Hehe Haha

Hehe Haha

You can enjoy the fun and peace hereďż˝

05/08/2022
08/07/2022

🥰

အလုပ်ကိစ္စနဲ့ ရန်ကုန်ရောက်တယ်
ရန်ကင်းစင်တာရှေ့ကနေ
ကားငှားစီးပြီး သင်ကန်းကျွန်း လေးထောင့်ကန်လမ်းမကြီး
ဘဝမြင့်မှတ်တိုင် ကျန်းမာသုခ ဆေးခန်းရှေ့မှာ ဆင်းတယ်

ကားပေါ်ကအဆင်း အိပ်ထဲကနေ ဖုန်းက ကားပေါ်ကျနေခဲ့တာ မသိဘူး
တည်းတဲ့နေရာပြန်ရောက်မှ အိပ်ထဲကဖုန်းထုပ်မှ ပါမလာတော့တာ သိရတယ်

လူကို ပျာယာခက်ထူပူသွားတာပဲ
ချက်ချင်း သူငယ်ချင်းဖုန်းနဲ့ ကိုယ့်ဖုန်းကိုခေါ်တယ် ဖုန်းဝင်ပေမယ့် မကိုင်ဘူး။
ဖုန်းခေါ်လို့ ဝင်နေသေးတာမို့ မျော်လင့်လို့ရသေးတယ်ဆိုပြီး
ဆက်တိုက်ခေါ်နေမိတယ်။
တစ်နာရီလောက်ကြာတော့ ဖုန်းကိုင်တယ်
ကားဆရာပါပဲ

ဖုန်းလေးကားပေါ်ကျန်ခဲ့လို့ပါလို့ ပြောတော့
သူလဲ ခုမှ သိတယ်တဲ့
သမီးတို့ကို လိုက်ပို့ပြီး လက်ဖက်ရည်ဆိုင်ခနထိုင်နေတာတဲ့ ဆိုင်ကနေ အိမ်ပြန်တယ် အိမ်ရောက်မှ ကားနောက်ခန်းက အသံကြားနေပါတယ်ဆိုပြီး ဝင်ရှာမှ ဖုန်းတွေ့လို့ ကိုင်လိုက်တာတဲ့။
ဖြစ်ချင်တော့ ကိုယ်ကလည်း ဖုန်းသံတိုးထားမိတယ်။

လာယူချင်လို့ပါ မုန့်ဖိုးပေးပါ့မယ်ဆိုတော့
မလာနဲ့ မလာနဲ့ ကားငှားလာရမှာ ဒုက္ခရောက်နေမယ်
ဦးလေးလာပေးမယ် အစောကဆင်းတဲ့ မှတ်တိုင်ကပဲ စောင့်နေပါတဲ့။

တကယ်ရိုးသားတဲ့ ကားဆရာဦးလေးကြီးပါ
ဖုန်းလာပေးလို့ မုန့်ဖိုးလေး တစ်သောင်းပေးတာတောင် ဟာများတယ် ဆီဖိုး ၅ထောင်ပဲပေးပါတဲ့

ကိုယ့်မှာအတင်းဇွတ်ပေးယူရတယ်
ကားဆရာဖုန်းနမ်ပါတ်တောင်းထားလိုက်တယ် နောက်တစ်ခါ ရန်ကုန်ရောက်ရင် ငှားစီးလို့ရအောင်လို့။

YBSကားတွေပေါ်
လူပျက်တဲ့ လမ်းတွေပေါ်မှာ ဖုန်းကို အဓိကထားလုနေကြတဲ့ ခေတ်ပျက်ခေတ်ဆိုးကြီးထဲမှာ
ဒီလိုရိုးသားတဲ့ လူတွေရှိသေးတာပါလားဆိုတာလည်း လက်တွေ့သိလိုက်ရတယ်

ဒီတစ်ခါရန်ကုန်လာမိတာ
မမေ့နိူင်စရာ အမှတ်တရတွေ ရလိုက်ပါတယ်။ ။

Taxi ဦးလေးကြီးရဲ့ဖုန်းနံပါတ်ပါရှင့်
09 786 586 486

်းညွှန်

27/06/2022

🤣

26/06/2022
23/06/2022
19/06/2022

Hai🙄

19/06/2022

♥️♥️♥️

18/06/2022

😬

11/06/2022

🙄🙄🙄

10/06/2022

🤣🤣🤣

07/06/2022

ကိုယ်နဲ့ ကိုက်ညီမယ့် Career ကို
စစ်ကြည့်လို့ရမယ့် Career Test (6)ခု

ကိုယ်က လုပ်ငန်းခွင်စဝင်ချင်ပေမယ့်🚶
ဘယ် Career ကို ရွေးချယ်ရမလဲ မသိသေးတဲ့သူတွေ

အခုအလုပ်မှာ Burn Out 🤦‍♂️
ဖြစ်ပြီး Career အသစ်ကို
Change ချင်တဲ့သူတွေအတွက်

ကိုယ့်နဲ့ ကိုက်ညီတဲ့ အလုပ်တွေ ၊ work Environment ကို စစ်ကြည့်လို့ရမယ့်
Career Test အကြောင်း ပြောပြပေးသွားမှာဖြစ်ပါတယ်။💁‍♂️

1.123 Career Test
Test Link:
https://www.123test.com/career-test/

ဒီ Career Test ကတော့ကိုယ့်ရဲ့ Personality ၊ Interests တွေ ၊ကိုယ်က ဘယ်လို
Work Environment ကို ကြိုက်လဲဆိုတာ
ဒီ Test ကနေ အကြမ်းဖျင်း သိနိုင်ပါတယ်။ သူက Working Style တွေ ၊ Working Activity တွေကိုရုပ်ပုံလေးတွေနဲ့ ရွေးခိုင်းထားပါတယ်။ အဲဒီရုပ်ပုံကဒ်မှာ ကိုယ့်နဲ့ ကိုက်ညီတယ်ထင်ရင်ပုံမှာ ✅ ၊ မကိုက်ဘူးဆိုရင် ❌ ရွေးပေးရပါမယ်။Test ရဲ့ ကြာချိန်ကတော့ ၅ မိနစ်ကနေ ၁၀ မိနစ်အထိကြာပါတယ်။

2.Human Metrics
Test Link:
https://www.humanmetrics.com/personality/test

Carl Jung’s and Isabel Briggs Myers’ Personality Type Theory ကိုပေါင်းထားပြီး စစ်ဆေးတဲ့ Career Test ဖြစ်ပါတယ်။ ဒီ Test မှာတော့ လူတစ်ယောက်ရဲ့ Type ၊ Decision Making စတဲ့
Personality အပေါ်မူတည်ပြီး Question 64 ခု
ဖြေဆိုရမှာဖြစ်ပါတယ်။ အဲဒီ Test ကရတဲ့ ကိုယ့်ရဲ့ Personality Result ပေါ်မူတည်ပြီး ကိုယ်က ဘယ်လိုလူမျိုးလဲ ၊ ဘယ်လို Career ကို ရွေးချယ်ရမလဲဆိုတာ Suggest ပေးမှာဖြစ်ပါတယ်။

3.CareeerOneStop Interest Assessment

Test Link:
https://www.careeronestop.org/Toolkit/Careers/interest-assessment.aspx

ဒီ Test ကတော့ ကိုယ့်ရဲ့ စိတ်ဝင်စားမှု Interest ပေါ်မူတည်ပြီး ကိုယ်က ဘယ်လို Career နဲ့ သင့်တော်လဲဆိုတာ စစ်ဆေးတာဖြစ်ပါတယ်။ဒီ Test မှာတော့ Interest ပေါ်မူတည်ပြီး စစ်ဆေးတဲ့မေးခွန်း အခု ၃၀ ကို ဖြေဆိုရမှာဖြစ်ပါတယ်။ ဖြေဆိုပြီးတဲ့ အခါမှာတော့ ကိုယ်က ဘယ်လို Career နဲ့ သင့်တော်လဲဆိုတာ Suggestion ပေးမှာဖြစ်ပါတယ်။

4.CareerOneStop Work Value Matcher

Test Link:
https://www.careeronestop.org/Toolkit/Careers/work-values-matcher.aspx

ဒီ Test ကတော့ လူတစ်ယောက်ရဲ့အလုပ်အပေါ်
ထားတဲ့ Values ၊ ကိုယ့်ရဲ့ Personal Values ၊
Workplace Scenario ပုံစံမျိုးစုံတွေကို မူတည်ပြီး
ကိုယ်က ဘယ်လို Career မျိုးနဲ့ ကိုက်ညီလဲ ဆိုတာ Access လုပ်ပေးတဲ့ Test မျိုးဖြစ်ပါတယ်။ ဒီမှာတော့
အလုပ်နဲ့ ပတ်သက်ပြီး Statement အခု 20 ပေးထားပြီး အဲဒါတွေကို အခုပေးထားတဲ့ Quality က
ကိုယ့်ရဲ့ Ideal Career အတွက်
ဘယ်လောက် အရေးကြီးလဲဆိုတာ
"Most ၊ More ၊ Somewhat ၊ Less ၊ Least "
ဆိုတဲ့ Category ငါးမျိုးကနေ ရွေးချယ်ပြီး
ကိုယ့်ရဲ့ Workplace Value ကို စစ်ဆေးနိုင်မှာဖြစ်ပါတယ်။

5.What career is right for me?
Test Link:
https://www.whatcareerisrightforme.com/career-aptitude-test.php

ဒီ Career Test ကတော့ ကိုယ့်ရဲ့ Skill Set ၊ Interests ၊ Work Style ၊ Values စတဲ့ Category တွေအပြင် Education Requirement ၊Salary Range ၊ Career Field မှာ ဘယ်လောက် Potential Growth ရှိ၊ မရှိ စတဲ့ အပေါ်မူတည်ပြီး Assess လုပ်ပေးတာဖြစ်ပါတယ်။
အဲဒါပြီးရင်တော့ ကိုယ်နဲ့ ကိုက်ညီတဲ့ Career တွေ
အဲဒီ Career အတွက် Job Description ပါတစ်ခါတည်း
ပြပေးတာဖြစ်ပါတယ်။

6.Career Explorer

Test Link:
https://www.careerexplorer.com/career-test/

Career Explorer Test ကတော့ Interests, History ၊ Goals ၊ Workplace နဲ့ Personality Trait အပေါ်မူတည်ပြီး စစ်ဆေးတဲ့ Career Test တစ်မျိုးပါပဲ။ မေးခွန်းတွေဖြေပြီးရင်တော့ ကိုယ့်ရဲ့ Type အကြောင်းနဲ့ကိုယ့်နဲ့ ကိုက်ညီတဲ့ Career တွေကို ပြောပြမှာဖြစ်ပါတယ်။

ဒါတွေကတော့ ကိုယ့်ရဲ့ Personality ၊ Interest ၊ Skills ၊ Values ၊ Goals စတဲ့ အပေါ်မူတည်ပြီး ကိုယ်က ဘယ်လို Career နဲ့ ကိုက်ညီလဲ ဆိုတာ စစ်ကြည့်လို့ရမယ့် Career Test တွေဖြစ်ပါတယ်။ 💁‍♂️

တကယ်လို့ မိတ်ဆွေလည်း ကိုယ့်နဲ့ ကိုက်ညီတဲ့အလုပ် ၊
သင့်တော်တဲ့ Work Environment ကို ရှာနေတယ်ဆိုရင်တော့ Juncture က ကူညီဖို့ အသင့်ရှိနေပါတယ်။🤗

စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်က Link
မှာ CV ကို Submit လုပ်ထားလို့ရပါတယ် ။👇
https://forms.gle/1GffpXBDUEpcZZ687

မိတ်ဆွေနဲ့ ကိုက်ညီနဲ့ အလုပ်ကို တွေ့တဲ့အခါ Juncture ကနေ အမြန်ဆုံး ဆက်သွယ်ပေးသွားမှာ
ဖြစ်ပါတယ်။📲

27/05/2022
24/05/2022
21/05/2022

💠 အရေပြားပေါ်မှာ ခဏခဏဖြစ်တတ်တဲ့ပြဿနာတွေထဲမှာ ဝက်ခြံဖြစ်ခြင်းဟာလည်း ပြဿနာတစ်ခုပါ။ ဝက်ခြံ‌တွေဟာ ကိုယ်ခန္ဓာအနှံ့မှာဖြစ်တတ်ပါတယ်။
💠 ဝက်ခြံ၊ ဆားဝက်ခြံ၊ အဆီဖုတွေ၊ တင်းတိတ်တွေနဲ့ အမဲစက်တွေအပြင် အသားအရေ မညီတာကြောင့် ထပ်ပြီးစိတ်ညစ်ရတဲ့ အခါယုံကြည်‌မူ မရှိတော့သလိုခံစားနေရတော့တာပေါ့

ဝက်ခြံတွေ ထွက်ပြီးရင်း ထွက်လာတာ ဘာကြောင့်လဲ⁉️

💠 စိတ်ဖိစီးမူတွေများတာ၊ အိပ်ရေးပျက်တာများတဲ့သူတွေ အပါအဝင် အ‌စားအသောက်ကြောင့်လည်း ဝက်ခြံဖြစ်တတ်သလို နေရောင်ခြည်နဲ့ထိတွေ့မှုများတာ၊‌ ‌ရေသောက်နည်းတာ၊ အိပ်ရေးပျက်တာ ၊ ညအိပ်ရာဝင်ချိန် မျက်နှာကို သေသေချာချာ မသန့်စင်တာတွေ၊ နို့ထွက်ပစ္စည်းတွေ တာရှည်ခံပစ္စည်း စားသုံးမူများတာ၊ ဟောမုန်းပြောင်းလဲတာတွေအပါအဝင် အမျိုးသမီးများရာသီစက်ဝန်းလာချိန်တွေမှာ ဝက်ခြံတွေအဓိက ဖြစ်တတ်ပါတယ်။

💠 ဝက်ခြံ ဖြစ်လာပြီဆိုရင်နောက်ဆက်တွဲအနေနဲ့ အမဲစက် ကျန်ခဲ့ပြဿနာကလည်းတော်တော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။
💠 ဝက်ခြံစထွက်ပြီဆိုရင် ပုံမှန်ထက် အရွယ်အစားကြီးလာတဲ့အပြင် နီရဲပြီး နာကျင်မူကိုခံစားရပါမယ်။ မထိရမနေနိုင်တဲ့သူတွေ အတွက်ဆိုရင် အနာကျက်ဖို့ပါ အချိန်ကြာတတ်ပါတယ်။
💠 အဆိုးဆုံးက ဝက်ခြံမဟုတ်တဲ့ အဆီဖုလေးတွေ မျက်နှာမှာဖြစ်လာပြီဆိုရင် အပြင်သွားဖို့ အလှပြင်တိုင်း စိတ်ပျက်ရပါတယ်။

ဝက်ခြံတွေ ဖြစ်လာရင် အချိန်တိုအတွင်းဘယ်လိုကုသမလဲ?
💠 အတတ်နိုင်ဆုံး အိပ်ရေးဝဝအိပ်ပါ
💠 မိတ်ကပ်လိမ်ခြင်းကို အတတ်နိုင်ဆုံး လျော့ချပါ
💠 မျက်နှာပေါ်မှာရှိတဲ့ မိတ်ကပ်တွေကိုလည်း မိတ်ကပ်ဖျက်ဆေးနဲ့သေသေချာချာ ဆေးကြော သန့်စင်ပါ
💠 မျက်နှာကို ခဏခဏ scurb လုပ်ခြင်းကို ရှောင်ကျဉ်ပါ
💠 Glam Aesthetique Clinic မှာ ဝက်ခြံ နဲ့ အမဲစက်တွေအတွက် IPL Treatment လေးကို အမြန်ဆုံး လာရောက်ကုသမူခံယူပါ။

Glam Aesthetique ရဲ့ IPL က acne အတွက်ဘယ်လိုအကျိုးကျေးဇူးတွေပေးနိုင်မှာလဲ⁉️

💠 Glam Aesthetique ရဲ့IPL Treatment လေးက acne အတွက် အချိန်တိုတို နဲ့ result ကောင်းကောင်းရပါတယ်။

ဘာကြောင့် လဲ⁉️
💠 Glam Aesthetique မှာပဲရနိုင်တဲ့ 3D IPL ဖြစ်လို့ ပုံမှန် IPL 2 ကြိမ်စာနဲ့ ညီပါတယ်။ ဝက်ခြံတင်မဟုတ်ပါဘူး နောက်ဆက်တွဲဖြစ်တဲ့ အမာရွတ် တွေအပြင် အသားမညီတာ တင်းတိတ် ဆားဝက်ခြံတွေကိုပါ တစ်ခါတည်း ကုသပေးနိုင်တယ်။
💠 ကျွမ်းကျင်တဲ့ ဆရာဝန်ကိုယ်တိုင် သေချာဆွေးနွေးပြီးမှ ဆရာဝန်ကိုယ်တိုင်ကုသပေးတာဖြစ်လို့ ယုံကြည်စိတ်ချနိုင်ပါတယ်။
💠 နွေးထွေးပျူငှာတဲ့ ဝန်ထမ်းများကလည်း စေတနာအပြည့်နဲ့ အချိန်ပြည့်ဝန်ဆောင်မူပေးဖို့ စောင့်ကြိုနေပါတယ်။
💠 ဝက်ခြံနဲ့ ပတ်သက်လာရင် Glam Aesthetique Clinic ကို လာဖို့ မမေ့နဲ့နော်။ အချိန်တိုတိုနဲ့ကုသမူခံယူထားတဲ့ Customer ရဲ့ Before and After ပုံလေးကို Cmt မှာ ကြည့်လို့ရပါတယ်။⬇️⬇️⬇️

♥️♥️♥️ပြောင်းလဲမူတွေ နဲ့အတူ နေ့ရက်တိုင်းကို လှပစွာဖြတ်သန်းစေနိုင်ဖို့ GLAM AESTHETIQUE က သင့်ကို အမြဲ စောင့်ကြိုနေပါတယ်။♥️♥️♥️

💕Promotion တွေကို အချိန်နဲ့တပြေးညီသိဖို့အတွက် GLAM AESTHETIQUE CLINIC ရဲ့ page လေးကို like နဲ့ follow လုပ်ထားဖို့ မမေ့နဲ့နော် 💕


&beglam

#ဝက်ခြံ
#အမဲစက်
#တင်းတိတ်

🏦အမှတ်64 (က) ငွေကြာရံ ၅လမ်း ၃ ရပ်ကွက် တောင်ဥက္ကလာပမြို့နယ်

📞09440450920

19/05/2022

🤣

19/05/2022

"ရှိသမျှ အခက်အခဲ​တွေ စိတ်ညစ်စရာ​တွေ အကုန်လုံးကို ပခုံး​ပေါ်လိုက်တင်ထားမယ်ဆို ဘဝကြီးက ​လေးပင်လာတာပဲ​လေ

အရွယ်​​ရောက်ပြီးတဲ့အခါ အများကြီး ကြုံ​တွေ့ပြီးတဲ့အခါ သိလာလိမ့်မယ် တချို့အရာ​တွေ တချို့လူ​တွေကို ထားခဲ့ရမှာပဲ

ဘာကို ဖက်တွယ်ထားရမယ် ဘာကို လွှတ်ချခဲ့ရမယ်ဆိုတာ ခွဲခြားသိမြင်ဖို့ပဲ လိုပါတယ်" တဲ့

- Dr.Taylor Swift

To watch full: https://fb.watch/d8FhZigT5v/

09/05/2022

🤣

09/05/2022

😢

Toy Story ဇာတ်လမ်းတွေ ကြည့်ဖူးလား ။
အဲ့ထဲမှာ Lotso ဆိုတဲ့
Villain လေးတစ်ကောင်ပါတယ် ။

သူက ဇာတ်ကားတကားလုံး ၊
အစ အလယ် အဆုံး
ယုတ်မာခဲ့တဲ့ကောင်ပေါ့ ...

ဒီလို ဆိုးသွမ်းရက်စက်လှပါတယ်ဆိုတဲ့
Lotso ကို သူ့အတိတ်ရဲ့
တခနစာ Flashback လေးတခုထဲနဲ့
ကျွန်တော်ကတော့ နားလည်ပေးနိုင်ခဲ့တယ် ...

တကယ်တော့ Lotso ဟာလေ
သူသဘောအကျဆုံး ၊
သူအချစ်ရဆုံး ၊
ဖြစ်တည်မှု တစုံဆီကနေ
အစွန့်ပစ်ခံခဲ့ရတဲ့ အရုပ်လေးတရုပ် ။
သူ့ဘ၀က လွယ်လွယ်ကူကူ
အစားထိုးခံလိုက်ရနိုင်ပါလားလို့
နားလည်သွားခဲ့တဲ့ အရုပ်လေးတရုပ် ...

Lotso မှားခဲ့တာ ဘာလဲသိလား ။
သူ့သခင်ဟာ သူ့အပေါ် မစွှန့်လွှတ်နိုင်လောက်အောင် ချစ်မယ်လို့ ၊
အထင်လွဲခဲ့မိခြင်းတခုပဲ ။

အတူတူ ကစားတယ် ၊ အတူတူ ပျော်ခဲ့တယ်
ပီးတော့ ချစ်ခဲ့ကြတယ်မို့လား ။
ဒီလောက်ဆို သူလဲ
သူ့ကိုသူ အရေးပါလှပီ ၊
အချစ်ခံရပီ ထင်ခဲ့မိမှာပေါ့ ...

ဒါပေမဲ့ တကယ်တမ်း
စွန့်လွှတ်ဖို့ ကြုံလာရတဲ့အခါကျရင်တော့လေ
သူမရှိလဲ ဖြစ်သွားမဲ့ လူတွေချည်းပါပဲ
ဆိုတာ သူနားလည်ခဲ့တယ် ...

ကျွန်တော်တို့ရော နားလည်ခဲ့ကြလား ...

ကျွန်တော်တို့လဲ Lotso လေးလို
အစွန့်ပစ်ခံရနိုင်တာပါပဲ ။
တကယ်လို့များ Lotso လေးလို ၊
ရုတ်တရတ် ပျောက်ကွယ်သွားလို့လည်း
အရေးတယူ လိုက်ရှာပေးမဲ့သူ
မရှိခဲ့တဲ့အခါ ...

လူတိုင်းက သူတို့ကိုပျော်ရွှင်နေစေလို့သာ
ဒီအချိန်ထိ သူတို့အနားမှာ
တယုတယထားတာလဲ ဖြစ်နိုင်တာပဲလေ ။

ကိုယ့်ကို လိုအပ်လို့သုံးနေကြပေမဲ့ ၊
မတော်တဆများ ‌ပျောက်ကွယ်သွားခဲ့ရင် ၊
တယုတယလိုက်ရှာမဲ့လူ ၊
ဆုံးရှုံးသွားရမှာကြောက်တဲ့လူလဲ
ရှိနေခဲ့မယ်မထင်ဘူး ။

ဒီလိုသာဆိုရင်
ကျွန်တော်တို့လဲ Lotso လေးလို
ဆိုးသွမ်းကောင်း ဆိုးသွမ်းသွားနိုင်ပါရဲ့ ...

ဒိလိုနဲ့ပဲ တချိန်ချိန်မှာတော့
အချစ်ဆိုတဲ့ အရာကို
မယုံကြည်နိုင်တော့တဲ့အခါ ...

ဒါဟာ ကိုယ်မချစ်တတ်ခဲ့လို့မဟုတ်ပဲ
အချစ်တွေလွန်ခဲ့ဖူးလို့လဲ ဖြစ်နိုင်တယ်မို့လား ။
Lotso ဆိုတဲ့
အစွန့်ပစ်ခံ အရုပ်ကလေးလိုပေါ့ ... 🧸

09/05/2022

Reminder

Website