Ye Thawe Naing
TintNaingOo
သွေးမထွက်တဲ့ ဒဏ်ရာ...
လူတွေအမြင်မှာ အဆင်ပြေနေတယ်လို့ထင်နေတဲ့ ဆက်ဆံရေးတစ်ခုက လက်တွေ့ကျ ဘာတစ်ခုမှ အဆင်ပြေချော့မွေ့မနေမှန်း ကာယကံရှင်နှစ်ယောက်က လွဲလို့ ဘယ်သူမှ မသိနိုင်တဲ့အခြေအနေလေ ။
အဆင်ပြေလားမေးရင် ပြုံးပြုံးလေးဖြေဖို့ ကြိုးစားရင်း မျက်ရည်ဝဲရတယ်... အင်း အဆင်ပြေပါတယ်ပေါ့... ပြီးတော့ ပျော်နေတယ်လို့ ထင်နေကြတဲ့ရက်တွေမှာ အထီးကျန်နေရတာတွေ ဘယ်သူမှ မသိခဲ့မမြင်ခဲ့ဘူး ။
လူတချို့က ဒဏ်ရာလို့ပြောရင် ထိခိုက်ရှနာသွားသလား သွေးထွက်နေသလားလို့ပဲ ရှာကြတာ များတယ် ။ စကားလုံးတွေကြောင့် နာသြားတဲ့ နှလုံးသားကိုတော့ မြင်အောင် မကြည့်တတ်ကြဘူး ဘာမဟုတ်တာတွေကြောင့် တစ်ဖက်သား ကြေကွဲတတ်ပါလားလို့လဲ မတွေးတတ်ကြဘူး။
အဆင်ပြေနေတယ်လို့ဖြေလိုက်ရုံနဲ့ အဆင်ပြေနေတာပဲအဆင်ပြေနေတယ်လို့ပဲ ယုံသွားတတ်တယ် ဝဲသွားတဲ့မျက်ရည်တွေကို ဘယ်သူမှ မမြင်တတ်ကြဘူး ။ သွေးမထွက်ပေမယ့် သေအောင် နာရတဲ့ ဒဏ်ရာတွေအကြောင်း သိစေချင်သေးတယ် ။
နားလည်စေချင်လို့ ပြောပြတဲ့ စကားလုံးတွေအနောက်မှာ ကိုယ်မျှော်လင့်ထားသလို နားလည်မပေးတဲ့အပြင် သူကချည်း အပြစ်စတင်တဲ့အခါ ဘာပြန်ပြောလို့ပြောရမယ် မသိတော့တဲ့အထိ စကားလုံးတွေ ပျောက်ရှခဲ့ဖူးတယ် ရင်ထဲနာရတာပေါ့ ။
တစ်ခုခုဆို သူတော့ ငါ့အရှေ့က ရှိနေမှာပါဆိုပြီး ယုံကြည်ခဲ့မိတဲ့သူကမှ အရေးကြုံလာရင် ကိုယ့်ကို ဦးအောင်ပစ်သွားတာမျိုးတွေလေ နာကျင်လွန်းလလို့ ကျမိတဲ့ မျက်ရည်တွေကို မျက်ရည်လွယ်လိုက်တာဆိုတဲ့ စကားလုံးတွေနဲ့ လှောင်ရီကြတာမျိုးတွေပေါ့
သွေးမထွက်ဘူးဆိုပေမယ့် အဲ့ဒီအခိုက်အတန့်တွေမှာ သေမတတ်တော့ နာရတယ် ။ ရင်ထဲမှာ လာစိုက်ပြီးသား စကားလုံးတွေဟာ နှစ်တွေကြာလို့လဲ ပျောက်မသွားဘူးတဲ့ အသေအချာပဲ တစ်ခါပြန်အမှတ်ရမိတိုင်း တစ်ခါပြန်နာရတယ် ။
သွေးတော့ မထွက်ဘူးပေါ့ ပြီးတော့ ဒဏ်ရာဒဏ်ချက်တော့ မပေါ်ဘူးပေါ့... ပစ်ထားခံရခြင်းတွေကော အထီးကျန်ရခြင်းတွေကကော သက်သေပြလို့မှ မရပဲလေ ဒါပေမယ့် တစ်ဆစ်ဆစ်နဲ့ နာရလောက်တဲ့ ဒဏ်ရာပါပဲ ။
သွေးတော့ မထွက်ဘူးပေါ့။ မျက်ရည်တွေတော့ ကျရတယ်။ ရင်ထဲက လဲ နာရတယ်။
Credit ပေးပါ #ကျေးကို