2022 DRR day campaign

2022 DRR day campaign

Fund raising campaign for International Disaster Risk Reduction Day

13/10/2023

📣 အောက်တိုဘာလ (၁၃)ရက်ဟာအပြည်ပြည်ဆိုင်ရာ ဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ (International Day For Disaster Risk Reduction) (IDDRR) ဖြစ်ပါတယ်။

📣 ယခုနှစ်ရဲ့ ဆောင်ပုဒ်ကတော့ "အနာဂတ်ဘဝ ခိုင်မာလုံခြုံဖို့ မညီမျှမှုတိုက်ဖျက်စို့" (Fighting Inequality for a Resilient Future) ပါ။

💥 မြန်မာနိုင်ငံဟာ သဘာဝဘေးကြောင့်သာမက လူကြောင့်ဖြစ်တဲ့ စစ်ကောင်စီရဲ့ မတရားအာဏာသိမ်းမှု နောက်ဆက်တွဲဘေးအန္တရာယ်တွေကို နိစ္စဓူဝ ပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရပြီး နိုင်ငံအနှံ့ကပြည်သူတွေဟာ နေရပ်စွန့်ခွာတိမ်းရှောင်ရတာတွေ၊ နေအိမ် မီးရှို့ဖျက်ဆီးခံရတာတွေနဲ့ အသက်အိုးအိမ်အပါအဝင် ချစ်မြတ်နိုးရတဲ့သူတွေကို ဆုံးရှုံးခံနေရတဲ့ သောကပဋိဒေဝမျိုးစုံကိုပါ ခံစားနေကြရပါတယ်။

💥 မြန်မာနိုင်ငံမှာ နေရပ်စွန့်ခွာတိမ်းရှောင်ရတဲ့ ပြည်သူစုစုပေါင်း ၂ သန်းနီးပါး ရှိပြီး အဲဒီ ပြည်သူတွေဟာ လူသားချင်းစာနာမှုအကူအညီကို သာတူညီမျှ မရကြဘဲ ဘေးဒုက္ခတွေကို မမျှမတ ခံစားနေရပါတယ်။

🤝 ပြည်သူများရဲ့ ခံစားနေရတဲ့ ဘေးဒုက္ခတွေကို လျော့ပါးသက်သာစေပြီး ဘေးဒဏ် ကြံ့ကြံ့ခံနိုင်တဲ့ အနာဂတ်ဘဝတွေ ဖန်တီးနိုင်ဖို့၊ လုံခြုံနွေးထွေးတဲ့ မိသားစုဘဝတွေကို ပြန်လည်ရရှိနိုင်ဖို့ မညီမျှမှု အမျိုးမျိုးမှန်သမျှကိုတိုက်ဖျက်ပေးကြဖို့ အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့လိုပါတယ်။

✊ ပြည်သူအများ ကြုံတွေ့နေရတဲ့ အဆိုးကျော့ သံသရာကို ဖြတ်တောက်နိုင်ဖို့နဲ့ အနာဂတ်ဘဝတွေ ခိုင်မာလုံခြုံစေဖို့အတွက် လူမှုဒုက္ခအဝဝ ကို ဖန်တီးနေတဲ့ အကြမ်းဖက် စစ်ကောင်စီဖြုတ်ချရေးမှာလည်း တစ်တပ်တစ်အား ပူးပေါင်းပါဝင် ကြိုးပမ်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

Photos from 2022 DRR day campaign's post 01/07/2023

လေကြောင်းရန်နှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှု အန္တရာယ်တို့မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက်ဗုံးခိုကျင်းများ ဆက်လက်တူးဖော်ပေးလျက်ရှိ

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁

အကြမ်းဖက်စစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုများကို မြန်မာနိုင်ငံနေရာအနှံ့အပြားတွင် နေ့စဉ်ရက်ဆက် ပြုလုပ်လျက်ရှိပါတယ်။ မြေပြင်ရှိ ပြည်သူ့အခြေပြုစာသင်ကျောင်းများနှင့် ကျောင်းများတည်ရှိရာဒေသများတွင် လေကြောင်းရန်နှင့် လက်နက်ကြီး ကျရောက်ပေါက်ကွဲမှု အန္တရာယ်တို့မှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် "CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" အစီအစဥ်ဖြင့် ရန်ပုံငွေရှာဖွေပြီး ဗုံးခိုကျင်းများတူးဖော်ပေးရာ (၈၃၆) ကျင်းတူးဖော်ပေးခဲ့ပြီးဖြစ်ပါတယ်။

လက်ရှိအခြေအနေတွင် အရပ်သားပြည်သူများနေထိုင်ရာ ဒေသများကိုပါ လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများ အချိန်မရွေးဖြစ်ပေါ်လာနိုင်တာကြောင့် အရပ်သားပြည်သူများ (အထူးသဖြင့် စစ်ရှောင်ပြည်သူများ) အတွက် ယာယီပုန်းခိုစရာနေရာများ၊ ဗုံးခိုကျင်း‌များနှင့် ကတုတ်ကျင်းများအား မြေပြင်လူထုအားနဲ့အတူ ဆက်လက်ဆောင်ရွက်ပေးရန် အလှူရှင်များက ရန်ပုံငွေများဆက်လက်လှူဒါန်းလာတဲ့အတွက် ကြားကာလပညာသင်ကြားရေး ဖော်ဆောင်နေသည့် မြေပြင်စာသင်ကျောင်းများအပြင် စစ်ရှောင်စခန်းများတွင်ပါ ဗုံးခိုကျင်းများတူးဖော်ပေးလျက်ရှိပါယ်။ သို့ဖြစ်ပါ၍ ဇွန်လအတွင်း
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ဗုံးခိုကျင်း (၃၃၉) ကျင်းတူးဖော်ပေးရာ စုစုပေါင်းဗုံးခိုကျင်း (၁,၁၇၅) ကျင်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။

ယခုလို ဗုံးခိုကျင်းများ တူးဖော်ပေးရာတွင် ပါဝင်ခဲ့ကြတဲ့ တစ်ဦးတယောက်ချင်းစီကို ကျေးဇူးတင်ဂုဏ်ပြုလျက် အရပ်သားပြည်သူများထိခိုက်မှုလျှော့ချနိုင်ရေးအတွက် ဗုံးခိုကျင်းတွေကို မြေပြင်ရှိပြည်သူများ၏ စုပေါင်းအားနဲ့အကောင်အထည်ဖော် ဆောင်ရွက်ထားမှုများကိုလည်း မျှဝေတင်ပြပေးလိုက်ပါတယ်။

18/04/2023

မင်းတပ်မြို့နယ်အတွင်း ဗုံးခိုကျင်းတွေတူးထားကြဖို့တိုက်တွန်း (ရုပ်သံ)
********************

📣 စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှုအန္တရာယ် ကာကွယ်နိုင်ရန်အတွက် ပုန်းခိုရန်ကတုတ်ကျင်း၊ ဗုံးခိုကျင်းများ (သတ်မှတ်ထားသည့် စံနှုန်းအတိုင်း) အမြန်ဆုံးတူးထားရန် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ဒေသကာကွယ်ရေးအဖွဲ့နှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ တွေကအသိပေးထုတ်ပြန်ကြပါတယ်။

📣 ယခုလအတွင်း စစ်ကိုင်းတိုင်းအတွင်းရှိ ပဇီကြီးဖြစ်စဉ်အပါအဝင် ချင်းပြည်နယ်နှင့် ကရင်နီပြည် နယ်တို့တွင် အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးမှုရှိလာတာကြောင့် အခုလိုမျိုးကတုတ် ကျင်းတွေ၊ ဗုံးခိုကျင်းများကို သတ်မှတ်ထားတဲ့စံနှုန်းအတိုင်း အမြန်ဆုံးတူးထားကြဖို့ တိုက်တွန်းလိုပါတယ်။

Credit _ Mizzima

#ဗုံးခိုကျင်း
#လေကြောင်းကာကွယ်ရေး





https://fb.watch/j_dTGpP-OH/?mibextid=Nif5oz

23/03/2023

🎀 "CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" 2022 DRR day Campaign က ရရှိခဲ့တဲ့ အလှူငွေများဖြင့် မြေပြင်မှ ကြားကာလ ပညာရေးဖော်ဆောင်နေတဲ့ စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းပေါင်း (၇၉၀) ကျော်အား အကောင်အထည်‌ဖော် ဆောင်ရွက်နိုင်ခဲ့ပြီး ခုဆိုရင် ဗုံးခိုကျင်းတွေမှာ ကျောင်းသား/သူများနဲ့ ဆရာ/မများအား လေကြောင်းရန် အန္တရာယ်များ ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ "သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်း" အစီအစဉ်တွေကို ဆက်လက်ဆောင်ရွက် ပေးလျက်ရှိပါတယ်။

🎀 ဒါကြောင့် အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှု အန္တရာယ်ကို ကြိုတင်ပြင်ဆင်မှုများ၊ ဇာတ်တိုက်‌လေ့ကျင့်ခြင်းများအား မြေပြင်မှ သက်ဆိုင်ရာ အင်အားစုများနှင့် အတူ ပူးပေါင်းပြင်ဆင် ဆောင်ရွက်ထားကြဖို့ လိုပါကြောင်း အသိပေးနှိုးဆော်လိုက်ရပါတယ်။

14/03/2023

#အနာဂတ်များကိုကာကွယ်ပါ

🚸 "ယနေ့လူငယ်၊ နောင်ဝယ်လူကြီး" ဆိုတဲ့စကားအတိုင်း ဒီနေ့ခေတ်ရဲ့ လူငယ်တွေဟာ အနာဂတ်မှာ လူကြီးတွေရဲ့ တာဝန်အရပ်ရပ်ကို ပခုံးပြောင်းလက်လွှဲယူရမယ့်သူတွေဖြစ်ပါတယ်.. ဒီလိုလူငယ်လူရွယ်လေးတွေကို ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာဘက်စုံဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ဖို့ မိဘ၊ ဆရာ၊ ရပ်ရွာလူထု အားလုံးမှာတာဝန်ရှိပါတယ်…

🚸 ယခုမြန်မာနိုင်ငံမှာရှိတဲ့လူငယ်လူရွယ်တွေမှာ အကြမ်းဖက်စစ်တပ်ကြောင့်ရရှိနေတဲ့ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာထိခိုက်ဆုံးရှုံးမှုတွေကို လူထုလူတန်းစားအားလုံးက သိမြင်သဘောပေါက်ပြီး ကာကွယ်စောင့်ရှောက်ပေးဖို့လိုအပ်နေပါတယ်။ ကလေးများအားလုံးကို ဘေးကင်းလုံခြုံတဲ့ ရပ်ဝန်းတွေ ဖန်တီးပေးခြင်းဖြင့် အနာဂတ်များကို ကာကွယ်ပေးကြရအောင်။






Ministry of Humanitarian Affairs and Disaster Management - NUG

25/02/2023

“သားသားမီးမီးများ လုံခြုံဖို့ ဗုံးခိုကျင်းများ အတွက်အတူထောက်ပံ့စို့”

💝 ကျွန်တော်တို့ "CDMများရဲ့ စေတနာအားနဲ့အတူ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ အစီအစဥ်" မှတဆင့် မတည်ပြီး အကောင်အထည် ဖော်ခဲ့တဲ့ ဗုံးခိုကျင်း အစီအစဉ်လေးဟာ အခုဆိုရင်မြေပြင်ကျောင်းပေါင်း (၇၇၀) ကျော်မှာ တူးဖော် ဆောင်ရွက်နိုင်ပြီး ဖြစ်ပါတယ်။

💝 ပြည်သူများအနေနဲ့ စိုးမိုးနယ်‌မြေအတွင်းက စာသင်ကျောင်းတွေမှာ လေကြောင်းရန် ကာကွယ်နိုင်ရေး ဗုံးခိုကျင်းများ ဆက်လက်တူးနိုင်ဖို့ လိုအပ်တဲ့ အလှူငွေများအား NUGPay Wallet ကနေ ထောက်ပံ့ပေးဖို့နဲ့ တတ်နိုင်တဲ့ဘက်မှ ပြည်သူများနဲ့ အတူပူး‌ပေါင်း ကူညီပေးကြဖို့ နှိုးဆော် လိုက်ရပါတယ်။

အားလုံးစုစည်းနေရင် ဘာမှမဖြစ် 💪💪

21/02/2023

လေမှာပျံလို့မဝဲစေချင်
---------------------------------
နေ့လယ် ထမင်းစားချိန် ကျောင်းဆင်းထားချိန် တစ်နာရီလောက် နားချိန်ရသည်။ သို့သော် ကျွန်တော် မနားနိုင်။ ထမင်းကို မြန်မြန်စားပြီး သင်္ချာလေ့ကျင့်ခန်းစာအုပ်တွေကို စစ်ဆေးပေးနေရသည်။ ကျောင်းပြန်တက်လျှင် ထိုစာအုပ်တွေကို ကလေးတွေအား ပြန်ပေးရမည်။

“ဆရာကြီး ... ဆရာကြီး ... မိုးနီ သမီး လိမ်ပျံကို ဆွဲဖြဲပစ်လိုက်တယ်”

ကျွန်တော့်ထံကို ငိုပြီးလာတိုင်သူမှာ ဒုတိယတန်းမှ ချိုချိုမြင့်ဖြစ်သည်။

“အေးကွယ် သူငယ်ချင်းတွေပဲ ... မငိုနဲ့ တိတ် … တိတ်”

သူပြောသည့် လိမ်ပျံဆိုသည်မှာ လေယာဉ်ပျံကို ပြောခြင်းဖြစ်သည်။ ကလေးတွေက ကျောင်းလွှတ်လျှင် စက္ကူကိုခေါက်ပြီး လေယာဉ်ပျံလေးတွေလွှတ်ကာ ကစားတတ်သည်။

သူတို့လေယာဉ်ပျံလုပ်တာလည်းကြည့် ဗလာစာအုပ်ထဲမှ စာရွက်တစ်မျက်နှာကို အခေါက်အချိုးတွေလုပ်ကာ ထိပ်ချွန်လေးတွေဖြစ်သွားလျှင် တောင်ပံတွေကိုဖြန့်လိုက်မည်။ ပြီးတော့ နောက်မြီးနေရာကို လေလေးတွေ မှုတ်ကာ လေယာဉ်ပျံလေးတွေကို လက်နှင့်လွှဲပြီး ပစ်လိုက်မည်။ ကလေးဘဝ စိတ်လှုပ်ရှားစရာကောင်းသည့် ကစားနည်း တစ်ခုဖြစ်သည်။

“ဆရာကြီး သားလေယာဉ်ပျံကို မိုးနီ ခြေထောက်နဲ့ နင်းပစ်တယ်”

လာတိုင်ပြန်ပြီ။ မိုးနီတစ်ယောက် ဇာတ်လိုက်ဖြစ်နေသည်။

မိုးနီကား ဤရွာသားမဟုတ်။ သူ့အဖေနှင့်အမေ ကွယ်လွန်သွားကြပြီဖြစ်သောကြောင့် အဘိုး အဘွားတွေက သူ့ကို သွားခေါ်လာပြီး ကျောင်းထားပေးသည်။ ယခု နှစ်တန်းတွင်ထားရသည်။ သို့သော် အရွယ်ကတော့ လေးတန်း ကျောင်းသားအရွယ်လောက်ဖြစ်နေသည်။ သူ့တွင် အောင်လက်မှတ်တွေ၊ ကျောင်းပြောင်း လက်မှတ်တွေ ပါမလာ။ သို့သော် နှစ်တန်းအထိ နေဖူးသည်ဟုဆိုသည်။ နှစ်တန်းစာတွေကိုလည်း ဖတ်နိုင် သဖြင့် နှစ်တန်းကို တင်ပေးထားခြင်းဖြစ်သည်။

မိုးနီသည် အေးအေးဆေးဆေးနေတတ်သည်။ အများနှင့်လည်း သိပ်ပြီး မရော၊ သူနှင့် အတန်းတူတွေက သူ့ထက် ငယ်ခြင်းကြောင့်လည်း ဖြစ်လိမ့်မည်။ အတန်းကြီးသူတွေကလည်း သူနှင့် သိပ်ပြီး မရင်းနှီးသဖြင့် သူက ကျောင်းလာလျှင် အေးအေးဆေးဆေးလေး အဝေးက ရိုးမတောင်တန်းကြီးတွေကို ငေးကာကြည့်နေ တတ်သည်။

“ကဲ ... မိုးနီကို သွားခေါ်လာခဲ့ ... ဆရာခေါ်နေတယ်ပြော”

လာတိုင်သူများလာသဖြင့် မိုးနီကို ခေါ်ခိုင်းရတော့သည်။ မကြာမီ ကျွန်တော့်ရှေ့ကို မိုးနီတစ်ယောက် ရောက်လာပြီး လက်ကလေးပိုက်ထားသည်။ ခေါင်းငုံ့နေသည်။

“သား ... မိုးနီ ... သူများတွေ လေယာဉ်ပျံတွေကို လိုက်ဖြဲပစ်နေတယ်ဆို”

သူက ခေါင်းကြီး ငုံ့နေသည်

“ဟုတ်လား ပြောလေကွာ”

“ဟုတ်”

“ဘာဖြစ်လို့ အဲဒီလို လုပ်ရတာလဲကွ”

“လိမ်ပျံတွေကိုမုန်းလို့”

သူက တစ်ခွန်းပဲပြောကာ မျက်ရည်တွေဝဲနေသည်။ ကျွန်တော်က

“သား နောက်ဆိုရင် အဲဒီလို မလုပ်ရဘူးနော်။ သားက မုန်းတယ်ဆိုပေမယ့် သူတို့က ကစားစရာအနေနဲ့ ကစားနေကြတာလေ။ သားက မုန်းတယ်ဆိုရင် သူတို့ကစားတဲ့နေရာကို မသွားနဲ့ အဲဒါတွေကို မကြည့်နဲ့နော်”

“ဟုတ်”

မိုးနီက ဟုတ်တစ်လုံးသာပြောသည်။ ကျွန်တော်က သူ့ကိုပြန်လွှတ်လိုက်သည်။ သူက အတန်းထဲတွင် သွားထိုင်နေသည်။

ကျွန်တော်က ထိုကိစ္စကို သာမန်တစ်ခုဟု သဘောထားကာ အမှုမဲ့ အမှတ်မဲ့နေ လိုက်မိပါသည်။

ထိုနေ့က အမှတ်ရနေသည်။ ကျွန်တော်တို့ရွာကို လူကြီးတစ်ယောက် ရောက်လာလိမ့်မည်။ ထိုလူကြီးကား အတော်ကြီးသည်။ မည်မျှကြီးသနည်းဆိုသော် ရွာကို ကားနှင့်မလာ၊ လှည်းနှင့်မလာ။ ရဟတ်ယာဉ်နှင့် လာမည်ဖြစ်သောကြောင့်ပင်။ နယ်မြေ စစ်ဆင်ရေးအတွက်ရော စည်းရုံးရေးအတွက်ပါ ရောက်လာမည်ဟု ဆိုသည်။

ကိုယ့်အလုပ်မဟုတ်သဖြင့် ကျောင်းမှာပင် ကိုယ့်အလုပ်ကိုယ်လုပ်နေသည်။ သူ့ကို ကြိုဆိုရန်မှ ကျွန်တော့် အလုပ် မဟုတ်။ ကျွန်တော့်အလုပ်က စာသင်ရန်ဖြစ်သည်။ လူကြီးတွေက မနက်မိုးမလင်းမီကတည်းက ရွာထဲတွင် ခြေရှုပ်နေကြသည်။ ဘုန်းကြီးကျောင်းထဲတွင် ဧည့်ခံမည်။ ရွာခံ ရပ်သူရွာသားတွေနှင့်တွေ့ပြီး မိန့်ခွန်း ပြောမည်ဟု သိရသည်။ လုံခြုံရေးတွေကလည်း ညကတည်းကရောက်နေသည်။

ကျွန်တော်နှင့် ဆရာမလေးတစ်ယောက်သာ ကျောင်းတွင်ရှိသည်။ ဆရာမလေးကလည်း သူ့အတန်းတွင် သူစာသင် နေသည်။ ကျွန်တော်က ထိုအချိန်တွင် သူငယ်တန်းကို ဝင်သင်နေသည်။

မကြာမီ ရဟတ်ယာဉ်ကြီးတစ်စင်း၏ ဝဲပျံလာသော အသံကို ကြားလိုက်ရသည်။ ကလေးတွေက ပျော်ကြသည်။ သူတို့ ဘဝတွင် ပထမဆုံးတွေ့ဖူးသည့် မြင်ကွင်းဖြစ်ရာ ကျွန်တော်က ကျောင်းရှေ့ ဝရန်တာမှ ထွက်ကြည့်ခွင့် ပြုလိုက်သည်။

ရဟတ်ယာဉ်ကြီး ဝဲပျံနေရာမှ လယ်ကွင်းတွေထဲကို ဆင်းသက်လိုက်သည်အား ကျောင်းကုန်းပေါ်မှ အတိုင်းသား မြင်နေရသည်။ ကျွန်တော်နှင့် ဆရာမလေးတို့ကလည်း ထိုမြင်ကွင်းကိုကြည့်နေသည်။ လယ်ကွင်းထဲတွင် ဖုန်လုံးကြီးတွေ အလိမ့်လိုက်တက်နေသည်။ မကြာမီ ရဟတ်ယာဉ်မှ ပန်ကာဒလက်များ ရပ်သွားသည်။ လူကြီးဆိုသူ ဆင်းလာသည်။ ကြိုဆိုသူတွေက ဘုန်းကြီးကျောင်းထဲကို ခေါ်သွားကြသည်။

“တော်ပြီ ကလေးတို့ ... တော်ပြီ ... ကိုယ့်အတန်း ကိုယ်ပြန်ဝင်ကြ”

ကလေးတွေ ကိုယ့်အတန်း ကိုယ်ပြန်ဝင်ကြသည်။ ကျွန်တော်က စာဆက်သင်နေသည်။ ထိုစဉ် ဆရာမလေးက ရောက်လာပြီး

“ဆရာ ... ဆရာ ... မိုးနီ မရှိတော့ဘူး”

“ဘယ်ရောက်သွား လို့လဲ”

ချစ်အေးက မတ်တတ်ထကာပြောသည်

“လိမ်ပျံကြီး ဆင်းလာကတည်းက မိုးနီ ပြတင်းပေါက်ကနေ ခုန်ဆင်းသွားတယ်ဆရာကြီး”

“ဟာ မိုးနီ ဘာဖြစ်တာလဲ ... ဆရာမ ကလေးတွေကို ဆက်ထိန်းထားပါဦး”

ကျွန်တော်က ချစ်အေးနှင့် တိုးကျော်ကိုခေါ်ပြီး မိုးနီ ပြတင်းပေါက်မှ ခုန်ဆင်းသွားသည့် ကျောင်းနောက်က ချိုင့်ထဲကို လိုက်သွားသည်။ ကျောင်းအောက်ချိုင့်ထဲတွင် စမ်းချောင်းရိုးလေးတစ်ခုရှိသည်။ ထိုရိုးချောင်း လေးကား နွေမိုးဆောင်း ဝါးပင်တွေအောက်တွင် ရှိနေသဖြင့် အေးစိမ့်နေသည့် နေရာလည်း ဖြစ်သည်။

“မိုးနီရေ”

“မိုးနီရေ”

ကျွန်တော်တို့ တကြော်ကြော်အော်ကာ ရိုးချောင်းထဲတွင် မိုးနီကို ရှာကြသည်။ ရိုးချောင်းလေးထဲတွင် ရေက စပ်စပ်လေးသာရှိသည်။

“မိုးနီ”

“ဆရာကြီး ဟိုမှာ မိုးနီ”

ချစ်အေးက မိုးနီကို ပထမဆုံးတွေ့သည်။ မိုးနီသည် ဝါးရုံပင်အောက်ရှိ ကျောက်တုံးကြီးတစ်တုံးဘေးတွင် ကပ်ပြီး ဝပ်နေသည်။

“မိုးနီ ... မိုးနီ ... ဘာဖြစ်လို့လဲ သားရယ် ... ဘာဖြစ်လို့လဲ”

“သားကြောက်တယ် ... သားကြောက်တယ်”

သူ့တစ်ကိုယ်လုံး စိုရွှဲနေသည်။ ကျွန်တော်က သူ့ကို ထူပေးလိုက်ပြီး ဖက်ထားလိုက်သည်။

“မိုးနီ ဆရာတို့ရှိတယ်လေ ... ဘာကိုကြောက်တာလဲ။ လာ ... ကျောင်းကို ပြန်ကြမယ်”

“ကြောက်တယ် ... ကြောက်တယ်”

“ဘာကိုကြောက်တာလဲ ... ကျောင်းမှာ သူငယ်ချင်းတွေ အများကြီးဟာ ... ဆရာလဲရှိတယ်လေကွာ ... လာပြန်ကြမယ်”

“သားကြောက်တယ်”

“ဘာကိုကြောက်တာလဲကွယ်”

“လိမ်ပျံကြီးတွေကိုကြောက်တယ်”

တင်ညွန့်
(၂၀.၂.၂၀၂၃)

11/02/2023

🚸 မြေပြင်က ကြားကာလပညာရေးအစီအစဉ်နဲ့ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေကြိုတင်ပြင်ဆင်ထားပြီး ကျောင်းသားကျောင်းသူ တွေကို လေကြောင်းရန်ကာကွယ်ရေး အသိပညာပေးရေး လေ့ကျင့်မှုတွေကို ဆက်လက်ပြုလုပ်ပေးနေကြပါတယ်။

💥 အကြမ်းဖက်စစ်တပ်ဟာ စာသင်ကျောင်းတွေကိုပစ်မှတ်ထားပြီး လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ ပြုလုပ်နေတာကြောင့်လည်း အဆိုပါမြေပြင်ကျောင်းတွေမှာ အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းရန်ကို ကာကွယ်ဖို့ အခုလို ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နေရတာဖြစ်ပါတယ်။

🎀 အခုဆိုရင် မြေပြင်စာသင်ကျောင်း တွေမှာ ဗုံးခိုကျင်းတွေ တူးဖော်နေကြသလို အရေးပေါ် လူရွှေ့ပြောင်းနိုင်ဖို့ ဇာတ်တိုက် လေ့ကျင့်မှုတွေလည်း ပြုလုပ်‌နေကြပါတယ်။





Ministry of Humanitarian Affairs and Disaster Management - NUG

06/02/2023

#ကလေးသူငယ်များသည်အကြမ်းဖက်ခြင်းအတွက်ပစ်မှတ်မဟုတ်ပါ..

ယခုဆိုရင် အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းရန်ကနေ ကြိုတင်ကာကွယ်နိုင်ဖို့ ကတုတ်ကျင်းတွေနဲ့ ဗုံးခိုကျင်းတွေကို မြေပြင်အနေအထားပေါ်မူတည်ပြီး စီမံဆောင်ရွက်ထားဖို့ ပြည်သူ့အစိုးရက တိုက် တွန်းနှိုးဆော် ပေး‌နေပါတယ်။ လေကြောင်းတိုက် ခိုက်မှုတွေနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေမှာ ဗုံးခို ကျင်းထဲပုန်းအောင်းနေထိုင်ခြင်းက ထိခိုက်မှုများစွာ လျှော့ချနိုင်တယ်ဆိုတာ နိုင်ငံတကာ စစ်ပွဲတွေကထင်ရှားတဲ့ သက်သေဖြစ်ပါတယ်။

ဒါကြောင့်လည်း ရပ်ရွာပြည်သူတွေ အပါအဝင် စာသင်ကျောင်းတွေ၊ ဆေးရုံတွေ၊ စစ်ရှောင်စခန်းတွေမှာအချိန်မရွေးအန္တရာယ်ပေးနိုင်တဲ့လေကြောင်း တိုက်ခိုက်မှုအတွက် ဇာတ်တိုက်လေ့ကျင့်တာကို အကြိမ်ကြိမ် ပြုလုပ်ထားဖို့ လိုအပ်ပါတယ်။

🚀 လေကြောင်းရန် ကြိုတင်ကာကွယ်တဲ့အနေနဲ့ _

၁။ လူအများစုစည်းနေတဲ့နေရာတွေ၊ နေအိမ်တွေမှာ အရေးပေါ် အခြေအနေဖြစ်လာရင် ပုန်းခိုနိုင်ဖို့နေရာ (ဗုံးခိုကျင်း ၊ကတုတ်ကျင်း၊ ရေမြောင်း၊ ကမ်းပါးယံ၊ သဲအိပ်ကာရံထားတာမျိုး) တွေကို ကြိုတင်ပြင်ဆင်ထားရပါမယ်။

၂။ အရေးပေါ်ဆေးကုသဖို့ လိုအပ်မယ့်ပစ္စည်းတွေ (ရေ၊ ဆေးဝါးနဲ့ ပတ်တီးလိပ်၊ ဂွမ်းလိပ်၊ အရက်ပြန်၊ ပလပ်စတာ၊ စက္ကူတိတ်(Paper Tape) စတဲ့ ရှေးဦး သူနာပြုစုရေးပစ္စည်းတွေ) နဲ့ ရှေးဦးသူနာ ပြုစုနည်းသင်တန်း တက်ရောက်ထားသူတွေကို ကြိုတင်လေ့ကျင့် ပြင်ဆင်ထားရပါမယ်။

🚸 စာသင်ကျောင်းတွေအတွက်ဆိုရင်_

၁။ မိမိတို့ဒေသကို ရဟတ်ယာဉ်(သို့)ဂျက်လေယာဉ် ဦးတည်လာကြောင်း သက်ဆိုင်ရာကနေ သတိပေး ချက်ရရင်ဖြစ်စေ၊ ဒါမှမဟုတ် ရဟတ်ယာဉ်တွေက ဦးတည်ချဉ်းကပ် လာတာမြင်ရင်ဖြစ်စေ စာသင်ကြားနေတာကို ချက်ချင်း ရပ်ရပါမယ်။ အခြားသူ များပါသိရှိနိုင်ဖို့ အချက်ပေးသံချောင်း ခေါက်ခြင်း (ဒါမှမဟုတ်) ခရာတွတ်ပြီး အချက်ပေးရပါမယ်။

၂။ အရေးပေါ် ပုန်းအောင်နိုင်ဖို့ သတ်မှတ်ထားတဲ့ လုံခြုံတဲ့နေရာတွေကိုအမြန်ဆုံးရွှေ့ပြောင်းရပါမယ်။ (ဝါးရုံပင်စတဲ့ မထင်မရှားထိုးဖောက်မြင်ရတဲ့ နေရာတွေနဲ့ ပစ်မှတ်ထားနိုင်တဲ့ အဆောက်အအုံတွေထဲကို မပြေးမိဖို့ လိုပါတယ်)

၃။ လုံခြုံတဲ့နေရာထဲမှာ အပြင်ကပစ်ခတ်သံစဲသည်အထိ အထဲမှာပုန်းအောင်းနေရပါမယ်။ (အန္တရာယ် ကင်းပြီဖြစ်ကြောင်း သက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေ လာခေါ်တဲ့အထိ စောင့်ဆိုင်းရပါမယ်)

💥 “လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက်မှုအန္တရာယ်များ ဖြစ်ပွားပါက အရေးပေါ် တိမ်းရှောင်နိုင်ရန် ဇာတ်တိုက် လေ့ကျင့်ခြင်း အစီ အစဉ်” များကို ထုတ်ဝေထားပြီးဖြစ်လို့ သက်ဆိုင်ရာမြေပြင်အဖွဲ့များအနေနဲ့ သေသေချာချာလေ့လာပြီး အနည်းဆုံး တစ်လကို (၂)ကြိမ်ခန့် လေ့ကျင့်လုပ် ဆောင်ကြဖို့ တိုက်တွန်းလိုပါတယ်။

Photos from 2022 DRR day campaign's post 30/01/2023

💥 တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ အရပ်သားပြည်သူများနေထိုင်ရာ ဒေသ‌တွေမှာ ခုဆိုရင်လေကြောင်းက
တဆင့် ပစ်ခတ်တိုက်ခိုက်မှုများ အချိန်မရွေးဖြစ်ပေါ်လာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ထိခိုက်လွယ်အုပ်စု (ကိုယ်ဝန်ဆောင်၊ ကလေးသူငယ်၊ အမျိုးသမီး၊ မသန်စွမ်းသူနှင့် သက်ကြီးရွယ်အို) များအတွက် ယာယီပုန်းခိုစရာနေရာနဲ့ ဗုံးခိုကျင်း‌ေတွကို ဖန်တီးထားကြဖို့ လိုအပ်နေပြီဖြစ်ပါတယ်။

💥 အကြမ်းဖက်စစ်တပ်ဟာ တိုက်ခိုက်ရေးဂျက်လေယာဉ်များအသုံးပြုကာ အရပ်သားပြည်သူများရဲ့ နေအိမ်အ‌ဆောက်အဦများ၊ စာသင် ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက် အဦများနှင့် စစ်ရှောင်စခန်းများပါမကျန် ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ရာနှင့်ချီတဲ့ အရပ် သားထိ‌ခိုက်သေဆုံးမှုများဖြစ်ပွားလျက်ရှိပါတယ်။

🎀 ပြည်သူတွေအနေနဲ့ကလည်း ဗုံးခိုကျင်းတွေကို
ကြိုတင်ပြင်ဆင် တူးဖော်ထားကြဖို့၊ လေကြောင်းသတင်းတွေမျှဝေပေးကြဖို့၊ စစ်လေယာဉ်ပျံသန်းမှုတွေကို အချင်းချင်းအသိပေးဖို့၊ လေယာဉ်သံကြားပါက ဦးတည်ရာမဲ့ ပြေးလွှားခြင်းမပြုကြဖို့၊ ဗုံးခိုကျင်းမဟုတ်တဲ့ ဟင်လင်းပြင်တွေမှာ စုဝေးနေခြင်းမျိုးအားရှောင်ရှားဖို့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများက ညွှန်ကြားထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကြဖို့လိုအပ်ပါတယ်။

🎀 ယခုဆိုရင် အရပ်သားပြည်သူများကို အကာ အကွယ်ပေးနိုင်ဖို့ ဗုံးခိုကျင်းတွေကို မြေပြင်ကပြည်သူတွေ စုပေါင်းအားနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ထားမှုကို မျှဝေလိုက်ပါတယ်။

https://www.facebook.com/mohadmNUG/?ti=as

Photos from 2022 DRR day campaign's post 24/01/2023

💥 အကြမ်းဖက်စစ်တပ်ဟာ ပြည်သူတွေကို ဦးတည်ချက်ထားပြီး လေကြောင်းတိုက်ခိုက်မှုများကို မြန်မာပြည်အနှံ့ အပြားတွင် ကျူးလွန် လုပ်ဆောင် လျက်ရှိပါတယ်။ ၎င်းတို့ဟာ ရန်သူသဖွယ် ပြည်သူများအပေါ် သဘောထားကာ စာသင်ကျောင်းများ၊ ဆေးရုံများနှင့် လူနေအိမ်များပါမချန် ဦးတည်ချက်ထားကာ လေကြောင်းမှ ရမ်းသမ်းပစ်ခတ် တိုက်ခိုက်မှုများကိုနေ့စဉ် စစ်ရာဇဝတ်မှုမြောက်စွာ ကျူးလွန်နေတာလဲ မြင်ရမှာဖြစ်ပါတယ်။

💕 မိမိတို့ ပြည်သူလူထုများအနေနှင့်လည်း အဆိုပါအကြမ်းဖက်လုပ်ရက်များကို ကြိုတင်ပြင်ဆင်ရှောင်ရှားနိုင်ရန် မဖြစ်မနေ ပုန်းခိုစရာနေရာ၊ ဗုံးခိုကျင်းများအား ဖန်တီးဆောင်ရွက်ထားရန် လိုအပ်နေပြီးဖြစ်ပါတယ်။

💕 "CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" အစီအစဉ်က ရရှိတဲ့ ရန်ပုံငွေတွေနဲ့ စာသင်ကျောင်းအချို့မှာ လေကြောင်းရန်နှင့် လက်နက်ကြီးရန်က ကာကွယ်ဖို့ ခေတ္တပုန်းခိုရာ ဗုံးခိုကျင်း နေရာလေးတွေ ကိုမြေပြင်မှ ပြည်သူအင်အားများနဲ့အတူ အကောင် အထည်ဖော်ဆောင် ရွက်နေကြတာ ခုဆိုရင် စာသင်ကျောင်းပေါင်း ခြောက်ရာကျော်လာပြီးဖြစ်ပါတယ်။

💕 ပြည်သူများအနေနှင့်လည်း အချင်းချင်းတတ်နိုင်တဲ့ဘက်မှ ပြည်သူမှပြည်သူသို့ အားများများဖြင့် ပူးပေါင်းပါဝင်ပေးကြဖို့လည်း နှိုးဆော်တိုက်တွန်းလိုပါတယ်။

💕 ယခု့ဖော်ပြပါ ဗုံးခိုကျင်းတွေကတော့ လူသားစာနာဝန်ကြီးဌာနှင့် မြေပြင်မှာပြည်သူ့များအားတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ထားတဲ့ မှတ်တမ်းများဖြစ်ပါတယ်…

https://www.facebook.com/mohadmNUG/?ti=as

21/01/2023

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားကျေးရွာနှင့် တိုက်ကုန်းကျေးရွာကို ဇန်နဝါရီလ (၁၈)ရက်နေ့မှာ ဂျက်လေယာဉ်(၂)စီးနဲ့ အရပ်သားပြည်သူများ နေထိုင်ရာနေရာတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်သွားတာကြောင့် အရပ်သားပြည်သူ (၆) ဦး ဗုံးထိမှန်ခြင်း၊ မီးလောင်သေဆုံးမှုများအပါအဝင် အရပ်သားပြည်သူ (၃၀) ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရတာကြောင့် ထိခိုက်ခံစားရသူရဲ့ မိသားစုများနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။

ယခုဆိုရင် ပြည်သူများအပေါ် အချိန်မရွေး လေကြောင်းက လာရောက်တိုက်ခိုက်နေတဲ့ အခြေအနေတွေဟာ နေ့စဉ်ရက်ဆက် မြင်တွေ့နေရတာကြောင့် မိမိတို့အရပ်သားပြည်သူများအနေနှင့်လည်း ရှောင်တိမ်းစရာနေရာများ၊ ပုန်းခိုစရာနေရာများနှင့် ဗုံးခိုကျင်းစတဲ့ လေကြောင်းရန် ကာကွယ် ရေးအသိကို ကြိုတင်စဥ်းစားထားရန် အထူးလိုအပ်နေပြီ ဖြစ်ပါတယ်။

မိမိတို့အနေနဲ့ လေကြောင်းအန္တရယ်နှင့် ပတ်သက်တဲ့ သတင်းများကို အချင်းချင်းမျှဝေများခြင်း၊ မျက်ခြေမပြတ်စောင့်ကြည့်ကြရန် လိုမည်ဖြစ်ပြီး ပြည်သူတွေရဲ့ အသက်အိုးအိမ် လုံခြုံရေးအတွက် အထူးအလေးပေး သတိပြုကြရန် နှိုးဆော်တိုက်တွန်းလိုပါတယ်။

https://www.facebook.com/100188938917522/posts/437477415188671/?mibextid=Nif5oz

Photos from 2022 DRR day campaign's post 18/01/2023

အကြမ်းဖက်စစ်တပ်ဟာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားပြည်သူများ နေထိုင်ရာ နေရာများပါမချန် လေကြောင်းကနေ အကြောင်းမဲ့ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခြင်များ နေ့စဉ်နီးပါး လုပ်ဆောင်နေတာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ပြည်သူများ ဘက်ကလည်း မိမိတို့ နေထိုင်ရာဒေသတွေမှာ နေ့ညအချိန်မရွေး အဆိုပါအန္တရာယ်များ ကျရောက်လာနိုင်တာကြောင့် ယာယီပုန်းခိုစရာ နေရာများ၊ ဗုံးခိုကျင်းများကို ကြိုတင်စီမံ ဆောင် ရွက်ထားဖို့ လိုနေပြီဖြစ်ပါတယ်။

CDMer များရဲ့စေတနာအားနဲ့ ‌မြေပြင်ရှိ ပြည်သူ များနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု‌တို့‌ကြောင့် ယခု့ဆိုရင် ကလေးငယ်များအတွက် ဗုံးခိုကျင်းများ ဖန်တီး ဆောင်ရွက်ပေးနိုင်နေပြီ ဖြစ်ပါတယ်...

https://www.facebook.com/mohadmNUG/?ti=as

Photos from 2022 DRR day campaign's post 11/01/2023

ဒီလို ပြည်သူတွေအားနဲ့ ဗုံးခိုကျင်းတွေတူးပြီး ကလေးတွေ လုံခြုံငြိမ်းချမ်းစွာနဲ့ စာသင်ကြားနိုင်ရေး ကျောင်းတွေမှာ ဆောင်ရွက်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ လေကြောင်းရန်ကနေ ကျရောက်မဲ့
အန္တရယ်‌တွေအတွက် ကြိုတင်ပြင်ဆင်နေတာလဲ ဖြစ်ပါတယ်။

ကျောင်းသူကျောင်းသားလေးတွေ လုံခြုံစွာစာသင်ကြားနိုင်ရေးအတွက် ဖန်တီးအကောင်အထည်ဖော်ရာမှာ မိမိတို့ CDMer အင်အားအပြင် အမျိုးသားညီညွတ်ရေးအစိုးဘက်ရမှ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် မြေပြင်ပြည်သူများပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။

လူမဆန်စွာရက်စက်ပြနေတဲ့ အပြစ်မဲ့ကျောင်းသားကျောင်းသူ၊ ပြည်သူများပါမချန် ပစ်မှတ်ထား ရက်စက်ပြနေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ရန်ကနေ ကြိုတင်ကာကွယ်နိုင်အောင် ဆောင်ရွက်ကြရမှာ ကျနော်တို့ရဲ့တာဝန်လို့ ခံယူမိပါတယ်။

https://www.facebook.com/mohadmNUG/?ti=as

11/01/2023

It is adults’responsibility to make schools a safe place for children, condemn any inhumane airstrikes against schools and civilians, make sure the perpetrators will not escape their justice in today’s world.

Education is a right and it is our priority to prioritize children gaining access to education even in this conflict setting because we believe learning must continue to protect children and help them continue growing mentally, cognitively, and socially. Schools are supposed to provide physical and mental safety for children especially in this difficult times. No child should be needing to have bomb shelters dug out next to their classrooms like this. In Myanmar, only SAC has the will and ability to commit such heinous air strikes against schools and civilians spaces.

ကလေးတွေ လုံခြုံငြိမ်းချမ်းစွာ စာသင်ကြားနေရမဲ့ကျောင်းတွေမှာ ဒီလိုဗုံးခိုကျင်းတွေတူးပြီးနေနေရပါတယ်။ လေယာဉ်လာမဲ့အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်နေရပါတယ်။ ကျောင်းတွေကို ကလေးတွေလုံခြုံစွာစာသင်ကြားနိုင်တဲ့နေရာအဖြစ်ဖန်တီးပေးဖို့ကလူကြီးတွေရဲ့တာဝန်ဖြစ်သလို၊ လူမဆန်စွာအပြစ်မဲ့တဲ့ကျောင်းသားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတွေကို တာဆီးဖို့ ရှုံ့ချဖို့နဲ့ ကျူးလွန်သူတွေ အပြစ်စီရင်ခံရအောင်လုပ်ဆောင်ဖို့ကလည်း လူကြီးတွေရဲ့တာဝန်ပါ။




https://www.facebook.com/106261344928086/posts/502228975331319/?mibextid=Nif5oz

It is adults’responsibility to make schools a safe place for children, condemn any inhumane airstrikes against schools and civilians, make sure the perpetrators will not escape their justice in today’s world.

Education is a right and it is our policy to prioritize children gaining access to education even in this conflict setting because we believe learning must continue to protect children and help them continue growing mentally, cognitively, and socially. Schools are supposed to provide physical and mental safety for children especially in this difficult times.

No child should be needing to have bomb shelters dug out next to their classrooms like this. In Myanmar, only SAC has the will and ability to commit such heinous air strikes against schools and civilians spaces.

ကလေးတွေ လုံခြုံငြိမ်းချမ်းစွာ စာသင်ကြားနေရမဲ့ကျောင်းတွေမှာ ဒီလိုဗုံးခိုကျင်းတွေတူးပြီးနေနေရပါတယ်။ လေယာဉ်လာမဲ့အန္တရာယ်တွေအတွက် ကြိုတင်ပြင်ဆင်နေရပါတယ်။ ကျောင်းတွေကို ကလေးတွေလုံခြုံစွာစာသင်ကြားနိုင်တဲ့နေရာအဖြစ်ဖန်တီးပေးဖို့ကလူကြီးတွေရဲ့တာဝန်ဖြစ်သလို၊ လူမဆန်စွာအပြစ်မဲ့တဲ့ကျောင်းသားပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတွေကို တာဆီးဖို့ ရှုံ့ချဖို့နဲ့ ကျူးလွန်သူတွေ အပြစ်စီရင်ခံရအောင်လုပ်ဆောင်ဖို့ကလည်း လူကြီးတွေရဲ့တာဝန်ပါ။

Photos from 2022 DRR day campaign's post 06/01/2023

"CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" ရန်ပုံငွေ အစီ အစဉ်မှ ရရှိလာတဲ့ အလှူငွေများကို စာသင်ကျောင်းအချို့မှာ လေကြောင်းရန်နှင့် လက်နက်ကြီးရန်က ကာကွယ်ဖို့ ခေတ္တပုန်းခိုရာ ဗုံးခိုကျင်း နေရာလေးတွေ ကိုမြေပြင်မှ ပြည်သူများ အင်အားနဲ့အတူ ကြိုတင် အကောင်အထည်ဖော် ဖန်တီးနေမှု ပုံတွေဖြစ်ပါတယ်...

https://www.facebook.com/mohadmNUG/?ti=as

Photos from 2022 DRR day campaign's post 05/01/2023

CDM တွေရဲ့ စေတနာအား၊ ပြည်သူတစ်ဦးချင်းစီရဲ့ မေတ္တာအား၊ မြေပြင်က ဦးဆောင်ဦးရွက်ပြုပေးသူတွေရဲ့ လုပ်အားတွေ စုပေါင်းပြီး ကျတော်တို့ အနာဂတ်မျိုးဆက်သစ် သားသားမီးမီးလေးတွေ လေကြောင်းရန် လက်နက်ကြီးအန္တရာယ်တွေကို အခြေအနေတခုထိ ကာကွယ်ပေးနိုင်ခဲ့ပါပြီ။

ဒါကြောင့် ပါဝင်ခဲ့ကြသူများအားလုံးကို ကျေးဇူးတင်လျက်ပါ။

ကျတော်တို့တွေ စစ်မှန်တဲ့ ပျော်ရွင်မှုတွေရဖို့ အတူတကွကြိုးစားရုန်းကန်လိုက်ကြရအောင်ပါ...

https://www.facebook.com/mohadmNUG/?ti=as

Photos from 2022 DRR day campaign's post 31/12/2022

နှစ်သစ်ကူးဆိုတာ နှစ်တိုင်းကြုံနေရမယ့် ရက်စွဲတစ်ခုပါ။ အခုပြည်သူတွေ ကြုံတွေ့နေရတဲ့အကြမ်း ဖက် စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှုကတော့
ဘာနဲ့မှ နှိုင်းလို့မရပါ။

နှစ်သစ်မှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံး ပျော်ရွှင်အေးချမ်းစေချင်ရင် တိုင်းရင်းသားဒေသက ညီအကိုမောင်နှမတွေ၊ မြန်မာနိုင်ငံအလယ်ပိုင်းက အမျိုးတွေအတွက် ယုံကြည်ကိုးကွယ်ရာဘာသာအလိုက် ဆုတောင်းမေတ္တာ ပို့ပေးနိုင်ပါတယ်။

နှစ်ကူးအတွက် ရင်ခုန်ကြည်နူးနေသူတွေ ရှိသလို တောထဲတောင်ထဲမှာ အအေးဒဏ်ကို ကြံ့ကြံ့ခံနေကြရတဲ့၊ အကာအကွယ်ကင်းမဲ့နေတဲ့ ဘဝတွေကို မမေ့ကြပါနဲ့။ တော်လှန်ရေး အောင်မြင်မှသာ ပျော်ရွှင်မှု စစ်စစ်မှန်မှန်ကို ခံစားခွင့်ရကြမယ်ဆိုတာကို မမေ့ကြပါနဲ့။

အားလုံးပျော်ရွှင်နိုင်ဖို့ အသက်တွေ၊ ဘဝတွေစွန့်လွှတ် အနစ်နာခံနေကြသူတွေကို မမေ့ကြပါနဲ့။

၂၀၂၃ခုနှစ်မှာ စစ်မှန်တဲ့ ပျော်ရွှင်မှုတွေကို တော်လှန်ရေး အောင်ပွဲနဲ့အတူ ကြိုးစားရယူကြရအောင်ပါ။

https://www.facebook.com/mohadmNUG/?ti=as

Photos from 2022 DRR day campaign's post 27/12/2022

"CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" ရန်ပုံငွေ အစီ အစဉ်မှ ရရှိလာတဲ့ အလှူငွေများကို စာသင်ကျောင်းအချို့မှာ လေကြောင်းရန်နှင့် လက်နက်ကြီးရန်က ကာကွယ်ဖို့ ခေတ္တပုန်းခိုရာ ဗုံးခိုကျင်း နေရာလေးတွေ ကိုမြေပြင်မှ ပြည်သူအင်အားများနဲ့အတူ ကြိုတင် အကောင်အထည် ဖော် ဖန်တီးနေမှုကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်...

https://www.facebook.com/mohadmNUG/?ti=as

24/12/2022

အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကို မကြာခဏ ခံနေရသည့် ဒေသများရှိ ကျောင်းများအတွက် လေကြောင်းရန် ကြိုတင်ကာကွယ်ရေးနှင့် ဇာတ်တိုက်လေ့ကျင့်ရေး ပညာပေး အစီအစဥ်...

https://fb.watch/hCI4iKObM_/

20/12/2022

🎀 Civil Disobedience Movement (CDM) ဆိုတဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပါဝင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေက ပြည်သူတွေနဲ့ တသားထဲရပ်တည်ပြီး ပြည်သူလူထုနဲ့အတူ ဆိုးတူ ကောင်းဖက်ရပ်တည် နေကြတယ် ဆိုတာကို ဖော်ထုတ်ပြောကြားထားတဲ့ ရင်တွင်းစကားလေးကို နားထောင်ပေးကြပါအုံးဗျာ...☺️

"CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ"

https://www.facebook.com/mohadmNUG/?ti=as

Photos from 2022 DRR day campaign's post 16/12/2022

♥️ CDMer များရဲ့စေတနာ အားကတဆင့် ရရှိလာသော ရန်ပုံငွေများအား မြေပြင်ရှိ စာသင်ကျောင်းအချို့မှာ အကြမ်းဖက် စစ်တပ်ရဲ့ လေကြောင်းရန်၊ ဗုံးကျဉ်ဆံ ရန်ကကာကွယ်ဖို့ ကလေးငယ်များအတွက် ခေတ္တပုန်းခိုရာ ဗုံးခိုကျင်း နေရာလေးတွေ အကောင်အထည်ဖော် ဖန်တီးပြုလုပ်နေမှုအခြေ အနေ လေးတွေကို တွေ့မြင်ကြရမှာ ဖြစ်ပါတယ်...

"CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ"

https://www.facebook.com/mohadmNUG/?ti=as

Photos from 2022 DRR day campaign's post 12/12/2022

"CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" ရန်ပုံငွေရှာဖွေရေးအစီအစဉ်က ရရှိလာတဲ့ အလှူငွေတွေနဲ့ စာသင်ကျောင်းအချို့မှာ အကြမ်းဖက် စစ်တပ်ရန်ကနေ ကာကွယ်ဖို့ ခေတ္တပုန်းခိုရာ ဗုံးခိုကျင်း နေရာလေးတွေ အကောင်အထည်ဖော် ဖန်တီးပြုလုပ်ထားမှုကို တွေ့မြင်ကြရမှာဖြစ်ပါတယ်...

https://www.facebook.com/mohadmNUG/?ti=as

Photos from 2022 DRR day campaign's post 11/12/2022

♥️ အနာဂတ်မျိုးဆက်သစ် သားသားမီးမီးလေးတွေ စာသင်ကျောင်းမှာ စိတ်အေးလုံခြုံစွာနဲ့ စာသင်ကြားနိုင်ဖို့ ရည်ရွယ်ပြီး ဆောင်ရွက်ထားတဲ့ "CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" ရန်ပုံငွေရှာဖွေရေးအစီအစဉ်က ရရှိလာတဲ့ အလှူငွေတွေနဲ့ ဗုံးခိုကျင်းတွေ ကြိုတင်ဖန်တီး နေကြပြီဖြစ်ပါတယ်။

♥️ CDMer တွေရဲ့အား၊ ငွေကြေးလှူဒါန်းကြသူတွေရဲ့အား၊ မြေပြင်မှာအားကြိုးမာန်တက် ဆောင်ရွက်ပေးကြသူတွေရဲ့ မေတ္တာစေတနာ ဒီအားတွေက သားသားမီးမီးလေးတွေကို လေကြောင်းရန်၊ လက်နက်ကြီး ကျရောက်မည့်ရန်က အကာအကွယ်ဖြစ်စေနိုင်မယ်လို့ ယုံကြည်မိပါတယ်။

ဒါကြောင့် မုဒိတာ ပွားများနိုင်အောင် မြေပြင် ဆောင်ရွက်ထားမှုအား တင်ပြလိုက်ရပါတယ်…

https://www.facebook.com/mohadmNUG/?ti=as

Photos from 2022 DRR day campaign's post 08/12/2022

"CDM များ စေတနာအားနဲ့အတူ၊ ဗုံးကျည်ဆံကြားက ကလေးငယ်များကို ဝိုင်းလို့ကူ" ရန်ပုံငွေရှာဖွေရေးအစီအစဉ်က ရရှိလာတဲ့ အလှူငွေတွေနဲ့ စာသင်ကျောင်းအချို့မှာ အကြမ်းဖက် စစ်တပ်ရန်ကနေ ကာကွယ်ဖို့ ခေတ္တပုန်းခိုရာ ဗုံးခိုကျင်း နေရာလေးတွေ အကောင်အထည်ဖော် ဖန်တီးနေမှုအခြေအနေများအား တွေမြင်ကြရမှာဖြစ်ပါတယ်...

https://www.facebook.com/mohadmNUG/?ti=as

Photos from 2022 DRR day campaign's post 06/12/2022

အကြမ်းဖက်စစ်တပ်က တောင်တန်းရော မြေပြန့်ပါမကျန်၊ အမျိုးသမီးရော၊ ကလေးပါမကျန် ရက်စက်ကြမ်းကြုတ်တဲ့ နည်းမျိုးစုံသုံးပြီး နေ့စဉ်ရက်ဆက် အကြမ်းဖက်နေပါတယ်။

ဒီလိုအခြေအနေမှာ လုံခြုံမှုကင်းမဲ့နေတဲ့ ပြည်သူတွေရဲ့ဘဝတွေကို အချင်းချင်းတတ်နိုင်တဲ့နည်းလမ်းနဲ့ ကူညီကာကွယ်ပေးကြရမှာ ဖြစ်ပါတယ်။

လူသားချင်းစာနာတတ်ကြတဲ့ CMDer များကတော့ အကြမ်းဖက်စစ်တပ်က ပစ်မှတ်ထား တိုက်ခိုက်ခံနေရတဲ့ စာသင်ကျောင်းတွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးရန်တွေက ကာကွယ်နိုင်ဖို့ ဗုံးခိုကျင်းတွေ၊ ကတုတ်ကျင်းတွေကို နေရာအနှံ့ဖန်တီးပေးနေကြပါတယ်။

ယခုလို သားသားမီးမီးတို့ရဲ့ အသက်အန္တရာယ်ကိုအကာအကွယ်ပေးနိုင်ဖို့ ငွေကြေးလှူဒါန်းပေးကြသူများ၊ ချိတ်ဆက်ဆောင်ရွက်ပေးကြသူများနဲ့ မြေပြင်ကဦးဆောင်ဦးရွက် ပြုပေးနေကြသူများအားလုံးကို လေးစားစွာ ကျေးဇူးတင်ပါတယ်။

အကြမ်းဖက် စစ်တပ်ရန်ကနေ ကလေးငယ်များကို နိုင်ရာအားနဲ့ ကာကွယ်ကြပါစို့...

https://www.facebook.com/mohadmNUG/?ti=as

Videos (show all)

မင်းတပ်မြို့နယ်အတွင်း ဗုံးခိုကျင်းတွေတူးထားကြဖို့တိုက်တွန်း (ရုပ်သံ)********************📣 စစ်ကောင်စီ၏ လေကြောင်းပစ်ခတ်မှု...
#အနာဂတ်များကိုကာကွယ်ပါ🚸 "ယနေ့လူငယ်၊ နောင်ဝယ်လူကြီး" ဆိုတဲ့စကားအတိုင်း ဒီနေ့ခေတ်ရဲ့ လူငယ်တွေဟာ အနာဂတ်မှာ လူကြီးတွေရဲ့ တာဝ...
🚸 မြေပြင်က ကြားကာလပညာရေးအစီအစဉ်နဲ့ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ ဗုံးခိုကျင်းတွေကြိုတင်ပြင်ဆင်ထားပြီး ကျောင်းသားကျော...
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားကျေးရွာနှင့် တိုက်ကုန်းကျေးရွာကို  ဇန်နဝါရီလ (၁၈)ရက်နေ့မှာ ဂျက်လေယာဉ်(၂)စီးနဲ့ အရပ်...
အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကို မကြာခဏ ခံနေရသည့် ဒေသများရှိ ကျောင်းများအတွက် လေကြောင်းရန် ကြိုတင်ကာကွယ်...
🎀 Civil Disobedience Movement (CDM) ဆိုတဲ့  အကြမ်းမဖက် အာဏာဖီဆန်ရေးမှာ ပါဝင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းတွေက ပြည်သူတွေနဲ့ တသား...
2022 DDR Day Campaign
“သားတို့/သမီးတို့မှာ ဘာအပြစ်တွေ ရှိလို့ ၊ ဘယ်လိုမကောင်းမှုများလုပ်မိလို့၊ ဘယ်ပါတီကို ထောက်ခံမိလို့ အခုလို အဖြစ်ဆိုးမျိုး...
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးနေ့

Website