Kaung Kaung

Kaung Kaung

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Kaung Kaung, Camera/Photo, .

12/02/2024

ကျားဖြူစစ်ကြောင်း၊ ကျားဖြူတပ်ခွဲ (၁)မှ သင်တန်းသားသစ်များ ခေါ်ယူလျှက်ရှိပါသည် ။
သင်တန်းသားလျှောက်ထားလိုပါက အောက်ပါအချက်များနှင့်ကိုက်ညီသူဖြစ်ရမည်။

သတ်မှတ်ချက်များ-
၁။ အသက် (၁၈)နှစ်မှ (၃၅) နှစ်အတွင်းဖြစ်ပြီးကျန်းမာရေး အထူးကောင်းမွန်သူဖြစ်ရမည် ။

၂။ တပ်ဖွဲ့၏စည်းကမ်းချက်များကိုတိကျစွာ လိုက်နာနိုင်ရမည် ။

၃။ တော်လှန်ရေးပြီးဆုံးသည်အထိ အတူတကွတိုက်ပွဲ ဝင်နိုင်ရမည် ။

၄။ မိမိအပေါ်ပေးအပ်သောတာဝန်ကို အချိန်၊ နေရာ၊ဒေသမရွေးထမ်းဆောင်နိုင်ရမည် ။

၅။ အမိန့်နာခံတတ်ရမည်။

လျှောက်ထားလိုပါကPage Messengerတွင် တိုက်ရိုက်ဆက်သွယ် မေးမြန်းလျှောက်ထားနိုင်ပါသည်။

#ကျားဖြူစစ်ကြောင်း
#ကျားဖြူတပ်ခွဲ (၁)
#သတင်းနှင့်ပြန်ကြားရေး

14/09/2023

မအလ အုပ်ချုပ်မှုအောက်မှာ ငါတို့ဘဝတွေ သေတာထက်ဆိုးတယ်
အဲ့ဒါကြောင့် ငါတို့ ဆုံးဖြတ်ပြီး သေမင်းနဲ့ စစ်ခင်းခဲ့တာ

#စွယ်စုံမင်းသားကြီး္ Tt #

25/08/2023

အကြမ်းဖက် စစ်ကောင်စီအတွက် လေယာဉ်ဆီ တင်သွင်းပေးသူ လူပုဂ္ဂိုလ် ၂ ဦးနဲ့ ကုမ္ပဏီ ၃ ခုကို အမေရိကန်က စီးပွားရေးဒဏ်ခတ်ပိတ်ဆို့အရေးယူ
++++++++++++++
ဩဂုတ် ၂၄

အကြမ်းဖက်စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းပေးသူ လူပုဂ္ဂိုလ် ၂ ဦးနဲ့ ကုမ္ပဏီ ၃ ခုကို အမေရိကန်ပြည်ထောင်စုက စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ အရေးယူလိုက်တယ်လို့ အမေရိကန်အစိုးရက တရားဝင် ထုတ်ပြန်ကြေညာပါတယ်။

စစ်ကောင်စီက မြန်မာပြည်သူများကို တိုက်လေယာဉ်နဲ့ ဗုံးကျဲ သတ်ဖြတ်မှုများ လုပ်ဆောင်နေပြီး အဲ့လို လုပ်နိုင်အောင် လေယာဉ်ဆီ တင်သွင်းပေးသူများဖြစ်တဲ့ Asia Sun ကုမ္ပဏီပိုင်ရှင် ဇော်မင်းထွန်း၊ SHOON ENERGY ကုမ္ပဏီပိုင်ရှင် ခင်ဖြူဝင်းတို့ကို ပိတ်ဆို့အရေးယူတဲ့အပြင် လေယာဉ်ဆီ တင်သွင်းပေးမှုမှာ ပတ်သက်နေတဲ့ ခင်ဖြူဝင်း ပိုင်ဆိုင်တဲ့ စင်ကာပူအခြေစိုက် P.E.I ENERGY PTE. LTD ( PUMA ENERGY BENGALE GULF PTE. LTD ခေါ် PUMA ENERGY IRRAWADDY PTE. LTD. ခေါ် PUMA ENERGY MYANMAR PTE. LTD.)၊ PEIA PTE. LTD. ( PUMA ENERGY IRRAWADDY AVIATION PTE. LTD.)၊ SHOON ENERGY PTE. LTD ( ASIA SUN AVIATION PTE. LTD.)တို့ကိုလည်း အမေရိကန်က ပိတ်ဆို့ အရေးယူလိုက်တယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ပြည်သူများကို သတ်ဖြတ်မှုများ အရှိန်အဟုန် မြှင့်တင် သတ်ဖြတ်နေတဲ့အတွက် အမေရိကန်ပြည်ထောင်စုက ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့မှုများကို ဆက်တိုက် ချမှတ်နေတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- အကြမ်းဖက် မင်းအောင်လှိုင်နဲ့ လေတပ်ဦးစီးချုပ် ထွန်းအောင်။

Photos from Kaung Kaung's post 20/02/2023

NUG မှ ထောက်ပံ့ပေးသော သေနတ်များရရှိခဲ့ပါသည်။

သို့သော် ဆက်လက်ပီး တိုက်ပွဲများ ဆက်လက်ဖော်ဆောင်နိုင်ရေးအတွက် ကျည်၊ ကျည်ဘောက်၊ Equipment များလိုအပ်နေပါသေးတယ်ခင်ဗျာ။

ကျည်တစ်တောင့် M16 ( B-50 )
ကျည်ဘောက် ( B- 2000 )
Equipment ( 50000 ကျပ်)

အလှူရှင်များစွာကိုလဲ လိုအပ်လျက်ရှိပါတယ်ခင်ဗျာ။ အားလုံးခက်ခဲနေတဲ့အချိန်မှာ အကူညီတောင်းရတဲ့အတွက် များစွာဝမ်းနည်းမိပါတယ်ခင်ဗျာ။ သို့ပေမဲ့ အလွန်လိုအပ်ပါသောကြောင့် အကူညီတောင်ခံပါသည်ခင်ဗျာ။ 🙏🙏🙏

#ကျားဖြူစစ်ကြောင်း
#ကျားဖြူတပ်ခွဲ ( ၁ )
#တောင်ပိုင်းတိုင်းစစ်ဒေသ

Website