DAILY Diary
Hello everyone
"လူတွေနဲ့ ထိစပ်လာခဲ့တာ နှစ်(၂၀)ထဲကို ရောက်လာခဲ့ပြီ "
အရွယ်၃ပါးနဲ့ ထိတွေ့ပြီးနောက်မှာ မတူညီကွဲပြားတာတွေ အများကြီးတွေ့ခဲ့ရတယ်
အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက်ခံယူထားတာမတူတာတွေ /တွေးခေါ်ပုံတွေ ကွားပြားတာတွေ
စကားတစ်ခွန်းကို ကိုယ့်အမြင်သူ့အမြင်နဲ့ ကြည့်တဲ့အခါမှာ မတူညီကျတော့ အငြင်းအခုန် conflict တွေဖြစ်ကုန်တာပေါ့
အဲ့ဒီနှစ်ခုကြားမှာသာ သူ့နေရာကိုယ့်နေရာဝင်ကြည့်ပေးတဲ့ ကိုယ်ချင်းစာမှု သာ ကြားခံလိုက်ရင် conflict တွေဖြစ်မလာနိုင်တော့ဘူးပေါ့
"အသင့်စားခေါက်ဆွဲပြုတ်ကိုစားရင်းနဲ့ စိတ်ထဲဝမ်းနည်းလာသလို၊ အလိုမကျသလို၊ ပူဆွေးသလိုနဲ့ ခံစားချက်ပေါင်းစုံဝင်လာပါတော့တယ်"
မိုးကလည်းသည်းကြီးမည်းကြီးကို ရွာနေတော့တယ်
ငါ့မျက်ရည်တွေကို မထိန်းထားနိုင်ခဲ့ဘူး။
အတွေးတွေက ဟိုးအဝေးကြီးကိုဆွဲခေါ်သွားလေရဲ့
"ငယ်ဘဝမိသားစု ထမင်းစားဝိုင်းကိုပေါ့"
ငယ်ငယ်က အိပ်ယာထဲကနေ အမေရဲ့ ငါးပိကြော်နံ့ကိုရနေပြီ ဒီနေ့ရဲ့မနက်စာကငါးပိကြော်နဲ့ ပဲစေ့သုပ်ပဲ
နောက်၂ ရက်လည်း ငါးပိကြော် နဲ့ပဲစားရမှာပါ
ဘာလို့ဆို တစ်ခါကြော်ရင် ၃ရက်စာပေါင်းကြော်တာကိုး။
ဟော အဖေ့ရဲ့ ရေဒီယိုက ၆နာရီသတင်းက ကြားနေရတုန်း ပြီးရင် အငယ်လေး ထထဆိုပြီး နိူးတော့မှာ
ဒါက မိသားစု routine လိုဖြစ်နေပြီ
ဒီ ၃ရက် ငါးပိကြော်ပြီးတာနဲ့ စိမ်းစားငါးပိကိုမီးပူပူနဲ့ဖုတ်
ကြက်သွန်နီ ပါးပါးလှီးလေးနဲ့ ငရုတ်သီးစိမ်းလေးကအစစ်ပါလိုက်သေး ငရုတ်သီးအကျက်မှုန့်ကလည်း မပါမဖြစ် အဓိက Highlightကတော့ သံပုရာသီးလေးပေါ့
ထမင်းပူပူနဲ့ အရမ်းကိုအရသာရှိတဲ့ မနက်စာလေးပေါ့။
နောက်နေ့ရောက်တော့ ခရမ်းချဉ်သီးအလှည့်လေးရောက်လာပြီ ခရမ်းချဉ်သီးကိုဖုတ်ပြီး ကြက်သွန်နီနဲ့
နံနံပင်နဲ့ အချဉ်ပြေ ငါးပိလေးဖုတ်ထားတာလေး ထည့်ထောင်း အဖေ့အကြိုက်ဟင်းလေးပေါ့
ဒီက သမီးကလည်းအဖေတူပါ့ သားဖနှစ်ယောက်ဆွဲတာပေါ့ ရေဒီယိုလေးနားထောင်ပြီး
နောက်ဆုံး menuကတော့ ခရမ်းချဉ်သီးငါးပိရည်နဲ့
ပဲစေ့သုပ်လေးပေါ့
ဒီလိုနဲ့ တစ်ပတ် ၊တစ်လနဲ့ လှည့်ပတ်စားခဲ့ရတဲ့ မနက်စာတွေပေါ့
အမှတ်တရတစ်ခုချင်းစီကိုတွေးပြီး မျက်ရည်လည်ရင်းနဲ့
ကျွန်တော် အသင့်စားခေါက်ဆွဲပြုတ်ကို ကုန်အောင်လွေးရပါတော့သည် ။
"Positive Thinking"
ကျွန်တော်မှာဒီလထဲသုံးဖို့ တစ်သောင်းတောင်မပြည့်တော့ဘူးဗျာ ဖြစ်ချင်တော့ ကြည့်မှန်လည်းကွဲသွားသလို
ဖုန်းအားသွင်းကြိုးကလည်း အသစ်လဲရမယ့်အခြေနေရောက်နေပြီ
ကျွန်တော်တို့လူငယ်တွေက ဒီလိုအခြေနေဆို စိတ်ညစ်ညူးပြီး ငါ့မှာပိုက်ဆံမရှိပါဘူးဆိုမှ
ဝယ်ရမယ့်ဟာတွေနဲ့ နောက်လငါ့မှာတစ်ခုခုဝယ်ဖို့planထားထားတာကို ငါတော့စိတ်ညစ်တယ်ဆိုပြီး
ဒါကြီးပဲတစ်စိမ့်စိမ့်တွေးနေရင် စိတ်ရှုပ်ပြီး ကိုယ့်ရဲ့အလုပ်ကိစ္စတွေမှာစိတ်မပါ ပိုပြီးတော့တောင်အခြေနေက
ဆိုးရွားနိုင်တယ်။
ကျွန်တော်ကတော့ ဖုန်းအားသွင်းကြိုးကကြာနေပြီ
ဝယ်ရဖို့အခြေနေရောက်လာလို့ဝယ်ရဝာာ
မှန်ကကျတော့ (အရင်လကမှဝယ်ထားတာ🥺 )
ဒါပေမယ့် ကျွန်တော်အထားအသိုမတက်လို့
နောက်တစ်ခါကျ သေချာသိမ်းမယ်ပေါ့တွေးထားတယ်
ဈေးနည်းတာလေး ဝယ်မယ်ပေါ့
နောက်တစ်ခါပစ္စည်းတွေကို ကြုံရာမထားတက်စေတဲ့
သင်ခန်းစာရတာပေါ့ (လူတိုင်းကကြုံပြီးမှ တန်ဖိုးထားတက်တာမို့)။
Positive Thinking က လိုအပ်တယ်ဗျ
တစ်ချို့ကကျတော့ ဒါကိုအလွယ်အရှုံးပေးခြင်းလို့ပြောချင်ပြောကြမယ်
ကျွန်တော်တော့ ဒီလိုမခံယူဘူး
ကိုယ့်ရဲ့စိတ်အခြေနေအဆင်ပြေဖို့ တစ်ဖက်ကနေ
ကိုယ်စွန့်လွှတ်လိုက်ရလို့ ကောင်းကျိုးတွေရလာတာကိုပဲ
တွေးတော့တယ်
ဒါမှ စိတ်ကရှင်းပြီး လုပ်စရာရှိတာတွေကို စိတ်ပါလက်ပါနဲ့ လုပ်ဆောင်နိုင်မှာမို့။
တစ်နေ့တာ စိတ်ပျော်ရွှင်နိုင်ကြပါစေ🤎
"အပြောင်းအလဲဆိုတာအမြဲတမ်းရှိနေတာပဲ ဒါပေမယ့် ဆန္ဒရှိတဲ့နေရာမှာ လမ်းဆိုတာရှိစမြဲပဲ"
ကျွန်တော်တို့ ရှင်သန်နေရတဲ့ လောကမှာကိုယ်အလိုမရှိတဲ့ အပြောင်းအလဲအချိုးအကွေ့တွေကြုံတွေ့ကြရမြဲပဲ။
ဒါတွေကို ဒီတိုင်း ငါတော့ခံစားနေရတယ်
ငါမကျော်ဖြတ်နိုင်ဘူး
ငါတော့မဖြစ်ပါဘူး
စတဲ့စတဲ့ negative ဘက်ကတွေးနေမယ်ဆိုရင်
ကျွန်တော်တို့က ဘာဆိုဘာမှမဖြစ်မြောက်ဖြစ်လာပြီး
ကိုယ်ကိုယ့်ကို သိမ်ငယ်စိတ်တွေစဝင်လာမှာဖြစ်ပါတယ်။
ကျွန်တော်တို့သာ ဒီအပြောင်းအလဲတွေကိုလက်ခံပြီး
Positive ဘက်ကတွေးပြီး
မိမိကိုယ်ကို ယုံကြည်မှုထားမယ်ဆိုရင်
လမ်းဆိုတာ တွေ့လာမှာပါ။
*Doctor Romantic.S3
"ပြတင်းပေါက်ဖွင့်လိုက်ပြီဆိုရင်
လေပြည်လေညှင်းတွေလည်းဝင်လာမှာ ဖြစ်သလို
အမှိုက်သရိုက်တွေလည်း ဝင်လာပါလိမ့်မယ်။
အဲ့ဒါကိုမလန့်ပါနဲ့။
ဒီအမှိုက်သရိုက်တွေကြောင့်ကိုယ့်စိတ်မှာ
ဘေးဥပဒ်မဖြစ်စေဖို့သာအရေးကြီးတာမို့ပါ။"
ဒီလိုပဲကျွန်တော်တို့လူ့ဘဝမှာ နေ့စဉ်နဲ့အမျှ
အမှိုက်သရိုက်သကဲ့သို့ပဲ စိတ်ရှုပ်စရာတွေ
မပျော်မွေ့စရာတွေကြုံလာရမှာ အမှန်ပါ။
ဒါတွေကို လိုက်ပြီးခံစားနေရမယ်ဆိုရင် နေ့စဉ်လုပ်ငန်း
ဆောင်တာတွေမှာ ပြဿနာဖြစ်လာနိုင်ပြီး လုပ်ငန်းမတွင်ဘဲ စိတ်ညစ်ညူးပြီး ကိုယ်ကိုယ်တိုင်ကမပျော်မရွှင်ဖြစ်လာမယ်။
ဒါကြောင့်ကျွန်တော်တို့က အသေးအမွှားစိတ်ခံစားမှုတွေကို ဥပေက္ခာပြုနိုင်ရပါမယ်
*ဖတ်ခဲ့ဖူးသောစာအုပ်တစ်အုပ်မှ🤎
"တလောကလုံးကလူတွေက
ငါတို့ရဲ့စိတ်ရင်းကိုနားလည်ကြမှာမဟုတ်ဘူး
သူတို့ကငါတို့ကိုလည်းစိတ်မဝင်စားကြဘူး
အဲ့ဒါကြောင့်ငါတို့တွေဘယ်လောက်ကြိုးစားနေရတယ်လို့
ဘယ်လောက်အကောင်းဆုံး ကြိုးစားခဲ့တယ်လို့
လိုက်ရှင်းပြနေစရာမလိုဘူး
ငါတို့ကငါတို့လုပ်ခဲ့ကြတဲ့အတိုင်း
ရှင်သန်လာခဲ့ကြတဲ့အတိုင်း
တိုးတိုးတိတ်တိတ်ရှေ့ဆက်ရုံပဲ"
ဖတ်ပြီးသားစာအုပ်တွေ
ကြည့်ထားတဲ့ series တွေကနေ
အသုံးဝင်မယ့် Dialogue တွေကို
ကောက်နုတ်ဖော်ပြပေးသွားမှာပါရှင့်🤍