Baby piggy
Delivery Service
အဆင်ပြေမနေပါဘူး 😔
လွမ်း
သူကျွန်တော်မရှိလဲ အဆင်ပြေနေသလိုပါပဲဗျာ😔
အမှန်ပဲ😞
အစားဆိုရင် ငါ့အတိုင်းပဲ 🤗🤗🤗
အခုနောက်ပိုင်း ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ဖြစ်တယ်
ကိုယ်ပျော်ရွှင်ဖို့ပဲ တွေးပြီး အစစအရာရာ လုပ်ဖြစ်တယ်
ပတ်ဝန်းကျင်က ပြောဆိုမှုတွေဂရုမစိုက်ဖြစ်တော့ဘူး
လူတွေအများကြီးနဲ့ အရောတဝင်ပြောဆိုမှုတွေ ရှောင်လာတယ်
စကား စကား ပြောပါများ စကားထဲက အမှားပါတတ်တယ်တဲ့
ပတ်ဝန်းကျင်နဲ့ခပ်ခွာခွာနေတယ် မိသားစုနဲ့ ပိုနီးကပ်လာတယ်
အပေါင်းအသင်းတွေနည်းလာတယ် စာအုပ်လေးတွေ များလာတယ်
အရင်လိုစကားတွေအများကြီးမပြောဖြစ်တော့ပေမယ့် အရင်ကထက်
စာအုပ်တွေပိုဖက်ဖြစ်လာတယ် အချစ်ဝတ္တုတို စာတို အင်္ဂလိပ်စာတို
လေ့လာသင့်တာလေးတွေ လေ့လာတယ်
မိသားစုအနားမှာ စကားတွေပြောတယ် စားချင်တာရှိအတူတူ
လုပ်စားပြီး စကားပြောရင်းရယ်မောဖြစ်လာတယ် ဒါလည်း
မိသားစုကပေးတဲ့ စိတ်ချမ်းသားစရာတစ်ခုပဲလို့ ခံစားပြီးနေလို့ပျော်တယ်
အရင်ကဆို တစ်ခုခုဖြစ်ရင် သူငယ်ချင်းတွေနဲ့ တိုင်ပင်တယ်
အခုနောက်ပိုင်း မေမေနဲ့ပဲ တိုင်ပင်တယ် မေမေက အမေလိုအမလို
ရင်းရင်းနှီးနှီးပြောကြည့်တော့ သူငယ်ချင်းထက် ပိုအဆင်ပြေတယ်
သူငယ်ချင်းတွေလည်းကောင်းပါတယ် ဒါပေမယ့် တစ်ခါတရံ
ကိုယ်ကယုံကြည်လို့ အကုန်စင်ဖွင့်ဟပြောပေမယ့် နောက်ကျောဓားထိုး
အောက်ဖဲလှန်ခံရတဲ့အခါမျိုးတွေလည်း ကြုံးဖူးခဲ့ပါတယ် အားလုံးတော့
မဟုတ်ပေမယ့် အာ့လိုလူအနည်းစုကလည်း မပြောမကောင်း
ပြောမကောင်း သက်သက်တစ်ဖွဲ့ရှိကိုရှိတယ် ဒါကြောင့်မို့ အမေ့ကို မပြောရဲတဲ့
တချို့အရာတွေဆို ဒိုင်ယာရီလိုပဲ ချရေးလိုက်တယ် ရင်ထဲကခံစားချက်
နည်းနည်တော့ ပေါ့သွားတယ် ကိုယ်လည်း စိတ်ပျော်ရွှင်ခြင်းတစ်ခုပဲလေ
လူတွေနဲ့ဝေးရာမာ နေတော့ သီချင်းသစ်တွေနားထောင်တယ်
အခန်းထဲမာ ခုန်ပေါက်ကခုန်နေလည်း ဘယ်သူမှမသိပေမယ့်
ကိုယ့်ရဲ့လွတ်လပ်ခွင့်နဲ့ကိုယ့်ရဲ့ပျော်ရွှင်ခြင်းပဲ အိပ်စက်ခြင်းဟာလည်း
အသားကျသွားရင် ပျော်စရာအကောင်းဆုံးအရာပဲ အိပ်ယာတောင်
ကိုယ့်ချစ်သူသဖွယ် ချစ်စရာကောင်းလာတာမျိုး
ပန်းပင်လေးတွေစကားပြောမယ်
အိမ်မွေးတိရိစ္ဆာန်လေးတွေနဲ့လည်း စကားပြောဖြစ်တယ်
မသိတဲ့သူကကြည့်ရင်တော့ ဘာတွေလုပ်နေတာလဲထင်မာပဲ
ကိုယ့်အတွက်က ဒါဟာ ပျော်ရွှင်ခြင်းပဲ
ကိုယ် ဝါသနာပါတဲ့ အရာတွေ ဖန်တီးတယ်
စာအုပ်ဖက်တယ် စာရေးမယ် သီချင်းနားထောင်ပြီး ဂိမ်းကစားမယ်
စားချင်တာလေးတွေ ကိုယ်တိုင်လုပ်စားမယ် ကိုယ်ချစ်တဲ့သူတွေကို
ပျော်ရွှင်အောင် ထားမယ် သူတို့ဆီက အပျော်တွေကူးဆက်ပြီး
ကိုယ့်ကိုယ်ကိုလည်း ပျော်အောင်နေမယ် ဒါအခုနောက်ပိုင်း
ကိုယ့်ကိုယ်ကို ပျော်ရွှင်အောင် နေထိုင်ခြင်းပဲ။
Crd
#အန်နာ
"မောင် "❣
ဘဝမှာ မောင်လို့ အခေါ်ခံရဖူးရင် ဝမ်းသာလိုက်ပါ
တကယ်တော့ မောင် ဆိုတဲ့အခေါ်လေးက
ကိုယ်မြတ်နိုးတန်ဖိုးထားရတဲ့သူအတွက်
အလေးအနက်ထားတဲ့ နာမ်စားလေးတစ်ခုပါ ☺
ကျွန်တော်တို့ကသာ အမြတ်တနိုးနဲ့ခေါ်ရတာ
တစ်ဖက်လူကတန်ဖိုးမထားတတ်ခဲ့ရင် မောင်လို့
ထုတ်မခေါ်ဖြစ်တော့ဘူး
ကိုယ်အရမ်းတန်ဖိုးထားရတဲ့နာမ်စားလေးမို့ မပေါ့တန်စေချင်ဘူး
မောင်လို့ ခေါ်တာက သိပ်ကိုမြတ်နိုးလို့ ပြီးတော့
ခဗျားနဲ့လည်းထိုက်တန်လို့ အခေါ်ခံရတယ်မှတ်လိုက်ပါ❣
သူများတော့မသိဘူး ကိုယ်တော့ မောင်လို့ တစ်ခါခေါ်တိုင်းသိပ်ကိုကြည်နူးရတယ်☺💛❣
Credit - သီရိ
🐷🐷🐷
😒😒😒
မောင် 😒
😞😞😞
တကယ်တော့ ငါတကယ်အဆင်မပြေနေဘူး ချစ်သူရယ်😒
Baby piggy🐷
တချို့အရာတွေက နှစ်တွေဘယ်လောက်ပဲ အနားမှာရှိနေခဲ့ပါစေ
ဘာမဟုတ်တဲ့ အကြောင်းပြချက်တွေနဲ့ တခဏအတွင်း ကို့အနားကပျောက်သွားတက်ကျတယ်
ဥပမာ မင်းလို့ပေါ့ baby piggy🐷🐷🐷
ကျမ နဲ့ မောင် ပြောနေကြviberလေး
ခုတော့အသက်မဲ့ သွားခဲ့ပီ
အရင်ကဆို
မောင်ရေလိုင်းတတ်ခဲ့ နော်
မောင်ကလဲ ကျမကို လိုင်းတတ်ခဲနော်နဲ့ 
Viber လေးမှာကျမတို့ နှစ်ယောက်တည်းသီးသန့်
ဘဝရှေ့ရေးတွေအတွက်လဲ တိုင်ပင်ခဲ့ ကြတယ်
တယောကိကိုတယောက်အရမ်းချစ်တဲ့ အကြောင်းတွေစာတွေစီလို့  အနမ်းတွေ လဲ ဝေခဲ့ ကြဖူးတယ်
Video callလေးနဲ့ တယောက်မျက်နှာတယောက်ထိုင်ကြည့်ပီး ပီတိတွေဖြာခဲ့ ဖူးတယ်
ရန်ခနခဖြစ်လဲမောင်ကပဲချော့ခဲ့ တယ်
ရန်ဖြစ်လိုက်ပြန်ချစ်လိုက်နဲ့ 
အချစ်သံသရာထဲ ပျော်မြူးခဲ့ ကြဖူးတယ်
ခုတော့မောင်ရယ်
Viberလေးလဲ အသက်မဲ့ သွားသလို
ကျမနဲ့ အတူကျမဘေးကပတ်ဝန်းကျင်အားလုံး
အသက်မဲ့ သွားသလို တိတ်ဆိတ်ကုန်တယ်
ချောက်ချားကုန်တယ် အကျည်းတန်ဆန်ကုန်ကြပီမောင်
ကျမ ဘဝထဲမောင်မရှိရင်ကျမတိုတာရောရှိနိုင်ပါအုံးမလားဟင် မောင်ဘယ်ချိန်ဖုန်းခေါ်မလဲ ကျမအချိန်တိုင်းစောင့်ခဲ့ တယ် မောင်ဘယ်ချိန်လိုင်းတတ်ခဲ့နော်ပြောမလဲအချိန်တိုင်းမျှော်နေခဲ့ မိတယ်
အချိန်နာရီတွေသာကုန်လွန်သွားတယ်
မောင့်ဘက်ကဘာမှဆက်သွယ်မလာခဲ့ ဘူးနော်
ကျမငိုမိတာမှားလားမောင်
လူဆိုတာမျှော်လင့်ထားတဲ့ အတိုင်းဖြသ်မလာရင်ပိုခံစားရတတ်တယ်တဲ့ 
ကျမရင်တွေနာလိုက်တာမောင်ရယ်
ကျမကိုသိပ်ချစ်ခဲ့တဲ့ မောင်တယောက်
ဘာကြောင့်ကျမအပေါ်စိမ်းစိမ်းကားကားနေနိုင်တာလဲလို့ 
😢😢
A mone💔
🐷🐷🐷
ဝေးပြီးနောက်...
မင်းက ပိုကြည့်ကကောင်းတဲ့
အမျိုးသားလေးတစ်ယောက်ဖြစ်လာတယ်နော်
အရင်လို ထမင်းမစားဘဲ ဝိတ်တွေချနေသေးလား
ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးတတ်တဲ့တစ်ယောက်ယောက်ရှိနေပြီလား
မင်းအတည်လို့ တွေးထားတဲ့တစ်စုံတစ်ယောက်များ မွေးဖွားပြီလား
ဘာတွေကိုများကိုယ်စိုးရိမ်နေမိသေးတာလဲ
ကိုယ့်ကိုယ်ကိုယ် သတိပေးပြီး
ခပ်ဖျော့ဖျော့ပဲ ပြုံးမိပြန်တယ်။
မမြင်ရမကြားရတာထက်
မင်း profile လေး မြင်နေရသေးတာက
ကိုယ့်အတွက် အသက်ဆက်ဆေးပါပဲ
ကိုယ့် fake accountလေးကိုပဲ
ကြံဖန်ကျေးဇူးတင်မိပြန်တယ်။
ကိုယ့်ကိုမချစ်တဲ့သူကို ချစ်မိနေတာရယ်
ပြန်မလာသူကို စောင့်နေမိသူရယ်က
အမိုက်မဲဆုံးပါပဲတဲ့ အယ်နာ
ကိုယ်ဟာ နေ့ရက်တိုင်းမှာ မင်းကိုချစ်ရင်း
စောင့်နေမိသူပါ။
ကျန်နေခဲ့ရသူဆိုတာ...
နံဘေးကလစ်ဟာမှုလေးကို ငေးရင်း
တစ်ဘဝလုံး ဒီအတိုင်းပဲ
ဆက်ရှင်သန်သွားကြရတာမျိုးလား...အယ်နာ။
ချန်ထားရက်လေသော(ဖရော်ဆန်)
လမ်းခွဲတယ်ဆိုတာကလေ
သစ္စာဖောက်မှ နောက်တစ်ယောက်တွဲမှ
လမ်းခွဲတာမဟုတ်ပါဘူး
အချိုးတွေ ဆက်တိုက်မပြေ
သည်းမခံနိုင်တဲ့အဆုံး လမ်းခွဲကြတာပဲ
ကိုယ်က စကားတွေအားရပါးရပြောနေချိန်
သူကတော့ တခြားကိုအာရုံရောက်နေတာ
မျိုးကလဲ ခံရခက်ပါတယ်
ကိုယ်က ဒီအကျင့်ကိုမကြိုက်ဘူးလို့ပြောရင်
ခဏတော့ရှောင်တယ် ပြီးရင် ဒီအကျင့်ပဲ
ပြန်ဖြစ် ကြာတော့ ငြီးငွေ့လာတယ်
ဘယ်လောက်ချစ်ချစ် အထီးကျန်မှုတွေ
ဆက်တိုက် ပေးလာတဲ့အခါ
သူငါ့အပေါ် စိတ်မရှိတော့ဘူးဆိုတဲ့
အတွေးက မဖိတ်ခေါ်လဲ ဝင်မှာပဲ
အဲဒီလို ဘာမှမဟုတ်ပါဘူးဆိုတဲ့
ကိစ္စသေးသေးလေးတွေ စုသွားရင်
အကြီးကြီးဖစ်လာပြီး
လမ်းခွဲတဲ့ အဆင့်ရောက်သွားတော့တာပဲ
ကံကြောင့်ပဲဖြစ်ဖြစ် ဘာကြောင့်ပဲဖြစ်ဖြစ် ။
ဘယ်သူကများကိုယ်ချစ်ရသူနဲ့ဝေးချင်မှာတဲ့လဲ ။
ကိုယ်လဲဒီလိုပဲပေါ့ ။
ဒဏ်ရာပေးပေး ဆေးပေးပေး ။
မင်းကိုတော့အနားမှာအမြဲခေါ်ထားချင်တယ် ။
🐷🐷🐷
တစ်ကယ်တော့ အချစ်ဆိုတဲ့အရာဟာ
ပါးစပ်လေးနဲ့ပဲ ချစ်ပြနေလို့ရတဲ့ အရာမဟုတ်ပါဘူး ။
လူတစ်ယောက်ကို ချစ်တယ်ဆိုတဲ့ စကားတစ်ခွန်း
ပြောပြီးရင် အနည်းဆုံးတော့ ချစ်ပြတတ်ရတယ် ။
ကိုယ်ချစ်တဲ့သူအတွက် နွေးထွေးပေးတတ်ရတယ်။
တစ်ချို့တွေ ရှိပါတယ် ။
ကိုယ်ချစ်တဲ့သူအတွက် ချစ်ပြဖို့ မေ့နေခဲ့ကြတယ် ။
ကိုယ့်ချစ်သူအတွက် နွေးထွေးပေးဖို့
မေ့နေတတ်ကြတယ် ။
ကျွန်တော် ခင်ဗျားကို အာ့လို လူမျိုးထဲမှာ မပါစေချင်ဘူး ။
ဘာလို့လဲဆိုတော့ ကျွန်တော် ရခဲ့တဲ့
နောင်တတွေလိုမျိုး ခင်ဗျားကို မရစေချင်လို့ . . .
_____________________
[၂]
လွန်ခဲ့တဲ့ နှစ်တစ်ချို့တွေမှာ ကျွန်တော့်ကို
အရမ်းချစ်ပေးခဲ့တဲ့သူတစ်ယောက်ကို ပိုင်ဆိုင်ခဲ့ရဖူးတယ် ။
သူဟာ ကျွန်တော့်ကို အရမ်းလည်းချစ်သလို
အရမ်းလည်း ဂရုစိုက်ပေးတယ် ။
ကျွန်တော့်အတွက်ဆို အနွံတာ ခံရင်း
သည်းခံပေးခဲ့တာ ။
ကျွန်တော်ကလည်း သူ့ကို ချစ်ပါတယ် ။
ချစ်ပေမဲ့လည်း ကျွန်တော် သူ့ကိုပြန်ပြီး နွေးထွေးပေးဖို့ကျ
မေ့သွားခဲ့တယ် ။ ချစ်ပြပေးရမှာကို မသိခဲ့မိဘူး ။
နွေးထွေးမှုတွေကို သူ့ဆီကပဲ တစ်ဖက်သတ်
လိုချင်ပြီး ပြန်ပေးဖို့ မလိုဘူးထင်ခဲ့တာ ။
သူ့ရဲ့ စိတ်ကို နားလည်ပေးဖို့ ၊
သူ့ကို ဂရုစိုက်ပေးဖို့ ကျ မကြိုးစားခဲ့ဘူး ။
ဒီလိုနဲ့ပဲ ကျွန်တော့်ကို ချစ်ပေးရတာ သူ့အတွက်
ဒဏ်ရာတွေပဲ ပေးသလိုဖြစ်ရင်း
နာကျင်စေခဲ့ရတယ် ။
ကျွန်တော်ဟာ သူ့ကို ချစ်တယ်လို့ပြောပြီး
ဘယ်တုန်းကမှ ဖုန်းလေးတစ်call ကိုတောင်
ကျွန်တော့်ဘက်က မဆက်ခဲ့ဖူးဘူး ။
Messageလေးတစ်စောင်ကိုတောင်
စ,ပို့ဖို့ သတိမရခဲ့ဖူးဘူး ။
သူ့ဘက်က ဆက်သွယ်လာရင်တောင်
သူ့ကို ရန်တွေ့တဲ့ စကားတွေပဲ တုံးတိတွေပြောရင်း
သူ အဆင်မှပြေပါ့မလားလို့တောင်
တစ်ခါမှတွေးပူပြီး မစဉ်းစားပေးခဲ့ဖူးတာ ။
သူ့ခဗျာ ကျွန်တော့်အတွက်နဲ့ ဘယ်လောက်တောင်
နာကျင်နေစေခဲ့ရလဲ မသိ။
ကျွန်တော် သိပ် တစ်ကိုယ်ကောင်းဆန်ခဲ့မိတယ် ။
ဒီတစ်ယောက်က ငါ့ကို ချစ်ပေးတယ် ။
ငါ မရှိရင် မဖြစ်ဘူးဆိုတဲ့ အတွေးတွေနဲ့
သူ့အပေါ်ကို အနိုင်ယူခဲ့မိတယ် ။
နောက်ဆုံးမှာတော့ . . . we break up ။
သူ ကျွန်တော့်လက်ထဲမှာနေရတာ
ပျော်ရွှင်မှုထက် နာကျင်စရာတွေသာ များခဲ့တာ . . .
သူလည်း လူပဲလေ ။
ဒဏ်ရာတွေကို အချိန် ဘယ်လောက်ကြာကြာ
ခံစားနိုင်မှာမို့လို့လည်း ။
သူ ကျွန်တော့်ကို လက်လွှတ်ပေးခဲ့တယ် ။
______________________
[ ၃ )
တစ်နေ့တော့ သူ့အတွက် ကျွန်တော့်လို မဟုတ်တဲ့
လူတစ်ယောက် ပေါ်လာခဲ့ပါတယ် ။
အဲ့ဒီ့လူဟာ သူ့ကို အရမ်းချစ်ပေးပြီး အရမ်း
နွေးထွေးပေးတတ်တဲ့သူ ။
အဲ့ဒီ့လူဟာ သူ့ကိုဂရုစိုက်တယ်။
နွေးထွေးတယ် ။ ကြင်နာတယ် ။
သူ့စိတ်ကို နားလည်ပေးတယ် ။
သူ ပြောတဲ့စကားတွေကို စိတ်လိုလက်ရ
နားထောင်ပေးတယ် ။
သူ ဝမ်းနည်းနေတဲ့ အချိန် အားပေးတယ် ။ ဖေးမတယ် ။
သူ့ရဲ့ စိတ်ဒဏ်ရာအနာတရတွေကို
ချစ်ခြင်းမေတ္တာနဲ့ ကုသပေးတယ် ။
သူ့အလုပ်အဆင်မပြေတဲ့အခါ . . .
သူနေမကောင်းတဲ့အခါ . . .
အဆင်မပြေရတဲ့ အကြောင်းတွေကို နားထောင်ပေးရင်း
နှစ်သိမ့်ပေးတယ် ။
ရှင်းရှင်း ပြောရရင် သူဟာ ကျွန်တော်နဲ့
ချစ်နေစဉ်က မရတဲ့ နွေးထွေးမှုတွေကို
အဲ့ဒီ့လူ ဆီက ရတယ် ။
ဘာပဲဖြစ်ဖြစ် သူက ကံ ကောင်းခဲ့ပါတယ် ။
ကျွန်တော်ကသာ သူနဲ့ လမ်းခွဲပြီးတဲ့
နောက်ပိုင်းမှ သူ့တန်ဖိုးကို သိပြီး သူ့ကို
ပြန်တောင့်တလာခဲ့ရတာ ။
ဒါပေမဲ့ အရာရာ အားလုံးဟာ နောက်ကျခဲ့ပါပြီ။
ကျွန်တော့်ရဲ့ မထွေးပေးခဲ့မှုတွေဟာ
ကျွန်တော့်ကို အရမ်းချစ်ပေးပြီး အနွံတာခံတဲ့သူကို
ဆုံးရှုံးစေခဲ့ပြီလေ ။
နာကျင်မှုတွေ အများဆုံးရခဲ့တဲ့
အရှုံးသမားတစ်ယောက်ဟာ ကျွန်တော်ဖြစ်ခဲ့ပြီ။
ဒါ့ကြောင့် ခင်ဗျားကို ကျွန်တော့်လို နောင်တမရစေချင်လို့။ လူတစ်ယောက်ကို ချစ်နေရုံနဲ့ မပြီးပါဘူး ။
နွေးထွေးပေးတတ်မှလည်း ရပါမယ် ။
®ခဲတံ®
🐷🐷🐷
_______________
ထူး ထူး ခြား ခြား
သ တိ တွေ ရ နေ တယ်
အ ဆင် မှ ပြေ ရဲ့ လား ကွယ်...။⚠
🐷🐷🐷
သတိရတယ် မောင်
ချစ်တယ်လို့က
ပြောခွင့်မရှိဘူး..မဟုတ်လား.🖤🖤
🐷🐷🐷
ကျွန်တော် မှတ်မိနေတုန်းပဲ 😒😒😒
🐷🐷🐷
"ရည်းစားဟောင်းကို ချစ်လား"
"အင်း" လို့ဖြေတော့ သူမျက်နှာပျက်သွားတယ် ..
ဆက်မေးတယ်
"အခုထိရောချစ်နေတုန်းလား"
"ဟင့်အင်း မချစ်တော့ပါဘူး"
"သူ့ကိုအရမ်းချစ်ဖူးတာပဲလား"
"အင်း ဟုတ်တယ်"
သူစိတ်ဆိုးသွားတယ်
"စိတ်ဆိုးသွားတာလား "
"မဟုတ်ပါဘူး"
မဟုတ်ပါဘူးပြောနေပေမယ့် သူ့မျက်နှာပျက်သွားတာ သိတာပေါ့ ကိုယ်က သူ့မျက်နှာ အရိပ်အကဲ ကြည့်နေတတ်တဲ့သူပဲ
"ဘာလဲ ရည်းစားဟောင်းကိုချစ်တယ်ပြောတာ မကြိုက်ဘူးလား" ဆိုတော့ မျက်နှာမဲ့ပြီးပြန်ဖြေတယ်
"မဟုတ်ပါဘူး ဒီလိုပါပဲ"တဲ့
"ပြောပြမယ် ကိုယ်က လူတစ်ယောက်ကိုတကယ်မချစ်ပဲ ချစ်တယ်လို့ ပြောတတ်တဲ့သူမျိုးမဟုတ်ဘူး ... လူတစ်ယောက်ကိုချစ်ပြီဆိုရင် အရမ်းချစ် အရမ်းဂရုစိုက်ပြီး သ၀န်တိုတတ်တယ်။
ကိုယ်သိတယ် မချစ်ပါဘူးပြောရင် ချစ်ပျော်မယ်မှန်း ...!!!
ဒါပေမယ့် ချစ်စဉ်းစားကြည့်လေ မချစ်ပဲနဲ့ လူတစ်ယောက်ကိုတွဲတဲ့သူကို ချစ်ယုံမှာလား ... မင်းကိုလည်း မချစ်ပဲတွဲတာ ဖြစ်မနေနိုင်ဘူးလား ... ကိုယ်က အရမ်းချစ်မှချစ်တယ်ပြောတတ်သလို ... ဘယ်လိုမှမဖြစ်နိုင်လို့ လမ်းခွဲမယ်ပြောမှ လမ်းခွဲတတ်တဲ့သူမျိုး ..
အဲ့တော့ ကိုယ်အရင်ရည်းစားကို ချစ်တယ်ပြောလို့ စိတ်မဆိုးပါနဲ့ ... ကိုယ်လွမ်းနေသေးတယ် သတိရနေသေးတယ်ပြောမှ စိတ်ဆိုးပါ ... ကိုယ်က တကယ်ချစ်မှ ပြောတတ်တဲ့သူမျိုးမို့ပါ ... "
"အရမ်းချစ်ခဲ့ဖူးတယ်....ဒါပေမဲ့ မလွမ်းတော့ဘူး 😊 "
Crd 🐷🐷🐷
တစ်ယောက်နဲ့ တစ်ယောက် မချစ်တော့လို့လည်း မဟုတ်သလို အသစ်တွေ့သွားလို့လည်း မဟုတ်ခဲ့ကြပါဘူး...
သူတောင် မခေါ် သေးတာဘဲ ငါလည်း စ မခေါ် နိုင်ဘူး
ဆိုတာကနေပဲ အခုလိုမျိုးဝေးနေကြတယ် ဆိုပါတော့...
အခြားတစ်ယောက်နဲ့ အဆင်တွေ ပြေနေပြီးလို့ သူလည်း
ကိုယ့်ကို ထင်ကြေးတွေ ပေးမှာပေါ့ ကိုယ့်တောင် သူကို
အဲဒိလိုတွေ ထင်နေ သေးတာဘဲ...
ညဘက်ဆို Active Now ဖစ်နေတဲ့ သူ Acc လေးကို
ကိုယ့် အမြဲ ကြည့်နေသလို သူကလည်း ကိုယ့်ဘာတွေ
တင်တယ် Share တယ် ဆိုတာကို အမြဲ စောင့်ကြည်
နေလိမ့် မယ် ထင်ပါတရ်...
နှစ်ယောက်သား စိတ်ဆိုး မာနတွေ ထားပီး စကားမပြော
ကြ ပေမဲ့ Myday မှာဘဲ ဖစ်ဖစ် ဘယ်ရောက်နေပြီ
ဘာလုပ်နေပြီ ဆိုတာကို သူသိစေချင်တဲ့ စိတ်နဲ့ အဆက်
မပြတ် တင်ဖစ်ခဲ့ကြတရ်...
သူ မရှိဘဲ ကိုယ့်အဆင်ပြေနေတရ် လို့ သူထင်နေမလား
ကိုယ့် မရှိဘဲ သူ နေသားကျ နေပီးလား...
သူကလည်း ကိုယ့်ကို ချစ် # ကိုယ့်ကလည်း သူကို ချစ်
ဒါပေမဲ့ အချိနိတန်ရင် ပြန်အဆင်ပြေမယ်ဆိုတာ သိပေမဲ့
တစ်ယောရ် လျော့လိုက်ရင် ပြန်အဆင်ပြေမယ့် ဆက်ဆံရေးဆိုတာ သိကြပေမဲ့...
နှစ်ယောရ် လုံးက မာနလေးတွေ ထားပီး တင်းမာ နေကြ
ဒိအခြေအနေ မှာ ကြားလူ တစ်ယောက် ဝင်လာခဲ့တော့
တစ်ယောရ် ကတော့ ဟန်ဆောင် အဆင်ပြေနေပီး...
ကျန်တစ်ယောက် ကတော့ နေ့ရက်တိုင်း ညတိုင်း ပြိုလဲနေခဲ့ ရတရ် လေ...💔
🐷🐷🐷
ဒီနေ့အလုပ်သွားတော့
ကားပေါ်က ကြည့်လိုက်မိတယ်
နှင်းတွေကျနေတယ် 😔ဘာမဆိုင်ညာမဆိုင်
မောင့် ကိုယ်သတိရတယ် အရမ်းလဲ တွေ့ချင်တယ်😔
🐷🐷🐷
ဘယ် လောက် ဝေး ဝေး ပေါ့ အချစ်ရယ် . . .
မတွေ့ရတဲ့နေ့တွေဘယ်လောက်များများပေါ့ ။
မင်းမျက်နှာပေါ်ကအပြုံးတွေကိုရင်ထဲသိမ်ထားသူပါ။
သတိမရတဲ့အချိန်လဲမရှိသလို မေ့နေတဲ့အခါမျိုးလဲမရှိပါဘူး။
လမ်းလျှောက်ရင်း ခလုတ်တိုက်မိရင်တောင်
မင်းနာမည်လေးကိုသတိတရရွတ်တက်သူပါ ။
လွမ်းပါတယ်လို့ပြောရုံနဲ့တောင်လုံလောက်ပါ့မလား . . . . ။
-crd 𝑇𝑟𝑖𝑠𝑡𝑎𝑛 𝑃𝑦𝑛𝑒
🐷🐷🐷
မိန်းမတစ်ယောက်ရဲ့ နားလည်နိုင်မှုကို
သင်ခဏခဏ မစမ်းသပ်ပါနဲ့
သူနားမလည်နိုင်တော့တဲ့အချိန်ရောက်ရင်
သင် ရှင်းပြခွင့်တောင် ရလိမ့်မယ် မထင်နဲ့
မိန်းမတွေရဲ့ နှလုံးသားက
ဖယောင်းချက်နဲ့ ပုံဖော်ထားတဲ့ ဖယောင်းရုပ်တစ်ခုလိုပါပဲ
နှူးညံခြင်းပြီးရင် မာကြောတတ်လာကြတယ်
ချစ်တယ်ပြောပြီး ပစ်ထားခံရတဲ့အချိန်များလာရင်
လွမ်းတယ်ပြောပြီး လျစ်လျူရှူထားတဲ့အချိန်များလာခဲ့ရင်
ခမ်းခြောက်သွားတဲ့ မျက်ရည်စတွေကြား သူမရင့်ကျက်သွားခဲ့ရင်
အရင်ကလို သင်ရဲ့ဂရုစိုက်မှုကို လိုအပ်တော့မှာ မဟုတ်ဘူး
သင့်ရဲ့လျစ်လျူရှူမှုတွေက သူမရဲ့ ခံနိုင်ရည်စွမ်းကို
ရိုက်ချိုးခဲ့ပြီးလေ
သင်ရဲ့ပစ်ပယ်ထားမှုက သူမကို အထိုက်အလျောက်
နေသားကျစေသွားပြီးလေ
သင်မပေးခဲ့တဲ့ အချိန်တွေအတွက်
ကျခဲ့တဲ့ မျက်ရည်တွေအစား သူမရဲ့အချိန်တွေကို
သူမရဲ့ဘဝအတွက် အရေးကြီးတယ်ထင်တဲ့ အလုပ်တွေကို
ကြိုးပမ်းသွားတော့မှာပါ
သင်မမြင်နိုင်တဲ့ သူမရဲ့တန်ဖိုးကို
တစ်ခြားတစ်ယောက်က မြင်ပြီး တန်ဖိုးထားခဲ့မယ်ဆိုရင်
သင် မနာလိုမဖြစ်ပါနဲ့တော့
မိန်းမတစ်ယောက်ရဲ့ အရင့်ကျက်ဆုံးအချိန်ဟာ
သင်တို့ နားလည်နိုင်စွမ်းရဲ့ နံရံတစ်ဖက် အစွန်းမှာပါ
#🐷🐷🐷
အရမ်း သတိရပေမဲ့ fb မှာလဲ ရှာမရ
ဖုန်းနံပါက်ကလဲ မမှတ်မိ
အိမ်နားသွားကြည့်ဖို့လဲ အဆင်မပြေ
သူအလုပ်ပြန်လာချိန်လေးကိုယ်လဲ မသိ
သိရင်တော့ တခါလောက် သွားကြည့်မိမှာ အမှန်ပဲ
အရင်တိုင်းပဲလား ပိုလှလာလား နေမှကောင်းရဲ့လား
ခုလို ရောဂါတွေကြားမှာပိုစိတ်ပူတယ် ချစ်သူ😟
🐷🐷🐷
ခင်ဗျားသတိရရင် ဖုန်းဆတ်ပါ
အရင်နံပါက်လေးပဲ မပြောင်းဘူး
ခင်ဗျားဖုန်းကိုယ်တော့ဆတ်ချင်ပေမဲ့ အလွတ်မရလို့ ဆက်မရဘူး
😥😥😥 ဘယ်သူ့ကိုယ်မှလဲ မေးလို့မရဘူး ခင်ဗျားအကြောင်း
🐷🐷🐷
အမှန်ပဲ မပိုင်ဆိုင်ရလဲ ချစ်တယ် 😔 မောင်ရယ်
🐷🐷🐷
ခင်ဗျား ကျွန်တော့ကိုယ် ချစ်သေးတယ်ဆိုရင်
ဖုန်းဆတ်ပေးပါ အရင်ဖုန်းပဲ ကျွန်တော်မပြောင်းသေးဘူး
ခင်ဗျားဖုန်းသံလေးကိုယ်မျှော်နေတာ.
🐷🐷🐷