JV9

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JV9, Makeup artist, .

Photos from JV9's post 06/03/2024

ကျေးဇူးတော်သက်သက်ကြောင့်သင်တန်းပြီးဆုံးလို့
ပွဲတက်မိတ်ကပ်အမျိုးမျိုးစတင်လက်ခံလိမ်းပေးနေပါပြီနော်😍အားပေးသူအယောက်ချင်းဆီတိုင်းကိုကျေးဇူးတင်ပါတယ်🥰🥰

Photos from General Knowledge's post 18/08/2022
27/12/2021

#သင်္ဘောသီးကိုအချိန်နှင့်စားသုံး၍ရောဂါ
ကုသနည်းများ

နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်း အတွက် ကောင်းမွန် ပါသည်။

နံနက် ၉ နာရီ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသားကို သန့်စင် စေသည်။

နံနက် ၁၀ နာရီ စားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ဝမ်းချုပ်ခြင်းကို သက်သာ စေသည်။

နံနက် ၁၁ နာရီ စားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေသည်။

မွန်းလွဲ ၁ နာရီ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။

မွန်းလွဲ ၂ နာရီ စားသုံးလျှင် - ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။

မွန်းလွဲ ၃ နာရီ စားသုံးလျှင် - အူမကြီးပူ၍ ဝမ်းမကောင်းလျှင် စားသုံးနိုင်သည်။

ညနေ ၄ နာရီ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာစေသည်။

(ကလေးမစားရ)

ညနေ ၅ နာရီ စားသုံးလျှင် - ဆီးချိုဖြစ်ခြင်းကို သက်သာစေသည်။

ညနေ ၇ နာရီ စားသုံးလျှင် - တစ်နေကုန်ပင်ပန်းခြင်းကို သက်သာစေပြီး စိတ်ရွှင် လန်းစေသည်။

ညနေ ၈ နာရီ စားသုံးလျှင် - သွေးသားကို သန့်စင်စေသည်။

ညနေ ၉ နာရီ စားသုံးလျှင် - သကြားနှင့်တို့စားပါက အသည်း၌ပူခြင်းကို သက်သာစေသည်။ တရုတ်
ဆေးကျမ်းများတွင် သင်္ဘောသီးသည် အစာကြေခြင်း၊ အားအင် ပြန်လည် ဖြည့်စွမ်းပေးခြင်းစသည့်

အာနိသင်များ ရှိကြောင်း တရုတ်တိုင်းရင်း သမားတော်များအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ သမားတော် ဦးဖန်က
ပြောကြားသည်။ သင်္ဘောသီး စားခြင်းကြောင့် ဆိုးကျိုးမရှိဘဲ စွဲစွဲမြဲမြဲ စားသုံးခြင်းဖြင့် ကျန်းမာရေးအတွက်
အထောက်အကူ ပြုကြောင်း၊ တစ်ခါစားလျှင် တစ်စိတ်မှ နှစ်စိတ်အထိ စားသုံးသင့်ပြီး ယင်းသို့စားသုံးရာတွင်
သင်္ဘောသီး စိတ်အား ဇွန်းဖြင့် အခွံနားကပ်သည် အထိ ခြစ်၍ စားသင့်ကြောင်း၊ ယင်းအခွံအနားရှိ
သင်္ဘောစေးသည် အစာအိမ်အား လွန်စွာ အကျိုးပြုပြီး ဝမ်းချုပ်တတ်သော ပုဂ္ဂိုလ်များ၊ အသည်း ရောဂါသည်များ၊

သရက်ရွက် ရောဂါသည်များ အတွက် အထူး သင့်လျော်ကြောင်း၊ ထမင်းစားပြီး ချိန်နှင့် မစားခင်အချိန်များတွင်

ကပ်၍ စားသုံးသင့်ကြောင်း ယင်းကအကြံပြု ပြောကြားသည်။

ကျမ်းမာပျော်ရွှင်ကြပါစေ

Credit.မူရင်း
copy

09/12/2021

#နှလုံးနဲ့ကျောက်ကပ်ကိုအားကောင်းစေတဲ့ အာတာလွတ်ဥ

(၁) နှစ်ခြိုက်စွာ အိပ်ပျော်စေတယ် အာတာလွတ်ဥဟာ မဂ္ဂနီဆီယမ်ပါဝင်မှုမြင့်မားတာကြောင့် နှစ်ခြိုက်စွာအိပ်ပျော်စေနိုင် ပါတယ်။ အိပ်မပျော်တာ၊ နှစ်ခြိုက်စွာ အိပ်မပျော်တာတွေအားလုံးကို ဖြေရှင်းပေးနိုင် ပါတယ်။

(၂) သွေးအားကို ထိန်းညှိပေးတယ် အာတာလွတ်ဥမှာ ပိုတက်စီယမ်နဲ့ ဆိုဒီယမ် ပါဝင်မှု များတာကြောင့် သွေးအားကို ထိန်းညှိပေးနိုင် ပါတယ်။ သွေးတိုးရောဂါ ရှိတဲ့ သူတွေ မဖြစ်မနေ စားသုံးပေးသင့်တဲ့ အစားအစာ တစ်ခုဖြစ်ပါတယ်

(၃) ကျောက်ကပ်အားကောင်းစေတယ် အာတာလွတ်ဥမှာ ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် ကျောက်ကပ်ကို သန့်စင်ပေးပြီး ကျောက်ကပ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင် ပါတယ်။

(၄) နှလုံးအားကောင်းစေတယ် အာတာလွတ်ဥ ထဲမှာ ပါဝင်တဲ့ folate လို့ ခေါ်တဲ့ ဓာတ်ဟာ နှလုံးရောဂါဖြစ်စေတဲ့ homocysteine ဓာတ်ကို လျှော့ချပေး ပါတယ်။ မဂ္ဂနီဆီယမ် ပါဝင်မှု မြင့်မားပြီး သတ္တုဓာတ်ကြွယ်ဝ တာကြောင့် သွေးလည်ပတ်မှု အားကောင်းစေ ပါတယ်။

(၅) ဗီတာမင်ဘီအုပ်စု ကြွယ်ဝတယ် အာတာလွတ်ဥမှာ ဗီတာမင်ဘီအုပ်စု ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကောင်းမွန်တဲ့ ကိုလက်စထောတွေ ပါဝင်တာကြောင့် နှလုံးသွေးကြောနဲ့ ပတ်သက်တဲ့ ရောဂါတွေကို ကာကွယ်ပေး ပါတယ်။ သွေးအားနည်းရောဂါအပြင်၊ မူးမော်တာတွေ မဖြစ်အောင်လည်း ကာကွယ်ပေး ပါတယ်။

(၆) သွေးနီဥတိုးစေတယ် Copper နဲ့ သံဓာတ်ဟာ သွေးနီဥ အသစ်တွေဖြစ်ပေါ်စေဖို့ မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တွေဖြစ် ပါတယ်။ အာတာလွတ်ဥ ထဲမှာ ဒီဓာတ်တွေကြွယ်ဝစွာ ပါဝင်တာကြောင့် သွေးအားကောင်းစေ ပါတယ်။

(၇) ဉာဏ်ရည်ထက်မြက်စေတယ် အာတာလွတ်ဥထဲမှာ ပါဝင်တဲ့ သံဓာတ်ဟာ သွေးလည်ပတ်မှုအားကောင်းစေတဲ့လို့ ဦးနှောက် ထဲကို အောက်စီဂျင်လုံလောက်စွာ ရောက်ရှိစေတဲ့အတွက် ဉာဏ်ကောင်းစေ ပါတယ်။ သတိမေ့ရောဂါ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
Crd

Photos from JV9's post 30/11/2021

တပင်တိုင်မြနန်းဥ အသုံးဝင်ပုံနဲ့ အသုံးပြုပုံလေးပါ
⚜⚜⚜⚜⚜⚜⚜⚜⚜

ရင်သားအကျိတ်၊ လည်ပင်းအကျိတ်၊ အဆီကျိတ်၊ ကိုယ်ခန္ဓာအနှံ့အပြားတွင် ပေါက်တတ်သော အကျိတ်အဖု အားလုံးအတွက် တပင်တိုင်မြနန်း

(၁) အရွက်၊ ပင်စည်နှင့် ဥများကို စားဆေးအဖြစ် အသုံးပြုနိုင်သကဲ့သို့ လိမ်းဆေးအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

(၂) တပင်တိုင်မြနန်းပင် အဖြူ-အနီ-အနက်ရောင် အမျိူးအစားအားလုံးရဲ့ အမြစ်ဥတွေက မြစ်ပွားနာအပါအဝင် အဖု၊ အကျိတ်၊ အနာများအား သွေးလိမ်းရုံဖြင့် ပျောက်ကင်းစေပါတယ်။ (သို့မဟုတ်) အဖု၊ အကျိတ်၊ အနာများပေါ်တွင် အရွက်ကို အစိမ်းလိုက်ချေ၍ အုံကပ်ထားခြင်းဖြင့်လည်း သက်သာပျောက်ကင်းစေပါတယ်။

(၃) မြေအောက်မြစ်လျှောက် ပင်စည်ပွားဖြစ်တာကြောင့် ကင်ဆာကဲ့သို့ အမြစ်တွယ်သော ရောဂါများကို နိုင်ပါတယ်။ တပင်တိုင်မြနန်းပင်အနီနှင့် အနက်ရောင်များက ပိုမိုအာနိသင်ထက်မြက်ပြီး ကင်ဆာအကြိတ်ဖြစ်ခါစ(ကင်ဆာမပွင့်ခင်) ရင်သား၊ သားအိမ်၊ အဆုတ်၊ ဆီး အိမ်ကင်ဆာ အမျိုးမျိုးတို့ကို ထိထိရောက်ရောက် ပျောက်ကင်းစေနိုင်ပါတယ်။အရေပြားကင်ဆာ အဆင့်(၄)ကိုပင် ပျောက်ကင်းစေခဲ့ကြောင်း သာဓကများ ရှိကြပါတယ်။

(၄) ၂၀၀၄-၂၀၀၆ ကာလများတွင် ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်၊ မအူပင်အထွေထွေဆေးရုံမှာ သိပ္ပံဆေးပညာနည်းအရ အမျိုးသမီး ကင်ဆာရောဂါများအတွက် တပင်တိုင်မြနန်းအပင်ဖြင့် ဆေးဝါးဖော်စပ်ထားတဲ့ Biocrush ဆေးကျွေး၍ ၃-လကြာတဲ့အခါ လူနာများရဲ့ ကိုယ်အလေချိန် အတက်အကျ၊ အထွေထွေ ကျန်းမာရေးအခြေအနေ၊ သားဖွားနှင့်မီးယပ် စစ်ဆေးမှု၊ultrasound ရိုက်ခြင်း၊ scan ဖတ်ခြင်း၊ အသည်း အခြေအနေ၊ ဆီးထဲမှာ သွေးပါရှိမှုအခြေအနေ၊ electrolytes ရိုက်ကြည့်ခြင်း…စတဲ့ နည်းတွေဖြင့် ရောဂါအခြေအနေ အဆင့်အလိုက် ဆေးစစ်မှုပြုလုပ်ခဲ့ပါတယ်။ အဖြေထွက်ရှိမှု ရလာဘ်ကတော့၊ ဤ ၃-လတာကာလအတွင်း ဝေဒနာသည်များ တစ်ဦး တစ်ယောက်မျှ အသက်မသေဆုံးကြပါဘူး။ ကျန်းမာရေးလည်း သိသိသာသာတိုးတက် ကောင်းမွန်လာတာတဲ့အပြင်၊ စိတ်ချရတဲ့ အခြေအနေမှာ ရှိတာကြောင့် မိမိတို့ဌာနေ ရပ်ရွာများသို့ပြန်၍ မိသားစုနဲ့အတူ လယ်တောထဲဆင်းကာ ပဲစိုက်ပျိုးရေးလုပ်ငန်းတွေကို ကူညီလုပ်နိုင်လာပါကြောင်း မှတ်တမ်းများအရ သိရှိရပါတယ်။

(၅) မြန်မာ့တိုင်းရင်းဆေးနည်း ကုထုံးဖြင့် အမျိုးသမီးရောဂါ သားအိမ်ကင်ဆာရောဂါများအတွက် တပင်တိုင်မြနန်းဥကို သွေး၍ ရေအေးဖြင့်သောက်ခြင်း၊ တပင်တိုင်မြနန်း အမြစ်ဥကို ဆန်ဆေးရည်ဖြင့် သွေး၍ ဆီးခုံပေါ် လိမ်းပေးခြင်းဖြင့် ကုသခဲ့ရာ ရောဂါများ ပျောက်ကင်းသွားပြီး အသက်ချမ်းသာရာရတဲ့ သာဓကများရှိပါတယ်။
(၆) အစာအိမ်ရောဂါများအတွက် တပင်တိုင်မြန်းပင် အမြစ်ဥ ၅-ကျပ်သားခန့် ကို အမှုန့်ပြုလုပ်၍ ပျားရည်ဖြင့် အလုံးအရေအတွက် ၅၀ တိတိ အလုံးကလေးတွေ ပြုလုပ်ပါ။ တစ်နေ့ တစ်လုံး မှန်မှန်စားပေးခြင်းဖြင့် အစာအိမ်နာကို ပျောက်ကင်းစေနိုင်ပါတယ်။

(၇) အနာမြန်မြန်ကျက်ပြီး အသားနုတက်စေဖို့အတွက် အရွက်ကို အနာပေါ်တင်၍ကပ်ထားပေးပါ။

(၈) တပင်တိုင်မြနန်းပင် အမြစ်ဥ ၅-ကျပ်သား အား အမှုန့်ပြုလုပ်၍၊ ရှားစောင်းလက်ပပ် ၂၅-ကျပ်သား၊ ထန်းလျက် ၁၀-သားနှင့် ရေ ၂၅-ကျပ်သားခန့် ထည့်၍ ပျစ်အောင်ကျိုပါ။ လက်ဖက်ရည်ဇွန်းကြီး တစ်ဇွန်းပမာဏကို၊ တစ်နေ့ တစ်ကြိမ်ကျနှုန်းဖြင့် တစ်လတိတိ သောက်ပေးခြင်းဖြင့် သားအိမ်တွင်း အလုံးအကြိတ်များ သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(၉) တပင်တိုင်မြနန်းဥ အမှုန့်၁၀-ကျပ်သား၊ ပျားရည် ၁၀-သား၊ ထောပတ် ၅-ကျပ်သားတို့ကို ရောမွှေပါ။ ထိုအရောအနှောများကို အသက်ရှည် အားတိုးဆေးအဖြစ် တစ်နေ့လျှင် လက်ဖက်ရည်ဇွန်းသေး တစ်ဇွန်းခန့်သောက်ပေးနိုင်ပါတယ်။

(၁၀) တပင်တိုင်မြနန်းဥ အမှုန့် ၅-ကျပ်သား၊ ထန်းလျက် ၁၀-ကျပ်သား၊ မန်ကျည်းသီးမှည့် အနှစ် ၅-ကျပ်သားအား ရောကျိုပြီး တစ်နေ့ လက်ဖက်ရည်ဇွန်းသေး တစ်ဇွန်း သောက်သုံးပေးခြင်းဖြင့် သွေးမသန့်ခြင်းနှင့် အမျိုးသမီးများ မီးယပ်ရောဂါအမျိုးမျိုးတို့ကို ပျောက်ကင်းစေနိုင်ပါတယ်။

(၁၁) ဝက်ခြံ၊ မီးလောင်နာ၊ အဆီကျိတ်၊ ရိုးရိုးအဖုအကျိတ်များ၊ အတွင်း/အပြင် လိပ်ခေါင်း၊ ဂရင်ဂျီနာ၊ ရင်သားအကျိတ်၊ လည်ပင်းအကျိတ်၊ ကိုယ်ခန္ဓာအနှံ့အပြားတွင် ပေါက်တတ်သော အကျိတ်အဖု၊ အနာစို၊ အနာဆွေး၊ မြုံနေသော အနာများ (အားလုံး)အတွက် တပင်တိုင်မြနန်းပင် အမြစ်ဥကို ရေစင်စင်ဆေး၍ ဆန်ဆေးရည်ဖြင့် သွေးလိမ်းအုံပေးခြင်းဖြင့် အမြန်ဆုံးပျောက်ကင်းစေပါတယ် (သို့မဟုတ်) အမြစ်ဥကို ရေအေးနှင့် သွေး၍လည်း သောက်နိုင်ပါတယ်။

(၁၂) မိန်းမကိုယ်ရှိ ကူးစက်ရောဂါ အဖုအပိမ့်များအတွက် တပင်တိုင်မြနန်းပင် အနက်ရောင်ရဲ့ အမြစ်ဥကို သွေးလိမ်းပေးခြင်းဖြင့် ဒိဌ ပျောက်ကင်းစေပါတယ်။

(၁၃) ရှေးနှစ်ပေါင်း ထောင်ကျော်ကတည်းကစ၍ အိန္ဒိယနိုင်ငံတွင် အရိုးကျိုးခြင်း၊ အက်ခြင်း နှင့် အရေပြားကွဲရှခြင်းတို့အတွက် ဆေးမြီးတိုအဖြစ် တပင်တိုင်မြနန်းအရွက်ကို ထောင်းထု၍ ကြက်ဥအကာဖြင့်ရောနယ်ကာ လိမ်းကျံလေ့ရှိပါတယ်။

(၁၄) အရက်မသောက်ရလျှင် မနေနိုင်သော သူများအတွက် ဆေးစွမ်းတစ်လက်လေးပါ။ တပင်တိုင်မြနန်းဥ(အစို) ၅-ကျပ်သားကို ခပ် ပါးပါးလှီးက ဌက်ပျောဖူးပုလင်း တပိုင့်ခန့်ရသည်အထိ အပူပေးကျို၍၊ ဖန်ပုလင်းထဲမှာ ကဇော်ပေါက်အောင် ၃-ရက်ခန့် သိပ်ထားပြီး သောက်ပါ။ (ထိုအရည်က အရက်၏ အရသာအနံ့များနှင့်ဆင်တူတာကြောင့် အရက်အဖြစ်အစားထိုးသောက်လို့ရတာကြောင့် နောက်ဆုံးမှာ အရက်ပြတ်စေပါတယ်) အကယ်၍ တပင်တိုင်မြနန်းဥ (အခြောက်)သာ ရရှိပါကလည်း အရက်အရသာ လောက်မပြင်းသော်ငြား အရက်ဇိုးသမား များအတွက် အရက်ပြတ်စေဖို့ အထောက်အပံ့ ပေးနိုင်ပါတယ်။

မှတ်ချက် – အရွက်ကို စားရာတွင်လည်းကောင်း၊ အမြစ်ဥကိုသွေးလိမ်းရာတွင်လည်းကောင်း၊ အနည်းငယ်ယားယံသော ခံစားမှုကို နာရီ အနည်းငယ် ( ၁ နာရီ မှ ၃ နာရီ) ကြာသည်အထိ ခံစားရနိုင်ပါတယ်။ သို့သော် ထိုခဏတာကာလအကြာမှာ အခိုးများပွင့်လာပြီး ယားယံမှုတွေ သူ့ အလိုလို ပျောက်ကင်းသွားပါလိမ့်မယ်။ စိတ်ပူရန်မလိုပါ။ (သို့မဟုတ်ပါက) သွေးယားယံပျောက်ဆေး တမျိုးမျိုးဖြင့် တွဲသောက်သုံးပေးပါ။

သတိပြုရန် –

တပင်တိုင်မြနန်းအပင်မှာ အပူဓာတ် ပါရှိတာကြောင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ၊ နို့တိုက်မိခင်များ၊ အသက် ၂-နှစ်အောက် ကလေး ငယ်များ၊ သွေးမခဲဆေးဝါးကုထုံးဖြင့် ကုသမှုခံယူနေရသော လူနာများက တပင်တိုင်မြနန်း သုံးစွဲမှုကို (အထူး) ရှောင်ရှားသင့်ပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ပါးအေးချမ်းကြပါစေ.....
ခရက်ဒစ်... Adm

28/11/2021

❤️အသည်းကြီးလျှင်🍉 ဖရဲသီးစားပါ🍉
=============================

#အသည်းရောဂါ နှစ်မျိုးရှိပါ သည်။

ရုတ်တရက် ဖြစ်သော အသည်းရောဂါနှင့် နာတာရှည်အ သည်းရောဂါ တို့ဖြစ်သည်။ ရုတ် တရက်ဖြစ်သော အသည်းရောင် အသားဝါ ရောဂါမှာ ပိုးဝင်၍သော် လည်းကောင်း၊ အပူအစပ် အရက် သေစာအသောက် အစားများ၍ သော်လည်းကောင်း၊ ဆေးထိုးဆေး စားမှား၍ သော်လည်းကောင်း၊ ရုတ် တရက်ဖြစ်သော ဝေဒနာ ဖြစ်သည်။ ဆေးကုရ လွယ်ပြီး အပျောက်မြန် သည်။ ဆင်ခြင်ပြီး နေထိုင်လျှင် ဓာတ်စာဖြင့် ပင်ပျောက် ကင်းသက် သာနိုင်သည်။
နာတာရှည် အသည်းရောဂါ များမှာအသည်း ကြီးခြင်း၊ အသည်း အဆီဖုံး ရောဂါ၊ အသည်းခြောက် ရောဂါ၊ အသည်းတွင် ပိုးတွယ်ကပ် နေသောရောဂါ၊ မှိုတက်သော ရောဂါများ ဖြစ်သည်။ အနောက် တိုင်းဆေးပညာအရ ဝမ်းကိုက်ပိုး၊ ဘီပိုး၊ စီပိုးများသည် ယခုခေတ်တွင် အလွယ်တကူ ကူးစက် နေသည်။ မသန့်ရှင်းသော အစားအသောက် များ၊အသုံး အဆောင်များ၊ ပစ္စည်း ကိရိယာများ၊ ဈေး၊ ဆေးရုံ၊ ဘက်စ် ကားများ၊ ဆံပင်ညှပ်ဆိုင် များစ သည်တို့တွင် ကူးစက်မှု အများဆုံး ဖြစ်သည်ဟု ဆိုသည်။မြို့ကြီးပြ ကြီးများ၊ လူနေထူထပ် သောနေ ရာတွင်နေထိုင် သူများ အဖို့နေ့စဉ် အသည်းရောဂါ ရဖို့ရှောင်လွှဲ မရ နိုင်အောင်ကြုံတွေ့ ရလေ့ရှိသည်။

နှစ်ပြန်ကြော်နှင့် အကြော် ဆီများ မှာလည်းအသည်း အဆီဖုံး ရောဂါ ကိုဖြစ်စေသော အဓိက အချက်များ ဖြစ်နေသည်။
မန္တလေးကဲ့သို့ ပူပြင်းသော အရပ်ဒေသများတွင် အရက်သေစာ သောက်သုံး သူများတွင်လည်း အသည်းကြီးရောဂါ အဖြစ်များ သည်။ အရက်ဘီယာ ဆိုင်များ၊အ ရက်ချက် စက်ရုံများ၊ ထုတ်လုပ် ရောင်းချသူများကို ကန့်သတ်မှု မရှိလျှင်ပို၍ ပင်ဆိုးလာ နိုင်သည်။ အရက် ကြောင့်ဖြစ်သော အသည်း ရောဂါမှာနောက်ဆက် တွဲဖော ရောင်သော ရေဖျဉ်း စွဲရောဂါနှင့်နိဂုံး ချုပ်အသက်ဆုံး ရလေ့ရှိသည်။ ကြော်ငြာ ရောင်းချသော အသည်း အားဆေးများသည် အရက်သမား များ၏အသက်ကို မကယ်နိုင်ပေ။

အသည်း ကင်ဆာနှင့် သေဆုံးရ သူများမှာ ဆေးအားကိုး သူများ ဖြစ်ကြောင်းတွေ့ရှိရသည်။ ရာသီစာ အမျိုးမျိုးတွင်ပူသော ရာသီဥတုနှင့်လည်း အဆင်ပြေ အသည်းရောဂါ သမားများ အတွက် လည်းအကျိုးပြု စေနိုင်သော ဓာတ် စာတစ်မျိုးကို တင်ပြရလျှင် ယခု အချိန်တွင် ပေါပေါရနိုင်သော ဖရဲ သီးကိုပင်တင်ပြရမည် ဖြစ်သည်။ ဖရဲသီးသည် အအေးစာဖြစ်သည်။ နုံးတင်မြေနှင့်ကိုင်းမြေများ၊မြစ် ကမ်း၊ချောင်းကမ်းစပ်သဲသောင်ခုံ များတွင်စိုက်ပျိုးလျှင်ဖြစ်ထွန်း အောင်မြင်သောအသီးမျိုးဖြစ် သည်။
ဖရဲစိုက်သူများ သည်ပြည် တွင်းသာမက နယ်စပ်မှ ပြည်ပသို့ တင်ပို့ရောင်းချ နိုင်ကြသည် ဖရဲသီးသည် အာပေါ ဓာတ်စာ ဖြစ်သဖြင့် အစာအိမ်ကို အေးမြစေ ပြီးအစာအိမ်ပူ လောင်ခြင်းကိုသက် သာစေနိုင်သည်။ ဝမ်းမီးကိုငြိမ်းစေ နိုင်သဖြင့် သတိပြုရန်မှာ ထမင်း မစားမီကြိုတင်၍ ဖရဲသီး ကိုမစား သင့်ပေ။ ဝမ်းမီးငြိမ်း သွားသဖြင့် ထမင်းစားသော အခါအစာမကြေ ဖြစ်တတ်သည်။
ဖရဲသီး၊သခွား သီး၊သင်္ဘောသီး မှည့်များကိုစား သုံးလျှင်ထမင်းစားပြီးမှသာစား သုံးသင့်သည်။
ဖရဲသီးသည်ဓာတ်စာအဖြစ် စားလျှင်နေ့လည်မွန်းတည့်ချိန် စက်နာရီ၁၂ နာရီမှ ၁ နာရီအချိန် အတွင်းစားရမည်ဟ ုရှေးဓာတ်စာ ဆရာကြီးများက ဆိုသည်။ထိုအ ချိန်တွင် အစာမစားဘဲ ဖရဲသီးချည်း သီးသန့်တဝ စားပေးခြင်းဖြင့်ဝမ်း တွင်းအပူ အောင်းသော ရောဂါမှန် သမျှကိုပျောက်ကင်း စေနိုင်သည့် အပြင်ကျောက်တည် သောရော ဂါကိုလည်းသက်သာ စေနိုင်သည်။

အထူးသဖြင့် ကွမ်းစား သူများ၊သည်း ခြေအိတ်ကျောက်တည် သူများ၊ ကျောက်ကပ် ကျောက်ရှိသူများ၊ အသည်းကြီး ရောဂါရှိ သူများ၊နေ ပူမီးပူနှင့် အလုပ်လုပ် ရသူများ ဤ ဓာတ်စာကို တစ်ပတ်လျှင်၃ကြိမ် ခန့်စားသုံး ပေးလျှင် သက်သာ စေနိုင်သည်။

နေမွန်းတည့်ချိန် ဖရဲသီးစား ခြင်းကို မှန်မှန်ရက်သတ္တပတ်ခန့် ပြုလုပ်သဖြင့်ကျောက်ကပ်မှ ကျောက်တည်ရောဂါရှိသူတစ်ဦး ကျောက်များပြုတ်ကျပြီးဆီးသွား ရာတွင်ပါလာသည်ကိုလွန်ခဲ့သော ဆယ်စုနှစ်ခန့်ကတွေ့ဖူးပါသည်။ ဂျပန်ဖရဲခေါ်ဖရဲသီးအဝါရောင်စား ၍ကျောက်ကျဖူးသူများလည်းရှိ သည်ဟု ကွမ်းယာရောင်းသူတစ် ဦးကပြောသည်ကိုလည်းမှတ်သား ရဖူးသည်။

အသည်းကြီးသောရောဂါ မှာတိုင်းရင်းမြန်မာဆေးပညာအယူ အဆအရအသည်းတွင်အပူငုပ် သောရောဂါဖြစ်သဖြင့်ဖရဲသီးကို ယခုရာသီချိန်တွင် မှန်မှန်စားသုံး ပေးခြင်းဖြင့်သက်သာနိုင်ကြောင်း တင်ပြလိုက်ရပေသည်။

#ကိုယ်ရောစိတ်ပါကျန်းမာကြပါစေ။


#ကြည်လွင်မြင့် (မုဒြာ)

26/11/2021

သွေးလေးဘက်နာ အတွက်လက်ပံပွင့်🌝
ဆီးချိုးရောဂါသမားအတွက် လက်ပံပွင်🌝

လက်ပံပွင့် ဆေးဖက်ဝင်ပုံ🎍🎍

( က ) ဆီးချိုးရောဂါသမားအတွက် လက်ပံပွင့်ကိုပြုတ်စားပါ။လက်ပံပွင်ကိုဟင်းချိုချက်စားပါ။

( ခ ) သွေးတိုးရောဂါသမားအတွက် ဇီသီးနဲလက်ပံပွင်ရောပြီးဟင်းချိုချက်စားပါ။

( ဂ ) မီးယပ်ရောဂါသမားအတွက် လက်ပံအခေါက်ပြုတ်ပြီးသောက်ပါ။

( ဃ ) လေးဖက်နားသမားအတွက် လက်ပံပင်အမြစ်ကိုသွေးပြီးသောက်ပါ။ပြီးလျှင်ခြေဆစ် လက်ဆစ်ကို လိမ်းပေးပါ။

လေးဖက်နားရောဂါ( ၃ ) မျိုးရှိကြပါတယ်။

နံ ပါတ်( ၁) ပိုးလေးဖက်နား
နံပါတ်( ၂ ) သွေးလေးဖက်နား
နံပါတ်( ၃ )အရေပြာလေးဖက်နာ လေးဖက်နာအမျိုးအစားသုံးမျိုးရှိကြပါတယ်။

လေးဖက်နားရောဂါရှိပြီဆိုရင် လက်ပံပွင့်အမြစ်ကိုကျောက်ပျဉ်နဲသွေးပြီးဆားအနည်းငယ်ထည့်ပြီးသောက်ပါ။ လေးဖက်နာပိုးတွေအားလုံးသေစေမည်။

နံပါတ်( ၄ ) ရင်သာကင်ဆားဆေးနည်း
လက်ပံအခေါက်ကိုသွေးပြီးရင်သာကင်ဆားသမားအတွက်သောက်ပေးပါ။ ရင်သာအနားတစ်ဝိုက်လိမ်းပေးပါ။

ရင်သာကင်ဆား( ၃ ) မျိုး
အဆင့်( ၁ ) ရင်သာကင်ဆာ ပထမအဆင့်ကတော့ လက်ပံပွင်အရွက်ကိုခြွေလိုက်ပါ။ လက်ပံပွင် အလွာပွင်လေးကို ဇွန်းနဲံ့ခြစ်ယူပြီး သကြားနဲဖျော်ပြီးသောက်ပါ။
အရသား ချွဲပျစ်ပျစ်ကလေးနဲ့ ချဉ်ပြုံးလေးနဲပါ။

အဆင့်( ၂ ) လက်ပံပွင့် အခေါက်ကိုကျောက်ပျဉ်နဲ့သွေးပါ။ရင်သားတစ်ဝိုက်ထူထူလိမ်းပေးပါ။ရင်သာနာခြင်း
အလုံးတည်ခြင်းလျော့နည်း စေပြီး ပဂတိအတိုင်း သက်သာပျောက်ကင်းပ့ါတယ်။

အဆင်( ၃ ) လက်ပံပွင်အခေါက်ကိုသွေးလိမ်းပါ။ သေွးပြီးသောက်ပါ။ ရင်သာတစ်ဝိုက် လိမ်းပေးပါ။
ရင်သာကင်ဆာကုလိုမရတဲ့ အထိဖြစ်သွားပြီဆိုရင် မနက်တစ်ကြိမ် နေ့လည်တစ်ကြိမ်
ညနေတစ်ကြိမ် ( ၃ ) လတိတိပျောက်ကင်းပါသည်။
ရှေးခေတ်လူကြီးပေးသောဆေးနည်းတစ်လက်
ဆေးဒါနဖြန်ဝေပေးဝေနေပါသည်✍️✍️🕊🕊

Credit ; မူရင်း

Photos from JV9's post 25/11/2021

Copy ကူးယူလာပါတယ် ☺☺☺

အိမ်မှာမစိုက်ဘဲနဲ့တအားပေါက်နေတာ ရူပ်လို့ဆိုပြီး နူတ်နူတ်ပစ်နေကျ
ခုလိုအဖိုးတန်မှန်းမသ်ိခဲ့ဘူး "ကျောက်သင်ပုန်းရွက်အစွမ်း အံ့မခမ်း"
==========================

ဒါကတော့(Peperomia pellucida)
ကျောက်သင်ပုန်းရွက်(သို့)
နတ်သမီး ကွမ်းရွက်လို့ ခေါ်ပါတယ်။

ဟိုတုန်းကတော့ ကျောက်သင်ပုန်းမှ စာတွေကို ပြန်ဖျက်တဲ့နေရာမှာ အသုံးပြုခဲ့ကြပါတယ်။ အလေ့ကျပေါက်သည့် အပင်မျိုး ဖြစ်ပါတယ်။

ဒီအပင်မှာ ကင်ဆာရောဂါကို တွန်းလှန်ကာကွယ်ပေးနိုင်တဲ့ Antioxidants ပါ၀င်တယ်။ ဗီတာမင်စီဓါတ်များတယ်ပြီး ဗီတာမင်အေဓါတ်ကို ဖြည့်စွမ်းပေးတဲ့ Beta-carotene ပါ၀င်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှ တိုင်းရင်းဆေးဆရာများကတော့ ဒူလာဆေး၊ အဆစ်မြစ်ရောင် (ဂေါက်ရောဂါ) အတွက် ဒီအပင်ကို သုပ်စားခြင်း၊ ပြုတ်စားခြင်းတို့ကို ပြုလုပ်ကြပါတယ်။

ဆေးအဖြစ် အသုံပြုပုံများ-

(၁) ရင်သားကင်ဆာရောဂါအတွက် အရွက်လက်တစ်ဆုပ်ခန့်ကို သန့်ရှင်းစွာ ဆေးကြောပြီး ထောင်းကာ ရင်သားပေါ်ကို အရည်သုတ်လိမ်းပေးခြင်း၊ အဖတ်ကို အုံပေးခြင်းတို့ဖြင့် ကုသပေးလျှင် သက်သာပျောက်ကင်းစေပါသည်။

(၂) ထိခိုက်ရှနာ၊ ဒဏ်ရာအမျိုးမ်ျိုး၊ အနာစိမ်း၊ ပြည်တည်၊ ၀က်ခြံနာ၊ အရေပြားရောဂါအမျိုးမျိုးတို့အတွက် အရွက်ခပ်သန့်သန့်ကို ကျိတ်၍ အနာပေါ် အုံပေး၊ လိမ်းပေးပါက သက်သာပျောက်ကင်းစေပါသည်။

(၃) ရေရုံရောဂါအတွက် အပင်၊ အရွက်၊ အပွင်စတဲ့ တပင်လုံးကို နနွင်း၊ ဆန်စေ့အနည်းငယ်တို့နှင့်အတူ ရောထောင်း၍ ရေရုံနာပေါ်ကို တစ်ညခန့် အုံပေးပါက သက်သာပျောက်ကင်းစေပါသည်။

(၄) ၀က်ခြံ၊ တင်းတိပ်များအတွက် ပဉ္စငါးပါးလုံံးကို ပြုတ်၍ ၄င်းဆေးပြုတ်ရည်ကို မနက်တိုင်း မျက်နှာသစ်ပေးပါက သက်သာပျောက်ကင်းစေပါသည်။

(၅) ဒူလာရောဂါ၊ အဆစ်မြစ်ရောင် ဂေါက်ရောဂါများအတွက် ၄င်းအရွက်ကို ရေစင်အောင်ကြောကာ သုပ်စားခြင်း၊ ပြုတ်စားခြင်း၊ တို့စာခြင်းများ ပြုလုပ်ပေးပါက ရောဂါကို သက်သာပျောက်ကင်းစေပါသည်။

(၆) မျက်စိနာ၊ မျက်စိတိမ်ဖြစ်ခြင်းတို့အတွက် ဒီအရွက်ကို လက်တစ်ဆုပ်ခန့် သန့်သန့်လေးဖြစ်အောင် ဆေးကြောပြီး အရည်ညစ်ယူကာ မျက်စိကို အနည်းငယ်စီ တစ်နေ့ ၂ ကြိမ် ခပ်ပေးပါက မျက်စိနာနဲ့ မျက်စိတိမ်များ ပျောက်ကင်းပါတယ်။

(၇) ကြွက်နို့ပေါက်သူများအတွက် အပင်ကို အရည်ညစ်၍ ကြွက်နို့ပေါ်ကို ၄င်းအရည်ဖြင့် မကြာခဏ တို့ပေးကာ ကြိတ်ဖတ်ကိုလည်း ကြွက်နို့ပေါ်ကို အုံထားပေးပါ။
ကြွက်နို့များ အံ့သြစွာ ပျောက်ကင်း
သွားပါလိမ့်မည်။

ကျမ်းမာသောဘဝကို ပိုင်ဆိုင်ကြပါစေ..

May_Yatanar_Khin
ကိုးကား,မြန်မာဆေးမှီတိုများစာပေ
Credit ....Org uploader

Photos from JV9's post 23/11/2021

"ဗောက်လောက်ညိုနှင့် ရေဖျင်း"

ဤဆေးပင်ကိုက်လက်တွေ့ကြုံဖူး၍ ပြန်လည်မျှဝေခြင်းဖြစ်၏။
အလွန်လည်း အစွမ်းထက်၏။

ရောဂါဝေဒနာတို့သဘောသည်က
စပ်ဆက်နေတတ်သည်။

အလွန်သဘောကောင်းသော
ကျောင်းဆရာလေးတစ်ဦးနှင့်ခင်ဖူးသည်။
ထိုဆရာလေးမှာ နှလုံးရောဂါရှိသည်။
မကြာခဏဆေးရုံပြသော်လည်း
မသက်သာလှပါ။

ထိုမှတဆင့်
ပါးစပ်အတော်နံသည်ကို သတိပြုမိသည်။

နောက်ပိုင်း ထပ်ဖြစ်လာသည်က
ဗိုက်တဖြည်းဖြည်းပူလာခြင်းဖြစ်လေသည်။

သိရသည်မှာ ရေဖျဉ်းဆွဲခြင်းဖြစ်လေသည်။
ရေဖျင်းစွဲသော ဆရာလေးမှာ အသက်ရှူကြပ်ပြီး
လှုပ်ရှားမှုပြုတိုင်း မောလွန်းခြင်းပင်။
နောက်ပိုင်း အညစ်အကြေးစွန့်ရန်ပင်
တွဲထူတွဲမ လုပ်မှရတော့သည်။
ရင်ညွန့်အောက်မှ ဗိုက်သားတစ်ပြင်လုံး တင်းရောင်ကာ
အိပ်ရာထက်
ဟိုဘက်ဒီလက်လှည့်ရန်ပင်ခက်လေသည်။
ပါရဂူဖြင့်မပြဘဲ အင်္ဂလိပ်ဆေးများအား
ရောဂါကို ပြော၍ဆေးဝယ်သောက်သည်။
သို့သော် မသက်သာလှပါ။

ဆရာလေးအား ရန်ကုန်တက်ပြီးပါရဂူဖြင့်
ပြရန်တိုက်တွန်းသည်။
သို့သော်ဆရာလေးက ဝေဒနာ
ကိုအလူးအလဲခံကာ ခေါင်းခါသည်သာ။
အကြောင်းကား ဆရာလေးသည်လစာလေးဖြင့်
အမေအိုကို လုပ်ကျွေးနေသူ ။
သူ့တွင်အပိုဝင်ငွေမရှိ။
အပိုသုံးစရာငွေလည်း မရှိခြင်းပင်။
ရင်နှီးသူမို့ ဝေဒနာခံစားရင်း
ပါးပြင်ထက်သို့ မျက်ရည်စများစီးကျနေသည်ကို
မြင်ရ၍ စိတ်မကောင်းပြန်။

#ကျောင်းဆရာလေးအားကယ်တင်ရှင်ပေါ်ပြီ

တိုင်းရင်းသမားဆေးသမားတော်ကြီးဦးကြွယ်
ရောက်လာခြင်းဖြစ်သည်။
နည်းပြသည်ကသမားတော် ကယ်တင်သောဆေးပင်က
#ဗောက်လောက်ညိုသာဖြစ်တော့သည်။

ဗောက်လောက်ညိုပဉ္စ(၅)ပါးကို သုံးခွက်တစ်ခွက်တင်ပြုတ်ကျိုပြီး
နံက်ညရေနွေးကြမ်း ပန်းကန်တစ်လုံးစာ ညနေတိုက်ခြင်းသာဖြစ်သည်။
ထိုပြင်အရွက်ကိုသုပ်ပြီး အနည်းငယ်မျှစားစေပြန်သည်။
တစ်ပတ်အတွင်းပူဖေါင်းနေသော
ဗိုက်သိသိသာသာကြီးကျဆင်းသွားသည်။ ဆီးလည်းခဏခဏ သွားလေသည်။

ထိုကျောင်းဆရာလေး ဆရာကြီးဦးကြွယ်ပြသော
ဗောက်လောက်ညိုပင်ဖြင့်
လူကောင်းပကတိ ပြန်ဖြစ်ခဲ့သည်။
ဝမ်းသာလိုက်ကြသော တပည့်များ
ရွာသူရွာသားများ ။
အံ့ဖွယ်အတိဆေးပင်ရှိခဲ့ပြီ။

ထိုအပင်အား
အရှင်နာဂသိန်ကျမ်းတွင်ဖတ်ရှု ကြည့်ရာ-

ထိုအပင်သည်မိုးဦးကျ၌ စိမ်းလန်းစိုပြေစွာ
အလိုလျောက် ပေါက်လာတတ်၏။
မြေဆွေး အမှိုက်ပုံများရှိရာ နေရာတို့၌
အထူးသဖြင့် မြောက်များစွာ ပေါက်ရောက်တတ်၏။
မသိသောသူတို့သည် နှုတ်ပစ်ဖယ်ရှား ကျော်လွှားသွားကြကုန်၏။
သိသောသူတို့မှာ အောက်ပါဆေးနည်း များအတိုင်း ဖော်စားကြကုန်၏။

အမှိုက်ပုံမှ အလိုလျောက်ပေါက်သော
ဆေးတစ်ပင်သည်
လူသားတို့၏ ရောဂါအမျိုးမျိုးအတွက် ကယ်တင်ရှင်ဖြစ်သည်ကို သတိပြု၍ ဆေးအဘိဓာန်ကျမ်းကို ကျေညက်အောင် ကြည့်ရှုလေ့လာရာ၏။
ဟုမှတ်ချက်ပြုလေသည်။

ပုံသဏ္ဌန်
🇲🇲🇲🇲🇲🇲

၁-ပေမှ ၃-ပေအထိမြင့်၏။ အခက်အလက်များကောက်ကွေး၏။
အရွက် လုံး၍ရှည်၏။
အပွင့်ဖြူ၏။
အသီးနုသောအခါ စိမ်း၍ ရင့်သောအခါ နီ၏။
ထို့နောက် မှည့်သောအခါ ညို၏။

ဂုဏ်နှင့်စွမ်းရည်
ပဉ္စငါးပါးကို အသုံးပြုရသည်။
ခါးစပြ၏။ ပူ၏။
ဝိပါက၌ စပ်၏။ ပြေပြစ်၏။
အသံကို မှန်အောင် ထိန်းပေးတတ်၏။
မျက်စိကို အကျိုးပြု၏။
ဒေါသသုံးပါးကို နိုင်၏။
ရောင်တင်းခြင်း၊ နူနာ၊ မြင်းသရိုက် ၊ အဖျား ၊
တုလာသရော ၊ ကြို့ထိုး ၊ နှလုံးရောဂါ စသည်ကို ပျောက်ကင်းစေ၏။

ရောဂါအလိုက်အသုံးပြုနည်း
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

#အသည်းရောင်ရောဂါ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

၄င်းအပင်၏ ပဉ္စငါးပါး၏ သတ္တုရည်ကို
၁၀-ကျပ်သားမှ ၁၅-ကျပ်သားအထိ ယူ၍
မီးနွေးနွေးဖြင့် နှင်းဆီရောင်သန်းလာသည်အထိ ချက်ပါ။
၄င်းချက်ထားသောအရည်ကို
အသည်းရောင်သောသူအား တိုက်ကျွေးပါလျှင် အလွန်နှစ်ကာလရှည်စွာ ဖြစ်နေသောရောဂါပင် ဖြစ်စေကာမူ လျှင်မြန်စွာ ပျောက်ကင်းသည်။

ဝမ်းမီးနုံ့သောရောဂါ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

၄င်းဗောက်လောက်ညိုကို
၄-ဖို့ ၁-ဖို့ကြွင်း ပြုတ်၍
ပိတ်ချင်းသီးမှုန့်အနည်းငယ်မျှ ထည့်၍
သောက်က ဝမ်းမီးနုံရောဂါ ပျောက်ကင်း၏။

အပူဖျား ရောဂါ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲

ဗောက်လောက်ညို
၄ - ဖို့ ၁ - ဖို့ကြွင်းပြုတ်၍
သင့်တော်ရုံသောက်ပါက အပူဖျားများ သက်သာရာရ၏။

အိပ်မပျော်သောရောဂါ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

၄င်းဗောက်လောက်ညို၏ အမြစ်ကို
သန့်ရှင်းစွာယူပြီးလျှင် ပြုတ်ရည်ပြု၍
၄င်းတွင် ထန်းလျက်သင့်တော်ရုံထည့်၍
သောက်သော် ကြာမြင့်စွာ အိပ်မပျော်သူများ အိပ်ပျော်လာပါလိမ့်မည်။

ခွေးရူးကိုက်ရောဂါ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

ဗောက်လောက်ညိုကို သုံးခွက် တခွက်တင်ကျိုပြီးလျှင် ခွေးရူးကိုက်ခံရသောသူအား သောက်စေရာ၏။ ၄င်းပြုတ်ရည်ဖြင့် ခွေးရူးကိုက်ခံရသော နေရာကို ဆေးကြောပေးရာ၏။
အနာလည်းပျောက် ခွေးရူးဆိပ်လည်း ကျ၏။

ကျောက်ကလေး
🇲🇲🇲🇲🇲🇲🇲🇲🇲🇲

၄င်းဗောက်လောက်ညိုပဉ္စငါးပါးကို ပြုတ်ပြီးလျှင် ၄င်းအရည်ကို သောက်စေသော် ငုပ်နေသော ကျောက်ကလေးများ အပြင်သို့ထွက်လာပါလိမ့်မည်။

#ရေဖျင်း နှင့် နှလုံးရောဂါ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

ဗောက်လောက်ညို၏ အရွက် အသီး အကိုင်းအခက်များကို သတ္တုရည်ထုတ်၍
၂-ပဲသားမှ ၈-ပဲသားအထိ
တနေ့ တကြိမ် သို့မဟုတ် နှစ်ကြိမ်
အခြေအနေကြည့်၍ တိုက်ခဲ့သော်
ရေဖျင်းရောဂါနှင့်
နှလုံးရောဂါအမျိုးမျိုးကို ပျောက်ကင်းပေနိုင်၏။

လျှာအာကွဲနာ
🇲🇲🇲🇲🇲🇲🇲🇲

ဗောက်လောက်ညိုရွက်ကို ဝါးပေးလျှင် စောလျှင်စွာ လျှာကွဲခြင်း ပါးစပ်ကွဲခြင်း ပျောက်ကင်းပါလိမ့်မည်။

ဆီအောင့်ရောဂါ(မုတ္တကိစ်)
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

ဗောက်လောက်ညို၏သတ္တုရည်တွင်
သကြားခဲ ခပ်၍သောက်ပါလျှင်
ဆီးအောင့်ရောဂါများ လျှင်မြန်စွာပျောက်ကင်းပါလိမ့်မည်။

(ကျင်ငယ်ဆင်းသောအခါ အနံ့မခံနိုင်အောင်ဆိုးသော ကျင်ပုပ်ရောဂါ၌ အထက်ဖော်ပြပါအတိုင်း အသုံးပြုရ၏။)

သွားနဲ့ရောဂါ
🇲🇲🇲🇲🇲🇲🇲🇲

သွားမခိုင်ဘဲ ကျိုးတော့မည့်အခါတွင်
လွန်စွာနာကျင်သဖြင့် ဒုက္ခဝေဒနာခံစားရသော် ၄င်းအပင်၏ သတ္တုရည်နှင့်
ဆီ (သို့) ထောပတ်စစ်စစ်တို့ကိုရော၍
သွားရင်း၌ သိပ်ပေးခဲ့သော် နာကျင်ခြင်းကင်းလျှက် အလိုလို သွားထွက်သွားပါလိမ့်မည်။

ပျို့အန်သောရောဂါ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

၄င်းအပင်၏ သတ္တုရည်ကို လက်ချားအစိမ်းရော၍ တိုက်ခဲ့သော် ပျို့အန်သောရောဂါများ ပျောက်ကင်းပါလိမ့်မည်။

အဖုအပိမ့်အနီထရောဂါ
🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲🇲

၄င်းသတ္တုရည်ကို ရောဂါအခြေအနေအရ တိုက်ကျွေးခဲ့သော် တကိုယ်လုံး အနှံ့အပြား အနီရော အဖုအပိန့်များ ဆောလျင်စွာ ပျောက်ကင်းပါလိမ့်မည်။

ထိုအရှင်နာဂသိန်ဆေးကျမ်းကိုဖတ်မိပြီး တိုက်ဆိုင်စွာပင်ကျောင်းဆရာလေးတွင်ရှိနေသော နှလုံးရောဂါနှင့် ဖြစ်ပေါ်လာသော
ရေဖျင်းရောဂါ အတွက်ဆေးဆရာကြီးပြပေးသော ဗောက်လောက်ညိုပင်
ကျောင်းဆရာလေး အတွက်
ကံစပ်စွာတိုက် ဆိုင်ခြင်းနှင့်အတူ အသေအချာယုံကြည်မိသည်က ရေဖျင်းရောဂါအတွက်လွန်စွာ
ဆေးစွမ်းထက်လှသည်ဟု ယုံကြည်မိတော့သည်။

လိုသူယူသုံးစေတနာအပြုံးဖြင့်

ရဲမျိုးသူ(ဗောဓိမြိုင်)

20/11/2021

ဆေးတွေ့ပြီ ။

သွေးဆုံးကိုင်သူများအတွက်

#အမျိုးသမီးတွေမှာ မီး ၃ မီးရှိပါတယ်။

မီးယပ်၊ မီးဖွား၊ မီးဆုံး တို့ဖြစ်ပါတယ်။

အဲဒီမီး၃မီးကို အမျိုးသမီးတိုင်း မဖြစ်မနေ တွေ့ကြုံရလိမ့်မယ်။

အဲဒီမီး ၃မီးထဲက နောက်ဆုံးမီးဖြစ်တဲ့
#မီးဆုံး အကြောင်းကို ပရိဿတ်ကြီးအတွက် မျှဝေပေးချင်ပါတယ်။

မီးဆုံးတဲ့အချိန်ဟာ အမျိုးသမီးတွေ အသက် ၄၀ ကျော်ကနေ ၅၅ နှစ်အတွင်းမှာ ဖြစ်တတ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်သွေးဆုံးတဲ့ အသက်ချင်းမတူညီတတ်ကြပါဘူး။

ဘာကြောင့်လဲဆိုရင် လူတစ်ယောက်နဲ့ တစ်ယောက်က ဓာတ်၄ပါးချင်းသော်လည်းကောင်း ၊ သွေးအားအနည်းအများသည်လည်းကောင်း၊ အပူအအေးသည်လည်းကောင်း၊မျိုးရိုးဗီဇသည်လည်းကောင်း မတူညီကြလို့ပဲဖြစ်ပါတယ်။

ကျန်းမာဝဖြိုးပြီးသွေသားစိုပြည်ကြတဲ့ အမျိုးသမီးတွေဟာ သွေးဆုံးမီးယပ်ဖြစ်တာနောက်ကျကြလေ့ရှိတယ်။ အသက်၅၀ ကျော်လောက်မှသွေးရပ်သွားကြတယ်။ တစ်ချို့ဆိုရင် အသက် ၆၀ ဝန်းကျင်အထိ သွေးမရပ်သေးဘူး။

အသက် ၆၀ ကျော်ကျော်လောက်မှ သွေးဆုံးသွားသူတွေတောင်ရှိပါတယ်။ ငယ်ငယ်ကတည်းက ချူချာပြီး သွေးအားမကောင်းလို့ ကျန်းကျန်းမာမာမရှိကြတဲ့ အမျိုးသမီးတွေကတော့ စောစောစီးစီးအသက် ၄၀ ကျော်ကျော်လောက်မှာပဲ သွေးဆုံးသွားလေ့ရှိပါတယ်။

တစ်ချို့အမျိုးသမီးတွေကျတော့ မချူချာပေမယ့် သားသမီးတွေ အများကြီးမွေးဖွားရတဲ့အတွက် စောစောစီးစီး သွေးဆုံးသွာတာမျိုးလည်းရှိပါတယ်။

ဘယ်အရွယ်မှာပဲ သွေးဆုံးသည်ဖြစ်ပါစေ အားလုံးခံစားရတဲ့ ဝေဒနာကတော့ အတူတူပဲဖြစ်ပါတယ်။ သွေးဆုံးမီးယပ်ဖြစ်တဲ့ အချိန်မှာ ဝေဒနာတွေပြင်းထန်ပါတယ်။

အဲဒါကို သွေးဆုံးကိုင်တယ်လို့ ခေါ်ပါတယ်။ သွေးဆုံးကိုင်တယ်ဆိုတာ အလကားနေရင်းဒေါသတွေထွက်ခြင်း၊ ယောက်ျားအပေါ်သဝန်တိုခြင်း၊ ရန်ဖြစ်ခြင်း၊ အော်ဟစ်ပြီးသောင်းကျန်းခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာများသာမက ရုပ်ပိုင်းဆိုင်ရာဝေဒနာတွေလည်း အများအပြားခံစားရပါတယ်။

ရုပ်ပိုင်းဆိုင်ရာခံစားမှုတွေအဖြစ် ညညအိပ်မပျော်ခြင်း၊ နှလုံးခုန်ရင်တုန်ခြင်း၊ အိပ်မက်ဆိုးတွေမက်ခြင်း၊ လည်ပင်းပတ်ပတ်လည်းမှာ ချွေးစေးတွေထွက်ခြင်း၊ အစာစားလိုစိတ်မရှိဘဲ ခံတွင်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊အော့အန်ခြင်းစသည်ဖြင့် ဝေဒနာတွေကတော့ တစ်နေ့ရွေ့တစ်နေ့ငွေဖြစ်နေတတ်ပါတယ်။

အဲဒါကို သွေးဆုံးကိုင်ဝေဒနာများလို့ပြောကြပါတယ်။
သွေးဆုံးကိုင်ဝေဒနာတွေဖြစ်လာတဲ့အခါမှာ အမျိုးသမီးအများစုက ဆေးတစ်ခုခုရှာပြီး ဝေဒနာတွေကို သက်သာဖို့ အတွက်ကုသကြပါတယ်။

သွေးဆုံးကိုင်ဝေဒနာ ခံစားကြရတဲ့ အမျိုးသမီးများဟာ အပူဆေးလည်း
မသောက်နဲ့၊ အအေးဆေးလည်းရှောင်၊ အကောင်းဆုံးကတော့ ဓာတ်စာစားခြင်းပဲဖြစ်ပါတယ်။

သွေးဆုံးကိုင်တဲ့အချိန်ဟာကာလတစ်ခုကြာပါတယ်။ ၁နှစ်တန်သည် ၂နှစ်တန်သည်အထိတောင်ကြာတတ်ပါတယ်။ ဓာတ်စာတစ်မယ် နှစ်မယ်လောက်တင်ပေးလို့မရပါဘူး ဓာတ်စာစုံအောင်ပေးဖို့လိုပါတယ်။

သွေးဆုံးမီးယပ်ဟာအားနည်းပြီး သွေးဝမ်းဆီးလေ မညီညွှတ်တဲ့အတွက် ဓာတ်စာပေးရာမှာ အားကို အင်မတန်ကောင်းစေပြီး သွေးဝမ်းဆီးလေညီညွှတ်မယ့်ဓာတ်စာတွေကို ရွေးချယ်ပြီးပေးရမှာဖြစ်ပါတယ်ဆိုတာကို
ဆရာမင်းကျော်ဝင်း
ရေးသားတဲ့ ဓာတ်စာ စာအုပ်နှင့်
အမျိုးသမီး ကျန်းမာရေးဆောင်းပါး
ပေါင်းစုံမှ

ကူးယူရေးသား မျှဝေပေးလိုက်ပါတယ်
အမျိုးသမီးများအားလုံး ကျန်းမာလှပရွှင်လန်းချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ

Latt Well Thone

အမျိုးသမီးများ ပျမ်းမျှ အသက် (၄၇)နှစ် ဝန်းကျင်ခန့်မှာ သွေးဆုံးကိုင်ဝေဒနာကို စတင်ခံစား လာရတတ်ပါတယ်။ (မိခင်သွေးဆုံးခဲ့သော အသက်အရွယ်ကိုကြည့်၍လည်း မိမိသွေးဆုံးနိုင်မည့်အချိန်ကို ကြိုတင်မှန်းဆလို့ရပါတယ်)

အောက်ပါ ရိုးရှင်းလွယ်ကူတဲ့ အိမ်တွင်းကုထုံးလေးများက သွေးဆုံးကိုင်ဝေဒနာကို ဘေးဥပါဒ်ကင်းစွာဖြင့် သက်သာပျောက်ကင်း စေနိုင်ပါလိမ့်မယ်။

(၁) 'မိန်းမတို့အသက် ကရမက် ' ဟု ဆိုးရိုးစကားရှိ ပါတယ်။ သွေးဆုံးကိုင်ခြင်းအတွက် ကရမက်ကို လိမ်းပေးသင့်သလို၊ သွေး၍ သောက်သုံးပေးပါ။

(၂) မိုးဥတုတွင် ပေါ်တတ်သော ဂုံမင်းပင်ကို ဟင်းခါး ချက်၍သောက်ပါ။

(၃) စွယ်တော်ပင်(ခရမ်းရောင်ပန်းပွင့်) ၏ အရွက်ညွန့်ကို ဟင်းချိုချက်သောက်ပါ (သို့မဟုတ်) ရွက် ပြုတ်ရည်သောက်ပါ။

(၄) အနက်ရောင်စပျစ်သီးမှည့်ကို အခွံရော အစေ့ပါ ဝါးစားပါ။

(၅) ဆီးဖြူသီး စားပါ။

(၆) ထန်းရည်ချိုစစ်စစ်ကို တဝကြီးသောက်ပေးပါ။

(၇) ကြိတ်မှန်ရွက်စားပါ (သို့မဟုတ်) ကြိတ်မှန်ရွက် ယိုထိုးစားပါ။ (ကြိတ်မှန်ရွက် ၂၅ ကျပ်သားကို ရေစင်စင်ဆေး နုတ်နုတ်စဉ်းပြီး၊ ထန်းလျက်သန့် သန့် ၁ဝ ကျပ်သား၊ အရည်ညှစ်ပြီး ရှောက်သီးအဖတ် ၁ဝ ကျပ်သား၊ ပါးပါးလှီးထားသော ကြက်သွန်နီ ၁ဝ ကျပ်သား၊ စမုံငါးပါးအမှုန့် ၂ ပဲသားစီတို့ကို မြေအိုးအသစ်ထဲရော၍ ဆားနှင့် ရေသင့်ရုံ ထည့်ပြီး ယိုထိုးသလို ကျိုချက်ပါ။ ယိုဖြစ်ပါက ပုလင်းသန့်သန့်ထဲထည့်၍ အစာနှင့်ဝေးချိန် နံနက်၊ နေ့၊ ည သုံးကြိမ်စီ လက်ဖက်ရည်ဇွန်း တစ်ဇွန်းမျှ ခပ်၍စားပါ။)

(၈) အဝါရောင် ကန်စွန်းဥကို များများပြုတ်စားပါ။

(၉) သင်္ဘောသီးမှည့် နေ့စဉ်စားပေးပါ။

(၁ဝ) တရုတ်စကားပွင့်ကို ကြော်ချက်၍ စားပါ။

(၁၁) ပဲနောက်ကို ကြက်သွန်ဖြူနှင့် ဟင်းချိုချက်သောက်ပါ။

(၁၂) ဝါစေ့ပင်ပေါက်ကို ဟင်းခါးချက်သောက်ပါ။

(၁၃) ကင်ပွန်းချဉ်ရွက်ကို အမျိုးမျိုးလုပ်၍ ဟင်းချက် စားပေးပါ။

(၁၄) ကြက်သွန်ဖြူစားပါ။

(၁၅) ရဲယိုသီးမှည့်မှည့်ကို ထန်းလျက်ခဲ (သဘာဝအမည်းရောင် ထန်းလျက်ခဲ) ဖြင့် ခေါက်၍ စားပါ။

(၁၆) အဆီများတဲ့အသား၊ ဖြူဆွတ်ဆွတ်သကြားမှုန့်များ၊ ဆီကြော်မုန့်များ၊ ကဖိန်းဓာတ်များသော ကော်ဖီနှင့် ကိုလာအချိုရည်များ၊ ငရုတ်သီးအပူ အစပ်များ၊ ပူပူလောင်လောင် ဟင်းရည်များ စသည်တို့ကို လွန်ကဲစွာစားသောက်ခြင်းမှရှောင် ပါ။

(၁၇) အဆီများတဲ့ငါး (သို့မဟုတ်) ငါးကြီးဆီစားပါ။ Spirulina ခေါ် စိမ်းပြာရေညှိ (သို့မဟုတ်) EPO (ခေါ်)ရွှေဝါရောင် Evening Primrose ပန်း အဆီ(သို့မဟုတ်) Silica စီလီကာ ဆေးတို့ကို ဖြည့်စွက်စာအဖြစ် မှီဝဲသောက်သုံးပါ။

(၁၈) Barley Grass (ခေါ်) ဘာလီမြက်နုထဲမှာ ဓာတ် တိုးဆန့်ကျင်ပစ္စည်းတွေက များစွာကောင်းကျိုးပြုပါတယ်။ (နိုင်ငံခြားဖြစ် ဘာလီမြက်နု အချိုရည်တို့ကို City Mart ဆိုင်တွေမှာ ဝယ်ယူရရှိ နိုင်ပါတယ်။)

(၁၉) နေ့စဉ်မှန်မှန်လမ်းလျှောက်ခြင်း (သို့မဟုတ်) ကိုယ်လက်လှုပ်ရှားအားကစားလုပ်ပါ။

(၂ဝ) တစ်ကိုယ်ရေသန့်ရှင်းမှုဂရုစိုက်ပါ။ သို့သော် အချိန်လွန်၍ ရေချိုးခြင်းမပြုရ။

Credit
ဆောင်းပါးမျိုးစုံ မှ
ကူးယူရေးသား မျှဝေပေးလိုက်ပါတယ်
အမျိုးသမီးများအားလုံး ကျန်းမာလှပရွှင်လန်းချမ်းမြေ့ပျော်ရွှင်နိုင်ကြပါစေ

Latt Well Thone

06/11/2021

ကြက်သဟင်းရွက် 🌿🌿🌿အကြောင်း
🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿
သတိထားရမှာ က ပျဉ်းတော်သိမ်အရွက်နဲ့မမှားစေချင်ပါဘူး
တချိ ု့က မှားနေလို့ပါ
ကြက်သဟင်းရွက်ကို ယောက်မဟင်းချိုရွက်
လို့လဲ ခေါ်ကြတယ်။
ကြက်သဟင်းပင်ကို ဆေးဖက်ဝင်တယ်၊
နေမကောင်းတဲ့သူတွေ၊ကလေးမီးဖွားတဲ့သူတွေ၊အသဲရောဂါဖြစ်တဲ့သူတွေအတွက်လည်းဓာတ်စာဖြစ်ပါတယ်။ သဲခြေကျောက်လည်းကျေတယ်ဆိုလို့ မကြာ ကြာဟင်းချိုချက်သောက်ဖြစ်ပေမယ့် ခုလောက်ဆေး
ဖက်ဝင်မှန်း သေခြာမသိခဲ့ဘူး။
🍃🍃🍃
ကျမ တို့ ကြက်သဟင်းပင်၏ ဆေးဖက်၀င်မှုများကို ဗဟုသုတအနေနဲ့ လေ့လာကြည့်ရအောင်နော်။
အာနိသင် ~
အရွက်မှာ အေး၏။ချိုသော အရသာရှိ၏။
လေလမ်းကို ဖြောင့်၍ ၀မ်းမီးကိုတောက်စေ၏။
ပိုးနား၊ အဆိပ်နာကို နိုင်၏။ကိုယ်ပူနာနှင့် သင့်၏။
အသည်းရောဂါများနှင့် အထူးသင့်လျော်၏။
အသုံးပြုပုံ ~
ကြက်သဟင်းရွက်အား ဟင်းချိုချက်၍ လည်း
ကောင်း၊ ကြော်ချက်စားခြင်း၊ အတို့အမြှုပ်အဖြစ် လည်းကောင်း ဟင်းလျာများတွင် စားသုံးကြသည်။
ကြက်သဟင်းမြစ်ကို သွေးသောက်ခြင်း၊
ပြုတ်သောက်ခြင်းဖြင့် သွေးတိုးကိုကျစေပါသည်။
နှလုံးတုန်၊ရင်တုန်ခြင်းကိုသက်သာစေပါသည်။
အဆိပ်ရှိသော ပိုးမွှားများ ကိုက်ခံရပါက ကြက်သဟင်းမြစ်ကို သွေးလိမ်းနိုင်ပါသည်။
ကြက်သဟင်းမြစ်ကို ဆန်ဆေးရည်နှင့် သွေးလိမ်းပါက ကြပ်သမာနှင့် အဖုအကျိတ်၊အနာပေါက်ရောဂါ များကို သက်သာပျောက်ကင်းစေသည်။ ကြက်သဟင်းအရွက်ကို ဟင်းခါးချက်သောက်၍
လည်းကောင်း သုံးပုံတစ်ပုံကြွင်းပြုတ်သောက်ခြင်းအားဖြင့် လည်းကောင်း အဖျားရောဂါကို သက်သာစေပါသည်။အဖျားကျစေပါသည်။ ကြက်သဟင်း ပဉ္စငါးပါးကို သုံးပုံတစ်ပုံ
ကြွင်း ကျန်အောင် ပြုတ်သောက်ခြင်းဖြင့် အသည်းရောင် အသားဝါရောဂါကို သက်
သာစေပါသည်။ကြက်သဟင်းရွက် ဟင်းချိုအဖြစ်လည်း စားသုံးနိုင်ပါသည်။
ပါ၀င်သော ဓါတုဓာတ်များ ~
အပင်တွင်ပါ၀င်သော ဓာတုဗေဒဓာတ်ပစ္စည်းများနှင့် ဆေးဝါးအဖြစ် အသုံး
ပြုနိုင်မှုကို ဓာတ်ခွဲစမ်းသပ်ခဲ့ပါသည်။ကြက်သဟင်းပင်၏ အရွက်၊ပင်စည်၊အမြစ်တို့
တွင် အလွန်အစွမ်းထက်သော အောက်ပါဓာတ်ပစ္စည်းများ ပါ၀င်၏။
ကြက်သဟင်းကို လက်တွေ့စမ်းသပ်သုတေသန ပြုမှုများ ~
၁။ ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းကို စမ်းသပ်ချက်
ဆီးလမ်းကြောင်းတွင် ကျောက်တည်မှုအဖြစ်များဆုံးသည် ကယ်စီယမ်
အောက်ဆီလိတ်ကျောက်တည်ခြင်း ဖြစ်သည်။ဆီးလမ်းကြောင်းအတွင်းတွင် အမျိုး
အစားမတူ ကွဲပြားသော ကျောက်တည်မှုများ ရှိနိုင်ပါသည်။ဆီးအတွင်း ကျောက်များ အစိုင်အခဲ ဖြစ်ပေါ်မှုသည် ဓာတ်ဆားအမျိုးမျိုး ဖွဲ့စည်းမှုကြောင့်ဖြစ်
၏။ကြက်သဟင်းဖြင့် ဆီးအိမ်ထဲ၌ ကယ်စီယမ် အောက်ဆီလိတ် ကျောက်များရှိ
သော ကြွက်များကို စမ်းသပ်ခဲ့ပါသည်။ကြက်သဟင်း အဆီအနှစ် ၅ မီလီဂရမ် ကို ၃၀ရက်
တိုက်ကျွေးခဲ့ရာ ကြီးသော ကျောက်များသေးငယ်၍ သေးသောကျောက်
များ ပျော်ကျစေကြောင်း ၂၀၀၆ ခုနှစ်တွင် ဘရာဇီး နိုင်ငံ၌ စမ်းသပ်ခဲ့ခြင်း ဖြစ်သည်။
ကြက်သဟင်းပင်ကို ဆေးဖက်၀င်အပင်အဖြစ်အသုံးပြုနိုင်မှု
၁။ ကျောက်ကပ်ကျောက်နှင့် သည်းခြေကျောက်ကို ပျော်ကျစေခြင်း၊
ကျောက်များထပ်မတည်ရန် ကာကွယ်ခြင်း(expels stones)
၂။ ကျောက်ကပ်လုပ်ငန်း လုပ်ဆောင်မှုကို ကူညီလုပ်ဆောင်ပေးခြင်း၊
ကျောက်ကပ်ကို အဆိပ်အတောက်မဖြစ်စေရန် ကာကွယ်၍ ကျောက်ကပ်လုပ်
မှု အရည်အချင်းကောင်းမွန်စေခြင်း၊ခန္ဓာကိုယ်အတွင်း အရည်များမျှတစေခြင်း
သန်မာမှုရှိစေခြင်း(supports kidneys)
၃။ ဆီးရွှင်စေခြင်း၊ယူရစ်အက်စစ်ကို လျော့နည်းစေနိုင်သည့်ပြင် ဆီး
ပိုသွားစေ၏။
၄။ ကိုက်ခဲနာကျင်မှု ပျောက်စေခြင်း
၅။ အသည်းကို အဆိပ်အတောက်ဖြစ်ခြင်းကာကွယ်၍ အသည်းသန်
မာစေခြင်း၊အရည်များအချိုးမျှတခြင်း၊အရည်အသွေး ကောင်းမွန်ခြင်း(အသည်းအင်
ဇိုင်း ဇီ၀ဓာတ်ကူပစ္စည်းများ မျှတမှုဖြစ်စေခြင်း
၆။ အသည်းကို အဆိပ်အတောက်ပြေစေခြင်း
၇။ တောင့်တင်းခြင်း၊တက်ခြင်း လျော့နည်းစေခြင်း
၈။ ရောင်ရမ်းခြင်းကို လျော့နည်းစေခြင်း
၉။ ဗိုင်းရပ်ိုးများဖြစ်သော အသည်းရောင်အသားဝါ အေ၊ဘီ၊စီ ရေယုန်
ရောဂါနှင့် ခုခံအားကျဆင်းမှု။ဗိုင်းရပ်စ်ပိုးများကို သေစေခြင်း
၁၀။ အစာကြေခြင်း
၁၁။ သွေးထဲတွင် သကြားဓာတ်လျော့စေခြင်း
၁၂။ သွေးဖိအားလျော့စေခြင်း၊သွေးတိုး ကိုလက်စထရောလျော့စေခြင်း
၁၃။ ဗက်တီးရီးယားပိုးများကို သေစေခြင်း။
သုတေသနပြုမှုအရ အထောက်အထားပြည့်စုံသော အသုံးပြုနိုင်မှုများ
၁။နာကျင်ကိုက်ခဲမှုပျောက်စေခြင်း
၂။ဗက်တီးရီးယားရောဂါပိုးဆန့်ကျင်ခြင်း
၃။အသည်းအဆိပ်အတောက်ဖြစ်မှု ဆန့်ကျင်ခြင်း
၄။အနာဖြစ်မှု ဆန့်ကျင်ခြင်း
၅။ကျောက်ကကပ်ကျောက်တည်မှု ဆန့်ကျင်ခြင်း
၆။ဌက်ဖျားကာကွယ်ခြင်း
၇။အသည်းကလာပ်စည်း ဆဲလ် များကိုကာကွယ်ခြင်း
၈။ရောဂါပိုးဆန့်ကျင်ခြင်း
၉။ဆီးသွားစေခြင်း
၁၀။အားတိုးဆေး၊အသည်းအားတိုးဆေး၊အစာကြေဆေး၊အသည်းကာကွယ်ခြင်း
သန်မာစေခြင်း၊သွေးတိုးရောဂါ၊ကိုလက်စထရောကျစေခြင်း
ကမ္ဘာတ၀န်း ကြက်သဟင်းကို အသုံးပြုမှုများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
၁။ဂျပန်-ကြက်သဟင်းအခြေ ာက်ပဉ္စငါးပါးကို ပြုတ်သောက်လျှင် အထွေထွေ
ကျန်းမာရေး ကောင်းသည်ဟု ယူဆပါသည်။အသည်းရောဂါကို ဒိန်ချဉ်ရည်ဖြင့်
ရောသောက်ပြီး အစာမကြေ၊လေနာ၊၀မ်းကိုက်ရောဂါတို့ကို ရေနွေးကြမ်းအဖြစ်
သောက်သုံး၏။အရွက်အစိမ်းအညှစ်ရည်ကို ကြက်ဆူဆီဖြင့်ရောစပ်၍ မျက်စိ
ရောဂါအတွက် မျက်စိပတ်၀န်းကျင်တါင် လိမ်းကျံသည်
၂။ပြင်သစ်-အရွက်ကိုပြုတ်သောက်လျှင် သည်းခြေရည်များစေခြင်း၊အသည်းအား
တိုးဆေးအဖြစ်သုံး၏။
၃။အိန္ဒိယ-အရွက်စိမ်းရည်ကို ဆီးလမ်းကြောင်းရောဂါများ၊ဆီးချိုရောဂါများအတွက်
အသုံးပြု၍ အရွက်ခြောက်ကို ရေနွေးကြမ်းကဲ့သို့သွေးတိုးရောဂါများအတွက်သော်
လည်းကောင်း သောက်သုံး၏။
၄။ဖိလစ်ပိုင်-မီးဖွားပြီး အမျိုးသမီး များ အရွက်ပြုတ်ရည်ကို ရေချိုးခြင်းဖြင့် အရေ
ပြားပေါ်ရှိ ရောဂါပိုးမွှားများ ကုန်စင်စေသည်ဟု ယုံကြည်သည်။
၅။ထိုင်းနိုင်ငံ-အဖျားကျဆေး၊ဆီးဆေး၊ဌက်ဖျားဆေး၊အထွေထွေရောဂါကာကွယ်
ဆေးအဖြစ်သုံး၏။
၆။အနောက်အိန္ဒိယ-အစားစားလိုသောစိတ်ဖြစ်ပေါ်ဆေး၊ဆီးချိုရောဂါ၊ဆီးရောဂါ
ဌက်ဖျားရောဂါဆေးများအဖြစ် အသုံးပြု၏။ဂနို၊ညောင်းကျရောဂါများပျောက်ကင်း
ရန်အသုံးပြု၏။
( မူရင်းပို့စ်ပိုင်ရှင်အား Credit ပေးပါတယ် )

Website

Address


Pathein