Niniwin

Niniwin

export reject clothes

19/09/2024
01/12/2023

Union of Burma ခေတ်တုန်းက မင်းသမီးကြီး ဝင်းမင်းသန်းပုံတတ်လာလို့ အကျီ်မှာ ပန်းကြယ်သီးထိုးထားတာများ တကယ့်သေးသေးလေး လှပြီး နန်းဆန်တယ်နော်

Photo credit

27/11/2023

ချစ်သောရေနဲ့ ပုဂံဆည်းဆာချိန်
တူတူဖြတ်သန်းခဲ့သေးလား.....🌅

19/09/2023

တစ်ချိန်က လေတိုက်တိုင်း
အလုပ်ရတဲ့ တယ်လီဗေးရှင်း 🥲

Photos from အိမ်သစ်ကလေး - New House's post 14/04/2023
05/02/2023

အလုပ်လုပ်နေရမယ်

ီ_ဘာ_ဘာ

05/02/2023

တောင်းစားတဲ့ လူထက် ရှိတာလေး ချရောင်းတဲ့ စျေးသည်ကို ပိုချစ်ပါ 😢

သူ့ကိုမုန်းလျှင် ကိုယ်ရှုံးသည် 30/12/2022

သူ့ကိုမုန်းလျှင် ကိုယ်ရှုံးသည် ရာဇဂြိုဟ်ပြည်မှာပါ ချမ်းသာတဲ့ မိဘနှစ်ပါးက မွေးဖွားလာတဲ့သားလေးတစ်ယောက်ရှိတယ် ။ သူ့နာမည်က ဇမ္ဗုက တဲ့… ။ငယ်င....

06/12/2022

ကြီးပွါးကြောင်း (၇) ရပ်

(၁) ကိုယ့်ဆီ ဝင်လာတဲ့ငွေရဲ့ ဆယ်ပုံတစ်ပုံကို အမြဲတမ်းချန်ထားပါ။

(၂) ကိုယ့်ဆီဝင်လာသော ငွေများကို စနစ်တကျ စီမံခန့်ခွဲသုံးစွဲပါ။ ငွေဝင်တဲ့ လမ်းကြောင်းတွေကို သိထားဖို့လိုသလို ထွက်တဲ့လမ်းကြောင်းတွေကို ဂဃနဏ သိထားဖို့လည်း လိုတယ်။ မလိုအပ်ဘဲ ထွက်နေတဲ့ လမ်းကြောင်းတွေရှိရင် အမြန်ဆုံး ပိတ်ပစ်ရန် လိုသည်။ အဲဒီလို မလုပ်ရင် အိတ်ပေါက်နဲ့ ဖားကောက်သလို ဖြစ်နေမည်။

(၃) ငွေတွေကို သက်မဲ့လို သဘောမထားရပါဘူး။ သူတို့အချင်းချင်း ရင်းနှီးပြီး တိုးပွားမယ့် နေရာတွေကို ပို့ရမယ်။ နွားတွေ၊ ကြက်တွေ အုပ်လိုက် မွေးသလိုပါပဲ။ သူတို့အချင်းချင်း မိတ်တွေလိုက်ကြ၊ ဥတွေဥကြ၊ အကောင်တွေ ထပ်ပွားကြပေါ့။ ကိုယ်က ငွေမရှာဘဲ ငွေငွေချင်း ပြန်ရှာသွားတာပေါ့။ ငွေကို သေတ္တာထဲ ထည့်သိမ်းထားရင် အကြောသေပြီး လေဖြတ်တဲ့လူလို ငွေတွေ လေဖြတ်သွားလိမ့်မယ်။ အင်အားမရှိတော့ဘူး။

(၄) အလုပ်လုပ်ရာတွင် လောင်းကစားမဆန်ရဘူး။ မြတ်ချင်မြတ်၊ ရှုံးချင်ရှုံး ဆိုတဲ့ သဘောမျိုး မလုပ်ရဘူး။ သေချာတာလောက်ကိုပဲ လုပ်ရမယ်။ မြတ်ရင်တော့ အများကြီးမြတ်မယ်၊ ရှုံးရင် ကုန်သွားမယ်ဆိုတာမျိုးကို ဘယ်သူက ဘယ်လောက် အပြောကောင်းကောင်း မလုပ်ရဘူး။ မပိုင်တဲ့အလုပ်၊ မကျွမ်းကျင်တဲ့အလုပ်မှာ ဘာရင်းနှီးမြှုပ်နှံမှုမှ မလုပ်ရဘူး။ ( သူများပြောတာကို မယုံနဲ့၊ ကိုယ့်မျက်စိနဲ့ တွေ့တာတောင် တစ်ဝက်ပဲယုံ )

(၅) အိမ်ငှားမနေနဲ့ - အိမ်ပိုင်ဖြစ်အောင်လုပ်၊ ကြိုးစား၊ ဆိုင်မငှားနဲ့။ အပိုင်ဖြစ်အောင် ကြိုးစား။ ငှားတာဟာ ကြာတော့ စရိတ်ထောင်းတယ်။ စိတ်လည်း ရှုပ်ရတယ်။ သေးတာကြီးတာ ပဓာန မဟုတ်ဘူး။ ကိုယ်ပိုင်ဖြစ်အောင် ကြိုးစားဖို့ပဲ။ အဲဒီ အပေါက်ဟာ ငွေအထွက်ဆုံးပဲ။

(၆) မမျှော်မှန်းနိုင်တဲ့ အနာဂတ်အတွက် ပြင်ဆင်မှုတွေ လုပ်ရမယ်။ (မတ်တတ်စာပဲ ရှိတယ်၊ တုံးလုံးစာ မရှိဘူး လို့ မပြောရအောင် ပြင်ဆင်ထားပါ)

(၇) ကြိုးစားမှုကို ဘယ်တော့မှ မလျှော့နဲ့။ (အားပေးတဲ့ ဖောက်သည်တို့၊ အားပေးတဲ့ ပရိသတ်တို့ဆိုတာ စိတ်ချရတာမျိုးမဟုတ်ဘူး။ ကိုယ့်ထက် တော်တဲ့၊ ကောင်းတဲ့လူရှိရင် အဲဒီကို သွားကြမှာ)......

ဆရာဖေမြင့် (ဘေဘီလုံမှအချမ်းသာဆုံးပုဂ္ဂိုလ်)

ီ_ဘာ_ဘာ

06/12/2022

တန်ဖိုး မသိတဲ့သူက
တန်ဖိုးမထားတတ်သူနဲ့ပဲ
အဆုံးသတ် ရတတ်သလို
တန်ဖိုးသိတဲ့သူကလည်း
တန်ဖိုးထား မြတ်နိုးပေးတဲ့သူနဲ့ပဲ
ပေါင်းဖက် ရတတ်တယ်၊

တစ်ခါတလေ မှာ ခွဲခွာခြင်းတွေက
ကိုယ့်ကို တန်ဖိုး ထားပေးမယ့်သူတွေနဲ့
တွေ့ဆုံးပေးဖို့လည်းဖြစ်နိုင်တယ်။
Crd

Photos from အနာဂတ်အိမ်ကလေး - Future House's post 06/12/2022
06/12/2022

ကျွန်မကတော့ ကျွန်မပါပဲ.💛🧡❤💙💜

အရင်ကကျွန်မတော့မဟုတ်တော့ဘူး။
လူတွေကိုသိပ်ခင်တတ်သောကျွန်မမဟုတ်တော့ဘူး။

သူတို့မခင်လည်း လိုက်တွယ်တာနေမိတတ်သောကျွန်မမဟုတ်တော့ဘူး။
ကျန်နေခဲ့ချိန်တိုင်း အားငယ်နေတတ်သော ကျွန်မမဟုတ်တော့ဘူး။

ကိုယ့်ကိုမတွယ်ငြိမှန်းသိသိချင်းနဲ့တွယ်တာနေတတ်သော ကျွန်မမဟုတ်တော့ဘူး။
ခုခေတ်မှာဆက်သွယ်ရလွယ်ကူနေပေမဲ့ ရောက်မလာတတ်သော
ဖုန်းခေါ်သံ ပြန်မလာနိုင်သောစာတွေ ထိုင်လွမ်းနေတတ်သော
ကျွန်မမဟုတ်တော့ဘူး။

တစ်ချိန်က
ကျွန်မ သိပ်ခင်ခဲ့ပြီးပြီ။
သိပ်အရောတဝင် တွယ်တာခဲ့ပြီးပြီ။
ကျွန်မထားသင့်သော မာနတွေလည်းခဝါချလို့ဆက်သွယ်ခဲ့ပြီးပြီ။

အရင်လိုကျွန်မမဟုတ်တော့ဘူး။
အရင်လိုကိုယ့်မခင်မှာ မုန်းမှာ သိပ်ကြောက်တတ်သော ကျွန်မမဟုတ်တော့ဘူး။

မခင်လည်းဖြစ်တယ်" "မုန်းနေကြလည်း စိတ်မဆိုးဘူး" "ချစ်ဟန်ဆောင်သူတွေကိုလည်းကျေးဇူးတင်တယ်။

လောကဓံတရားတွေကို စုံလင်နေအောင်
ဆုံခဲ့ရပြီးပြီမို့ အားလုံးကိုကျေးဇူးတင်ပါ
တယ်။

ဒါပေမဲ့ ကျွန်မအရင်တုန်းကလို တုံးတုံး အအ မိန်းခလေးတစ်ယောက်တော့ မဟုတ်တော့ပါဘူး။

Crd....✍

01/12/2022

အောက်ထပ်မှာ ဈေးရောင်းပြီး အပေါ်မှာ လူနေဖို့။ ❤️❤️

photo credits to respective owner 📸🖼️

30/10/2022

အရမ်းလှ🥰🥰🥰

#ထက်ဝဠာသိန်းသစ်ခွ

အခြားသူအပေါ် မှီခိုလွန်းရင် သင်ဘယ်တော့မှ ရပ်နိုင်မှာမဟုတ်ဘူး 03/10/2022

အခြားသူအပေါ် မှီခိုလွန်းရင် သင်ဘယ်တော့မှ ရပ်နိုင်မှာမဟုတ်ဘူး တခါတုန်းက တောအုပ်တခုထဲမှာ နေထိုင် ကျက်စားတဲ့ ယုန်ကလေး တကောင် ရှိပါတယ်။ ယုန်ကလေးမှာ သူငယ်ချင်းတွေ အများကြီး...

ရိုးသားခြင်းကိုသာ လက်ကိုင်ပြုပါ 03/10/2022

ရိုးသားခြင်းကိုသာ လက်ကိုင်ပြုပါ တစ်ခါတုန်းက တိုင်းပြည်တစ်ပြည်မှာ ဘုရင်တစ်ပါးအုပ်ချုပ်နေထိုင်တယ်။ သူ့ရဲ့အရိုက်အရာကိုဆက်ခံဖို့ သားသ္မီးမ.....

11/09/2022

တန်ရာတန်ရာပေါ့ဗျာ.....

"ဟာ! _ ဟင်!"..

ရန်ကုန်မှ မန္တလေးသို့ သွားသော ရထားပေါ်တွင် ဖြစ်သည်။

ရထားပေါ်မှာပါလာတဲ့ ခရီးသည်တစ်ဦးရဲ့ လက်ထဲမှာ
ဟောင်းနွမ်းနေတဲ့ ၂၀၀ တန်အစုတ် လေး တစ်ရွက်။

သူက လာသမျှ ဈေးသည်တွေကို အဲဒီပိုက်ဆံ လေးနဲ့
လိုက် ဝယ်နေတယ်။

ဒါပေမယ့်...
ဈေးသည် တော်တော်များများက "ဒီပိုက်ဆံလေး
ပြန်လဲပေး ပါဦး" ဆိုပြီး လဲခိုင်း တယ်။

ဒီတော့ သူစဉ်းစားနေတယ်..
"အင်း" ဒီအတိုင်းဝယ်နေလို့ကတော့ အဆင်ပြေမှာ
မဟုတ် ဘူး။ ငါ နောက်ဘူတာကို ရောက်ရင်
ရထားထွက်ခါနီးမှပဲ ဝယ်မယ်။ ဒီလိုဆိုရင်သူတို့
ပြန်လဲခိုင်းလို့ရမှာမဟုတ်တော့ ဘူး" သူ့အကြံနဲ့
သူကတော့ ဟုတ်လို့ပေါ့။

နောက်လာမဲ့ဘူတာမှာလည်း ဈေးသည် တစ်ယောက်..

သူကတော့ ရောင်းလို့မကုန်တဲ့ထမင်းသိုး တွေကို
ရထား ထွက်ခါနီးမှ အပြေးအလွှား လိုက်ရောင်းတာ။

ဘူတာကိုလဲရောက် ရထားပြန်ထွက်ခါနီး ဥသြလဲဆွဲရော -
ရထားဘီးတွေကလဲ တစ်လိမ့်ချင်း လိမ့်စပြုလို့ ဒီတော့မှ
ဈေးသည်က …

"ထမင်းတွေရမယ် ထမင်းတွေရမယ်
ပူပူနွေးနွေးလေးနော် !
တစ်ထုပ်မှ ၂၀၀ ပဲ၊ယူကြဦးမလား ? "

နှစ်ရာတန်အစုတ် ကိုင်ထားတဲ့ ခရီးသည်ကလဲ ..
"လာဦးဗျို့ ... တစ်ထုပ်လောက်ပေးပါ"
"ဟုတ်ကဲ့...ရော့ရော့... ပိုက်ဆံချပေးလိုက်လေ"
"အေး အေး"

ခရီးသည်ကလဲ ပိုက်ဆံအစုတ်လေး ထွက်သွားပြီး
ထမင်း ထုပ်လေး ရလာတော့ သူ့ကိုသူ ဟုတ်လှပြီပေါ့။

ဈေးသည်ကလဲ ထမင်းသိုးတစ်ထုပ်က ပိုက်ဆံနှစ်ရာ
ပေးတယ်ဆိုတော့ ဝမ်းသာ လို့လေ...

ရထားပေါ်ကပစ်ချလိုက်လို့ လေထဲဝဲနေတဲ့ ပိုက်ဆံလေးကို
အမိအရ ဖမ်းပြီးတော့မှ ...

"ဟင်" !

ခရီးသည်ကလဲ ဈေးသည်ကို လှမ်းကြည့်သနားပါတယ်
ဆိုတဲ့ သဘောပေါ့ !

ပြီးတော့မှ ထမင်းစားမယ်ဆိုပြီး အိတ်ဖွင့် လိုက်တော့မှ...

"ဟာ" !!

မိတ်ဆွေတို့ရေ ..
ဒီ(ဟင် နဲ့ ဟာ)ကိုအနှစ်ချုပ်ရင်…
* အစုတ်ပေးရင်_အပုပ်ရတယ်။ *
* အပုပ်ပေးရင်_အစုတ်ရတယ် * ဆိုတဲ့သဘောပါ။

စိတ်ထားလေးတွေမကောင်းသရွေ့
အကျိုးပေးလဲညံ့တတ်တယ်ဆိုတာ
သတိရစေချင်လို့ပါ။

လူအချင်းချင်းလှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။

စွန့်လွှတ် အနစ်နာခံခြင်းရဲ့ နောက်ကွယ် 08/09/2022

စွန့်လွှတ် အနစ်နာခံခြင်းရဲ့ နောက်ကွယ် တခါတုန်းက သမင်တွေနေတဲ့ တောအုပ်လေး တခုမှာ အုပ်ချုပ်တဲ့ ရွှေသမင်ကြီး တကောင်ရှိတယ်။ သမင်မတွေနဲ့ သမင်ကလေးတွေက....

Website