LevelUp
LevelUP is serving the new generations by sharing English Learning Resources, Language Learning Tips
ကွန်ပျူတာ ဝယ်ချင်တယ်။ ဘယ်လို အမျိုးအစားကို ဝယ်ရမလဲ။
ကျနော့်ကို မိတ်ဆွေတွေ မေးလေ့မေးထ ရှိတဲ့ မေးခွန်းတစ်ခုပါ။
တချို့ကျတော့ HP အကောင်းဆုံး၊ Dell ကွန်ပျူတာဝယ်ပါ။ Mac ဝယ်ပါ။ ဘာညာပေါ့။
တကယ်တော့ ကွန်ပျူတာ တစ်လုံးရဲ့ စွမ်းဆောင်ရည်အားဟာ Company Brand အမှတ်တံဆိပ်တွေ ဖြစ်ကြတဲ့ HP, Dell, Mac, Gateway အစရှိတဲ့ အရာတွေနဲ့ လုံးဝ မသက်ဆိုင်ကြောင်းကို ဦးစွာပထမ ရှင်းပြလိုပါတယ်။
အားလုံးအတွက် နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတ လေးဖြစ်သွားအောင် ကျနော် အတတ်နိူင်ဆုံး ကြိုးစားရှင်းပြသွားပါမယ်။ စိတ်ရှည်သီးခံပြီး ဖတ်ပေးကြလို့လည်း ကျေးဇူးအထူးတင်ရှိ အပ်ပါတယ်။
လောကမှာ လူရယ်လို့ဖြစ်လာရင် အဖေနဲ့ အမေက အမြဲတစေ အဓိက ပါ။
အဲဒီလိုဘဲ ကွန်ပျူတာ မိသားစုမှာလည်း မားသားဘုတ်လို့ခေါ်တဲ့ အမေဘုတ်က စပြီးပြောရမှာ ဖြစ်ပါတယ်။
CPU လို့ခေါ်တဲ့ Processor ရဲ့ ဥာဏ်ရည် ထက်မြတ်မြန်ဆန်မှု့က အရေးကြီးဆုံးလို့ ဆိုပေမယ့် အမေဘုတ်ရဲ့ ထောက်ပံ့နိူင်မှု့ မရှိခဲ့ရင် ၎င်းရဲ့ စွမ်းရည်ဟာ Zero ဖြစ်ပြန်ပါတယ်။
နောက် RAM လို့ခေါ်တဲ့ ကွန်ပျူတာရဲ့ မှတ်ဥာဏ် ဟာလည်းအရေးကြီးပြန်ပါတယ်။ Memory လို့လည်းခေါ်ပါတယ်။
Hard disk ကိုလည်း မမေ့ပစ်လိုက်ဖို့ အရေးကြီးပြန်ပါတယ်။
ပုံရိပ်ကောင်းကောင်း ဖန်တီးပေးနိူင်ဖို့ Graphics Card၊ ဆက်သွယ်မှု့ ကွန်ရက်တွေ အားကောင်းဖို့အတွက် လျင်မြန်မှု့ အားကောင်းတဲ့ Wireless Card သို့မဟုတ် Ethernet Card၊ အစရှိတဲ့ ကွန်ပျူတာရဲ့ အစိတ်အပိုင်းတွေ******
တကယ်တော့ အကုန်လုံးက သူ့နေရာနဲ့သူ မရှိမဖြစ် လိုအပ်ပြီးတော့ အရေးကြီးတဲ့ ကွန်ပျူတာ အင်္ဂါရပ်တွေ ဖြစ်ပါတယ်။
ထားပါတော့ဗျာ။ ကွန်ပျူတာ အကြောင်း ဂဂဏဏ ပြောဖို့ဆိုရင် စာတွေတအား ရှည်သွားမှာ ဖြစ်တဲ့အတွက် လိုရင်းဘက်ကို ပြန်လှည့်ရမယ် ဆိုရင်……
ကွန်ပျူတာကို မဝယ်ခင် ကိုယ်က ဘာအတွက် ဒီကွန်ပျူတာကို အသုံးပြုမှာလဲ ဆိုတာလေးကိုတော့ တိတိကျကျ ဝေကွဲနိူင်ဖို့ လိုအပ်ပါတယ်။
အခု ကျနော် အိမ်သုံးကွန်ပျူတာ အတွက် အဓိက ရည်ညွန်းပြောသွားမှာ ဖြစ်ပါတယ်။
မိသားစုတိုင်း အိမ်တိုင်းမှာ ကွန်ပျူတာ တစ်လုံး မရှိမဖြစ် လိုအပ်ပါတယ်။ အထူးသဖြင့် မိသားစုသိုက်သိုက်ဝန်းဝန်း နဲ့ ကလေးငယ်၊ ကျောင်းနေအရွယ် ကလေးသူငယ်ရှိ့တဲ့ မိဘတွေ၊ အစိုးရရုံးများနဲ့ မကင်းလွတ်သူတွေ အတွက် လိုအပ်ပါတယ်။
နောက်တစ်ခု သတိထားရမှာက အိမ်/ရုံးသုံး ကွန်ပျူတာကို တခြား ဂိမ်း၊ မည်သည့်အရာတွေနဲ့မျှ ရောနှောအသုံးပြူခြင်း မလုပ်ဖို့ အထူး ဂရုပြုသင့်ပါတယ်။ သို့မှသာ Social Engineering, Phishing အစရှိတဲ့ အမျိုးမျိုးသော Online ရန်များဘေးမှ ကင်းလွတ်ပြီး လုံခြုံမှာ ဖြစ်ပါတယ်။
အိမ်သုံးကွန်ပျူတာအတွက် ကျနော် ရွေးချယ်ထားတာကတော့ အောက်ဖေါ်ပြပါ အစိတ်အပိုင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ PC ဖြစ်ပါတယ်။
1️⃣ Processor Intel Core i7 3770 3.4 GHz
2️⃣ RAM (Memory) 16 GB
3️⃣ 128GB M.2 Solid State Drive
4️⃣ 1 TB Hard Drive(HDD)
5️⃣ WiFi & Bluetooth Adapter
6️⃣ Wireless Keyboard and Mouse
7️⃣ 22” FHD LED Monitor
အခြေခံအားဖြင့် အထက်ပါ အစိတ်အပိုင်းတွေ ပါဝင်တဲ့ ကွန်ပျူတာ တစ်လုံးဝယ်ယူဖို့ Budget အနေနဲ့ US $ 700 - 1200 ဝန်းကျင်လောက် ထားဖို့သင့်ပါတယ်။
ကျေးဇူးတော်ကြောင့် မိတ်ဆွေတစ်ယောက် အတွက် ကွန်ပျူတာ တစ်လုံး Custom Built တည်ဆောက်ဖို့ လုပ်နေတုန်း တော်တော်လေးကို စျေးသက်သက်သာသာ ရှိတဲ့၊ အတိအကျပြောရရင် $ 228.00 နဲ့ ရနိူင်မယ့် အတော်လန်းတဲ့ PC System တစ်ခုလုံးကို သွားတွေ့ကတည်းက ကျနော်လည်း အားလုံးကို Share လုပ်ချင်တဲ့စိတ် တားမရဖြစ်နေတဲ့အဆုံး အခုလို မျှဝေလိုက်ရခြင်း ဖြစ်ပါတယ်။
Amazon ကနေ အလွယ်တကူ ဝယ်ယူလို့ရမယ့် Link ကို အောက်မှာ ထည့်ထားပေးပါတယ်။
https://amzn.to/3nGqVlz
အယောက်စီတိုင်း ဘုရားသခင် ကောင်းချီးပေးပါစေ။
ချစ်ခြင်းဖြင့်
LTP
HP Elite 6300 Desktop Computer PC, Intel Core i7 Processor, 16GB Ram, 128GB M.2 SSD + 1TB Hard Drive, WiFi & Bluetooth, Wireless Keyboard and Mouse, 22 Inch FHD LED Monitor, Windows 10 (Renewed) 【KEY FEATURES】 -HP Elite 6300 Small Form Factor (SFF) -Intel Core i7-3770 3.40GHz Processor -16GB Ram -128GB M.2 Solid state Drive (SSD) -1TB Hard Disk Drive (HDD) -WiFi & Bluetooth Adapter -Includes Wireless Keyboard And Mouse -New 22 Inch FHD LED Monitor (Brand may Vary) -Windows 10 Home (64Bi...
ဒါလေး ဝိုင်း share ပေးကြပါ
"အရေးပေါ် အကြံပြုချက်"
(Credit to Ei Aye )
အင်တာနက်လိုင်းများ အပိတ်ခံရလျှင် မိမိတို့ ဖုန်းများအား အသုံးပြု၍ Mesh Network များဖြင့် တစ်ဦးနှင့် တစ်ဦး (သို့) တစ်စုနှင့် တစ်စု ဆက်သွယ်ရန် အသုံးပြုနိုင်ကြပါတယ်။
အသုံးပြုနိုင်တဲ့ Mesh Network App များကို ဖော်ပြပေးအပ်ပါတယ်။
"FireChat" for Android & Apple iOS
"The Serval Mesh" for Android
"Signal Offline Messenger" for Android
"Vojer" for Apple iOS
"Bridgefy" for Android & Apple iOS
"Briar" for Android တို့ ဖြစ်ပါတယ်။
အဆိုပါ app များထဲမှ တစ်ခုကို နမူနာအနေနဲ့ အောက်ပါအတိုင်း ဖော်ပြပေးလိုပါတယ်။
"အင်တာနက်များ ရုတ်တရက်ပိတ်ကျသွားလျှင် "Bridgefy" app ကို အသုံးပြုရန်"
ဒီ apk က ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ပြည်သူ့ဘက်သား တော်လှန်ရေးသမားတွေ အသုံးပြုခဲ့တဲ့ apk ဖြစ်ပါတယ်။
သူ့အားသာချက်က အင်တာနက် မလိုပဲ bluetooth နဲ့ ဖုန်းချင်းမက်ဆေ့ပို့
ဆက်သွယ်နိုင်တာဖြစ်လို့ အင်မတန် အသုံးဝင်တယ်။
ဟောင်ကောင်လူထုတိုက်ပွဲများ အတွင်းမှာတုန်းက တရုတ်အစိုးရရဲ့ အင်မတန်မြင့်မားတဲ့နည်းပညာကတောင် ဒီ apk နဲ့အသုံးပြုဆက်သွယ်ခြင်းကို မဟန့်တားနိုင်ခဲ့ပါဘူး။
ဒီ apk ကိုအသုံးပြုပြီး ဖုန်းတစ်လုံးနဲ့တစ်လုံး
မီတာ ၁၀၀ (ပေ ၃၃၀ခန့်) အကွာအဝေးအထိ ဆက်သွယ်နိုင်တယ်။
မီတာ ၁၀၀ တိုင်း ကြားမှာ ဖုန်းတစ်လုံးဆီ ရှိပြီး ဆက်သွယ်သွားခြင်းဖြင့်
အင်မတန်ဝေးကွာလှမ်းတဲ့နေရာတွေအထိလည်း ကွန်ယက်သဖွယ်
အချင်းချင်းချိတ်ဆက်သွားနိုင်ပါတယ်။
ဒီ apk ကို အသုံးပြုကာ နှစ်ဦးချင်း message တွေပို့လို့ရသလို
Broadcast ဆိုတဲ့ ဖန်ရှင်နဲ့ ကိုယ်ပို့တဲ့ မက်ဆေ့ကို အနီးအနားရှိသူအားလုံး ဖမ်းယူသိရှိနိုင်အောင် ဖြန့်ဝေလို့လည်း ရတယ်။
Iphone မှာရော Android မှာပါ အသုံးပြုနိုင်ပါတယ်။
စစ ဝင်ခြင်းမှာ အင်တာနက် ကော်နက်ရှင် တစ်ကြိမ်တော့ လိုအပ်တာမို့ ဒေါင်းလုပ်ဆွဲကာ ဝင်ထားကြည့်ကြဖို့ တိုက်တွန်းပါတယ်။
Play Store မှာရော၊ App Store မှာရော "Bridgefy" လို့ ရိုက်ရှာကာ လွယ်လင့်တကူ ဒေါင်းလုပ်ဆွဲထားနိုင်ကြပါကြောင်း ... ။
(မှတ်ချက် - မိမိတို့ အင်တာနက်များ ရနေခိုက် စတင် အသုံးပြုထားစေချင်ပါတယ်)။
At-Home Cyber Security Training: Zero Tuition Costs Pay no up-front training cost until you land a job!
"Ware" ဖြင့် အဆုံးသတ်သော ကွန်ပျူတာ ဝေါဟာရများ
🔴YouTube: https://youtu.be/5yvK-fl46Tk
အားလုံးပဲ မင်္ဂလာပါလို့ LevelUp Channel ကနေ ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါသည်/တယ်။
ကျွန်တော်တို့ LevelUp Channel ကနေ နေ့စဥ်အသုံးချ အသိပညာ၊ နည်းပညာ၊ Cyber Security, Technology Learning Resources များကို ထပ်ဆင့်ဝေမျှပေးသွားမှာ ဖြစ်ပါသည်/တယ်။
ဒီတစ်ခေါက် English လိပ်စာကို Elementary လို့ခေါ်တဲ့ မူလတန်း အဆင့်ကနေ Upper Intermediate, Business English Level ထိတိုင်အောင် North American Native Speakers တွေ ကိုယ်တိုင် အခမဲ့ သင်ကြားပေးနေတဲ့ Online Learning Resource တစ်ခုကို မိတ်ဆွေ၊ ညီအစ်ကို မောင်နှမများ အားလုံးအတွက် Sharing လုပ်သွားပါရစေ။
🔴 : https://youtu.be/--JBnSvm2iY
ကွန်ပျူတာနည်းပညာကို ဝါသနာအရ သော်လည်းကောင်း အသက်မွေးဝမ်းကြောင်း ပညာရပ် တစ်ခုအဖြစ် သော်လည်းကောင်း လေ့လာလိုက်စားလိုသော မြန်မာလူငယ်များအတွက် Online ပေါ်မှ အခမဲ့ လေ့လာနိုင်မယ့် Online Resource တစ်ခုကို မျှဝေပါရစေ။
+
+
+
YouTube: https://youtu.be/Cma-YdEx5sI
LevelUP Channel Announcement
အားလုံးပဲ မင်္ဂလာပါလို့ LevelUp Channel ကနေ ကြိုဆိုနှုတ်ခွန်းဆက်သလိုက်ပါသည်/တယ်။
ကျွန်တော်တို့ LevelUp Channel ကနေ နေ့စဥ်အသုံးချ အသိပညာ၊ နည်းပညာ၊ Cyber Security, Technology များကို ထပ်ဆင့်ဝေမျှပေးသွားမှာ ဖြစ်ပါသည်/တယ်။
ချစ်ခင်လေစားရပါသော ညီ၊ အစ်ကို၊ မောင်၊ နှမများအားလုံးကိုလည်း ဤ LevelUp Channel လေးကို Sharing လုပ်ပေးခြင်းအားဖြင့် ကျွန်တော်တို့ ၂၁ ရာစုရဲ့ လူ့အဖွဲ့အစည်း၊ မျိုးဆက်သစ် အချင်းချင်း စောင့်ရှောက်ကြပါစို့လို့ ရိုသေလေးစားစွာ ပန်ကြားအပ်ပါသည်/တယ်။
LevelUP Channel Announcement