Architecture in Urbanism by Taryar
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Architecture in Urbanism by Taryar, Architectural Designer, .
Urban Book
အခန်း (၅)
ဒီအပတ်အတွက် တင်ဖြစ်တာပါ
ဒါနဲ့ဆို အခန်း (၄) ရှိပါပြီ..
Article တွေကို ဖတ်ရတာ
ရှင်းရှင်းလင်းလင်းရှိပါရဲ့လားရှင်
ဒီစာအုပ်ကို ရေးရတဲ့အကြောင်းအရင်းက
Urban ကို အခုမှ စလေ့လာတဲ့သူတွေအတွက်
Keywords တွေ concept တွေ
Basic အချက်အလက်တွေကို နားလည်စေချင်လို့ပါ
အခန်း ၄ အထိပဲ ရေးတာပြီးသေးတာမို့
ထပ်ရေးမယ့် အခန်းတွေ ရှိပါသေးတယ်။
ဒါကြောင့် Feedback တကယ်လိုအပ်ပါတယ်။
Urban လက်ရှိ လေ့လာနေတဲ့ သူတွေထဲကဖြစ်ဖြစ်
စိတ်ဝင်စားတဲ့သူတွေထဲကဖြစ်ဖြစ်
သိချင်တဲ့ / ရေးပေးစေချင်တဲ့
Article အပိုင်းအစများ ရှိရင် ပြောပေးစေလိုပါတယ်။
Week 3...
Week 2
စက်ကြောင့် မြန်မာ Font error တော့ရှိနေတယ်။
အကြံပေးပေးပါဦးနော်
တစ်ပတ်ကို တစ်ပိုင်း တင်ဖြစ်သွားပါမယ်။
Forensic Architecture
မှုခင်းဆိုင်ရာစုံစမ်းခြင်း ဗိသုကာ
……..
လူသတ်မှုဖြစ်ဖြစ် မုဒိမ်းမှုဖြစ်ဖြစ်စတဲ့
မှုခင်းတွေကို သက်သေတွေကို စစ်ဆေးတဲ့အခါကျရင်
Forensic လုပ်တယ်လို့ ခေါ်ပါတယ်
ရဲ/စုံထောက်/ မှုခင်းရုပ်ရှင်တွေကို ကြည့်ရင် သိနိုင်ပါလိမ့်မယ်
အပေါ်မှာ ပြောပြခဲ့တဲ့ အမှုအခင်းတွေကို ဖော်ထုတ်တဲ့အခါ
Forensic လုပ်တဲ့အခါ ဇီဝဗေဒဆိုင်ရာ/ ဆေးပညာသိပ္ပံတွေ
သုတနဲ့ နည်းပညာဆိုင်ရာ (IT Forensic) တွေက လုပ်လေ့ရှိပါတယ်
….
ဒါဆို Architecture ကရော Forensic က ဘာကြောင့်လဲ
Architecture ကြောင့် အမှုအခင်းရှိနိုင်လား
…..
တံတားကျိုးတယ်
အဆောက်အဦးပြိုတယ်ဆိုရင်
ဒါဟာ အင်ဂျင်နီယာကြောင့် (သို့မဟုတ်)
တည်ဆောက်သူ Quality မမှီတာကြောင့် ဖြစ်နိုင်ပါတယ်
….
ဒီဇိုင်းဖန်တီးတဲ့ ဗိသုကာတွေမှာရော
ဖြစ်နိုင်တဲ့အပြစ်တွေမရှိနိုင်ဘူးလားဆိုတော့
ရှိနိုင်ပါတယ်။
ဒီနေ့ခေတ်မှာ Forensic Architecture ဟာ ခေတ်စားလာပြီး
Forensic Architecture နဲ့ ပတ်သတ်တဲ့ Firm တွေရှိလာသလို
တက္ကသိုလ်တွေမှာလည်း Research Department သီးသန့်အနေနဲ့’
ထွက်ပေါ်လာတာမျိုးတွေ တွေ့နိုင်ပါတယ်
…..
ဗိသုကာကြောင့် ဘယ်လို ပြဿနာတွေဖြစ်နိုင်သလဲ?
…
လူအများစုဟာ Architecture ဟာ
လွယ်ကူတဲ့ ဘာသာရပ်လို့ ထင်ကြေးပေးကြပါတယ်
AutoCAD လေးတက်မယ်/ ကွန်ပျူတာနဲ့ဆွဲမယ်
ဒီဇိုင်းလှလှလေးဖန်တီးနိုင်တယ်ဆိုတာနဲ့
Architect ဖြစ်နိုင်ကြပြီထင်ကြပါတယ်
…..
Architecture Fail ကြောင့်
လူ့အသက်များစွာကိုလည်း ဆုံးရှုံးနိုင်ပါတယ်
….
Architecture Fail နဲ့ ပတ်သတ်လို့
နာမည်အကြီးဆုံးနဲ့ လူ့အသက်များစွာဆုံးရှုံးခဲ့ရတဲ့
Case 2 ခုကို ပြောပါဆိုရင်
၂၀၁၇ ခုနှစ်က Grenfell Tower မီးလောင်မှုနဲ့
၂၀၂၀ ခုနှစ်က Beirut Port Explosion တွေပါ..
….
Grenfell Tower မီးလောင်မှုမှာ
Facade Design Fail တာကြောင့်
Chimney Effect ဖြစ်ပြီး မိနစ်ပိုင်းအတွင်း
Tower တစ်ခုလုံး မီးကူးခဲ့တာကြောင့်
လူ ၇၂ ဦး သေဆုံးခဲ့တာပါ
https://forensic-architecture.org/investigation/the-grenfell-tower-fire
(investigation လုပ်ထားတဲ့ Video File)
…
အလားတူ Case တွေလည်း တစ်ကမ္ဘာလုံးမှာ
ဖြစ်တာမျိုးတွေရှိပါတယ်။
….
Beirut Port Explosion မှာတော့
သိုလှောင်တဲ့ကုန်နဲ့ သိုလှောင်တဲ့နေရာ
ကိုက်ညီမှုမရှိတာကြောင့် ပေါက်ကွဲမှုဖြစ်ခဲ့ရပြီး
လူ ၂၁၈ ဦး သေဆုံးခဲ့ပြီး
လူ ၇၀၀၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး
မြို့ရဲ့ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ရပါတယ်
https://www.youtube.com/watch?v=-mQ60wNgKrQ&t=16s
(Investigate လုပ်ထားတဲ့ Video file)
….
Forensic Architecture ကတော့
ဒီလိုမျိုး မီးလောင်မှုပဲ ဖြစ်ဖြစ်
ပေါက်ကွဲမှုပဲ ဖြစ်ဖြစ် ကြုံရတဲ့အခါ
Case Investigation လုပ်ပေးတာပဲ ဖြစ်ပါတယ်
အောက်မှာဖော်ပြထားတဲ့ Link မှာ လေ့လာလို့ရပါတယ်
https://forensic-architecture.org
Youtube Channel လည်း ရှိပါတယ်
….
သူတို့ လုပ်ထားတဲ့ Research မှာ
မြန်မာနိုင်ငံက ရွှေပြည်သာ စစ်ကြောရေးအကြောင်းတောင်
ပါပါသေးတယ်...
https://forensic-architecture.org/investigation/torture-and-detention-in-myanmar
(investigate လုပ်ထားတဲ့ file)
….
Forensic Architecture မှာ
Social/ Political/ Environmental ကြောင့်
Suffer ဖြစ်ရတာနဲ့ Architecture ချိတ်ဆက်မှုတွေကိုလည်း
လေ့လာမှုတွေပါဝင်ပါတယ်
….
Forensic Architecture ကို လေ့လာပြီး
ကျွန်မတို့ ဘာရနိုင်မလဲ..
ကျွန်မတို့ Architect အားလုံးနဲ့ ဆိုင်လား?
….
ကျွန်မတို့ ဗိသုကာ အလုပ်လုပ်မယ့်သူအားလုံးနဲ့
သက်ဆိုင်ပါတယ်..
နောင်အမှားတွေမဖြစ်ရလေအောင်
သတိထားမိပြီး
ဒီဇိုင်းတစ်ခုကြောင့် လူ့အသက်တွေမသေနိုင်အောင်ပေါ့
….
ဒီဇိုင်နာအမှားကြောင့်
မကြာခဏကြုံရနိုင်တဲ့ ယာဉ်တိုက်မှုတွေ
ဒီဇိုင်နာအမှားကြောင့်
မီးလောင်မှုမှာ ပိတ်မိနေတာတွေ
ဒီဇိုင်နာအမှားကြောင့်
ကျန်းမာရေးထိခိုက်မှုရှိတာတွေ
ဒီဇိုင်နာအမှားကြောင့်
စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုရှိတာတွေ
စတဲ့စတဲ့ ပြဿနာတွေ အများကြီးပေါ့
….
ဗိသုကာတွေထဲမှာ Aesthetic ပိုင်း
စိတ်မဝင်စားဘဲ မှုခင်းပိုင်းတွေ
စိတ်ဝင်စားတဲ့သူတွေအတွက်
လေ့လာလို့ရတဲ့ Field တစ်ခုအနေနဲ့ စဉ်းစားလို့ရပါတယ်
….
Urban Game
………..
Urban သမားတွေဆော့တဲ့ Game တွေရှိပါတယ်။ City Skylines နဲ့ Sim City ပေါ့။ ကျွန်မကျောင်းတက်တုန်းက အတန်းထဲက ဆရာမက ဆော့ခိုင်းပါတယ်။ ဘာကြောင့် ဒီ Game တွေက ဆော့သင့်တာလဲ ဘယ်လို Concept တွေ ပါလဲဆိုတာ အောက်မှာရှင်းပြပေးပါမယ်။ ကျွန်မ Devices တွေကတော့ City Skylines ဆော့လို့မရလို့ Sim City နဲ့ပဲ ရှင်းပြပေးပါမယ်။
(၁) မြို့ရဲ့ livability ကို ပျော်ရွှင်မှုနဲ့ တိုင်းတာပါတယ်။
ဒါကတော့ ရိုးရှင်းပါတယ်။ နေထိုင်တဲ့သူတွေ အဆင်ပြေအောင်/ နေပျော်အောင် ဖန်တီးပေးရမှာ မြို့ပြပညာရှင်တွေရဲ့ တာဝန်ဖြစ်ပါတယ်။ လူတစ်ယောက် နေထိုင်အခြေချတော့မယ်ဆိုရင်.. အဓိက လိုအပ်တဲ့ ရေ/ မီး/ လမ်း/ ဆေးရုံ/ မီးသတ် စတဲ့ အခြေခံအဆောက်အဦတွေ လိုအပ်တာပါပဲ။ ဒါတွေ မရှိဘူးဆိုရင်???
ရေမရှိဘဲ ဘယ်လိုနေထိုင်ကြမလဲ?
မီးမရှိဘဲရော?
လမ်းတွေအမြဲပိတ်နေရင်ရော?
နေထိုင်မကောင်းလို့ ဆေးမကုရရင်ရော?
မတော်တဆမီးလောင်လို့ရှိရင်ရော?
စတဲ့ အခြေခံလိုအပ်ချက်တွေမပြည့်စုံတဲ့အခါ
ဒီမြို့ဟာ နေပျော်နိုင်ပါ့မလား?
(၂) Abandoned City
Sim City က Reality ဆန်ပါတယ်။ နေမပျော်တဲ့နေရာမှာ လူတွေမနေနိုင်တော့ပါဘူး။ ဒါကြောင့် ဒီမြို့ကနေ ထွက်သွားကြတဲ့အခါ အဲ့နေရာတွေကို ပြန်လည် ပြင်ဆင်မှု မလုပ်နိုင်မချင်း… Abandoned City တွေအနေနဲ့ ကျန်ရစ်နေမှာပါပဲ။ နိုင်ငံတကာမှာ Abandoned City တွေ ရှိပါတယ်။ အထူးသဖြင့် တရုတ်/ ကိုရီးယား/ ဂျပန်မှာ Abandoned City တွေများပါတယ်။ မြန်မာပြည်မှာကတော့ ဘယ်နေနေ အဆင်မပြေတာကြောင့် ဒီတိုင်း သည်းခံနေကြတာပါပဲ 🥴🥴
(၃) Population နဲ့ ဝင်ငွေ
မြို့တည်ဆောက်ဖို့ အဓိက ကျတာကတော့ ဝင်ငွေပါပဲ။ ဒီဝင်ငွေတွေ ဘယ်ကနေရနိုင်မလဲ? Sim City မှာတော့ လူဦးရေတိုးပွါးလာတာနဲ့ အမျှ ဝင်ငွေက တိုးပွါးလာတာပါပဲ။ အပြင်မှာလည်း ထပ်တူပါပဲ။ လူတစ်ဦးတစ်ယောက်ချင်းစီက ရတဲ့ ဝင်ငွေတွေဟာ တိုင်းပြည်ရဲ့ GDP ဖြစ်ပြီး ဝင်ငွေခွန်တွေကို အစိုးရဟာ အပေါ်မှာပြောပြခဲ့တဲ့ အခြေခံအဆောက်အဦတွေကို တည်ဆောက်ရပါတယ်။ Infrastructure တည်ဆောက်တဲ့အခါ အစိုးရတိုင်းဟာ အကုန်အကျခံပြီးဆောက်ပေးရပါတယ်။ အစိုးရဖြစ်နေလို့ပါပဲ။ အများအားဖြင့် ဒီ Infrastructure ကနေ ပြန်ရတဲ့ ပိုက်ဆံဟာ Service provide လုပ်ရတဲ့ ကုန်ကျစရိတ်ကိုတောင် မကာမိပါဘူး။ ဒီကုန်ကျစရိတ်အတွက် ငွေတွေကို အခြားဝင်ငွေရတဲ့လမ်းတွေကနေ ပြန်ပြီး Cover လုပ်ရပါတယ်။ Sim City မှာလည်း Infrastructure ကုန်ကျစရိတ်တွေကို Size နဲ့ ယှဉ်ပြထားပါတယ်။ လူဦးရေပိုများလာလေ ဝင်ငွေပိုတိုးလာပေမယ့် Infrastructure ကုန်ကျစရိတ်ပိုတက်လာတာပါပဲ။
(၄) Trading
Sim City မှာနောက်ထပ် Reality ဆန်တဲ့အချက်က Trading ဖြစ်ပါတယ်။ ဒီမြို့အတွက် လိုအပ်တဲ့အရာတွေ ကိုယ့်မှာ Produce မလုပ်နိုင်ရင် အခြားမြို့က ပြန်ဝယ်ရသလို ကိုယ့်ဆီမှာ ထုတ်တဲ့အရာတွေကိုပြန်ရောင်းပြီး ဝင်ငွေရှာလို့ ရပါသေးတယ်။ Trading လုပ်တဲ့အခါ Port တွေကနေလည်း Trading လုပ်လို့ရနိုင်ပါသေးတယ်။
(၅) Catchment Area
ဆေးရုံတစ်ခုတည်ထားတယ်ဆိုပေမယ့် လူတိုင်းက ဒီဆေးရုံကို ရောက်ဖို့ သွားဖို့ အဆင်မပြေနိုင်ပါဘူး။ တော်ရုံနေမကောင်းဖြစ်ရင်တောင် နီးစပ်ရာဆေးခန်းကို သွားကြသလိုပါပဲ။ sim city မှာလည်း အခြေခံလိုအပ်ချက်တွေက တစ်နေရာတည်းမှာ ချလိုက်ရုံနဲ့ မပြီးနိုင်ပါဘူး။ ဒီ Building တစ်ခုက ဘယ်လောက် Area ပဲ ပေးနိုင်တယ်ဆိုတာ ပြထားပါတယ်
(၆) Pollution
စက်ရုံတွေ/ အမှိုက်ကန်တွေနားမှာ လူမနေနိုင်ပါဘူး။ Sim City မှာ နောက်ထပ် Reality ဆန်တဲ့အချက်က ဒီ အရာတွေဟာ Pollution ရှိတဲ့အတွက် လူနေဧရိယာနဲ့ ဘယ်လောက်အကွာအဝေးမှာ တည်ဆောက်ရမယ်ဆိုတဲ့ အချက်ကို Aware ဖြစ်စေပါတယ်။
(၇) zoning
လူနေ zone commercial zone စက်မှု zone အစရှိတဲ့ zone တွေ အကြောင်းလည်း Sim city မှာလေ့လာလို့ရပါတယ်။
(၈) Traffic
လူနေထူထပ်လာလေ လမ်းကျယ်ကျယ်လိုအပ်လာသလို.. အဆောက်အဦရဲ့ မျက်နှာစာအလှည့်ပေါ်မူတည်ပြီး Traffic congestion ကလည်း ပြောင်းသွားနိုင်ပါတယ်။
(၉) Recreation
မြေနေရာလွတ်တယ်ဆိုတိုင်း အဆောက်အဦချည်းပဲဆောက်လို့မရပါဘူး။ အစောပိုင်းပြောထားသလို မြို့ဟာ လူတွေရဲ့ ပျော်ရွှင်မှုတွေနဲ့ တည်ဆောက်ရတာဖြစ်တဲ့အတွက် Recreational space တွေကိုလည်း Area အလိုက်ဖန်တီးပေးဖို့လိုပါတယ်။
Sim city မှာ စစ်ပွဲတွေ Disaster တွေပါ ပါတာကို တွေ့ရမှာပါ။ လူတိုင်းက Building တွေများများဆောက်ရတာကို ကြိုက်ကြတာပဲ.. ဒါပေမယ့် ပျော်ရွှင်မှုကို ထည့်သွင်းစဉ်းစားပေးဖို့ မေ့နေတတ်ကြပါတယ်။
Road Grid များ
……
မြို့တစ်ခုတည်ဆောက်တဲ့အခါမှာဖြစ်ဖြစ် အိမ်ရာတည်ဆောက်တဲ့အခါဖြစ်ဖြစ် အဓိက Element အားဖြင့် အဆောက်အအုံများ/ လမ်းများ/ ကွက်လပ်များ (Open Space) များကိုသာ ဖန်တီးလို့ ရပါတယ်။ ဒီနေ့မှာတော့ လမ်းဒီဇိုင်း Pattern အမျိုးအစားများနဲ့ ယင်းတို့ရဲ့ အသုံးပြုပုံများကို ပြောပြချင်ပါတယ်။
(၁) Grid Pattern (Gridiron)
……
ကျားကွက်ပုံစံ ထောင်လိုက် အလျားလိုက် ကန့်လန့်ဖြတ် လမ်းပုံစံများကို Grid Pattern လို့ ခေါ်ပါတယ်။ ရန်ကုန်/ မန်းတလေး မြို့ တွေမှာတော့ Grid Pattern များကို တွေ့ရလေ့ရှိပါတယ်။ Grid Pattern တွေမှာဆိုရင် အလျား အနံ တူညီတဲ့ စတုရန်းပုံစံ Square Grid Pattern နဲ့ အလျားရှည် အနံတို တဲ့ Retangular ပုံစံ Grid Pattern တွေ ဆိုပြီးတော့ ရှိပါတယ်။ Grid Pattern တွေမှာ ဆိုရင် ဆုံချက် (Node)တွေ များတာကြောင့် တစ်နေရာနဲ့ တစ်နေရာ ပြောင်းလဲ သွားလာလို့ ပိုအဆင်ပြေစေပါတယ်။ ဒါကြောင့်မို့ Grid Pattern များကို လှုပ်ရှားသွားလာမှုများတဲ့ စီးပွားရေး အချက်အချာ ဖြစ်စေတဲ့ နေရာတွေမှာ ပိုပြီးအသုံးပြုလေ့ရှိပါတယ်။
(2) Fragmented Parallel
……
သူကတော့ Grid Pattern ဆင်တူသလိုလို ရှိပေမယ့် အဓိက ကွာခြားချက်ကတော့ အတွင်းပိုင်းလမ်းရယ် အပြင်ပတ်လမ်းရယ်ဆိုပြီး ၂ ပိုင်း မြင်ရမှာဖြစ်ပါတယ်။ အတွင်းပိုင်းလမ်း ၄ ခု ၅ ခု ပေါင်းပြီးမှ ဝင်ပေါက် ထွက်ပေါက် လမ်း (အပြင်ပတ်လမ်း) တစ်ခု နဲ့ ပြန်ဆက်ထားတာဖြစ်ပါတယ်။ Grid Pattern လို လွတ်လပ်တဲ့ လမ်းကြောင်းကို ရွေးချယ်ခွင့်မရှိဘဲ ချိတ်ဆက်ထားတဲ့ လမ်းကြောင်းတွေကနေမှ တစ်ဆင့် ပြန်ထွက်ရတဲ့ ဒီဇိုင်းမျိုး ဖြစ်ပါတယ်။ သူက Grid Pattern လို Opened Design မဖြစ်တာကြောင့် အတွင်းထဲ ရောက်လေ လူအရောက်နည်းလေ ဆိုတာမျိုး ဖြစ်စေပါတယ်။ သို့သော်လည်း လမ်းမအချင်းချင်းက Grid Pattern နဲ့ ပြန်လည်ချိတ်ဆက်ထားတာကြောင့် အရမ်းလည်း မဆိတ်ငြိမ် အရမ်းလည်း မလှုပ်ရှား စေတဲ့ မြို့ကွက်ပုံစံတွေပါပဲ။ ဒီပုံစံကိုတော့ မြို့သစ်နေရာတွေမှာ တွေ့ရလေ့ရှိပါတယ်။
(၃) Wraped Parallel
…..
Wraped paralle ကတော့ Fragende Parallel နဲ့ နည်းနည်း ဆင်တူပေမယ့် သူ့ကိုတော့ အတွင်းလမ်းတွေကို ချိတ်ဆက်ပေးထားတဲ့ ပင်မ လမ်းကြောင်းတွေ တွေ့ရမှာမဟုတ်ပါဘူး။ လမ်းသွယ်အချင်းချင်း ချိတ်ဆက်ထားပေမယ့် Node တွေဟာ Grid လို အပြိုင်မရှိဘဲ သူချိတ်ဆက်ချင်သလို ချိတ်ဆက်နေတာ ဖြစ်ပါတယ်။ ဒီလိုဆိုပေမယ့် လမ်းတွေက လုံးဝ ပိတ်သွားတာမျိုးမဟုတ်ဘဲ ချိတ်ဆက်ထားတာတွေ ရှိနေတဲ့အတွက် နေရာ မကျွမ်းကျင်သူအဖို့ ဝင်္ကပါထဲ ရောက်နေသလို ဖြစ်နေနိုင်ပါတယ်။ သူ့ကလည်း Grid လို အဝင်အထွက် လမ်းကြောင်း ရှင်းလင်းမှု မရှိတဲ့အတွက် လူနေရပ်ကွက်တွေမှာ အသုံးပြုလေ့ရှိပါတယ်။
(၄) Loops and Lollipop
…..
Warped ပုံစံက အတွင်းလမ်းတွေအချင်းချင်း ချိတ်ဆက်ထားပေမယ့် တိကျတဲ့ အဆုံးမှတ်တွေ မရှိပါဘူး။ ပြီးတော့ လမ်းတွေရဲ့ ချိတ်ဆက်ပုံကလည်း သတ်မှတ်မှုမရှိပါဘူး။ Loop ကတာ့ လမ်းတွေဟာ ကွင်းဆက်လို အချင်းချင်း ပြန်ချိတ်ထားတာမျိုး Loop ပတ်တဲ့ ပုံစံမျိုး ဖြစ်နေတာမျိုးပါ။ Lollipop ကတော့ တစ်ဖတ်ပိတ်လမ်းတွေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ Loop ရဲ့ အားသာချက် အားနည်းချက်ကတော့ အဝင်အထွက် လမ်းကြောင်းဟာ ဒီ လမ်းကြောင်းတစ်ခုတည်းပေါ်မှာပဲ ရှိတာကြောင့် Privacy ဖြစ်လိုတဲ့ နေရာတွေမှာ အသုံးပြုလေ့ရှိပါတယ်။ အထူးသဖြင့် အိမ်ရာစီမံကိန်းတွေမှာပေါ့။
(5) Lollipop on Stick
…..
Lollipop ချောင်းလေးတွေလို ထိပ်မှာ (ကားပြန်ကွေးနိုင်တဲ့) အဝိုင်းပတ်လို တစ်ဖက်ပိတ်လမ်းတွေကို Lollipop လို့ ခေါ်ပါတယ်။ သူကတော့ အဝင်အထွက် ပေါက် ၁ ခုပဲ ရှိတာမို့ Privacy အမြင့်ဆုံးပါပဲ။ ဒီ Design ကိုလည်း အိမ်ရာ စီမံကိန်းတွေမှာ တွေ့ရလေ့ရှိပါတယ်။
လမ်းရဲ့ အလျား အတို အရှည်ကို ဆုံးဖြတ်တဲ့နေရာမှာ ဒီလမ်းရဲ့ အသုံးပြုပုံနဲ့ ဒီဇိုင်နာရဲ့ Idea အပေါ် မူတည်ပြီး ဆုံးဖြတ်ရလေ့ရှိပါတယ်။ High Speed လမ်းတွေမှာဆိုရင် အမြန်သွားရတဲ့အတွက်ကြောင် Striaght ပိုဖြစ်စေတဲ့ Design မျိုး ဖြစ်ရတဲ့အတွက် လမ်းချိတ်ဆက်မှု / အကွေ့အကောက် နည်းအောင် စဉ်းစားရပါတယ်။
လူတွေကို လမ်းပိုလျောက်စေရင်တော့ လမ်းလျောက်နိုင်တဲ့ Distance ကို သတ်မှတ်ပြီး ဒီဇိုင်းပေးလေ့ရှိသလို တစ်ခါတစ်လေလည်း အဆောက်အဦ တည်ဆောက်မယ့် ပုံစံပေါ်မှုတည်ပြီးလမ်းအနေအထား ဒီဇိုင်း ပြောင်းတာတွေလည်း ရှိပါတယ်။ Eg. New York Superblock.
ကားအသုံးပြုမှုနည်းအောင် ကားသွားနိုင်တဲ့ လမ်းကြောင်းတွေ လျော့ပြီး လမ်းလျောက်နိုင်တဲ့ Area ကို Expand လုပ်တာမျိုးလည်း ရှိနိုင်ပါတယ်။ Eg. Barcelona Superblock
ဒါကြောင့် လမ်းဒီဇိုင်း ပြုလုပ်တဲ့အခါ ပုံစံလှခြင်း မလှခြင်း/ ဒါမိုက်တယ်/ ဒါမျိုး လုပ်မယ် ဆိုတာမျိုး မဟုတ်ဘဲ သူ့ရဲ့ ရည်ရွယ်ချက်ပေါ်မူတည်ပြီး လိုက်လျောညီထွေရှိနိုင်မယ့် ဒီဇိုင်းပုံကို ဖန်တီးရတာဖြစ်ပါတယ်။
တစ်ခါတစ်လေတော့လည်း မူလတည်ရှိပြီး မြို့ရွာတွေမှာပဲ ရှိနေတဲ့ လမ်းကြောင်းတွေကိုပဲ ပြန်ချဲ့ထွင်ရတာမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုလမ်းကြောင်းပုံမှာတော့ ဘာ Pattern မှ သတ်သတ်မှတ်မှတ်မရှိတဲ့အတွက် Distorted Grid လို့ခေါ်ပါတယ်။
Ref: Clara Greed and Marion Robert (Approaching Urban Design)
Vlog 1 - Part 1
Architecture/ Urban မှာ ဘာလို့ Guideline တွေ လိုအပ်တာလဲ
ဒီ Page လေးဟာ မြို့ပြနဲ့ ဗိသုကာ ချိတ်ဆက်မှုအကြောင်းကို Sharing လုပ်ပေးဖို့ ဖြစ်ပါတယ်။