English for Kids

English for Kids

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from English for Kids, Education, .

22/04/2022

ဒီနေ့မှာတော့​ English for Kids ကနေ​ 9 Parts of Speech (ဝါစင်္ဂ​၉​မျိုး) ထဲက
Noun (နာမ်) အကြောင်းလေးကို​ နည်းနည်းလေးပြောပြပါမယ်နော်​ 😘😘😘

Noun (နာမ်) ဆိုတာ​ လူပုဂ္ဂိုလ်၊ နာမည်၊ အရာဝတ္ထု၊ နေရာတွေ၊ စိတ်ကူးတွေအစရှိတဲ့အရာတွေပဲ​ ဖြစ်ပါတယ်။

eg: Ko Ko, School, Pencil, Love

Noun (နာမ်) ကို
Concrete Noun(ကိုင်တွယ်လို့ရတဲ့နာမ်) နဲ့
Abstract Noun (ကိုင်တွယ်လို့မရတဲ့နာမ်) ဆိုပြီး
နှစ်မျိုးခွဲလို့ရပါတယ်​ ကလေးတို့ရေ

Concrete Noun (ကိုင်တွယ်လို့ရတဲ့နာမ်) တွေကတော့​ Students, Chair, Pizza စတဲ့nounတွေဖြစ်ပြီး

Abstract Noun (ကိုင်တွယ်လို့မရတဲ့နာမ်) တွေကတော့​ Happiness, Kind, Angry စတဲ့​ noun တွေပဲဖြစ်ပါတယ်

Noun နဲ့ပတ်သက်တဲ့​ ကျန်တဲ့​အကြောင်းအရာလေးတွေကို​ ဆက်လက်ဖော်ပြပေးဦးမို့​ pageလေးကို like & share လုပ်ဖို့မမေ့ကြနဲ့နော်​ 💚💚💚

Tr. Khaing
English for Kids

21/04/2022

English for Kids မှကြိုဆိုပါတယ်နော်
သားသားမီးမီးတို့အတွက်​ အင်္ဂလိပ်စာလေ့လာမယ်ဆိုသိထားသင့်တဲ့​ အခြေခံအကျဆုံး​ 9 Parts of Speech (ဝါစင်္ဂ​ ၉​မျိုး)​ကို​ အရင်ဆုံးပြောပြပေးမယ်နော်။ အင်္ဂလိပ်စာရဲ့​ Grammarအပိုင်းကို​ လေ့လာမယ်ဆိုရင်​ ပထမဆုံးအနေနဲ့​ 9 Parts of Speech ကို​ သိထားဖို့လိုအပ်ပါတယ်။
အဲ့ဒါတွေကတော့

1.​ Noun(နာမ်)

2.​ Pronoun (နာမ်စား)

3. Verb (ကြိယာ)

4. Adjective (နာမဝိသေသန)

5. Adverb (ကြိယာဝိသေသန)

6. Preposition​ (ဝိဘတ်)

7. Conjunction (စကားဆက်)

8. Interjection (အာမေဋိတ်) နဲ့

9. Articles ( A, An, The)

တွေပဲဖြစ်ပါတယ်​သားသားမီးမီးတို့ရေ💚💚💚

21/04/2022

မင်္ဂလာပါ
English for Kids မှကြိုဆိုပါတယ်နော်💚💚💚
ဒီpageလေးကနေ​ သားသားမီးမီးလေးတို့အတွက်
သိထားသင့်တဲ့
အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့
အခြေခံအကြောင်းအရာလေးတွေကို
မျှဝေပေးသွားပါမယ်နော်​ 😘😘😘

Website