဖို့ ဖိတ်ခေါ်ပါရစေ

Photos from Authentic Healing's post 06/09/2023

Jupiter Retrograde (Part 2)

Jupiter Retrograde က စက်တင်ဘာ (၄) ရက်နေ့မှ စတင်ဝင်ရောက်ပြီဖြစ်ပါတယ်။ အခုအချိန်ကနေစပြီးတော့ လက်ရှိဘဝမှာ ထူးခြားကောင်းမွန်တဲ့ပြောင်းလဲမှုတွေက စောင့်ကြိုနေပါတယ်။ ဒါပေမဲ့ Zodiac sign တွေပေါ်မူတည်ပြီးတော့ မတူညီတဲ့ပုံစံလေးတွေတော့ကြုံရမှာဖြစ်ပါတယ်။

Photos from Authentic Healing's post 04/09/2023

Jupiter Retrograde (Part 1)

Jupiter Retrograde က ဒီနေ့ စက်တင်ဘာ (၄) ရက်နေ့မှာ စတင်ဝင်ရောက်ပြီဖြစ်ပါတယ်။ အခုအချိန်ကနေစပြီး လက်ရှိဘဝမှာ ထူးခြားကောင်းမွန်တဲ့ပြောင်းလဲမှုတွေက စောင့်ကြိုနေပါတယ်။ ဒါပေမဲ့ Zodiac sign တွေပေါ်မူတည်ပြီးတော့ မတူညီတဲ့ပုံစံလေးတွေတော့ကြုံရမှာဖြစ်ပါတယ်။

Photos from Authentic Healing's post 31/08/2023

Super blue moon ဟာ ၃ နှစ်နေမှတကြိမ်ဖြစ်တာပါ ဒါ့အပြင် တလတည်းမှာ ၂ ကြိမ်တိုက်တိုက်ဆိုင်ဆိုင် လပြည့်က ၂ကြိမ်ကြုံရတာပါ။

ဒီနေ့ Abundance and Prosperity နဲ့ Cleansing လေးမျှဝေချင်ပါတယ်

31/08/2023

ဒီလပြည့်နေ့ဟာ ထူးထူးခြားခြားအနေနဲ့ blue moonလဲဖြစ်သလို Retrograde တွေကလဲ အများကြီးစုံပြီးတော့ လူတွေလဲ အရမ်းကိုပင်ပန်းခဲ့ရပြီးပါပြီ

ဒါ့အပြင် Moon in Pieces လဲဖြစ်တော့ လူတွေက ဘာမှမလုပ်ချင်မကိုင်ချင်နဲ့ ပျင်းနေသလိုစိတ်တွေလဲရှိနေနိုင်သလို Natal Chart မှာ Moon in Pieces, Rising in Pieces, Pieces in House 3,9,12 တို့မှာ Pieces, Sagittarius ပါတဲ့သူတွေဟာလဲ အခုချိန်မှာသာ spiritual awakening ဖြစ်တာမျိုးတွေကြုံရတဲ့အချိန်ကာလပေမဲ့ တောင်ထင်မြောက်ထင်တွေကိုတော့ကြုံရနိုင်သလို အဖျက်အစီးတွေလဲကြုံရနိုင်ပါတယ်။

ဒီအချိန်ကလူတိုင်း ကောင်းတာရဖို့ ကြန့်ကြာနေတာလေးတွေရှိနိုင်ပါတယ်။

ဒီနေ့မှာတော့ အခုချိန်ထိကျွန်မတို့ ကြုံခဲ့ရတဲ့ အမောလေးတွေကို ၅ မိနစ်လောက်ဖြစ်ဖြစ်အချိန်ပေးပြီး ခဏလောက် ကိုယ့်အတွက် အေးချမ်းရာလေး လုပ်ကြရအောင်

အရင်ဆုံး အသက်လေးကို တရှိုက်ကြီး နက်နက်ရှိုင်းရှိုင်း ရင်ဘတ်ထဲအပြည့် ရှုသွင်းလိုက်ကြရအောင်

ပြီးရင်ဖြည်းဖြည်းချင်းပါးစပ်ကနေ မှုတ်ထုတ်လိုက်ရအောင်

ရင်ဘတ်ထဲ တင်းကျပ်နေတဲ့အရာတွေကို ဖြည်းဖြည်းချင်း လျှော့ချလိုက်ပါ

အခုချိန်ထိ ရှင်သန်နိုင်အောင် နေထိုင်ခဲ့တဲ့ မိမိကိုယ်ကို ကြည့်လိုက်ပါ ပြောချင်တာတွေရှိရင်ပြောပေးလိုက်ပါ

ဒီနေ့တော့ ပင်ပန်းနေတဲ့စိတ်လေးတွေကို ခဏလောက်လေး အသက်ရှုခွင့် နားခွင့်လေးပေးလိုက်ကြရအောင်

07/08/2023

One month reading service ကို Violet Crown page ကနေ ပေးနေပါပြီ။ စိတ်ဝင်စားသူတိုင်း ဆက်သွယ်ပေးကြပါ

‼️ Giveaway ‼️

🤩 လာမယ့် ၁၂ ရက်နေ့နဲ့ ၁၃ ရက်နေ့ ည ၇ နာရီမှာ ပြုလုပ်မယ့်

🌻 LOVE, LIGHT & LIFE of the UNIVERSE Forum 🌻

အတွက် Violet Crown page ကနေ Register လုပ်သူတိုင်းကို Personalized one month reading service ( မိမိ လိုချင်တဲ့ လအတွက် ယူနိုင်ပါတယ်) မေတ္တာလက်ဆောင် ပေးသွားမှာ ဖြစ်ပါတယ်။

🤩 ဒီ Forum မှာ ဘာအကြောင်းတွေ ပြောမှာလဲ ဆိုတော့……

💥Agenda shortlist of Gorgeous Forum 💥

❤️Candle Healing
🍏The Art of Detachment
💜Oracle
🦋RS Energy
🌹Relationship Coaching
🌸Mindset Coaching
🌟Life Coaching
🌈Personal Development
🌺Psychology
💎Crystal
🪐Astrology
🪻Tarot
🌠Energy, Vibration & Frequency
🌻Oracle Vs Tarot
🔮Oracle in Coaching & Healing
🍁RS Energy Vs Soul Connection
🪁 Detachment Vs Cutting Cords
🎆Passion & Profession
📚Tarot & Astrology
💗Crystal Healing
💓Energy Healing

🤩 ဒီ Forum အတွက် ENERGY EXCHANGE FEES က
မြန်မာငွေ - ၇၇,၇၇၇ ကျပ် ဖြစ်ပြီး
Oversea participant တွေ အတွက် ကတော့ SGD - 77 ဖြစ်ပါတယ်။

🤩 စိတ်ဝင်စားလို့ join ချင်တယ် ဆိုရင်တော့ Page ရဲ့ Chatbox မှာ ဆက်သွယ်လိုက်ရုံနဲ့ လိုအပ်တဲ့ အချက်အလက်တွေကို ပြောပြပေးသွားပါမယ်။

🤩 ဒါဆိုရင် Personalized one month reading မေတ္တာလက်ဆောင် ရယူရင်းနဲ့ Forum လေးမှာ ပါဝင်လိုက်ကြရအောင်ပါရှင်။ 😘

05/08/2023

❤️💥🌻ချစ်ခြင်းမေတ္တာ၊ ကိုယ်ပိုင်အလင်းရောင်နှင့်အတူ ပြည့်စုံအေးချမ်းသောကိုယ်ပိုင်ဘဝ ကိုယ်ပိုင်အလှအတွက် “Love, Light & Life of the Universe” forum

Spirituality, Energy & Divinations ဘာသာရပ်ပေါင်းစုံစုတုပြုပေါင်းချုပ် ပညာရပ်အစုံ ပညာရှင်ဆွေးနွေးပွဲ Forum ❤️💥🌻

💜🌟💖Forum တွင်ဆွေးနွေးပြောပြပေးမည့် ဘာသာရပ်၊ ပညာရပ်၊ အကြောင်းအရာများ💜🌟💖

💥Agenda shortlist of Gorgeous Forum 💥
❤️Candle Healing
🍏The Art of Detachment
💜Oracle
🦋RS Energy
🌹Relationship Coaching
🌸Mindset Coaching
🌟Life Coaching
🌈Personal Development
🌺Psychology
💎Crystal
🪐Astrology
🪻Tarot
🌠Energy, Vibration & Frequency
🌻Oracle Vs Tarot
🔮Oracle in Coaching & Healing
🍁RS Energy Vs Soul Connection
🪁 Detachment Vs Cutting Cords
🎆Passion & Profession
📚Tarot & Astrology
💗Crystal Healing
💓Energy Healing

Love, Light & Life of the Universe ဆိုတဲ့ နာမည်လေးကို ပေးဖြစ်ခဲ့တဲ့အကြောင်းရင်းလေးကတော့ ကျွန်မတို့အားလုံး ကျွန်မတို့ သင်ယူတတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ Universe ထဲက ရေစက်ဆုံသမျှလူတိုင်းအပေါ် အချစ်တွေ အပြည့်နဲ့ ချစ်ခင်လေးစားစွာမျှဝေပေးခဲ့သလို ပညာအလင်းတွေနဲ့ လူတွေရဲ့ ဘဝကို အလင်းတွေ အများကြီးပေးပြီး အကောင်းဘက်ကို ပြောင်းလဲပေးစေခဲ့ပြီး ဘဝတွေကို ပြောင်းလဲတိုးတက်ကောင်းမွန်စေခဲ့ပါတယ်ဆိုတဲ့ ကောင်းမွန်တဲ့ရည်ရွယ်ချက်လေးနဲ့ ပေးဖြစ်ခဲ့တာပါ

ပညာရပ် အတတ်သင် အတန်းများမဟုတ်ဘဲ ပညာရပ်အကြောင်း မှန်ကန်တိကျသော ဘာသာရပ်ဆိုင်ရာနည်းစနစ်များကို သိနားလည်စေရန် မျှဝေ ပြောပြပေးမယ့် ပညာရပ်ဆိုင်ရာ forum ဖြစ်ပါတယ်

Energy Exchange Fees

Local Participants 77,777MMK
Overseas Participants 77 SGD

Date 12.8.2023 & 13.8.2023 (2 days)

Registration Format
နာမည်အရင်း (Real Name)
မွေးနေ့
Email
ဓာတ်ပုံ (တစ်လအတွင်းရိုက်ထားသောပုံ)
နေထိုင်ရာနိုင်ငံ
Forum တက်ရောက်ရခြင်းအကြောင်းအရင်း နဲ့အတူ page messengerလာရောက်အပ်နှံနိုင်ပါပြီရှင့်

Limited Seat Only.

💖💞💕ကိုယ်ပိုင်ဘဝမှာ အချစ်၊ အလင်း၊ တိုးတက်ပြည့်စုံခြင်းဖြင့် တောက်ပလှပအေးချမ်းကြစေဖို့ "Love, Light & Life of the Universe” Gorgeous Forum 💖💞💕

01/08/2023

ယနေ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ၊ (၁) ရက်နေ့တွင် ကျရောက်‌သော ဓမ္မစကြာအခါတော်နေ့၊ ဝါဆိုလပြည့် အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်။

26/07/2023

ကျွန်မတို့ရဲ့ ဒေါသက တခါတလေကျရင် မထင်မှတ်ထားတဲ့ ဆုံရှုံးနစ်နာမှုတွေရှိတတ်တယ်။

တခါတလေ စိတ်အခန့်မသင့် ပြောမိတာကလဲ နောင်တချိန်မှာ ကိုယ်တိုင် ယူကျုံးမရတဲ့ အခြေအနေတွေရောက်ရတာရှိသလို တခါတလေကျတော့လဲ လက်ပါမိလို့ မလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေ ကြုံရတတ်ပါသေးတယ်။

Anger management ဆိုတာက ပြောတော့တာ ဘာမှမဟုတ်တာ ကျွန်မတို့ကိုယ်တိုင်လဲ အခုချိန်ထိ စိတ်နဲ့ လူကို စိတ်ဒုက္ခအပေးဆုံးနဲ့ ကိုင်တွယ်ဖြေရှင်းရအခက်ဆုံးပါ ဒီလိုမျိုးတွေကို ကျွန်မတို့က Love, Light and Life of the Universe Forum မှာ မျှဝေပေးမှာဖြစ်ပါတယ်။

Energy Exchange Fees

Local Participants 77,777MMK
Overseas Participants 77 SGD

Date 12.8.2023 & 13.8.2023 (2 days)

Registration Format
နာမည်အရင်း (Real Name)
မွေးနေ့
Email
ဓာတ်ပုံ (တစ်လအတွင်းရိုက်ထားသောပုံ)
နေထိုင်ရာနိုင်ငံ
Forum တက်ရောက်ရခြင်းအကြောင်းအရင်း နဲ့အတူသက်ဆိုင်ရာ အတန်း page messenger မှာ လာရောက်အပ်နှံနိုင်ပါပြီရှင့်

Limited Seat Only.

💖💞💕ကိုယ်ပိုင်ဘဝမှာ အချစ်၊ အလင်း၊ တိုးတက်ပြည့်စုံခြင်းဖြင့် တောက်ပလှပအေးချမ်းကြစေဖို့ "Love, Light & Life of the Universe” Gorgeous Forum 💖💞💕
🌻🍀🦋

25/07/2023

ကျွန်မတို့နေထိုင်ရာ ကမ္ဘာကြီးမှာ လူတွေက အချစ်နောက်လိုက်ကြတဲ့ ပုံစံတွေအမျိုးမျိုးရှိပါတယ်။ တချို့က လှလို့တဲ့ တချို့က နာမည်ကြီးလို့ တချို့က ပိုက်ဆံရှိလို့ တချို့ကတော့ ပညာတတ်မလို့ တချို့ကကြတော့လဲ နောက်ခံ background ကောင်းလို့တဲ့ စတဲ့ material world အယောင်ဆောင်လိုပုံစံမျိုးတွေနဲ့ တဖက်သူတွေကို ချဉ်းကပ်ခဲ့ကြပြီး တကယ့်လက်တွေ့မှာကြတော့ တဖက်သူရဲ့ Dark side တွေကိုမြင်လာတော့ ထွက်ပြေးကြတယ်။

အဲ့သူက ဘယ်လိုမကောင်းတာပါဆိုပြီးပြောကြသလို တချို့ကကြတော့လဲ ဒီလူက ငါလိုချင်တဲ့ Right person မဟုတ်ဘူးတဲ့လေ။ တခါတလေကြတော့ အချစ်ဆိုတာ ဘာမှန်းတောင် မသိကြဘူးလို့ပြောကြသလို အချစ်က ပြောင်းလဲတတ်တယ်တဲ့။

ကျွန်မတို့ကကော အနားကသူတွေကို ချစ်လား
သူတို့ရဲ့ dark side တွေတွေ့ရင်ကော ဘယ်လိုတုန့်ပြန်ကြလဲ
၂ယောက်ကြားထဲက အမြဲ toxic relationship တွေကကော ဘယ်ကနေ ဘယ်လိုပြောင်းလဲ သွားတာလဲ
တကယ်ကော ချစ်ခဲ့တာလား
သူ့ဆီမှာ ရှိတဲ့အရာကို သဘောကျတာလား လိုချင်တာလား

တခါတလေတော့ ကျွန်မတို့က ပြီးပြည့်စုံတဲ့ right person ကိုရှာနေကြတာမဟုတ်ဘူးလား

သက်ဆုံးတိုင်ပေါင်းသင်းရမှ သူနဲ့ဖူးစာပါတာလား
ရှင်ကွဲကွဲတာကကော ဖူးစာမဟုတ်ဘူးလား
ကံတရားကကော ဘာ့ကြောင့်ပြောင်းလဲတတ်တာလဲ
ကျွန်မတို့ကြောင့်လား တဖက်သူကြောင့်လား ပတ်ဝန်းကျင်ကြောင့်လား မေးခွန်းတွေကကော တကယ့်လက်တွေ့မှာ မေးဖူးကြလားဟင်။

အချစ်ကကော အပေါ်ကအရာတွေ အားလုံးနဲ့သက်ဆိုင်နေတာလား ဒါမှမဟုတ် တသီးတသန့် စီရှိနေတာလား။

ကျွန်မတို့ Gorgeous team ကနေပြီးတော့ ဒီတခေါက်မှာ Love, Light & Life of the Universe Forum ကို ဩဂုတ် 12ရက်နေ့နဲ့ 13 ရက်နေ့မှာ ပြူလုပ်ဖို့ရှိပါတယ်။
Energy Fees for Local participants 77,777 ကျပ်
Energy Exchange Fees for Overseas Participants 77 SGD

စိတ်ဝင်စားတယ်ဆိုရင် page messenger ကနေပြီးတော့
နာမည်အရင်း (Real Name)
မွေးနေ့
Email address
ဓာတ်ပုံ (တစ်လအတွင်းရိုက်ထားသောပုံ)
နေထိုင်ရာနိုင်ငံ
Forum တက်ရောက်ရခြင်းအကြောင်းအရင်းတို့ကို ပေးပို့ပြီး မေးမြန်းစုံစမ်းနိုင်ပါတယ်

22/07/2023

လူတွေက သူတို့ကြုံခဲ့တဲ့ ပတ်ဝန်းကျင်ပေါ်မူတည်ပြီးတော့ ဘေးကလူတွေကို အပေါ်ယံတွေကောင်းပြကြပြီး သူတို့ကလူကောင်းပါအတင်းလုပ်တတ်ကြတယ်။ ပြီးရင်တော့ လူတွေက သူတို့ကို ဘယ်လိုဆက်ဆံခဲ့တာပါ။ သူတို့ကဘယ်လိုဘယ်ပုံ ခံခဲ့ရပါတယ်ဆိုပြီး အပေါ်ယံတွေ ကွာကျလာတတ်ကြပြီး သူတို့ကိုယ်တိုင်လဲ စိတ်ပင်ပန်းရပါတယ်။

ဟန်ဆောင်ဆက်ဆံနေတဲ့အချိန်တွေမှာလဲ ဘေးကလူတွေက ကိုယ့်ထက်အဆင်ပြေနေရင် မနာလိုစိတ်တွေဝင်လာတတ်ကြပြီး။ အရင်က အဲ့လူတွေက ဘာမှမဟုတ်ဘူး ဘာညာအစရှိသ၍ ပြောတတ်ကြတယ်။ သူတို့တွေဟာ မုဒိတာမပေးနိုင်တော့ပဲ မနာလိုစိတ်တွေဝင်လာတတ်ပါတယ်။

အဲ့လိုပဲ ဘေးကလူတွေက သူတို့အပေါ်ကို ဘယ်လိုမျိုးတွေ ခွဲခြားဆက်ဆံပါတယ်ဆိုပြီး ပတ်ဝန်းကျင်မှာ ပန်းနုသွေးတတ်ကြတယ်။ သူတို့က အမြဲ ခံနေရတယ်ပဲ တွေးပြီး မှန်တယ်ပဲထင်နေတတ်ကြပါတယ်။

ဒီလိုတွေကိုယ့်ဆီမှာရှိနေပြီဆိုရင်တော့ ဘယ်လိုမျိုးရှေ့ဆက်ကြမလဲဆိုတာ စဉ်းစားသင့်နေပါပြီ။

ကိုယ့်ရဲ့တက်လမ်းပဲ စဉ်းစားပြီး ကြိုးစားကြမလား
တခြားသူတွေအောင်မြင်တာကိုအတုယူပြီး ကြိုးစားမလား
လူတွေအပေါ်ကို အမြဲ please လုပ်မနေနဲ့ boundary နဲ့ဆက်ဆံကြမလား
လူတိုင်းက အမြဲအဆင်ပြေနေမှာမဟုတ်ဘူး။
Out of control တွေမှာ စိတ်ပိုင်းဆိုင်ရာအရ ဘယ်လိုကြိုးစားနေထိုင်ကြမလဲဆိုတာ စဉ်းစားသင့်တဲ့အချိန်လို့ ထင်နေပြီလားဆိုတာ ပြန်မေးကြည့်ကြရအောင်

22/07/2023

Feng Shi

ဝါဝင်ခါနီးပြီဆိုတော့ အိမ်ပြောင်းရွှေ့ကြတဲ့သူတွေက အရင်နေခဲ့တဲ့ အိမ်ကနေပြီးတော့ သုံးပြီးသားပစ္စည်းတွေဖြစ်တဲ့

တံမြက်စည်း
အိမ်သာဆေးတဲ့ တုတ် စတာတွေကို အိမ်ပြောင်းမဲ့အိမ်ကို မယူလာသင့်ပါဘူး။

အရင်အိမ်က အပူတွေ negative energy တွေပါလာတတ်တယ်လို့ ဖုန်းရွှေပညာမှာ အယူရှိပါတယ်။

အိမ်၊ အလုပ်ခန်းတွေကို ဖုန်းရွှေပညာဖြင့်စစ်ဆေးလိုသူများ messenger မှ တဆင့်ဆက်သွယ်နိုင်ပါသည်။

Photos from Authentic Healing's post 20/07/2023

လာဘ်ဖွင့် Crystal jar

ဒီနေ့ Authentic Healing ကနေ လာဘ်ဖွင့် crystal jar နဲ့မိတ်ဆက်ပါရစေ

ငွေကြေးနဲ့ပတ်သက်ပြီး negative mindset ရှိနေတာ

ငွေဆိုတာငါနဲ့မဆိုင်ဘူး

ငွေကလက်ထဲမမြဲဘူး

လက်ဆောင်ဆိုလို့ မွေးနေ့လက်ဆောင်တောင်မရဖူးဘူး

အမြဲတမ်း လက်ဖွာနေတတ်တဲ့သူ

ဘဏ်အကောက်ထဲမှာ အမြဲတမ်း ရာဂဏနိး ထောင်ဂဏန်းပဲ ကျန်တဲ့သူ

ပိုက်ဆံကို လက်လွတ်စပယ် အသုံးမဝင်တဲ့နေရာတွေမှာ သုံးတဲ့သူတွေအနေနဲ့တော့

ဒီ လာဘ်ဖွင့် Crystal Jar လေးဆောင်သင့်ပါတယ်

စျေးနှုန်းကတော့ ၃၀.၀၀၀ ကျပ်ပါ

03/07/2023

ဝါတွင်းကာလအတွင်း ကျွန်မတို့ Authentic Healing ရဲ့ Special Event လေးကို ကြေညာပေးပါရစေ။

ဝါတွင်းကာလ (၄) လ ဖြစ်တဲ့ (July 2 to October 29) အတွင်းမှာတော့ Authentic Healing ရဲ့ Services တွေအထဲကမှ အချို့သော Service တွေကို စေတနာကြေးနဲ့ ပေးသွားမှာပဲဖြစ်ပါတယ်။

စေတနာကြေးဖြင့် ရယူနိုင်မည့် Service တွေကတော့
🪷 Tarot General Reading
(မိမိမေးလိုတဲ့ မေးခွန်း (၃) ခုထိအများဆုံး)
🪷 Oracle General Reading
(မိမိမေးလိုတဲ့ မေးခွန်း (၃) ခုထိအများဆုံး)
🪷 Relationship Healing (discussion)
🪷Reiki Healing (Video call)
🪷Aura Reading တို့ပဲဖြစ်ပါတယ်။

အထက်ပါ Service တွေကို ပညာကြေးအနေဖြင့် မည်၍မည်မျှ သတ်မှတ်ထားခြင်းမျိုးမရှိပဲ မိမိတို့ရဲ့ စေတနာကြေးအလျှောက် ပညာကြေးကိုပေးနိုင်ပါတယ်။

နံပါတ်စဉ် (၁) နှင့် (၂) အတွက်

၁။ မိမိမေးမြန်းလိုတဲ့ မေးခွန်းတစ်ခု မှ ၃ခု
၂။ မိမိရဲ့ နာမည်၊
၃။ မိမိရဲ့မွေးနေ့ နဲ့
၄။ လတ်တလောရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံ
၅။ မိမိရဲ့ မေးခွန်းမှာ တဖက်လူပါနေရင် (ဥပမာ- မိသားစုဝင်၊ ချစ်သူ၊ လုပ်ဖော်ကိုင်ဖက်) တဖက်လူရဲ့ အမည်၊ မွေးနေ့နဲ့၊ လတ်တလောရိုက်ထားတဲ့ဓာတ်ပုံလေးတွေကို page messenger ထံသို့ လာရောက်ပေးပို့နိုင်ပါပြီ။

အထက်ပါ အချက်လေးတွေကို ပြည့်ပြည့်စုံစုံပို့ပေးမှသာ ကျွန်မတို့အနေနဲ့ ဟောပေးနိုင်မှာပဲဖြစ်တဲ့အတွက်ကြောင့် အချက်အလက်လေးတွေကို မမေ့လျော့ပဲ ပို့ပေးကြဖို့တိုက်တွန်းပါတယ်။

27/06/2023

မစ္ဆရိယ စိတ်,,,,

မစ္ဆရိယ စိတ် ဆိုတာ အရင်တုန်းက သိခဲ့ရတာ က
မနာလိုစိတ် နှမြောတွန့်တိုစိတ် မပေးကမ်းချင်တဲ့ စိတ်တွေ လို့ပဲ သိခဲ့ရတာ ။

အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ (Ph. D)။စိတ်၏အညစ်အကြေးများ" ဆိုတဲ့တရားစာပေထဲမှာတော့ မစ္ဆရိယ ၅-မျိုးရှိတယ်လို့ရေးသားဖေါ်ပြထားပါတယ်။

၁။အာဝါသမစ်ဆရိယ
ကိုယ့်နေတဲ့ နေရာမှာ သူများလာနေရင် မကြိုက်တာ၊ ကိုယ့်အဆောက်အအုံထဲ သူများလာရင် မကြိုက်တာ။ 'အာဝါသမစ္ဆရိယ' ဆိုတာ အိမ်မှာတင် မစ္ဆရိယဖြစ်တာ မဟုတ်ဘူး၊ ဥပမာ မီးရထားနဲ့ သွားတာတောင် ပေါင်ကား ထိုင်သေးတယ်၊ အနားနားမှာ ဒိပြင်လူ လာထိုင်မှာ စိုးလို့၊ အထုပ်လေး တင်ထားမယ်၊ မထိုင်စေချင်ဘူး၊ နေရာ မပေးချင်ဘူး၊ အဲဒါမျိုး ပြောတာ အာဝါသမစ္ဆရိယဆိုတာ။

၂။'ကုလမစ်ဆရိယ
ကိုယ်နဲ့ပေါင်းသင်းတဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို လာပြီးတော့ မိတ်ဆွေဖွဲ့ရင် မကြိုက်တာ၊ ကိုယ့်သူငယ်ချင်းက ကိုယ့်ထက်သူ့ကိုပိုပြီး ခင်မင်ရင်းနှီးသွားမှာ မကိုက်တာကုလမစ္ဆရိယပဲ။

၃။'လာဘမစ်ဆရိယ
ကိုယ်ရတာမျိုး သူများ မရစေချင်တာ လာဘမစ္ဆရိယ။

၄။ဝဏ္ဏမစ္ဆရိယ ဆိုတာ
ကျော်ကြားမှုနဲ့ ပတ်သက်လာလို့ရှိရင် ကိုယ်ပဲ ကျော်ကြားချင်တယ်၊ သူများ မကျော်ကြားစေချင်ဘူး။

၅။ဓမ်မမစ်ဆရိယ
ဆိုတာ ကိုယ်သိတဲ့တရားကို သူများ မပေးချင်ဘူး၊ ကိုယ်သိတဲ့ ဗဟုသုတတွေ သူများကို မဖြန့်ဝေချင်ဘူး၊
သူတစ်ယောက်တည်းပဲ တကယ့်ကို ဂုရုကြီး လုပ်ချင်တယ်ပေါ့လေ၊ တစ်လောကလုံးရဲ့ ဂုရုကြီး၊သူပဲ သိတယ်၊ ကျန်တဲ့လူတွေ မသိရဘူး၊ အဲဒါမျိုး လုပ်ချင်တာ၊အဲဒါ ဓမ္မမစ္ဆရိယ လို့ ခေါ်တယ်။

ဒီစိတ်တွေက လူတွေနဲ့ ပတ်သက်ပြီး လှုပ်ရှား သွားလာ လုပ်ကိုင်နေသရွေ့တော့ ရာနှုံးပြည့် ကင်းနိုင်ဦးမယ်မထင်မိပါ ဒါပေမယ့်လည်း မကောင်းဘူးဆိုတာ သိထားဖို့လိုအပ်ပါတယ်။

ဘဝမှာ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ဘယ်အခြေအနေ ဘယ်လိုအနေထားမှာပဲရှိနေနေ စိတ်ကို အသိ၊ သတိ နဲ့ မနေတက်ရင် ရေရှည်မှာရော ရေတိုမှာပါ စိတ်အေးချမ်းရမှာ မဟုတ်ပါဘူး။

ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ အားလက်စုံမိုး၍ ပူဇော်ကန်တော့အပ်ပါသည်။

Credit

27/06/2023

Healing message for you

ဒီနေ့မှာ အမေနဲ့ ပတ်သက်တဲ့ စိတ်ဒဏ်ရာတွေပြန်ပေါ်လာတတ်ပါတယ်။ အမေအပေါ်မှာ အမှားလုပ်မိတာကို ပြန်တွေးပြီး ယူကြုံးမရဖြစ်နေတာမျိုး၊ ကိုယ်ကအခုအမေနေရာရောက်တော့မှ ကိုယ်ဝန်ရလာတော့မှ အမေ့မေတ္တာတွေကိုခံစားမိလာတာမျိုးတွေဖြစ်တတ်ပါတယ်။

လက်ရှိမှာကြုံတွေ့နေရတဲ့ လောကဓံကို ကိုယ်တယောက်တည်းကသာ ကြံ့ကြံ့ခံပြီး ဖြေရှင်းနိုင်မှာဆိုတာလေးကို သတိပေးပါရစေ။ ပြီးတော့ ဒီနေ့မှာ ကိုယ့်အနေနဲ့ boundary တွေချပြီး ကိုယ့်အတွက် ကိုယ်အချိန်ပေးရမဲ့နေ့လေးပါ။

14/06/2023

ကြုံဖူးကြလားတော့မသိဘူး ကျွန်မတို့မကြိုက်ဘူး မတရားဘူးလို့ဆိုပြီး အော်နေကြတာမျိုးတွေက ကျွန်မတို့ကိုယ်တိုင်လဲ တခြားသူတွေကို လုပ်တတ်ကြပါတယ်။

ကျွန်မတို့အသားကိုလာထိရင် မကြိုက်ဘူးဆိုပြီးပြောနေတတ်ကြပေမဲ့ တခြားသူအသားကိုနာအောင်လုပ်မိတတ်ကြပါတယ်။ ရည်ရွယ်ပြီးလုပ်တာမဟုတ်ပေမဲ့လဲ သူတို့စိတ်ထဲမှာကိုက လက်ခံထားတာမဟုတ်တဲ့အရာတွေပေါ်မှာဆိုရင် ပြုလုပ်မိလေ့ရှိတာမျိုးတွေ ရှိတတ်ပါတယ်။

ဒါတွေဟာ ကျွန်မတို့ရဲ့မသိစိတ်ထဲမှာ စွဲမြဲနေပြီး ကိုယ်တိုင်ကလဲ လုပ်မိတတ်ကြတာကို သတိမထားမိပဲ တခြားသူတွေကို မသိလိုက် မသိဖာသာနဲ့ judge လုပ်မိတတ်တာတွေလဲဖြစ်တတ်ပါသေးတယ်။

Trauma Management & Healing ပိုင်းမှာTherapist အဖြစ် ဆယ်နှစ်ကျော် အတွေ့အကြုံရှိတဲ့ ကျွန်မတို့ရဲ့ ဆရာမဖြစ်သူ international certified therapist ဒေါ်မေနီနီဦးဆောင်ပြီး ကျွန်မတို့ Gorgeous Team ကနေ အခုလာမယ် 18.06.2023 မြန်မာဆံတော်ချိန်ညနေ 7:00pmမှာ

🍁🍂Healing Souls Summit: Healing Your Darkest Soul 🍁 🍂

Summit လေးလုပ်ပေးသွားဖို့ရှိပါတယ်။

Energy Exchange Fees - 33,333/-
Oversea Resident- SGD 33/-

https://forms.gle/Zh9tPnPZvaXmPTm37

Register လုပ်ပြီးရင်လဲ email စစ်ဖို့မမေ့ပါနဲ့နော်

13/06/2023

Healer တယောက်အနေနဲ့ ကျွန်မကတော့ ဆရာမဒေါ်မေနီနီဦးရဲ့ သွန််သင်ဆုံးမထားသလို client ကို judge လုံးဝမလုပ်ပဲ (နှမ်းစေ့တစ်စေ့စာတောင်မလုပ်ပဲ) healing ပေးပြီး ကူညီပေးပါတယ်။ သူတို့ရဲ့ ဟိုး deep ထိကိုဆွဲခေါ်ရတော့ healing journey က လွယ်တော့မလွယ်ပါဘူး

Healing ပိုင်းမှာ self healing, relationship healing, childhood trauma တွေ မိဘကြောင့်ရတဲ့ trauma တွေကို healing လုပ်ပေးရတာတွေကလဲပါဝင်ပါတယ်။ အခုနောက်ပိုင်း chakra healing ဆိုတာလဲ spiritual လမ်းပဲသွားမလား ကိုယ့်အတွက်ပဲ healing လုပ်မလား ဒါတွေက အရေးကြီးပါတယ်

Trauma Management & Healing ပိုင်းမှာTherapist အဖြစ် ဆယ်နှစ်ကျော် အတွေ့အကြုံရှိတဲ့ ကျွန်မတို့ရဲ့ ဆရာမဖြစ်သူ international certified therapist ဒေါ်မေနီနီဦးဆောင်ပြီး ကျွန်မတို့ Gorgeous Team ကနေ အခုလာမယ် 18.06.2023 မြန်မာဆံတော်ချိန်ညနေ 7:00pmမှာ

🍁🍂Healing Souls Summit: Healing Your Darkest Soul 🍁 🍂

Summit လေးလုပ်ပေးသွားဖို့ရှိပါတယ်။

Energy Exchange Fees - 33,333/-
Oversea Resident- SGD 33/-

https://forms.gle/Zh9tPnPZvaXmPTm37

Website

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00