Waing Maw Media
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Waing Maw Media, Media/News Company, .
ဝိုင်းမော်မြို့နယ် ဖေဖော်ဝါရီ ၁ရက်နေ့ ၁၁:၀၀နာရီ မြင်ကွင်း
ဖေဖော်ဝါရီ ၁၊ ၂၀၂၂။
(ဝိုင်းမော် ခတ်ချို လမြန် နောင်တာလော)
ဈေးဆိုင်များ ဖွင့်ထားသော်လည်း အရင်နေ့ကလို ဈေးဝယ်များနဲ့ စည်ကားလျှက်မရှိပဲ တိတ်ဆိတ်နေကြောင်း သိရသည်။
ဝိုင်းမော်မြို့နယ်တွင် Silent Strike မပြုလုပ်ကြရန် စကစများ လိုက်လံ သတိပေးမှုများ ပြုလုပ်နေ
ဇန်နဝါရီ ၂၈၊ ၂၀၂၂။
ဝိုင်းမော်မြို့နယ်တွင် Silent Strike မပြုလုပ်ကြရန် စကစများက ဝါဒဖြန့်စာရွက်များ လိုက်ဝေခြင်း၊ ဥပဒေပုဒ်မများတပ်ကာ ခြိမ်းခြောက်ခြင်း၊ လမ်းဆုံတွင် ဆိုင်းဘုတ်ထောင်ခြင်းများ ပြုလုပ်၍ သတိပေးတားမြစ်နေကြောင်း သိရသည်။
ထိုနေ့တွင် ဈေးဆိုင်ခန်းများ ပိတ်ထားပါက ဇန်နဝါရီ ၂၄ရက်နေ့ ထုတ်ပြန်ချက် ဥပဒေအရ အရေးယူမည်ဖြစ်ပြီး ထောင်ဒဏ် ငွေဒဏ် ကျခံနိုင်အထိ ပြစ်ဒဏ်ရှိကြောင်း ဇန်နဝါရီ ၂၆ရက်နေ့က ကြေညာနေကြောင်းလည်း သိရသည်။
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာရှိ လင်မယား ၂ဦးမှာ တော်လှန်ရေးငွေများ လိမ်လည်ထား
ဇန်နဝါရီ ၂၆၊ ၂၀၂၂။
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာ စံလွင်ရပ်ကွက်တွင် နေထိုင်သော ကျော်ခိုင် နှင့် ဇီနော် ဆိုသူ လင်မယား ၂ဦးမှာ တော်လှန်ရေးငွေများ လိမ်လည်ကာ ရှောင်ပြေးနေကြောင်း သိရသည်။
ထိုငွေလိမ်လည်မှုဖြစ်စဉ်သည် ၂၀၂၁ စက်တင်ဘာလ ကတည်းခဲ့ ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။
လိမ်လည်မှုနဲ့ ပတ်သက်ပြီး အလိမ်ခံရသူက သူ့၏ Facebook စာမျက်နှာပေါ်တွင် ယခုလိုတင်ထားသည်။
"ကျေးဇူးပြုပြီး တင်ခွင့်ပြုပါ
ပုံမှာပါတဲ့ လင်မယားနှစ်ယောက်ဟာ လူလိမ်တွေပါ
တော်လှန်ရေးငွေတွေကို လက်နက်ဝယ်ပေးမယ်ဆိုပြီး
လိမ်သွားပါတယ် ကျနော်တို့ဘက်က တောင်းတောင်းပန်ပန်နဲ့ မတ်ဆေ့ပို့ပြီး ပြောပါတယ် အကို/အစ်မ အခက်ခဲရှိရင်ပြောပါ ကျနော်တို့နားလည်ပေးနိုင်ပါတယ်လို့ပြောပါတယ် ကျနော်တို့ကို ပြန်မဆက်သွယ်ပါဘူး
လူလိမ်မ နာမည်Ze Naw ပါ ကချင်တိုင်းရင်းသူပါ လူလိမ်ကောင်ရဲ့နာမည်က ကျော်ခိုင်ပါ
အခုသူတို့နေတဲ့နေရာက ဝိုင်းမော် ဝူယန် စံလွင်ရပ်ကွက်ကလို့သိရပါတယ်။
အခုချိန်မှာ တိုင်းရင်းသားတွေနဲ့ ဗမာလူမျိုးတွေနားလည်မှုယူနေရတဲ့အချိန်ဖြစ်နေတာကို
မင်းတို့လုပ်ရပ်က ကချင်တိုင်းရင်းသားတွေကို
အင်မတန်မှသိက္ခာကျစေတယ် ငါတို့အားလုံးသိထားတာက ကချင်လူမျိုးတွေဆိုတာ အရမ်းကိုစိတ်ထားမြင့်မြတ်တဲ့သူတွေ မလိမ်တတ်ဘူး မညာတတ်ဘူး သူများပစ္စည်းလည်း အလကားအချောင်မလိုချင်တဲ့လူမျိုးတွေဆိုတာအားလုံးသိတယ်။
မင်းတို့လုပ်ရပ်ကြောင့် ကချင်တိုင်းရင်းသားလူမျိုးရဲ့ ဂုဏ်သိက္ခာကျစေတယ်
ငါတို့တော်လှန်ရေးငွေတွေပြန်ပေးပါ။" ဆိုပြီး တင်ထားသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်ပြီး အလိမ်ခံရသူမှာ နှစ်ဦးနှစ်ဖက် ပြေလည်အောင် အမျိုးမျိုး ဖြေရှင်းချက်တောင်းခဲ့သော်လည်း ဖြေရှင်းမှုမရှိပဲ ရှောင်ပြေးနေကြောင်းသိရသည်။
"ကျွန်တော်တို့က ဘာမှ မဖြစ်ချင်လို့ အေးရာအေးကြောင်း ပြေပြေလည်လည် ညှိနှိုင်းချင်တာ၊ ကျွန်တော်တို့တကယ်လုပ်မယ်ဆိုရင် မဆိုင်တဲ့ သူ့မိသားစုတွေပါ ထိကုန်မှာစိုးလို့ မလုပ်ပဲနေတာကို သူက ပိုကန်းတက်နေတယ်၊ အခုလည်း ဖုန်းဆက်တယ် မကိုင်ဘူး၊ Messenger မှာလည်း Block သွားပြီ" ဟု Waing Maw Media ကိုပြောသည်။
အဆိုပါ ငွေလိမ်လည်မှုသည် ၄လ ကြာမြှင့်နေပြီဖြစ်ကြောင်းလည်း သိရသည်။
ဓါတ်ပုံ ကူးယူတင်ပြသည်။
ကချင်ပြည်နယ် မြစ်ကြီးနားသို့ သက်သက်ခိုင် ရောက်ရှိနေ
ဇန်နဝါရီ ၁၅ ၊ ၂၀၂၂။
ကချင်ပြည်နယ် မြစ်ကြီးနားသို့ သက်သက်ခိုင် ရောက်ရှိနေကြောင်း အတွင်းသတင်းမှ သိရသည်။
"ကချင်ပြည်နယ်နေ့ အထိန်းအမှတ်အတွက်ရော ၊ စစ်ရှောင်ပြည်သူတွေအတွက်ရော ခွန်အားပေးစကားပြောဖို့ လာတာလို့ပဲ သိရတယ်" ဟု သတင်းရင်းမြစ်မှ Waing Maw Media ကိုပြောသည်။
မြေပြင်သတင်းအရ မြစ်ကြီးနား အေးမြသာယာ၊ ဝိုင်းမော် နောင်ချိန်း၊ မိုင်းနား RC စစ်ရှောင် သွားရောက်ခဲ့ကြောင်း သိရပြီး သူရောက်ရှိနေစဉ်အတွင်း မြစ်ကြီးနားမြို့ထဲတွင် မိုင်းနှစ်လုံး ပေါက်ကွဲကြောင်းသိရသည်။
ယခု လက်ရှိတွင် သက်သက်ခိုင် မြစ်ကြီးနားတ္ငင် ရှိနေသေးကြောင်းလည်း သိရသည်။
Photo crd
ဝိုင်းမော်မြို့ မိုးမလင်းဈေးအား မနက် ၄နာရီ မှ မနက် ၈နာရီထိ ရောင်းချချိန်ကို ဇန်နဝါရီ ၁၃ရက်နေ့မှ စတင်ပြီး မနက် ၄နာရီ မှ မနက် ၉နာရီထိ ရောင်းချရန် ပြန်လည် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီ ၁၂ ၊ ၂၀၂၂။
မိုးမလင်းဈေး အချိန်ပြောင်းလဲမှုအပေါ် ဝေဖန်မှုများ မြှင့်တတ်နေ
ဇန်နဝါရီ ၁၂ ၊ ၂၀၂၂။
ဝိုင်းမော်မြို့ မိုးမလင်းဈေး ရောင်းချချိန်ကို မနက် ၄နာရီ မှာ ၈နာရီထိသာ ရောင်းချရန် ဇန်နဝါရီ ၁၀ ရက်နေ့က တရားဝင်ကြေညာပြီးနောက် ယခုလို ဝေဖန်မှုများ မြှင့်တက်လာခဲ့သည်။
"အန်တီတို့က တစ်ရက်လုပ်မှ တစ်ရက်စားရပါရှင်၊ အဝေးက ချမ်းချမ်းအေးအေးနဲ့ လာရောင်းရတာ ဆိုတော့ မနက် ၄နာရီ ဆို မလာနိုင်ဘူးလေ၊ အခုဟာက ဈေးရောင်းချိန် ၈နာရီထိပဲဆိုတော့ အန်တီတို့ ဘယ်လိုရောင်းရမလဲ၊ အခုလိုလုပ်တာကြီး မတရားဘူးလို့ အန်တီတော့ ထင်တယ်" လို့ ဈေးသည်တစ်ဦးက Waing Maw Media ကို ပြောသည်။
ယခုလို ကြေညာပြီးနောက် ၈နာရီနောက်ပိုင်း ဈေးသိမ်းရန် ကြန့်ကြာနေသော ဈေးသည်များကိုလည်း မိုက်ရိုင်းသော စကားလုံးများဖြင့် ဆဲဆိုကာ နှင်ထုတ်နေကြောင်းလည်း သိရသည်။
"ဒီမနက် ဈေးသည်တွေကို ဆဲနေလိုက်တာများ လူကြားလို့တောင် မကောင်းဘူး၊ ဝတ်ထားတဲ့ ယူနီဖောင်းကိုမှ အားမနာ မိန်းမပေါင်ကြား ယောက်ျားပေါင်ကြားကဟာတွေ ကိုင်ပြီး ဆဲနေတာ သူတို့အစား ရှက်တောင်ရှက်တယ်" လို့ သူက ဆက်ပြောသည်။
ယခုလို မိုးမလင်းဈေးရောင်းချချိန်ကို ပြောင်းလဲသတ်မှတ်လိုက်ခြင်းသည် ယာဉ်ကြောပိတ်ဆို့မှုများနှင့် မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရန် အတွက်သာ ဖြစ်ကြောင်း စည်ပင်သာယာရေးအဖွဲ့က Facebookစာမျက်နှာတွင် ဖော်ပြထားသည်။
Photo crd
နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂုလ် ဒေါ်အောင်ဆန်းစုကြည် နောက်ထပ် ထောင် ၄နှစ် ချမှတ်ခံရ
ဇန်နဝါရီ ၁၀ ၊ ၂၀၂၂ ။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် အပေါ် စွဲဆိုထားသော ပြစ်မှုများထဲမှ အမှု ၃တွဲ အတွက် ယနေ့မှာ ထောင်ဒဏ် ၄နှစ် ကျခံစေရန် အမိန့်ချလိုက်ကြောင်း သိရသည်။
ဝိုင်းမော်မြို့ မြို့မဈေး(၁) တွင် မိုးမလင်းဈေးရောင်းချိန်ကို မနက် ၄နာရီ မှ မနက် ၈နာရီထိသာ ရောင်းချခွင့်ပြုတော့မည်
ဇန်နဝါရီ ၁၀ ၊ ၂၀၂၂။
ဝိုင်းမော်မြို့ မြို့မဈေး(၁) တွင် ယနေ့မှ စတင်ပြီး မိုးမလင်းဈေးရောင်းချိန်ကို မနက် ၄နာရီ မှ မနက် ၈နာရီထိသာ ရောင်းချခွင့်ပြုတော့မည်ဟု သိရသည်။
မည်သည့်အတွက်ကြောင့် ဈေးရောင်းချိန်ကို ပြောင်းလဲ သတ်မှတ်သည်ကို အတိအကျ မသိရသေးသော်လည်း ဈေးသူဈေးသားများ၏ ပြောပြချက်အရ ဈေးအတွင်းထဲရှိ ဈေးသည်များ မကျေနပ်၍ တိုင်တန်းခြင်းကြောင့် ဖြစ်သည်ဟု ကနေဦး သိရှိရပါသည်။
"အထဲက လူတွေ မကျေနပ်လို့လေ၊ ဒီလို ကိစ္စတစ်ခါမှ မကြုံဖူးဘူး၊ ရောင်းလာတာ ၁၀နှစ်ကျော်ပြီ၊ အရင်ကလည်း ဒီလိုပဲ ရောင်းလာခဲ့တာ အခုမှ ထူးထူးခြားခြား လာလုပ်နေကြတယ်" ဟု ဈေးသည် တစ်ဦးက Waing Maw Media ကို ပြောသည်။
"အထဲမှာ ရောင်းနေတဲ့ အသီးအရွက် အသားငါးတွေက အပြင်မှာလည်း ဝယ်လို့ရနေတော့ ဈေးထဲကို ဘယ်သူမှ သိပ်မဝင်ကြတော့ သူတို့လည်း အရောင်းပါးလာလို့ မကျေနပ်ကြတာလဲ ဖြစ်နိုင်တယ်" လိူ့ သူက ဆက်ပြောသည်။
မနက် ၈နာရီ နောက်ပိုင်း ဈေးရောင်းရန်အသုံးသည့် အခင်း ခုံတွေကအစ မည်သည့်ပစ္စည်းတစ်ခုမှ ထားခွင့်မရှိကြောင်းလည်း သိရသည်။
"၈နာရီနောက်ပိုင်း ဒီနေရာမှာ ဘာမှ မထားရဘူး၊ ထားထားရင် သိမ်းမယ်၊ ပျက်စီးပစ်မယ်လို့ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကတည်း လာကြေညာသွားတာ" လို့ သူက ဆက်ဆိုသည်။
ယခုကိစ္စကို မကျေနပ်၍ သူတို့လည်း ပြန်လည်တိုင်ကြားရန် လူစုနေကြကြောင်းလည်း သိရသည်။
အဆိုပါ သတိပေးကြေညာချက်ကို ၈.၁.၂၀၂၂ ရက်နေ့က တည်းက ကြေညာထားကြောင်းလည်း သိရသည်။
ဗလမင်းထင်တံတားတွင် စကစများ ရှာဖွေစစ်ဆေးမှုများကိုတင်းကြပ်စွာ ပြုလုပ်နေ
ဇန်နဝါရီ ၉ ၊ ၂၀၂၂။
မြစ်ကြီးနားမြို့ ဗလမင်းထင်တံတားတွင် ဒီမနက် ၈ နာရီဝန်းကျင်လောက်ကတည်း စကစများ အပြင်းအထန်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
"အိမ်စီးကား ခရီးသည်တင်ကား ကုန်တင်ကားတွေ အားလုံးစစ်တယ်၊ ကားအတွင်းထဲက ပစ္စည်းတွေလည်း အကုန်ထုတ်စစ်တယ်" ဟု ပြည်သူတစ်ဦးက Waing Maw Media ကို ပြောသည်။
အခုလို ပိတ်စို့ ရှာဖွေစစ်ဆေးမှုကြောင့် ယာဉ်ကြောပိတ်စို့မှုများ အချိန်ကြန့်ကြာမှုများ ဖြစ်နေကြောင်းလည်း သူကဆိုသည်။
"လမ်းတွေပိတ် ကားတွေပိတ်ပြီး ကျွန်တော်တို့လို့ အချိန်လုပြီးခရီးသွားနေရတဲ့သူတွေအတွက် အရမ်းနစ်နာတယ်" လို့ သူက ဆက်ပြောသည်။
ယခင်က စစ်ဆေးမှုများရှိခဲ့သော်လည်း ယခုအချိန်တွင် ပိုမိုတင်းကြပ်စွာ စစ်ဆေးမှုများ ပြုလုပ်နေသည်။
Photo crd
ဒီမနက် ၆နာရီခွဲခန့်က စကစ လီဆူပြည်သူ့စစ်များ နှင့် KIA PDF တို့ ပစ်ခတ်ကြရာတွင် ကျည်ထိမှန်ခဲ့သော ပြည်သူနေအိမ်ပုံ အချို့
ဇန်နဝါရီ ၈ ၊၂၀၂၂။
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာရှိ လီဆူပြည်သူ့စစ်ဂိတ်ကို KIA နှင့် PDFများ ဝင်ရောက်ပစ်ခတ်
ဇန်နဝါရီ ၈ ၊ ၂၀၂၂။
ဝိုင်းမော်မြို့နယ် ဝူယန်ကျေးရွာ ဝူယန်ဈေးအနီးရှိ အုပ်ချုပ်ရေးမှူးရုံးတွင် တပ်စွဲကာ ပိုက်ဆံများ အတင်းအဓမ္မ တောင်းနေသော လီဆူပြည်သူ့စစ်ဂိတ်ကို ဒီမနက် ၆:၃၀နာရီခန့်က KIA နှင့် PDF များ လက်နက်ကြီးဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
"ဒီမနက် ၆နာရီခွဲလောက်မှာ ဖြစ်ကြတာ၊ လီဆူပြည်သူ့စစ်တွေ တိုက်ခံရတာဟုတ်တယ်။ လက်နက်ကြီးလေးချက် အရင်ပစ်တယ် ပြီးမှ သေနတ်ပြန်ပစ်ကြတာ၊ အကျအဆုံးတော့ မရှိဘူး" ဟု ပြည်သူတစ်ဦးက Waing Maw Media ကို ပြောသည်။
လီဆူပြည်သူ့စစ်ဂိတ် ဝင်ရောက်ပစ်ခတ်ရပြီးနောက် စစ်ဆေးမှုများ တင်းကြပ်နေကြောင်းလည်း သိရသည်။
" သူတို့ပစ်ခံရပြီး ဂိတ်ကို ချက်ချင်းပိတ်လိုက်တယ် ဘယ်သူမှမဖြတ်ခိုင်းဘူး၊ အခုတော့ ပြန်ဖြတ်ခိုင်းပြီ ဒါပေမယ့် ဆိုင်ကယ်တွေ ဆင်းတွန်းခိုင်းတယ်၊ ကားပေါ်ကလူတွေကိုလည်း လမ်းလျှောက်ခိုင်းတယ်၊ စစ်သားတွေလည်း အများကြီး ရောက်လာတယ်၊ ဟော အခုတောင် သေနတ်သံ သုံးချက်ပြန်ကြားနေရပြီ" ဟု ဆိုသည်။
လောလောဆယ် အထိအခိုက် အကျအဆုံး မရှိဟု သိရပြီ နေအိမ်တစ်လုံး အမိုးများနှင့် ခြံကာ အနည်းငယ် ပျက်စီးသွားကြောင်းသိရသည်။
Photo crd
နိုင်ငံတစ်ဝန်း နံနက် ၇ နာရီမှ ည ၁၁ နာရီအတွင်း အချိန်မရွေး လျှပ်စစ်မီး ပြတ်မည်ဟု စစ်ကောင်စီက ကြေညာ၊ မီးသုံးစွဲမှု ချွေတာရန် ပြောဆို
ရန်ကုန်၊ ဇန်နဝါရီ ၆
မြန်မာနိုင်ငံတစ်ဝန်း နံနက် ၇ နာရီမှ ည ၁၁ နာရီအတွင်း အချိန်မရွေး လျှပ်စစ် မီးများ ပြတ်မည်ဟု စစ်ကောင်စီက ယနေ့ ထုတ်ပြန်ကြေညာသည်။
တိုင်းနှင့် ပြည်နယ် အသီးသီးတွင် လျှပ်စစ်ဓာတ်အားလျော့နည်းထုတ်လုပ်နေရခြင်းနှင့် ဓာတ်အားစနစ်တည်ငြိမ်မှုထိန်းညှိဆောင်ရသည့်အတွက် နေရာအချို့တွင် အချိန်ပိုင်း ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်နေကြောင်း ၊ဓာတ်အားသုံးစွဲမှု များပြားသည့် နံနက် ၇ နာရီမှ ည ၁၁ နာရီအတွင်းနှင့် ညနေ ၅ နာရီမှ ည ၇ နာရီအတွင်း ဓာတ်အားစနစ် ထိန်းညှိရခြင်းကြောင့် မဖြစ်မနေ အချိန်ပိုင်း လျှပ် စစ်ပြတ်တောက်မှု ဖြစ်မည် ဖော်ပြထားခြင်းကြောင့် ည အိပ်ချိန်မှ လွဲ၍ အချိန်မရွေး မီးပြတ်တောက်မည် ဖြစ်ကြောင်း ကြေညာသည်။
လျှပ်စစ်ဓာတ်အား ပုံမှန်ထုတ်လုပ်နိုင်မှု ၄၂၀၀ မဂ္ဂါဝပ် ဖြစ်သော်လည်း ဓာတ် ငွေ့ဈေးနှုန်း လေးဆခန့် မြင့်တက်မှုကြောင့် LNG to power ဓာတ်အားပေးစက်ရုံများ ရပ်ထားရသည့်အတွက် လျှပ်စစ်ထုတ်လုပ်မှု ၇၅၉ မဂ္ဂါဝပ်၊ ရတနာကမ်းလွန်ဓာတ်ငွေ့စီမံကိန်း ပြုပြင်ထိန်းသိမ်းမှုကြောင့် ၅၄၀ မဂ္ဂါဝပ်၊ ဘီလူးချောင်းရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံကို ဓာတ်အားပေးပို့သည့် ၂၃၀ ကေဗွီတာဝါတိုင်များ မိုင်းကွဲခြင်းကြောင့် ၁၈၀ မဂ္ဂါဝပ် အသီးသီးလျော့နည်းနေကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။
လျှပ်စစ်မီးသုံးစွဲသူများအနေနှင့် LED မီးသီး/မီးချောင်း အစားထိုးသုံးစွဲရန်၊ မလိုအပ်လျှင် မီး ခလုတ် များ ပိတ်ထားရန် ထုတ်ပြန်ချက်တွင် ပါရှိပြီး ထိုသို့ လုပ် ဆောင်ပါက လျှပ်စစ်မီတာခ ပေး ချေရမှု လျော့နည်းသက်သာမည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီ၏ ကြေညာချက်တွင် မည်သည့်အချိန်တွင်မှ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများ ရပ်တန့်ပြီး လျှပ်စစ်မီး ပုံမှန်ပြန်ဖြစ်မည်ကို ဖော်ပြထားခြင်းမရှိပေ။
မြစ်ကြီးနားခရိုင်အတွင်း မြန်မာ၊ဒဂုံ၊ ABC ဘီယာတွေကို ရောင်း၀ယ်ခြင်းမပြုဖို့ KIO စာထုတ်
----------
ဇန်နဝါရီ ၄ ၊ ၂၀၂၂ ။
မြစ်ကြီးနားခရိုင်အတွင်း အာဏာသိမ်းစစ်ကောင်စီနဲ့ အကျိူးတူ လုပ်ငန်းဖြစ်တဲ့ Myanmar beer, Dagon beer နဲ့ ABC beer တွေကို ရောင်း၀ယ်တာမျိုး မပြုလုပ်ဖို့ မြစ်ကြီးနားခရိုင်၊ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) က ဇန်နဝါရီလ (၄) ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ကြေညာပါတယ်။
မြစ်ကြီးနားခရိုင်အတွင်းရှိ မြို့တွင်းမြို့ပြင်၊ ကျေးလက်ဒေသတွေ နဲ့ bar ဆိုင်၊ KTV ဆိုင်တွေမှာ ရောင်းဝယ်တာတွေနဲ့သယ်ယူပို့ဆောင်တာမျိုးမပြုလုပ်ဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ကုမ္ပဏီတွေအနေနဲ့လည်း မြစ်ကြီးနား - ပူတာအို၊ မြစ်ကြီးနား - တနိုင်းဘက်တွေမှာ သယ်ယူပို့ဆောင်တာတွေ မပြုလုပ်ဖို့ကိုလည်း ထုတ်ပြန်ချက်မှာ သတိပေး ဖော်ပြထားပါတယ်။
ဒီထုတ်ပြန်ချက်ကို ဇန်နဝါရီလ (၁၀) ရက်နောက်ဆုံးထား လိုက်နာရမှာဖြစ်ပြီး သတ်မှတ်ရက် နောက်ပိုင်း ရောင်းဝယ်တာတွေ သယ်ယူပို့ဆောင်တာတွေကို ဆက်လက်ပြုလုပ်နေတဲ့ ဆိုင်တွေကို တွေ့ရှိခဲ့ရင် ဖမ်းဆီးပြီး အရေးယူ ပိတ်ပင်တာတွေ ပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
နိုင်ငံကျော် သရုပ်ဆောင် အကယ်ဒမီ ပြေတီဦး၊ အိန္ဒြာကျော်ဇင် အပါအဝင် လူမင်း၊ ရဲတိုက်၊ ပိုပို နှင့် အခြားအနုပညာရှင်အချို့တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ် ချမှတ်
နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ ပြည်သူများသို့ နှစ်သစ်ကူး မိန့်ခွန်း ပြောမည်
ဒီဇင်ဘာ ၃၀၊ ၂၀၂၁။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၇ နာရီတွင် ပြည်သူလူထုသို့ နှစ်သစ်ကူး မိန့်ခွန်းပြောမည်ဖြစ်ကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်သည်။
ပြည်သူလူထုအား ပြောကြားမည့် နှစ်သစ်ကူးမိန့်ခွန်းကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ည ၇ နာရီ အချိန်တွင် ထုတ်လွင့်သွားမည်ဖြစ်ကြောင်း ၊ ယာယီသမ္မတကြီးမှ ပြောကြားမည့် နှစ်သစ်ကူးမိန့်ခွန်းအား Acting President Duwa Lashi La နှင့် National Unity Government of Myanmar Facebook စာမျက်နှာများတွင် ကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ကာတွန်း - သမိန်ဂွတို
ကမ္ဘာ့အချောဆုံး နဲ့ အလှပဆုံးပုဂ္ဂိုလ်တွေဖြစ်လာတဲ့ ပိုင်တခွန်နဲ့ BLACKPINK အဖွဲ့ဝင် LISA
___________________________
🌻ဒီကနေ့မှာတော့ TC Candlers ဟာ ကမ္ဘာ့အလှပဆုံးအမျိုးသမီး အဦး၁၀၀ နဲ့အချောမောဆုံးအမျိုးသား အဦး ၁၀၀ စာရင်းကို ထုတ်ပြန်ပေးခဲ့ပါတယ်။
🌟ဒီနှစ်မှာတော့ အလှပဆုံး မိန်းကလေး အဦး၁၀၀ စာရင်းထဲမှာ နံပါတ် ၁နေရာကို BLACKPINK အဖွဲ့ဝင် LISA က သိမ်းပိုက်လိုက်ပါတယ်။ဒါကြောင့် LISA ဟာ ကမ္ဘာ့အလှပဆုံးမိန်းကလေးအဖြစ် အသိအမှတ်ပြုခြင်းခံရပါတယ်။
🌟အချောဆုံး ယောက်ျားလေးစာရင်း ၁၀၀ ထဲမှာတော့ ပိုင်တခွန်က နံပါတ် ၁ နေရာကို သိမ်းပိုက်လိုက်ပါတယ်။ဒါကြောင့် ပိုင်တံခွန်ဟာ ကမ္ဘာ့အချောဆုံးအမျိုးသားအဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။
BLACKPINK အဖွဲ့ဝင် LISA ဟော ပိုင်တခွန်ကိုဟော Big Congratulations ပါလို့ဂုဏ်ပြုပေးလိုက်ပါတယ်။
နိုင်ငံကျော် သရုပ်ဆောင် မော်ဒယ် ပိုင်တံခွန် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃နှစ် ချမှတ်ခံရ
ဒေါက်တာဇော်ဝေစိုး မှ ပြည်သူများထံသို့
ဒီဇင်ဘာ ၁၀ရက်နေ့က အမေရိကန် ၏ ဒဏ်ခတ်အရေးယူပိတ်ဆို့မှုတွင် စစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပါဝင်ကြောင်း သိရသည်။
ဒီဇင်ဘာ ၁၁၊ ၂၀၂၁။
ဝိုင်းမော်လူငယ်များ "Silent Strike" ပြုလုပ်
ဒီဇင်ဘာ ၁၀၊ ၂၀၂၁။
မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်ကို ICC တွင်တရားစွဲရန် ဦးတိုက်လျှောက်ထား
တရားမဝင် အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး ICC မှာ အမှုဖွင့် တရားစွဲဖို့ လန်ဒန် အခြေစိုက်တဲ့ MAP- Myanmar Accountability Project က တရားရုံးကို သက်သေတွေနဲ့ တကွ ဦးတိုက်လျှောက်ထားလိုက်ပါတယ်။
ဝိုင်းမော်မြို့နယ်အတွင်း ဒီဇင်ဘာ ၁၀ရက်နေ့ မြင်ကွင်းဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၀၊ ၂၀၂၁။
ဝိုင်းမော်အခြေစိုက် နွေဦးလူငယ်များ နောင်ချိန်း၊ အောင်မြေ ၁၊ အောင်မြေ ၂ တို့တွင် ယနေ့မနက် ၄နာရီဝန်းကျင်လောင်က "ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ" ဟူသော ခေါင်းစဉ်ဖြင့် စာရွက်ကမ်ပိန်း ပြုလုပ်ခဲ့ကြကြောင်းသိရသည်။
ဒီဇင်ဘာ ၁၀၊ ၂၀၂၁။
ဝိုင်းမော်အေခြစိုက် နွေဦးလူငယ်များ စာရွက်ကမ်ပိန်း ပြုလုပ်
ဒီဇင်ဘာ ၉၊ ၂၀၂၁။
ဝိုင်းမော်မြို့တွင် ယနေ့ နံနက်ပိုင်း 3နာရီ ဝန်းကျင်လောက်က နွေဦးလူငယ်များ " ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးဖြင့် သိမ်းပိုက်ကြ" ဟူသော ခေါင်းစဉ်ဖြင့် စာရွက်ကမ်ပိန်း ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
" ပတ်ကင်းတွေနဲ့ တွေ့မှာစိုးလို့ စောစာလုပ်လည်း တွေ့တာပဲ။ ဒလန်ကြောင့်လား၊ တိုက်ဆိုင်တာလားတော့ မသိဘူး။ ဒါပေမယ့်လည်း မရ ရတဲ့နည်းနဲ့ ရအောင် လုပ်ခဲ့တယ်" ဟု ဆိုသည်။
နွေဦးလူငယ်များရဲ့ စာရွက်ကမ်ပိန်း ပြုလုပ်ရခြင်းရဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြခဲ့သေးသည်။
" ဝိုင်းမော်က လူတွေက အရမ်းငြိမ်နေကြတယ်၊ ပြီးတော့ သွေးအေးနေကြပြီ၊ ကျောင်းတက်နေတဲ့သူတွေလည်း အများကြီးပဲ။ ဒါကြောင့် ဝိုင်းမော်မြို့ဟာလည်း ငြိမ်မနေဘူး၊ အများနဲ့အတူ နွေဦးတော်လှန်ရေးမှာ ပါဝင်နေကြသေးတယ်၊ ပြီးတော့ သွေးအေးနေတဲ့ သူတွေကိုလည်း နည်းနည်းနိုးကြွသွားအောင် လှုံ့ဆော်တဲ့အနေနဲ့ ပြုလုပ်ခဲ့ခြင်းဖြစ်တယ်"ဟု လူငယ်တစ်ဦးက Waing Maw Media ကိုပြောသည်။
စာရွက်ကမ်ပိန်းကို မိုင်းနား၊ နောင်တာလော၊ ဝိုင်းမော်၊ ခတ်ချို တို့တွင် ပြုလုပ်ခဲ့ပြီး စာရွက်များ ပြန့်ကျဲနေစဉ် ပတ်ကင်းများနှင့်တွေ့၍ ထွက်ပြေးခဲ့ကြရကြောင်းလည်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို လွတ်ငြိမ်းနဲ့ ပြစ်ဒဏ်တစ်ဝက်လျှော့
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်ကို နေပြည်တော်အထူးတရားရုံးက ထောင်ဒဏ်၄နှစ်စီ ကျခံစေဖို့ ယနေ့ မနက်က အမိန့်ချမှတ်ခဲ့တာရှိပါတယ်။
ဒီအမိန့်ကို ထက်ဝက်သာကျခံစေဖို့ နစက ဥက္ကဋ္ဌ က အခုညမှာပဲ လွတ်ငြိမ်းထုတ်လိုက်ပါတယ်။
ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ ထောင်ဒဏ် နှစ်နှစ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပြုတယ်။ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၅၄၁၊ ပုဒ်မခွဲ ၁ အရ ကျခံရန်ကျန်ရှိတဲ့ ထောင်ဒဏ် နှစ်နှစ်ကို လက်ရှိ ထိန်းသိမ်းထားတဲ့နေရာမှာပဲ ကျခံစေရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ် လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ကျန်တဲ့ထောင်ဒဏ် ၂နှစ်စီကို လက်ရှိနေထိုင်နေတဲ့ အိမ်တွေမှာပဲ ကျခံရမှာပါလို့ ဗိုလ်ချုပ်ဇော်မင်းထွန်းကရှင်းပြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့် ကို အမိန့်ချမှတ်
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတဦးဝင်းမြင့်တို့ရင်ဆိုင်နေရတဲ့
အမှုတွေထဲက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုခံထားရတဲ့အမှုနဲ့ ပုဒ်မ ၅၀၅(ခ)တို့အတွက် ဒီကနေ့ ဒီဇင်ဘာ ၆ရက်မှာ နေပြည်တော်အထူးတရားရုံးမှာ အပြီးသတ်အမိန့်ချလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ၅၀၅ (ခ) အမှုအတွက် ၂နှစ် နဲ့ သဘာဘေးစီမံ ပုဒ်မနဲ့ ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။
အလားတူ သမ္မတဦးဝင်းမြင့်ကိုလည်း ၅၀၅ (ခ) နဲ့ ၂နှစ် နဲ့ သဘာဘေးစီမံ ပုဒ်မနဲ့ ၂ နှစ်စီ ချမှတ်ခဲ့ပါတယ်။
ဒေါက်တာမျိုးအောင် ကိုလည်း ၅၀၅ (ခ) နဲ့ ၂နှစ် ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ကချင်ပြည်နယ် တရားလွှတ်တော်ရုံးရှေ့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား
ဒီဇင်ဘာ ၆ ၊ ၂၀၂၁။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာရပ်ကွက်ရှိ ကချင်ပြည်နယ်တရားလွှတ်တော်ရုံးရှေ့တွင် ယနေ့ နံနက် ၁၁နာရီအချိန်ခန့်က ဗုံးပေါက်ကွဲခဲ့ကြောင်းသိရသည်။
“ဆိုင်းဘုတ်နားဆိုတော့ ကားတွေဘဲရှိတယ်။ အသံမိုင်းလား ဘာလားတော့မသိဘူး၊ အသံတော့ တော်တော်ကျယ်တယ် မြေကြီးတောင် တုန်သွားတယ်” ဟု မျက်မြင်တွေ့ရှိသူတစ်ဦးက Waing Maw Media ကိုပြောသည်။
ပေါက်ကွဲခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာကြောင်း သူကဆက်ပြောသည်။
ပေါက်ကွဲမှုတွင် ဆိုင်းဘုတ် နှင့် အနီးနားရှိ အိမ်စီးကားများ ပျက်စီးသွားကြောင်း သိရသည်။
ဖုန်းအော်ပရေတာများ ပြည်သူ့ဘက်ရပ်တည်မှုမရှိပဲ အကြမ်းဖက်စစ်ကောင်စီရဲ့ ခိုင်းစေတဲ့အတိုင်း ဒေတာသုံးစွဲခနှုန်းများတိုးမြှင့်ကောက်ခံပါက Mytel တာဝါတိုင်များနည်းတူ ပြတ်သားစွာအရေးယူမည်ဟု AREA - 21 Revolution Network ထုတ်ပြန်
************************
ဒီဇင်ဘာ ၅ ၊ ၂၀၂၁။
ကြည့်မြင်တိုင်ဆန္ဒပြသူများကို စစ်ကားဖြင့်တိုက်သတ်မှုတွင် ပတ်သက်ခဲ့သော ဒလန်ဟုကျော်စောသူ သေနတ်ဖြင့်ပစ်သတ်ခံရ
==========
ကားနှင့်ဝင်တိုက်၍ လူငယ်ငါးဦးသေဆုံးခဲ့ရမှုဖြစ်ပြီးနောက် နာရီအနည်းငယ်အကြာတွင် အဆိုပါသပိတ်ဖြိုခွင်းရာတွင် သတင်းပေးခဲ့သူဟု စွပ်စွဲခံရသူ အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရသည်ဟု ဒေသခံများကပြောသည်။
မွန်းလွဲ ၁၂ နာရီကျော်က ဆင်မင်းရပ်ကွက်၊ ဆင်မင်းအိမ်ရာတွင်နေထိုင်သူ ကိုမင်းမင်းသည် ဓမ္မာရုံဘေးတွင်ဝိုင်းဖွဲ့ထိုင်နေစဉ် သေနတ်သမားက လာပစ်သွားခြင်းဖြစ်သည်ဟုသိရသည်။ သေနတ်ဒဏ်ရာနှစ်ချက်ဖြင့် ဦးခေါင်းပွင့်ကာ အခင်းဖြစ်ပွားရာနေရာတွင်ပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများကပြောသည်။
" အိမ်ရာထဲမှာ ဓမ္မာရုံရှိတယ်၊ အဲ့ဓမ္မာရုံဘေးမှာဝိုင်းဖွဲ့ပြီးထိုင်နေချိန်မှာ နှစ်ချက်ဝင်ပစ်တာ ထိသွားပါတယ်။ ရှေ့လတွေထဲက သူ့ဆိုင်ရှေ့မှာသပိတ်လုပ်ရင် ကလေးတွေကိုမစုခိုင်းဘူး၊ မောင်းထုတ်တယ်။ ဒီနေ့လည်း ကြည့်မြင်တိုင်ကိစ္စမှာ ဒလန်နှစ်ယောက်ပါတယ်လို့သိရတယ်၊သူအပါအဝင်ပေါ့။ မြင်တဲ့သူတွေရှိတယ်။" ဟု ဒေသခံအမျိုးသမီးတစ်ဦးကပြောသည်။
ထိုသို့ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် အလုံ၊ ဆင်မင်းအိမ်ယာထဲသို့ စစ်သားများရောက်ရှိလာကာ စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
စစ်ကားဖြင့်ဝင်တိုက်ခြင်းနှင့် သွေးထွက်သံယိုဖြင့်လမ်းပေါ်တွင်လဲနေသော ဓာတ်ပုံများ လူမူကွန်ရက်တွင်ကျယ်ကျယ်ပြန့်ပြန့်ပြန့်နှံ့ခဲ့သည်။ သို့သော် ရန်ကုန်တွင် ပြောက်ကျားသပိတ်ဆန္ဒပြမှုများဆက်လက်ဖြစ်ပေါ်ခဲ့သည်။ အာဏာသိမ်းပြီးချိန်ကစ၍ စစ်ကောင်စီတပ်သည် လူပေါင်း ၁,၃၀၀ ကျော်ကို သတ်ဖြတ်ပြီးဖြစ်သည်။