Scalpel Handmade
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Scalpel Handmade, Arts & Crafts Store, .
ပုံတူလေးကို မိန်းကလေးမဆန်ဘဲ မျက်မှန်လေးနဲ့
ဖန်တီးဖြစ်ပါတယ်ရှင်
🏠 မိမိအိမ်လေးကို ခန်းနားထည်ဝါစွာနဲ့ အလှဆင်ကြဖို့ အသင့်ပါပဲလား
🦋ဒါဆို crochet decoration လေးတွေ ကအကောင်းဆုံးပါပဲ
🎹Piano ပိုင်ရှင်လေးတွေ အလှဆင်ဖို့ Butterfly Piano cover လေးပါ
🦋အခံရောင်လှလှလေးပေါ်က ရောင်စုံလိပ်ပြာလေးတွေက ကြွရွထင်ပေါ်နေတာပဲရှင်
🎹ဒီလို Crochet decoration နဲ့အလှဆင်ချင်တယ်ဆို scalpel handmade ကိုသတိရလိုက်ပါနော်
Edited - အဖြေမှန်က ပန်းတိမ်ငိုပန်းပါ ပုံလေးပါပြန်ထည့်ပေးထားပါတယ်
အပျော်မေးခွန်းလေးဖြေပြီး
kpay or ph bill 2000 လက်ဆောင်ယူပါရှင် 🤗
တယောက်ကို ၂ခါဖြေလို့ရပါတယ် အရင်ဆုံးမှန်တဲ့သူကိုပေးပါမယ်နော်
မင်တို့အိမ်မှာ ဒီနေ့ ပွင့်တဲ့ပန်းနာမည်လေးဖြေပေးပါ
ပန်းကအဖြူရောင်ပါ တခြားအရောင်လဲရှိပါတယ်
ရာသီနဲ့ပွင့်တဲ့ပန်းပါ
မိုးလေးအေးလာတော့
အပေါ်ဝတ်ခပ်ပါးပါးလေးနဲ့ လှရအောင်
ထိုးဖူးသမျှလေးတွေ တင်ပေးလိုက်ပါတယ်ရှင်😍
Crochet နဲ့ပတ်သက်ပြီး ရေးထားတာလေးတွေ အလွယ်ဖတ်နိုင်ဖို့ link လေးတွေစုပေးထားပါတယ်နော် 😍
1. Crochet ချင်းတူပေမယ့်စျေးမတူရခြင်းအကြောင်း
https://www.facebook.com/100070084533947/posts/744577347888410/?mibextid=CDWPTG
2. Page အရွေးမမှားရအောင်
https://www.facebook.com/share/p/bJtbr6q3uDi2YemM/?mibextid=qi2Omg
3. Crochet ထည်တွေအတည့်ပြောင်းပြန်ကြည့်နည်း
https://www.facebook.com/share/p/Dikw1mLW9U6Py4GE/?mibextid=qi2Omg
4. Preorder and Instock အကြောင်း
https://m.facebook.com/story.php?story_fbid=683856793960466&id=100070084533947&mibextid=ZbWKwL
5. ကောင်မလေးကို ဘာလက်ဆောင်ပေးမလဲ
https://www.facebook.com/share/p/scQErBentLmfLG5g/?mibextid=qi2Omg
6. ကောင်လေးကို ဘာလက်ဆောင်ပေးမလဲ
https://www.facebook.com/share/p/zRmj8nmiq4Eud1Qe/?mibextid=qi2Omg
7. Crochet လေးတွေလက်ဆောင်ပေးသင့်တဲ့အကြောင်းရင်း
https://m.facebook.com/story.php?story_fbid=676173218062157&id=100070084533947&mibextid=ZbWKwL
8. Own creation design, Copy design, inspired design ဘာကွာသလဲ
https://www.facebook.com/100070084533947/posts/754743203538491/?mibextid=CDWPTG
Own Creation, Copy design and inspired design အကြောင်း🎀
🧶မင်တို့ Crocheter တွေ စသင်သင်ချင်းဆို Basic လေးတွေပြီးရင် stitch pattern လေးတွေ Basic Granny square လေးတွေ ထိုးကြရတယ်ဟုတ်
🧶နောက်တော့မှ အရုပ်လေးတွေ အင်္ကျီလေးတွေအိတ်လေးတွေ ထပ်ထိုးကြရတယ်နော်
🧶တဖြည်းဖြည်းနဲ့ထိုးခဲ့တာတွေလဲများလာပြီ ထိုးသက်လေးလဲ အတော်တန်ရလာရင် တော်ရုံဆို ပုံမြင်တာနဲ့ ထိုးတတ်ကြပြီလေ
🧶ဒါဆိုရင်တော့
own creation ဆိုတာဘာလဲ
copy design ဆိုတာဘာလဲ
inspired design ဆိုတာဘာလဲ သိထားသင့်တာပေါ့နော်
🧶မင်မင်က ဒီ ၃ခုဘာကွာလဲဆိုတာ အနည်းငယ်ပြောပြပေးချင်ပါတယ်
❇️Own creation design
⁃ ကိုယ့်စိတ်ကြိုက်ဖန်တီးထားတဲ့ ဒီဇိုင်းပေါ့
⁃ သုံးရမယ့် Pattern၊ ထိုးမယ့်ဒီဇိုင်း၊ သုံးရမယ့်ချည်၊ cutting ကျ လှပဖို့ ဘယ်နားကို ဘယ်လိုပွားမယ် ဘယ်နားကိုတော့ဘယ်လိုစားမယ် စသဖြင့် ထိုးလိုက်ဖျက်လိုက်နဲ့ သေချာအချိန်ယူဖန်တီးကြရပါတယ်
⁃ စိတ်ကြိုက်မရမချင်း ဖန်တီးကြရတာမို့ အချိန်မမြန်ပါဘူး
⁃ စိတ်ကြိုက်ရပြီဆိုလဲ လူအားလုံးထိုးနိုင်လားဆိုဒ်အမျိုးမျိုးထိုးဖို့အဆင်ပြေမလားဆိုပြီး Tester တွေခေါ်ပြီး ဘာလိုမလဲဆိုတာ ပြန်ချိန်ညှိရပါသေးတယ်
⁃ အားလုံးအဆင်ပြေပြီဆိုမှ ကိုယ်ပိုင်ဒီဇိုင်းလှလှလေးကို တချို့က ရောင်းကြတယ် တချို့က Free sharing လုပ်ကြတယ် Paid pattern လား Free pattern လားဆိုတာပေါ့ Paid pattern ဆို ပြန်ဖြန့်တာမျိုး ပြန်သင်တာမျိုးမလုပ်ရပါဘူး
⁃ ဒီလိုဒီဇိုင်းမျိုးကို ကိုယ်ကထိုးတော့မယ်ဆိုရင် ဝယ်ထိုးတာဖြစ်ဖြစ် designer ကFree ပေးထားတာဖြစ်ဖြစ် designer နာမည်ကို ဖော်ပြပေးဖို့လိုကိုလိုပါတယ် ဖန်တီးမှုအတွက် တန်ဖိုးထားပေးရပါမယ်
⁃ ဒါ့အပြင် မြင်တာနဲ့ကိုယ်ထိုးတတ်တာပဲဆိုပြီးထိုးလို့မရပါဘူးနော် ဘာလို့ဆို သူများရဲ့ကိုယ်ပိုင်ဒီဇိုင်းဖြစ်နေလို့ပါ Foreign crocheter တွေနဲ့ ပြသာနာဖြစ်တာမျိုးတွေတွေ့ဖူးကြပါလိမ့်မယ်
⁃ ဒါ့အပြင် ကိုယ်တိုင်ဖန်တီးထားတာလေးဆို စျေးလဲပိုယူလို့ရပါတယ်
❇️Copy design
⁃ သူကတော့ You tube တို့ Pinterest တို့ Instagram တို့ကနေမြင်ပြီးPaid pattern လဲမဟုတ်တာမျိုးလေးတွေ ကိုယ်ကလဲထိုးတတ်လို့ လိုက်ထိုးတာမျိုးကိုခေါ်ပါတယ်
⁃ ဒီမှာတချက်သတိထားရမှာက Pinterest ကဆိုအကုန် free pattern လို့ထင်တတ်ကြပါတယ် မဟုတ်ပါဘူးနော် သူကလဲ platform တစ်ခုပဲမို့ paid pattern တွေရှိပါတယ် ဒါကြောင့်ကိုယ်ကသေချာသိဖို့လိုပါတယ်
⁃ သူကတော့ အမြင်နဲ့လိုက်ထိုးရုံပဲဆိုတော့ အရမ်းခေါင်းစားရမှာမျိုးတွေမရှိဘဲ အချိန်မြန်ပါတယ်
⁃ သင်တန်းတွေပြန်သင်ကြတာမျိုးလဲ လုပ်ကြပါတယ် Paid pattern မဖြစ်ဖို့တော့ဂရုစိုက်ရပါမယ်
❇️Inspired design
⁃ သူကလဲ copy လိုပါပဲ တိုက်ရိုက်ကြီးယူတာမျိုးမဟုတ်ဘဲ ကိုယ့်စိတ်ကြိုက်နည်းနည်းဖြတ်ညှပ်ကပ် ပြင်တာမျိုးလေးတွေ စက်ထိုးထည်ကို ကြည့်ပြီးထိုးတာမျိုးလေးတွေ စသဖြင့်ထိုးကြတာမျိုးပါ
⁃ ဒါလဲသင်တန်းတွေသင်ကြတာမျိုးလုပ်ကြပါတယ်
🧶မသိသေးတဲ့သူလေးတွေလဲ သိသွားကြပြီထင်ပါတယ် ဒါကြောင့် ကိုယ်တိုင်လဲ Own creation လေးတွေ ဖန်တီးနိုင်ပြီး ဖန်တီးတဲ့သူတွေနဲ့ဒီဇိုင်းလေးတွေကိုလဲ တန်ဖိုးထားနိုင်ကြပါစေနော်
🧶Crochet လောကကြီးချစ်ချစ်ခင်ခင်နဲ့ စည်းကမ်းရှိရှိလေးနဲ့ Own pattern တွေဖန်တီးရင်း နိုင်ငံတကာမှာရင်ဘောင်တန်းနိုင်အောင်ကြိုးစားကြရအောင်ပါရှင်
❌ပုံနှင့်စာများ copy ခွင့်မပြုပါ❌
ဒီနေရာတွေမှာလဲ Scalpel Handmade ရှိနေပါပြီနော်
1. Telegram
https://t.me/+aEFhux_OsaM3MGI1
2. Viber
Join Scalpel Handmade on Viber https://invite.viber.com/?g2=AQBu%2FFTSW06G21LzHN%2B6t1zqJTswHkBLV21q4uvtDVyQ0EEKRGQcpfzIur6k0p9n
3. Instagram
https://www.instagram.com/scalpel_handmade?igsh=MWFndm1lamJrYXd4bQ==
ထိုးတာကတော့ဝက်ဝံပါပဲ
ဘာထိုးထိုး ဝက်နဲ့တူအောင်ထိုးမိတာတော့ မတတ်နိုင်ဘူး😂
ဒါလေးက Monthly project လေးစုထိုးဖြစ်တာလေးပါ ချစ်စရာလေးနော်😍
မင်မင့်လို တိုလီမိုလီပုစိကွစထည့်တတ်တဲ့သူအတွက်တော့ အဆင်ပြေဆုံးပဲရှင်🥰🥰
တခြားအကောင်ပုံလေးတွေမှာချင်လဲရပါတယ်နော်🤗
Pattern by Chubbiesbyash
https://youtu.be/nuyTMDIPPwI?si=dCR2eIgmIm2hKxKm
🦋Work in progress လေး🦋
🦋ရောင်စုံလိပ်ပြာလေးတွေက ဘာအတွက်ပါလိမ့်😍
💕မရိုးမဆန်းလေးနဲ့ လုံချည်ဘောင်းဘီ ဘာလေးနဲ့ တွဲဝတ်ဝတ်အဆင်ပြေတာလေးဆို ဒီ Blouse လေး recommend ပေးချင်ပါတယ်နော်
💕အတော်လှတဲ့ စပျစ်ခိုင်Pattern လေးကိုမှ လူကြိုက်များတဲ့ပန်းမိတ်ကပ်ရောင်လေးနဲ့ဆိုတော့ ဘယ်လိုလှမှန်းကိုမသိဘူး
💕အရွေးမမှားနဲ့ မင်ပြောတာယုံ ဝတ်လိုက်ရင်ပိုတောင်လှသေး 🤗
💕Project details
Name - Sweet Grape blouse
Yarn - LaRosa 2ply
Hook- 2.5mm
Size - M
💕Preorder, Half prepaid ပါရှင့်
Crochet ထည်လေးတွေဝယ်ပြီး အတည့်ပြောင်းပြန်ရွေးရခက်ဖြစ်ဖူးကြလား ❓
ပုံမှန်ချုပ်ထည်တွေဆိုချုပ်ရိုးကြောင်းကို ကြည့်ဝတ်လိုက်ရုံပဲလေ Crochet ထည်လေးတွေမှာလဲ ချုပ်ရိုးကြည့်ဝတ်လို့ရတာမျိုး ကြယ်သီးကြည့်ဝတ်လို့ရတာမျိုးရှိပါတယ်
ဒါပေမယ့်လုံးစွပ်အထည်မျိုးဆိုရင်တော့ အတွင်းဖက်နဲ့အပြင်ဖက် ရွေးရခက်ပြီလေ
လည်ပင်းကွပ်တို့ ခါးတို့မှာ အနားသတ်ထားတာလေးတွေကြည့်ပြီးရွေးပါ ပုံလေးနဲ့ပြထားပေးတယ်နော်
ပထမပုံမှာ ပြထားသလိုဖွတ်မီးလေးသေချာမြင်ရပါလိမ့်မယ် ဒါဆို အလှဖက် အပြင်ဖက်ပါ
ဒုတိယပုံမှာတော့ဖွတ်မီးကြောင်းလေးမမြင်ရပါဘူး ဒါဆိုရင်တော့ မလှဖက် အတွင်းဖက်ထားဝတ်ပါရှင်
🌧️မိုးလေးရွာရင် 🌧️🌧️🌧️
ကော်ဖီလေးဖျော်
စာအုပ်လေးနဲ့
စောင်လေးခြုံရင်း
ဓာတ်ဖမ်းကြမလား🥰
🌧️Handmade စောင်လှလှလေး ကြွားပါရစေ☺️
🌧️6' x 3'တယောက်အိပ်ဆိုဒ်ကို ဝိတ်ပေါ့တဲ့ချည်လေးသုံးပေးထားပါတယ်
🌧️အရောင်လေးကမြိုင်ပြီးလှနေရောပဲနော်
🌧️ဘယ်လောက်ကြာကြာဆိုပြီး ယုံယုံကြည်ကြည်အားပေးလို့လဲ ကျေးဇူးတင်ရပါတယ်ရှင်🥰
🌧️မိုးကလေးတွေ စရွာလာပြီဆိုတော့ ထီးကလေးထိုးရအောင်လေ
🌧️မူရင်း pattern လေးရော မင်မင် ဘာသာပြန်ပေးထားတာလေးပါ တင်ထားတယ်နော်
💡Handmade page အရွေးမမှားရအောင် 💡
💜Handmade လေးတွေက မရှိမဖြစ်လိုတာမဟုတ်ဘဲ ကိုယ်နှစ်သက်လို့ ကြိုက်လို့ လက်ဆောင်ပေးချင်လို့ စသဖြင့် ဝယ်ကြပါတယ်
💜Handmade ဆိုတော့ prepaid ကြိုပေးထားရပြီး waiting time ကလဲရှိသေးတယ်လေ ရင်တမမနဲ့စောင့်ရပြီး ရောက်လာတော့ စိတ်တိုင်းမကျ မျှော်ရကျိုးမနပ်ရင်လဲမဖြစ်သေးဘူးပေါ့
💜ခုချိန်မှာ လိမ်တာတွေလဲများတော့ ကိုယ့်ချွေးနည်းစာလေးအလိမ်မခံရအောင် နဲ့ စိတ်တိုင်းမကျမဖြစ်ရလေအောင် ဒီအချက်လေးတွေလုပ်ကြည့်ပါနော်
💜ကိုယ်ဝယ်မယ့် Page ထဲကိုသေချာဝင်ကြည့်ဖို့ လုံးဝမပျင်းပါနဲ့ ⭐⭐⭐
ဘာတွေကြည့်ကြမလဲ❓
💜တင်ထားတဲ့လက်ရာတွေ သေချာကြည့်လို့ရပါတယ် ကိုယ်တိုင်ထိုးလက်ရာတွေတင်ထားတာရှိသလား တကယ်ထိုးတဲ့သူလား လက်ရာသပ်ရပ်မှုရှိရဲ့လား ကြည့်ပါ
💜တင်ထားတဲ့ပုံတွေက နိုင်ငံခြားကပုံတွေတင်ပြီးအော်ဒါကောက်ထားတာလား page ကကိုယ်တိုင်လက်ရာလား ကြည့်ပါ ကိုယ်တိုင်လက်ရာဆို Page logo တပ်ထားကြတာများပါတယ် တချို့က ပုံ crd ဆိုပြီးတင်တတ်ကြပါတယ် နိုင်ငံခြားကပုံတွေကိုကြည့်ပြီး မှာပြီးမှ မလှမပရောက်လာရင် စိတ်ညစ်ရပါလိမ့်မယ်
💜ကိုယ်တိုင်လက်ရာတင်ထားတာမရှိရင်တော့ စိတ်မချပါနဲ့ (မင်မင်ဆို ကြွားချင်လွန်းလို့ pin post လုပ်ထားတာ ဤကားစျေးဗန်း😁)
💜commentတို့ react တို့ကြည့်ပြီးလဲတကယ်ရောင်းတဲ့ page လား အလိမ်လား မှန်းလို့ရပါတယ် (အရေအတွက်များမများမဟုတ်ဘဲ ပြောထားပုံလေးတွေကြည့်ရမှာပါ) ဥပမာ- ရက်ချိန်းကြာလို့ မလှလို့ စသဖြင့် တခြားသူတွေပြောထားကြတာမျိုးရှိလားကြည့်ပါ
💜အပြောချို စျေးချိုတိုင်းလဲအယုံမလွယ်ပါနဲ့ အရင်နေ့က ရေးတင်ထားသလို သူ့စျေးနဲ့သူရှိတာမို့ တနေရာထဲစျေးကွက်ချိုနေရင်သတိထားသင့်ပါတယ် ပုံမှန်တန်းစျေးမဟုတ်ဘဲ အလွန်ချိုနေရင်တော့ အလိမ်မဟုတ်ဘူးဆိုရင်တောင် ပေါပေါပဲပဲကြီးဖြစ်နေတတ်ပါတယ်
💜ရက်ချိန်းကလဲအရေးကြီးပါတယ် Handmade တွေက ရှေ့အော်ဒါရှိထားတာပေါ်မူတည်ပြီး ကြာတတ်ပါတယ် လက်မှုပစ္စည်းဖြစ်လို့ မမျှော်လင့်တဲ့အခက်ခဲလေးတွေကြောင့် ရက်အနည်းငယ်နောက်ကျတာမျိုးရှိတတ်ပါတယ် ဒါကြောင့် ရက်အရမ်းကပ်မှမှာတာမျိုးမလုပ်သင့်ပါဘူးနော် တချို့ page တွေက အလွယ် ၁ပတ်နဲ့ ရတယ် လိုချင်တဲ့ရက်ရတယ် ပြောပြီး တကယ်မရရင်ကိုယ်ပဲစိတ်ညစ်ရတတ်ပါတယ်
ကဲ ဒါဆိုရင်တော့ Page လေးတွေ သေချာရွေးတတ်ကြပါစေရှင်🍀🍀🍀
Crochet ပစ္စည်းချင်းတူပေမယ့် ဘာကြောင့် စျေးမတူရတာလဲ❓❓
🍀လက်မှုပစ္စည်းလေးတွေစိတ်ဝင်စားလာတာနဲ့အမျှ crochet လေးတွေလဲခေတ်စားလာပါတယ်
🍀ဆိုင်ကြီးကြီးဖွင့်တာရှိသလို လမ်းမှာ ဆိုင်လေးဖွင့်ပြီးရောင်းတာမျိုးလေးတွေ Page နဲ့ ရောင်းတာမျိုးလေးတွေအများကြီး တွေ့ရမှာပါ
🍀တနေရာနဲ့တနေရာ ပစ္စည်းချင်းတူရင်တောင်စျေးကွာကြတာမျိုးကြုံဖူးမယ်ထင်ပါတယ် ဒါကြောင့်မင်ကဘာလို့အဲ့လိုကွာကြတာလဲဆိုတာလေး ပြောပြပေးချင်ပါတယ်ရှင်
(1) အသုံးပြုတဲ့ချည်အမျိုးအစား
ဒီပစ္စည်း ဒီပုံစံကိုပဲ စျေးကြီးတဲ့ချည် ကောင်းကောင်းသုံးမလား စျေးသင့်တဲ့ချည်ပဲသုံးမလား စျေးပေါတဲ့ချည်သုံးထားလားပေါ်မူတည်ပြီးစျေးကွာနိုင်ပါတယ် တချို့က စျေးပေါတဲ့ချည်ပဲသုံးပြီး သူများထက် စျေးချိုနေတာမျိုးရှိတတ်ပါတယ် ဝယ်သူက ချည်အကြောင်းမသိတဲ့သူဆို ပစ္စည်းကအတူတူထင်တတ်ပေမယ့် သေချာကြည့်ရင်ကွာပါတယ်နော်
(2) ထိုးရတဲ့ကြာချိန်
လက်မှုပစ္စည်းလေးတွေမှာ စျေးကို ဖန်တီးဖို့ကြာချိန်နဲ့တွက်ယူကြတာမို့ အချိန်အကြာကြီးယူပြီးဖန်တီးရတာမျိုးဆို စျေးပိုကြီးတတ်ပါတယ် အချိန်သိပ်မကြာတဲ့ဟာမျိုးဆိုရင်တော့ စျေးနည်းနိုင်ပါတယ်
(3) လုပ်အားခသတ်မှတ်ချက်
Crocheter တယောက်နဲ့တယောက် တနာရီလုပ်အားခသတ်မှတ်ချက်ပေါ်မူတည်ပြီးလဲကွဲပြားနိုင်ပါတယ် လက်ရာကောင်းကောင်းနဲ့သေချာသပ်ရပ်ထိုးတဲ့သူရဲ့ လုပ်အားခ နဲ့ ပြီးပြီးရော လှလှ မလှလှ အမြန်ထိုးတဲ့သူရဲ့ လုပ်အားခနဲ့ကတော့ကွာမှာပါပဲနော်
(4) လက်ရာသပ်ရပ်မှု
ဒါကတော့မင်မင်ပြောစရာတောင်သိပ်မလိုပါဘူးနော့ လက်ရာလှလှသပ်သပ်ရပ်ရပ်လေးဆို စျေးပိုပေးရလဲ များတယ်မထင်ဘူးဟုတ် တချို့ဆို ရောင်းရပြီးရော ပေါပေါရောင်းတာမျိုးတွေလဲ တွေ့ဖူးတယ်
🍀ကဲ ခုပြောပြပြီးပြီဆိုတော့ မင့်ကာကာတွေလဲ Crochet ပစ္စည်းလေးတွေစျေးကွာတတ်ကြတဲ့အကြောင်းရင်းကို သိပြီထင်ပါတယ်ရှင်
🍀ဒီလိုနားလည်သွားပြီဆိုရင်တော့ ဘယ်မှာပဲဝယ်ဝယ် ဒါက ဟိုမှာကစျေးဘယ်လောက်ပဲရှိတာ ဒီမှာက ဘာလို့စျေးများနေတာဆိုပြီး ပြောတာမျိုးတွေ စျေးဆစ်တာမျိုးတွေ မလုပ်သင့်တာဘူးပေါ့နော် ဘာလို့ဆို လက်မှုပညာရှင်တွေက နှလုံးသားနဲ့ဖန်တီးကြတာဆိုတော့ စိတ်ထိခိုက်တတ်ကြလို့ပါတဲ့ရှင်
🍀မင့်ကာကာတွေကရော စျေးသက်သာတာကြိုက်လား Quality ကောင်းတာကြိုက်ကြလား
အိမ်လေး အလှဆင်ဖို့စိတ်ကူးနေပြီလား 🤔
ဒါဆို Crochet လေးတွေကို သတိရလိုက်ပါ
ခန်းဆီးလိုက်ကာ စောင် စားပွဲခင်းတွေ cover လှလှလေးတွေ Wall hanging လေးတွေ ပန်းအိုးလေးတွေ မျိုးစုံနဲ့ အလှဆင်လို့ရတယ်နော်💕
မင်မင်က Crochet curtain လေးမိတ်ဆက်ပေးပါရစေ🥰
လှလဲလှတဲ့အပြင် ခန်းနားထည်ဝါမှုလေးပါခံစားရစေမှာ အသေချာပါပဲရှင်
အဆုံးမှာ video လေးပါ ရိုက်ပြထားပါတယ်နော် 💕
မင်မင် ချည်မထိုးတော့ဘူးလား မေးကြလို့လေ
ချည်ကထိုးပါတယ်လို့ အော်ဒါလဲလက်ခံနေပါပြီ Project အကြီးတွေထိုးဖြစ်နေပြီး
ပုံမတင်ဖြစ်လို့ပါလို့😘
💞မကြာခင်မှာ ကြင်နာမယ် 💞တဲ့
ချစ်စရာဘယ်လောက်ကောင်းထားတုန်းနော်
💜ချစ်သော Violet လေးနဲ့အတူယူဆောင်လာတာလေးက Mamosa Cro.chet ရဲ့ own creation CAL လေးပါဝင်ဖြစ်တဲ့ "မကြာခင်မှာကြင်နာမယ်" ဆိုတဲ့ အင်္ကျီလေးပါ
💜💜သူ့ရဲ့အားသာချက်တွေက
❣️နာမည်လေးက ချစ်စရာကောင်းပြီး ကြားရုံနဲ့ဝတ်ချင်စရာလေး
❣️Body Pattern လေးကလှသလို ထိုးရတာလဲမြန်တယ်
❣️ချည်ကုန်လဲသက်သာတဲ့ အထည်လေးမို့ ချည်အတွက်လဲသိပ်မပူရဘူး
❣️ပေါ့ပေါ့ပါးပါး Free style လေးဖြစ်တယ်
❣️အကျဲလေးမို့ အေးအေးလေးနဲ့ဝတ်လို့ကောင်းတယ် ဒါပေမယ့် တအားလဲမကျဲတာမို့ အောက်ကတထပ်ခံမဝတ်ချင်ဘူးဆိုလဲ အဆင်ပြေတယ်
❣️ရိုးရိုးရှင်းရှင်း လက်လေးမှာ ပန်းပွင့်တွဲလောင်းချထားတာလေးက အသက်
❣️ခါးနားက ခပ်ဝဲဝဲ Raffle လေးတွေကလဲ လူငယ်ဆန်ဆန်လေးတမျိုးပေါ့~~~
💜💜ဒါဆို အားနည်းချက်ကရော 🤔
❣️ဘောင်းဘီ၊စကပ်တို့နဲ့ဝတ်ရင် သွက်သွက်လေးနဲ့ လူငယ်ဆန်ပြီး လုံချည်လေးနဲ့ဝတ်ရင်လဲ ယဉ်ယဉ်လေးနဲ့ အဆင်ပြေနေတာကြီးက သူ့ရဲ့အားနည်းချက်ပဲ😉
💗ကဲ ဒီမင်မင်အညွှန်းကောင်းလို့ အရမ်းတွေထိုးဝတ်ချင်နေပါပြီဆိုရင်တော့ Mamosa Cro.chet မှာ Class လေးတက်လို့ရပါတယ်ရှင်
💗Video တွေ Diagram တွေနဲ့ တဆင့်ချင်း သေချာလေးရှင်းပြထားတာမို့ အရမ်းအဆင်ပြေသောပါပဲ
💜Project details
❣️Name - မကြာခင်မှာကြင်နာမယ်
❣️Own Creation and design by Mamosa Cro.chet
❣️Yarn - PNM 2ply
❣️Hook - 2.5mm
❣️Size - L (chest 36")
💜ကိုယ်တိုင်မထိုးတတ်တဲ့ ကြင်နာချင်သူလေးတွေကတော့ Waiting time လေးစောင့်နိုင်ရင် မင်မင်ဆီ အော်ဒါလေးတွေပြန်လက်ခံနေပါပြီရှင်
#မကြာခင်မှာကြင်နာမယ်CAL
🍀မင်္ဂလာရှိသော နှစ်သစ်ဖြစ်ကြပါစေ🍀
🍀နှစ်သစ်မှစပြီး လိုရာဆန္ဒပြည့်ဝပါစေ
🍀ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာပါစေ
🍀ဝင်ငွေတွေတိုးပွားပါစေကြောင်း
Scalpel handmade က ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်🥰
ပန်းဥယျာဉ်ထဲက ပျားကလေး ဖမ်းပြီး ပြန်လာပါပြီ 🐝
Bubble tea ကြိုက်တဲ့
lipstick crazy လေးတွေအတွက်
Matcha Bubble tea lipstick holder လေးပါရှင်😍
Pattern by Toheart Handmade Shop
မမြင်တာကြာလို့ မေ့နေကြမှာစိုးလို့ ယုန်ကလေးနဲ့နှုတ်ဆက်လိုက်ပါတယ်
Amigurumi Group(Amayar.handmade) ရဲ့ Event လေးပါဝင်ဖြစ်တာလေးပါရှင်💛
✈️Feb Mini project ရဲ့လေယာဉ်ပျံလေး✈️
Pattern လေးကို မူရင်းရော Translate လေးပါ ment မှာတင်ပေးထားပါတယ်နော်😍
🌱မင်္ဂလာပါ🌱
💗ဒီနေ့တော့ Princess vibe အပြည့်နဲ့
Dressup လေးအလှည့်ပါရှင် 💗
Dressup အလှလေးနောက်တစ်စုံပါရှင်💗
🌹အနီရဲရဲကြိုက်တဲ့မီးမီးလေးအတွက် အနီရဲရဲဂါဝန်လေးနဲ့ ထိုးပေးဖြစ်တာလေးပါ🌹
💐Scalpel's fashion week မှကြိုဆိုပါတယ်ရှင် 💐
💗ဖက်ရှင်ကို အလေးပေးလာတဲ့ခေတ်ထဲမှာ Dressup လေးတွေကိုလဲ ဖက်ရှင်ကျကျ လှလှပပလေး ဆင်မြန်းပေးဖြစ်တယ်💗
💗လူကြိုက်များတဲ့ Dressup girl လေးတွေ လတ်တလောထိုးဖြစ်တာမို့ ဘယ်လိုအလန်းစားလေးတွေ ဖြစ်မလဲ စောင့်ကြည့်ပေးပါအုံးနော်💗
✨Crochet ပစ္စည်းလေးတွေကို
Preorder မှာရတာကြိုက်လား
Instock ရှိတာကို ကြည့်ပြီးဝယ်ရတာကိုကြိုက်လား???
❇️Preorder ဆိုရင်တော့
ကောင်းတာက
✔️စိတ်ကြိုက်ပုံ စိတ်ကြိုက်အရောင် မှာလို့ရတယ်
✔️ကိုယ့်အတွက်သီးသန့်ဆိုတာမျိုးfeeling လေးရှိတယ်
✔️ဘယ်လိုလေးများထွက်လာမလဲ ရင်တခုန်ခုန်စောင့်ရတယ်
မကောင်းတာက
✔️မှာထားရတာဆိုတော့ ကြာချိန် ၁ခုရှိတယ်
✔️ထိုးပြီးမှ ကိုယ့်စိတ်ကြိုက်မဖြစ်တာမျိုးလေးတွေရှိတတ်တယ်
✔️စရံကြိုပေးထားရတယ်
❇️Instock ဆိုရင်တော့
ကောင်းတာက
✔️စောင့်စရာမလိုဘူး ချက်ချင်းဝယ်လို့ရတယ်
✔️ကြိုက်မကြိုက် တခါတည်းကြည့်လို့ရတယ်
မကောင်းတာက
✔️Customize မဖြစ်ဘူး
✔️ကိုယ့်အတွက်သီးသန့် ဆိုတာမျိုးမခံစားရဘူးပေါ့
🥰ဒါဆို ကာကာတို့ကရော Preorder ပိုကြိုက်လား Instock ပိုကြိုက်လား ဖြေခဲ့ပါအုံးနော်🥰
🌹နှင်းဆီပန်းခြင်းလေးနဲ့ အတူ နှင်းဆီပန်းတွေ အကြောင်းပြောကြမယ် 🌹
🌹အဆင်းလည်းလှသလို ရနံ့လည်း မွှေးတဲ့ နှင်းဆီပန်းလေးတွေက အရောင်ပေါ်မူတည်ပြီး အဓိပ္ပာယ်အမျိုးမျိုးကွဲပါတယ်တဲ့ရှင်
🌹အနီရောင်လေးကတော့ ပြီးပြည့်စုံတဲ့ချစ်ခြင်းကို ကိုယ်စားပြုပြီး Anniversary flower, Valentine's day flower အနေနဲ့အသုံးအများဆုံးလေးပေါ့
🌹အဖြူရောင်လေးကတော့ သန့်စင်ခြင်း၊အပြစ်ကင်းစင်ခြင်း၊မျှော်လင့်ချက်၊ အသစ်စတင်ခြင်းလို့ အဓိပ္ပာယ်ရပြီး Wedding တွေမှာ သုံးကြသလို နှုတ်ဆက်ခွဲခွာသူကို သတိတရရှိတဲ့ အနေနဲ့လဲ သုံးကြပါတယ်
🌷ပန်းရောင်အရင့်လေးကတော့ သူငယ်ချင်း မိတ်ဆွေတွေကို ကျေးဇူးတင်ကြောင်းပြတာဖြစ်ပြီး ပန်းရောင်အဖျော့လေးကတော့ ပျော်ရွှင်ခြင်းနူးညံ့ခြင်းနဲ့ ငယ်ရွယ်တဲ့အချစ်လို့ ဆိုပါတယ်
🌹စိတ်ထားထက်သန်မှု၊ တက်ကြွခြင်းအပြည့်နဲ့ ကောင်းမွန်တဲ့ စွမ်းအင်တွေအတွက်ကိုတော့ လိမ္မော်ရောင်နှင်းဆီလေးပါတဲ့ရှင်
🌹အဝါရောင်လေးကို ဟိုးအရင်အချိန်တွေက Jealousy, conflict လို့ဆိုပေမယ့် ခုနှစ်များစွာကြာပြီးတဲ့နောက်တော့ ခင်မင်မှု နွေးထွေးမှုနဲ့ ဂရုစိုက်ခြင်းအဖြစ်လက်ခံလာကြပြီး တစုံတယောက်ရဲ့နေ့တွေတောက်ပဖို့ ရည်ရွယ်သုံးလာကြပါတယ်
🌹ခရမ်းရောင်နှင်းဆီလေးကတော့ ရှားပါးပြီး ချစ်ခြင်းတွေ ဝန်ခံဖို့အတွက် Ideal choice ပါတဲ့နော်
🌹အစိမ်းရောင်နှင်းဆီတွေရဲ့အဓိပ္ပာယ်ကတော့ အမျိုးမျိုးရှိနေပါတယ် ထင်ရှားတာလေးကတော့ ပျော်ရွှင်ခြင်းနဲ့ မျှော်လင့်ချက်ဖြစ်ပါတယ် New baby welcome လုပ်ရာမှာသုံးကြပါတယ်တဲ့
🌹အရောင်လေးတွေအပြင် အပွင့်အရေအတွက်ပေါ်မူတည်ပြီး အဓိပ္ပာယ်လေးတွေလည်း ရှိပါသေးတယ် ဆိုတော့ မှန်ကန်စွာ ရွေးချယ်နိုင်ပါစေနော်
❇️လွတ်လပ်စွာ share နိုင်ပါသည်❇️
🚫စာသား copy ခွင့်မပြုပါ🚫
🌹ပုံမှာထိုးထားတဲ့ ပန်းခြင်း pattern လေးက Rachel Croche ရဲ့ free pattern လေးပါ
🌹Pattern လေးပါ တင်ပေးထားပါတယ်ရှင့် လိုက်ထိုးဖြစ်ရင် မန့်ခဲ့လို့ရပါတယ်🥰
ကောင်မလေးကိုဘာလက်ဆောင်ပေးကြမလဲ💭
ရှေ့ရက်မှာ ကောင်လေးတွေအတွက်ပြောပြပြီးပြီဆိုတော့ ဒီနေ့မှာ မင်မင်က ကောင်မလေးအတွက် ရွေးချယ်စရာ Crochet လက်ဆောင်လေးတွေပြောပြပါအုံးမယ်ရှင်🥰
❇️ပန်းကလေးတွေ
✔️ပန်းလက်ဆောင်မကြိုက်တဲ့မိန်းကလေးတော့ မရှိသလောက်ပဲနော် မညိုးတဲ့ crochet ပန်းလေးတွေဆိုရင်တော့ အမြဲလှလှလေးသိမ်းထားနိုင်ပြီပေါ့
✔️ပန်းစည်းလေးတွေလဲ ရသလို ပန်းအိုးလေးလဲပေးလို့ရတယ်လေ
❇️အိတ်
✔️အသုံးဆောင်တွေထဲ မပါမဖြစ်က အိတ်လှလှလေးတွေပဲလေ
✔️အိတ်ပိစိလေးကစလို့ အလှပွဲတက်အိတ်တွေထိ အမျိုးမျိုးရှိလို့ စိတ်ကြိုက်ရွေးရုံပဲ
❇️အင်္ကျီ
✔️Top လန်းလန်းလေးတွေ ဝတ်တတ်တဲ့သူလေးလား
✔️Free style ကြိုက်တဲ့သူလေးလား
✔️ဂါဝန်လေးတွေကြိုက်တာလား
✔️အပေါ်ထပ်လေးလား ဘာလေးပဲဖြစ်ဖြစ်ထင်းရှားနေမှာပဲလေ
❇️အရုပ်လေးတွေ
✔️အရုပ်လေးတွေ မကြိုက်တဲ့သူကို မရှိနိုင်ဘူးဆိုတော့ မျက်စိမှိတ်သာရွေးလိုက်တော့နော်
❇️Hair accessories
✔️ကလစ်လေးတွေ ဘီးကုတ်လေးတွေ ခေါင်းစည်းကြိုးလေးတွေကို box လှလှလေးနဲ့ပေး မိုက်မှမိုက်ပဲ
❇️ဖိနပ်လေးတွေ
✔️ဖိနပ်ကြိုက်တတ်တဲ့သူလေးတွေအတွက်တော့ Crochet ဖိနပ်လှလှလေးတွေရှိတယ်လေ
ကဲ ဘာပေးရမလဲ စဉ်းစားပြီး အမြန်ပြင်ဆင်တော့နော်🍀
✳️Share နိုင်ပါတယ်✳️
🚫စာသား copy ခွင့်မပြုပါရှင်🚫
ကမ္ဘာပေါ်မှာရှိတဲ့
အမေများအားလုံး
ကျန်းမာ ပျော်ရွှင်ပါစေကြောင်း
ဆုမွန်တောင်းလိုက်ပါတယ်ရှင်🙏🏻🙏🏻🙏🏻