Danni

Danni

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Danni, Gaming Video Creator, .

15/07/2022

Hello ခေါင်းကြီး တို့

08/06/2022

ကျွန်တော်တို့ဘဝတွေမှာ
အခုထက်စောပြီး တွေ့သင့်တဲ့ သူတွေ ရှိခဲ့တယ်။
နောက်ကျပြီး တွေ့သင့်တဲ့ သူတွေလည်း ရှိခဲ့တယ်။
ပြီးတော့......
ဘယ်တော့မှ မတွေ့ခဲ့သင့်တဲ့ သူတွေလည်း
တကယ်ပဲရှိခဲ့ပါတယ်။

04/06/2022

ကျွန်တော် Streming ပြန်လုပ်ပါတော့မယ်😂
အားပေးကြပါအုန်း ဘော်တာတို့😁

25/03/2022

ကျွန်တော်က စျေးပေါတယ်။

တစ်ယောက်ယောက်က တွေ့ချင်တယ်ပြောရင်
ကျနော် ပြေးတွေ့လိုက်တယ်။ ကျနော်မှာ အကြောင်းပြချက် မရှိဘူး။ သေရေးရှင်ရေး ကိစ္စမရှိသရွှေ့ ကျနော် ပြေးတွေ့နေမှာပဲ။

ကျနော်က စျေးပေါတယ်။

တစ်ယောက်ယောက်က အကူအညီ တောင်းတဲ့အခါ ကျနော် ကူညီနေမှာပဲ။ ကျနော်ဆီ အကူအညီတောင်းလို့ ကျနော် မစွမ်းလည်း စွမ်းနိုင်တဲ့သူတွေဆီ အပူကပ်တယ်။ အဲ့လိုပဲ ကျနော်က ကိုယ်နဲ့အလှမ်းဝေးတဲ့ကိစ္စတွေဆိုလည်း ရအောင်ကူညီချင်တယ်။ သေရေးရှင်ရေး ကိစ္စ မရှိသရွှေ့ပေါ့။

တစ်ချို့က စျေးကြီးတယ်။

ကျနော်က "ဟေး တွေ့မယ်လေ"။ တစ်ဖက်က "မအားဘူး ဘာဖြစ်လို့ နောက်မှတွေ့တာပေါ့"။ ကျနော်ကတော့ "အိုကေပါ ပေါ့"။

တစ်ချို့က စျေးကြီးတယ်။

ကျနော့်ကို "ဒါလေး ကူညီပါ။ ကျနော်နဲ့ အလှမ်းဝေးတဲ့ ကိစ္စတစ်ခုဖြစ်နေလို့ပါ"။ တစ်ဖက်မှ "အဆင်မပြေဘူး ငါ အလုပ်ရှုပ်နေလို့" ။ ကျနော်ကတော့ "အေး ရတယ် ရတယ် ကျေးဇူးပါ"။

လူတွေက ရယ်ရတယ်။ သူတို့ဆီ အကူအညီ ယူတဲ့အခါမျိုးမှာ သူတို့ပဲ အလုပ်ရှိ၊ သူတို့ပဲ busy man တွေ ထင်နေကြတာမျိုး။ ရပါတယ် ခင်ဗျားတို့က စျေးကြီးကြပါ။

ကျနော်ကတော့ စျေးပေါတယ်။ လိုရင် ဝယ်သုံးပါ။ ကြိုက်ရင် သိမ်းထားပေါ့။ တကယ်ပြောတာပါ။ စိတ်ကောင်းဝင်နေတဲ့အချိန်မျိုးဆို Discount တွေပါ ပေးအုံးမှာ..😌
crd

18/03/2022

တစ်ယောက်ယောက်များ လာဂရုစိုက်ပေးရင်
အစမို့ အစမို့ အစမို့ဆိုပြီး ကိုယ့်ကိုကိုယ်ပြန်သတိပေးရတယ်

အဲ့လိုသတိပေးနေတဲ့ကြားက သိပ်ချစ်မိသွားရင်တော့ အဲ့အချိန်ကျကံတရားပဲပေါ့

16/03/2022

အဆင်မပြေဖြစ်ချိန်ဆိုရင်
အနားမှာ ဘယ်သူ့ကိုမှ ရှိမနေစေချင်ဘူး။

ကံကောင်းတယ်
ဘယ်သူမှလည်း ရှိမနေဘူး။
ဆန္ဒနဲ့ဘဝ တစ်ခါတစ်လေတော့လည်း
ထပ်တူကျပါတယ်။

10/03/2022

ဘယ်လောက်ပဲ စကားတွေပြောခဲ့ကြပါစေ
ဘယ်လောက်ပဲ ရင်းနီးတဲ့ဆက်ဆံရေးတွေဖြစ်ခဲ့ကြပါစေ

ဒါတွေက ကမ်းခြေက ခြေရာတွေလိုပဲ မလား?

ကျနော်တို့ထက် သဘောကျစရာကောင်းတဲ့ လူကိုတွေ့သွားရင်ကျနော်တို့ဟာ စောက်ရေးမပါတဲ့ကောင်ဖြစ်သွားပီးတော့တဖြည်းဖြည်း ပျောက်ကွယ်ပေးကြရမှာပဲ
မလား.?

08/03/2022

ကိုယ်နည်းနည်းလေးကောင်းတာနဲ့
ကိုယ့်အမှားအားလုံးကို ခွင့်လွှတ်ပေးတတ်တဲ့
လူတချို့ရှိတယ်။
ဒီလူတွေကို ကိုယ်သေချာတန်ဖိုးထားရမယ်။

ဘာလို့လဲဆိုတော့ ဒီလောကမှာ အမှားလေးတစ်ခု ကိုယ်လုပ်မိလိုက်တာနဲ့ ကိုယ့်ကောင်းကွက်အားလုံးကို မေ့ပစ်လိုက်တတ်ကြတဲ့လူတွေက ပိုများနေလို့ပါ။

07/03/2022

နောင်ရိုးတိုက်ပွဲထဲကလို
ဖောင်ဖျက်ထားတဲ့ မေတ္တာမျိုးမို့

အပစ်တွေရှိရင်လည်း မငြိုငြင်တော့ဘူး
အသစ်တွေရှိရင်လည်း မလိုချင်တော့ဘူး။ ။

- Lionel Sn -

05/03/2022

ပိုပြီးဝေးသွားမှာစိုးလို့
မင်းကိုသိပ်ချစ်တဲ့အကြောင်း....

ငါ့ခံစားချက်တွေ ဖွင့်မပြောရဲခဲ့ဘူး

05/03/2022

ဘဝကို ရတယ် ဘာမှမဖြစ်ဘူး ဆိုတဲ့
စိတ်နဲ့ပဲ နေထိုင်တယ်

တစ်ယောက်ယောက်က ငါ့ကို လာချစ်ပီး
တခြားတစ်ယောက် ​ပြောင်းချစ်ချင်လည်း
ငါပြန်ပြောခဲ့တာ ရတယ် ဘာမှမဖြစ်ဘူး ပဲ
တစ်ယောက်ယောက်က မတည်နိုင်တဲ့
ကတိတွေပေးပီး ဘဝထဲက ဒိုးသွားလည်း
ရတယ် ဘာမှမဖြစ်ဘူးပဲ
မိဘက အလိုမလိုက်လည်း
ရတယ် ဘာမှမဖြစ်ဘူး
ရည်းစားက မချစ်တော့လည်း
ရတယ် ဘာမှမဖြစ်ဘူး
သူငယ်ချင်းက စိမ်းသွားရင်လည်း
ရတယ် ဘာမှမဖြစ်ဘူး
ငါ ဘာမှကို မဖြစ်သွားဘူး

တကယ်လည်း ဘာမှကို မဖြစ်သွားခဲ့ဘူး
ကမ္ဘာကြီးက အေးဆေးလည်နေတုန်း

-vivlii-

04/03/2022

Hello Guys အခု Ai MSC ကိစ္စ ဟာ Ai နဲ့ Myanmar

Organizer နဲ့ Moonton ကြားရယ် ပဲ ဆိုင်ပါတယ်

မဆိုင်တဲ့ အသင်း Post တွေအောက်မှာ သွားဆဲတာမျိုး

မလုပ်ကြပါနဲ့ တစ်ခြား အသင်းတွေအနေနဲ့ ဆုံးဖြတ်ပိုင်

ခွင့်လည်း မရှိသလို ဝင်ရောက် တောင်းဆိုခွင့်လည်း မရှိ

ပါဘူး။ Ai ကို ၀န်းရံမယ်ဆိုရင်တောင် တစ်ခြား မြန်မာ

အသင်းတွေ ကို မထိခိုက်စေနဲ့နော် သူတို့နဲ့ ဘာမှ မဆိုင်

ပါဖူးခင်ဗျာ 🙏 Mg ICE ICE ကြီးကိုလဲ အထင်မလွဲပါနဲ့

သူက သူညီတွေနဲ့ ထပ်တူပါပဲ Org ကနေ ထွက်ပီး

Streaming လောကထဲပဲ နေနေတာပါ

03/03/2022

MSC 2022 မှာ Moonton က Ai ကိုပါခွင့်မပေးပါဖူး

Dee Live Stream မှာ ကြားခဲ့ရတာပါ ပြဿနာအစ

ကတော့ ကျွန်တော်တို့ အစကထင်ခဲ့တဲ့ မြန်မာနိုင်ငံက

နာမည်အကြီးဆုံး အသင်းလို့ သိခဲ့ဖူးတဲ့ BG က Player

တွေဟာ နာမည်ကြီးထမင်းငတ်တွေပါ အရင် Org

အဟောင်းက ရသင့်ရထိုက်တဲ့ ပိုက်ဆံတွေ မပေးခဲ့ပါဖူး

MPL 4,5 MPLI က ဆုကြေးတွေ မရခဲ့ဖူးလို့ ပြောသွားပါ

တယ် ဘယ် income မရှိ ဘယ်လိုမှ ရပ်တည်ဖို့ မဖြစ်

နိုင်တော့ တဲ့အခါ BG player တွေအနေနဲ့ ....

အသင်းသစ် Ai Esport ထောင်ခဲ့ပါတယ် အ့ထိလည်း

အိမ်မက်တွေနဲ့ ရှေ့ဆက်ခဲ့ပေ့မယ့် ၀င်ငွေက လုံး၀

အနုတ်ပဲ ပြနေခဲ့ပါတယ် အ့တာကြောင့် Ai ဟာ ပြန်လည်

ရပ်တည်ဖို့အတွက် 1xbet နဲ့ Collaboration လုပ်ခဲ့ပါ

တယ် အ့ဒီမှာ ပြဿနာရှာတာကတော့ 1xbet နဲ့ လက်တွဲ

တယ်ဆိုပီး Ban လိုက်ပါတယ် ကျွန်တော်ကိုယ်တိုင်

လည်း 1xbet နဲ့ လုပ်နေတဲ့ အတွက် သိသလောက်ပြော

ပြရရင် Moonton ဟာ Betting တွေ Sponsor ယူတာ

ကို Caster တွေနဲ့ အသင်း တွေနဲ့ ကိုတားမြစ်ထားတယ်

လို့ သိရပါတယ် (1xbet နဲ့ Ai က အသင်း အနေနဲ့

လက်တွဲခဲ့တာ မဟုတ်ပါဖူး Player တစ်ယောက်ချင်း ရဲ့

Stream တွေမာ collaboration လုပ်ခဲ့တာပါ) အ့တာကို

1xbet Sponsor ဆိုပီး Ai Esport ကို Ban ခဲ့ပါတယ်

ဥပမာနိုင်ငံခြားက GG Bet Sponsor Navi ဆိုရင်လည်း

M3 မှာ Logo တွေမပါပဲ ၀င်ရောက်ဆော့ကစားခဲ့ပါတယ်

Dee ပြောသွားတဲ့ ပုံအရ Ai ကို တမင်တည်ပီး

တိုက်ခိုက်တာလို့လည်းပြောပါတယ် အခုဆို ပိရိတ်သတ်

အများစုအားပေးနေတဲ့ M1.M2 မြန်မာဂုဏ်ဆောင်ခဲ့တဲ့

Player တွေဟာ နစ်နာမှုတွေ ကြုံနေရပါပီ အကုန် ၀န်းရံ

ဖို့လိုနေပါတယ် ပါ

MSC မှာ မြန်မာအသင်းပါမယ်ဆိုရင် ....

MSC Quailifier လုပ်ပေးပီး အသင်းအကုန်လုံး

မျှမျှတတ ယှဥ်ပြိုင်စေပီး အသင်းရွေးချယ်ပေးပါ

အခုဆိုရင် MSC မှာ MM အသင်း အနေနဲ့ Ai ပီးရင်

လူသိများတဲ့ အသင်း 👀 သွားမယ်လို့ ကြားသိရပါ

တယ် တရားမျှတလား ဖြစ်သင့်ရဲ့လား

ဘာညာကတော့ ပိရိတ်သတ် ရဲ့ အဆုံးဖြတ်ပါပဲ

ကျန်တာတော်တော်များများကတော့ Dee Live ကို

အစဆုံးကြည့်ခဲ့တဲ့ သူဆို သိပီးလောက်ပါပီ

ကျွန်တော် သည် မြန်မာနိုင်ငံက အသင်းအကုန် တကယ်

အားပေးပါတယ် အခုလုပ်ရပ်သည် မဖြစ်သင့်ပါ

Ai fan တွေ ဝန်းရံလို့ရပါတယ်

03/03/2022

ဒီဘဲလဲငစား😂😂

01/03/2022

လက်အုပ် လဲချီတတ်သလို
လက်ခလယ် လဲ ထောင်ပြတတ်တယ်

ငါ့ရဲ့ ယဥ်ကျေးခြင်း မှိုက်ရိုင်းခြင်း
ဆိုတာ တစ်ဖက်လူငါ့အပေါ် ထားတဲ့
သောက်ချိုး အပေါ်ဘဲ မူတည်တယ်

ဘယ်သူက ဘာနဲ့တန်လဲဆိုတာ
ကောင်းကောင်းခွဲခြား တတ်ပြီးသား

01/03/2022

စိတ်ကုန်သွားပြီလို့ သတ်မှတ်ပြီးရင် အဲ့အရာနဲ့ ပတ်သက်ပြီး ကောင်းခြင်း၊ဆိုးခြင်း ဘာကိုမှ စိတ်မဝင်စားတော့သလို ဘာမှလည်းအရင်လို လိုက်တွေးပြီး ဝမ်းနည်းတာတွေ၊ပျော်ရွှင်တာတွေ မရှိတော့ဘူး။

အဲ့ဒီ အရာကိုလည်း ဘာကြီးဖြစ်နေနေ မလိုချင်တော့ဘူး။

အရာရာကို နွေးနွေးထွေးထွေးရှိတတ်တဲ့ ဆက်ဆံရေးကောင်းမွန်သူ ဆိုပေမဲ့ စိတ်ကုန်သွားပြီဆိုရင်တော့ အလွယ်တကူပြန်ပြီး ရင်းရင်းနှီးနှီးမရှိနိုင်တော့ဘူး။

အတိကျပြောရရင်.....
စိတ်ကုန်အောင်လုပ်ပြီးမှ နွေးနွေးထွေးထွေးရှိလှတဲ့ကိုယ့်ပုံစံကို ဘယ်တော့မှပြန်မရနိုင်ဘူးဆိုတာမျိုးပေါ့......။

-𝑇𝑟𝑖𝑠𝑡𝑎𝑛 𝑃𝑦𝑛𝑒

28/02/2022

မနက်ဖြန်ဆို ဘာဖြစ်မလဲ မသေချာတဲ့ ကမ္ဘာကြီးမှာတကယ်တန်း လုပ်စရာ ၂ ခု ပဲ ရှိပါတယ်။

ကိုယ့်ကိုယ်ကို ချစ်ပေးဖို့နဲ့

လက်ရှိ ကိုယ့်ဘေးနား ရှိနေသူတွေကို ချစ်ပေးဖို့ပါ။

ချစ်ဖို့ အချိန်တွေ နောက်မကျပါစေနဲ့ ❤️

ɴᴇᴡ ᴇʀᴀ ᴄᴏᴍɪɴɢ ꜱᴏᴏɴ …

26/02/2022

ချစ်ရပါသော မြန်မာ ပရိသတ်များ ခင်ဗျာ

ဒီနေ့ ပွဲအတွက် ကျွန်တော် အကောင်းဆုံး ပြင်ဆင် ကြိုးစားခဲ့ပါတယ်။ သို့ပေမယ့် ကျွန်တော် ကြိုးစားခဲ့သလို မဖြစ်ခဲ့တဲ့ အတွက် ပရိသတ်များကို စိတ်မကောင်းဖြစ်စေခဲ့တဲ့ အတွက် များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ နောက် များ အတွက် ကျွန်တော် အကောင်းဆုံးကြိုးစား ပြင်ဆင်သွားပါမယ်လို့ ဂတိပေးရင်း ချစ်တဲ့ မြန်မာပြည်ကြီးနဲ့ ပြည်သူပြည်သားများအတွက် အမြဲဆုတောင်းပေးလျက် ပါခင်ဗျာ ။

23/02/2022

"အဖေတို့ ကစားနည်းတစ်ခု ကစားကြမယ် သား .. ငါ့သားက ဒီတံခါးထဲဝင်ပုန်းနေရမယ် .. အဖေ့ကို သနတ်ကိုင်ထားတဲ့လူတွေက လိုက်ဖမ်းကြလိမ့်မယ် ..

ဒါပေမယ့် ငါ့သားက ဘာပဲဖြစ်ဖြစ်အသံလုံးဝမထွက်ပဲနေရမယ်..ဒါကစားပွဲတစ်ခုပဲ..ဘာမှမစိုးရိမ်နဲ့ ..

သူတို့တွေမရှိတော့တဲ့အချိန်ထိ ငါ့သားနေနိုင်ရင် အမှတ်100ရပြီး တင့်ကားအသစ်ကြီးနဲ့ မုန့်တွေအများကြီးလည်းရမှာ .. ငါ့သားက ချန်ပီယံတစ်ယောက်မဟုတ်လား .. အဲဒါဆိုဘာအသံမှမထွက်နဲ့နော်"

- Life is beautiful

22/02/2022

ကိုယ့်ရဲ့ဖြစ်တည်မှုကို
ကိုယ်လက်ခံပီးပျော်တတ်မှ
မင်းပတ်ဝန်းကျင်မင်းအင်ပါယာဟာ
ပိုပီးကောင်းမွန်လာပါလိမ့်မယ် ..

ကျတော်တို့ဟာ
ပုံစံအတူတူနဲ့သာ မွေးဖွားလာခဲ့ကြတာပါ
ရှင်သန်ပုံခြင်းကတော့
ကွဲပြားကြပါတယ် …

High လို့ပြောတာပဲဖြစ်ဖြစ် မူးလို့ပြောတာပဲဖြစ်ဖြစ် အသိစိတ်လွတ်ပီးပြောတာပဲဖြစ်ဖြစ်

ကျတော်ပြောတာတွေအကုန်က နောက်နှစ်ပေါင်းများစွာထိကျတော့်အတွက်အမှန်ဖြစ်နေဦးမှာပါ

Videos (show all)

ကျွန်တော် Streming ပြန်လုပ်ပါတော့မယ်😂အားပေးကြပါအုန်း ဘော်တာတို့😁
ဒီဘဲလဲငစား😂😂

Website