May Myo Thar Distribution

May Myo Thar Distribution

FMCG

12/07/2023

Hello Hello
မေမြို့သားမှကြိုဆိုပါတယ်ရှင့်
ပြန်လည်ဖြန့်ချီလိုသောမိတ်ဆွေတို့ရေ Tissueအကြမ်းလိတ်တွေ စျေးလေးအပြောင်းအလဲရှိလို့အားမနာတမ်းဖုန်းဆက်မေးမြန်းပေးပါရှင့်😇😇😇

မေမြို့သားမှ စားသောက်ကုန်ပစ္စည်းများဖြစ်သော
အအေးစုံ
ခေါက်ဆွဲ တွေလဲရရှိပါတယ်ရှင့်
စျေးအတတ်အကျရှိလို့ဖုန်းဆက်ပေးပါရှင့်
မန်းလေးမြို့ဆိုင်အရောက်ပိူ့ဆောင်ပေးနေပါပြီး
နယ်မြို့များငွေလွဲဝင်ဂိတ်ချဖြင့်ပို့ပေးပါတယ်ရှင့်

09761915698
09969983348
09977427759
09764981363

နာမည်ကောင်းနဲ့ရပ်တည်နေတာ အကောင်းဆုံးဝန်ဆောင်မှု့အရောက်ပိူ့ပေးတာ မေမြို့သားလေးပါခင်ဗျ🥰🥰🥰
Aungnaingmoe Shwe Yee

03/07/2023

Hello

မေမြို့သားဖြန့်ချီရေးမှကြိုဆိုပါတယ်ရှင့်
မင်မင်တို့Pageမှာpostမတင်ဖြစ်ပေမဲ့ ပစ္စည်းတွေအဆက်မပြတ်ပို့ဆောင်ပေးနေပါတယ်ရှင့်

မေမြို့သားမှ
အအေးစုံ
ခေါက်ဆွဲ
Tissueအကြမ်းလိတ်များ
ဆိုင်အရောက်ပို့ဆောင်ပေးနေပါတယ်ရှင့်

ပြန်လည်ရောင်းချလိုသူများအောက်ပါဖုန်းကိုဆကါသွယ်မေးမြန်းနိုင်ပါတယ်ရှင့်

နယ်ဝေးများငွေလွဲဝင်ဂိတ်ချပစ္စည်းပို့ဆောင်ပေးပါတယ်ရှင့်

☎️09761915698
☎️09977427759
☎️09764981363
☎️09969983348
Aungnaingmoe
Shwe Yee

07/06/2023

Hello Hello
မေမြို့သားမှကြိုဆိုပါတယ်ရှင့်
ပြန်လည်ဖြန့်ချီလိုသောမိတ်ဆွေတို့ရေ Tissueအကြမ်းလိတ်တွေ စျေးလေးအနည်းငယ်ပြန်ကျတယ်နော် 😇😇😇

မေမြို့သားမှ စားသောက်ကုန်ပစ္စည်းများဖြစ်သော
အအေးစုံ
ခေါက်ဆွဲ တွေလဲရရှိပါတယ်ရှင့်
စျေးအတတ်အကျရှိလို့ဖုန်းဆက်ပေးပါရှင့်
မန်းလေးမြို့ဆိုင်အရောက်ပိူ့ဆောင်ပေးနေပါပြီး
နယ်မြို့များငွေလွဲဝင်ဂိတ်ချဖြင့်ပို့ပေးပါတယ်ရှင့်

09761915698
09969983348
09977427759
09764981363

နာမည်ကောင်းနဲ့ရပ်တည်နေတာ အကောင်းဆုံးဝန်ဆောင်မှု့အရောက်ပိူ့ပေးတာ မေမြို့သားလေးပါခင်ဗျ🥰🥰🥰

04/05/2023

ကြိုးစားနေဖို့ပဲလိုတာ✅

Photos from May Myo Thar Distribution's post 03/05/2023

🌷ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့

🌷၀၁။ဗျာဒိတ်ခံယူသည့်နေ့
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ ကဆုန်လပြည့်နေ့။

🌷၀၂။ဘုရားမွေးသည့်နေ့
မဟာသက္ကရာဇ် (၆၈)ခု၊ ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)

🌷၀၃။ဘုရားဖြစ်သည့်နေ့
မဟာသက္ကရာဇ် (၁၀၃)ခု၊ ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

🌷၀၄။ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့
မဟာသက္ကရာဇ် (၁၀၄)ခု၊ ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

🌷၀၅။ပရိနိဗ္ဗာန်စံသည့်နေ့
မဟာသက္ကရာဇ် (၁၄၈)ခု၊ ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

🌷ဤကဆုန်လပြည့်နေ့တွင် မာရ်နတ်ရန်ကို အောင်မြင်တော်
မူသောကြောင့် ဤနေ့ဤရက်ကို `ကဆုန်လပြည့်
မာရ်အောင်နေ့´အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

🌷ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်
စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေး´ဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။

🌷ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

----------------------------

Thaw Be

Photos from May Myo Thar Distribution's post 22/04/2023

#ရောင်းချခြင်းအနုပညာ...

အရောင်းသည်အနုပညာဖြစ်သည်။

လူတိုင်းလူတိုင်းသည်အရောင်းသမားများဖြစ်ကြပါသည်။

လူတိုင်းသည်တစ်ခုမဟုတ်တစ်ခုရောင်းချနေသောသူဖြစ်ပါသည်။

အရောင်းသမားတစ်ဦးသည် အောက်ပါအချက် (၄) ချက် နှင့်ကိုက်ညီရပါမည်။

S – Segmentation - ခွဲခြမ်းစိတ်ဖြာတတ်ခြင်း

A – Attraction - ဆွဲဆောင်တတ်ခြင်း

L – Love - ချစ်ခင်တတ်ခြင်း

E – Evaluation – သုံးသပ်တတ်ခြင်း

-------------------🎯---------------

S – Segmentation - ခွဲခြမ်းစိတ်ဖြာတတ်ခြင်း

အရောင်းသမားသည်လူအမျိုးမျိုးနှင့်တွေ့ရမည်ဖြစ်သည်။ လူအမျိုးမျိုးကိုဆက်ဆံရသည်။ မတူညီသောသူများကိုမတူညီသောရောင်းချသည်ပုံစံအမျိုးမျိုးဖြင့်ရောင်းချနိုင်ရန် ဝန်ဆောင်မှုပေးနိုင်ရန်လိုအပ်ပါသည်။

ကျားမ ၊ အသက်အရွယ် ၊ နေထိုင်ရာဒေသ ၊ အလုပ်အကိုင် ၊ ဝင်ငွေ စသည်ဖြင့် ခွဲခြမ်းစိတ်ဖြာတက်ဖို့လိုအပ်ပါသည်။

A – Attraction - ဆွဲဆောင်တတ်ခြင်း

အရောင်းသမားသည်ဆွဲဆောင်တတ်ရန်လိုအပ်ပါသည်။ မိမိရောင်းချသော ကုန်ပစ္စည်း (သို့) ဝန်ဆောင်မှု ကို ဝယ်သူဖောက်သည်များ ဝယ်ယူလာစေရန်ဆွဲဆောင်နိုင်ဖို့လိုအပ်ပါသည်။

L – Love - ချစ်ခင်တတ်ခြင်း

အရောင်းသမားသည်လူတိုင်းနှင့်အဆင်ပြေရန်လိုအပ်ပါသည်။ အရောင်းသမားများသည်လူတိုင်းအားချစ်ခင်တက်သောနှလုံးသားရှိရန်လိုအပ်ပါသည်။

စာနာစိတ် ၊ နားလည်မှု ၊ တစ်ဖက်သားခံစားချက်ကိုသိခြင်း စသည့်အချက်များသည် အရောင်းသမားတိုင်းရှိရမည့်စိတ်ထားဖြစ်ပါသည်။

E – Evaluation – သုံးသပ်တတ်ခြင်း

အရောင်းသမားသည် လုပ်ငန်းဆောင်ရွက်မှုများကိုသုံးသပ်နိုင်ရမည်။ အရောင်း ၊ ဈေးကွက် ၊ အသုံးစရိတ် ၊ ဝယ်သူဖောက်သည် ၊ ကုန်ပစ္စည်း ၊ ပြိုင်ဘက်များ အကြောင်းကို သိရှိနားလည်ပြီး သုံးသပ်နိုင်သူများဖြစ်ပါသည်။

အရောင်းသည်လူတိုင်းနှင့်သက်ဆိုင်သောပညာရပ်ဖြစ်ပါသည်။

ကိုအောင်စည်လင်း
၂၂.၀၄.၂၀၂၃

(CLC)

19/04/2023

မဂ်လာအပေါင်းနှင့်ပြည့်စုံကြပါစေရှင့်

မင်မင်တို့မေမြို့သားမှပစ္စည်းတွေပြန်လည်ပို့ဆောင်ပေးနေပါပြီးရှင့်

မင်မင်တို့မေမြို့သားမှဖြန့်ဖြူးနေသောပစ္စည်းများမှာ

အအေးမျိုးစုံ
sweet100တန်အချိုရည်
ခေါက်ဆွဲ
Mervius
Tissueအကြမ်းလိပ်များ ရရှိနိုင်ပါသည်

နယ်ကုန်သည်များဖြန့်ချီလိုပါကTissueအကြမ်းလိပ်များရှိပါတယ်ရှင့်

09977427759
09761915698
09764981363
09969983348

Photos from May Myo Thar Distribution's post 17/04/2023

နှစ်သစ်ဆုတောင်း🙏🙏🙏

မြန်မာခုနှစ်၁၃၈၅ နှစ်ဆန်း၁ရက်နေ့မှစပြီး အရပ်ဆယ်မျက်နှာ အရပ်၈မျက်နှာ အရပ်၇မျက်နှာ အရပ်၄မျက်နှာမှာရှိကြသော ခုနှစ်ရက်သားသမီးအားလုံးနှင့်အဝေးရောက်ခုနှစ်ရက်သားသမီးအားလုံး စိတ်နှလုံးအေးချမ်းကြပါစေ စီးပွားရေးအလုပ်အကိုင်အဖြာဖြာဒီရေအလားတိုးပွားကြပါစေ ဘေးအန္တရာယ်ကင်းရှင်းကြပါစေ မြန်မာပြည်ကြီးအမြန်ဆုံးအေးချမ်းပြီး သာယာပျော်ရွှင်သောဘဝတွေအမြန်ဆုံးပိုင်ဆိုင်ကြရပါစေ

မေမြို့သားမိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့်🙏🙏🙏

14/04/2023

အစဆိုတာ အမြဲခက်ခဲလေ့ရှိတယ်

စိတ်ဓာတ်မကျပါနဲ့။ ဘာကိုပဲ လုပ်လုပ် အစပိုင်းမှာတော့ ခက်ခဲတာအမှန်ပါ။

ဒီနေ့မှ အလုပ်စဝင်တာမျိုး။ ကိုယ်ဝါသနာပါတဲ့အရာကို အခုမှ စမ်းလုပ်ကြည့်တာမျိုး။

ကိုယ်လုံးဝမသိတဲ့ နယ်ပယ်တွေကို သွားရတဲ့အခါမျိုး စတဲ့ အခုမှ စလုပ်ရမယ့် အရာတွေကို လုပ်ဆောင်ရတဲ့အခါ ရင်ခုန်စရာကောင်းသလို ကြောင်တောင်တောင်လည်းနိုင်ပါတယ်။

လုပ်ရင်းနဲ့ ရင်းနှီးကျွမ်းဝင်လာတဲ့အခါ တဖြည်းဖြည်း လွယ်ကူလာပါလိမ့်မယ်။

ဒါ့ကြောင့်

အဲ့ဒီလို အခက်အခဲတွေကို တောင့်ခံနိုင်ဖို့ လိုပါတယ်။

ဖြစ်နိုင်ရင်တော့ စိတ်ဝင်စားတာကိုပဲလုပ်ပါ။ ဝါသနာပါတာကို လုပ်တဲ့အခါ အခက်အခဲတွေနဲ့တွေ့ဆုံရလည်း ကျော်ဖြတ်နိုင်တဲ့ သတ္တိတွေက ထွက်ပေါ်လာပါတယ်။

ဒါပေမယ့် တစ်ခါတစ်လေ အခြေအနေအရ မလုပ်ချင်တာတွေကိုလည်း လုပ်ရတတ်ပါတယ်။ အဲ့ဒီလို အချိန်မျိုးတွေမှာ သန်သန်မာမာနဲ့ တောင့်ခံနိုင်ဖို့လိုပါတယ်။

တစ်ခုပဲမှတ်ထားပါ။ ဘဝမှာ စိတ်မပါတာတွေကို လုပ်ရတဲ့အခါတိုင်း အောက်က quote လေးကို သတိရပေးပါ။

“ဘဝမှာ လုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဘာပဲလုပ်ရလုပ်ရ အကောင်းဆုံးလုပ်ပါ”


နောင်တစ်ချိန် အတိတ်ကိုပြန်ကြည့်တဲ့အခါ နောင်တမရအောင် လုပ်ခဲ့လိုက်ပါ။

အနည်းဆုံးတော့ အတွေ့အကြုံ ရပါတယ်။ အတွေ့အကြုံဆိုတာက ပိုက်ဆံပေးယူလို့မရပါဘူး။ အချိန်တွေပေးဆပ်ပြီးမှ ရတာမျိုးပါ။

ဒီတော့ အခုချိန်မှာ ဘာပဲလုပ်လုပ် အကောင်းဆုံးလုပ်ပါ။

13/04/2023

အတာသင်္ကြန်နှစ်သစ်မှစပြီး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင့်
သာသနာ့အကျိုးသယ်ပိုးဆောင်ရွက်နိုင်ကြပါစေ
စီးပွားအလုပ်အကိုင်များလဲဒီရေအလားတိုးတတ်ကြပါစေ
နှစ်သစ်မှစပြီးအရောင်းအဝယ်ကြံစည်တောင်းတသမျှအဆင်ပြေချောမွေ့အောင်မြင်ကြပါစေရှင့်

မေမြို့သားမိသားစုမှထပ်တူဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🙏🙏🙏

🙏ပထမဦးစွာမေမြို့သားဖြန့်ချီရေးကို ၃နှစ်တိုင်တိုင်ဝယ်ယူအားပေးလာသောမန္တလေးမြို့ကထမင်းရှင်ကုန်သည်တော်ကြီးများနှင့်နယ်မြို့မှကုန်သည်တော်ကြီးများကိုလဲဒီထက်မကကျေးဇူးတင်ရှိပါကြောင်းမေမြို့သားကိုခုထက်ပိုပိုပြီးအားပေးကြပါအုံးလို့ပြောကြားပါရစေ🙏

မေမြို့သားအတွက်အောင်မြင်မှု့အစဆိုပေမဲ့ထမင်းရှင်ကုန်သည်တော်ကြီးများရဲ့ကျေးဇူးကြောင့်ဒီနေ့ထိရပ်တည်လာနိုင်ခဲ့တာပါရှင့်🙏🙏

မေမြို့သားကိုလမ်းကြောင်းပေါ်တွဲခေါ်ပေးသောဆရာသမားမိတ်ဆွေကောင်းများကိုလဲကျေးဇူးတင်ရှိပါကြောင်းပြောကြားပါရစေရှင့်🙏

မေမြို့သားကိုလုပ်ငန်းသေးသေးလေးကစပြီးခုလိုအနေအထာထိတဦးနဲ့တဦးကုန်ပစ္စည်းပေးသောကုန်သည်ကြီးများကိုလဲကျေးဇူးတင်ရှိပါကြောင်းပြောကြားပါရစေရှင့်🙏

ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါသည်🙏🙏🙏

ခုထက်လဲပိုပြီးလူပ်ငန်းတွေတိုးချဲ့သွားပါအုံးမည်ဖြစ်ကြောင်းနှင့်လူကြီးမင်းတိူ့မေးသောကုန်ပစ္စည်းမှန်သမျှတိုးချဲ့ထားပေးနိုင်ဖို့လဲကြိုးစားနေပါတယ်ရှင်💪💪💪

M.M.T

မင်မင်တို့မေမြို့သားမှနှစ်ဆန်းသုံးရက်နေ့မှပစ္စည်းတွေပြန်ပို့ပေးပါတော့မယ်ရှင့် ဒီနေ့တရက်တော့ကျံရှိပစ္စည်းများအကုန်ပို့ပေးသွားပါ့မယ်ရှင်

10/04/2023

မေမြို့သားမှ 13ရက်နေ့ကစပြီး နှစ်ဆန်းနှစ်ရက်နေ့ထိရုံးပိတ်ပါ့မယ်ရှင့်

မင်မင်တို့ဆီမှာ
အအေး
ခေါက်ဆွဲ
Mervius များမပိတ်ခင်မှာယူလိုပါကဖုန်းဆက်ပေးပါရှင့်

လက်လီလက်ကားစျေးကွာခြားမှု့ရှိလို့ အောက်ကနံပါတ်များကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်
09761915698
09764981363
09969983348
09977427759

ယိုးဒယားလိုင်းများကိုစိတ်ဝင်စားလိူပါက ဖုန်းဆက်ပေးပါရှင့် လက်ကားကြီးကိုယ်စားလှယ်တော်များမိမိမြို့နယ်မှာပြန်ဖြန့်ဖို့အတွက်စဥ်းစားနေရင်တွဲတစီးစာတော့ဝယ်ယူပေးရပါ့မယ်ရှင့်အဆင်ပြေဆုံးစျေးနှုန်းနဲ့ရစေမှာမို့ မင်မင်ဆီဆက်သွယ်ပေးပါရှင့်

03/04/2023

မေမြို့သားက Pageမှာအမြဲမရှိပေမဲ့ ဖုန်းဆက်ပြီးအားမနာတမ်းစျေးစုံစမ်းနိုင်ပါတယ်ရှင့်

အကောင်းဆုံးဝန်ဆောင်မှု့တွေနဲ့မန်းလေးမြို့တွင်းသာမက နယ်ဆိုငွေကြိုလွဲဂိတ်ချစနစ်ဖြင့်ပို့ဆောင်းပေးနေပါပြီးရှင့်

အအေးမျိုးစုံ
ခေါက်ဆွဲ
Tissueအကြမ်းလိပ်များ
Mervius03

✅ယိုးဒယားခေါက်ဆွဲ ပဲနို့ကြီးပဲနို့သေး lipo Quick ပစွည်းများကို ကုနသည်တော်ကြီးများအနေနဲ့အများဝယ်ယူလိုပါက ဆက်သွယ်ပေးပါရှင့် ဘတ်စျေးအတတ်အကျရှိလို့ပါ ငွေကြိုလွဲရပါတယ်ရှင့်

ယိုးဒယားလိုင်းစိတ်ဝင်စားသောကုန်သည်ကြီးများအနေနဲ့ဘတ်စျေးအတတ်အကျရှိသောကြောင့်ဖုန်းဆက်မေးပေးပါနော်

လက်လီလက်ကား ပုံးလိုက်စျေးကွာခြားမှု့ရှိသောကြောင့်ဖူန်းဆက်မေးပေးပါနော်

Mervius03 က တရက်နဲ့တရက်စျေးမငြိမ်လို့ ဖုန်းဆက်မေးပေးပါနော်

09977427759
09969983348
09764981363
09761915698
Aungnaingmoe

26/03/2023

မဂ်လာညနေခင်းပါရှင့်

ကဲနွေရာသီရောက်ရော အအေးတွေအကုန်စျေးတတ်ကုန်ပြီး

စျေးထပ်တတ်မဲ့ပစ္စည်းလေးတွေတင်ပေးပါ့မယ်ရှင့်

Blue mountain
Speed
EAC အုပ်စု

ယိုးဒယားလိုင်းတွေကတော့ဒီနေ့လည်ပိုင်းတတ်သွားပါပြီးရှင့်

သိသလောက်တင်ပေးတာပါရှင့်

ကျေးဇူးပါ
ချစ်တဲ့မင်မင်

26/03/2023

Crd ပါရှင်
မမြတ်ဘူး..ရောင်းတယ်😁

အရောင်းအဝယ်လောကကမဟုတ်ရင် ဒီစကားက အဆန်းကြီးပါ...

Sales and Marketing သမားတွေတော့ ရင်းနှီးပြီးဖြစ်ပါတယ်။ စျေးကွက်ထဲမှာ အမြတ်မရှိဘဲ ရောင်းနေရတဲ့ ကုန်ပစ္စည်းများကို တွေ့ဘူးကြမှာ​ပါ။

ဒီလိုတွေ့တော့ ဘာကြောင့်ရောင်းကြတယ်ဆိုတာ လေ့လာကြည့်တာ အမျိုးအစား ၅ မျိုးလောက်တွေ့ရဘူးပါတယ်။

အချို့ဆို ကုမ္ပဏီ စျေးထက်လျှော့ရောင်းတဲ့ အရောင်းလက်ကားဆိုင်တွေကိုလည်း တွေ့ဘူးကြမှာပါ။ ဘာကြောင့်လဲ?

အမျိုးအစား ၁

ဒီလိုကုန်သည်ကြီးတွေက မိမိဆိုင်က သက်သာတယ်ဆိုတာ လိုချင်ကြတယ်။ ရောင်းကောင်းတဲ့ ပစ္စည်း ကို စျေးလျှော့ရောင်းတော့ ဆိုင်ကိုဖောက်သည်တွေလာကြတယ်။ အဲဒီမှာ အခြား ကုန်ပစ္စည်းလည်း ရောင်းရတယ်။ အမြတ်က အခြား ပစ္စည်းတွေမှာယူပါတယ်။ ဒါ အမျိုးအစား ၁ လို့ဆိုပါစို့...

အမျိုးအစား ၂

မမြတ်တဲ့အပြင် အရှုံးခံရောင်းတဲ့အမျိုးအစား ကုန်သည်ပါ။

ရတဲ့ခံစားခွင့်အားလုံး နှုတ်ပြီးတဲ့အပြင် ၊ လချုပ် ၊ နှစ်ချုပ် ပါ အကုန်တွက်ပြီး စျေးလျှော့ရောင်းသူပါ။

မိတ်ဆွေ ကုန်သည်တစ်ဦးရှိပါတယ်။ ကုမ္ပဏီ က ပြုလုပ်တဲ့ ကုန်သည်ဧည့်ခံပွဲမှာ တစ်နိုင်ငံလုံး ရောင်းအား ပထမ ပါ ။ ကုမ္ပဏီ ကလည်း ဆုကြေးငွေ ရာချီပေးပါတယ်။ သူ့ကို လက်ဆွဲနှုတ်ဆက်ပြီး Congratulations လို့ဆိုတော့ သူက "ကိုယ်လျှော့ပေးထားတဲ့ပိုက်ဆံ ကိုယ်ပြန်ရတာပါဗျာ" လို့ဆိုပါတယ်။ Risk ကြီးပါတယ်။ ကုမ္ပဏီ က သာ မပေးရင် သူရှုံးပါပြီ။ သူ့ကိုမေးကြည့်ပါတယ်။ဘာကြောင့် ဒီလိုလုပ်တာလဲ? ဘယ်အချိန် မြတ်မှာလဲ? ဆိုတာပါ။

သူပြောတာ က အရင်တုံးက မြတ်တဲ့အချိန် ၂ချိန်ရှိတယ်တဲ့...

တစ်ချိန်က ငွေစျေးတက်တဲ့အချိန်ဆို ကုမ္ပဏီ တွေက ငါတို့ကိုစျေးအဟောင်းနဲ့ တစ်ကြိမ်ရောင်းပေးတယ်။ အဲဒီ့အချိန်ရယ်။ နောက်တစ်ကြိမ်က ပစ္စည်း ပြတ်တဲ့အချိန် တဲ့...

လေ့လာသင့်ပါတယ်...

အမျိုးအစား ၃

စျေးရောင်းတာ (စီးပွားရေး) လုပ်တာ ဂုဏ်သိက္ခာ အတွက်လုပ်တာတွေ့ဖူးပါတယ်။ အထူးသဖြင့် နာမည်ကြီး အမှတ်တံဆိပ်တွေ ကိုယ်စားလှယ်ရသူတွေပါ။ မမြတ်ကြပါဘူး။ ရင်းထားတဲ့ ပိုက်ဆံ နဲ့ အမြတ်တွက်ရင်မကိုက်ပါဘူး။ ဘဏ်တိုးတောင် မရချင်ပါ။ တစ်ခါတစ်ရံ Risk ကလည်းများပါတယ်။ ဝန်ထမ်းရေးရာကလည်း စိတ်ရှုတ်ရပါတယ်။ ဒါပင်မဲ့ မမြတ်ဘူး၊ရောင်းကြပါတယ်😁

အမျိုးအစား ၄

ဒီအမျိုးအစားကတော့ ဝေးဝေးရှောင်သင့်ပါတယ်။ သူက ငွေလှည့်တာပါ။ ရောင်းကောင်းပြီး စီးပွားရေးကောင်းချိန်မှာ မဆိုသာပင်မဲ့ အရောင်းပါးလာလို့ငွေကျပ်လာရင် ပြေးမဲ့သူပါ။ သူတို့လည်း မမြတ်ဘူး ။ရောင်းကြပါတယ်။

အမျိုးအစား ၅

ဒီအမျိုးအစားက ကိုယ့်ပြိုင်ဘက်ဆိုရင် ကိုယ်နာပြီလို့သာမှတ်ပါတော့...😁

ဒီအမျိုးအစားက ငွေဖြူပြချင်လို့ စီးပွားရေး ထလုပ်တာပါ။ တရားမဝင် ရထားတဲ့ငွေတွေကို အခွန်ဆောင် ငွေဖြူပြချင်တာပါ။ အကျယ်မရေးတော့ပါဘူး။ သူတို့က "ဝုန်း" နိုင်သူပါ။ သူတို့လည်း မမြတ်ဘူး။ရောင်းပါတယ်။ ဒီလူတွေ ကိုယ့်စျေးကွက်ထဲဝင်လာရင် ယှဥ်ဖို့မလွယ်ပါဘူး။ "ဝုန်း" နိုင်သူများပါ။

မမြတ်ဘူး။ရောင်းတယ်။
ရှင်းပြရတော်တော်ခက်ပါတယ်။

အထူးသဖြင့် နိုင်ငံခြားသားတွေကိုပါ။ ကုမ္ပဏီ စျေးထက် လျှော့ရောင်းကြတယ်ဆိုတာ ဘယ်လိုမှ ရှင်းပြလို့မရတာပါ။ နိုင်ငံခြားသားတွေနဲ့တွဲလုပ်ခဲ့တော့ ဒီကိစ္စကို ပြောရင် သူတို့ အံသြကြပါတယ်။ စျေးကွက်ထဲ ခေါ်ပြရပါတယ်။

မမြတ်ဘူး။ရောင်းတယ်😁
မြန်မာပြည် မှာပါ...

ချစ်ခြင်းများစွာဖြင့်

ကိုအောင်စည်လင်း
၂၅.၁၀.၁၉

Photos from May Myo Thar Distribution's post 17/03/2023

Hello Morning ပါရှင့်

မေမြို့သားမှပစ္စည်းတွေအဆက်မပြတ်ပို့ဆောင်ပေးနေပါတယ်ရှင့်

ထမင်းရှင်ကာကာများလက်လီလက်ကားကိုဆိုင်အရောက်ပို့ဆောင်ပေးနေပါသည်

ရရှိသောပစ္စည်းများ

နွေရာသီရောက်ရင်အရမ်းရောင်းရသောပစ္စည်းတွေ

အအေးစုံ
ခေါက်ဆွဲ
Tissueအကြမ်းလိပ်
Mervius 03ဆေးလိပ် များရရှိပါသည်

နယ်customerများအနေနဲ့Tissueအကြမ်းလိပ်များWSဖြန့်လိုပါကဆက်သွယ်နိုင်ပါတယ်ရှင့်
Page massagerမှာဆိုင်နာမည် မြို့နယ် ဖုန်းနံပါတ်ချန်ခဲ့ပေးလို့ရပါတယ်ရှင့်မင်မင်တို့ဘက်ကဆက်သွယ်ပေးပါတယ်ရှင့်
09761915698 Viber
09969983348
09764981363

12/03/2023

စိတ်ဓါတ်ကျပြီး မဖြစ်နိုင်ဘူး ထင်ရင် KFC ပိုင်ရှင်ကို သတိရလိုက်ပါ။
အသက် ၅ နှစ်မှာ သူ့ဖခင်ဆုံးတယ်။
အသက် ၁၆ နှစ်မှာ သူကျောင်းထွက်တယ်။
အသက် ၁၇ နှစ်မှာ အလုပ် ၄ ခုမှာပြူတ်နေပြီ
အသက် ၁၈ နှစ်မှာ သူအိမ်ထောင်ကျတယ်။
အသက် ၁၈ - ၂၂ ကြားမှာ ရထားလမ်းပြ အလုပ်ကိုလုပ်ပြီး သူအလုပ်ပြုတ်ပြန်တယ်။
သူ ဥပဒေကျောင်း၀င်ခွင့်လျောက်တယ် မရဘူး။
သူအာမခံကုမ္ပဏီမှာလုပ်တယ် အလုပ်ပြုတ်ပြန်တယ်။
အသက် ၁၉ နှစ်မှာ သူဟာ ဖခင်တဦးဖြစ်လာတယ်။
အသက် ၂၀ မှာ သူ့မိန်းမက သူကို ထားခဲ့ပြီး သမီလေးနဲ့အတူအိမ်ပေါ်ကဆင်းသွားတယ်။
အသေးစား ကဖေးဆိုင်မှာ စားဖိုမှုးနဲ့ပန်းကန်ဆေးတဲ့အလုပ်တစ်ခုသူရပြန်တယ်။
မိန်းမနဲ့ကွဲနေချိန်မှာ သူ့သမီးကိုပြန်ပေးဆွဲဖို့ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘူး။ ဒီလိုနဲ့သူမိန်းမကို ကတိတွေပေးပြီး ချောမော့ပြီးအိမ်ကိုပြန်ခေါ်နိုင်ခဲ့တယ်။

သူ စစ်တပ်ထဲဝင်တယ် သူဘ၀ အတော်ပင်ပန်းနွမ်းနယ်ခဲ့တယ်။

အသက် ၆၅ နှစ်မှာ သူပင်စင်ယူတယ်
သူပင်စင်ယူတဲ့ ပထမဦးဆုံးနေ့မှာ အစိုးရထံမှ $105 ဒေါ်လာသူလက်ခံရရှိတယ်။
သူအဲဒီငွေကိုကြည့်ပြီးအတော်ခံစားခဲ့ရတယ်။ ဒီလူက သူကိုယ်ကိုတောင်သူမကူညီနိုင်သူ ဟုဆိုပြီးအစိုးရက သူ့ကို အဲဒီလိုမြင်တယ်လို့သူခံစားရတယ်။
သူအမြဲတမ်းကျရှူံးတယ် သူအသက်ရှင်ဖို့မတန်ဘူးဆိုပြီး သူ့ကိုယ်သူ အဆုံးစီရင်ဖို့ကြိူးစားခဲ့တယ်။
သူသစ်ပင်အောက်ထိုင်ပြီး သူသေတမ်းစာ ရေးဖို့ပြင်ပါတော့တယ်။ ဒါပေမယ့်သူ့ဘ၀မှာသူဘာတွေ အောင်မြင်ခဲ့သလည်းဆိုတာကို ပြန်ပြီးသုံးသပ်ကြည့်ပါတယ်။ အားလုံးဟာ ဆုံးရှူံးမှုတွေပဲသူတွေ့ခဲ့ရတယ်။ ဒါပေမယ့်ရှားရှားပါးပါးသူ့ရဲ့အားသာချက်လေးတစ်ခုသူတွေ့မိတယ်။ အဲ့တာက ဘာလည်းဆိုရင် ဟင်းကို ဘယ်လို ချက်ရမလည်း ဆိုတာပါပဲ။
ဒီလိုနဲ့ $87 ဒေါ်လာငွေကို ချေးယူပြီး ကြက်သားနဲ့လို အပ်တဲ့တန်ဆာပလာတွေကို၀ယ်ကာ သူ့ရဲ့ ကြက်ကြော်ကို တအိမ်၀င် တအိမ်ထွက် Kentucky မှာရှိတဲ့ အိမ်နီးနားချင်းတွေကို လိုက်ရောင်းပါတော့တယ်။

ဒီနေရာမှာ စာဖတ်သူကို ပြန်ပြီးတခုသိတရစေချင်တာက သူအသက် ၆၅ နှစ်မှာ သူ့ကိုယ်သူ့အဆုံးစီရင်ဖို့ကြိူးစားခဲ့ဘူးတယ်ဆိုတဲ့အချက်

သို့သော်.. Kentucky Fried Chicken (KFC) ကမ္ဘာကျော် ကြက်ကြော် KFC ကိုတည်ထောင်သူ အငြိမ်းစားဗိုလ်မှူး Sanders ဟာ အသက် ၈၈ နှစ်မှာ ဘီလီယံနာ ကမ္ဘာ့သန်းကြွယ် သူဌေးကြီးဖြစ်လာခဲ့ပါတယ်။

စိတ်ဓါတ်ရေးရာအရ သင်ခန်းစာယူစရာများကတော့
1/ အလုပ်တစ်ခုကို စတင်ဖို့အတွက် သိပ်နောက်ကျသွားတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။
2/ နောက်အရေးကြီးတာက သင့်ရဲ့ ပင်ကိုယ်ရပ်တည်ချက်သဘောထား Attitude ဖြစ်တယ်။ ဘယ်လောက်ပဲအခက်ခဲတွေ တွေ့ပါစေ ဘယ်တော့မှအရူံးမပေးတဲ့စိတ်ဓါတ် ဇွဲ လုံလ ဝိရိယတွေရှိဖို့လိုတယ်။
အောင်မြင်မှုအတွက်သင့်မှာ တစ်ခုခုတော့ အနည်းဆုံးရှိတယ်။ သူများနဲ့မတူတဲ့ဆန်းသစ်မှုကို သတ္တိရှိရှိ ရဲရဲလုပ်ပါ။

အနာဂါတ်အိပ်မက်တစ်ခုအတွက်ဆိုရင် အသက်ကြီးပြီးနောက်ကျပြီဆိုတာ ဘယ်တော့မှမရှိဘူး သူငယ်ချင်း

ီ_ဘာ_ဘာ

09/03/2023

..ကမ္ဘာမှာ Nokia ကျရှုံးသွားတာ
လူတိုင်းသိပြီးသား ဖြစ်မှာပါ။
...သူ့ရဲ့ CEO နောက်ဆုံး ပြောသွားတဲ့
စကားလေးက သိပ်ကောင်းတယ် ။
...တွေးစရာ ကောင်းတယ် ။

We did't do anything wrong ,
but somehow we fall.

"ငါတို့ အမှားမလုပ်ခဲ့ဘူး
ဒါပေမယ့် ငါတို့ ကျရှုံးခဲ့တယ်" ။
Suri (CEO Nokia)
...တစ်ခါတစ်လေ လောကမှာ ကျွန်တော်တို့
ဘာအမှားမှ မလုပ်ဘူး ....။
...ကိုယ့် Skill တွေလည်း မလျော့သွားဘူး ။
...ဒါပေမယ့် ပြိုင်ဆိုင်မှု ပြင်းထန်တဲ့

ယနေ့ခေတ်ကြီးမှာ ....,
" အမှားမလုပ်ရုံနဲ့ ၊ အောင်မြင်မှုမရနိုင်ဘူးဆိုတာကို
Nokia က သက်သေပြလိုက်တာပဲ
အသစ်အဆန်းတွေ့ဖို့၊ စဉ်ဆက်မပြတ် သင်ယူကြဖို့
ကိုယ့် Skill ကို ဒိထက်တိုးအောင် လုပ်ဖို့
လိုလာပါပြီ ။
...ဘဝဆိုတာ စက်ဘီးစီးသလိုပါပဲ အောင်မြင်မှု
မှတ်တိုင်လေးတွေ တစ်တိုင်ပြီးတစ်တိုင်
ဖြတ်ကျော်နိုင်ဖို့ အားထုတ်ပြီး နင်းနေရမှာပဲ ။
...မနင်းပဲ ဆက်မလေ့လာတော့ဘဲ ကိုယ့် Skill
တိုးလာအောင် ဆက်မလုပ်တော့ရင်တော့ စက်ဘီး
မှောက်သွားမှာပေါ့ ။
....ဒါကြောင့်ဘဝမှာ အပြောင်းအလဲတွေက ရှိနေ
ကြုံနေရမှာပါပဲ ။
....ကောင်းသောပြောင်းလဲခြင်း ဖြစ်ဖို့ကတော့
ကိုယ့်ရွေးချယ်မှုအပေါ်ပဲ မူတည်ပါတယ်။

That's why , want to be apro in one realm,
we need to try to improve our skill
as well as not to stop our Learning .
...နယ်ပယ်တစ်ခုမှာ Pro တစ်ယောက်
ဆရာတစ်ဆူလိုဖြစ်ချင်ရင်တော့ သင်ယူခြင်းကို
မရပ်ပြစ်ဖို့ လိုတဲ့အပြင် ကိုယ့်ကျွမ်းကျင်မှုကိုလည်း
တိုးအောင် ကြိုးစားဖို့ လိုပါတယ်။

ခင်ဗျားအနေနဲ့ အကုန်သိ အကုန်တတ်နေပြီဆိုရင် သေချာတာကတော့ ကျန်ခဲ့မှာဘဲ
ခင်ဗျားမသိတာတွေ အများကြီး ရှိနေပါတယ်

09/03/2023

ချစ်သောထမင်းရှင်များအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင့်

မေမြို့သားမှာ

Mervius လက်ဟောင်း
Wiston အပြာ

ရပါပြီးရှင့် လက်လီလက်ကားစျေးရှိပါတယ်နော်
စျေးနှုန်းအပြောင်းလဲရှိတာကြောင့်အားမနာတမ်းဖုန်းဆက်မေးပေးပါရှင့်

တခြားပစ္စည်းတွေလဲရရှိပါတယ်နော်

အအေးစုံ
ခေါက်ဆွဲ
Tissueအကြမ်းလိပ်များလဲလက်လီလက်ကားရပါသည် Tissueအကြမ်းလိပ်နဲ့ဆေးလိပ်များပြန်ဖြန့်လိုပါကဆက်သွယ်မေးမြန်းပေးပါရှင့်

09761915698
09977427759
09969983348
09764981363

ကျေးဇူးပါရှင့်
M.M.T

Photos from May Myo Thar Distribution's post 09/03/2023

ကိုယ် Product ကို လူသိများဖို့၊ ရောင်းရဖို့ဆိုရင် Customer တွေရဲ့ ယုံကြည်မှု ရရှိဖို့ လိုအပ်ပါတယ်..

ကိုယ့်ရဲ့ Product မှာ ဒီအချက် (၁၀) ချက် မရှိဘဲ ဈေးကွက်မှာ အောင်မြင်ဖို့ တွေးနေရင်တော့ ပဘာဝတီလိုမျိုး ချောမောလှပတဲ့ ကညာပျိုကို ကလေးကွက်တွေနဲ့ ပိုးပန်းနေသလို ဖြစ်နေပါလိမ့်မယ်...။

မှန်ကန်တဲ့ ဆုံးဖြတ်ချက်၊ တိကျသေချာတဲ့ လုပ်ဆောင်ချက်တွေနဲ့သာ ယုံကြည်မှုတစ်ခုကို တည်ဆောက်ပါ...။

OPEN YOUR FUTURE WITH US
"No need to look back"

08/03/2023

မေမြို့သားမှာ
Mervius 03လက်ဟောင်းပစ္စည်းရပါပြီးရှင့်

လက်လီလက်ကားစျေးကိုဖုန်းအာမနာတမ်းဆက်မေးပေးပါရှင့်

ကျေးဇူးပါရှင့်
09761915698
09977427759

08/03/2023

တဖြေးဖြေးချင်းလေးသွားပါ
ပိုက်ဆံ မရှိတာ စိုးရိမ်စရာမလိုဘူး
ယုံကြည်ချက်မရှိတာပဲ စိုးရိမ်သင့်တာ ။

တဖြေးဖြေးချင်းလေးသွားပါ
အများကြီး မရှိလဲ ရှိတာလေးနဲ့ လုပ်ဆောင်သွားပါ
ရပ်တန့် မနေဖို့ပဲ လိုတာပါ တစ်ဖြေးဖြေးချင်းနဲ့
မပြည့်သေးတာတွေ ဖြည့်သွားပါ
တစ်ချိန်မှာ ပြည့်လာပါ လိမ့်မယ် ။

တဖြေးဖြေးချင်းလေး သွားပါ
အတုယူစရာ ပုဂ္ဂိုလ်တွေတိုင်းဟာ
နာမည် မရခင် တစ်ဖြေးဖြေးနဲ့ လူမသိ သူမသိ ကြိုးစားလာခဲ့ ကြတဲ့ သူတွေကြီးပါ ။

တဖြေးဖြေးချင်းသွားပါ
အရင်းအနှီးမရှိလို့ မလုပ်ဖူး ကိုယ်လုပ်ချင်တဲ့ ပညာမတတ်သေးလို့ မလုပ်သေးဖူးဆိုရင် အချိန်တွေပဲ ကုန်လွန်လာပါလိမ့်မယ်
မွေးကတည်းက ခင်ဗျတို့ကော ကျနော်ကော ပြီးပြည့်စုံပြီး မွေးဖွားလာတာမှ မဟုတ်တာ ။

ဦးကျော်ဟိန်း ပြောသလိုပဲ
အရင်းနှီးမရှိလို့ မလုပ်ဖူးဆိုရင် ငါတို့ ဒီအခြေအနေအထိဘာလို့ရပ်တည် နေတာလဲ မွေးကတည်းက ငါတို့ အရင်းအနှီးရှိခဲ့လို့လား အရင်းနှီးမရှိတာ စိုးရိမ်စရာမလိုဘူး ငါတို့ တကယ် ယုံယုံကြည်ကြည် အလုပ်လုပ်ချင်စိတ်ရှိဖို့ပဲ လိုတာ ။

ကိုယ့်ကိုကိုယ် ချစ်ရင် အချိန်တွေ တန်ဘိုးထားပါ
ကိုယ့်မိသားစုကို ချစ်ရင် အချိန်တွေ တန်ဘိုးထားပါ
ကိုယ့်နိုင်ငံကို ချစ်ရင် အချိန်တွေကို တန်ဘိုးထားပါ
ဘဝဆိုတာ အချိန်တွေနဲ့တည်ဆောက်ထားတာမို့ အချိန်တွေကို တန်ဘိုးထားပါ

ရပ်တန့်မနေဖို့ပဲလိုတာပါ
တဖြေးဖြေးဖြည့်လာရင်း တစ်ချိန် ကိုယ်ယုံကြည်ရာတွေ ပြည့်လာပါ လိမ့်မယ် ။

ကျနော်လဲ ပြီးပြည့်စုံတဲ့ သူတစ်ယောက်တော့မဟုတ်ပါဘူး စိတ်အေးအေးထားဖို့
စိတ်တည်ငြိမ်အောင် တရားထိုင်ပြီး အတည်ငြိမ်ဆုံး ဖြစ်အောင် ပိုကြိုးစားပါဦးမယ် ။

08/03/2023

ရောင်းသူဝယ်သူ၂ဘက်လုံးရဲ့အမြင်ကိုသိထားရင်ဘယ်Productဘဲရောင်းရောင်းအဆင်ပြေပါတယ်ရှင့်

Thanks
M.M.T

06/03/2023

မဂ်လာရှိသောနေ့ရက်တွေဖြစ်ကြပါစေရှင့် မင်မင်တို့မေမြို့သားမှနွေရာသီရောက်ပြီးဆိုတော့ အချိန်နှင့်တပြေးညီပစ္စည်းများပို့ဆောင်ပေးနေပါပြီး အစဥ်မပြတ်အားပေးနေသောထမင်းရှင်များအားလုံးကိုကျေးဇူးတင်ပါသည်

မေမြို့သားမှနွေရာသီမှာအဓိကပစ္စည်းများကိုဦးစားပေးပစ္စည်းStockထားတာပါတယ်ရှင့်
အအေးစုံ
ခေါက်ဆွဲ
Tissue အကြမ်းလိပ်များ
Mervius 03 ဆေးလိပ်များ
လက်လီလက်ကားရရှိနိုင်ပါသည်
စျေးနှုန်းအတတ်အကျရှိလို့ဖူန်းဆက်စုံစမ်းနိုင်ပါတယ်ရှင့်

Photos from May Myo Thar Distribution's post 02/03/2023

မဂ်လာရှိသောနေ့ရက်များပိုင်ဆိုင်နိုင်ကြပါစေရှင့်

မေမြို့သားဖြန့်ချီရေးမှပြန်လည်ကြိုဆိုလိုက်ပါတယ်

ကဲထမင်းရှင်ကာကာတို့ရေ နွေရာသီရောက်ပြီးဆိုတော့ အအေးတွေလှောင်ကြဖို့မမေ့ကြပါနဲ့ရှင်

မေမြို့သားမှဆိုင်အရောက်ပို့ဆောင်ပေးနေပါသည်

အအေးမျိုးစုံ
ခေါက်ဆွဲ
Tissue အကြမ်းလိပ်များ

လက်လီလက်ကားရောင်းချပေးနေပါသည်
စျေးနှုန်းအတတ်အကျရှိသောကြောင့်ဖူန်းဆက်မေးပေးပါနော်ချစ်သောတိူ့ရေ
09761915698
09977427759
09764981363
09969983348

မေမြို့သားPageကို Like and share လုပ်ခြင်းဖြင့်ချစ်ပေးကြပါအုံးရှင့်

မေမြို့Customerရဲ့ Tissue အိတ်100 orderပို့ပေးနေပါသည်
Aungnaingmoe
Shwe Yee

21/02/2023

မဂ်လာရှိသောနေ့ရက်တွေပိုင်ဆိုင်နိုင်ကြပါစေရှင့်

ကဲနွေရာသီရောက်ပီဆိုတော့ အအေးစျေးနှူန်းတွေတတ်လာပါပြီးနော်

မေမြို့သားပျောက်နေတာမင်မင်နေမကောင်းလို့postမတင်ဖြစ်တာပါရှင့်

မင်မင်တို့ဆီမှာ နွေရောက်ပြီးဆိုတော့ အဓိက အအေးတွေလာမယ်နော် ပီရင်တော့ Tissue အကြမ်းလိပ် ခေါက်ဆွဲ အဓိကပေါ့😇

Blue ကတော့စပါကလင်ဘဲပစ္စည်းရထားပါသေးတယ် လိမ္မော်ကတော့မနက်ဖန်ပစ္စည်းဝင်ပါ့မယ်ရှင့်

ဒါနဲ့ မင်မင်တို့ဆီမှာM7 old/Napoliဆေးလိပ်ရပြီးမို့မင်မင်ဆီလဲorderကြိုပေးနိုင်ပါသည်/စျေးနှုန်းကမငြိမ်လို့ဖုန်းဆက်ပေးပါနော်😇

လက်လီလက်ကားစျေးအတတ်မကျရှိတာမို့ လူကြီးမင်းတို့အနေနဲ့မင်မင်တို့ဆီကအရောင်းကားဖုန်းနဲ့မင်မင်ရဲ့ဖုန်းကိုဆက်သွယ်မေးမြန်းနိုင်ပါသည်

Aungnaingmoe
Shwe Yee

10/02/2023

Aungnaingmoe

10/02/2023

မေမြို့သားမှ

Mervius 03 လက်ဟောင်း
Napoli Red&Blue ရပါပြီး

လက်လီလက်ကားစျေးဖုန်းဆက်မေးပေးပါရှင့်
နယ်ဝေများငွေလွဲဝင်တာနဲ့ဂိတ်တင်ပေပါမည်ရှင့်

09977427759
09761915698

Photos from May Myo Thar Distribution's post 10/02/2023

Aungnaingmoe

Photos from May Myo Thar Distribution's post 10/02/2023

မဂ်လာပါရှင့်
၇ရက်သားသမီးအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာပါစေရှင့်

ကဲPolသို့ Tissue အိတ်များလာသယ်သွားပါပြီးPolက ချစ်သောCustomerကြီး ပစ္စည်းများရောက်ကုန်ဖြစ်ပါစေရှင့်

ကဲလက်လီလက်ကားပြန်ဖြန့်လိုသောကာကာများအတွက်လဲ ကုန်ပေါ့မို့ Tissue များကိုလက်ကားပေးနေပါပြီးရှင့် စျေးနှုန်းအတတ်အကျရှိတာမို့ ဖုန်းဆက်မှာယူအားပေးနိုင်ပါပြီးနော်

မေမြို့သားမှ
ခေါက်ဆွဲ
အအေးစုံ
ကော်ဖီ
ခြင်းဆေးခွေ
Sweet jellyနှင့် Sweet 100တန် ကျွဲပျော့အချိုရည်များလဲလက်လီလက်ကားပေးနေပါသည်
M7/Napoli များရပါပြီးရှင့်ပစ္စည်းပျက်တတ်တာကြောင့် လက်လီလက်ကားစျေးစုံစမ်းနိုင်ပါသည်

Videos (show all)

မဂ်လာအပေါင်းနဲ့ပြည့်စုံကြပါစေမေမြို့သားမှ ပစ္စည်းအသစ်လေးတွေရောက်ရှိထားပါတယ် ဘာလေးတွေလဲဆိုရင်တော့ ဆိုင်တိုင်းအတွက်စျေးနှု...
မဂ်လာပါရှင့် မေမြို့သားဖြန့်ချီရေးကိုမေ့နေကြပြီးလားချစ်မိတ်ဆွေတို့ရေ မေမြို့သားမှorderတွေအဆက်မပြတ်ပို့နေလို့ပုံမတင်အားတာ...
လူတိုင်းကြိုက်နဲ့တွေ့ပြီ
ယုံကြည်ရာတခုအတွက် ကြိုးစားရပါတယ်မအိပ်သေးသောချစ်သောCustomerများရှင့် စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ ကောင်းသောညချမ်းလေးဖြစ်ပါ...

Website