Micro Green farm Myanmar

Micro Green farm Myanmar

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Micro Green farm Myanmar, Health/Beauty, .

05/10/2021
Photos from Micro Green farm Myanmar's post 11/01/2021

Hydro Micro Green farmစမ်းသပ်မှု့

ဒီနေ့ကတော့ ၅ရက်မြောက်နေ့လေးပါ။

ပဲစေ့‌ဗန်းလေးက အညှောင့် အစို့တွေနဲ့အတော်ကိုစည်ကားနေပါပြီ။

ဒီနေရာမှာ သတိထားမိတာက သုံးထားတဲ့ ပျိုးဗန်းပါ။

ကျနော်ဒီစမ်းသပ်မှုလေးမှာ ပျိုးဗန်းကို အဖုံးပါနဲ့ အဖုံးမပါတာဆိုပြီး နှစ်မျိုးစမ်းသပ်ခဲ့တာပါ။

အဖုံးနဲ့ပျိုးဗန်းရဲ့အားသာချက်က အပင်ပေါက်လွယ်တယ်။ ရေငွေ့ကိုထိန်းထားပေးနိုင်တယ်။ အားနည်းချက်က လေမဝင်တာကြောင့် အပင်ပေါက်တွေ ပုပ်နိုင်ချေများပါတယ်။ တကယ်လဲပုတ်တာတွေဖြစ်ခဲ့ပါတယ်။

‌အဖုံးမပါသော ပျိုးဗန်းလေးရဲ့ အားနည်းချက်က အပင်ပေါက်တာနောက်ကျပါတယ်၊ ရေငွေ့ကိုကြာရှည်မထိန်းထားနိုင်ပါဘူး။ အားသာချက်ကတော့ လေဝင်တာမို့ အပင်ပုပ်တာမျိုး မဖြစ်စေပါဘူးခင်ဗျာ။

နောက်ရက်မှာလဲ အခြေအနေလေးတွေကို ဆက်လက်တင်ပြပေးသွားပါ့မယ်ခင်ဗျာ။

Photos from Micro Green farm Myanmar's post 10/01/2021

သန်ထွားလှသော အပင်အမြစ်လေးများ
~~~~~~~~~~~~~~~~~~~~~~~~

Hydro Micro Green farm စမ်းသပ်မှုရဲ့ ၄ရက်မြောက်မြင်ကွင်းလေးပါ။

အပင်ရွက်ညှောင့်လေးတွေထွက်ပြီး ရေသောက်မြစ်တို့ ရှည်လျားစွာစတင်ဖွံ့ဖြိုးနေကြပါပြီ။

ဒီချိန်မှာ အကြီးမားဆုံးအန္တရာယ်က အစေ့ခွံနဲ့ရေ ဓာတ်ပြုပြီး အချဉ်ပေါက်ခြင်းကြောင့် အပင်တွေပုတ်သွားတတ်ပါတယ်။

ဒါကြောင့် မနက်တစ်ကြိမ် ညတစ်ကြိမ်ရေလဲ ပေးရပါတယ်။

နောက်နေ့တွေမှာလဲ ဖြစ်ထွန်းမှုလေးတွေကို ဆက်လက်တင်ပြပေးသွားပါ့မယ်။

Hydro Micro Green farm အပိုင်းများ👇

အပိုင်း(၁)
https://m.facebook.com/story.php?story_fbid=148941477000960&id=101132601781848

အပိုင်း(၂)
https://m.facebook.com/story.php?story_fbid=149609553600819&id=101132601781848

Photos from Micro Green farm Myanmar's post 10/01/2021

မြေမဲ့စိုက်နည်းတွေထဲက Hydro Micro Green farm

ဒီစမ်းသပ်မှုလေးရဲ့ တတိယနေ့ပါ။

တတိယနေမှာတော့ အမြစ်လေးတွေထွက်လာတာကိုတွေ့မြင်နေရပါပြီ။

ဒီအဆင့်ကတော့အရမ်းကြီးခက်ခဲတယ်လို့ မဆိုနိုင်ပါဘူး

တစ်ညရေစိမ်ထားပြီး နောက်နေ့မနက် ရေစင်အောင်ဆေးပြီး အရိပ် စိုက်ခွက်ထဲပြန်ထည့်ထားရုံပါပဲ။ တစ်ခုတော့ သတိရတယ် ရေမသန့်တော့ရင်တော့ အမြစ်လေးတွေယိပြီး ပုပ်တတ်ပါတယ်။ သုံးထား‌တဲ့ရေဟောင်းက အချဉ်ပေါက်သွားလို့ပါ။

‌နေ့ထပ်ရက်တွေမှာတော့ ရေဘယ်လိုပေးရမယ်၊ အပင်ပေါက်တွေ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့ အတွေ့အကြုံလေးတွေ မျှဝေပေးသွားပါ့မယ်။

ကျနော်သုံးထားတဲ့ စိုက်ခွက်လေးတွေကတော့ ပုံစံနှစ်မျိုးပါ။

၁ # အဖုံး+အောက်ခံရေခွက်+စိုက်ဇကာ

၂ # စိုက်ပျိုးရေစက္ကူ+ အောက်ခံရေခွက်+စိုက်ဇကာ

ဆိုပြီး ပုံစံနှစ်မျိုးသုံးထားပေးပါတယ်။

ဒီနှစ်ခုရဲ့ အားနည်းချက်အားသာချက်တွေကို နောက်ထပ် အပိုင်းတွေမှာ အတွေ့အကြုံတွေပေါင်းစပ်ပြီး ပြောပြပေးသွားပါ့မယ်။

(Hydro Micro Green farmပုံ‌စံလေးက အပင်ပေါက်စိမ်းစိမ်းလေးတွေ စားဖို့ရည်ရွယ်ချက်ပါ၊ အပင်ကြီးအောင်ထားပြီး စိုက်တဲ့ရည်ရွယ်ချက်မဟုတ်ပါဘူးခင်ဗျာ)

ကျနော်ရဲ့" အိမ်တွင်း သဘာဝသီးနှံလေးတွေ စိုက်ကြမယ် " pageလေးကနေ ဖော်ပြပေးထားတဲ့ အကြောင်းအရာလေးတွေကို သဘောကျတယ်ဆိုရင်တော့ Pageလေးထဲကို‌ဝင်ရောက်ပြီး Shareပေးကြပါနော်။ တစ်ဆင့်ရှယ်တယ်ဆိုရင် မူရင်းပို့စ်လေးကို မမြင်ရလို့ ပြန်ရှာနေရမှာစိုးလို့ပါနော်။

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။

အိမ်မှာ ကိုယ်စိုက်ထားတာလေးကို မျှဝေကြမယ်၊ အကြံဉာဏ်တောင်းကြမယ်ဆိုရင် အောက်ကLinkလေးကို ဝင်ပြီး ပျော်စရာပီတိတွေမျှဝေကြပါနော်😃

https://m.facebook.com/groups/343876726948240/permalink/405236534145592/

Photos from Micro Green farm Myanmar's post 10/01/2021

မြေမလိုပဲ ရေနှင့်စိုက်ဖို့ ပြင်ဆင်မှုလေး

ဒီလိုအနေအထားကတော့ Micro Green အတွက်ရည်ရွယ်တာပါ။

နေရာအများကြီးမလိုပဲ အလင်း‌‌ေရာင်ရတဲ့ စင်လေးပေါ်မှာ အဆင့်လိုက်တင်ထားယုံပါပဲ။

အဟာရပြည့်ဝတဲ့ အပင်ပေါက်လေးတွေရရှိပြီး ကျန်းမာရေးအတွက် သင့်တော်တာပေါ့ ။

Website