Phyumar

Phyumar

မုန့်အော်ဒါကောက်

Photos from Phyumar's post 07/02/2023

🧡 #ထန်းညက်က အသက်
🧡(အညာထန်းညက်စစ်စစ်)ကိုသုံးထားတော့
🧡မုန့်လုံးရေပေါ်တစ်လုံး
စားလိုက်တိုင်း
အညာထန်းညက်စစ်စစ်ရဲ့အရသာက
🍀🍁🌿အညာမြေကိုရောက်သွားသလို ခံစားရစေပါတယ်
မိမိမွေးရပ်မြေကိုရောက်သလို စိတ်သက်တောင့်သက်သာ
ရစေမှာအသေချာပါနော်

🥰မြေသင်းနံ့သင်းသင်းလေးနဲ့ လေကောင်းလေသန့်လေးတွေရစေတဲ့ အညာမြေကို ခဏတာရောက်သွားသလို ခံစားမှုမျိုးက
Yoe Yar ရဲ့ မုန့်လုံးရေပေါ်စားရင်း မှရတာပါနော်
တဗူး 4000 kyats

Photos from Phyumar's post 07/02/2023

မင်မင်တို့မွန်တွေအတွက်တော့ ချစ်စရာကောင်းပီးသိပ်ကြိုက်တဲ့မုန့်တမျိုးပါ
ရန်ကုန်မှာမရတဲ့ မုန့်ဆိုလည်းဟုတ်တယ်
မင်တို့နယ်မှာတော့ သကြားနဲ့တို့စားကြပါတယ်
( ထန်းညက်ရည်ကြိုက်တဲ့သူတွေအတွက်ထန်းညက်ရည်ထည့်ထားပေးပါတယ်)

သူ့နာမည်လေးက မုန့်အုပ်ကလေး တဲ့
ကြာသာပတေးနေ့ရပါမယ်
တဗူး ၅၀၀၀ ကျပ်

Photos from Phyumar's post 06/01/2023

👏😍Hello Sundayမှရတတ်တဲ့ အာပုံလာပါပီ
✔️အာပုံကို မြိတ်/ထားဝယ်ဘက်က အစားအစာတစ်မျိုးလို့ လူသိများကြပေမယ့်
တကယ်တော့ အာပုံ (Appam)ဆိုတာ အိန္ဒိယတောင်ပိုင်းက ရိုးရာအစားအစာတစ်ခုပါ

💛အာပုံ💛
သူ့ အရသာက
ဆိမ့်ဆိမ့်ချိုချိုအိအိလေး
☕ကော်ဖီနဲ့အလိုက်ဖက်ဆုံးလေး
🥰😋 ချစ်ရတဲ့သူတွေနဲ့ အတူတူ အစားသောက်ကောင်းလေးတွေစားကြမယ်ဆိုရင် မင်မင်တို့
Yoe Yar Foodboxကို hello လုပ်လိုက်နော်

တဗူး 4000

Photos from Phyumar's post 23/12/2022

မုန့်ကြာစိသာကူ
✖️ဆေးသကြား/ပါဝါသကြား လုံးဝ မသုံးထားပဲ
✔️ကန်စွန်းဥရဲ့သဘာဝအချို
✔️အညာထန်းညက်စစ်စစ်ရဲ့ သဘာဝအချိုရယ် ပေါင်းစပ်ထားပီး
တစ်လုတ်စားမိတိုင်း ဇွန်းမချချင်လောက်အောင်ကြိုက်ကြတယ်ဆိုတော့ အော်ဒါခုတည်းက မှာထားတော့နော်
အော်ဒါပြည့်မြန်လို့ပါရှင့်
တစ်ဗူး 1500 ကျပ်

🥰စိတ်ရှည်ရှည်နဲ့သေချာလေး လုံးထားတဲ့သာကူလုံးလေးတွေနဲ့ ကန်စွန်းဥချိုချိုလေးပါ ပေါင်းစပ်ထားတဲ့ မုန့်ကြာစိသာကူ အရသာက အချိုအရမ်းမကဲပဲ ချိုဆိမ့်အရသာလေးပါ

Sunday အတွက် မြန်မာမုန့်အစုံနဲ့အတူမှာလို့ရပါပီနော်

Photos from Phyumar's post 13/12/2022

YoeyarFoodbox
😋ကြာသာပတေးနေ့အတွက်ရပါပီ
မြန်မာမုန့်အမယ်စုံအမျိုး ၃၀ ကျော်/ ထမနဲ/ ရွှေရင်အေး/ 🥑Hass ထောပတ်သီးရပါပီ
🚚ကြာသာပတေးနေ့ နေ့လည်စပို့ပါမယ်နော်
✔️cash / kpayရပါတယ်

Photos from Phyumar's post 13/12/2022

😍Menuအသစ် ရှယ်ကောက်ညှင်းရွှေကြည်ရဲ့ Reviews
❌မြန်မာမုန့်ဖြစ်ရင်ပီးရော မရောင်းဘူး
❤️ရင်ဘတ်နဲ့ရွေးပီး ကိုယ်တိုင်အရမ်းကြိုက်မှရောင်းလို့ ပြန်ရတဲ့ရလဒ်ကိုအရမ်းတန်ဖိုးထားတယ်
😊စားတဲ့သူတွေက စားလိုက်တ်ိုင်း ရင်ထဲကပြုံးနေမယ့်အပြုံးပါမြင်ယောင်မိနေတာမျိုး အဲ့လိုစိတ်လေးနဲ့ပဲ မင်တ်ို့ YoeYarFoodbox ကရောင်းပါတယ်
Made with ❤️ပါ
❤️ကျေးဇူးပါ

Photos from Phyumar's post 10/12/2022

YoeyarFoodbox
😋ထန်းညက်ရွှဲရွှဲနဲ့ကြော်ထားလို့ ရွရွမွမွလေးနဲ့တကယ်စားကောင်းတဲ့မုန့်
😍Reviews ကောင်းတွေအများကြီးရထားတဲ့မုန့်
😋မုန့်ချိုသွင်း @မုန့်ကြက်ဥ@ မုန့်ချိုသွေး လို့လည်းခေါ်ပါတယ်ရှင့်
😋လူကြိုက်များပီး တကယ်စားကောင်းတဲ့မုန့်ပါ

မှာမယ်ဆို မနက်ဖန်အတွက်ရပါမယ်ရှင့်
တစ်ကွင်း ၁၁၀၀ ကျပ်ပါ
ခုကစပီး အော်ဒါတင်လို့ရပါပီရှင့်
😋မနက်ဖန်အတွက်
လက်ဖျားခါလောက်တဲ့မြန်မာမုန့်အမယ်စုံ အမယ်၃၀ ကျော်နဲ့အတူ /မုန့်ချိုကွင်းရပါပီ
🚚မနက်ဖန် နေ့လည်ပို့ပါမယ်နော်..
မြို့နယ်အလိုက် ပို့ခလေးတွေရှိပါတယ် ရှင့်..
ရန်ကုန်မြို့တွင်းသာ..

09/12/2022

😍မကြိုက်ရင်ငွေပါပြန်အမ်းမယ်ကွာ
😋မင်မင်စားပစ်မှာကပိုသေချာပါတယ်
😋ကောက်ညှင်းရွှေကြည်အိအိလေးက်ိုမှ အနှစ်ကျကျကျိုထားတဲ့ အုန်းဆီချက်ပြစ်ပြစ်လေးနဲ့ရောပီး ချိုဆိမ့်ဆိမ့်လေးစားရမယ့်
Menu အသစ်
❤️ရှယ်ကောက်ညှင်းရွှေကြည်
တဗူး ၅၀၀၀ ကျပ်

🚚တနဂ်နွေနေ့ရပါမယ်
😋အရေတွက်နည်းလို့ Order အရင်မှာသူ
ရပါမယ်
(မင်တို့မုန့်ပုံမရသေးလို့)😋

09/12/2022

YoeyarFoodbox
😋YoeYarက ထိမိနေတဲ့မြန်မာမုန့်အမယ်စုံအမျိုး၃၀ ကျော်လုံး တခါတည်းစားဖူးချင် မြည်းဖူးချင်ရင်တော့ YoeYarပဒေသာ Foodboxကိုစားကြည့်ပါရှင့်
1set 20000 kyats
💥Sunday ရပါမယ်

Photos from Phyumar's post 09/12/2022

😊ဝယ်စားရတယ်ဆိုပေမယ့်
အစားကောင်းစားရင်းနဲ့ ဒီအစားသောက်ဖန်တီးပေးသူတွေကို ကျေးဇူးတင်စိတ်လေးဖြစ်မိတယ်
🌟ပါဝင်ပစ္စည်းတွေ ရှယ်သုံးထားလို့ ပေးရတဲ့စျေးက များရင်များနေမယ်
စားလိုက်ရတဲ့အချိန် အရမ်းတန်တယ်ဆိုတဲ့ ခံစားချက်မျိုးရစေမယ့်
YoeYarရဲ့ မော်လမြိုင်ရာဟု @ထမနဲပါ
😋ဝါးချလိုက်ရင် နှမ်းလေးတွေ တစ်ဖောက်ဖောက်နဲ့ကောက်ညှင်းစီးစီးအိအိလေးနဲ့ တော်တော်ကြီး စားလို့ကောင်းပါတယ်။မစားဖူးသေးရင်စားကြည့်ပါရှင့်
❤️တနဂ်နွေနေ့ရပါမယ်
✔️ထမနဲ ကို ကျမတို့နယ်မှာ #ရာဟု လို့ခေါ်တတ်ကြတယ်။
ရာဟုဆိုတာ ကောက်ညှင်းတွေ ပေါင်းထားသလိုမျိုး
ဖွယ်ဖွယ်ချွဲချွဲကြီးကိုမှ ‌ရယ်ဒီမိတ်မြေပဲ ရယ်ဒီမိတ် အုန်းသီးကြော်ဖြူးထားတာ မျိုးမဟုတ်ပါဘူး။

✔️ရာဟုဆိုတာ နှမ်းဖြူနဲနဲ၊နှမ်းမဲများများနဲ့ ကောက်ညှင်းကို ထိုးသားကျအောင် ထိုးပီးမှ နပ်သွားခဲ့ရင် ကိုယ်တိုင်ခြစ်အုန်းသီးကိုကိုယ်တိုင်ကြော်ထားပီးမြေပဲဆီနဲ့မြေပဲ‌ခွဲခြမ်းလေးတွေ ဖြူးပီးသမအောင် ရောနယ်ပြန်ထိုးပီးမှ စီးစီးထုတ်ထုတ်လေး
❌ရေလုံး၀မပါ အသားတင် ကောက်ညှင်းကြီးပဲကိုမှ အစာပလာနှိုင်းချင်းနဲ့ နပ်ကော့နေအောင်ထိုးထားတဲ့
နှမ်းထမနဲရာဟုပါ။
တဗူး ၆၀၀၀ ကျပ်
(၃၀ သားဝန်းကျင်ပါပါမယ်)
❤️တနဂ်နွေနေ့ရပါမယ်ရှင့်

09/12/2022

YoeyarFoodbox
🥑ဆိမ့်ဆိမ့်အိအိ အရသာလေးစားရမယ့် Hassထောပတ်သီးလေးတွေမှာထားသူများရှင့်
😍Sunday ပို့ပါပီနော်
👏ဒီအသုတ် Hass ထောပတ်သီးအော်ဒါများပိတ်ပါတော့မယ်ရှင့်
မှာချင်သူများအမြန်ပြောပေးပါနော်
1kg 4500
(အလုံးသေး 10 လုံးခန့်ပါပါတယ်)
(အလုံးဖို့တာပါရင် 1kg 8လုံး/9လုံး ပါပါတယ်ရှင့်)
✔️မင်မင်လက်ထဲကပုံလို အခွံရောင်မဲပီးကိုင်ရတာအိအိလေးရှိသယောင်ဖြစ်မှခွဲပါရှင့်
😋အရသာရှယ်ဆိမ့်နေမှာပါရှင့်

Photos from Phyumar's post 09/12/2022

YoeyarFoodbox
ရန်ကုန်မှာတော့ တော်ရုံမရောင်းကြတော့တဲ့ မော်လမြိုင်လက်ရာစစ်စစ်
အော်ကေ့ကြည်

😋ဆီသန့်သန့်လေးနဲ့ကြော်ထားတဲ့ မော်လမြိုင်အော်ကွေ့ကြည်လေးက စားပီးရင်မတောင့် မအီပဲ မုန့်သားအိအိလေးကို
အိမ်လုပ်အချဉ်ရည် သန့်သန့်လေးနဲ့မို့
တကယ် စားကောင်းပါတယ်

တကယ်တော့ အော်ကေ့ကြည်ဆိုတာ
ပိန်းဥဆန်မုန့်ပါ
ပိန်းဥ ကို ဖူးကျန့်လို အော် လို့ခေါ်တယ် (ဖူးကျန့်ဆိုတာမြန်မာတွေ လက်ရှည် လို့သိထားတဲ့ တရုတ်လူမျိုးပါ)
ကေ့ ဆိုတာက ဆန်နဲ့လုပ်တဲ့ မုန့်
ကြည် ဆိုတာက ကြော်ထားတာ
(ဒါကြောင့် ပိန်းဥနဲ့လုပ်တဲ့ မုန့်မှ အော်ကေ့ကြည်ပါတဲ့)
တချို့က ရွှေဖရုံသီးနဲ့လုပ်ကြတယ်
အဲဒါက အော်ကေ့ မဟုတ်ဘူး ကင်ကေကေ့ကြည် လို့ခေါ်ပါတယ်
တချို့က မုန်လာဥဖြူနဲ့လုပ်ကြတယ်
အဲဒါကို အော်ကေ့ကြည်လို့ထင်နေကြတယ်
မုန်လာဥ အဖြူနဲ့လုပ်ရင် ချိုင်းထောင်ကေ့ကြည်ပါ

😋မင်မင်တို့ဆီက မုန်လာဥနဲ့ရမယ့် အော်ကွေ့ကြည်က
အချဉ်ရည်ကလည်းကောင်း
သန့်သန့်ရှင်းရှင်းနဲ့သေချာလုပ်ထားလို့ဗိုက်မနာဘူး

✔️Sunday ရပါမယ်

တဗူး ၃၅၀၀ ကျပ်

Photos from Phyumar's post 09/12/2022

YoeyarFoodbox
😋ချိုဆိမ့်ဆိမ့် အရသာ
တကိုက် ကိုက်လိုက်တာနဲ့အိအိပုံ့ပုံ့လေး လျှာပေါ်ပျော်ဝင်သွားတဲ့ ကြက်ဥအုန်းနိူ့
အာပုံ မုန့်ကတော့
Sunday ရပါမယ်
🥰လူကြိုက်အများဆုံး
Yoe Yar ရဲ့ အာပုံ ပါ

တစ်ဗူး 4000 kyats
မြို့နယ်အလိုက် ပို့ခလေးတွေရှိပါတယ်
ရန်ကုန်မြို့တွင်းသာ..

Photos from Phyumar's post 09/12/2022

😋တစ်လုံးဆိုတစ်လုံး အီဆိမ့်ပြစ်နှစ် အရသာမိမိုက်နေတဲ့ Baby 🥑 Hass ထောပတ်သီးလေးတွေရပါပီ
Sunday ပို့ပါမယ်
သေချာရွေးထားတဲ့ Premium quality အလုံးလေးတွေပါ
1kg 4500 kyats

Photos from Phyumar's post 06/12/2022

YoeyarFoodbox
❤️ကုန်ကြမ်းစျေးတွေတက်လို့ ရွှေရင်အေးတဗူး ၁၀၀ တက်ပါရစေရှင့်
တဗူး ၁၅၀၀ ကျပ်
😋တစ်ဇွန်းစားပြီး တစ်မိနစ်နဲ့တစ်ဗူးလုံးကုန်သွားတဲ့ ဆိမ့်ရွှေရင်အေး
အရသာထိမိလွန်းလို့အဲ့လောက်ထိကြိုက်ကြတဲ့
Yoe Yar special menuလေးပါ🥰
Reviews တွေကအသက်❤️
❤️Seint ရွှေရင်အေး❤️

ကြာသပတေးနေ့အတွက်
မှာလို့ရပါပီ
မြို့နယ်အလိုက် ပို့ခလေးတွေရှိပါတယ်..
ရန်ကုန်မြို့တွင်းသာ
တပွဲ ၁၅၀၀ ကျပ်

Photos from Phyumar's post 28/11/2022

#"Yoya Foodbox
❤️🥑ခုနေ မှာထားသူများကြာသာပတေးနေ့ပို့ပါမယ် မြန်မာမုန့်နဲ့အတူတွဲမှာလို့ရတော့ပို့ခထပ်မကုန်တော့ဘူးနော်
🥑🥑တော်ရုံထောပတ်သီး ဝယ်စားရတာ အဆင်မပြေဘူး ဆိုသူများအတွက် Hass ထောပတ်သီးလာပါပီ

🥑🥑Hass သီးစားပြီးရင် ဘယ်အသီးမှ ပါးစပ်ထဲ မတိုးတော့ဘူး🥑🥑

💥💥Hass ထောပတ်သီးက USA မျိုးစပ်ထားသည့် နိုင်ငံခြားမျိုးပါ

🥑Hass သီးရဲ့ အရသာက ဒေသထွက် ဗမာသီးနှင့် အရသာတော်တော် ကွာတာမို့ စိမ့်စိမ့်လေးနဲ့အတော်စားကောင်းပါတယ်
❌အပုပ်ဆိုတာ ၁လုံးပါဖို့တောင် တော်တော်ရှားတဲ့အသီးပါ
✔️အလုံးတိုင်းကို အာမခံချက်အပြည့်ပေးပါတယ်နော်

Grade A Quality
1kg - 4500 ks ( အလုံးသေး ၉/၁၀လုံး ဝန်းကျင်)ပါပါတယ်

Photos from Phyumar's post 27/11/2022

Like ချည်းပဲမလုပ်ပဲ အားပေးကြပါအုံးနော်🥰

❤️ကြာသာပတေးနေ့-မုန့်အစုံ

❤️သန့်ရှင်းပီးအရသာရှိတဲ့ မုန့်အစုံများကို တစ်ပတ် (၂) ရက် မှာလို့ရပီး အများပိုင်းသီးသန့်အော်ဒါရှိပါက ရက်ညှိနှိုင်းပီးမှာလို့ရပါတယ်ရှင့်

👩🧒ကလေးဘဝကတည်းက
အရမ်းကြိုက်နှစ်သက်ရတဲ့ မြန်မာမုန့်လေးတွေကို သန့်ရှင်းလတ်ဆတ်ပီးအရသာကောင်းကောင်းနဲ့ တနေရာတည်း စုံလင်နေအောင်ပြင်ဆင်ထားတဲ့
Foodbox တွေပါ

👵နှစ်အချိန်ကြာကြီး
ရောင်းလာတဲ့
အမေအိုရဲ့လက်ရာကို အားရပါးရစားလိုက်ရတဲ့
ခံစားချက်မျိုးနဲ့
ငယ်ဘဝလေးကို လွမ်းဆွတ်အောက်မေ့စေမယ့် ရသအစုံပေးမယ့်

မုန့်အမယ် အနည်းဆုံး ၁၃ မျိုး/၁၄ မျိုးအထိပါတတ်ပါတယ်
💕မုန့်တွေရဲ့လက်ရာ/သန့်ရှင်းမှု/အရသာတွေကို စားသုံးသူနေရာကနေ ခံစားပီး စိတ်ကြိုက်မတွေ့မချင်း ကိုယ်တိုင် သေချာအော်ဒါရွေးမှာထားတဲ့ မုန့်တွေဖြစ်လို့ အရသာရော သန့်ရှင်းလတ်ဆတ်မှုရော
အထူးပြောစရာမလိုပါနော်
💕မုန့်အမယ်စုံ ၁၃မျိုး/၁၄ မျိုးစုံစုံလင်လင်ကိုမှ အရသာရှိရှိစားရတဲ့မုန့်ဗူးလေးက တဗူး ၆၀၀၀ ကျပ်နှင့်
ထိုဗူးကြီးကိုပဲ မိမိစားချင်တဲ့ မုန့်တွေချည်းလည်းရွေးထည့်လို့ရပါတယ် ( ရွေးလိုက်တဲ့မုန့်အမျိုးစားပေါ်မူတည်ပီး စျေးအနည်းငယ်ပြောင်းတတ်ပါတယ်)
💕ဆိုင်ရဲ့ မုန့်အမယ်စုံ အမျိုး ၃၀ ကျော်လုံး တခါတည်းဝယ်စားကြည့်ချင်သူများအတွက်လည်း
ပဒေသာ Foodbox set တစုံစာ ( ၂၀၀၀၀ ကျပ်ဖြင့်) စီစဉ်ထားပါတယ်
💕Mini Box လေးတွေကိုလည်း မုန့်အမျိုးစားပေါ်မူတည်ပီး တဗူး ၃၀၀၀/၃၅၀၀/၄၀၀၀/၆၀၀၀ အစားစားရောင်းချထားပါတယ်
(Mini Box လေးတွေကိုလည်း မုန့်တမျိုးချင်းစီရတဲ့အပြင် မိမိစားချင်တဲ့ မုန့် ၂မျိုးအထိ အရော mini box ပြင်ဆင်ပေးပါတယ်)

😊စားသုံးသူတွေအတွက် ပေးရတဲ့စျေးထက် ပိုပိုတန်တဲ့
✔️အရသာ
✔️ထုတ်ပိုးမှု
✔️စုံလင်မှု
✔️ဝန်ဆောင်မှု
✔️စိတ်ကျေနပ်မှု အပြည့်ရစေရပါမယ်ရှင့်

🙏လိုအပ်ချက်များလည်းရှိနေဆဲမို့ အကောင်းဆုံးပြင်ဆင်ကြိုးစားနေပါတယ်ရှင့်

❤️Foodboxအစုံဗူး
တစ်ဗူး ၆၀၀၀
❤️မုန့်တမျိုးစီMini box
တစ်ဗူး ၃၀၀၀ /၃၅၀၀/၄၀၀၀/၆၀၀၀
❤️မုန့်သိုင်းခြုံ တစ်ဗူး ၄၀၀၀
❤️မုန့်လင်မယား( mini ဗူး) ၄၅၀၀
🧡အာပုံ တစ်ဗူး ၄၀၀၀
❤️မုန့်တိုဇံ တစ်ဗူး ၂၅၀၀
နှင့် အခြားသော မုန့်အမယ်စုံ ၃၀ကျော်ရရှိနိုင်ပါတယ်ရှင့်

🙏အားလုံးပဲ စားကောင်းကြပါစေ
🥰🥰🥰🥰

Website