Khin Khin Nyein

Khin Khin Nyein

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Khin Khin Nyein, Real Estate, .

24/03/2023

သူတို့ပြောတဲ့ စကားလုံးတေထဲမှာပဲ သူတို့ အဆင့် အတန်းကို ဖော်ပြနေတယ်
စကားစကား ပြောပါများ စကားထဲက ဇာတိပြစိုတာ သိပ်မှန်တယ်

04/04/2022
15/03/2022

ဝီရိယဆိုတာ ၄ ဆင့်ရှိတယ်

■ ပထမအဆင့်က
အလုပ်တစ်ခုကို လုပ်မယ်လို့ ဆုံးဖြတ်တာ၊
အဲဒါ အနိမ့်ဆုံးအဆင့် ဝီရိယ။

■ ဒုတိယအဆင့်က
ဆုံးဖြတ်ချက်အတိုင်း အလုပ်ကို စပြီးလုပ်တာ။

■ တတိယအဆင့်က
ခက်ခဲပေမယ့်လည်း ဆက်ပြီးလုပ်တာ။

■ စတုတ္ထအဆင့်က
ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရရင်တောင်မှ လက်မမြှောက်ဘဲ နောက်တစ်ခါထပ်ပြီး ကြိုးစားတာ။

အဲဒါ ဝီရိယပါပဲ။

ဒေါ်အောင်ဆန်းစုကြည်

07/03/2022

အတွေးဟာ သိပ်ကိုအရေးကြီးတယ်...🌹
ဖတ်ကြည့်နော်…

ငါ ကံဆိုးတယ် လို့
မတွေးပါနဲ့။
ငါ ကံကောင်းနိုင်သေးတယ်လို့ပဲ
တွေးပါ…

ငါ ဆင်းရဲတယ် လို့
မတွေးပါနဲ့။
ငါ ချမ်းသာနိုင်သေးတယ်လို့ပဲ
တွေးပါ။

ငါ အဆင်မပြေဘူး လို့
မတွေးပါနဲ့။
ငါ အဆင်ပြေနိုင်သေးတယ်လို့ပဲ
တွေးပါ။

ငါ မပျော်ရွှင်ရဘူး လို့
မတွေးပါနဲ့။
ငါ ပျော်ရွှင်ရလိမ့်အုံးမယ်လို့သာ
တွေးပါ။

စိတ်ဟာ
အင်မတန်မှ တန်ခိုးကြီးပါတယ်။

စိတ်ထားလေးပဲ ပြင်လိုက်ပါ။
အတွေးကို လွန်စွာ မတွေးပါနဲ့။

စိတ်ဆင်းရဲစေမည့် အတွေးတွေကို
အတိတ်မှာပဲ ထားခဲ့လိုက်ပါ။

ဘာဖြစ်လို့လဲ ဆိုတော့…

လှပတဲ့ဘဝဆိုတာ…
လှပတဲ့အတွေးကနေ လာတာပါ။

တောက်ပတဲ့ဘဝဆိုတာ…
တောက်ပတဲ့အတွေးကနေ လာတာပါ။

ငြိမ်းချမ်းတဲ့ဘဝဆိုတာ
ငြိမ်းချမ်းတဲ့အတွေးကနေ လာတာပါ။

အတွေးတွေကနေ
အပြောတွေ အလုပ်တွေ ဘဝတွေ
ဖြစ်လာတာပါ။

ဒါကြောင့်…
အတွေးတွေကို ဂရုစိုက်ဖို့လိုအပ်ပါတယ်။

သင့်အတွေးတွေက
သင့်ကို
ကောင်းတဲ့လူတစ်ယောက် ဖြစ်အောင်
လုပ္လို့ရသလို
သင့်ကို ပျက်စီးသွားအောင်လည်း
လုပ်လို့ရပါတယ်။

စိတ်ချမ်းသာအောင်
အားတက်နေအောင် လုပ်နိုင်သလို

စိတ်ဆင်းရဲအောင်
စိတ်ဓာတ်ကျနေအောင်လည်း
လုပ်နိုင်ပါတယ်။

ကောင်းတဲ့ အတွေးအမြင်တွေကသာ

ကောင်းတဲ့ ဘဝတစ်ခုဆီကို
ခေါ်ဆောင်သွားမှာပါ။

Credit
#ဂျူး

07/03/2022

တစ်ယောက်တည်း ဖြစ်တဲ့အခါ
******************************

တစ်ယောက်တည်းဖြစ်တဲ့အခါ ၀မ်းနည်းစိတ် ၀င်ရင်လည်း ၀င်မယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့ မမေ့ပါနဲ့။
ဘယ်လိုပဲ ၀မ်းနည်းစိတ်ဝင်ဝင် မနက်ဖြန်မှာ ဆက်လက်လျှောက်လှမ်းရပါဦးမယ်။

တစ်ယောက်တည်း ဖြစ်တဲ့အခါ အထီးကျန်စိတ် ၀င်ရင်လည်း ၀င်မယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကို ပွေ့ဖက်ဖို့ မမေ့ပါနဲ့။
နှလုံးသားနွေးရင် အဲဒီအထီးကျန်ခြင်းက ဘာမှ မပြောပလောက်တော့ပါဘူး။

တစ်ယောက်တည်း ဖြစ်တဲ့အခါ အကူညီမဲ့စိတ် ဖြစ်ရင်လည်း ဖြစ်မယ်။
ဒါပေမယ့် လူတိုင်း ကိုယ့်လမ်းကိုယ် လျှောက်ရတယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိပေးဖို့ မမေ့ပါနဲ့။
ဘယ်သူကမှ တစ်သက်လုံး ကိုယ်နဲ့ အဖော်အဖြစ် လိုက်ပါလျှောက်လှမ်းမှာ မဟုတ်ပါဘူး။

တစ်ယောက်တည်း ဖြစ်တဲ့အခါ အားငယ်ပျော့ညံ့စိတ် ၀င်ရင်လည်း ၀င်မယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကို အားပေးဖို့ မမေ့ပါနဲ့။
ကိုယ်ရဲရင့်မှ အပြောင်းအလဲများတဲ့ ဒီလောကမှာ ဘယ်လိုတောင့်ခံမယ်ဆိုတာကို သင်ယူနိုင်ပါလိမ့်မယ်။

တစ်ယောက်တည်း ဖြစ်တဲ့အခါ စိတ်ရှုပ်စရာတွေ တွေးကောင်းတွေးမိမယ်။
ဒါပေမယ့် ကိုယ့်စိတ်ခံစားချက်ကို ထိန်းချုပ်တတ်ဖို့ မမေ့ပါနဲ့။
ကိုယ့်စိတ်ခံစားချက်အပျက်နဲ့ ကိုယ့်အတွက်အရေးပါတဲ့လူကို မထိခိုက်မိပါစေနဲ့။

တစ်ယောက်တည်း ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ဖို့ မမေ့ပါနဲ့။
အေးရင် အနွေးထည်ထပ်ဖို့ မမေ့ပါနဲ့။
ဝမ်းနည်းရင် ကိုယ့်ကိုယ်ကို နှစ်သိမ့်ဖို့ မမေ့ပါနဲ့။
ဖျားနာရင် ဆေးသောက်ဖို့ မမေ့ပါနဲ့။
ဆာရင် စားဖို့ မမေ့ပါနဲ့။
မိုးရွာရင် ထီးဆောင်းဖို့ မမေ့ပါနဲ့....

တစ်ယောက်တည်း ဖြစ်တဲ့အခါ စာအုပ်တစ်အုပ်၊ သီးချင်းတစ်ပုဒ်၊ ရုပ်ရှင်ကားကောင်း တစ်ကားနဲ့ အဖော်ပြုပါ။ လူပင်ပန်းရင် နားရသလို စိတ်ပင်ပန်းရင် တိတ်ဆိတ်ငြိမ်သက်ရပါတယ်။

တစ်ယောက်တည်း ဖြစ်တဲ့အခါ ကိုယ့်ကိုယ်ကို စောင့်ရှောက်ပါ။
အပြောကျယ်တဲ့ လောကကြီးမှာ ကိုယ့်အပေါ် တကယ့်စိတ်ကောင်း စေတနာထားတဲ့လူ သိပ်မများနိုင်ပါဘူး။
တစ်ချိန်လုံး သင့်ဘေးမှာ အဖော်ပြုပေးမယ့်သူ မရှိနိုင်ပါဘူး။
ဒါ့ကြောင့် သင့်ကိုယ်တိုင်အတွက်၊ သင်အလေးထားသူအတွက် သင့်ကိုယ်သင် ပိုဂရုစိုက်ရပါတယ်။
ိုင်နိုင်းစနေ

07/03/2022

သကြား မှတ်လို့ ... ကိုယ်ကြိုက်တဲ့
ကော်ဖီထဲ ထည့်ခဲ့တာ ...

ဆား မှန်း သိပြီးမှတော့ ... ကျိတ်မှိတ်
မြိုချနေမဲ့အစား ... သွန်ပစ်လိုက်တာ
ပိုကောင်းပါတယ် ...

ကော်ဖီ ... အသစ်တစ်ခွက် ...
ထပ်သောက်မယ် ..
ဒီတစ်ခါတော့ ... ဆားမှန်း သကြားမှန်း
ခွဲခြားရခက်တဲ့ အရာတွေကို ရှောင်မယ် ....

မသင်ယူတတ်ခဲ့တုန်းကတော့ ....
ဒဏ်ရာ လို့ထင်တယ်
သင်ယူတတ်သွားတော့ ...
သင်ခန်းစာ လို့ပဲ မြင်လာတော့တယ် ...

သကြားယောင်ဆောင်သော ... ဆားတွေနဲ့ ...
ဝေးပါစေ !

Khin Khin Nyein 06/03/2022

လူတယောက်မှာ မဖြစ်မနေတတ်မြောက်ထားရမယ့် ပညာရပ်တွေ အများကြီးရှိပါတယ်

အများစုလက်ခံထားကြတာကတော့ ဝင်ငွေကောင်းစေမယ့် ပညာရပ်တွေပေါ့။ ဒါကြောင့်လည်း အချိန်တွေပေး ငွေတွေအကုန်ခံပြီး ဝင်ငွေကောင်းတဲ့ လစာကောင်းတဲ့ ပညာရပ်တွေကို သင်ယူကြတယ်

လူတွေ မေ့လျော့နေတာတခုရှိပါတယ်၊
လစာ ဘယ်လောက်ကောင်းကောင်း
ဝင်ငွေဘယ်လောက်ကောင်းကောင်း သူဌေးဖြစ်မလာတဲ့သူတွေ အများကြီးဘဲ။

အဖြေက ဘာလဲဆိုတော့ ငွေကြေးပညာ တတ်မြောက်မထားလို့ဖြစ်ပါတယ်။
ငွေဘယ်လိုစုရမလဲ? ဆိုတာကို မသိ
ငွေကို ဘယ်လိုပွါးရမလဲ?ဆိုတာကို မသိ
စီးပွါးရေးအခြေခံတွေမသိ

ဒီတော့ အိပ်ပေါက်ဖားကောက်သလိုဖြစ်နေတယ်၊
ဝင်ငွေကောင်းသလောက် ထွက်ငွေကိုလည်း မထိန်းသိမ်းတတ်တော့ ဘယ်လိုမှ သူဌေးဖြစ်မလာနိုင်ပါဘူး

ဒီနေ့မှာ လူငယ်တိုင်း သိထားရမယ့် ငွေကြေးပညာရပ် အခြေခံတွေကို ပြောပြပေးသွားမှာပါ
ခင်ဗျားအနေနဲ့ အတိုင်းအတာတခုအထိ ငွေကြေးပညာရပ်တွေကို နားလည်သွားမယ်
ပိုပြီး ငွေနဲ့ပတ်သတ်လာရင် ပိုပြီး သတိထားတတ်လာမယ်၊
သူဌေးဖြစ်ဖို့ လမ်းစတွေ တွေ့လာမယ်

ဘာတွေလဲဆိုတာ ကြည့်ကြရအောင်

ီ_ဘာ_ဘာ

Khin Khin Nyein Property

Photos from Khin Khin Nyein's post 04/03/2022

ဝါသနာအရ အိမ်၃မို့❤❤❤

Photos from Khin Khin Nyein's post 22/02/2022

လက်မူဝါသနာပါနေတော့😍😍
ကိုယ့်လက်ယာလေးတွေ ပြန်လွမ်းနေတာ😍😍

Photos from Khin Khin Nyein's post 21/02/2022

ဝါသနာအရ အိမ်၃မို့ 😍😍

Website