Ohgyia Cheese
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ohgyia Cheese, Food Delivery Service, .
" ကလေးလေးက ဝဝဖြိုးဖြိုးလေးနဲ့ ဉာဏ်ကလည်း ကောင်းလိုက်တာ ... " လို့များ မိတ်ဆွေတွေက ပြောကြရင် မေမေတို့ ပီတိဖြစ်ရတယ် မဟုတ်လား....?
ဒီလို ချီးကျူးစကားကြားရဖို့ဆိုတာ ဘေဘီလေးတို့အတွက် မေမေတို့ နေ့စဉ်ကျွေးပေးနေတဲ့ ဖြည့်စွက်အာဟာရဟာ သိပ်ကို အရေးပါပါတယ်နော်။
❇️ ကလေးငယ်များရဲ့ ဖြည့်စွက်အာဟာရအတွက် အထူးထုတ်လုပ်ထားပြီး ဂျပန်နိုင်ငံရဲ့ No.1 အကောင်းဆုံး Premium Baby Food ဖြစ်တဲ့ အိုဂိယ ဂျပန်ချိစ့်လေးက မေမေတို့ရဲ့ ဘေဘီလေးများအတွက် ရွေးချယ်မှု လုံးဝမမှားတဲ့ အာဟာရပြည့် ဖြည့်စွက်စာ ဖြစ်စေမှာပါ။
🧀 အိုဂိယဂျပန်ချိစ့်မှာ Calcium, Vitamin, Protein, Omega 3 fatty, DHA နဲ့ Antioxidants တို့ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ဘေဘီတို့ စားရလွယ်ကူစေဖို့ တစ်ခါစား အချောင်းငယ်ပုံစံနဲ့ ထုတ်ပိုးထားတဲ့ စိမ့်သက်သက်အရသာ အာဟာရပြည့်ချိစ့်လေးပါရှင်။
ဒါကြောင့် ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာဖွံ့ဖြိုးမယ့် သင့်ကလေးငယ်ရဲ့ အနာဂတ်ကို အိုဂိယချိစ့် လေးနဲ့အတူ တည်ဆောက်လိုက်ပါ မေမေတို့ရေ...
"🧀ချိစ်လေးကို ဘယ်အရွယ်မှာစတင်ကျွေးရမလဲ"
👨👩👧မေမေဖေဖေတို့တွေက ဘေဘီလေးတွေကို ကိုယ်ခန္ဓာကြံ့ခိုင်ဖွံ့ဖြိုးဖို့ ဥာဏ်ရည်ထက်မြက်ဖို့အတွက်ကို ၄လအရွယ်ကျော်လောက်ကတည်းက ဖြည့်စွက်စာစကျွေးဖို့ကို စဥ်းစားတွေးတောနေပီဖြစ်ပါတယ်။ ၆ လ အရွယ်ကစလို့ ဖြည့်စွက်စာလေးတွေစကျွေးဖို့ ရွေးချယ်မှုကိုပြုလုပ်နေကြပါပီ။
မင်မင်တို့ရဲ့ Ohgiya Cheese လေးဟာ ဘေဘီလေးတွေအတွက်အဓိကထားထုတ်လုပ်ထားတာဖြစ်ပီး သဘာဝနွားနို့တစ်မျိုးကိုသာ အသုံးပြုထားတာဖြစ်ပါတယ်။သကြားပါဝင်မှုနှုန်းနည်းပီး သဘာဝနွားနို့အရသာအတိုင်း ကလေးများရဲ့ကျန်းမာရေးနဲ့ညီညွတ်မှုရှိအောင် ထုတ်လုပ်ထားပါတယ်။
🔹၆လပြည့်ပီဆိုတာနဲ့ စားလို့ရပေမယ့် ကလေးငယ်ရဲ့ first food ဖြစ်တာကြောင့် အခြားဖြည့်စွက်စာလေးတွေကျွေးနေပီဆိုမှ ချိစ်လေးကိုကျွေးဖို့ရွေးချယ်ပါနော် 🐮🥛🧀နို့ထွက်ပစ္စည်းတွေကို ကလေးငယ်လေးတွေရဲ့ အစာအိမ်က လက်မခံနိုင်သေးတဲ့အခါ အစာမကျေဖြစ်တတ်ပီး အော့အန်တာမျိုးတွေဖြစ်တတ်ပါတယ်။(၈လအရွယ်မှ စကျွေးရင်တော့ ပိုသင့်တော်ပါတယ်😊)
ဘေဘီလေးကို ချိစ်ကျွေးခြင်းက အာဟာရလည်းပြည့်သလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။Ohgiya Cheese လေးမှာဆိုရင် ကယ်လ်ဆီယမ်ပါဝင်တာကြောင့် အရိုးနဲ့သွားတွေ သန်မာစေတဲ့အပြင် ပရိုတင်း နဲ့ဗီတာမင် D ကခန္ဓာကိုယ် အကောင်းဆုံး ကြီးထွားဖွံ့ဖြိုးစေမှာပါ။
ပရိုတင်းဓာတ်များနဲ့ ကယ်လိုရီတွေကြောင့် ဘေဘီလေးတို့ရဲ့ကိုယ်ခံအားကို ကောင်းမွန်စေပီး အားအင်ကိုပြည့်ဝစေမှာပါ💯💯💯
"အကောင်းဆုံးဖြည့်စွက်စာအစားအစာထဲက ပထမ Ohgiya 🧀🧀🧀"
" We are sorry for the price change 🙏🙏 "
📣 အိုဂိယ ဂျပန်ချိစ့်ကို အစဉ်အမြဲ အားပေးခဲ့ကြတဲ့ မိတ်ဟောင်း၊ မိတ်သစ်၊ ကိုယ်စားလှယ်ကြီးများကို အသိပေးတောင်းပန်ပါရစေရှင့် 🙏
❇️ အခုကာလမှာ မင်မင်တို့ Royal Customers တို့အတွက် အိုဂိယဂျပန်ချိစ့် ဈေးနှုန်းကို အတတ်နိုင်ဆုံး လုံးဝမတက်ချင်ခဲ့ပေမယ့် .....
- မြင့်မားလာတဲ့ US Dollar Exchange Rate
- သယ်ယူပို့ဆောင်ရေး စရိတ်တွေကြောင့်
" Ohgiya Japan Cheese 🧀 " လေးကို မူလဈေး
ဗူးကြီး 15000 ks မှ ယခုဈေး 15500 ks
ဗူးသေး 3800 ks မှ ယခုဈေး 4200 ks သို့ ဈေးနှုန်း ပြောင်းလဲသတ်မှတ်လိုက်ရပါတယ်ရှင့် 🧀
❇️ ဒါကြောင့် မင်မင်တို့ရဲ့ ချစ်ရပါသော လက်လီ၊ လက်ကား ဝယ်ယူအားပေးသူများကို အရမ်းအားနာရသလို မင်မင်တို့ရဲ့ အခက်အခဲတွေကိုလည်း နားလည်ပေးမယ်လို့ မျှော်လင့်မိပါတယ်ရှင် ဆက်လက်ပြီးလဲ အားပေးကြပါဦးရှင့် ❤️
❇️ အစဉ်အမြဲ အားပေးကြတဲ့ မိတ်သစ်၊ မိတ်ဟောင်း၊ ကိုယ်စားလှယ်ကြီးများလည်း ရောဂါဘယကင်းဝေးပြီး စီးပွားလာဘ်လာဘ တိုးပွားစေဖို့ မင်မင်တို့ OHGIYA မိသားစုက ဆုမွန်ကောင်း တောင်းပေးပါတယ်ရှင့် 🙏🙏
👶 အစားကျွေးတဲ့အချိန်တိုင်း ကျွေးရခက်လွန်းတဲ့ ကလေးငယ်လေးတွေ အလွယ်တကူ အစားစားစေဖို့ဆိုတာ သူတို့အကြိုက် အရသာရှိတာလေးတွေနဲ့ ကျွေးပေးဖို့လည်း လိုပါသေးတယ်။
🧀ကလေးငယ်လေးတွေရဲ့ အစားစားချင်စိတ်ကိုမြင့်တင်ပေးနိုင်ပြီး အာဟာရဓာတ်ပြည့်ဝတဲ့ ကလေးများအကြိုက်ဆုံး Ohgiya Japan Cheese လေးကို သတိရလိုက်ပါနော်😉
🧀 Ohgiya Japan Cheese မှာ ရင်သွေးငယ်လေးကို အရိုးအဆစ်သန်မာစေတဲ့ Calcium၊ Cod fish ငါးပါဝင်လို့ ကလေးငယ်မှာ လိုအပ်တဲ့ ငါးကြီးဆီ၊ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုနဲ့ ကြီးထွားမှုမှာလိုအပ်တဲ့ Protein၊ ဦးနှောက်ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် DHA အပြင် ကလေးငယ်တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ Vitamin နဲ့ Antioxidants ကြွယ်ဝစွာပါဝင်တာကြောင့် ဖြည့်စွက်စာ စကျွေးရမယ့် ကလေးငယ်တွေအတွက် အကောင်းဆုံးဖြည့်စွက်အာဟာရမုန့်ဖြစ်စေမှာပါ။
ဒါကြောင့် မေမေတို့အနေနဲ့ ဖြည့်စွက်စာစကျွေးတဲ့အရွယ်မှာ ရင်သွေးငယ်လေးကိုအာဟာရပြည့်ဝတဲ့ ချိစ့်လေးစကျွေးကြည့်ချင်တဲ့အခါ Ohgiya Japan Cheese လေးကို စိတ်ချယုံကြည်စွာနဲ့ ရွေးချယ် ကျွေးပေးလို့ရပါတယ်။ မြန်မာနိုင်ငံ FDA လည်းရထားသလို ကမ္ဘာ့ စားသောက်ကုန် အရည်အသွေး ISO 22000 ပါရထားပြီး Food Safety ပိုင်းစိတ်ချယုံကြည်ရတဲ့ ဂျပန်နိုင်ငံထုတ် Ohgiya Japan Cheese လေးကိုသာ မေမေတို့ ရွေးချယ်ဝယ်ယူလိုက်ပါ။
မိုးရာသီကာလမှာ ကလေးငယ်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဘာတွေကျွေးပေးရမလဲ ...??
မိုးရာသီကာလက ကလေးငယ်တွေကိုအထူးဂရုစိုက်ပေးသင့်တဲ့ ကာလပါ။ မိုးရာသီမှာ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးအပြင် အရေပြားရောဂါတွေဟာ ကလေးငယ်တွေမှာ အဖြစ်များပါတယ်။ ဒါကြောင့် မေမေတို့အနေနဲ့ ဘေဘီလေးတွေကို ကိုယ်ခံအား ကောင်းမွန်အောင် ကျွေးမွေးပေးဖို့ လိုအပ်ပါတယ်။
ကဆလးငယ်တွေကို မိုးတွင်းကာလမှာ ကျန်းမာရေးကောင်းစေဖို့က မေမေတို့မှာ အထူးတာဝန်ရှိပါတယ်နော်။ မေမေတိုင်းကတော့ ကလေးငယ်တွေ ကိုယ်ခံ အားကောင်းမွန်စေဖို့ အာဟာရပြည့်ဝအောင် ကျွေးချင်ကြသူချည်းပါ။ ဒါကြောင့် မိုးရာသီမှာ ကလေးကို ကျန်းမာအောင် ဘာတွေ ကျွေးပေးရမလဲဆိုတာ ပြောပြပေးပါမယ်နော်။
(1) ရာသီပေါ် သစ်သီးဝလံများ
ခုလို မိုးရာသီကာလမှာဆို နာနတ်သီး၊ သရက်သီး၊ ကြက်မောက်သီး စတဲ့အသီးအနှံလေးတွေ ပေါ်တတ်ပြီး ကလေးများ အကြိုက်တွေ့တတ်ကြပါတယ်နော် ဒီရာသီပေါ်အသီးအနှံတွေမှာ Vitamin C ကြွယ်ဝပြီး Antioxidants ကြွယ်လို့ ကလေးငယ်ကို ကိုယ်ခံအား ကောင်းစေပြီး ဖျားနားခြင်းကင်းစေပါတယ်။ တန်ဆေး လွန်ဘေးမို့ အများကြီးမကျွေးပါနဲ့နော်။
(2) ပဲအမျိုးမျိုး
ပဲတွေဟာ ကလေးငယ်တွေနဲ့ ခန္ဓာကိုယ်ကြီးထွားမှုနဲ့ ကျနခးမာကြံခိုင်စေဖို့ များစွာအထောက်အကူဖြစ်စေတဲ့ အစားအစာတစ်မျိုးပါ။ ပဲအမျိုးမျိုးတွေကို ကလေးငယ်များရဲ့ နေ့စဉ်အာဟာရမှာ ထည့်ကျွေးမယ်ဆို ခုလိုမိုးရာသီမှာဖြစ်တတ်တဲ့ ရာသီတုပ်ကွေးလို ရောဂါမျိုးကပါ ကာကွယ်ပေးနိုင်ပါတယ်။
(3) စွပ်ပြုတ်
အသားစွပ်ပြုတ်လေးတွေက ကလေးငယ်လေးတွေ အကြိုက်ဆုံး အစားအစာပါ။ မိုးရာသီမှာဆို မိုးအေးနေချိန် စွပ်ပြုတ်ပူပူလေးက ဘေဘီလေးတွေကို ထမင်းစားမြိန်စေမှာပါ။ အသား၊ ငါးစွပ်ပြုတ်လေးတွေမှာ ပရိုတင်းဓာတ်ကြွယ်ဝစွာပါလို့ အာဟာရဖြစ်စေပြီး ကိုယ်ခံအားကောင်းစေပါတယ်။
(4) အစေ့အဆံ အမျိုးမျိုး
အစေ့အဆံအမျိုးမျိုးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါလို့ ကလေးများနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို အကျိုးပြုစေလို့ မိုးရာသီမှာ ကလေးငယ်တွေကို အစာမကြေဖြစ်ခြင်းက ကင်းဝေးစေမှာပါ။ အစေ့၊ အဆံတွေ ကျွေးတဲ့အခါ လူကြီးတွေက ကလေးငယ်ကို ဂရုစိုက် ကျွေးပေးဖို့ လိုပါတယ်နော်။
ခုလိုမိုးရာသီမှာ အထက်မှာပြောပြပေးထားတာတွေကို အထူးဂရုစိုက် ကျွေးပေးသင့်ပေမယ့် ဘေဘီတို့ကို အာဟာရပြည့်ဝပြီး ကျန်းမာသွက်လက်ဉာဏ်ထက်မြက်စေဖို့ Ohgiya Japan Cheese လေးကိုတော့ နေ့စဉ်ကျွေးပေးသင့်တယ်နော် မေမေတို့ရေ...
Phone: 09 956534775