Shanni History and Culture
about Shanni
သားတော် အနုရုဒ္ဓအား သစ္စာစောင့်သိရန် အခမ်းအနားတစ်ခု ပြုလုပ်ခဲ့၏
ယင်းသို့ အခမ်းအနားပြုလုပ်ခဲ့ကြောင်းကိုလည်း ကျောက်စာရေးထိုးခဲ့၏
သို့သော် ယင်းကျောက်စာ ပျောက်ဆုံးသွားပြီး ကျောက်စာကို ကူးယူထားသည့်ပေမူသာ ကျန်ရစ်ခဲ့၏
ဖော်ပြပါ အထောက်အထားအရ အနိရုဒ္ဓသည် ပျုရှမ်းလူမျိုး ဖြစ်၏
အနိရုဒ္ဓကို သားစဉ်မြေးဆက်တို့က စပ်ဟုလည်းကောင်း , မန်စစ်ဟုလည်း ကောင်း တရိုတသေခေါ်ဝေါါခဲ့ကြ၏စပ် မန်စပ်ဘွဲ့များသည် ရှမ်းမင်းများ၏ ဘွဲ့များဖြစ်၏..၁၅ရာစုအလယ်တွင် ရေးသားခဲ့သည့် ရခိုင်မင်းသမီး ဧချင်းအရ အနိရုဒ္ဓသည် ရှမ်းသွေးပါကြောင်း တွေ့ရှိရ၏..
"ရှမ်းကိုးသိန်းရှင် သိုးခင်ဖွားကြီး တောင်ရိုးစီး၍ ဖျက်ဆီးလေခါ တို့ရွာတစ်ကြိမ် မင်းမဲ့သိမ်သည် အိုရော်ရှမ်းများ သိုခင်ဖွားလျှင် ကြီးမားမာန်ပါ ဖျက်ဆီး လာ၍ ယင်းခါတစ်ချက် ထီးနန်းပျက်သည် အဆက်တည့် အရေးပြတ်လှသေး"
"ရှမ်းမင်းဖျက်က ထိုခေတ္တဝယ် စူဠတွင်ငြား စန္ဒရားဟု သား၏သွေးဉီး စော ရွယ်လူး လျှင် ကိုယ်ထူးစွာလှစ်.. စစ်တန်းတင်တက် သက်နှင့် ဖက်၍ သက်သဘော ပင်သက်မည်တွင်သား .ငမင်ငတုန်... ဘုန်းလက်ရုံးဆက် စမ္မဝက်၌ ဖြူရွက် ....
ဆက်ဖတ်ကြည့်တဲ့အခါ
အနော်ရထာဆို တာ သျှမ်းဘုရင် ဖြစ်ပြီး
ကျန်စစ်သားဆိုတာ မွန်အမတ်ဖြစ်ပါသတဲ့....
တွေ့ပြန်ပြီ
အနော်ရထာသည် ပျုသျှမ်း ဆိုတာ ...တကယ်တော့ အနော်ရထာ ဆိုတာ ပျုစောထီး အဆက်အနွယ်ဖြစ်ပါတယ်..
ပျုစောထီး ဆိုတာ မလယ်အရပ်က တကောင်းအနွယ် ဖြစ်ပါတယ်..မလယ်အရပ်ဆိုတာ ပျုစောထီး ရဲ့ ဇာတိမြေ ဖြစ်ပါတယ်..
သျှမ်းနီတို့ဒေသ က မလယ် အရပ်ဖြစ်တဲ့ အတွက် ပျုစောထီး , အနော်ရထာတို့ဆိုတာ သျှမ်းနီတို့ရဲ့ ဘိုးဘွားတွေ လို့ ရဲရဲ ပြောလို့ရတဲ့အတွက်
အနော်ရထာ ဆိုတာ သျှမ်းနီမင်းဖြစ်တယ် လို့ ပြောချင်ပါတယ်..
ခရက်တစ်
( စလုံ " ၄ " ဦး )
'
၁။ သက္ကရာဇ် ၈၆၄ ။ (၈၈၈) ခုနှစ် အင်းဝရွှေနန်းကို နိုင်သည့်
မိုးညှင်းစလုံ ( အင်းဝဘုရင် သိုဟန်ဘွား ခမည်းတော်)
၂။ သက္ကရာဇ် ၈၉၄ = (၉၀၇) ခုနှစ်တွင် စစ်ကိုင်းစည်သူကျော်ထင်
ကို အလုံးအရင်းပေး၍ စစ်ကိုင်းမြို့၌နေစေသော မိုးညှင်းစလုံ (ခ)
စလုံငယ် (အမှတ် - ၁ မိုးညှင်းစလုံ ၏ သားတော်တစ်ပါး )
၃။ သက္ကရာဇ် ၉၁၈ = ဆင်ဖြူ များရှင် ဘုရင့်နောင်မင်းတရားကြီး
လက်ထက် မိုးကောင်းစော်ဘွား၏ ယောက်ဖ ၊ ဒီပဲယင်းစားကို
စလုံအမည်နှင့် မိုးညှင်းကို စားစေသည့် မိုးညှင်းစလုံ (ခ) စလုံ
ႀကီး
၄။ အမှတ် - ၃ မိုးညှင်းစလုံ ၏သား စလုံငယ် (မဟာရာဇဝင်တော်
ကြီးကို ရေးသားခဲ့သည့် ဦးကုလား ၏ ဘိုးဘေးအဆက်အနွယ်)
ခရက်တစ်
,
,.
မဟာရာဇဝင်တော်ကြီးကို ရေးသားခဲ့တဲ့ ဉီးကုလားကလည်း သျှမ်းနီသွေးပါတဲ့....
Dai/Tai/ရှမ်း
#傣族
ဘာမှမစရသေးခင် ကျွန်တော် တစ်ခုဝန်ခံပါရစေ။ ကျွန်တော်ဟာ ရှမ်းတိုင်းရင်းသား 傣族 မျိူးနွယ်ဝင် မဟုတ်တဲ့အတွက် ရှမ်းစာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း၊ ရိုးရာသမိုင်းနှင့် ပုံပြင်ဒဏ္ဍာရီဇာတ်လမ်းများကို လေ့လာဖတ်ရှုဖူးခြင်း မရှိပါ။ ကျွန်တော့်အနေနဲ့ တရုတ်သမိုင်းအကြောင်း ဖတ်ရှုရင်းနဲ့ ပါလာတဲ့ ဆက်စပ်သမိုင်းကြောင်းကိုသာ ရေးသားခြင်း ဖြစ်ပါတယ်။ ဒီ့အတွက် တစ်စုံတစ်ခု အမှားပါသွားခဲ့သည် ရှိသော် ခွင့်လွှတ်ပေးပါလို့ တောင်းဆိုပါရစေ။ မှားယွင်းသည့် အချက်အလက်များ ပါရှိခဲ့သော် ပြောကြားပေးပါရန်နှင့် မည်သည့်မျိူးနွယ်စုကိုမှ စော်ကားပြောဆိုလိုစိတ်ဖြင့် ရေးသားခြင်း မရှိပါကြောင်းကိုလဲ ကြိုတင် အသိပေးထားပါရစေ။
ရှမ်းလူမျိူးတို့ရဲ့ အစမျိူးနွယ်နှင့် ချင်းလူမျိူးတို့၏ အစမျိူးနွယ် အကြောင်းကို တရုတ်ပြည် ကျိူးမင်းဆက်ခေတ် မှတ်တမ်းမှာ ရေးသားထားတာကို တွေ့ရှိခဲ့ရသည်။ ရှမ်းကို တရုတ်လို 傣族 တိုက်ကျု/တိုင် ဟု ခေါ်ဆိုကြပြီး ချင်းလူမျိူးကို Hlai(Ren/Li) 黎族 လီကျု ဟု ခေါ်ကြသည်။ ဘီစီ ၁၂၀၀ ဝန်းကျင်တွင် ယန်ဇီမြစ်(ချန်ကျန်းမြစ်) မြစ်ဝှမ်းတွင် Bai 白族 ပိုင်ကျု လူမျိူးစုများနှင့်အတူ နေထိုင်ခဲ့ကြသည်ဟု ယူဆကြသည်။ ထိုလူမျိူး ၃ စုတွင် ပိုင်နှင့် တိုင် လူမျိူးတို့၏ ရိုးရာဓလေ့၊ ဘာသာစကားတို့သည် အနီးစပ်ဆုံး တူညီကြသည်။ ကျိူးမင်းဆက်ခေတ် ချွမ်ချိူးကာလ ဘီစီ ၇၀၀ ခန့်တွင် အင်အားကြီးမားလာသည့် ချူပြည်ထောင်သည် ချန်ကျန်းမြစ်ဝှမ်းဒေသတွင် နိုင်ငံတည်ထောင်ပြီး တရုတ်ပြည် တောင်ပိုင်းသို့ နယ်မြေချဲ့ထွင်ခဲ့ကြသည်။ ထိုအခါ ပိုင်၊ တိုင်၊ လီ (ရှမ်း/ချင်း) တိုင်းရင်းသားတို့သည် ချူပြည်ထောင်နှင့် စစ်ပွဲများ ဖြစ်ပွားခဲ့ကြပြီးနောက် အရှေ့ဘက် ကမ်းရိုးတန်းအတိုင်း ထွက်ပြေးခဲ့ကြရာ ယနေ့ခေတ် ကျဲ့ကျန်းပြည်နယ်ထဲသို့ ရောက်ရှိလာခဲ့ကြသည်။ ဘီစီ ၆၀၀ ခန့်တွင် ယွဲ့နယ်ထဲသို့ ရောက်ရှိလာခဲ့ကြသည်။ ယွဲ့နယ်ထဲသို့ ရှမ်းအနွယ်ဝင်များ အများအပြား ဝင်ရောက်လာသဖြင့် ယွဲ့နယ်မှာ အင်အားကြီးမားလာပြီး ဘီစီ ၅၀၀ ခန့်တွင် ယွဲ့နယ်စားကြီး ယွင်ချန်သည် 越王允常 ယွဲ့ဘုရင်အဖြစ် ခံယူပြီး ယွဲ့ပြည်ထောင်ကို တည်ထောင်လေသည်။ ယွဲ့ဘုရင်တို့၏ နန်းတော်တွင်း ရှမ်းတိုင်းရင်းသား/သူများ အမှုထမ်းခဲ့ကြဟန် ရှိသည်။ ယွဲ့နယ်တွင် ထိုအချိန်က ဟွာရှ 華夏 တို့ ဘာသာစကား (ရှေးခေတ်သုံး တရုတ်ပြည်၏ ဘာသာစကား) အပြင် ရှမ်းဘာသာစကားကိုပါ အသုံးပြုခဲ့ကြသည်ကို 古越語 ရှေးဟောင်း ယွဲ့ဘာသာစကား စာအုပ်နှင့် 越絕書 စာအုပ်တွင် ဖော်ပြထားသည်။
ထို့နောက် ယွဲ့ဘုရင် 越王勾踐 ကော်းကျန့်လက်ထက်တွင် ယွဲ့နိုင်ငံသည် အင်အားကြီးမားလာခဲ့သည်။ ကော်ကျန့် လက်ထက်တွင် ဝူပြည်ထောင်နှင့် စစ်ဖြစ်ပွားခဲ့ပြီး တရုတ်ပြည်၏ သမိုင်းတွင် အရေးပါသည့် အဖြစ်အပျက်များ ဖြစ်ပေါ်လာခဲ့သည်။ ဘုရင် ယွင်ချန်လက်ထပ်တွင် နိုင်ငံတည်ထောင်ခါစ ယွဲ့ပြည်ထောင်သည် ဝူပြည်ထောင်ထက် အင်အားနည်းပါးသေးသည်။ ထို့ကြောင့် ၂ ပြည်ထောင်ချစ်ကြည်ရေးအတွက် ယွဲ့မင်းသမီး တစ်ပါးကို ဝူပြည်ထောင် မင်းသားနှင့် လက်ထပ်ပေးလေသည်။ ယွဲ့မင်းသမီးသည် ဝူပြည်ထောင်တွင် နေထိုင်ရသည်ကို မပျော်ရွှင်ပေ။ ထို့ကြောင့် သူမ၏ ခင်ပွန်းကို ထားခဲ့ပြီး ယွဲ့ပြည်ထောင်သို့ ထွက်ပြေးလာလေသည်။ ထိုအခါ ယွဲ့ပြည်ထောင်ကို သိမ်းပိုက်ရန် ကြံစည်နေသော ဝူပြည်ထောင်သည် ထိုကိစ္စကို အကြောင်းပြကာ စစ်ချီတက်လာခဲ့သည်။
ထိုအချိန် ယွဲ့ဘုရင် ယွင်ချန် နတ်ရွာစံသွားသည့်အတွက် သားတော် အိမ်ရှေ့စံမင်းသား ကော်ကျန့်သည် ယွဲ့ဘုရင်အဖြစ် နန်းတက်လေသည်။ ဝူဘုရင် ဟော်လွီ ကိုယ်တိုင် ဝူစစ်တပ်ကို ဦးဆောင်ပြီး ယွဲ့ပြည်ထောင်သို့ ချီတက်တိုက်ခိုက်လာသည်။ ထို့ကြောင့် ယွဲ့ဘုရင် ကော်ကျန့်လဲ နန်းတက်ပြီး မကြာသေးခင်မှာပင် စစ်ကို ခုခံတိုက်ခိုက်ရသည်။ ထိုသို့ဖြင့် ကျီးလီတိုက်ပွဲတွင် ယွဲ့တပ်များ အနိုင်ရရှိပြီး ဝူဘုရင်တပ် ပျက်လေသည်။ ဝူဘုရင် ဟော်လွီ ကိုယ်တိုင် ဒဏ်ရာအပြင်းအထန် ရရှိပြီး ဝူပြည်ထောင်သို့ ဆုတ်ခွာရသည်။ ဝူဘုရင်သည် မသေခင် သူ၏သားတော် ဖူချိူင်အား "ယွဲ့...... ဘယ်တော့မှ မမေ့နဲ့" ဟု နောက်ဆုံး ထွက်သက်ဖြင့် ပြောသွားပြီး နတ်ရွာစံတော်မူသည်။ ဝူဘုရင် ဖူချိူင်လဲ နန်းတက်ပြီးသည်နှင့် ၃ နှစ်တာမျှ စစ်အင်အားကို စုဆောင်းပြီး ယွဲ့ပြည်ထောင်ကို လက်စားချေရန် ကြိုးပမ်းသည်။ ၃ နှစ်ကြာသော် ဝူနှင့် ယွဲ့တို့ စစ်ခင်းကြရာ ယခုတစ်ကြိမ်တွင် ယွဲ့ပြည်ထောင် ရှုံးနိမ့်ပြီး ယွဲ့ဘုရင် ကော်ကျန့်လဲ ဖမ်းဆီးခံရလေသည်။ ဝူဘုရင် ဖူချိူင်သည် ယွဲ့ဘုရင် ကော်ကျန့်ကို သူ၏ နန်းတော်တွင် အစေခံအဖြစ် အမှုထမ်းခိုင်းရန် ဝူပြည်ထောင်သို့ ခေါ်ဆောင်သွားလေသည်။ ဝူဘုရင်ထံတွင် ၃ နှစ်တာမျှ အစေခံအဖြစ် လုပ်ကိုင်ရပြီး များစွာစော်ကားခံရလေသည်။ သို့သော် ယွဲ့ဘုရင်သည် သည်းခံပြီး လွတ်မြောက်နိုင်ရန်သာ အဓိက အားထုတ်ကြိုးပမ်းသည်။ ထိုအတောအတွင်း ဝူပြည်ထောင် အကြောင်းကို သိသင့်သလောက် သိရှိခဲ့သလို ဝူအမတ်တချိူ့နှင့်ပါ သိကျွမ်းခဲ့လေသည်။ ၃ နှစ်ကြာပြီးနောက် ဝူဘုရင်က ယွဲ့ဘုရင် ပြန်လွှတ်ပေးလိုက်ပြီး ယွဲ့ပြည်ထောင်သို့ ပြန်စေသည်။ ယွဲ့ဘုရင် ကော်ကျန့်သည် ပြန်ရောက်သည်နှင့် ဝူပြည်ထောင်ကို လက်စားချေရန် ကြိုးပမ်းသည်။ အရည်အချင်း ရှိသော ပညာရှိအမတ်များဖြစ်သည့် ဝိန့်ကျူံးနှင့် ဖန်းလီတို့၏ အကူအညီဖြင့် နိုင်ငံကို ပြန်လည်တည်ဆောက်သည်။ နိုင်ငံရေးအခြေအနေများကို ဝူဘုရင်ဖူချိူင် မသိရှိစေရန် ကော်ကျန့်သည် ဝူနန်းတွင်း၌ နေစဉ်က သိကျွမ်းခဲ့သော ဝူအမတ်များကို လာဘ်ထိုးလေသည်။ ထို့အပြင် အနီးကပ် စောင့်ကြည့်နိုင်ရန်အတွက် မိန်းမချောလေး ၂ ဦးကို ဆက်သရန် ကြံစည်လေသည်။ ထိုအထဲမှ တစ်ယောက်သည် တရုတ်သမိုင်းတွင် အချောဆုံးမိန်းကလေး ၄ ဦးထဲမှ တစ်ဦးအဖြစ် ကျော်ကြား ရှီးရှီရ် ဖြစ်လေသည်။
မှတ်ချက်။ ။ သူမ အကြောင်းကို မဖော်ပြခင် အရင်ဦးဆုံး ပြောကြားလိုသည်မှာ ယနေ့အချိန်ထိ အငြင်းပွားနေရဆဲ ကိစ္စတစ်ခုဖြစ်သည့် ရှီးရှီရ်မှာ 傣族 ရှမ်းတိုင်းရင်းသူ ဟုတ် မဟုတ် ဆိုသည့် ပြဿနာပင် ဖြစ်သည်။ တရုတ်ပြည် သမိုင်းပညာရှင်များတွင် တချိူ့က သူမကို ရှမ်းတိုင်းရင်းသူဟု ဆိုကြသလို တချိူ့က တရုတ်မိန်းကလေး တစ်ဦးဟု ယူဆကြသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်တွင် ရှမ်းယဉ်ကျေးမှုနှင့် ပတ်သတ်သည့် ရှေးဟောင်းပစ္စည်းများ တွေ့ရသလို ရှမ်းယဉ်ကျေးမှုတစ်ချိူ့လဲ ထွန်းကားခဲ့သည်။ ထို့အပြင် ရှမ်းလူမျိူးစု အများအပြား နေထိုင်ခဲ့ကြသည့် အတွက် ဖြစ်နိုင်ချေတော့ ရှိသည်ဟု ယူဆသော်လည်း တိတိကျကျ အထောက်အထား မပြနိုင်သေးပေ။
西施 Xī Shī ရှီးရှီရ်
西施 Xī Shī ရှီးရှီရ် သည် #春秋時代 ခေတ်က အချောအလှလေး တဦးပင် ဖြစ်သည်။ သူမကို Yue ယွဲ့ပြည်ထောင်၏ မြို့တော် Zhuji ကျူကျီးတွင် မွေးဖွားခဲ့သည်။ သူမ၏ အမည်အရင်းသည် Shi Yiguang (施夷光) ရှီရ်ရီကွမ်း ဖြစ်လေသည်။ သူမ၏ အလှကိုတော့ ဤသို့ တင်စားကြသည်။ သူမကို မြင်လိုက်ရရင် ရေကန်ထဲက ငါးတွေတောင် ရပ်တန့်ကုန်ပြီး ရေကူးဖို့ မေ့သွားခဲ့သည်ဟု စာထဲမှာတော့ 沉魚落雁, 閉月羞花 (pinyin: chényú luòyàn, bìyuè xiūhuā) ဟူ၍ ရေးသားဖော်ပြထားသည်။ အလွန်တရာမှ ချောမောလှပသည့် မိန်းမပျိူလေးများကို တင်စားသည့် နေရာတွင် အသုံးပြုလေ့ရှိသည်။ တိုက်ရိုက်အဓိပ္ပါယ်ကတော့ "သူမရဲ့ အလှအပကြောင့် ငါးတွေတောင် ရေထဲငုပ်သွားကြပြီး ဆိတ်အရိုင်းတွေတောင် တည်ငြိမ်ကုန်ကြသည်။ သူမရဲ့ အလှအပနဲ့ ယှဉ်ရင် လမင်းကြီးတောင် အလင်းရောင် မှိန်သွားပြီး ပန်းတွေလဲ သူမလောက် မလှနိုင်တော့ပေ။" ဟု အနက်ရသည်။ နောက်ထပ် ဤကဲ့သို့လဲ သုံးကြသေးသည်။ 情人眼里出西施 တိုက်ရိုက် ဘာသာပြန်မယ်ဆိုရင်ဖြင့် "မျက်လုံးထဲမှာတော့ ကိုယ့်ချစ်သူဟာ ရှီးရှီရ်ပဲ" ဟု အဓိပ္ပါယ်ရသည်။
情人眼里出西施
Idiom : ရုပ်ဘယ်လောက်ပဲဆိုးဆိုး ကိုယ့်မျက်လုံးထဲမှာတော့ မင်းလေးသာ အချောဆုံး။
沉魚落雁, 閉月羞花
Idiom : မိန်းကလေး တစ်ယောက်ရဲ့ အလှအပဟာ ငှက်တွေနဲ့ သားရဲတိရိစ္ဆာန်တွေကို ဖမ်းစားထားနိုင်ရုံမကပဲ သူမရဲ့ အလှတရားဟာ သဘာဝအလှအပတွေထက်တောင် ပိုသာလွန်နေပါတယ်။
沉鱼落雁,闭月羞花 ဆိုတဲ့ ချန်ယွီစာလုံးဟာ မိန်းကလေး ၄ ယောက်လုံးကို ကိုယ်စားပြုပါသေးတယ်။
沉鱼 က ရှီးရှီရ် အတွက်ပါ။ သူမ မြစ်ကမ်းဘေးမှာ အဝတ်လျှော်တဲ့ အခါတိုင်း ငါးတွေဟာ သူမကို မြင်လို့ ရေကူးဖို့တောင် မေ့ပြီး ရေထဲပြန်ကျသွားသည်ဟု ဆိုသည်။
落雁 က ဝမ်ကျောင်းကျွင်းအတွက်ပါ။ သူမဟာ မွန်ဂိုဒေသကို သွားတဲ့အချိန် လမ်းမှာ ငှက်တွေဟာ သူမကို မြင်တဲ့အခါ ပျံသန်းဖို့ မေ့လျော့ပြီး ကောင်းကင်ပေါ်ကနေတောင် ပြုတ်ကျလာခဲ့သည်ဟု ဆိုသည်။
闭月 က သောင်းချန်ကို ရည်ရွယ်သည်။ သူမသည် တုန်ကျော်ဇ်းကို သတ်ဖို့ လမင်းထံ တိုင်တည်သစ္စာပြုသည့်အချိန် လမင်းဟာ သူမကို တွေ့သွားသည့်အခါ အရောင်အဝါ မှေးမှိန်သွားလေသည်။
羞花 က ရန်ကွေ့ဖေးကို တင်စားထားသည်။ သူမ အရက်မူးပြီး ပန်းဥယျာဉ်က ပန်းများကို သွားကြည့်သည့်အခါ ပန်းတွေဟာ သူမကို မြင်တော့ရှက်ရွံ့ကုန်ကြသည်။
ယွဲ့ဘုရင် ကော်ကျန့်၏ ကလဲ့စား
ကောကျန့်သည် လက်စားချေရန် လျှိူ့ဝှက်အစီအစဉ်တစ်ခုကို သူ၏ ဝန်ကြီး ဝမ်ကျူံးနှင့် တိုင်ပင်ခဲ့ကြသည်။ အစီအစဉ်က ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ကို
ဖုချိူင်ကို ဆက်သပေးမည်။ အကြောင်းမှာ ဖုချိူင်အကြောင်းကို စုံစမ်းထားရသလောက် ဖုချိူင်သည် ချောမောလှပတဲ့ မိန်းကလေးတွေကို မက်မောကြောင်း သိရသည်။ ထို့ကြောင့် ယွဲ့ပြည်ထောင်အတွင်းရှိ အချောဆုံး မိန်းကလေး ၂ ဦးကို ရှာဖွေကြရာ ကော်ကျန့်၏ အမတ်တစ်ပါး ဖြစ်သော ဖန်းလီသည် ရှီးရှီရ်နှင့် ကျန်းတန့်ကို ရှာဖွေတွေ့ရှိလေသည်။ ထို့နောက် ဘီစီ ၄၉၀ ခုနှစ်တွင် ဝူဘုရင်ဖူချိူင်ထံ ယွဲ့ပြည်ထောင်၏ အချောဆုံးမိန်းကလေး ၂ ဦးကို ဝူဘုရင်အား အလုပ်အကျွေးပြုရန် အတွက် ဆက်သသည်ဟု ဆိုကာ မိန်းကလေး ၂ ဦးကို ဝူပြည်ထောင်သို့ ပေးပို့လေသည်။
ရှီးရှီရ်နဲ့ ကျန်းသန့်တို့ရဲ့ အလှအပနဲ့ ယုယမှုများ အကြားမှာ ဝူဘုရင် ဖုချိူင်ဟာ နစ်မြောနေခဲ့ပြီး တိုင်းပြည်အရေးတွေကိုလဲ စိတ်ပါဝင်စားခြင်း မရှိတော့ချေ။ ထိုအချိန် ချူနိုင်ငံမှ ဝူပြည်ထောင်သို့ လာရောက်ခိုလှုံသည့် ပေါဖီ ဆိုသူအား ဘုရင်မှ လွန်စွာအရေးပေးသည်။ ပေါဖီကို ဝန်ကြီးနေရာတွင် ခန့်အပ်ထားလေသည်။ ထိုအရာကို ဖခင်လက်ထက်တည်းက အမှုထမ်းလာသော ဝူနိုင်ငံ၏ သူရဲကောင်း စစ်သူကြီးဖြစ်သည့် အမတ်ကြီး ဝူကျစ့်ရွှီက ပေါဖီ၏ အမူအကျင့်ကို မနှစ်သက်ပေ။ အထူးသဖြင့် ဘုရင်က ပေါဖီပြောသမျှကို ယုံကြည်နေသည်။ ထို့အပြင် ယွဲ့နိုင်ငံမှ သတင်းများကိုလဲ မကြားရချေ။ ဝူအမတ်များသည် ယွဲ့ဘုရင်ထံမှ လာဘ်ယူပြီး တိုင်းပြည်အရေးကို မကြည့်တော့ချေ။ ထိုအထဲတွင် ပေါဖီလဲ ပါလေသည်။
ပေါဖီကို ယွဲ့ဘုရင်ကော်ကျန့်က လာဘ်ထိုးပြီး ယွဲ့နိုင်ငံ၏ သတင်များကို ဖုံးကွယ်ထားစေသည်။ ထိုအကြောင်းကို ဝူကျစ့်ရွှီက 伍子胥 သိသော် ဖူချိူင်အား လျှောက်တင်လေရာ ဘုရင်မှာ ဒေါသထွက်လေသည်။ ဝူကျစ့်ရွှီသည် လက်မလျော့ပဲ ယွဲ့ပြည်ထောင်အား တိုက်ခိုက်ရန် အမြဲလိုလို လျှောက်တင်လေရာ ဖူချိူင်က လက်မခံချေ။ ပေါဖီက ၂ ပြည်ထောင်စစ်မက်ဖြစ်ပွားပြီး ဝူပြည်ထောင်ကို အင်အားနည်းသွားစေရန် ကြံစည်နေသည်ဟု ဂုန်းချောသဖြင့် ဖူချိူင်လဲ ပေါဖီစကားကို အတည်ယူကာ ဝူကျစ့်ရွှီကို ကိုယ့်ကိုယ်ကို အဆုံးစီရင်စေသည်။ ဝူကျစ့်ရွှီက မသေခင် နောက်ဆုံးစကားအဖြစ် "ငါသေသွားရင် ငါ့မျက်လုံးကို ဖောက်ထုတ်ပြီး ဝူမြို့တော်ရဲ့ တံခါးဝမှာ ချိတ်ပေးထားကြစမ်းပါ။ ယွဲ့စစ်တပ်တွေ ဝူမြို့တော်ကို ချီတက်လာပြီး သိမ်းပိုက်သွားတာကို ကြည့်ချင်လို့ပါ။" ဟု ဆိုကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်လေသည်။ ထို့နောက် ဝူကျစ့်ရွှီ၏ အလောင်ကို မြစ်ထဲသို့ ဖျောက်ပစ်စေသည်။
တဖက်တွင်လည်း ယွဲ့ဘုရင် ကော်ကျန့်သည် လက်စားချေနိုင်ရေးကို အမြဲစဉ်းစားထားပြီး တိုင်းပြည် တိုးတက်ရေး အတွက် မနားမနေ ကြိုးပမ်းသည်။ နိုင်ငံကို ပြုပြင်ပြောင်းလဲရေးများ ပြုလုပ်ခဲ့သည်။ စာထဲတွင် "၁၀ နှစ်တာ ပြောင်းလဲမှုအတွင်း တိုင်းပြည်သည် ချမ်းသာကြွယ်ဝလာခဲ့ပြီ။ စစ်သူရဲကောင်းများလည်း ရှိနေပြီ။ စစ်သည်တို့သည် မြှားမိုးရွာသွန်းနေသည်ကိုပင် မမှုပဲ အရှေ့သို့ ချီတက်တိုက်ကြသည်မှာ ရေဆာရေငတ်နေသူ တစ်ဦးပမာပင်" ဟု ဆိုထားသည်။
ယွဲ့ဘုရင် ကော်ကျန့်သည် ပထမဦးစွာ မြောက်ပိုင်းသို့ နယ်မြေချဲ့ထွင်သည့် အနေဖြင့် ချီပြည်ထောင်ကို ချီတက်တိုက်ခိုက်သည်။ ချီပြည်ထောင်ကို ရရှိပြီးသော် ဝူပြည်ထောင်ကို တိုက်ခိုက်ရန် စစ်ပြင်ခဲ့သည်။ ထိုနှစ်မှာပင် ဝူပြည်ထောင်ကို ချီတက်တိုက်လေသည်။ ဝူပြည်ထောင်၏ မြို့တော်ကို သိမ်းပိုက်သည့် တိုက်ပွဲတွင် ဝူအိမ်ရှေ့မင်းသား ကျဆုံးသွားသည်။ ယွဲ့ဘုရင် ကော်ကျန့် နန်းသက် ၂၄ နှစ်ပြည့်သည့် ဘီစီ ၄၇၃ ခုနှစ်တွင် ဝူပြည်ထောင်ကို ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်ပြန်သည်။ ၃ နှစ်ကြာမျှ မနားတမ်း တိုက်ခိုက်ပြီးနောက် ဝူပြည်ထောင်မြို့တော်ကို ရရှိလေသည်။ ဝူဘုရင် ဖူချိူင်သည် လက်ချရန် ငြင်းပယ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်လေသည်။ အောင်ပွဲရရှိပြီးသည်နှင့် ကော်ကျန့်သည် ဖူချိူင်၏ မှူးမတ်ဝန်ကြီး အားလုံးကို သေဒဏ်ပေးခဲ့သည်။ သူ့အား ကူညီပေးသူများကိုပင် သေဒဏ်ပေးသည်။ ဖူချိူင်၏ အရာရှိများသည် သစ္စာမဲ့သူများ ဖြစ်သောကြောင့် ဖူချိူင်အမှားကို ထပ်မမှားလိုချေ ဟု ဆိုသည်။ ထိုရာဇဝင်ကို နောက်လာနောက်သားတို့ အတုယူကြသည်။
(၂ ခါမရေးချင်လို့ တစ်ခါတည်း ထည့်ရေးပေးလိုက်တာနော့်။ ရှမ်းသမိုင်း ပြန်ဆက်ပေးမယ်။)
ယွဲ့ဘုရင် ကော်ကျန့် နတ်ရွာစံပြီးနောက် ဘီစီ ၃၃၃ ခုနှစ်တွင် ချူပြည်ထောင်၏ တိုက်ခိုက်မှုကြောင့် ယွဲ့ပြည်ထောင် ပျက်သုန်းလေသည်။ ထိုအခါ ယွဲ့ပြည်ထောင်တွင်း နေထိုင်ကြသည့် ရှမ်းလူမျိူးတို့သည် တရုတ်ပြည် ကွမ်းရှီး၊ ကွေ့ကျိူးနှင့် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းသို့ စတင်ဝင်ရောက်လာသည်။ ထိုအခါ ရှမ်းလူမျိူးစု အုပ်စု ၂ စု ကွဲသွားခဲ့သည်။ တောင်ပိုင်းမှ တစ်ဆင့် ယူနန်နယ်၊ ယူနန်နယ်မှ အိန္ဒိယအထိ ရောက်ရှိသွားခဲ့သော လော်ယွဲ့ အနောက်တောင်ပိုင်းနှင့် တောင်ပိုင်းအုပ်စုနှင့် ဗီယက်နမ် မြောက်ပိုင်းသို့ ဝင်ရောက်သွားခဲ့သော မြောက်ပိုင်းရှမ်းဟူ၍ ၂ စု ရှိသည်။ ထို့နောက် ကွမ်းရှီးဒေသရှိ ရှမ်းတို့သည် ဗီယက်နမ် မြောက်ပိုင်းသို့ စတင်ဝင်ရောက်ခဲ့ပြီး ထိုမှတစ်ဆင့် တောင်ပိုင်းသို့ ဆက်သွားကြသည်။ တချိူ့က အနောက်အရပ်သို့ ရောက်ရှိလာကြသည်။ အနောက်ဘက်မှ ဝင်လာသည့် ရှမ်းများသည် လာအို၊ လင်ဇင်း၊ ဇင်းမယ်နှင့် သောက္ကတဲတို့တွင် အခြေချ နေထိုင်ကြသည်။ ဤသို့ဖြင့် ရှမ်းလူမျိူးတို့သည် အေဒီရာစုများတွင် အရှေ့တောင်အာရှ ကုန်းမြေတစ်လျှောက် နေထိုင်ကြပြီး ပျံနှံ့သွားခဲ့ကြသည်။ သို့သော် တရုတ်ပြည်ထဲတွင် ရှမ်းလူမျိူးတစ်ချိူ့ နေထိုင်ခဲ့ကြပြီး ဟန်ခေတ် မင်းဆက်လက်ထက်တွင် နန်းတွင်းဂီတအဖွဲ့များ၌ ပါဝင်ခဲ့ကြသည်ဟု ဆိုသည်။
ရှမ်းလူမျိူးစုအနွယ်ဝင်တွေဟာ အလွန်များပြားပြီး အခြားသော တိုင်းရင်းသားများနဲ့ တော်တော်များများ ဆက်နွယ်နေသည်။ ရှမ်းလူမျိူးအများစုသည် တောင်တန်းဒေသများတွင် နေထိုင်ကြပြီး လာအို၊ မြန်မာ၊ ယူနန်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံ အာသံပြည်နယ်အထိ ပျံ့နှံ့နေထိုင်ကြသည်။ ရှမ်းလူမျိူးများသည် ဆန်စပါးကို အဓိကစားသုံးကြပြီး ကိုယ်ပိုင် ရိုးရာဂီတ၊ ယဉ်ကျေးမှု၊ ရိုးရာအဝတ်အထည်များနှင့် ကိုယ်ပိုင် ဘာသာစကား/စာပေ ရှိသည့် လူမျိူးများ ဖြစ်ကြသည်။ တရုတ်ပြည်တွင်မူ ယူနန်ပြည်နယ် စစ့်ဆောင်ပန်းနား ဒေသသည် 西双版纳傣族自治州 ရှမ်းလူမျိူးတို့၏ ကိုယ်ပိုင်အုပ်ချူပ်ခွင့်ရ ဒေသဖြစ်ပြီး လာအိုနိုင်ငံနှင့်ပါ ထိစပ်နေသည်။ ထို့အပြင် တဲ့ဟုန်စီရင်စုတွင်လည်း အများဆုံး နေထိုင်ကြသည်။ တဲ့ဟုန်နယ်သည် ရှမ်းနှင့် ကျင်းဖော် (ဂျိမ်းဖော) တိုင်းရင်းသားတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိသည့် ဒေသဖြစ်သည်။ ၁၉၄၉ ခုနှစ် တရုတ်ပြည်မတွင် မော်စီတုန်းတို့ အာဏာရလာပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံအဖြစ် တည်ထောင်သည့်အခါ ရှမ်းလူမျိူးစုကို တိုင်းရင်းသားစာရင်းတွင် ထည့်သွင်းခဲ့သည်။ ရှမ်းလူမျိူးစုပေါင်းများစွာကို တိုင် Dai 傣族 ဟူသည့် ခေါင်းစဉ်အောက်တွင် ထား၍ နောက်ထပ် ရှမ်းမျိူးနွယ်များစွာ ထပ်ခွဲထားပြန်သည်။ တိုင်းရင်းသား ရှမ်းလူမျိူး၊ အဓိက ရှမ်းတိုင်းသားအုပ်စု ၃ စုနှင့် ရှမ်းမျိူးနွယ်ဝင် ၉၀ ကျော် ရှိသည်ဟု သိရသည်။ တချိူ့မှာ ဝတ်စားဆင်ယင်မှု အပေါ်မူတည်ပြီး ခေါ်ဝေါ်ကြသည်။ ရှမ်းလူမျိူးစု အဓိကအုပ်စု ၃ စုမှာ ၁။ တိုင်းလွီ ၂။ တိုင်းန (သို့မဟုတ်) ဟန်တိုင် ၃။ တိုင်းကျ (သို့မဟုတ်) ဟွမ်ယိမ်းတိုင် တို့ ဖြစ်ကြသည်။ အခြားသော ရှမ်းအုပ်စုဝင်များကို သူတို့၏ ဝတ်စားဆင်ယင်ပုံ၊ နေထိုင်သည့် အရပ်ဒေသတို့ကို အစွဲပြုပြီး ခေါ်ဝေါ်ကြသည်။
တရုတ်ပြည်ရှိ ရှမ်းတိုင်းရင်းသားတို့သည် စစ့်ဆောင်ပန်းနားနှင့် တဲ့ဟုန်စီရင်စုတို့အပြင် တိမာ၊ မန်လျန့်၊ ကျင့်ကူး၊ ရှင်းဖင်း၊ ကျင်းဖင်း၊ ယွမ်ကျန့်နှင့် စွမ်းကျန့် ဒေသများတွင်လဲ နေထိုင်ကြသည်။ တရုတ်ပြည်တွင် ရှမ်းလူမျိူးစုပေါင်း ၁.၂၆ သန်း နေထိုင်ကြသည်။
တရုတ်ပြည်တွင် တိုင်းရင်းသားလူမျိူးတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှုတို့ကို မပျောက်ပျက်အောင် သုတေသီဖြင့် အသေအချာ လေ့လာဖော်ထုတ်ပေးပြီး ထိန်းသိမ်းထားရှိသည်။ ထိုရိုးရာဓလေ့များနှင့် ဝတ်စားဆင်ယင်မှုကို မပျောက်ပျက်စေရေးအတွက် တိုင်းရင်းသားဒေသများရှိ ရိုးရာ အဝတ်အထည်၊ အသုံးအဆောင်များကို ဆင်ယင်သုံးစွဲကြရန်သာ ပိုမိုအားပေးသည်။ ထို့အပြင် တိုင်းရင်းသားတို့၏ သမိုင်း၊ ရိုးရာပုံပြင်များကိုလဲ စနစ်တကျ ပြုစုစေပြီး တရုတ်လူမျိူးများပါ ဖတ်ရလွယ်စေရန် တိုင်းရင်းသား ဘာသာစကားနှင့် တရုတ်စာ ၂ ဘာသာဖြင့် ရေးသားထားသည့် စာအုပ်များ ရှိသည်။ ထို့အပြင် တိုင်းရင်းသား ဘာသာစကားကို တရုတ်လူမျိူးများပါ လေ့လာစေနိုင်ရန် တိုင်းရင်းသား တရုတ် အဘိဓာန်စာအုပ်များပါ ထုတ်ဝေထားရှိသည်။
တဲ့ဟုန်နယ်တွင် ရှမ်းနှင့် ကချင်တို့၏ ဘာသာစကားနှင့် သမိုင်းစာအုပ်များကို ရောင်းချပေးသည်။ ရှမ်းတိုင်းရင်းသားများအတွက် ရှမ်းစာပေသင်ကြားပေးသည့် ကျောင်းများ ဖွင့်လှစ်ထားပေးသည်။ ထို့အပြင် ရှမ်း-တရုတ် Dictionary စာအုပ်များလဲ ထုတ်ဝေထားပြီး တရုတ်လူမျိူးများ ရှမ်းဘာသာစကား လေ့လာရာတွင် အဆင်ပြေစေရန် ရည်ရွယ်သည်။ ထို့အပြင် ရှမ်းရိုးရာပုံပြင်၊ ဝတ္ထုဇာတ်လမ်းတိုများကိုလဲ ရှမ်း-တရုတ် ၂ ဘာသာပါဝင်သည့် စာအုပ်များ ထုတ်ဝေပေးထားသည်။ စစ့်ဆောင်ပန်းနားလို ဒေသများတွင် ရှမ်းဘာသာစကားကိုသာ အဓိကပြောဆိုကြသည်။ ထိုဒေသရှိ တရုတ်လူမျိူးများသည် ရှမ်းစာပေကို တတ်မြောက်ကြပြီး စာရေးသားနိုင်၊ ပြောနိုင်ကြသည်။ ရှမ်းတိုင်းရင်းသားများသည် တရုတ်အစိုးရက ဖွင့်လှစ်ထားသည့် တရုတ်ကျောင်းများတွင် သင်ကြားနိုင်ကြပြီး အစိုးရက တိုင်းရင်းသားများ အတွက် သူတို့၏ မိခင်ဘာသာစကား၊ စာပေကိုပါ သင်ကြားပေးသည်။
နောက်တစ်ခါကျမှ နန်ကျောင်နိုင်ငံနှင့် တလီနိုင်ငံ အကြောင်း ဆက်ပါတော့မယ်။ အခုတော့ ဒီလောက်ပါပဲ။ အေးဆေး ဆွေးနွေးလို့ရပါတယ်။
(天下第一)
ဆေစီးဖ ခေါ်သိုဝ်စီးဖွား
သာသနာသက္ကရာဇ်(၅၁၈)မှ(၅၅၄)အထိ (ဘီစီ ၉၆)
ဆေဆောင်ဖ လွန်သော် သားတော် ဆေစီးဖ,နန်းတက်သည်..ထိုမင်းကား စိတ်နှလုံးနူးညံ့၏
လုံ့လ,ဝီရိယနှင့်လည်း ပြည့်စုံ၏
ဆင်ခြင်နှိုင်းဆတတ်သော ညဏ်ပညာလည်း ရှိ၏
ထိုမင်းလက်ထက် သာသနာ သက္ကရာဇ်(၅၃၈)ခုနှစ်တွင် တိဘက်ပြည်မှ ဟုထင်သော ဗုဒ္ဓဘာသာ, ရဟန်းတော် ဆယ်ပါး တို့ကြွရောက်လာ၏
တရားဟောရာတွင် မင်းနှင့်တကွ ပြည်သူ့ပြည်သားတို့ ယုံကြည်လေးမြတ် ခြင်း ရှိကြသဖြင့် များစွာလူဒါန်းပူဇော်သည်…ထိုအခါမှစ၍ ရှိရင်း နတ်ကိုးကွယ်ရေးတို့ မှေးမိန်လျက် ဗုဒ္ဓဘာသာအယူဝါဒ ယုံကြည်ရေးများ တစတစ တိုးပွားလာကြသည်..
မိုးမိတ်ရာဇဝင်တော်ကြီး
(သျှမ်းနီတွေ ဗုဒ္ဓဘာသာ စတင်ကိုးကွယ်ခြင်း ရဲ့ သမိုင်း တစ)
မင်္ဂလာပါ ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့
အင်းဝ ကိုအုပ်ချုပ်ခဲ့သော ရှမ်းဘုရင်မင်းကြီး
ဆေဟန်ဖ (သိုဟန်ဘွား) သမိုင်းအကြောင်းပဲဖြစ်ပါတယ်
ယခု ကချင်ပြည်နယ်ထဲတွင်တည်ရှိသော
မိန်းယန်း ခုခေတ်အခေါ် မိုးညှင်းမြို့ သည်
ရှမ်းဘုရင်မင်းများ အဆက်ဆက် မြို့တည်နန်းတည်ခဲ့သော မြို့ဖြစ်သည်
အေဒီ ၁၅၀၆ ခုနှစ်တွင်
မိုးညှင်းစောလုံ ဘုရင်မင်း နှင့် မင်းမိဖုရား စဝ်နန်းပွေ့ ဖြစ်ကာ
သားတော်မှာ ဆေဟန်ဖ (သိုဟန်ဘွား) ဖြစ်သည်
သမိုင်းအချို့မှာတော့ ဆေဟုမ်ဖ (သိုဟုမ်ဘွား) ဟုလည်းဖော်ပြသည်
အေဒီ ၁၅၂၇ ခုနှစ်မှ ၁၅၄၃ ခုနှစ်ထိနန်းတက် စိုးစံခဲ့သည်
ဗမာများကတော့ အရှင်မင်းကြီးကို သိုဟန်ဘွား ဟုခေါ်ဆိုကြသည်
သိုဟန်ဘွားသည်
သက်တော် ၁၄-၁၅ နှစ်လောက်ကတည်းကပင်
တော်လွန်းသောကြောင့် ကျော်ကြားထင်ရှားသူဖြစ်သည်
မင်းကြီးသည် အလွန်းပင်ရဲဝံ့ပြီး
မည်သူ့ကိုမျှ မနှိပ်စက်ပါ
သာသနာကိုလည်း ဘယ်သောအခါမှ မစော်ကားပါ
ပြည်သူပြည်သားများကို ဂရုဏာစိတ်ထား သနားကြင်နာတတ်သော အိမ်ရှေ့မင်းတစ်ပါးဖြစ်သည်
စဝ်လုံ (စောလုံ) ဘုရင်မင်းမြတ်လက်ထက်တွင်
ရှမ်းပြည် အပြည်ပြည်၊ အင်းဝ၊တောင်ငူ၊ပြည်၊ ဟံသာဝတီ၊ အရကန်ပြည် တို့သည်
အိမ်နီးချင်းနိုင်ငံများဖြစ်ကြပြီး ကိုယ့်ထီးကိုယ့်နန်းနှင့် အုပ်ချုပ်ကြလေသည်
အိမ်နီးချင်းနိုင်ငံများသည်
စစ်ဖြစ်သည့်ချိန်ရှိခဲ့သလို မဟာမိတ်အဖြစ်လဲရှိခဲ့သည်
ထိုအချိန်က ရှမ်းပြည် အပြည်ပြည်ဆိုသည်မှာ
ရှမ်းမင်း ရှမ်းဘုရင်တို့က ရှမ်းပြည်သူပြည်သားတွေကို အုပ်ချုပ်သောပြည်များဖြစ်ပြီး
အတူတကွ အုပ်ချုပ်နေထိုင်ခဲ့သည်မှာ ခေတ်အဆက်ဆက်ပင်ဖြစ်သည်
ရှမ်းပြည် နိုင်ငံမှား စုပေါင်းပြီး
ရှမ်းပြည် အပြည်ပြည်ဟုခေါ်ဆိုသည်
အာသံနိုင်ငံ၊ ၁၂ ပြည်စော်ဘွားနိုင်ငံ၊ ဆစ်ဆောင်ပန်းနား၊ ဆစ်တောင်စဝ်တိုင်း၊ ခေမရတ်၊လန့်ဇန့်၊ လန့်နား၊ ဆွတ်ခေါ်ထိုင်း၊ အယုဒ္ဓယ
စသည်တို့သည် ရှမ်းပြည်အပြည်ပြည် တို့ဖြစ်ကြသည်
၁၂ ပြည်ထောင် စော်ဘွားနိုင်ငံ ဆိုတာ
မိန်းမောဝ်၊ ကိန်မ၊ ဇယ်ဖန်၊ မိုးကောင်း၊ မိုးညှင်း၊
တောင်သွပ်၊ မိုးမိတ်၊ သိန်းနီ၊ သီပေါ၊ ညောင်ရွှေ၊ မိုးနဲ၊ မိုးဗျဲ တို့ပဲဖြစ်ပါသည်
စဝ်ဖှ (စော်ဘွား) ဆိုသည်မှာ
ရှမ်းပြည်၏ အရှင်သခင် ဗမာဘုရင်များနှင့် အဆင့်အတန်း အတူတူပင်ဖြစ်သည်
သမိုင်းရေးသူတို့က ရှမ်းတွေကို အထင်အမြင်သေးစေလိုသောကြောင့်
စော်ဘွားသည် ဗမာဘုရင်ထက် အဆင့်နိမ့်သလို ထင်ယောင်ထင်မှား စေချင်ခြင်းဖြစ်သည်
တကယ်တမ်း ကြည့်ရမည်ဆိုရင်
ဗမာဘုရင်မင်းတစ်ပါး၏ ပိုင်နက်သည်
ရှမ်းစော်ဘွား တစ်ပါး၏ ပိုင်နက်ထက်ပင် ကျဉ်းနေသည်ဆိုတာ သိမြင်နိုင်မည်
အာဝါ့ (သို့မဟုတ်) အင်းဝ နိုင်ငံသည်
၁၃၆၄ ခုနှစ်တွင်
မိန်းမော(စယ်လန့်) ဘုရင်မင်းကြီး သိုခန်ဘွား ၏ သားတော်နှစ်ပါးဖြစ်သော
စဝ်ပိန်ဖ နှင့် စဝ်ငိတ်ချိုဖ တို့သည် ပင်းယ စစ်ကိုင်းကို တိုက်ခိုက်သိမ်းပိုက်ပြီး
သတိုးမင်းဖျား ကိုနန်းတက်စေခဲ့သည်
၁၃၆၅ ခုနစ် ၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် သတိုးမင်းဖျားမှ အင်းဝ နေပြည်တော်ကို တည်ထောင်ခဲ့သည်
၁၃၆၅ ခုနှစ်မှ ၁၅၅၅ ခုနှစ်အတွင်းသည် အင်းဝခေတ်ဟု ခေါ်ဆိုကြသည်
အင်းဝနိုင်ငံ၏ ထက်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင်
ရှမ်းပြည် အပြည်ပြည်တို့ရှိသည်
အောက်ပိုင်းတွင် ပြည်၊ တောင်ငူ နှင့် ဟံသာဝတီ နိုင်ငံတို့ရှိသည်
အနောက်ပိုင်းတွင် ရခိုင် အရကန်နိုင်ငံတို့ရှိပြီး
အင်းဝသည် အလယ်မှာတည်ရှိသောကြောင့် အပြည်ပြည်နှင့် ဆက်ဆံမှုရှိခဲ့သည်
၁၅၀၁ ခုနှစ် မှ ၁၅၂၆ ခုနှစ်အတွင်းတွင်
ရွှေနန်းကြော့ရှင် နရပတိ မင်းသည် အင်းဝဘုရင်မင်းဖြစ်သည်
မိုးညှင်းစော်ဘွား စဝ်လုံနှင့် အတည့်ပါ
ရွှေနန်းကြော့ရှင် နရပတိ သည် ရွှေများဖြင့် နန်းတော်ကို တည်ခဲ့သောကြောင့်
ရွှေနန်းကြော့ရှင် နရပတိ ဟုမည်လေသည်
အင်းဝမင်းဆက်များသည်
တောင်ငူအရှင်ဘုရင် ဘုရင့်နောင်၏တိုက်ခိုက်မှုကြောင့်
၁၅၅၄ ခုနှစ်တွင် ပျက်သုန်းခဲ့ရလေသည်
တောင်ငူ သည် ၁၂၇၉ ခုနှစ်တွင်
နရသီဟပတိမှ ပုဂံနန်းစံစဉ်
သဝန်ကြီးနှင့် သဝန်ငယ်တို့
ညီနောင်နှစ်ဦးမှ အရှင်သခင်ဖြစ်ခဲ့ကာမှစ
နန်းတည်စပျိုးခဲ့လေသည်
အရှင်သခင်နှင့် အုပ်စိုးသောနိုင်ငံဖြစ်ပေမယ့် အင်းအားအတောင့်တင်းသေးပါ
ရှမ်းစို့သူကြီး အုပ်ချုပ်မှုနယ်လောက်ပင် ရှိပါသေးသည်
၁၄၈၅ ခုနှစ်တွင်
လယ်ဝေး စို့သူကြီး၏မြေး မင်းကြီးညိုမှ နန်းလုကာ တောင်ငူအရှင်မင်းစည်သူ ကို သတ်ပြီး
ဘုရင်ပြုခဲ့လေသည်
မင်းကြီးညိုမှာ သမီးတော် သခင်ကြီး နှင့် သားတော် တပင်ရွှေထီး တို့ရှိသည်
ထိုချိန်အခါ၌ တောင်ငူနယ်၏ ထီးလှိုင်ရွာလေးတစ်ရွာမှာ
အလွန်ဆင်းရဲသော မောင်သိင်္ခနှင့် မခင်လှတို့ ဇနီးမောင်နှံရှိခဲ့သည်
အလွန်ပင်ဆင်းရဲသောကြောင့် ထန်းတက်သမားအဖြစ် လုပ်ကိုင်စားသောက်ခဲ့ရသည်
သူတို့မှာ သားလေး တစ်ဦးရှိပြီး တစ်ဦးတည်းသော အိပ်ခိုင်းစေပြီး ထန်းတက်ထွက်လေ့ရှိသည်
ကလေးငယ်အား မကြည့်အားသဖြင့် ခြပင်တက်သောကြောင့်
ခြတက်ကောင်လေး ဟုခေါ်ဆိုကြလေသည်
နောက်ကြောင်း ပါရမီကံပါလာသော့ကြောင့်
မကြာမှီအချိန်မှာပဲ မခင်လှမှ တပင်ရွှေထီး၏ နို့ထိန်းဖြစ်ခဲ့ရလေသည်
ခြတက်ကောင်လေးကလည်း တပင်ရွှေထီးတို့နှင့်အတူ ကစားဖော်ဖြစ်ခဲ့သည်
ခြတက်ကောင်လေးသည် ၁၅၁၅ ခုနှစ်၊ ပြာသိုလဆန်း ၁၂ ရက် ဗုဒ္ဓဟူးနေ့တွင် မွေးဖွားပြီး
တပင်ရွှေထီးထက် ၃ လနှင့် ၄ ရက်ကြီးပါသည်
၁၅၃၀ ခုနှစ်တွင်
မင်းကြီးညိုနတ်ရွာစံပြီး
၁၅ နှစ်သာရှိသေးသော တပင်ရွှေထီးက နန်းဆက်ခံခဲ့လေသည်
ထိုချိန်မှာ ခြတက်ကောင်လေးကလည်း ရှင်ရဲထွဋ် ဟုမည်ပြီး
စစ်သူကြီး တစ်ဦးဖြစ်ခဲ့လေသည်
နောက်ပိုင်းမှာ တပင်ရွှေထီး၏ အစ်မတော် သခင်ကြီးနှင့် လက်ထပ်ပြီး
ဘုရင့်နောင် ဟုမည်ပြန်သည်
ဘုရင့်နောင်၏ အဓိပ္ပာယ်မှာ
ဘုရင် ဆိုသည်မှာ မင်းကြီးဘုရင်ဖြစ်ပြီး နောင်ဆိုသည်မှာ ဘုရင်၏ နောင်တော်ဖြစ်သည်
တပင်ရွှေထီးဆိုသော ဘုရင်သည် အလွန်ပင်အရက်ကို နှစ်သက်သည်ဟုဆိုသည်
၁၅၄၈ ခုနှစ်တွင်
ဦးဇင်းလူထွက် သမိုင်ထောမှ ရန်ကုန်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သောကြောင့်
ဘုရင့်နောင် ဆင်းပြီးတိုက်ခိုက်ခဲ့လေသည်
ထိုစဉ် တပင်ရွှေထီးသည် သူ့၏မှူးမတ် မွန်လူမျိုးအိမ်ရှိရာ
မအူပင်၌ အလွန်ပင်ဒေါသဖြစ်ပြီး ဆဲဆိုလေသည်
ထို့နောက် မှူးမတ်မှ တပင်ရွှေထီးကို လိမ်ညာကာ
သူတို့နယ်၏ တောထဲတွင် ဆင်ဖြူတော်ရှိကြောင်း ပြောလေသည်
ဆင်ဖြူတော်ဖမ်းရန် တောထဲရောက်ချိန် တပင်ရွှေထီး အရက်မူးပြီးအိပ်ပျော်နေစဉ်
မွန်လူမျိုးဖြစ်သောမှူးမတ်မှ တပင်ရွှေထီးအားသတ်ဖြတ်လိုက်ခြင်းကြောင့်
နတ်ရွာစံလေသည်
ထို့နောက် တပင်ရွှေထီး၏ သားတော် မင်းရဲသီဟသူမှ ထီးနန်းဆက်ခံခဲ့သော်လည်း
တိုင်းပြည် မငြိမ်မသက်ဖြစ်ခဲ့ရလေသည်
ထို့နောက် ၁၅၅၀ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်နေ့တွင်
မှူးမတ်များက ဘုရင့်နောင် အား နန်းတက်စေခဲ့သည်
၁၅၅၃ ခုနစ်၊ နတ်တော်လဆန်း ၁၃ ရက်နေ့တွင်
ဘုရင့်နောင်မှ နန်းတော်အား ရွေ့ပြောင်းကာ ဟံသာသတီသို့ နန်းတည်ခဲ့သည်
ဘုရင့်နောင်မှာ မိဖုရား ၃ ပါးရှိပြီး
ကိုယ်လုပ်တော် ၄၃ ယောက်နှင့်
သားတော် ၉၇ ပါး၊ သမီးတော် ၅၉ ပါးရှိသည်
ဘုရင့်နောင်၏ သက်တော်မှာ ၆၆ နှစ်ရှိကာ
၁၅၈၁ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်နေ့တွင်
နတ်ရွာစံလေသည်
ပြည် (သို့မဟုတ်) ပုန့် (Prome) နိုင်ငံ
ပြည်သည် ဧရာဝတီမြစ်ကမ်းကူးဆိပ်၌ တည်ရှိသောကြောင့်
ရှမ်းတို့က တာပုန့်ဟုခေါ်ဆိုသည်
Prome ကိုဗမာစာ ဗမာသံ ဖြင့်မပီနိုင်သောကြောင့် ပြည် ဖြစ်လာသည်
၁၂၄၂ ခုနှစ်တွင် ဖခမည်းတော် နရသီဟပတေ့ ကိုအဆိပ်ခတ် ခဲ့သော သီဟသူ ကမင်းပြုလေသည်
ပြည်မင်းဆက်များမှာ
သီဟသူ (နရသီဟပတေ့၏ သားတော်) (အေဒီ ၁၂၄၂-၁၂၈၄)
ကျစွာ (သီဟသူ၏ ညီတော်)(အေဒီ ၁၂၈၄-၁၃၂၃)
အေဒီ ၁၃၂၃ မှ အေဒီ ၁၄၄၅ ခုနှစ်ထိမှာတော့
ပြည်သည် အင်းဝဘုရင်လက်အောက်ခံ အဖြစ်တည်ရှိခဲ့သည်
မင်းကြီးစွာ (နရပတိ၏ သားမက်တော်) (အေဒီ ၁၄၄၅-၁၄၈၂)
သတိုးမင်းစော (မင်းကြီးစွာ၏ ညီတော်)(အေဒီ ၁၄၈၂-၁၅၂၆)
ဘုရင်ထွေး (သတိုးမင်းစော၏ သားတော်)(အေဒီ ၁၅၂၆-၁၅၃၂)
နရပတိ (ဘုရင်ထွေး၏သားတော် အကြီး)(အေဒီ ၁၅၃၂-၁၅၃၈)
မင်းခေါင် (ဘုရင်ထွေး၏သားတော် အငယ်)(အေဒီ ၁၅၃၈-၁၅၄၂)
တို့ပဲ ဖြစ်ကြပါသည်
ပြည်သည် အေဒီ ၁၅၄၂ ခုနှစ်တွင်
တောင်ငူဘုရင် တပင်ရွှေထီး၏ တိုက်ခိုက်မှုကြောင့် ပျက်သုန်းခဲ့ရလေသည်
မိုးညှင်းဘုရင် (စော်ဘွား) စဝ်လုံသည်
ပြည်ဘုရင် သတိုးမင်းဖျား နှင့် မဟာမိတ်များဖြစ်ကြပြီး
အင်းဝဘုရင် ရွှေနန်းကြော့ရှင် နရပတိနှင့် မကြာခဏ စစ်တိုက်ရလေ့ရှိသည်
တောင်ငူဘုရင် မင်းကြီးညိုသည် ပြည်နှင့် မကြာခဏ စစ်ဖြစ်လေ့ရှိသည်
မိုးညှင်းနှင့် ပြည်က မဟာမိတ်ဖြစ်သောကြောင့်
မိုးညှင်းနှင့် တောင်ငူလည်းမတည့်ကြပေ
အင်းဝက သီပေါ၊ သိန်းနီ၊ မိုးမိတ်၊ မိုးနဲ၊ ညောင်ရွှေတို့နှင့် မဟာမိတ်ဖြစ်သောကြောင့်
မကြာခဏ အင်းဝကို စစ်ကူတိုက်ပေးရလေ့ရှိသည်
၁၅၂၂ ခုနှစ်တွင်
မိုးညှင်း နှင့် အင်းဝ စစ်ဖြစ်ခဲ့လေသည်
ပြည်က မိုးညှင်းဖက်ကနေပြီး အင်းဝကို တိုက်ကူခဲ့သည်
မိုးညှင်းက အရှေ့မြောက်ဖက်ခြမ်းမှာတိုက်ပြီး ပြည်က အရှေ့တောင်ဖက်ခြမ်းမှာ တိုက်ခဲ့ကြသည်
အင်းဝဘုရင်မှ စစ်ကူတောင်းသောကြောင့်
သီပေါဘုရင်မှ သူ့၏သားတော် ခွန်မိန်းအွန်(ခုံမှိုင်း) အား
ဆင်တပ် ၆၀ ၊မြင်းတပ် ၁၀၀၀ နှင့် ကြည်းတပ် ၄၀၀၀ တို့စေလွတ်ခဲ့သည်
သီပေါစစ်သည်များ မိုးညှင်းတပ်နှင့် တိုက်ခိုက်ခြင်းမရှိပဲ ကျော်ကာပြည်တပ်နှင့် တိုက်ခဲ့ရသည်
တစ်ဖက်မှာလည်း သီပေါဘုရင်မှ မိုးညှင်းစဝ်လုံ ထံ ဤသို့စာပို့ခဲ့သည်
အခု နောင်တော်နှင့် အင်းဝ စစ်ဖြစ်နေသည်မှာ
ညီတော်က အင်းဝ၏မဟာမိတ်ဖြစ်နေသောကြောင့် သူတို့ကို ကူညီရပါသည်
နောင်တော်နှင့် ညီတော်တို့က ရှမ်းအချင်းချင်းဖြစ်လို့
စစ်မခင်းခြင်သောကြောင့်
နောင်တော်နှင့် ညီတော် စစ်မခင်းရလေအောင် နောင်တော် စဉ်းစားပေးစေချင်ပါသည် ဟုဆိုသည်
စာလက်ခံရရှိသည်နှင့် တစ်ပြိုင်နက် မိုးညှင်းစဝ်လုံမှ တပ်ပြန်ရုပ်သိမ်းခဲ့သည်
၂ နှစ်ကြာပြီးနောက်ပိုင်း ၁၅၂၄ ခုနှစ်တွင်
အင်းဝဘုရင်မှ တပ်များနှင့် မိုးညှင်းသို့ စစ်ချီတိုက်ခိုက်လေပြန်သည်
မိုးညှင်းစဝ်လုံမှ စစ်အဆင့်သင့်ပြင်ထားပြီး
သီပေါဘုရင်ထံ ဤသို့စာပို့ခဲ့ပြန်သည်
လွန်ခဲ့သော ၂ နှစ်က ညီတော်စာပို့ခဲ့သည်မှာ
ရှမ်းအချင်းချင်း စစ်မဖြစ်ချင်သောကြောင့် နောင်တော် တပ်ရုပ်သိမ်းခဲ့သည်
အခုချိန်မှာ အင်းဝမှ နောင်တော်တို့ကို အထင်သေးကာ သူတို့ကိုကြောက်တယ်ထင်ပြီး
နောင်တော်တို့ကို လိုက်ပြီးလာတိုက်နေသည်
ဒီကိစ္စဘယ်လိုဖြစ်သင့်လဲဆိုတာ ညီတော်စဉ်းစားပေးပါ ဟုဆိုကာ
လူလွတ်ပြီး သီပေါသို့ပို့ခဲ့လေသည်
ထို့နောက် သီပေါဘုရင်မှ လက်ခံရရှိပြီး ဤသို့စာပြန်လေသည်
နောင်တော် အင်းဝစစ်ချီချိန်တွင် နောင်တော်မှ ရှမ်းအချင်းချင်းမို့ စစ်မခင်းချင်တာကို
ညီတော်တားလို့ရပေမယ့်
အခုချိန် အင်းဝမှ နောင်တော်ကို စစ်ချီသည်ဆိုသည်မှာ ညီတော်ဘာမှ မတားဆီးနိုင်သောကြောင့်
နောင်တော် သဘောအတိုင်းတာ လုပ်ဆောင်နိုင်ပါသည် ဟုဆိုသည်
စာလက်ခံရရှိပြီးသည်နှင့်
စဝ်လုံ စစ်ပြင်ကို တိုက်ခိုက်ကာ အင်းဝထိသို့ လိုက်တိုက်လေတော့သည်
ပြည်တပ်များက အရှေ့တောင်ဖက်ခြမ်း တိုက်ခိုက်နေကာ
အင်းဝမတိုက်နိုင်သောကြောင့် သီပေါဘုရင်ထံ စစ်ကူးထပ်တောင်းရပြန်သည်
သီပေါဘုရင်မှလည်း ဆင်တပ် ၃၀၀၊ မြင်းတပ် ၁၀၀၀၊ ကြည်းတပ် ၁၀၀၀၀ ပြင်ပြီး
အင်းဝသို့ကူရန် ဆင်းသွားချိန် မေမြို့(ပြင်ဦးလွင်) သာရောက်ရှိချိန်
အင်းဝမှ စစ်ရှုံးပြီဟု ကြားသိလိုက်ရသောကြောင့် ကူမတိုက်ခဲ့ရပါ
ရွှေနန်းကြော့ရှင် နရပတိမှ မိဖုရားများနှင့် သားသမီးတော်များအတူ သီပေါသို့တိမ်းရှောင်လေသည်
၁၅၂၅ ခုနှစ်တွင်
အင်းဝကိုသိမ်းပိုက်နိုင်ပြီး ပြည်ဘုရင်ထံနန်းအပ်ပေးခဲ့ပြီး
စဝ်လုံအဖို့တော့ အင်းဝမှ ဆင်တပ်မြင်းတပ်များ သိမ်းပြီး မိုးညှင်းသို့ပြန်လေသည်
စဝ်လုံမိုးညှင်းပြန်ပြီးနောက်ပိုင်း
ပြည်ဘုရင် သတိုးမင်းစောလည်း နန်းတွင်းပစ္စည်းအချို့သိမ်းယူပြီး အင်းဝမှူးမတ်အချို့ကိုဖမ်းပြီး ပြည်သို့ပြန်လေသည်
အင်းဝ၌မည်သူမှ မရှိတော့သောကြောင့်
ရွှေနန်းကြော့ရှင် နရပတိအင်းဝသို့ ချက်ချင်းပြန်လေသည်
အင်းဝရောက်ပြီး စစ်အင်အားစုပီး မိုးညှင်းသို့ တဖန်စစ်ချီလေသည်
၁၅၂၆ ခုနှစ်တွင်
မိုးညှင်းစောလုံသည် သားတော် သိုဟန်ဘွားနှင့်အတူ အင်းဝကိုတိုက်ခိုက်လေသည်
အင်းဝဘုရင် စစ်ရှုံးပြီး ထီးနန်းစွန့်၍ ဆင်စီးထွက်ပြေးကာ
ဒဏ်ရာရထားသောကြောင့် လမ်းခုလတ်၌ နတ်ရွာစံလေသည်
၁၅၂၇ ခုနစ်တွင်
မိုးညှင်းစောလုံမှ သိုဟန်ဘွားကို အင်းဝဘုရင်အဖြစ် နန်းတက်စေခဲ့သည်
ရွှေနန်းကြော့ရှင် နရပတိ၏ မြေးတော်ဖြစ်သော မင်းကြီးရန်နောင်သည်
တစ်ချိန်က စစ်ပြေးပြီး မိုးညှင်း၌ခိုလှုံခဲ့သော ကျေးဇူးကို မမေ့လောက်ဘူးအထင်ဖြင့်
မိုးညှင်းစောလုံမှ မှူးမတ်အဖြစ် ခန့်အပ်ကာ သိုဟန်ဘွားနှင့် အနီးကပ်ထားခဲ့သည်
သိုဟန်ဘွားကို နန်းအပ်ပြီး စောလုံမှ နန်းတွင်းပစ္စည်းအချို့ယူကာ
သီပေါဘုရင်ထံ စာနှင့်အတူ ပို့ပေးခဲ့သည်
ထိုစာထဲတွင် မိုးကောင်း၊ မိုးညှင်း၊မိုးဗျဲ၊ ညောင်ရွှေ၊မိုးနဲ၊ မိုးမိတ် ၊သီပေါစသော
ရှမ်းပြည် အပြည်ပြည်တို့သည်
တစ်ဆွေတစ်မျိုးတည်းသာဖြစ်သည်
ယခု နောင်တော်၏သားတော် သိုဟန်ဘွားသည် အင်းဝဘုရင်မင်း အဖြစ်နန်းတက်လေသောကြောင့်
ညီတော်အနေဖြစ် တူရင်းသားရင်းအနေဖြင့်သဘောထားပြီး
ချစ်ခင်ရင်းနှီးပေးပါဟု ဆိုသည်
ထိုပြီးသည့်နောက် စောလုံမိုးညှင်းသိူ့ပြန်တော်မူလေသည်
ထို့နောက် အင်းဝဘုရင်မင်းကြီးဖြစ်လာသော သိုဟန်ဘွား သည်
လူမျိုးမခွဲခြားပဲ ဗမာမှူးမတ်များနှင့် ရှမ်းမှူးမတ်များကို ရာထူးညီတူညီမျှထားပြီး
စုပေါင်းကာ တိုင်းပြည်တာဝန်ထမ်းစေခဲ့လေသည်
သိုဟန်ဘွားသည် ဗုဒ္ဓကို ယုံကြည်ကိုးကွယ်ပြီး
ရှေးရှမ်း ဂါထာတော်များကို ရွတ်ဆိုလေ့ရှိသည်
ထိုအထဲကမှ သမ္ဗုဒ္ဓေ ဂါထာတော်ကို ယူပြီး
အင်းဝပြည်သူပြည်သားများအား နေ့စဉ်နေ့တိုင်း ကိုးကွယ်ရွတ်ဖတ်စေသည်
တိုင်းသူပြည်သားများ လွယ်ကူမှတ်သား ရွတ်ဆိုနိုင်ရန်အလို့ငှာ
သိုဟန်သည် ဂါထာတော်၏ အမည်ကိုယူကာ မိုးညှင်းဘုရင်ကြီးဦးတည်ထားပြီး
ပြည်သူပြည်သားများနှင့် မိုးညှင်းသမ္ဗုဒ္ဓေ စေတီတော်ကို
မင်းကြီး သိုဟန်ဘွား လှူဒါန်းခဲ့သောမြေအကျယ် ၃၇ ဧက၌ တည်ခဲ့လေသည်
ထိုစေတီသည် ယခုထိတိုင် မုံရွာမြို့အနီးတွင် တည်တံ့ရှိနေသည်
သိုဟန်ဘွား အင်းဝဘုရင်ဖြစ်စဉ်တွင်
တောင်ငူ၌ ဗမာဘုရင်မင်းပြုပြီး
စပျိုးခါစနိုင်ငံငယ်လေး ပင်ရှိသေးသည်
ရှမ်းပြည် အပြည်ပြည်မှ တောင်ငူ နှင့် ပြည် တို့ကိုဝန်းရံထားပြီး
ဗမာဘုရင်များထက် အင်အားအလွန်ပင်ကြီးမားလှပါသည်
နောက်နောင်တွင် ရန်ပြုလာမည်ကိုစိုးရိမ်၍ သိုဟန်ဘွားသည် တောင်ငူ ကိုတိုက်ခိုက်ရန်
တိုင်ပင်ဆွေးနွေးချိန်တွင် မင်းကြီးရန်နောင်က
ယခုချိန် ရှမ်းတွေအင်အားကြီးမားချိန်ဖြစ်ကာ
ငါတို့ဗမာက ခုမှမျိုးစေ့စပျိုးချိန်ဖြစ်သောကြောင့်
အကယ်၍ သိုဟန်ဘွားမှ တောင်ငူကိုတိုက်ခိုက်မည်ဆိုလျှင်
ဘယ်လိုပင်ဖြစ်စေ ငါတို့ဗမာတွေဆုံးရှုံးပြီး မျိုးသုန်းပျောက်ကွယ်သွားလိမ့်မည်
ရှမ်းတွေက ဒီထက်မကပိုမိုအင်အားကြီးလာပြီး အကုန်လုံးကို စိုးစံသွားလိမ့်မည်
အခုကျန်ရှိနေသော ငါတို့ဗမာတွေ နောက်နောင်အင်အားကြီးမားလာစေဖို့ လိုအပ်သည်ဟု ဟု တွေးတောကာ
တောင်ငူကို တိုက်ခိုက်ရန် သဘောအတူခဲ့ပဲ ဤသို့ဆိုလေသည်
တောင်ငူ နှင့် ပြည် တို့သည် နိုင်ငံဟုသာမည်၏
သူတို့မှာ ဘာအားအင်မှမရှိ
မကြာမှီမှာပင်လျှင် ကြောက်ရွံ့ပြီး အရှင်မင်းကြီးထံ
သူတို့လာရောက် ခစားလိမ့်မည်
စစ်မဖြစ်ပဲ သူတို့ဖန်သာ လာရောက်ခစားခြင်းက ကောင်းသည်
နောက်နောင်တွင်လည်း သူတို့အားအင်နှင့်
ဘာမှ ကြောက်စရာအကြောင်းမရှိ ဘာအန္တရာယ်မှ မပြုနိုင်ပါ ထားထားလိုက်ဘုရားဟုဆိုလာသောကြောင့်
သိုဟန်ဘွားလည်း တောင်ငူကို မတိုက်ခိုက်ပဲ ထားခဲ့လေသည်
ထို့နောက် မင်းကြီးရန်နောင်မှ လူခိုးလွတ်ကာ တောင်ငူထံ ဤသို့အကြောင်းကြားလေသည်
ယခုချိန်ခါသည် ရှမ်းတွေအင်အားကြီးမားပြီး စုပေါင်းနေချိန်ဖြစ်သည်
ငါတို့ဗမာက အားအင်သိပ်မရှိသေးသောကြောင့် သူတို့ကို ပုန်ကန်လို့မဖြစ်နိုင်ပေ
အန္တရာယ်မရှိပဲ အားအင်စုစည်းနိုင်မည့် နည်းလမ်းကိုရှာရမည် ဖြစ်သောကြောင့်
လူလွတ်ပြီး အင်းဝဘုရင်ထံ လာရောက်ခစားသင့်ကြောင်း ဆိုသည်
သိပ်မကြာမှီမှာပင် တောင်ငူမှ လူလွတ်ကာ
သိုဟန်ဘွားထံ လက်ဆောင်ပစ္စည်းများနှင့် လာရောက်ခစားလေသည်
ပြောဆိုလျှောက်ထားသည့်အတိုင်း ဖြစ်လာသောကြောင့်
မင်းကြီးရန်နောင် အပေါ် သိုဟန်ဘွား၏ ယုံကြည်မှု ပိုမိုကြီးစေခဲ့သည်
၁၅၃၁ ခုနှစ်တွင် တပင်ရွှေထီး တောင်ငူ၌ နန်းတက်ပြီး
ဘုရင့်နောင် စစ်သူကြီးဖြစ်လာကာ
၁၅၃၃ ခုနှစ်တွင် ပြည်ဘုရင်မှ ဘုရင်ထွေး စော်ကားလာသောကြောင့်
မိုးညှင်းစောလုံ နှင့် သိုဟန်ဘွားတို့ ပြည်ကို တိုက်ခိုက်သိမ်းပိုက်ပြီး
နောက်နောင် ပြည်နှင့် တောင်ငူ ပေါင်းကာ အန္တရာယ်ပြုလာမည် စိုးသောကြောင့်
တောင်ငူ ကိုတိုက်ခိုက်ရန် ကြံသည်
မင်းကြီးရန်နောင်မှ နောက်တဖန်တားဆီးမှုကြောင့် မတိုက်ခိုက်ခဲ့ပါ
ထို့နောက် မိုးညှင်းစောလုံမှ ဘုရင်ထွေးကိုဖမ်းစီးခေါ်ဆောင်သွားလေသည်
ဒီပဲယင်းပင်ရောက်ရှိသေးသည် စည်းရုံးလို့ရပြီဟုဆိုကာ ပြန်လွတ်ခဲ့လေသည်
မိုးညှင်းစောလုံ အင်းဝ၌ခေတ္တရပ်နားပြီး
မိုးညှင်းသို့ခရီးနင်လေသည်
မိုးညှင်းစောလုံ မြေတူးပင်ရောက်ရှိသေးချိန်တွင်
မင်းကြီး၏ မှူးမတ်တစ်ဦးသည် မင်းကြီးရန်နောင်၏ အကြံတူဖြစ်ကာ
မင်းကြီးအား လုပ်ကြံသောကြောင့် နတ်ရွာစံလေသည်
မိုးညှင်းစောလုံသည် သိုဟန်ဘွား ၏ အရာရာသော အားအင်ဖြစ်သောကြောင့်
ဤသို့ ကောက်ကျစ်လုပ်ကြံခြင်းကို ကြုံ ရလေသည်
၁၅၃၈ ခုနှစ်တွင်
တောင်ငူမှ အင်းဝ၏ဩဇာခံဖြစ်သော ပြည်ကို တိုက်ခိုက်လေသည်
သိုဟန်ဘွား ဆင်းပြီး စစ်ကူခဲ့သောကြောင့် ပြည်မရှုံးနိမ့်ခဲ့ပေ
၁၅၃၉ ခုနှစ်တွင်
တောင်ငူ မှ ဟံသာသတီ (ပဲခူး) ကို တိုက်ခိုက်လေသည်
ဟံသာသတီဘုရင် စစ်ရှုံးကာ ပြည်သို့တိမ်းရှောင်လေသည်
တောင်ငူ တပ်မှ လိုက်လန်တိုက်ခိုက်သောကြောင့်
သိုဟန်ဘွား တပ်များစစ်ကူဆင်းတိုက်ခိုက်ကာ တောင်ငူစစ်ရှုံး၍ တပ်ပြန်ရုပ်ခဲ့သည်
၁၅၄၁ ခုနှစ်တွင် တောင်ငူဘုရင် တပင်ရွှေထီးမှ ပြည်ကို ထပ်မံတိုက်ခိုက်လေသည်
သိုဟန်ဘွား ဆင်းကူသော်လည်း
ဘုရင့်နောင်မှ ကြားဖြတ်ကာ အင်းဝတပ်ထံ
ရိက္ခာနှင့် လက်နက်ထောက်ပံ့ ပေးသော ဧရာဝတီမြစ်လမ်းကြောင်းကိုဖြတ်တောက်ခဲ့သောကြောင့်
ရှုံးနိမ့်ကာ ပြည်လည်း တောင်ငူလက်အောက်သို့ရောက်ရှိခဲ့လေသည်
၁၅၄၂ ခုနှစ်တွင်
တောင်ငူမှ မော်လမြိုင် နှင့် တာဝိုင်(ထားဝယ်) ကိုတိုက်ခိုက်ပြီး
အယုဒ္ဓယထိ တိုက်ခိုက်ကာ
ခေတ်မှီလက်နက်ရောင်းဝယ်လုပ်နေသော ပေါ်တူဂီ လူမျိုးနှင့် အချိတ်အဆက်ရခဲ့ပြီး
တောင်ငူသည်လည်း ခေတ်မှီလက်နက်နှင့် အတူအင်အားပိုမိုတောင့်တင်းလာခဲ့သည်
ထိုချိန်တွင် အင်းဝနှင့် ရှမ်းပြည်များသည် လှံ၊ဓါး၊လေး တို့ဖြင့်သာ တိုက်ခိုက်နေရခြင်းဖြစ်သည်
လက်နက်အင်အား မမျှခြင်းတစ်ခုတည်းနှင့်ပင်
တောင်ငူကို မတိုက်ခိုက်နိုင်သည့် အကြောင်းအရင်းဖြစ်သည်
၁၅၄၁ ခုနှစ်တွင်
ဗမာအချင်းချင်းဖြစ်သော ပြည်နှင့် တောင်ငူတို့ပေါင်းပြီး
ခေတ်မှီလက်နက်များပိုင်ဆိုင်ထားခြင်းကြောင့် အင်အား ပိုမိုပင်ကြီးထွားလာသည်
အင်းဝကို သိမ်းပိုက်ရန် အကြံရှိလာသည်မှာ ကြာပြီဖြစ်သောကြောင့်
တောင်ငူနှင့် မင်းကြီးရန်နောင် ပေါင်းပြီး
သူလျှိုများကို အင်းဝတွင်းသို့ဝင်စေသည်
သူလျှိုများ အင်းဝတွင်းသို့ဝင်နိုင်စေရန်
မင်းကြီးရန်နောင်မှ သိုဟန်ဘွားသည်
ဗုဒ္ဓသာသနာကို အလွန်ပင်ယုံကြည်ကိုးကွယ်သူဖြစ်သည်ဟု ယုံကြည်သောကြောင့်
အကယ်၍သာ သံဃာတော်အနေဖြင့် ဝင်ရောက်ပါက ပိုမိုသင့်တော်လွယ်ကူသည်ဟု ဆိုကာ
တောင်ငူမှ သူလျှိုများကို သံဃာတော်အတုလုပ်စေကာ အင်းဝတွင်းရှိ ဘုန်းကြီးကျောင်းတွင် ဝင်နေစေသည်
ထိုသံဃာအတုများသည် လျှိုဝှက်ပြီး အင်းဝကိုအလစ်တိုက်ရန်ကြံစည်ကြသည်
လျှိုဝှက်စာများကို ပဋိကတ်စာထဲ ရောထည့်ခြင်း
စေတီပုထိုး၏ ဈာန်ပနာများကို ခိုးတူးပြီး လက်နက်များ ဝှက်ထားခြင်းများပြုလုပ်ကြသည်
မင်းကြီးရန်နောင်ကတော့ သိုဟန်ဘွား နှင့်အနီးကပ်နေပြီး သူတို့အတွက် အချိန်ကောင်းစောင့်ကြည့်ခဲ့သည်
၁၅၄၂ ခုနှစ်တွင်
သိုဟန်ဘွားမှ တောင်ငူတပ်များ သံဃာတော်အသွင်ဆောင်ပြီး အင်းဝတွင်း သူလျှိုလုပ်ပြိး
လုပ်ကြံမည်ဟူသည့် သတင်းကြားသိရကာ
သိုဟန်ဘွားမှ သံဃာအသွင်ဆောင်ထားသော သူလျှိုများကို သိရှိနိုင်ရန် နည်းလမ်းရှာခဲ့သည်
ထိုအခါ သိုဟန်ဘွားမှ အခြားပြည်မှ သံဃာတော်များကို ပင့်ဆောင်ပြီး
တောင်ပလူ ၌ ဆွမ်းတော်ကပ်လှူမည်ဟုဆိုသည်
တောင်ပလူသို့ ရောက်ရှိသော သံဃာတော် စုစုပေါင်း ၁၃၀၀ ရှိသည်ဟုဆိုသည်
ဆွမ်းတော်ကပ်အပြီး သတင်းကြားသိထားရသည့်အတိုင်း
သံဃာတော်များကို စစ်ဆေးကြည့်သောအခါ
တစ်ချို့ကိုယ်၌ ဓါးဆောင်ထားသည်၊ တစ်ချို့မှာ လျှိုဝှက်စာ နှင့် တစ်ချို့က ပြန်လည်ခုခံခြင်းကြောင့်
ဖမ်းဆီး စစ်ဆေးပြီးနောက်
လူဝတ်လှဲစေပြီး ၃၆၀ ဦးကို သေဒဏ်ပေးလေသည်
ထိုသံဃာအတုများသည် သူတို့ ပိဋိကတ်တော်ထဲ ဝှက်ထားသည့် စာများနှင့်
စေတီပုထိုးတွင်း ဝှက်ထားသောလက်နက်များ ရှိသည်ကို ဖွင့်ဟခဲ့သည်
ထို့ကြောင့် သိုဟန်ဘွားမှ ထိုစာနှင့် လက်နက်များ ရှာဖွေ ခိုင်းက အကုန်မီးရှို့ခိုင်းခဲ့လေသည်
အင်းဝဘုရင်မင်းကြီး သိုဟန်ဘွားမှ သူတို့၏ကောက်ကျစ်သော အကြံအစီများကို ဖော်ထုတ်နိုင်ခဲ့သောကြောင့်
မင်းကြီးရန်နောင်မှာ အလွန်ပင်ဒေါပွခဲ့ရသည်
ထိုပင်မကပဲ ဗမာတို့၏အာဏာချဲ့ထွင်မှု ပန်းတိုင်မရောက်မည်ကိုလည်း ကြောက်ခြင်းကတစ်ဖုံနှင့်
သိုဟန်ဘွားမှ သူ့အကြောင်းကို သိပြီး ပြစ်ဒဏ်ပေးခံရမည်စိုးရိမ်ခြင်းကြောင့်
သူ့ကိုသူ မလုံနိုင်ဖြစ်ပြီး
မင်းကြီးရန်နောင်မှ သိုဟန်ဘွားကို လုပ်ကြံရန် ကြံစည်လေသည်
ထို့နောက် ၁၅၄၃ ခုနှစ်တွင်
မင်းကြီးရန်နောင် သိုဟန်ဘွားထံ ဤသို့လျှောက်တင်လေသည်
အရှင်မင်းကြီး နန်းတက်ကတည်းက စစ်ရေးကိုသာ အာရုံရောက်နေခဲ့သည်
အနားယူသည် ဆိုသည်မှာ မရှိခဲ့ပေ
ထို့ကြောင့် ပျော်ရွင်စရာကောင်းသောနေရာကိုရှာပြီးအနားယူ သင့်သည်ဟု ဆိုကာ
မင်းကြီးရန်နောင်ကို ယုံကြည်နေသော သိုဟန်ဘွားကလည်း လက်ခံပြီး
မင်းကြီးရန်နောင်အား ခေတ္တအနားယူမည့် ကိစ္စကို စီစဉ်ခိုင်းတော့သည်
ထိုနောက် မင်းကြီးရန်နောင်လည်း မနော်ရမာန် ပန်းခြံကို ရွေးပြီး အနားယူဖို့ ဆုံးဖြတ်ခဲ့သည်
အသွားအလာ နေရာထိုင်ခင်းအားလုံးကိုလည်း မင်းကြီးရန်နောင်မှ တာဝန်ယူဆောင်ရွက်ခဲ့သည်
ပန်းခြံအတွင်း ထိုင်ဖို့အခင်းကို ကောက်ရိုးဖြင့်ခင်းစေပြီး
ရှမ်းမှူးမတ် နှင့် ဗမာမှူးမတ် တို့နေရာထိုင်ခင်းကိုလည်း
တစ်ဖက်စီ ခွဲထိုင်စေဖို့စီစဉ်ခဲ့သည်
မင်းကြီးရန်နောင်မှ ဤသို့အမိန့်ထုတ်ခဲ့ပြန်သည် အရှင်မင်းကြီး စစ်ပန်းသောကြောင့်
အနားယူထွက်တော်မူဖြစ်ကြောင်း စစ်ရေးအကြောင်းသတိမရလိုကြောင်းကြောင့်
ဓါး၊ လှံ စသည့်စစ်ပစ္စည်းများအားလုံး မယူဆောင်ရဟု တားမြစကာ
တစ်ဖက်မှာတော့ ဗမာမှူးမတ်များအား ဓါးများ လက်နက်များကို ကိုယ်နှင့်ဝှက်ပြီးယူဆောင်စေခဲ့သည်
ဗမာမှူးမတ်များ ထိုင်မည့်ဖက် အခင်းအောက်တွေမှာလည်း လက်နက်များ ဝှက်ထားခိုင်းခဲ့သည်
ဗမာမှူးမတ်များထံ ဤသို့မှာလေသည်
သတိမလှတစြနေဲ့ ငါကိုယတြောကြို အစဉမြပှတြဲကှညြ့နကှပေါ
တခုခုမူမှန်ဖြစ်ခဲ့ရင် တပြိုင်နက်တည်း တိုက်ခိုက်ကြ
နားတော်သဲထဲမှာ ငါတို့အကွက်ထဲဝင်လာအောင်ငါကိုယ်တော်စီစဉ်မယ်
ငါကိုယ်တော် ထပြီးခုတ်သည်နှင့်တပြိုင်နက် မင်းတို့တွေ ရှမ်းတွေကို ချက်ချင်းထတိုက်ခိုက်ကြဟုဆိုသည်
ထို့နောက် ပန်းခြံသို့ထွက်မည့်ရက်တွင်
ဘုရင်မင်းများ၏ ခရီးထွက်သည့် ထုံးတမ်းအရ
မင်းအဆက်ဆက်မှ ပစ္စည်းများနှင့် ဓါး၊ လှံအပါ
ယူဆောင်သွားကြလေသည်
မင်းမိဖုရား၊ မှူးမတ်၊ နန်းတွင်းသူ နန်းတွင်းသား နှင့် သူဌေးများ
နာမည်ရှိသော ပြည်သူပြည်သားများနှင့်အတူ
တန်းစီပြီး ခရီးနင်ထွက်ကြလေသည်
မင်းကြီးရန်နောင်တားမြစ်ထားသည့်အတွက်
ဗမာမှူးမတ်များ ကိုယ်၌ဝှက်ထားသည့် ဓါး၊ လက်နက်မှ လွဲ
မည်သူမှ လက်နက်ပါမသွားခဲ့ပါ
ပန်းခြံထဲရောက်ပြီး မင်းကြီးရန်နောင် စီစဉ်ထားသည့်အတိုင်း
ဗမာမှူးမတ်များ နှင့် ရှမ်းမှူးမတ်များ တစ်ဖက်စီထိုင်ကြလေသည်
ထို့နောက် အနားယူပြီး မင်းထုံးတမ်းအတိုင်း နှုတ်ဆက်ကြပြီး
နိုင်ငံရေးအကြောင်းဆွေးနွေးကြကာ
မင်းကြီးရန်နောင်မှ ဓါးထုတ်နိုင်ဖို့အတွက်
အင်းဝထီးနန်းအဆက်ဆက်မှ သမိုင်းဝင်ဓါးအကြောင်းကို စက်ဆပ်စကားရှာလေသည်
ထို့နောက် သိုဟန်ဘွားမှ
အင်းဝမင်းဆက်ထဲတွင် သမိုင်းဝင်ဓါး ၅ လက်ရှိသည်ဆိုသည်မှာ ဟုတ်ပါလား ဟုမေးသည်
ရွှေနန်းကြော့ရှင် နရပတိ၏ ဓါးသည် အလွန်ထက်သည်ဟု ကြားဖူးသည်
အကယ်၍ ဆင်စီးနေသည့်သူကို ခုတ်ပါက လူရောဆင်းအပါ ပြတ်သွားစေသည် ဆိုသည်မှာ
အသင် (မင်းကြီးရန်နောင်) မြင်ဖူးပါသလား
ထိုစဉ် မင်းကြီးရန်နောင်ကလည်း ဓါးတော် ၅ လက်က မြောက်ကိုင်ပြီး
မြင်ဖူးပါတယ်ဘုရား ဒီမှာပါဘုရားဟု ပြလေသည်
ပြန်ထားပြီး ရွှေနန်းကြော့ရှင် နရပတိ၏ ဓါးတော် (ယိမ်းနွဲ့ပါး) ကိုယူပြီး
မြောက်တင်က သိုဟန်ဘွား ထံ ပေးအပ်မည့် အယောင် မပေးပဲ
ထပြီးတပြိုင်နက် သိုဟန်ဘွား အားခုတ်ခဲ့လေသည်
သိုဟန်ဘွား ပြတ်ထွက်သွားသည်ပင်မကပဲ
မှီတော်မူသော တိုင်နှင့် ပလ္လင်တော်လည်း ပြတ်ထွက်သွားရလေသည်
မင်းကြီးရန်နောင် ခုတ်သည်နှင့် တပြိုင်နက်
ဗမာမှူးမတ်များလည်း သူတို့ထိုင်နေသည့် အခင်းအောက်ရှိလက်နက်များကိုယူပြီး
ရှမ်းမှူးမတ်များကို တိုက်ခိုက်တော့လေသည်
မထင်မှတ်ပဲ ရုတ်တရက်ဖြစ်ပေါ်လာသောကြောင့်
ဘာလက်နက်မှ မရှိပေမယ့် လက်ပလာနှင့် ခုခံတိုက်ခိုက်သော်လည်း
အစီစဉ်တကျ စီစဉ်ထားမှုကို မယှဉ်နိုင်ပဲ
လက်နက်ဗလာ နှင့် ဓါး၊ လှံ လက်နက်များမယှဉ်နိုင်ခြင်းကြောင့်
ရှမ်းမှူးမတ် အယောက် ၁၀၀ ကျဆုံးရသောကြောင့်
ထိုနေရာတွင် မတ်တစ်ရာ (မတ္တရာ) ဟုခေါ်ကာ မြို့အဖြစ်တည်ရှိနေသည်
သိုဟန်ဘွား နတ်းရွာစံပြီးသည့်နောက်
မင်းကြီးရန်နောက်မှ သီပေါဘုရင် ခွန်မိန်း (ခှုံမှိုင်း)အား ပင့်ဆောင်ကာ အင်းဝထီးနန်းအပ်ကာ ဘုရင်ဖြစ်ခဲ့လေသည်
နန်းတက်ပြီး ၁ နှစ်ကြာသော်
ဝဋ်ကြွေးကြေအောင်ဆိုပြီး မင်းကြီးရန်နောင်သည်
သင်္ကန်းစီးကာ သံဃာအဖြစ်နေခဲ့လေသည်
သိုဟန်ဘွား သမိုင်းအကြောင်းနှင့် ပတ်သက်ပြီး ရှမ်းသမိုင်း နှင့် ဗမာ့သမိုင်း ကွဲလွဲမှုရှိနေသောကြောင့် သမိုင်းပြန်လည်စမ်းစစ်သည့်အပိုင်းကို စောင့်မျှော် ကြည့်ရှု့နားစဉ်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်။
ကျေးဇူးအထူးတင်ရှိပါသည်။
;
Sai Maung Lang
"ChannalTai"