TgeSwae -Biology

TgeSwae -Biology

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from TgeSwae -Biology, Education, .

07/02/2022

အိုမီခရွန်အတွက် ဒီစာဖတ်ပါ

အရင်ပိုးတွေနဲ့ ဘာကွာလဲ

အဆပေါင်းများစွာ ကူးစက်နှုန်းပိုမြန်ပါတယ်။
ကူးစက်မခံရဖို့ဆိုရင် အရင်ထက်အဆပေါင်းများစွာ ပိုသတိထားကာကွယ်ဖို့လိုပါမယ်။
လက္ခဏာမပြသူတွေကလည်း ရောဂါပိုးသယ်လာနိုင်ပါတယ်။

လက်ဆေး၊ Mask တပ်၊ ၆ပေခွာနေပါ။

ရောဂါမပြင်းထန်ဘူးဆိုတာဟုတ်လား

လက်ရှိအထိတော့ သိပ်မပြင်းထန်သေးဘူးဆိုပေမဲ့ ဒီအချက်အလက်တွေက ကာကွယ်ဆေးဖောဖောသီသီထိုးခဲ့ရတဲ့ နိုင်ငံတွေကထွက်လာတယ်ဆိုတာ မမေ့ပါနဲ့။
သူတို့ဆီမှာလည်း ရောဂါသိပ်ဆိုးတာ၊ သေဆုံးတာတွေ ရာခိုင်နှုန်းတစ်ခုအထိ ရှိနေပါတယ်။

ကာကွယ်ဆေးမြန်မြန်ထိုးပါ။

ရောဂါလက္ခဏာရော ဘာထူးခြားလဲ

အရင်ပိုးတွေနဲ့ လက္ခဏာတူတူပါပဲ။ ဖျား၊ကိုက်၊လည်ချောင်းနာ၊ နှာစေး၊ချောင်းဆိုး၊ နုံးခွေ၊ မစားချင်၊ မောပန်း ဒါတွေပါပဲ။
အနံ့သိသိသာသာ မပျောက်ကြတဲ့အတွက် ပိုသတိထားမိဖို့ခက်ပါတယ်။
ကာကွယ်ဆေးထိုးထားမထား၊ ရောဂါအခံရှိမရှိ၊ ကိုယ်ခံအားကောင်းမကောင်းနဲ့ အသက်အရွယ်တွေအပေါ်မူတည်ပြီး ခံစားရတာ ကွာတတ်ပါတယ်။

ကြောက်ရမှာလား ဘာလုပ်ရမလဲ

ကြောက်ပါ။
လက္ခဏာသိပ်ပြင်းလို့ ဆေးရုံတက်ရသူအရမ်းများပြီး မနိုင်မနင်းဖြစ်လာရင် အတိုင်းအတာတစ်ခုအထိ တတိယလှိုင်းလို ပြန်ဖြစ်နိုင်ပါတယ်။
လုံးဝမပေါ့ပါနဲ့။

ကိုယ့်ကိုယ်လည်း မကူးစက်ပါစေနဲ့ ကိုယ်ကစပြီးတော့လည်း မကူးစက်ပါစေနဲ့။

အပေါ်မှာ ပြောခဲ့ပြီးသားပဲ ပြန်ပြောပါမယ်။

လက်ကိုခဏခဏဆေးပါ
လူတွေကြားမှာ Mask မချွတ်ပါနဲ့
လူတိုင်းကို ပိုးသယ်ဆောင်ထားသူလို့ သဘောထားပြီး ခပ်ခွာခွာနေပါ
နောက်ထပ်မျိုးကွဲအသစ်တွေပါ ထပ်မရောက်လာစေဖို့ ကာကွယ်ဆေးအမြန်ဆုံးထိုးပါ
တူတူထပ်ကျော်လွှားကြရအောင် ။

Dr. ဖြိုးဝေလင်း

16/07/2021

မနေ့ကတင်တဲ့ထပ်ကိန်းလေးတွေကျက်ပြီးရင် ဒါကတော့ သူတို့ကိုအသုံးပြုတဲ့ နည်းတွေပေါ့
အခုကာလကြီးမှာစာကျက်ဖို့စိတ်မပါပေမယ့်လည်း ဖုန်းသုံးရင်းအကျိူးရှိအောင်လေးဖတ်ကြည့်ကြနော်
ဒါလေးတွေမှတ်ထားရင် ထပ်ကိန်းပုစ္ဆာတွေ နှစ်ထပ်ကိန်းရင်းပုစ္ဆာတွေ အတွက် လွယ်ကူသွားပါပြီ
အားလုံးပဲကပ်သုံးပါးဘေးမှကင်းလွတ်ကြပါစေနော်

15/07/2021

အလွတ်ကျက်မှတ်ထားသင့်တဲ့ထပ်ကိန်းများတွေပါ
အရင်က (၈)တန်းအခန်း(၂)ရောက်မှ ကလေးတွေစကျက်ရပေမယ့်အခုကတော့ စနစ်သစ်(၇)တန်းကလေးတွေပါ ကျက်ထားသင့်မှတ်ထားသင့်တဲ့ ထပ်ကိန်းလေးတွေပါ
ထပ်ကိန်း တွေကိုသိချင်အားဖြင့် သင်္ချာတွက်တဲ့အခါအ​မြှောက်အစားတွေဆခွဲကိန်းခွဲတာတွေမှာပိုမိုလွယ်ကူလျင်မြန်စေပါတယ်
အခုစနစ်သစ်(၇)တန်းအတွက်ဆို ပိုအရေးကြီးပါတယ် ထပ်ကိန်းတွေသိထားခြင်းအားဖြင့်
အခန်း(၂ )အကြီးဆုံးဘုံဆခွဲကိန်း အငယ်ဆုံးဘုံဆတိုးကိန်းပုစ္ဆာတွေမှာပိုမိုလွယ်ကူ လျင်မြန်စေပါတယ်
😊
page လေးကို like and share လေးလုပ်ပေးကြပါအုံးနော်
ကျေးဇူးတင်ပါတယ် 😊

30/06/2021

အကြောင်းကိစ္စလေးတခုကြောင့် page ခဏနားလိုက်ရပေမယ့် အခု နောက်ပိုင်း video လေးတွေပြန်တင်ပေးသွားပါ့မယ်နော် ☺
Page လေးကို likeလုပ်ပေးထားကြပါအုံးနော်

08/08/2020

2019 ~ 2020 ပညာသင်နှစ်
တပည့်များ၏ကြိုးစားမှုရလဒ်
❤❤💗💗
#ဆဗထ-၅၃၁ မ ဖူးမြတ်သွယ် 4D Myan Math Chem Bio ( Math Bio သင်)
#ဆဗထ -၃၅၃ မမေမြတ်သင်း 3D Myan Math Bio (Bio သင်)
#ဆဗထ -၂၃ မောင်ဘုန်းဟိဏ်းကျော် 2D Chem Bio (chem bio သင်)
#ဆဗထ -၇၀ မအိသဇင်နွယ် 2D Myan Bio (bio သင်)
#ဆဗထ - ၉၄ မမေပုလဲမောင်
#ဆဗထ-၂၈၉ မမီမီထွန်း
#ဆဗထ-၆၄၄ မဆောင်းဟေမာန်ခိုင်
#ဆဒဂ -၆၉၇ မောင်သူရိန်ကျော်ဌေး
#ဆဗထ -၆၈၄ မောင်မိုးဟိန်းကျော်
#ဆဗထ-၇၄၆ မမေဇွန်ပွင့်ဖြူ
#ဆဗထ - ၆၉၉ မမေသဥ္ဇာစိုး
အောင်မြင်သူ -၁၁ယောက်
ကျရှုံးသူ - ၃ ယောက်
ကိုယ့်ရဲ့ တပည့်တွေအောင်ချက်ကတော့မဆိုးပါဘူး
ကျရှုံးတပည့် ၃ယောက်လည်း ဆက်ကြိုးစားကြပါနော်

03/08/2020

ဝါဆိုသကၤန္း ျဖစ္ေပၚလာပုံ
=========================

ဝိသာခါေက်ာင္းအစ္မႀကီးဆိုတာ အားလုံးသိတဲ့အတိုင္း
သာသနာမွာ အလႉဒါန ရက္ေရာသူအျဖစ္ သာသနာ့
မိခင္ႀကီးအျဖစ္၊ေသာတာပန္အလွမိဖုရားအျဖစ္၊
ရဟန္းေတာ္မ်ားရဲ႕ ေရတြင္းေရကန္ပမာအျဖစ္
ထြန္းသစ္ထင္ရွားခဲ့တဲ့ အမ်ိဳးသမီးတစ္ဦးျဖစ္ပါတယ္။
ဂုဏ္ယူဖြယ္ရာအေၾကာင္းေတြ အမ်ားႀကီးရွိခဲ့ပါတယ္။

သာဝတၳိၿမိဳ႕ရဲ႕ အေရွ႕ဘက္မွာ တိုက္ခန္းေပါင္း တစ္ေထာင္ရွိတဲ့
ပုဗၺာ႐ုံေက်ာင္းႀကီး လႉထားခဲ့တဲ့ ေက်ာင္းအစ္မႀကီးတစ္ဦးျဖစ္ခဲ့သလို၊
သားသမီး(၂၀)၊ ေျမး(၄၀၀)၊ ျမစ္(၈၀၀၀) နဲ႕
အေႁခြအရံလည္း မ်ားခဲ့တဲ့ အမ်ိဳးသမီးလည္းျဖစ္ခဲ့ပါေသးတယ္။
ထိုမွ်မကေသး ဘာသာဝါဒမတူတဲ့ မိစ္ဆာဒိ႒ိမိဂါရသူေဌးနဲ႕
မိသားစုတို႔ကို ဗုဒၶဘာသာျဖစ္ေအာင္ စည္း႐ုံးနိုင္ခဲ့တဲ့
အမ်ိဳးသမီးျဖစ္ခဲ့ပါတယ္။

ျမတ္စြာဘုရား ေဇတဝန္ေက်ာင္းေတာ္မွာ သီတင္းသုံးေတာ့
ဝိသာခါက ဆြမ္းစားပင့္ပါတယ္။
အဲဒီညလြန္ေတာ့ ေလးကြၽန္းလုံးအႏွံ႕ မိုးႀကီး႐ြာသြန္းပါတယ္။
ျမတ္စြာဘုရားရွင္က ရဟန္းတို႔ ေဇတဝန္ေက်ာင္းမွာ႐ြာသလို၊
ေလးကြၽန္လုံးအႏွံ႕မွာလည္း မိုး႐ြာတယ္။
သင္တို႔မိုးေရခ်ိဳးၾက။ ဒီမိုးႀကီးဟာ ေလးကြၽန္းလုံးႏွံ႕တဲ့
ေနာက္ဆုံးမိုးပဲ ဟု မိန့္ေတာ္မူပါတယ္။ ရဟန္းေတာ္မ်ားဟာ
သကၤန္းအပိုအလႉခံခြင့္ မရွိေသးတာေၾကာင့္ မိုးေရခံ သကၤန္းမပါဘဲ
မိုးေရခ်ိဳးေနၾကတဲ့အခ်ိန္ ဝိသာခါလႊတ္လိုက္တဲ့
အိမ္ေဖာ္မေလး ေက်ာင္းလာဆြမ္းစားခ်ိန္ေရာက္ေၾကာင္း
ေလွ်ာက္ထားဖို႔လာတဲ့အခါ၊ အဝတ္မပါဘဲ မိုးေရခ်ိဳးေနၾကတဲ့
ရဟန္းေတာ္မ်ားကိုျမင္ေတာ့ ဒီအရာမ္အတြင္းမွာ ရဟန္းေတြ မရွိဘူး။
အာဇီဝတကၠတြန္းေတြသာ မိုးေရခ်ိဳးေနၾကတယ္
လို႔ေတြးၿပီး ရဟန္းေတြကို မပင့္ခဲ့ဘဲ အိမ္ျပန္သြား
ဝိသာခါကို အေၾကာင္းစုံျပန္ေျပာတယ္။

ဝိသာခါက ပညာရွိတယ္။ လိမၼာယဥ္ေက်းတယ္။
အေတြးအေခၚလ်င္ျမန္ထက္ျမက္တယ္။
ရဟန္းေတာ္ေတြ မိုးေရးခံသကၤန္းမပါဘဲ
မိုးေရခ်ိဳးေနၾကတာျဖစ္မယ္ စဥ္းစားၿပီး အိမ္ေဖာ္မေလးကို ဆြမ္းစားခ်ိန္ေရာက္ေၾကာင္း ထပ္မံ အပင့္ခိုင္းျပန္တယ္။
အဲဒီအခ်ိန္ ရဟန္းေတာ္မ်ားဟာ ေရခ်ိဳးၿပီးလို႔
တင့္တင္တယ္တယ္ သပ္ပါယ်စွာ ဝတ္႐ုံထားၾကၿပီးျဖစ္တယ္။
ေက်ာင္းတြင္းမွာ တိတ္ဆိတ္ၿငိမ္သက္စြာ
သီတင္းသုံးေနၾကၿပီျဖစ္တယ္။
ရဟန္းတစ္ပါးမွ် ေက်ာင္းမွာမရွိဘူး။
တစ္ေက်ာင္းလုံးတိတ္ဆိတ္ေနတယ္လို႔ အိမ္ေဖာ္မေလးက
ျပန္လာၿပီး ဝိသာခါကို ေျပာျပန္တယ္။

ဝိသာခါက အေျခအေနကို စဥ္းစားမိၿပီး ထပ္မံလႊတ္ရျပန္တယ္။
ဒီေတာ့မွ ျမတ္စြာဘုရားရွင္နဲ႕ သံဃာေတာ္ေတြ အိမ္ႂကြလာေတာ္မူၾကတယ္။
မိုး႐ြာၿပီးစ ေရစီးအဟုန္ေတြမ်ားေနေပမယ့္ ျမတ္စြာဘုရားနဲ႕
သံဃာေတာ္တို႔ရဲ႕ ေျခေတာ္ေတြ သကၤန္းေတာ္ေတြမွာ
ေရစိုစြတ္ျခင္း မရွိတာျမင္ေတာ့ ဝိသာခါ အံ့ၾသဝမ္းသာျဖစ္ကာ
ဆြမ္းကပ္လႉ၊ ဒီေနာက္ ျမတ္စြာဘုရားထံမွာ
ဆု(၈)ပါးေလွ်ာက္ထားေတာင္းဆိုပါတယ္။

အဲဒီဆု(၈)ပါးက
-----------------------
၁။ အရွင္ဘုရား တပည့္ေတာ္မသည္ သံဃာေတာ္မ်ားအား
အသက္ထက္ဆုံး မိုးေရခံသကၤန္း လႉလိုပါ၏။
၂။ ဧည့္သည္ အာဂႏၱဳတို႔အား ဆြမ္းလႉလိုပါ၏။
၃။ ခရီးသြားရဟန္းတို႔အား ဆြမ္းလႉလိုပါ၏။
၄။ သူနာရဟန္းတို႔အား ဆြမ္းလႉလိုပါ၏။
၅။ သူနာျပဳ ရဟန္းတို႔အား ဆြမ္းလႉလိုပါ၏။
၆။ သူနာရဟန္းတို႔အား ေဆးလႉလိုပါ၏။
၇။ အမြဲ ယာဂု လႉလိုပါ၏။
၈။ ဘိကၡဳနီသံဃာအား ေရသႏုပ္လႉလိုပါ၏။ ဆိုတဲ့ ဆု(၈)မ်ိဳးပါ။

ဝိသာခါ သင္ ဘယ္လိုအက်ိဳးထူး ေက်းဇူးေတြျမင္လို႔
ဒီဆုေတြေတာင္းတာလဲ လို႔ ျမတ္စြာဘုရားရွင္က ေမးေတာ့ အိမ္ေဖာ္မေလးေျပာတဲ့စကားျပန္ေလွ်ာက္ပါတယ္။

အရွင္ဘုရား အဝတ္မစည္း အခ်ည္းအႏွီးေနျခင္းဟာ
စက္ဆုပ္႐ြံရွာဖြယ္ရွိလို႔ မစင္ၾကယ္ပါ။
ဒီအက်ိဳးျမင္လို႔ ရဟန္းသံဃာေတာ္အား အသက္ထက္ဆုံး
မိုးေရခံသကၤန္း လႉဒါန္းလိုပါတယ္ဘုရား။

ဧည့္သည္ အာဂႏၱဳ ရဟန္းမ်ား ခရီးမကြၽမ္းက်င္လို႔ ဆြမ္းကိစၥ
အခက္အခဲ ႀကဳံတတ္ပါတယ္။ တပည့္ေတာ္မ လႉတဲ့ဆြမ္းကို
ဘုဥ္းေပးၿပီးမွ ခရီးလမ္းသိ ဆြမ္းခံကြၽမ္းက်င္မႈ ရွိပါလိမ့္မယ္။
ဒါေၾကာင့္လည္း ဧည့္သည္အာဂႏၱဳရဟန္းတို႔ကို
ဆြမ္းလႉဒါန္းလိုပါတယ္ဘုရား။

ခရီးသြားရဟန္းမ်ား ဆြမ္းရွာေနရပါက အေဖာ္မ်ား
ျပတ္က်န္ ေနပါလိမ့္မယ္။ သြားခ်င္တဲ့ေက်ာင္းကိုလည္း
အခ်ိန္အခါမဲ့မွ ေရာက္သြားပါလိမ့္မယ္။
တပည့္ေတာ္လႉတဲ့ဆြမ္းကို ဘုဥ္းေပးရပါက
အဲဒီဒုကၡမွ ကင္းေဝးပါမယ္။ ဒါေၾကာင့္ အသက္ထက္ဆုံး
ခရီးသြားသံဃာအား ဆြမ္းလႉဒါန္းလိုပါတယ္ဘုရား။

ဖ်ားနာတဲ့ရဟန္းမွာ ေလ်ာက္ပတ္တဲ့ေဘာဇဥ္ မရပါက
အနာတိုးပြားနိုင္သလို အသက္အႏၱရာယ္လည္း ႀကဳံေတြ႕နိုင္ပါတယ္။
တပည့္ေတာ္လႉတဲ့ ေဘာဇဥ္စားေသာက္ရပါက
ဒီအႏၱရာယ္ကင္းပါလိမ့္မယ္။ ဒါေၾကာင့္ သူနာရဟန္းမ်ားကိုလည္း
အသက္ထက္ဆုံး ဆြမ္းလႉဒါန္းလိုပါတယ္။ဘုရား။

သူနာျပဳ(ဖ်ားနာေနေသာ ရဟန္းအား လုပ္ေကြၽးျပဳစုသူ)
ရဟန္းမ်ား ကိုယ္တိုင္ဆြမ္းရွာေနရပါက
သူနာရဟန္းအား ျပဳစုရမယ့္ကိစၥေတြ လစ္ဟင္းေနပါလိမ့္မယ္။
ဒါေၾကာင့္ သူနာျပဳ ဂိလာႏုပ႒ာက ရဟန္းမ်ားကိုလည္း
အသက္ထက္ဆုံး ဆြမ္းလႉဒါန္းလိုပါတယ္ဘုရား။

သူနာရဟန္းမွာ ေလ်ာက္ပတ္တဲ့ ေဆးဝါးမရပါက
ေရာဂါတိုးပြားပါလိမ့္မယ္။ ဒါေၾကာင့္ အသက္ထက္ဆုံး
သူနာရဟန္းအား ေဆးဝါးလႉဒါန္းလိုပါတယ္ဘုရား။

အရွင္ဘုရားက အႏၶကဝိႏၵၿမိဳ႕မွာ ယာဂုအက်ိဳးဆယ္မ်ိဳးရွိတယ္
လို႔ ေဟာၾကားခြင့္ျပဳတာေၾကာင့္ ရဟန္းသံဃာအား
တပည့္ေတာ္မ အသက္ထက္ဆုံး ယာဂုလႉလိုပါတယ္ဘုရား။

အမ်ိဳးသမီးရဟန္းမ်ား အစီရဝတီျမစ္မွာ ျပည့္တန္ဆာမမ်ားတို႔နဲ႕
ေရဆိပ္တစ္ခုတည္းမွာ အဝတ္မစည္း ေရခ်ိဳးေနၾကလို႔
ျပည့္တန္ဆာမမ်ားက ရဟန္းမ ဘိကၡဳနီတို႔ကို
ျပက္ရယ္ေလွာင္ေျပာင္ၾကပါတယ္။
ဒါေၾကာင့္ ဘိကၡဳနီသံဃာအား အသက္ထက္ဆုံး
ေရသႏုပ္(ေရလဲသကၤန္း) လႉဒါန္းလိုပါတယ္ဘုရားဟု
ဒီဆု(၈)မ်ိဳးကို ဝိသာခါဒကာမႀကီးက ေတာင္းခံခဲ့တာပါ။

သံဃာမ်ား ခ်မ္းသာေစလိုတဲ့ ဒီဆုေတြ ဝိသာခါေတာင္းတာဟာ
သာသနာအက်ိဳးၾကည့္တာရယ္၊ သူကိုယ္တိုင္ ေနာင္အခ်ိန္မွာ
ဝမ္းသာပီတိနဲ႕ သဒ္ဓါပွားချင်တာရယ်ကြောင့်
ေတာင္းထားတာျဖစ္ပါတယ္။ ျမတ္စြာဘုရားရွင္က
ခြင့္ျပဳေတာ္မူခဲ့လို႔ ဒီေန႕ ဗုဒၶဘာသာဝင္ အမ်ိဳးသား ၊
အမ်ိဳးသမီးမ်ား အေနျဖင့္ ဝိသာခါေက်ာင္းအစ္မႀကီးရဲ႕
ဆုရွစ္မ်ိဳးထဲက တစ္ခုအပါအဝင္ျဖစ္တဲ့ ဝါဆိုသကၤန္းကို
လႉဒါန္းေနၾကတာျဖစ္ပါတယ္။
ဒါက ဝိသာခါေက်ာင္းအစ္မႀကီး ေတာင္းခံခဲ့လို႔
ဝါဆိုသကၤန္းရယ္လို႔ ေပၚေပါက္လာခဲ့ျခင္းျဖစ္ပါတယ္။
Credit
ဝါဆိုသင်္ကန်း ဖြစ်ပေါ်လာပုံ
=========================

ဝိသာခါကျောင်းအစ်မကြီးဆိုတာ အားလုံးသိတဲ့အတိုင်း
သာသနာမွာ အလှူဒါန ရက်ရောသူအဖြစ် သာသနာ့
မိခင်ကြီးအဖြစ်၊သောတာပန်အလှမိဖုရားအဖြစ်၊
ရဟန်းတော်များရဲ့ ရေတွင်းရေကန်ပမာအဖြစ်
ထွန်းသစ်ထင်ရှားခဲ့တဲ့ အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
ဂုဏ်ယူဖွယ်ရာအကြောင်းတွေ အများကြီးရှိခဲ့ပါတယ်။

သာဝတၳိမြို့ရဲ့ အရှေ့ဘက်မှာ တိုက်ခန်းပေါင်း တစ်ထောင်ရှိတဲ့
ပုဗ္ဗာရုံကျောင်းကြီး လှူထားခဲ့တဲ့ ကျောင်းအစ်မကြီးတစ်ဦးဖြစ်ခဲ့သလို၊
သားသမီး(၂၀)၊ မြေး(၄၀၀)၊ မြစ်(၈၀၀၀) နဲ့
အခြွေအရံလည်း မ်ားခဲ့တဲ့ အမျိုးသမီးလည်းဖြစ်ခဲ့ပါသေးတယ်။
ထိုမွ်မကေသး ဘာသာဝါဒမတူတဲ့ မိစ်ဆာဒိဋ္ဌိမိဂါရသူဌေးနဲ့
မိသားစုတို့ကို ဗုဒ္ဓဘာသာဖြစ်အောင် စည်းရုံးနိုင်ခဲ့တဲ့
အမျိုးသမီးဖြစ်ခဲ့ပါတယ်။

မြတ်စွာဘုရား ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော့
ဝိသာခါက ဆွမ်းစားပင့်ပါတယ်။
အဲဒီညလွန်တော့ လေးကျွန်းလုံးအနှံ့ မိုးကြီးရွာသွန်းပါတယ်။
မြတ်စွာဘုရားရှင်က ရဟန်းတို့ ဇေတဝန်ကျောင်းမှာရွာသလို၊
လေးကျွန်လုံးအနှံ့မှာလည်း မိုးရွာတယ်။
သင်တို့မိုးရေချိုးကြ။ ဒီမိုးကြီးဟာ လေးကျွန်းလုံးနှံ့တဲ့
နောက်ဆုံးမိုးပဲ ဟု မိန့်တော်မူပါတယ်။ ရဟန်းတော်များဟာ
သင်္ကန်းအပိုအလှူခံခွင့် မရှိသေးတာကြောင့် မိုးရေခံ သင်္ကန်းမပါဘဲ
မိုးရေချိုးနေကြတဲ့အချိန် ဝိသာခါလွှတ်လိုက်တဲ့
အိမ်ဖော်မလေး ကျောင်းလာဆွမ်းစားချိန်ရောက်ကြောင်း
လျှောက်ထားဖို့လာတဲ့အခါ၊ အဝတ်မပါဘဲ မိုးရေချိုးနေကြတဲ့
ရဟန်းတော်များကိုမြင်တော့ ဒီအရာမ်အတွင်းမှာ ရဟန်းတွေ မရွိဘူး။
အာဇီဝတက္ကတွန်းတွေသာ မိုးရေချိုးနေကြတယ်
လို့တွေးပြီး ရဟန်းတွေကို မပင့်ခဲ့ဘဲ အိမ်ပြန်သွား
ဝိသာခါကို အကြောင်းစုံပြန်ပြောတယ်။

ဝိသာခါက ပညာရှိတယ်။ လိမ္မာယဉ်ကျေးတယ်။
အတွေးအခေါ်လျင်မြန်ထက်မြက်တယ်။
ရဟန်းတော်တွေ မိုးရေးခံသင်္ကန်းမပါဘဲ
မိုးရေချိုးနေကြတာဖြစ်မယ် စဉ်းစားပြီး အိမ်ဖော်မလေးကို ဆွမ်းစားချိန်ရောက်ကြောင်း ထပ္မံ အပင့်ခိုင်းပြန်တယ်။
အဲဒီအချိန် ရဟန်းတော်များဟာ ရေချိုးပြီးလို့
တင့်တင်တယ်တယ် သပ်ပါယျစှာ ဝတ်ရုံထားကြပြီးဖြစ်တယ်။
ကျောင်းတွင်းမှာ တိတ်ဆိတ်ငြိမ်သက်စွာ
သီတင်းသုံးနေကြပြီဖြစ်တယ်။
ရဟန်းတစ်ပါးမျှ ကျောင်းမှာမရှိဘူး။
တစ်ကျောင်းလုံးတိတ်ဆိတ်နေတယ်လို့ အိမ်ဖော်မလေးက
ပြန်လာပြီး ဝိသာခါကို ပြောပြန်တယ်။

ဝိသာခါက အခြေအနေကို စဉ်းစားမိပြီး ထပ်မံလွှတ်ရပြန်တယ်။
ဒီတော့မှ မြတ်စွာဘုရားရှင်နဲ့ သံဃာတော်တွေ အိမ်ကြွလာတော်မူကြတယ်။
မိုးရွာပြီးစ ရေစီးအဟုန်တွေများနေပေမယ့် မြတ်စွာဘုရားနဲ့
သံဃာတော်တို့ရဲ့ ခြေတော်တွေ သင်္ကန်းတော်တွေမှာ
ရေစိုစွတ်ခြင်း မရှိတာမြင်တော့ ဝိသာခါ အံ့သြဝမ်းသာဖြစ်ကာ
ဆွမ်းကပ်လှူ၊ ဒီနောက် မြတ်စွာဘုရားထံမှာ
ဆု(၈)ပါးလျှောက်ထားတောင်းဆိုပါတယ်။

အဲဒီဆု(၈)ပါးက
-----------------------
၁။ အရှင်ဘုရား တပည့်တော်မသည် သံဃာတော်များအား
အသက္ထက္ဆုံး မိုးရေခံသင်္ကန်း လှူလိုပါ၏။
၂။ ဧည့်သည် အာဂန္တုတို့အား ဆွမ်းလှူလိုပါ၏။
၃။ ခရီးသွားရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၄။ သူနာရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၅။ သူနာပြု ရဟန်းတို့အား ဆွမ်းလှူလိုပါ၏။
၆။ သူနာရဟန်းတို့အား ဆေးလှူလိုပါ၏။
၇။ အမြဲ ယာဂု လှူလိုပါ၏။
၈။ ဘိက္ခုနီသံဃာအား ရေသနုပ်လှူလိုပါ၏။ ဆိုတဲ့ ဆု(၈)မျိုးပါ။

ဝိသာခါ သင် ဘယ်လိုအကျိုးထူး ကျေးဇူးတွေမြင်လို့
ဒီဆုတွေတောင်းတာလဲ လို့ မြတ်စွာဘုရားရှင်က မေးတော့ အိမ်ဖော်မလေးပြောတဲ့စကားပြန်လျှောက်ပါတယ်။

အရှင်ဘုရား အဝတ်မစည်း အချည်းအနှီးနေခြင်းဟာ
စက်ဆုပ်ရွံရှာဖွယ်ရှိလို့ မစင်ကြယ်ပါ။
ဒီအကျိုးမြင်လို့ ရဟန်းသံဃာတော်အား အသက္ထက္ဆုံး
မိုးရေခံသင်္ကန်း လှူဒါန်းလိုပါတယ်ဘုရား။

ဧည့်သည် အာဂန္တု ရဟန်းများ ခရီးမကျွမ်းကျင်လို့ ဆွမ်းကိစ္စ
အခက်အခဲ ကြုံတတ်ပါတယ်။ တပည့်တော်မ လှူတဲ့ဆွမ်းကို
ဘုဉ်းပေးပြီးမှ ခရီးလမ်းသိ ဆွမ်းခံကျွမ်းကျင်မှု ရှိပါလိမ့်မယ်။
ဒါကြောင့်လည်း ဧည့်သည်အာဂန္တုရဟန်းတို့ကို
ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

ခရီးသွားရဟန်းများ ဆွမ်းရှာနေရပါက အဖော်များ
ပြတ်ကျန် နေပါလိမ့်မယ်။ သွားချင်တဲ့ကျောင်းကိုလည်း
အချိန်အခါမဲ့မှ ရောက်သွားပါလိမ့်မယ်။
တပည့်တော်လှူတဲ့ဆွမ်းကို ဘုဉ်းပေးရပါက
အဲဒီဒုက္ခမှ ကင်းဝေးပါမယ်။ ဒါကြောင့် အသက္ထက္ဆုံး
ခရီးသြားသံဃာအား ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

ဖျားနာတဲ့ရဟန်းမှာ လျောက်ပတ်တဲ့ဘောဇဉ် မရပါက
အနာတိုးပွားနိုင်သလို အသက်အန္တရာယ်လည်း ကြုံတွေ့နိုင်ပါတယ်။
တပည့်တော်လှူတဲ့ ဘောဇဉ်စားသောက်ရပါက
ဒီအန္တရာယ်ကင်းပါလိမ့်မယ်။ ဒါကြောင့် သူနာရဟန်းများကိုလည်း
အသက္ထက္ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်။ဘုရား။

သူနာပြု(ဖျားနာနေသော ရဟန်းအား လုပ်ကျွေးပြုစုသူ)
ရဟန်းများ ကိုယ်တိုင်ဆွမ်းရှာနေရပါက
သူနာရဟန်းအား ပြုစုရမယ့်ကိစ္စတွေ လစ်ဟင်းနေပါလိမ့်မယ်။
ဒါကြောင့် သူနာပြု ဂိလာနုပဋ္ဌာက ရဟန်းများကိုလည်း
အသက္ထက္ဆုံး ဆွမ်းလှူဒါန်းလိုပါတယ်ဘုရား။

သူနာရဟန်းမှာ လျောက်ပတ်တဲ့ ဆေးဝါးမရပါက
ရောဂါတိုးပွားပါလိမ့်မယ်။ ဒါကြောင့် အသက္ထက္ဆုံး
သူနာရဟန်းအား ဆေးဝါးလှူဒါန်းလိုပါတယ်ဘုရား။

အရှင်ဘုရားက အန္ဓကဝိန္ဒမြို့မှာ ယာဂုအကျိုးဆယ်မျိုးရှိတယ်
လို့ ဟောကြားခွင့်ပြုတာကြောင့် ရဟန်းသံဃာအား
တပည့်တော်မ အသက္ထက္ဆုံး ယာဂုလှူလိုပါတယ်ဘုရား။

အမျိုးသမီးရဟန်းများ အစီရဝတီမြစ်မှာ ပြည့်တန်ဆာမများတို့နဲ့
ရေဆိပ်တစ်ခုတည်းမှာ အဝတ်မစည်း ရေချိုးနေကြလို့
ပြည့်တန်ဆာမများက ရဟန်းမ ဘိက္ခုနီတို့ကို
ပြက်ရယ်လှောင်ပြောင်ကြပါတယ်။
ဒါကြောင့် ဘိက္ခုနီသံဃာအား အသက္ထက္ဆုံး
ရေသနုပ်(ရေလဲသင်္ကန်း) လှူဒါန်းလိုပါတယ်ဘုရားဟု
ဒီဆု(၈)မျိုးကို ဝိသာခါဒကာမကြီးက တောင်းခံခဲ့တာပါ။

သံဃာမ်ား ချမ်းသာစေလိုတဲ့ ဒီဆုတွေ ဝိသာခါတောင်းတာဟာ
သာသနာအကျိုးကြည့်တာရယ်၊ သူကိုယ်တိုင် နောင်အချိန်မှာ
ဝမ်းသာပီတိနဲ့ သဒ်ဓါပှားခငြျတာရယျကွောငျ့
တောင်းထားတာဖြစ်ပါတယ်။ မြတ်စွာဘုရားရှင်က
ခွင့်ပြုတော်မူခဲ့လို့ ဒီနေ့ ဗုဒ္ဓဘာသာဝင် အမျိုးသား ၊
အမျိုးသမီးများ အနေဖြင့် ဝိသာခါကျောင်းအစ်မကြီးရဲ့
ဆုရှစ်မျိုးထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ ဝါဆိုသင်္ကန်းကို
လှူဒါန်းနေကြတာဖြစ်ပါတယ်။
ဒါက ဝိသာခါကျောင်းအစ်မကြီး တောင်းခံခဲ့လို့
ဝါဆိုသင်္ကန်းရယ်လို့ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါတယ်။
Credit

19/07/2020
လူမသိသူမသိ အာဇာနည်နေ့ အကြောင်း ၉ ချက် - BBC News မြန်မာ 17/07/2020

လူမသိသူမသိ အာဇာနည်နေ့ အကြောင်း ၉ ချက်
====================

#ပထမဆုံးအာဇာနည်နေ့

မြန်မာနိုင်ငံမှာ ပထမဆုံး ကျင်းပတဲ့ အာဇာနည်နေ့က ဗိုလ်အောင်ကျော်ကြေးရုပ်ဖွင့်ပွဲနေ့ ဖြစ်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ လွှတ်တော်က ဗိုလ်အောင်ကျော်ကျဆုံးတဲ့ ၂ နှစ် ပြည့်ချိန် ၁၉၄ဝ ဒီဇင်ဘာ ၂ဝ မှာ အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပခဲ့ပါတယ်။

ကြေးရုပ်အစား သစ်သားကို ရွှေမင်သုတ်ပီး ဖွင့်ရပြီး ကြေးရုပ်လုပ်ဖို့ ကောက်ခံထားတဲ့ ရန်ပုံငွေကိုတော့ ရဲဘော် သုံးကျိပ် ဂျပန်လွှတ်ဖို့ သုံးရတယ်လို့ ဆိုပါတယ်။ မီးတုတ်ကိုင် ကျောင်းသားသံမဏိတပ်တွေ တက္ကသိုလ်ဝင်းထဲ ချီတက်လှည့်လည်ခဲ့တဲ့ အာဇာနည်နေ့ဟာ အင်မတန်လူစည်တယ်လို့ ဒဂုန်တာရာရဲ့ ဒဂုန်တာရာ ကိုယ်ရေးအတ္ထုပ္ပတ္တိမှာ ဖော်ပြထားပါတယ်။

#မန္တလေးအာဇာနည်ကုန်း

၁၃ဝဝ ပြည့်အရေးတော်ပုံ အတွင်း မန္တလေးမှာ ပစ်ခတ် သတ်ဖြတ်ခံရတဲ့ ကျောင်းသား၊ ရဟန်းနဲ့ အရပ်သား
၁၇ ယောက်ကို မန္တလေး-စစ်ကိုင်း ကားလမ်းပေါ်က တမ္ပဝတီရပ် သူကြွယ်ကုန်းမှာ အာဇာနည်ဗိမာန်နဲ့ သင်္ဂြိုဟ်ခဲ့ပါတယ်။

အဲဒီမှာ ရန်ကုန်မှာ အတွင်းဝန်ရုံးကို ဝိုင်းရာမှာ နံပါတ်တုတ်ရိုက်ခံရပြီး ကျဆုံးတဲ့ ဗိုလ်အောင်ကျော်နဲ့ မန္တလေးအာဇာနည်တွေကို နေမျိုးမဟာ သီဟသူရဘွဲ့နဲ့ ဗိုလ်ဘွဲ့ အပ်နှင်းပါတယ်။

အာဇာနည်တွေ ကျဆုံးတဲ့ မန္တလေး ၂၆ ဘီလမ်းကို အာဇာနည်လမ်းလို့ ခေါ်တွင်ပါတယ်။

#ရန်ကုန်အာဇာနည်ကုန်းအစ

ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော်လက်ထက်မှာ ဗမာ့လွတ်လပ်ရေးလမ်းကို
'အရိုးနဲ့ခင်း၊ သွေးစက်နဲ့ ရှင်းသွားကြတဲ့ လူမျိုးမရွေး ဘာသာမရွေး ခေတ်သစ်အာဇာနည်တွေ အတွက်' ရွှေတိဂုံမြောက်ဘက် ကုန်းမြင့်မှာ အာဇာနည်ဗိမာန် ဆောက်ဖို့ စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်းက ကြီးမှူးခဲ့ပါတယ်။

ဒါကတော့ ဂျပန်ပြည်မှာ စစ်သည်တွေအတွက် နတ်ကွန်းဆောက် ကိုးကွယ်တဲ့ဓလေ့နဲ့ နီးစပ်ပါတယ်။ ဒီအာဇာနည်ကုန်းမှာပဲ ဗိုလ်ချုပ်အောင်ဆန်းတို့ကို မြှုပ်နှံခဲ့ရတာပါ။

ဗမာရာဇဝင်ကို သွေးနဲ့ထူထောင်ခဲ့ကြတဲ့ ရှေးဗမာအာဇာနည် သူရဲကောင်းတွေကို ချီးကျူးပူဇော်တဲ့ အနေနဲ့ ဝါဒဖြန့်ချိရေးဌာနက ခရိုင်တိုင်းမှာ သူရဲကောင်းမှတ်တိုင်စိုက်ဖို့လည်း လုပ်ခဲ့တယ်လို့ ဝါဒဖြန့်ချိရေးဝန်ကြီးဟောင်း ဗန္ဓုလဦးစိန်ရဲ့ ကျွန်ုပ်တို့အတွင်းရေးစာအုပ်မှာ
ရေးသား ဖော်ပြခဲ့တယ်။

#အာဇာနည်ကုန်းမှာမြှုပ်နှံမခံရသူတွေ

အာဇာနည် ခေါင်းဆောင်တွေ အဖြစ် သတ်မှတ်ခံရပေမယ့် သီးသန့် သင်္ဂြိုဟ်ခံရသူတွေက ရန်ကုန် တာမွေ မွတ်ဆလင် သင်္ချိုင်းမှာ ထားရှိတဲ့ ဝန်ကြီး ဦးရာဇတ်နဲ့ သူ့သက်တော်စောင့် ကိုထွေး တို့ ဖြစ်ပါတယ်။ နောက် မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းရဲ့ ရုပ်ကလာပ်ကိုလည်း သူ့ဇာတိ ရှမ်းပြည် မိုင်းပွန်မှာပဲ မီးသင်္ဂြိုဟ်ပြီး ပြာတွေကို ရန်ကုန်နဲ့ မိုင်းပွန်မှာ ခွဲထားပါတယ်။

#အာဇာနည်ကုန်းမှာနောက်ထပ်မြှုပ်နှံခံရသူတွေ

လွတ်လပ်ရေးရစမှာ ကားဗုံးနဲ့ လုပ်ကြံခံရတဲ့ တပ်မင်းကြီး ဦးတင်ထွတ်နဲ့ သာယာဝတီမှာ လေယာဉ်ပျံ ကျည်ဆန်မှန်ကျဆုံးတဲ့ အထူးမင်းကြီး ဗိုလ်စိန်မှန် တို့ကိုလည်း အာဇာနည်ကုန်းမှာပဲ ဂူသွင်းခဲ့ပါတယ်။ ၁၉၈၃ မြောက်ကိုရီးယား ဗုံးခွဲ တိုက်ခိုက်မှုအပြီးမှ ဒီဂူတွေကို ဖယ်ရှားခဲ့ပါတယ်။

#အာဇာနည်ဇနီးတွေကိုလွှတ်တော်အမတ်ခန့်

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးသွားတဲ့ ဝန်ကြီးတွေရဲ့ ဇနီးတွေကို သူတို့ခင်ပွန်းတွေ နေရာမှာ လွှတ်တော်အမတ်တွေ အဖြစ် ခန့်အပ်ခဲ့ပါတယ်။ ဒီးဒုတ်ဦးဘချို နေရာကိုတော့ ဇနီး ဝံသာနု ခေါင်းဆောင် ဒေါ်လှမေက မယူဘဲ သူ့သမီးလတ် ဒေါ်ခင်ပု ခေါ် ငွေဝတ်ရည်ကို ခန့်ပါတယ်။ သမီးဖြစ်သူကလည်း မကြာခင် ကွယ်လွန်ပါတယ်။ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ကိုတော့ နောက်ပိုင်းမှာ ဦးနုရဲ့ ပထစ ပါတီ ဗဟိုအမှုဆောင်ကော်မတီဝင်နဲ့ အိန္ဒိယသံအမတ်နေရာတွေ ပေးခဲ့ပါတယ်။

#ဗိုလ်ချုပ်အိမ်ပစ်ခံရ

လုပ်ကြံမှု ဖြစ်ပြီး တလ မရှိခင် သြဂုတ်လ ၁၁ ရက်မှာ တာဝါလိန်းလမ်းက ဗိုလ်ချုပ်အောင်ဆန်း အိမ်အနား လူဆိုး ၂ ယောက်လာပြီး သေနတ်နဲ့ ပစ်ခတ်ပေမယ့် ကင်းနဲ့တိုးလို့ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။ လုပ်ကြံမှု ခုံရုံးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့် အိမ်နားမှာလည်း အဲဒီအချိန်က ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သူ့မိသားစုက ပြောကြားပါတယ်။

#ထောင်တွင်းကတက်ရတဲ့အာဇာနည်နေ့

၁၉၆၂ အာဇာနည်နေ့မှာ မိုင်းပွန်စော်ဘွား စဝ်ဆေးဟုမ် အထိန်းသိမ်းခံရဆဲ ဖြစ်လို့ သူ့ဖခင်အတွက် အာဇာနည်နေ့အခမ်းအနားကို ထောင်တွင်းက ထွက်ပြီး တက်ခဲ့ရပါတယ်။

အာဇာနည် အားလုံး တချိန်တည်း ကျတာမဟုတ်

ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးဘဝင်းနဲ့ ဦးရာဇတ်၊ မန်းဘခိုင်၊ ဦးအုန်းမောင်တို့ ပစ်ခတ်မှု ဖြစ်တဲ့ ဇူလိုင်လ ၁၉ ရက် ၁ဝနာရီ ၃၇ မိနစ်က ကွယ်လွန်ခဲ့ပေမယ့် သက်တော်စောင့် ကိုထွေးက ဝန်ကြီးတွေ လုပ်ကြံမှု ဖြစ်ပြီးနောက် ပြန်အထွက်မှာ ပစ်ခံရလို့ ၁ဝ နာရီ ၄၅ မိနစ်မှာ သေဆုံးပါတယ်။ ဒီးဒုတ်ဦးဘချိုက မွန်းလွဲ
၁ နာရီ ၄၅ မိနစ်မှာ ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ပါတယ်။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းက ဇူလိုင်လ ၂ဝ ရက်နေ့မှ ကွယ်လွန်တာ ဖြစ်ပါတယ်။

---

ရှားပါးဓာတ်ပုံတွေ စုဆောင်းပေးတဲ့ ဦးအောင်မြင့်ဦး၊ လူထုကို ကျေးဇူးအများကြီးတင်ပါတယ်။

---

လူမသိသူမသိ အာဇာနည်နေ့ အကြောင်း ၉ ချက်
https://www.bbc.com/burmese/in-depth-40639332

==========

Burmese

လူမသိသူမသိ အာဇာနည်နေ့ အကြောင်း ၉ ချက် - BBC News မြန်မာ မြန်မာနိုင်ငံမှာ အာဇာနည်နေ့ စတင်ကျင်းပတဲ့ အကြောင်းနဲ့ တိမ်မြုပ်နေတဲ့ အာဇာနည်နေ့ အကြောင်းတွေ

17/07/2020

⛤အာဇာနည်နေ့ တို့မမေ့⛤
&&&&&&&&&&&&&&&&&&&&&&&&&&&

ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာနိုင်ငံတော်ကြီး လွတ်လပ်ရေးအတွက် ကြိုးပမ်းရင်း အသက်ပေးသွားခဲ့ကြသော အာဇာနည်သူရဲကောင်းအားလုံးကို အလေးမြတ်ထား ဂုဏ်ပြုဦးညွှတ်ပါတယ်ခင်ဗျာ...

လူတိုင်း သိသင့်သိထိုက်တဲ့ အာဇာနည် ၉ ဦးအကြောင်း

၁။ဒီးဒုတ် ဦးဘချို (ကျောင်းဆရာ)

၂၃.၄.၁၈၉၃ ဖွား မြောင်းမြဇာတိ ဆရာကြီးဒီးဒုတ်ဦးဘချို ဟာကျဆုံးချိန်မှာ အသက် ၅၄ နှစ်ရှိပြီးကျည် ၅ ချက်သင့် ကာကျဆုံး ခဲ့ပါတယ်။ ကျဆုံးချိန်မှာရာထူးတာဝန်မှာဝန်ကြီး
ဖြစ်ကာ သတင်းနှင့်ပြန်ကြားရေးဝန်ကြီးဋ္ဌာနအကြီးအမှူး ဖြစ်ပါတယ်။

၂။ သခင်မြ (ကျောင်းဆရာ)

၇.၁၀.၁၈၉၇ ဖွား ထုံးဖိုဇာတိ ဆရာကြီးသခင်မြဟာကျဆုံး ချိန်မှာအသက် ၅၀နှစ်ဖြစ်ပြီးကျည် ၂ ချက်သင့်ကာကျဆုံးခဲ့ ပါတယ်။ကျဆုံးချိန်မှာထမ်းရွက်ခဲ့တဲ့ရာထူးတာဝန် ဝန်ကြီး ဖြစ်ကာ ဘဏ္ဍာရေးနှင့်အခွန်တော်ဝန်ကြီးဋ္ဌာနကိုကြီးမှူးပါ တယ်။

၃။ဦးရာဇတ်(ကျောင်းဆရာ)

၂၀.၁.၁၈၉၈ ဖွား မိတ္ထီလာဇာတိဆရာကြီးဦးရာဇတ်မှာကျဆုံး ချိန်ကအသက် ၄၉ နှစ်ရှိကာ ကျည် ၆ ချက်သင့် ကျဆုံးခဲ့ပါ တယ်။ကျဆုံးချိန်ထိထမ်းရွက်ခဲ့တဲ့ရာထူးတာဝန်မှာဝန်ကြီးဖြစ် ကာ ပညာရေးနှင့်အမျိုးသားစီမံကိန်းဝန်ကြီးဋ္ဌာနကိုတာဝန် ယူခဲ့ပါတယ်။

၄။ ဦးဘ၀င်း(ကျောင်းဆရာ)

၁၁.၆.၁၉၀၁ ဖွား နတ်မှောက်ဇာတိဦးဘ၀င်းဟာဗိုလ်ချုပ် အောင်ဆန်းရဲ့အစ်ကိုအကြီးဆုံးဖြစ်ကာကျဆုံးချိန်မှာအသက် ၄၆နှစ်ဖြစ်ပြီး ကျည်​ ၈ ချက်​သင့်ကျဆုံးခဲ့ပါသည်​။ကျဆုံးချိန်ထမ်းရွက်ခဲ့တဲ့ရာထူးတာဝန်မှာဝန်ကြီး
ဖြစ်ပါတယ်။ထောက်ပံ့ရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဋ္ဌာနကိုကြီးမှူးခဲ့ပါတယ်။

၅။မန်းဘခိုင်

၂၆.၁၀.၁၉၀၃ မွေးဖွား ဟင်္သာတ ယုန်သလင်းဇာတိသား
မန်းဘခိုင်မှာကျဆုံးချိန်က အသက်၄၄ နှစ်ရှိပြီးကျည်၁၅ ချက်သင့်ကာကျဆုံးခဲ့ပါတယ်။ကျဆုံးချိန်ရာထူးတာဝန်မှာ
စက်မှုလက်မှုနှင့်အလုပ်သမားဝန်ကြီးဋ္ဌာနဝန်ကြီးဖြစ်ပါတယ်။

၆။စ၀်စံထွန်း

၃၁.၅.၁၉၀၇မွေးဖွား မိုင်းပွန်ဇာတိသားစ၀်စံထွန်းမှာစော်ဘွား တစ်ဦးဖြစ်ပြီး ကျဆုံးချိန်မှာ အသက် ၄၀ နှစ်ရှိသူဖြစ်ပါတယ်။
ကျည်၂ချက်သင့် ကျဆုံးခဲ့ပြီး ကျဆုံးချိန်မှာရာထူးတာဝန်အဖြစ် တောင်တန်းဒေသဆိုင်ရာဝန်ကြီးဋ္ဌာနဝန်ကြီးတာဝန်ကိုရွက် ဆောင်ခဲ့ပါတယ်။

၇။ဦးအုံးမောင်

၂.၂.၁၉၁၃ မွေးဖွား မင်းဘူးဇာတိသား ဦးအုံးမောင်မှာ ကျဆုံးချိန်ကအသင်၃၄ နှစ်သာရှိပြီးကျည် ၅ ချက်သင့် ကျဆုံးချိန်ရာထူးတာဝန်မှာ အတွင်းဝန်ဖြစ်ပါတယ်။

၈။ဗိုလ်ချုပ်အောင်ဆန်း

၁၃.၂.၁၉၁၅ ဖွား နတ်မှောက်ဇာတိသားဗိုလ်ချုပ်အောင်ဆန်း
မှာအမျိုးသားခေါင်းဆောင်ကြီးဖြစ်ပေမဲ့ကျဆုံးချိန်မှာ အသက် ၃၂ နှစ် ၅ လ နှင့် ၆ ရက်သာရှိသေးပြီး ကျည် ၁၃ ချက်သင့် ကာ ကျဆုံးခဲ့ပါတယ်။ကျဆုံးချိန်ကရာထူးတာဝန်မှာနိုင်ငံတော် ဝန်ကြီးချုပ်ဖြစ်ပါတယ်။

၉။ရဲဘော်ကိုထွေး

မန္တလေးဇာတိသား ရဲဘော်ကိုထွေးမှာကျဆုံးချိန်ကအသက်
၁၈ နှစ်သာရှိသေးပြီး ကျည် ၄ ချက်သင့် ကျဆုံးခဲ့ပါတယ်။
ကျဆုံးချိန်ရာထူးတာဝန် မှာ သက်တော်စောင့် တာဝန်အဖြစ် ဦးရာဇာတ်ရဲ့ သက်တော်စောင့််တာဝန်ထမ်းရွက်ခဲ့ပါတယ်။

အာဇာနည်ခေါင်းဆောင်​ကြီးများ ကျဆုံးချိန်​မှာ နံနက်​( ၁၀နာရီ ..၃၇မိနစ်​ )ချိန်​ဖြစ်​သည်​။

အာဇာနည်ပုဂ္ဂိုလ်ကြီးများဇာတိနဲ့ ကျည်သင့်ခဲ့တဲ့ အချက်
အရေအတွက် ကျဆုံးချိန်ကထမ်းဆောင်ခဲ့သည့် ရာထူး တာဝန် စတာတွေစုစည်းလို့ အခုလိုဖေါ်ပြခဲ့မှုမှာကျဆုံးချိန် ကာလအသက်အရွယ်ကြီးစဉ်ငယ်လိုက် စီပြီးဖေါ်ပြခဲ့မှုဖြစ်ပါတယ်။

နိုင်ငံတော်အကျိုး လူမျိုးအကျိုးကိုအံ့မခမ်းသယ်ပိုးခဲ့သူ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ရဲစွမ်းသတ္တိကိုဒီကနေ့ခေတ်ကာလ လူငယ်များကလည်း အထူးတလည်သတိပြုအားကျအတုယူဖွယ်ခံစားမိကြစေ လိုတာ ဆန္ဒအမှန်ပါပဲခင်​ဗျာ...

အာဇာနည်(၉)ဦး၏ အမည်နှင့် ထိမှန်ခဲ့သော ကျည်အရေအတွက်မှာ....

၁။ ဗိုလ်ချုပ်အောင်ဆန်း (၁၉၁၅ - ၁၉၄၇) ၁၃ ချက်
၂။ သခင်မြ (၁၈၉၇ - ၁၉၄၇) ၂ ချက်
၃။ ဒီးဒုတ်ဦးဘချို (၁၈၉၃ - ၁၉၄၇) ၅ ချက်
၄။ ဦးရာဇတ် (၁၈၉၈ - ၁၉၄၇) ၆ ချက်
၅။ ဦးဘ၀င်း (၁၉၀၀ - ၁၉၄၇) ၈ ချက်
၆။ စပ်စံထွန်း (၁၉၀၇ - ၁၉၄၇) ၂ ချက်
၇။ မန်းဘခိုင် (၁၉၀၃ - ၁၉၄၇) ၁၅ ချက်
၈။ ဦးအုန်းမောင် (၁၉၀၃ - ၁၉၄၇) ၅ ချက်
၉။ ရဲဘော်ကိုထွေး (၁၉၂၉ - ၁၉၄၇) ၄ ချက်

Credit :

08/07/2020

Page လေးမှာလေ
မင်မင်ချယ် တခုပြောချင်တာက
ကျွန်မက အရမ်းကို professional ကျတဲ့သူ
မဟုတ်ပါဘူးရှင့်
ဒီ page လေးက ကလေးတွေကို
Online လေး သင်ပေးရင်း
စလုပ်ဖြစ်တာပါရှင့်
စာရှင်းပြတဲ့ video လေးတွေမှာ
အမှားလေးတွေပါခဲ့ရင်လည်း
ထောက်ပြပေးကြပါနော်
ကျေးဇူးတင်ပါတယ်ရှင့်
😍

04/07/2020

အဌမတန်း

04/07/2020

အဌမတန်း

02/07/2020

ဒီနေ့ ညက တော့ မင်မင်ချယ်က
videoလေး မတင်ဖြစ်တော့ ဉာဏ်စမ်းလေးတင်မယ်နော် ဖြေကြည့်ပေးကြပါဦး 😉

You enter a bedroom.
There are 34 people. You kill 30. How many are in the bedroom?

😍

01/07/2020

အဌမတန်း
Math 1
Chapter 1

29/06/2020

2
အဌမတန်း
Math 1
Chapter 1

28/06/2020

Page လေးကလေ
Video လေးတွေထပ်တင်ပေးဦးမှာပါ
အခုတလောက မင်မင်တီချယ် သွားကိုက်တာကြောင့်ပါ
အတတ်နိုင်ဆုံး နောက်အပတ်ထဲ တင်ပေးသွားမှာပါ 💗💗💗

09/06/2020

Page ေလးက
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္
video ေလးေတြခန ရပ္သြားတာပါ 😞
မနက္ျဖန္ ကေနစၿပီး Page ေလး ျပန္စပါၿပီေနာ္
❤❤❤

25/05/2020

#အဌမတန္း

Video 01
အခန္း ၁ ကိန္းစစ္မ်ား
အခုနက note စာရြက္ေလး တင္ေပးထားတယ္ အခုကေတာ့ Video ေလးနဲ႔
႐ွင္းျပေပးထားတာပါ
ဒီ ကိန္းေတြက 8တန္း မွရယ္ မဟုတ္ရင္
ကိုးတန္း ဆယ္တန္းကေလးေတြလည္း
ေလ့လာလို႔ရပါတယ္
သခ်ၤာပုစၦာတစ္ပုဒ္မွာ ကိန္းေတြကို
ေသခ်ာမသိရင္ တြက္ဖို႔ရာမလြယ္ကူပါဘူး
အဲ့ဒီအတြက္ ကိန္းေလးေတြကို english လိုအေခၚအေဝၚေလးေတြနဲ႔ပါ တြဲ ၿပီး ေျပာျပေပးထားတာပါ
ေက်းဇူးတင္ပါတယ္
❤❤❤

Photos from TgeSwae -Biology's post 25/05/2020

အဌမတန္း သခ်ၤာ1
အခန္း (၁) ကိန္းစစ္မ်ား

Photos from TgeSwae -Biology's post 22/05/2020

Grade 10 သင္႐ိုးသစ္ေပါ့
အခု ႐ွစ္တန္းေအာင္ ကိုးတန္းတက္မယ့္
ကေလးေတြ အတြက္ ေရြးခ်ယ္စရာ
ဘာသာရပ္အတြဲေလးေတြပါ
ေသခ်ာေလ့လာၿပီး မိမိႏွစ္သက္ရာ ဘာသာရပ္တြဲကိုေရြးခ်ယ္လို႔ရပါတယ္
❤❤❤

22/05/2020

FYI

Biology သင်ကြားရာဝယ်
2020-2021 စာသင်နှစ်မှာ​တော့ ကျွန်မတို့ရဲ့ Grade-10 စနစ်သစ်ပညာ​ရေးကိုစတင်မိတ်ဆက်တဲ့နှစ်ဖြစ်ပါတယ်၊ ​​ကျောင်းသူ၊ ​ကျောင်းသားများ ​ရွေးချယ်စရာဘာသာတွဲ​တွေများလာသလို၊ ဘယ်ဘာသာတွဲတက်ရမယ်မှန်းမသိ ​ယောင်​တောင်​တောင်ဖြစ်​နေကြရသူများလည်းရှိ​နေပါတယ်။
ကျွန်မက​တော့ Biology ဘာသာရပ်ကိုသင်ကြားသူမို့ Bio ဘာသာတွဲကို ဘာ​ကြောင့်သင်ယူသင့်​ကြောင်းကို မိတ်ဆက်​ပြောပြချင်ပါတယ်ရှင်📢📢📢📢📢
ကျွန်မတို့နိုင်ငံမှာလူ​တော်​တော်များများအထင်မှား​နေကြတဲ့ အချက်က​တော့Bio ဖတ်တာ ဆရာဝန်လုပ်မလို့လား၊ ဆရာဝန်မလုပ်ပဲနဲ့ ဘာလို့ bioဖတ်မှာလဲ စာ​မေးပွဲ​အောင်ရင်ပြီးတာပဲ အရမ်းကျက်​နေရမယ့်ဘာသာယူမ​နေနဲ့တဲ့ရှင်၊
ကြားရတာစိတ်မချမ်းသာပါဘူး၊ က​လေးများရဲ့အနာဂတ်ပါ၊ မရိုက်ချိုးသင့်ဘူးထင်ပါတယ်၊ ကျွန်မက​တော့ ပထမဦးဆုံးBiology စတက်မယ့် Grade-10​ကျောင်းသား​တွေကိုအမြဲတမ်း​မေးပါတယ်၊ ဘာ​ကြောင့် bio ဘာသာတွဲယူသလဲ၊ အ​ဖြေ​တွေကအမျိုးမျိုး​ကပါ့ရှင်၊ ကလေး​တွေဆို​တော့လည်းတစ်ချို့က ဘာရည်ရွယ်ချက်မှပင်ရှိပုံမရပါဘူး၊ တစ်ချို့က​တော့ မိဘ​တွေကသင်ဆိုလို့သင်ရတာပါတဲ့၊ ဟုတ်ပါပြီ မည်သည့်အ​ကြောင်းပြချက်ဖြင့်သင်ယူပါ​စေ Biologyဘာသာရပ်ကိုသင်ကြားထားသူသည် အနာဂတ်မှာဘာလုပ်နိုင်မလဲသိရပါမယ်၊ ကျွန်မအမြဲတမ်း information​ပေးပြီးမှစာစသင်​နေကြပါ၊ ကဲ​သေချာနား​ထောင်​​နော်၊ Biology ဘာသာရပ်က ဆရာဝန်ဖြစ်ချင်လို့ သင်ရတယ်ဆိုတဲ့ အ​ကြောင်းပြချက်ထက်ပိုတယ်က​လေးတို့​ရေ..... မင်းတို့ကိုယ်တိုင်သက်ရှိလူသား​တွေမို့ ကိုယ့်အ​ကြောင်း​တော့ကိုယ်သိမှဖြစ်မှာ​ပေါ့ ဒါ​ကြောင့် ​ယေဘူယျ​ပြောမယ်ဆိုရင် ကိုယ့်အ​ကြောင်းကိုယ်သိချင်လို့ bio သင်ရတာ​နော်၊ တစ်ခါတစ်​လေ ကိုယ့်ခန္ဓါကဘာဖြစ်​နေတယ်ဆိုတာ​တောင်ကိုယ်မသိလိုက်လို့ အချိန်လွန်မှ​ဆေးကုသရတဲ့လူ​တွေ တစ်ပုံကြီးပဲ​နော်၊ ဒါကအကြမ်းဖျင်းပဲရှိ​သေးတာ၊ သိပ္ပံဘာသာရပ်တစ်ခုဖြစ်တဲ့ biologyဘာသာရပ်ကိုသင်ကြားထားသူမည်သူမဆို ဘာသာရပ်နဲ့ပတ်သက်ဆက်နွယ်တဲ့ အခြား​သော အဆင့်မြင့်ဘာသာရပ်​တွေကိုသင်ကြားခွင့်ရှိ​နေတာပါပဲ၊ ယ​နေ့​ခေတ်မှာ​ခေတ်အစားဆုံးဘာသာရပ်​တွေက​တော့ Environmental studied ဘာသာရပ်ပါပဲ၊ ကျွန်မတို့ရဲ့ဆရာတစ်​ယောက်က​ပြောဘူးတယ် ES ပညာရှင်တစ်​ယောက်က လက်ဖျား​ငွေသီးတာမဟုတ်ဘူးကွ၊ လက်ဖျားမှာစိန်သီးတဲ့ဘာသာရပ်တဲ့​လေ၊ နိုင်ငံတစ်ကာမှာအင်မတန်​ခေတ်စား​သောဘာသာရပ်​ပေါ့၊ bio သင်ယူထား​သောသူများသာ တက်ရောက်သင်ယူခွင့်ရ​သောပညာရပ်တစ်ခုပါ၊👌👌👌👌
​နောက်တစ်ခု Microbiologyဘာသာရပ် သင်ထားရင်ရှယ်ပဲဆိုတဲ့ဘာသာရပ်တစ်ခု​ပေါ့ရှင်၊ Sociologist လုပ်ပြီးအသက်​မွေးချင်ပါသလား bioဖတ်ထားရပါလိမ့်မယ်၊ ယ​နေ့​ခေတ်စား​နေ​သော organic farm စီးပွား​ရေး​ရောမလုပ်ချင်ဘူးလား Hoticulturistအဖြစ် မိမိစိတ်ကြိုက် သီးပင်စားပင်များကိုဖန်တီးပြီးစီးပွားရှာလိူ့ရ​နေတာကလည်းBiologyဘာသာရပ်ပါပဲ​နော်၊ ဆရာဝန်ဖြစ်မှလူရာဝင်တယ်ဆိုတဲ့​ခေတ်ကုန်သွားပါပြီ​နော်၊ မည်သည့်ပညာရပ်မဆိုအသုံးချတဲ့ဖို့ပဲလိုတာပါ၊ အားလုံးအသုံးဝင်ပြီးသားပါ၊ အခု သင်ရိုးသစ်မှာမိတ်ဆက်လိုက်​သောBiodiversity ဇီဝမျိုးကွဲ​တွေအ​ကြောင်း သိထားရင်ဖြင့် biology​လောကမှာ ​ဒေါ်လာစားများလို့​တောင် biodiversity ဖြင့် အသက်​မွေးသူများကို ​ခေါ်​ဝေါ်ကြတာပါ၊ Englishလိုဖတ်ရတယ်၊ englishစာညံ့လို့မယူချင်ဘူး၊ ဒီကြားထဲသက်ရှိအ​ကြောင်းမှာမျိုးပွားခြင်းကပါလာပြန်​တော့ရှက်လို့မသင်ပါဆိုတဲ့သူကပါလိုက်​သေးတယ်၊ စာသင်တာပါ ၊ ရှက်စရာမဟုတ်ပါ၊ စ​တွေးကတည်းက sexကိစ္စ စ​တွေး​နေခြင်းကမှား​နေသလားလို့၊ စာကိုသင်​နေတာဖြစ်လို့ အ​ခြေခံသိသင့်​သောအ​ကြောင်းအရာမို့သင်ရသည်ဟုသ​ဘောထားသင့်ပါတယ်၊ အသစ်အသစ်​သောမျိုးစိတ်များကို​လေ့လာဖို့ ဘယ်လို​တွေရှင်သန်သလဲ၊ ဘယ်လို​တွေမျိုးပွားသလဲသိပါမှ၊ ​ရှေ့ဆက်သင်ယူလို့ရမှာပါ။Englishလိုဖတ်ရလို့မသင်ချင်တာပါဆိုရင်​တော့ အထက်တန်းပညာသင်ယူရာမှာ သင်စရာစာက မြန်မာစာကလွဲရင်မရှိ​တော့သ​လောက်ဖြစ်သွားနိုင်ပါတယ်၊ ရရှိနိုင်တဲ့အခွင့်အ​ရေးများကို​ပြောပြ​ပေးခြင်းပါ ဒါ​တောင်အ​သေးစိတ်မဟုတ်​သေးပါဘူးရှင်၊ မိမိအနာဂတ်ကိုပုံ​ဖော်ကြရာမှာ ဘာဖြစ်ချင်တယ်ဆိုတဲ့ရည်ရွယ်ချက်​တော့သင်ယူသူကိုယ်တိုင်သိထားမှ၊ ဘယ်ဘာသာရပ်ကိုအ​ခြေခံသင်ရင်မိမိဆက်လက်ပြီး ဘာ​တွေ​လေ့လာနိုင်လို့၊ ဘယ်လိုအခွင့်အလမ်း​တွေရနိုင်တယ်ဆိုတာသိကိုသိထားမယ်ဆိုရင် ဘွဲ့တစ်ခုရလို့လည်း ဘာမှမဖြစ်လာပါဘူးဆိုတဲ့ ​မျှော်လင့်ချက်မဲ့စကားရှိလာမှာမဟုတ်ပါဘူးရှင်
ကျွန်မက​တော့ ​ကျောင်းသား​တွေကိုအမြဲ​မေး​နေကြ​မေးခွန်း​လေးနဲ့အဆုံးသတ်ချင်ပါတယ် bioဘာ​​ကြောင့်သင်တာလဲ❓
က​လေးတို့လို့ ​မေးလိုက်တာနဲ့ ကျွန်မရဲ့ချစ်စရာတပည့်များက ကိုယ့်အ​ကြောင်းကိုယ်သိချင်လို့ပါ ဆရာမတဲ့ရှင်......မိတ်​ဆွေတို့​ရော.....တပည့်​တွေကို​မေးမကြည့်ဖြစ်ကြဘူးလားရှင်❓❓❓❓
KMM-Biologuedu
Online education and biology class

21/05/2020

#သင္႐ိုးသစ္Grade_10


Video 1
သိသေလာက္ေလးမ်ွေဝေပးထားတာပါ
❤❤❤

21/05/2020

#သင္႐ိုးသစ္Grade_10

ညက်ရင္ video ေလးလာမယ္ေနာ္
သိသေလာက္ေလးနဲ႔ မ်ွေဝသြားမွာပါ ပညာဒါနေလးပါ
သင္႐ိုးသစ္ကိုေလ့လာခ်င္တဲ့သူမ်ား
Page ေလးကို Followထားေပးပါေနာ္
❤❤❤

18/05/2020

Video 01
Mammals ေတြရဲ႕ general Characters ကို ႐ွင္းျပထားတာပါ
နားမလည္တာေတြ မ႐ွင္းတာေလးေတြ
ရိွရင္ ChatBox ကေန လာေမးလို႔
ရပါတယ္ေနာ္
အၾကံေပးခ်င္တာေလးေတြရိွရင္လည္း
ေပးၾကပါဦးေနာ္
❤❤❤

18/05/2020

Video ေလးတင္တာ
အခက္အခဲတခ်ိဳ႕ရိွလို႔
မနက္က်တင္ေပးမယ္ေနာ္

18/05/2020

ဒီေန႔ ညေန က်ရင္ Chapter 5
သင္ခန္းစာvideoေလးတင္ေပးသြားမွာပါေနာ္ ဆယ္တန္း Bio အျပင္
၈တန္း ကေလးေတြကလည္း
တီခ်ယ္ ဘယ္ေတာ့ျပန္စမလဲ chatbox ကေန လာ ေမးေနၾကေတာ့
၈တန္း English စာေလးကို ပါ Video ေလးေတြလုပ္ၿပီး online ေပၚတင္ေပးသြားမွာပါ
ညေနက် ေတြ႔ ၾကမယ္ေနာ္ 😉

❤❤❤

17/05/2020

ကဲ First Video စ ပါၿပီေနာ္ 😊
ဒီ Video ေလးမွာေတာ့ ေမးခြန္းပံုစံရယ္
စနစ္ေဟာင္း Bio မွာ သင္ရမယ့္ Chapters ေတြ အေၾကာင္းကို
အၾကမ္းဖ်ဥ္းေလးေျပာ ျပထားတာေလးပါ
ပထမဆံုးဆိုေတာ့ လိုအပ္ခ်က္ေလးေတြ
ရိွရင္လည္း အၾကံေပးၾကပါေနာ္
❤❤❤
မ႐ွင္းတာေလးေတြရိွရင္လည္း
ChatBox ကေန အခ်ိန္မေရြးေမးျမန္း
လို႔ရပါတယ္ေနာ္
😊

17/05/2020

Hi အားလံုးပဲ မဂၤလာပါ
ဒီ page ေလးကိုလုပ္ျဖစ္တာ
ကေတာ့ အခုလို Stay Home ကာလ ေက်ာင္းေတြ က်ဴ႐ွင္ေတြ မဖြင့္ေသးခင္ အခ်ိန္ေလးမွာ ကေလးေတြ အေန နဲ႔
စာေတြနဲ႔ အေတာ္ေဝးေနေလာက္ၿပီ
ထင္ပါတယ္ အဲ့ေတာ့ အခု ေက်ာင္းေတြကလည္း ၇ လပိုင္းေလာက္ဖြင့္မယ္ ၾကား
ေနေတာ့ ကေလးေတြ အေန နဲ႔ စာနဲ႔
နည္းနည္း အကြၽမ္းတဝင္ျဖစ္လာေအာင္
ရည္ရြယ္ထားတယ္ေပါ့
ပံုမွန္ဆိုရင္ က ဆယ္တန္းသင္႐ိုးေဟာင္း
ဆိုရင္ မတ္လ ဆို က်ဴ႐ွင္ေတြစၿပီေပါ့
အခုအခ်ိန္ေလာက္ဆို အနည္းဆံုး Ch5
တခ်ိဳ႕က်ဴ႐ွင္ေတြ ဆို Ch 5, 4 ႏွစ္ခု
ေလာက္ၿပီးေနၿပီေပါ့
အခုကေတာ့ Covid ေႏွာင့္ယွက္တဲ့
အတြက္ ကေလးေတြက အခ်ိန္ေတြ
အမ်ားနစ္နာခဲ့ရတယ္ေပါ့
အခုလို အခ်ိန္မွာ ဒီ Biology
စနစ္ေဟာင္းရဲ႕ စာေတြကိုေပါ့ေနာ္
Video files နဲ႔ သိဂီၤက ႐ွင္းျပ ေပးသြားမွာပါ မႏွစ္က ေမးခြန္းေဟာင္းပံုစံအရ
ေမးတတ္တဲ့ဟာေလးေတြေရာေပါ့
Online ကေန ေျပာျပေပး
သင္ေပးသြားမွာပါ
အခုလို stay home ကာလ မွာ
ကေလးတို္႔ အေန နဲ႔ ေပါ့ေပါ့ပါးပါးနဲ႔
စာေတြကို နားရည္ဝ ေအာင္ နားေထာင္
ေစခ်င္ပါတယ္
အဲ့ဒါဆို ေက်ာင္းေတြ ျပန္ဖြင့္ရင္
အရမ္းႀကီး ဖိအားမ်ားစရာမလိုဘဲ
စာလိုက္ႏိုင္ေအာင္ ရည္ရြယ္ပါတယ္

ေက်းဇူး တင္ပါတယ္႐ွင္

Videos (show all)

#video2အဌမတန်း#math2
#Video1#math2အဌမတန်း
#Video3အဌမတန်းMath 1Chapter 1
#video 2အဌမတန်း Math 1 Chapter 1
#အဌမတန္း#grade9 #Math1Video 01 အခန္း ၁ ကိန္းစစ္မ်ားအခုနက note စာရြက္ေလး တင္ေပးထားတယ္ အခုကေတာ့ Video ေလးနဲ႔႐ွင္းျပေပးထားတ...
#သင္႐ိုးသစ္Grade_10#english #Unit_1Video 1သိသေလာက္ေလးမ်ွေဝေပးထားတာပါ❤❤❤
#Grade_10#chapter_5Video 01Mammals ေတြရဲ႕ general Characters ကို ႐ွင္းျပထားတာပါနားမလည္တာေတြ မ႐ွင္းတာေလးေတြရိွရင္ ChatBox...
ကဲ First Video စ ပါၿပီေနာ္ 😊ဒီ Video ေလးမွာေတာ့ ေမးခြန္းပံုစံရယ္စနစ္ေဟာင္း Bio မွာ သင္ရမယ့္ Chapters ေတြ အေၾကာင္းကိုအၾကမ...

Website