Zayar htay
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zayar htay, Gaming Video Creator, .
တောင်ကြီးတွင် စစ်အာဏာရှင်ဆန့်ကျင်ထိုင်သပိတ်ကို ရဲက မျက်ရည်ယိုဗုံးဖြင့် ပစ်ခတ်လူစုခွဲ ရှမ်းပြည်နယ်မြို့တော်တောင်ကြီးမှာ ပြီးခဲ့တဲ့ရက်က စစ်အာဏာရှင်တော်လှန်ရေး သပိတ်စစ်ကြောင်းကို ရဲနဲ့စစ်တပ်.....
ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၏ လမ်းညွှန်ချက်လိုက်နာမည်ဟု CDM ဝန်ထမ်း ၁၀၀၀ ခန့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ခန့်အပ်ထားတဲ့ ခေတ္တပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ ည...
ကလေးမြို့တွင် သပိတ်စစ်ကြောင်း သတင်းပေးသူကို ရပ်ကွက်နေပြည်သူများ နှင်ထုတ် စစ်ကိုင်းတိုင်း ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူတွေရဲ့ သတင်းပေးသူကို ပြည်သူတွေက မတ် ၄ ရက်နေ့ နေ့လ....
မတ်လ ၃ ရက်နေ့ စစ်တပ်နှင့်ရဲ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် မုံရွာတွင် ၉ ဦးကျဆုံးခဲ့
မုံရွာတွင် စစ်အာဏာရှင်တော်လှန်ရေးတွင် အကြမ်းမဖက်ငြိမ်းချမ်းစွာ ဒီမိုကရေစီတိုက်ပွဲဝင်ရင်း (၃/၃/၂၀၂၁) ရက်နေ့အထိ ကျဆုံးခဲ့ကြရသော သူ ၉ ဦးမှာ
၁။ မောင်မင်းခန့်ကျော် (ခ) မောင်ဖိုးသဲ (၁၇) နှစ် မုံရွာ
၂။ ကိုဇော်သိန်းအောင် (၂၀) နှစ် မုံရွာမြို့
၃။ မကျော့နန္ဒာအောင် (၂၅) နှစ် မုံရွာမြို့
၄။ ကိုမိုးအောင် (၂၃) နှစ် မုံရွာမြို့
၅။ ကိုဝေယံ (ခ) ကိုကံချွန် (၂၅) နှစ် မုံရွာမြို့
၆။ ဆရာမဒေါ်မြင့်မြင့်ဇင် (၃၆) နှစ် မုံရွာမြို့
၇။ ကိုနိုင်ဝင်း (၄၅) နှစ် မုံရွာမြို့
၈။ ဆရာကေဇဝင်း (၃၉) နှစ် မုံရွာမြို့
၉။ မောင်ဇင်မျိုးမောင် (၁၈) နှစ် ကလေးမြို့ တို့ဖြစ်သည်။
CDM မှာပါဝင်တဲ့ ရဲတွေကလည်း CRPH ကို ထောက်ခံ
~~~~~~
■ မန္တလေး၊ မုံရွာ၊ နေပြည်တော်နဲ့ ရန်ကုန်က ရဲဝန်ထမ်း ၈၀ ကျော် CDM ပြုလုပ်ထားပြီး နောက်ထပ်ဝင်လာဖို့ရှိတယ်လို့ CDM လုပ်နေတဲ့ ရဲဝန်ထမ်းတွေကို ကူညီပေးနေတဲ့အဖွဲ့တစ်ခုဆီက သိရပါတယ်။ လတ်တလောမှာ လုံခြုံတဲ့နေရာတွေမှာ ခွဲနေကြပါတယ်။ ရဲတပ်ဖွဲ့စစ်ကြောင်းလည်းထွက်ဖို့ရှိပါတယ်။
"တပ်ဖွဲ့ဝင်တွေအနေနဲ့ နောက်မကျသေးလို့ ရုန်းထွက်ကြပါ၊ သေတာတွေ ထပ်ပြီး မကြည့်ချင်တော့ဘူး" လို့ CDM လုပ်နေတဲ့ ရဲဝန်ထမ်းတစ်ယောက်ကပြောပါတယ်။
ဒီနေ့မှာလည်း မန္တလေး၊ မုံရွာ၊ စစ်ကိုင်းက ရဲတပ်သား နှစ်ယောက်နဲ့ ယာဥ်ထိန်းရဲ တစ်ယောက် CDM မှာပါဝင်လာပြီး CRPH ကို ထောက်ခံခဲ့ပါတယ်။ ညနေပိုင်းမှာလည်း ထပ်တိုးရောက်လာဖို့ရှိတယ်လို့ သိရပါတယ်။
ဒီရက်တွေမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် အခြားအဖွဲ့အစည်းတွေလည်း ရုံးမတက်ဘဲ စစ်အာဏာဖီဆန်တဲ့လုပ်ငန်းတွေမှာ ပါဝင်လာတာတွေ့ရပါတယ်။
- Unicode
---------------
~~~~~~
- Zawgyi
---------------
(ဓါတ်ပုံ - ဒီနေ့ CDM မှာ ပါဝင်လာတဲ့ ရဲနှစ်ဦးနဲ့ ယာဥ်ထိန်းရဲ တစ်ဦးကို တွေ့ရစဉ်)
အမလေး
ငါ့သူငယ်ချင်း၊ ငါ့ရဲဘော် ကျသွားပြီ။
မနေ့ကလည်း မျက်စိရှေ့မှာ ကျသွားတာတွေ မြင်ခဲ့ရပြီးပြီ။
ဒီနေ့လည်း ငါ့သူငယ်ချင်းကျသွား။
တာကို စစ်ကြောင်းထဲရောက်နေလို့ သူများပြော မှ သိရတယ်။
ငါမငိုနိုင်တော့ဘူး ငိုရလွန်းလို့ မျက်လုံးတွေ လည်း နာနေပြီ။
"CRPH ကို ယုံကြည်ပါ"
====================================
ပြည်သူတယောက်ထိခိုက်ကျဆုံးတိုင်း အမှန်တရားဘက်သား ပြည်သူအားလုံးအတူ နာကျင်ထိခိုက်ရတာချည်းပါပဲ။အကျအဆုံးများရင် ပိုထိခိုက်ကြရမြဲပါ။
ဒီအရေးတော်ပုံရဲ့ အဓိက ထောက်တိုင်(၃)ခုဖြစ်တဲ့ CRPH ၊CDMနဲ့ ဆန္ဒပြလူထုလှုပ်ရှားမှုတွေဟာ ဒီအချိန်မျိုးမှာ ပိုပြီးဟန်ချက်ညီ စည်းလုံးဖို့လိုပါတယ်။
ကဏ္ဍတခုချင်းဆီရဲ့ သက်ဆိုင်ရာ တာဝန်တွေကို ဆောင်ရွက်နေချိန်မှာအချင်းချင်း သံသယတွေမရှိဖို့ အလွန်အရေးကြီးပါတယ်။ဘာဖြစ်လို့ပြောရတာလဲဆိုတော့ စစ်ကောင်စီဟာ သွေးခွဲမှုတွေကို အင်တိုက်အားတိုက်လုပ်လာနေလို့ပါပဲ။
ဒီထောက်တိုင်(၃)ခုမှာ ပါဝင်လှုပ်ရှားသူတိုင်းဟာ အသက်အန္တရာယ်ထိ ရင်းပြီး လုပ်ဆောင်နေရတာဖြစ်တဲ့အတွက် တစ်ဖွဲ့ နဲ့ တစ်ဖွဲ့ ယုံကြည်နားလည်မှုဟာ အင်မတန်အရေးကြီးတယ်ဆိုတာကို
လေးလေးနက်နက် သတိပြုစေလိုရင်းဖြစ်ပါတယ်။
အခု Social Mediaတွေမှာ CRPH ရဲ့ Acting government ဖွဲ့စည်းခြင်းကို accountအတုတွေနဲ့ ဆန့်ကျင်တိုက်ခိုက်ပြီး သွေးခွဲဖို့ လုပ်နေတာကို တွေ့နေရတယ်။အဲဒါကို သတိကြီးကြီးထားဖို့လိုပါတယ်။ လူထုများစွာထိခိုက်ကျဆုံးရခြင်းကို ကျူးလွန်သူတွေဟာ ဒီအချက်ကိုပဲ ပြန်သုံးပြီး CRPH ရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းမှုလို့စွပ်စွဲပြီး ၃ ချောင်းထောက်အချင်းချင်းထဲ
သွေးခွဲမှုတွေ လုပ်လာပါပြီ။
အခုဆိုရင် လမ်းမပေါ်က သပိတ်တွေကိုရက်ရက်စက်စက်ဖြိုခွင်းလာတာကိုကြည့်ရင်
စစ်ကောင်စီအကြမ်းဖက်သမားတွေဟာ
နိုင်ငံတကာမျက်နှာစာမှာ အကြီးကျယ်
ကျရှုံးလာလို့ပါ။ CDM မှာလည်းအလားတူပါပဲ။သူတို့ရှုံးမဲမဲမယ်လို့လည်း ပြောပြီးသားပါ။လက်တွေ့လည်း ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်လာပါတယ်။အဲဒါကြောင့် လမ်းမပေါ်မှာ လူထုဆန့်ကျင်ရေးလှုပ်ရှားသူများအနေနဲ့ အထိအခိုက်၊အကျအဆုံးအနည်းဆုံးနည်းဗျုဟာတွေကို ရွေးချယ်ဖို့အကြံပြုပါရစေ။အသေးစိတ်ကို ဆရာကြီးဒေါက်တာဇော်ဝေစိုး(CRPH)ရဲ့ ရေးတဲ့စာ မှာဖတ်ကြည့်ကြပါ။https://m.facebook.com/story.php?story_fbid=1736784639815126&id=100004508198539
တပြိုင်နက်တည်းမှာ ရပ်ကျေးအဆင့် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေကို ခိုင်မာအားကောင်းအောင်ဖွဲ့စည်းပါ။
ရပ်ကွက်/မြို့နယ်အတွင်းရှိCDM ဝန်ထမ်းများကို ကာကွယ်စောင့်ရှောက်ကူညီရန်၊ပြည်သူတွေကို ဒုက္ခပေးမဲ့ သစ္စာဖောက်များနှင့် CDM မလုပ်သော ဝန်ထမ်းများကိုလည်း ဖော်ထုတ်ပြီး(လူမှုရေး ဒဏ်ခတ်မှု)တွေကို အရှိန်အဟုန်မြင့်လုပ်ဖို့ လိုအပ်ပါတယ်။ဒီအလုပ်တွေမှာ အားလျော့မသွားစေရပါ။
လမ်းမပေါ်မှာ ပြည်သူတစ်ယောက်ကျဆုံးတိုင်း အမှန်တရားဘက်သား ပြည်သူအားလုံးနာကျင်ကြေကွဲရပါတယ်။အကျအရှုံးများချိန်(သို့)အောင်မြင်မှုရချိန်တွေမှာ စိတ်ဝမ်းကွဲတတ်ကြသလို၊ရန်သူကလည်း ထိုးနှက်သွေးခွဲမှုတွေပိုလုပ်လေ့ရှိတယ်ဆိုတာကို အထူးမမေ့ဖို့လိုအပ်ပါတယ်။
လူထုဆန့်ကျင်လှုပ်ရှားမှု သပိတ်တိုက်ပွဲတွေရယ်၊ဝန်ထမ်းသပိတ် CDM တို့ကြောင့် CRPH ရဲ့လှုပ်ရှားဆောင်ရွက်မှုတွေကို အင်မတန်မှအကျိုးသက်ရောက်မှုရှိစေပါတယ်။CRPH ဟာကမ္ဘာကြီးရဲ့ အရှေ့ခြမ်း၊
အနောက်ခြမ်းနှစ်ခုစလုံးနဲ့ ဆက်သွယ်ဆောင်ရွက်နေရတာဖြစ်တဲ့အတွက် (၂၄)နာရီ နီးပါးဆောင်ရွက်နေကြရတာကိုလည်း အထူးပဲလေးစားတန်ဖိုးထားပါတယ်။
CRPH ဟာ ပြည်တွင်း/ပြည်ပအဖွဲ့အစည်းမျိုးစုံ၊
လူပုဂ္ဂိုလ်မျိုးစုံ၊အစိုးရပေါင်းစုံနဲ့ဆွေးနွေးရတာမို့ မနားတမ်းလုပ်နေရတာပါ။အကြောင်းအရာစုံကိုလည်း ဆုံးဖြတ်တာဝန်ယူနေရတာပါ။အထူးသဖြင့် ပြည်သူလူထုကိုအကာအကွယ်ပေးနိုင်ရေးကိစ္စမျိုးပါ။ပွဲသိမ်းအောင်ပွဲအထိ ပေါ်လစီရေးဆွဲ၊တာဝန်ယူရတာမို့ နှောင့်နှေးမှုလည်းမရှိရအောင် မှန်ကန်မှုရှိအောင်လည်း
စဥ်းစားဆုံးဖြတ်ရတာပါ။
ဘာပဲဖြစ်ဖြစ် စောင့်ရသူဖက်က ကြာတတ်စမြဲပါ။
တာဝန်ထမ်းရသူတွေကတော့ မနားတမ်း
အမြန်ဆုံးအကောင်းဆုံး လုပ်နေကြတာပါ။
နိုင်ငံတကာအနေနဲ့တော့ သူတို့စံချိန်စံညွှန်း
တွေရှိမှာပါပဲ။
အရေးတော်ပုံအနေနဲ့ကလည်း ပြည်တွင်းပြည်ပအင်အားတွေစုပြီး အောင်ပွဲယူရမှာပါပဲ။
ကျနော်အခါခါပြောခဲ့ဘူးတဲ့
"ကျနော်တို့တွေအယူအဆတွေကွဲလို့ရတယ်၊စိတ်ဝမ်းကွဲလို့မရဘူးဆိုတဲ့"စကားကို ထပ်ပြောပါရစေ။
https://m.facebook.com/story.php?story_fbid=1736784639815126&id=100004508198539
#မင်းကိုနိုင်
၄.၃.၂၀၂၁
သပိတ်သပိတ်စစ်ကြောင်း ၂ ခုခွဲပြီး ကလေးမြို့ရပ်ကွက်များတွင် လှည့်လည်ဆန္ဒပြ ကလေးမြို့မှာ စစ်အာဏာရှင် တော်လှန်ရေးသပိတ်ကို ရဲနဲ့ စစ်သားတွေ သတိပေးနေပေမယ့် မတ်လ ၄ ရက်နေ့က ပြည်သူအချို့ဟာ .....
မြောက်ဥက္ကလာတွင် ကျဆုံးသူများအတွက် ယာယီအထိမ်းအမှတ်နေရာများ ပြုလုပ်ဂုဏ်ပြု အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျောက်ရေတွင်းတံတား အဆင်းမှာ ကျဆုံးခဲ့ရသူတွေအတ....
နာကျည်းနေကြပြီမလား ?
ရဲစခန်းတွေကိုမီးရှို့ဖို့တွေးနေပြီလား ?
ရဲနဲ့စစ်သားတွေကို ပြန်သတ်ဖို့တွေးနေပြီလား ?
ဟုတ်ပြီ ငါတို့သတ်နိုင်တယ်ထား ... သူတို့အသက်က တစ်သက်ပဲသေတယ်ကွ
" ၈၈ က စောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့ " လို့ ငါတို့ လမ်းပေါ်ထွက် ကြွေးကြော်နေကြပေမယ့် တကယ်တမ်း အပေါ်မှာ ပြောခဲ့သလိုတွေ ငါတို့ လုပ်လိုက်မိရင် ငါတို့ကိုယ်တိုင်ပါ ၈၈ တုန်းက ဓာတ်ပြားဟောင်းကြီးနဲ့ ချနင်းခံရပြီး ကယ်ရာမဲ့ဘဝနဲ့ တိုင်းပြည်ဟာ နှစ်၂၀လောက်ဖင်ဆက်ချခံရမယ်
အဲ့ဒီ့အစား သူတို့ရဲ့စိတ်ကိုသတ်စမ်းပါ
Social Punishment ကို ၂ ဆ ဖြစ်ဖြစ် ၁၀ ဆ လောက်ဖြစ်ဖြစ် ပိုပြီးလုပ်စမ်းပါ ။
တစ်လောကလုံးဆီက အပယ်ခံရပြီး
" ငါဘာလို့ရဲသမီးဖြစ်ရတာလဲ ငါဘာလို့
စစ်သား သားသမီးဖြစ်ရတာလဲ " ဆိုတဲ့ အငုံ့စိတ်ကြီးနဲ့ရှင်သန်အောင်လုပ်စမ်းပါကွာ ။
သူတို့ရဲ့အနာဂါတ်ကိုသတ်ရင် သူတို့တစ်ဆွေလုံး တစ်မျိုးလုံးသေတယ် ။ သူတို့ကိုသတ်ရင် တစ်ကောင်ပဲသေတာကွ !!
သေသေချာချာ တွေးကြည့်စမ်းပါ ငါတို့နိုင်တော့မှာကွ ။
( ကျခဲ့ပြီးတဲ့ သွေးတွေကို ပွဲသိမ်းခါနီးမှ အလဟသ ဖြစ်သွားအောင် မလုပ်ပဲနေကြရအောင်ကွာ )
ာကျည်းနေကြပြီမလား ?
ရဲစခန်းတွေကိုမီးရှို့ဖို့တွေးနေပြီလား ?
ရဲနဲ့စစ်သားတွေကို ပြန်သတ်ဖို့တွေးနေပြီလား ?
ဟုတ်ပြီ ငါတို့သတ်နိုင်တယ်ထား ... သူတို့အသက်က တစ်သက်ပဲသေတယ်ကွ
" ၈၈ က စောက်ချိုးတွေ ၂၁ မှာ လာမချိုးနဲ့ " လို့ ငါတို့ လမ်းပေါ်ထွက် ကြွေးကြော်နေကြပေမယ့် တကယ်တမ်း အပေါ်မှာ ပြောခဲ့သလိုတွေ ငါတို့ လုပ်လိုက်မိရင် ငါတို့ကိုယ်တိုင်ပါ ၈၈ တုန်းက ဓာတ်ပြားဟောင်းကြီးနဲ့ ချနင်းခံရပြီး ကယ်ရာမဲ့ဘဝနဲ့ တိုင်းပြည်ဟာ နှစ်၂၀လောက်ဖင်ဆက်ချခံရမယ်
အဲ့ဒီ့အစား သူတို့ရဲ့စိတ်ကိုသတ်စမ်းပါ
Social Punishment ကို ၂ ဆ ဖြစ်ဖြစ် ၁၀ ဆ လောက်ဖြစ်ဖြစ် ပိုပြီးလုပ်စမ်းပါ ။
တစ်လောကလုံးဆီက အပယ်ခံရပြီး
" ငါဘာလို့ရဲသမီးဖြစ်ရတာလဲ ငါဘာလို့
စစ်သား သားသမီးဖြစ်ရတာလဲ " ဆိုတဲ့ အငုံ့စိတ်ကြီးနဲ့ရှင်သန်အောင်လုပ်စမ်းပါကွာ ။
သူတို့ရဲ့အနာဂါတ်ကိုသတ်ရင် သူတို့တစ်ဆွေလုံး တစ်မျိုးလုံးသေတယ် ။ သူတို့ကိုသတ်ရင် တစ်ကောင်ပဲသေတာကွ !!
သေသေချာချာ တွေးကြည့်စမ်းပါ ငါတို့နိုင်တော့မှာကွ ။
( ကျခဲ့ပြီးတဲ့ သွေးတွေကို ပွဲသိမ်းခါနီးမှ အလဟသ ဖြစ်သွားအောင် မလုပ်ပဲနေကြရအောင်ကွာ )