MORAL Consultant & Legal Services

MORAL  Consultant & Legal Services

လူကြီးမင်းတို့၏ ဥပဒေရေးရာပြသနာများ

23/04/2022

သတင်းစာကြော်ငြာများတွင်တွေ့ရလေ့ရှိသော သွာနုတ္တသားသမီးများအဖြစ် အမွေပြတ်စွန့်လွှတ်ကြောင်း အများသိစေရန်ကြေညာချက်ထဲမှ သွာနုတ္တသားသမီးဟုဆိုရာတွင် ~~~

04/04/2022

ေငွလွှဲလုပ်ငန်းများ သတိပြုမိနိုင်ရန်

1/ Money Changer ကောင်တာမှ နိုင်ငံခြားငွေအရွက်များ မည်သူ့ကိုမှ မရောင်းရ၊ ​ခေတ္တပိတ်ပါသည်။ Treasury Division မှ ပြန်လည်ရောင်းချပေးရန် ညွှန်ကြားမှသာ ရောင်းလို့၊ဝယ်လို့ရပါမည်။Treasury ရဲ့ ဈေးနှုန်းအတိုင်းဝယ်ပါ။

၂/ Customer အချင်းချင်း ၊ နိုင်ငံခြားငွေ Account to Account Transfer လုပ်ခြင်းကို
(၄.၄.၂၀၂၂) ရက်နေ့မှ စတင်ပြီး လုပ်ဆောင်ပေးခြင်း လုံးဝ ( လုံးဝ) မပြုလုပ်ရ။

၃/ Prepaid Card / Debit Card တွေထဲ MMK to FCY ( USD/ EUR/ SGD ) ပြောင်းထည့်ပေးခြင်းအား မပြုလုပ်ရ။

မည်သည့်ကိစ္စအတွက် MMK to FCY သို့ ပြောင်းခြင်း လုံးဝ ( လုံးဝ) မပြုလုပ်ရ။

၄/ (၄.၄.၂၀၂၂) ရက်နေ့မှ စတင်ပြီး Trade / Non-trade & L.C outward များ ပြည်ပသို့ လွှဲပြောင်း ပေးပို့ခြင်းမပြုလုပ်ရ။

Local bank အချင်းချင်းသို့ Customer FCY payment transfer များ လွှဲပြောင်းခြင်း/ လက်ခံခြင်း လုံးဝ ( လုံးဝ) မပြုလုပ်ရ။

မကြာခင် Compliance ဌာနမှ စာထပ်မံထုတ်ပြန်ပါမည်။

Customer များ ၏ နိုင်ငံခြားငွေ စာရင်းများသို့ နိုင်ငံခြားငွေ ငွေစက္ကူအရွက်များ ထည့်သွင်းခြင်း၊

နိုင်ငံခြားငွေစာရင်းမှ နိုင်ငံခြားငွေစက္ကူများထုတ်ယူခြင်း

တို့အား မည်သည့် Customer ကိုမှ မဆောင်ရွက်ပေးရ။
​​ခေတ္တယာယီတားမြစ်ထားသည်။
--------------------------

အမိန့်ကြော်ငြာစာပါ ပုဒ်မများအားဗဟုသုတရစေရန် ဖော်ပြလိုက်ပါသည်။
×××××××××××

ပုဒ်မ၁၁ - နိုင်ငံခြားငွေတရားဝင်ကိုင်ဆောင်ထားသောမည်သူမဆို မိမိပိုင်ဆိုင်သောနိုင်ငံခြားငွေအားလုံးကိုဖြစ်စေ၊အချို့တဝက်ကိုဖြစ်စေနိုင်ငံတော်အတွင်း နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရှိသူများထံတွင်သာ ဘဏ်ငွေစာရင်းဖွင့်လှစ်အပ်နှံနိုင်သည်။

ပုဒ်မ၁၂- ပြည်တွင်း၌နေထိုင်သူများသည် ပြည်ပတွင်ရရှိသော နိုင်ငံခြားသုံးငွေဖြင့်ဝင်ငွေများကိုသတ်မှတ်ချက်များနှင့်အညီပြည်တွင်းသို့ပြန်လည်ပေးပို့ရမည်။ထိုဝင်္ငငွေများကိုနိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရှိသူများထံတွင်ဘဏ်ငွေစာရင်းဖွင့်လှစ်အပ်နှံရမည်။

ပုဒ်မ၁၃- ပြည်တွင်း၌နေထိုင်သူဖြစ်စေ၊ပြည်ပ၌နေထိုင်သူဖြစ်စေ နိုင်ငံတော်အတွင်းမိမိတို့၏ နိုင်ငံခြားသုံးငွေများ ရောင်းချခြင်းမှ ရရှိသည့်ကျပ်ငွေကို နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားသည့် လုပ်ငနး်လိုင်စင်ရှိသူထံတွင် ကျပ်ငွေစာရင်းဖြင့်ဖွငိ့လှစ်အပ်နှံနိုင်သည်။ ထိုကျပ်ငွေစာရင်းလက်ကျန်ကို နိုင်ငံခြားသုံးငွေ ပြန်လည်ဝယ်ယူရန် အသုံးပြုနိုင်သည်။

Card.♎ Moral♎

09/03/2022

အောက်ကမေးခွန်းမျိူး ခနခနလာလာမေးကြတယ်👇၊ခုလည်းကြုံလို့ဖြေပေးချင်တယ်။

နံပါတ်(၁)
တလင်တမယားက လူလွတ်ဆိုအရေးယူလို့မရပေမဲ့ အိမ်ထောင်ရှိမှန်းသိရက်နဲ့ လူလွတ်ကယူခဲ့ရင် အားပေးကူညီမှုနဲ့ အရေးယူလို့ရပါတယ်နော်😉၊

(၂)မယားခိုးလည်း တူတူပါပဲ🤞၊ အိမ်ထောင်ရှိမှန်းမသိဘဲယူရင် ပြစ်မှုမမြောက်ပါ၊အိမ်ထောင်ရှိမှန်းသိသိကြီးနဲ့ကျူးလွန်ရင်တော့ မယားခိုးနဲ့အရေးယူခံရပါလိမ့်မယ်၊

တလင်တမယားကို တချို့အရပ်သားတွေက (ငရဲဥပဒေ)လို့သတ်မှတ်ထားကြတယ်🤫၊ သူများနိုင်ငံတွေမှာ အနည်းဆုံး၄ယောက်ထိယူလို့ရတယ်၊ငါတို့နိုင်ငံကျ Why🤷‍♀️?
မတရားလိုက်တာ🤷?
အဲ့လိုပြောကြတယ်၊

{တလင်တမယားဥပဒေ၏ရည်ရွယ်ချက်များကိုပုဒ်မ၄တွင်ဖော်ပြထားသည်မှာ
"သာယာချမ်းမြေ့သောအိမ်ထောင်ကိုတည်ဆောက်နိုင်ရန်💑၊
အမျိုးသမီးအမျိုးသားများတရားမ၀င်လင်မယားအဖြစ်ရောက်ရှိခြင်းမှကာကွယ်ရန်၊
အိမ်ထောင်ရေးပြသနာ မှု့ခင်းများတားစီးနိုင်ရန်🙅၊
ဗုဒ္ဓဘာသာ၀င်မိန်းမများအထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေအရ တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကို ပြဌာန်းထားတာပါ}

အိမ်ထောင်သည်အမျိုးသားအနေနဲ့ လက်ရှိမယားရှိရင် အပျိုမိန်းကလေးကိုမယူသင့်ပါ🙅‍♂️🙅‍♂️🙅‍♂️။
သစ္စာစောင့်သိရပါမည်🙆။
မဟုတ်ရင်ထိန်ချန်တဲ့အတွက်တလင်တမယားဥပဒေပုဒ်မနဲ့ ၁၃အရ အရေးယူခံရနိုင်ပါတယ်။
အိမ်ထောင်သည်အမျိုးသမီးအနေနဲ့လဲအမျိုးသားရှိရက်သားနဲ့ လူပျိုကိုမယူသင့်ပါ🙅‍♀️🙅‍♀️။ သစ္စာစောင့်သိရပါမည်။

တလင်တမယားဥပဒေမှာ "မည်သူမဆို"လို့ဖော်ပြထားတဲ့အတွက်ယောကျာ်းနဲ့လည်းသက်ဆိုင်သလိုအမျိူးသမီးနဲ့လည်းသက်ဆိုင်ပါတယ်။

သို့သော် ဘယ်ကိုကြည့်ကြည့်အမျိူးသားတွေကိုအသာပေးဖိထားတဲ့ဥပဒေသဘောသက်ရောက်နေသော်ငြားလည်း ယနေ့ခေတ်မှာဒီတလင်တမယားဥပဒေရှိနေတာတောင် ဖောက်ပြန်ခံရနေတဲ့အမျိူးသမီးတွေဒုနဲ့ဒေဖြစ်နေပါတယ်။
အဲ့ဒါကြောင့်ယောင်္ကျား မိန်းမ သစ္စာစောင့်သိရင်ဤဥပဒေပေါ်ပေါက်နိုင်စရာအကြောင်းမရှိတဲ့အတွက် ကိုယ့်ကျင့်တရားနဲ့သိက္ခာကိုလက်ကိုင်ထားပီး သာယာပျော်ရွှင်တဲ့အိမ်ထောင်ရေးထူထောင်နိုင်ကြပါစေ👪👪👪၊

CRD #♎TT♎

Photos from MORAL  Consultant & Legal Services's post 26/02/2022

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးများဆိုင်ရာ ဥပဒေ မှတ်စု

20/02/2022

စွပ်စွဲခံရသူသည် ရဲအချူပ်တွင်ရှိနေစဉ်အတွင်း ရဲအရာရှိတစ်ဦးထံပေးသောဖြောင့်ချက်သည် သက်သေခံဝင်ခြင်းမဝင်ခြင်း ~~~

Photos from MORAL  Consultant & Legal Services's post 13/02/2022

စာချုပ်တစ်စောင်ပြုလုပ်ချုပ်ဆိုရာတွင်

11/02/2022

စွန့်လွှတ်စာချူပ် ပြုလုပ်ချူပ်ဆိုသည်မှာ

08/02/2022

အမှုသည်များ သေဆုံးခြင်းအကြောင်း

တရားရုံးများတွင် ပြစ်မှု ( ရာဇဝတ်မှု ) နှင့် တရားမမှုဆိုတဲ့ အမှုများရှိပါသည်။ အမှုသည်ဟုဆိုရာတွင်လည်း တရားမမှုများတွင် တရားလို ( တရားစွဲဆိုသူ / သက်သာခွင့်ရလိုသူ ) နဲ့ တရားပြိုင် ( တရား ပြိုင်ဆိုင်သူ / စွဲဆိုခံရသူ ) တို့ဖြစ်ပါသည်။ ပြစ်မှု ( ရာဇဝတ်မှု ) များတွင်မူ အမှုသည်တွေကိုတော့ တရားလို ( တိုင်တန်းသူ / တရားစွဲဆိုသူ ) နှင့် တရားခံ ( ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခြင်းခံရသူ ) တို့ဖြစ်ကြပါသည်။ ထိုပြစ်မှု ၊ တရားမမှုများတွင် အမှုသည်တွေ သေဆုံးသွားတဲ့အခါ သက်ဆိုင်ရာတရားရုံး၊ ရဲတပ်ဖွဲ့၊ ရှေ့နေရှေ့ရပ်များ ၊ သေဆုံးသူ အမှုသည်ရဲ့ ဆက်ခံသူများက ဘာတွေလုပ်ကြလဲဆိုတာကို ဥပဒေဗဟုသုတအဖြစ်တင်ပြပါမည်။

ပြစ်မှု ( ရာဇဝတ်မှု ) များတွင် တရားခံသေဆုံးခြင်းအကြောင်း

ပြစ်ဒဏ်ထိုက်သင့်တဲ့အမှုတစ်ခုဖြစ်ပွားတယ်။ ကျူးလွန်သူ တရားခံ (စွပ်စွဲခံရသူ) ရှိသည်။ ရဲအရေးပိုင်တဲ့ အမှုအမျိုးအစားဖြစ်သည်။ ( ဥပမာ - လူသတ်မှု ၊ ဓားပြမှု ၊ မူးယစ်ဆေးဝါးသုံးစွဲမှု ၊ လက်ဝယ်တွေ့မှု ) စသည့်အမှုတွေ ဆိုပါစို့ ။

၁။ တရားရုံးသို့ တရားစွဲဆိုခြင်းမပြုမီ တရားခံ သေဆုံးခြင်း။

အမှုဖြစ်ပွားပြီးတဲ့နောက် ကျူးလွန်သူတရားခံကို တရားရုံးသို့ တရားစွဲဆိုတင်ပို့ခြင်း မပြုမီ သေဆုံးသွားတဲ့ ဖြစ်စဉ်တွေရှိပါသည်။

ဥပမာ
(က) သူခိုးဟာ ခိုးရာပါပစ္စည်းနဲ့ တိုက်ပေါ်က ခုန်ချလိုက်တာ မြေကြီးပေါ်ခေါင်းနဲ့ကျပြီး နေရာတွင်သေသွားတယ်။ တရားခံ သူခိုးကို တရားစွဲဆို တင်ပို့ခြင်း မပြုနိုင်တော့ဘူး။

(ခ) အေ ဟာ မိမိဇနီးနဲ့ ကလေးငယ်ကိုသတ်ပြီး ကိုယ့်ကိုယ်ကို သတ်သေလိုက်တယ်။

(ဂ) ဆိုင်ကယ်နှစ်စီး မျက်နှာချင်းဆိုင် တိုက်မိကြတယ်။ ဆိုင်ကယ်မောင်းသူ နှစ်ဦးစလုံး သေသွားတယ်။

(ဃ) အေက ဘီကို အဆိပ်ပါတဲ့အရက်တိုက်တယ်။ ဒါကိုသိသွားလို့ ဘီက အေကို ဓားနဲ့ခုတ်သတ်တယ်။ နှစ်ယောက်စလုံး သေတယ်။
ရဲအရေးပိုင်တဲ့အမှုတွေမှာ တရားခံသေဆုံးသွားပြီးဖြစ်လျှင် အမှုကို တရားရုံးသို့ တရားစွဲဆိုတင်ပို့ခြင်း မပြုတော့ပါ။ သက်ဆိုင်ရာ ရဲတပ်ဖွဲ့၊ ဥပဒေရုံး ၊ အုပ်ချူပ်ရေးအာဏာပိုင်အဆင့်ဆင့်တင်ပြပြီး အမှုပိတ်ပါသည်။
ထူးခြားတဲ့ သံသယဖြစ်ဖွယ်လူသေမှု ၊ သေကြောင်းကြံစည်မှုတွေကိုတော့ ရဲတပ်ဖွဲ့က သေမှုသေခင်း အမှုဖွင့်ပြီး တရားရုံးကိုတင်ပို့ပေးပါတယ်။ တရားရုံးက ပြစ်မှု ဖွင့်လှစ်ပြီး သက်သေများကို စုံစမ်းစစ်ဆေးပါတယ်။ တရားရုံးက စစ်ဆေးပြီးတော့ သေဆုံးခြင်းဟာ သွေးရိုးသားရိုးသေတယ်၊ သဘာဝအလျောက်သေတယ်၊ အခြားသူရဲ့ ပယောဂကြောင့် မဟုတ်ဘဲ သေတယ် အစရှိသဖြင့် ဆုံးဖြတ်ချက်ချရပါတယ်။ ရာဇဝတ်မကင်းတဲ့လူသေမှုမဟုတ်ဘူး၊ အမှုပိတ်ပါလို့ ဆုံးဖြတ်ပြီး ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကို ပြန်ပို့တယ်။ အခြားသူ ပယောဂကြောင့် သေတယ်ဆိုရင် ရဲတပ်ဖွဲ့ကို အကြောင်းပြန်ကြားတယ်။ ဆက်လက်စုံစမ်းအရေးယူတယ်။

၂။ တရားရုံးမှာ အမှုစစ်ဆေးနေဆဲ တရားခံသေဆုံးခြင်း။

စီရင်ချက်မချမှီ ပြစ်မှုက တရားခံသေဆုံးသွားရင် တရားသူကြီးများက မှန်၊ မမှန် စိစစ်၊ စစ်ဆေးတယ်။ သေဆုံးကြောင်းမှန်ကန်ရင် မှတ်ချက်ပြုပြီး အမှုပိတ်ပါတယ်။

တရားလိုသေဆုံးခြင်း။

ပြစ်မှု ( ရာဇဝတ်မှု ) များတွင် ရဲအရေးပိုင်တဲ့အမှုက တရားလိုနဲ့ ရဲအရေးမပိုင်တဲ့အမှုက တရားလိုဟူ၍ နှစ်မျိုးခွဲခြား သုံးကြပါသည်။
ရဲအရေးပိုင်သည့် အမှုများတွင် တရားလို၊ တိုင်တန်းသူသေဆုံးပင်မယ့် နိုင်ငံတော်က အမှုကိုဆက်လက်ပြီး အရေးယူပါတယ်။ တရားခံအပေါ် ဆက်လက် စစ်ဆေးပြီး အပြစ်ရှိ / မရှိ ဆုံးဖြတ်ရပါတယ်။ ပြစ်မှု (ရာဇဝတ်မှု ) များတွင် နိုင်ငံတော်ဟာ အမြဲတမ်း တရားလို ဖြစ်လို့ဖြစ်ပါတယ်။ တရားခံအပေါ် နိုင်ငံတော်က ဆက်လက်ပြီး အရေးယူအပြစ်ပေးပါတယ်။ အမှုမပိတ်ပါ။
ရဲအရေးမပိုင်သည့် အမှုမျိုးတွင် တရားလို၊ တိုင်တန်းသူ သေဆုံးသွားရင် ပုဂ္ဂလိက အမှုများဖြစ်သည့်အတွက် တရားခံကို လွှတ်ပေးပါတယ်။

စာညွှန်း : ယူတီကေ ( ဥပဒေ ဒိုင်ယာရီ )

05/02/2022

"SP (Special Power)အကြောင်းသိကောင်းစရာ"

- SP (Special Power) ဆိုသည်မှာ
နေရပ်လိပ်စာအတိအကျ၊ မြေတိုင်းရပ်ကွက်အမှတ်၊
ဧရိယာအကျယ်အဝန်း၊ အချက်အလက် အသေးစိတ်ကို
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏
အိုးအိမ်ဦးစီးဌာန၊ စာရွက်စာတမ်းမှတ်ပုံတင်ဌာနနှင့် ရုံးဌာနအသီးသီးမှာ
တရားဝင် ငှားရမ်းရန်၊ ပေးကမ်းရန်အတွက် ဆောင်ရွက်နိုင်အောင်ဆိုပြီး
မူလအမည်ပေါက်ပိုင်ရှင်မှ တခြားသူတစ်ယောက်ကို
လွှဲပြောင်းပေးအပ်လိုက်ခြင်း ဖြစ်သည်။

- မူလပိုင်ရှင်၏ SP ရရှိထားသူသည် ပိုင်ရှင်မပါသော်လည်း
မြေအား ဝယ်ခြင်း၊ ရောင်းခြင်း စာချုပ်ချုပ်များ ချုပ်ဆိုရောင်းချနိုင်မည်
ဖြစ်သည်။ အကယ်၍ ဝယ်ယူသူသည် ပိုင်ရှင်ထံမှ SP လက်မှတ်မရှိလျှင်
ထပ်ဆင့်ရောင်းဝယ် ငှားရမ်းမှုများ ပြုလုပ်၍မရပေ။

- SP ကို မြေသီးသန့်အရောင်းအဝယ် ပြုလုပ်ခြင်းအတွက်သာ
ပေးခြင်းဖြစ်သည်။

- SP ကို မူလအမည်ပေါက်ပိုင်ရှင် တစ်ဦးတည်းကသာ ပေးပိုင်ခွင့်ရှိပါသည်။
ဥပမာ- မူလပိုင်ရှင်မှ သူ၏မြေကို မောင်ဖြူကို ရောင်းချရာဝယ်
မူလပိုင်ရှင်မှ မောင်ဖြူအား SP ပေးလိုက်ပါသည်။
မောင်ဖြူမှ ၄င်း SP အားလက်ဝယ်ကိုင်ဆောင်ထားပြီး
အမည်ပေါက်မလျှောက်ထားခဲ့လျှင် မောင်ဖြူမှ တခြားသူတစ်ဦးအား
မြေကို ထပ်မံရောင်းချရာ SP ကို ပေး၍ မရတော့ပေ။

- SP ခွင့်ပြုသက်တမ်းကုန်ဆုံးသည့်အခါ မြေအား အမည်ပေါက်
လျှောက်ထားခွင့် လုံးဝမရှိတော့ပေ။ ထိုအခါ မူလပိုင်ရှင်အမည်ပေါက်လဲ
မရှိတော့သည့်အချိန်မျိုးဖြစ်နေလျှင် တရားစွဲဆိုမှုများ ဖြစ်လာနိုင်သည်။

- SP ကို ယခင်က ခွင့်ပြုသက်တမ်း (၁)နှစ်ပေးခဲ့ပြီး ယခုအခါ
နှစ်အကန့်အသတ်မရှိ ပေးလိုက်ပါသည်။

- သို့သော် မူလပိုင်ရှင် အမည်ပေါက်ဖြစ်သူ သေဆုံးခြင်း၊
အခြားနိုင်ငံသားအဖြစ် ခံယူခြင်း၊ တရားဥပဒေအရ
အကျဉ်းထောင်အတွင်း အပြစ်ပေးခံရခြင်းများ ဖြစ်ပေါ်လာပါက
SP သက်တမ်းမှာ အလိုအလျှောက်
ပျက်ပြယ်သွားမည်ဖြစ်သည်။
ထိုအချိန်မျိုးတွင် SP ကို အသုံးပြုခွင့် မရရှိတော့ပေ။

04/02/2022

☘️မြေအမျိုးအစားများအလိုက် အောက်ပါအတိုင်း သတ်မှတ်ဖော်ပြပါတယ်။☘️
လယ်မြေ = R,M,S
ယာမြေ = Y
ကိုင်းမြေ = K/KA/KY
ဥယျာဉ်မြေ = G/U
ဓနိမြေ = D
အခြားမြေ = OA
အပိုင်ရမြေ/ဘိုးဘွားပိုင်မြေ = O ၊
အချို့အရပ်တွင် = B
မြေပိုင်အခြေအနေရရှိတဲ့(လက်ဝယ်ထားရှိပိုင်ခွင့်ရှိသော) မြေကို = C
အငှားဂရန်မြေ (သို့) ဂရန်မြေ = L
လိုင်စင်မြေ = H
အခွင့်မရဘဲဝင်ရောက်ကျူးကျော်နေထိုင်သည့် squarter = A
မိုးကောင်းလယ်မြေ = R
ပ အတန်းစားမိုးကောင်းလယ်မြေ = R1
ဒု အတန်းစား မိုးကောင်းလယ်မြေ = R2
တ အတန်းစားမိုးကောင်းလယ်မြေ = R3 (အထွက်နှုန်းစပါး ၃၀ အောက်)
စ အတန်းစား မိုးကောင်းလယ်မြေ = R4 (အထွက်နှုန်းစပါး ၂၀ အောက်)
အစိုးရ ဆည်ရေသောက် လယ်မြေ = RG
ပုဂ္ဂလိက ဆည်ရေသောက် လယ်မြေ = RP
မူရင်း သို့မဟုတ် နွေရာသီစိုက်လယ်မြေ = M
ကင်းလွတ်ခွင့်ပြုသည့်လယ်ယာမြေ = က
ဝေငှသည့်လယ်ယာမြေ = ၀
နိုင်ငံတော်အလိုရှိသည့်အတိုင်း သုံးစွဲနိုင်သည့် မြေရိုင်းကို လယ်ယာမြေသုံးစွဲနိုင်သည့်လုပ်ပိုင်ခွင့် သို့မဟုတ် အခြားနည်းဖြင့်သုံးစွဲခွင့်ပြုထားသည့်မြေ = ခ
လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ ပုဒ်မ(၅)အရ သိမ်းယူပြီး၊ ဝေငှခြင်းမပြုနိုင်သဖြင့် ကျန်ရှိသည့်မြေနှင့် နိုင်ငံတော်အစိုးရထံပြန်အပ်မြေများ = ရ
ဒီလောက်ဆို မြေအမျိုးအစားကို
မည်သို့ခေါ်ဝေါ် သုံးစွဲကြောင်း သိနိုင်မည်ဖြစ်ပါသည်။

Photos from MORAL  Consultant & Legal Services's post 27/01/2022

ဂရန်သက်တမ်းတိုးပေးဖို့ကိစ္စနဲ့ပတ်သတ်ပီးအချင်းများရာမှ လမ်းဘေးဓါတ်မီးတိုင်သုံးကြွေသီးနဲ့မသေမချင်းထုရိုက်တဲ့caseရဲ့စီရင်ထုံး

ဖတ်ချင်သူများအတွက်

15/01/2022

" တိုက်ခန်းမ၀ယ်ခင် သိထားသင့်တဲ့ ဆောက်လုပ်ခွင့်(ဘုတ်စိမ်း)စာရွက်နဲ့ ဘီစီစီ(BCC)စာရွက် "

လူတော်တော်များများ တိုက်ခန်း၀ယ်ရင် ဘီစီစီပါလား မေးတတ်ကြပါတယ်..။
ဘီစီစီစာရွက်လည်း ပေးလိုက်ရော ဘီစီစီစာရွက်လို့ မသိကြပြန်ပါဘူး..။
ဘီစီစီစာရွက်ကို ဘီစီစီစာရွက်ပါလို့ ပေးပေမယ့် ဘီစီစီစာရွက်လို့ မသိကြတဲ့သူတွေကြောင့်လည်း အကျိူးဆောင်၊ပွဲစားများ စိတ်ညစ်ရပါတယ်..။

ဘီစီစီကို လူနေထိုင်ခွင့်လို့ လူတွေအလွယ်ပြောပါတယ်..။
အဲဒီတော့ စာရွက်ပေါ်မှာ လူနေထိုင်ခွင့်လို့ ပါနေလိမ့်မယ်လို့ မသိစိတ်က ထင်မှတ်ထားကြပါတယ်..။

ဒါပေမယ့် ဘီစီစီ(BCC) ဆိုတာ Building Completion Certificate ဆိုတဲ့ စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုလွှာကို ခေါ်တာပါ..။
အဆောက်အဦးပြီးစီးကြောင်း တရား၀င်အသိအမှတ်ပြုတာကို မြန်မာအများစုက မြန်မာမှုပြုလိုက်တာမှာ လူနေခွင့်လို့ ဖြစ်သွားပါတယ်..။ သဘောတရားကတော့ အတူတူပါပဲ..။
အဆောက်အဦးဆောက်လုပ်တာ ပြည့်စုံပြီးစီးသွားပါပြီဆိုတော့ လူနေလို့ ရပြီပေါ့..။
လူနေလို့ရပြီလို့ သွယ်ဝိုက်အသိပေးတဲ့ ဘီစီစီစာရွက်ဆိုတာ လူနေခွင့်စာရွက်ပေါ့..။

ဘီစီစီကို လူနေခွင့်လို့ အကြမ်းဖျဉ်းသိထားတဲ့သူတွေက ဘီစီစီစာရွက်လည်းမြင်ရော လူနေခွင့်ပြုသည်ဆိုတဲ့ စာသားမပါလို့ဆိုပြီး ရောင်းတဲ့သူနဲ့ အကျိူးဆောင်တွေကို မယုံမကြည် မေးတတ်ပြန်ပါတယ်..။ ဘီစီစီစာရွက်ဆိုတာ ဘယ်လိုပုံစံမျိူးလဲဆိုတာ ၀ယ်သူက သေချာမသိတာပါ..။
ပြောပြတော့လည်း ယုံရမှာလိုလို..၊ မယုံရမှာလိုလို..၊ အကျိူးဆောင်ပွဲစားတွေကပဲ လိမ်တော့မှာလိုလိုတွေ ဖြစ်ကုန်တတ်ပါတယ်..။

ပိုပြီးဆိုးတာက ဘုတ်စိမ်းလို့အလွယ်ခေါ်တဲ့ ဆောက်လုပ်ခွင့်ပြုမိန့်စာရွက်မှာ လူနေထိုင်ရန်ဆိုတဲ့ စာလုံးကို စာလုံးဆိုဒ်အကြီးနဲ့ မင်ခုံနဲ့ထုပြီး ပါတာကို ဘီစီစီ ထင်တာပါပဲ..။
လူနေထိုင်ရန် ဆိုတဲ့ စာလုံးအကြီးပါတဲ့စာရွက်က ဘုတ်စိမ်းစာရွက်(ဆောက်လုပ်ခွင့်ပြုတဲ့အမိန့်)စာရွက်ပါ..။
လူနေရန် ဆိုတဲ့ စာလုံးကြီးကြီးပါနေတာက လုပ်ငန်းလုပ်ရန်( Commercial) နဲ့ ခွဲခြားသတ်မှတ်ထားတာပါ..။

ဘုတ်စိမ်းစာရွက်ပါရင် တရား၀င်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်တဲ့တိုက်လို့ ဆိုလိုတာပါ..။
တရား၀င်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်လုပ်ပြီးစီးသွားရင် ဘီစီစီလျောက်ရပါတယ်..။
ဘုတ်စိမ်းစာရွက်တစ်ခုနဲ့တင် မပြီးပါဘူး..။ ဘီစီစီစာရွက်ပါ ပါရပါတယ်..။

ဘုတ်စိမ်းစာရွက်(လူနေထိုင်ရန် လို့ ပါတဲ့စာရွက်)ပဲပြနိုင်ရင် တရား၀င် ဆောက်လုပ်ခွင့်နဲ့တော့ ဆောက်ထားတယ်..။
အဆောက်အဦးပြီးစီးကြောင်း စာရွက် ဘီစီစီတော့ တင်မထားဘူးလို့ အဓိပ်ပါယ်ရပါတယ်..။
လှိုင်နဲ့ သင်္ဃန်းကျွန်း တစ်ချို့ရပ်ကွက်တွေမှာ ဘုတ်စိမ်း(ဆောက်လုပ်ခွင့်ပြုမိန့်) စာရွက်ပါပြီး..ဘီစီစီစာရွက်မပါတဲ့တိုက်တွေ တစ်ရပ်ကွက်လုံးနီးပါးရှိတဲ့ ရပ်ကွက်တစ်ချို့ရှိပါတယ်..။

ဘီစီစီစာရွက်ပါရင်တော့ ဘုတ်စိမ်းစာရွက်တောင်းဖို့ မလိုပါဘူး..။
ဘီစီစီဆိုတာ ဘုတ်စိမ်းစာရွက်ရှိမှ ရတဲ့စာရွက်မို့ပါ..။
တောင်ဥက္ကလာရဲ့ ၉၀%သောတိုက်ခန်းတွေက ဘီစီစီပါကြပါတယ်..။ တောင်ဥက္ကလာမှာ တရားမ၀င်ဆောက်တဲ့တိုက်..၊ ဘီစီစီမတင်တဲ့တိုက် မရှိသလောက် နည်းပါတယ်..။(တစ်ချို့တစ်ဝက်တော့ ရှိပါတယ်..။)

၂၀၁၅ နှစ်လယ်ရှေ့ပိုင်းလောက်ထိ တိုက်တွေက မီတာကျပြီး အားလုံးပြီးစီးပြီဆိုမှ ဘီစီစီစာရွက် သပ်သပ်တင်ရတာပါ..။
၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်ဆောက်တဲ့ ကန်ထရိုက် အသေးစားတွေက ဆောက်လုပ်ခွင့်(ဘုတ်စိမ်း)တင်ပြီးဆောက်ရင် မီတာလည်း အလွယ်တကူရတာမို့ ဘီစီစီတင်တာကို အလုပ်ပိုလို့ မြင်ပါတယ်..။
ဒါမို့လို့ ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်တွေမှာ ဘီစီစီစာရွက်မေးလိုက်ရင် လူနေထိုင်ရန်လို့ မင်အပြာနဲ့တုံးထုထားတဲ့ ဘုတ်စိမ်းစာရွက်ကို ဘီစီစီလို့ ပြောပြီးပေးတတ်တာလည်း ကြုံဖူးကြားဖူးပါတယ်..။
(မသိ နားမလည်တာကို အခွင့်အရေးယူတာပါ..။ ဒါမို့လို့ မိမိက သိအောင်လုပ်ထားရပါမယ်..။)

၂၀၁၅ နှစ်လယ်လောက်နောက်ပိုင်းကစလို့ အဆောက်အဦးတွေမှာ ဘီစီစီရမှ မီတာချပေးတော့ပါတယ်..။
အဲဒီတော့မှ ဘယ်ကန်ထရိုက်တိုက်မဆို ဘီစီစီဆိုတာ မတင်မနေရ ဖြစ်ကုန်တာပါ..။
ဘီစီစီကျပြီးတာနဲ့ ဘီစီစီစာရွက်နဲ့ မီတာ ထပ်လျောက်ရပါတယ်..။ ၂၀၁၅ နှစ်လယ်နောက်ပိုင်းကတိုက်တွေတိုင်းမှာ ဘီစီစီစာရွက် ပါပါတယ်..။
(ဘီစီစီကျပြီးမှ မီတာချပေးတော့တာမို့ ဘီစီစီမတင်ပဲ ချိုချိုချောင်ချောင်ဆောက်တဲ့ ၃ထပ်ခွဲနဲ့ ၅ထပ်တိုက်တွေ စျေးမကိုက်တော့လို့ မဆောက်ကြတော့ပါဘူး..။)

တစ်ခါတန်းက တောင်ဥက္ကလာမှာ တိုက်ခန်းတစ်ခန်းရောင်းပေးတော့ စာရွက်စာတမ်းကို ရှေ့နေနဲ့စစ်တာကို အဆောက်အဦးပြီးစီးကြောင်း စာရွက်ပဲပါပြီး လူနေထိုင်ရန် ဆိုတဲ့ လူနေထိုင်ခွင့် ဘီစီစီစာရွက် လိုသေးတယ်လို့ အပြောခံရပါတယ်..။
(စိတ်ကို တော်တော်လေသွားပါတယ်..။)

**အိမ်ခြံမြေ နဲ့ပက်သက်တဲ့ရှေ့နေကအဆင်ပြေဆုံးဖြစ်ပါတယ်။

ဘီစီစီရဲ့ အင်္ဂလိပ်အရှည်က Building Completion Certificate မို့ ဘီစီစီဆိုတာ လူနေထိုင်ခွင့်လို့ ရေးထားတဲ့ စာရွက်မဟုတ်ပဲ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုစာရွက်သာဖြစ်ကြောင်း အထောက်အထားခိုင်လုံစွာနဲ့ ရှင်းပြမှ လက်ခံသွားပါတော့တယ်..။

တိုက်ခန်းမ၀ယ်ခင် ဒီစာကို အသေးစိပ် နားလည်အောင်ဖတ်သွားရင် အကျိူးရှိပါတယ်..။ မိမိနဲ့ တိုက်ခန်း၀ယ်ဖို့ရှိနေတဲ့ မိတ်ဆွေတွေကို ဒီပို့စ်ကို အဆင့်ဆင့်လက်ဆင့်ကမ်းပေးခြင်းဖြင့် မိမိစိတ်ထဲမှ မရှင်းလင်းမှုကို ချေဖျက်နိုင်ကြပါစေ..။

Credit to copy.

Photos from MORAL  Consultant & Legal Services's post 14/01/2022
14/01/2022

(၁) ဘာသာပြန် Notary များ၊
(၂) GP၊ SP၊ ကိုယ်စားလှယ်လွှဲစာများ၊
(၃) လက်ထပ်၊ ကျမ်းကျိန်များ၊
(၄) အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း နှစ်ဦးသဘောတူစာချုပ်များကို ဥပ‌ဒေနှင့်အညီချုပ်ဆိုပေးခြင်း၊
(၅) စာချုပ်စာတမ်း မှတ်ပုံတင်ခြင်းများ၊
(၆) အိမ်ဂရန် အမည်ပေါက် လုပ်ဆောင်ပေးခြင်း၊
(၇) ဥပဒေနှင့်ပတ်သက်သောကိစ္စများ တိုင်ပင်ဆွေးနွေးခြင်း၊
(၈) ပြစ်မှု၊ တရာမမှုများ ရှေ့နေလိုက်ပါဆောင်ရွက်ပေးခြင်း။
--------------------------------------------

ပြည်ပနိုင်ငံများသို့သွားရောက်လိုသူများအတွက်ရုံးတွင်ဗီဇာ
ဝင်ရန်လိုအပ်သောစာရွက်စာတမ်းများနှင်မိမိတို့သားသမီးများပြည်ပနိုင်ငံများတွင်ပညာသင်ကြားနိုင်ရန်အတွက်ကျောင်းလျှောက်ရာတွင်လိုအပ်သောစာရွက်စာတမ်းများ
×××××××××××××××××××
-မှတ်ပုံတင်၊အိမ်ထောင်စုစာရင်း၊မွေးစာရင်းတို့ကို(NOTARYဘာသာပြန်)

-ရပ်ကွက်ထောက်ခံစာ၊ရဲစခန်းထောက်ခံစာတို့ကို( NOTARYဘာသာပြန်)

-၁၀တန်းအောင်လက်မှတ်၊၁၀တန်းအမှတ်ရင်းတို့ကို(NOTARYဘာသာပြန်)

-ဘွဲ့လက်မှတ်၊တက္ကသိုလ်အမှတ်စာရင်းတို့ကို(NOTARYဘာသာပြန်)

-တက္ကသိုလ်ထောက်ခံစာ(NOTARYဘာသာပြန်)

-တရားရုံးကျမ်းကျိန်လွှာအမျိူးမျိူး

-လက်ထပ်စာချူပ်၊ကွာရှင်းစာချူပ်၊မွေးစားစာချူပ်

-ပိုင်ဆိုင်မှုအထောက်အထားများစသည်တို့ကိုNOTARYဘာသာပြန်လက်မှတ်ရေးထိုးပေးခြင်း။

-General power, Special Power
စသည့်ကိုယ်စားလှယ်လွဲစာတို့ကိုNOTARYလက်မှတ်ရေးထိုးပေးခြင်း၊

-တရားဝင်ထိမ်းမြားလက်ထပ်လိုသူမင်္ဂလာမောင်မယ်များအတွက်လည်းလက်ထပ်စာချူပ်မှစပြီးတရားရုံးလက်မှတ်ရေးထိုးပြီးစီးသည်အထိကူညီဆောင်ရွက်ပေးပါသည်။

Website