Tachileik JOB Agency

Tachileik JOB Agency

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tachileik JOB Agency, Recruiter, .

18/09/2023

"ကိုလေးဖြူ " ကိုယ်ရေးအကျဉ်း- မသိသူများအတွက်

မြန်မာပြည်ရဲ့Rockerကြီးတစ်ဦးအကျော်ကြားဆုံးအဆိုတော် တစ်ယောက် ၊ သူရဲ့နာမည်ကတော့ လေးဖြူ ပဲ ဖြစ်သည် ။ သူ၏ music album “ ကန္တာရလမင်း ” ဖြင့် အောင်မြင်မှုကို ရရှိခဲ့သူလည်း ဖြစ်သည် ။ လေးဖြူ ကို ၁၉ ရက် မေလ ၁၉၆၅ ခုနှစ်တွင်ရှမ်းပြည်နယ်-အင်းလေးတွင် မွေးဖွားခဲ့သည် ။ အဆိုတော် အငဲ သည် သူနှင့် ညီအစ်ကို တော်စပ်သည် ။ လေးဖြူသည် မန္တလေးတက္ကသိုလ်မှ အင်္ဂလိပ်ဘာသာ ဖြင့် ဘွဲရရှိထားသူ တစ်ဦးလည်းဖြစ်သည် ။ တက္ကသိုလ်တွင် ဝိုင်ဝိုင်းနှင် တွေ့ဆုံခဲ့သည် ။ သူသည် Iron Cross Music Band နှင့် ချိတ်ဆက်ခဲ့သည် ။ ထို Music Band သည် ကျော်ကြားသော ကရင် Guitar Player စောဘွဲ့မှူး ခေါင်းဆောင် တည်ထောင်သော Band ဖြစ်သည် ။ စောဘွဲ့ မှူး ကွယ်လွန်ပြီးနောက် ချစ်စမ်းမောင်မှ Guitar Player အား ဆက်ခံခဲ့သည် ။ နောက်ပိုင်းတွင် အငဲ ၊ မျီုးကြီး နှင့် ဝိုင်ဝိုင်း စသည့် နာမည်ကြီး အဆိုတော်များ ထို Music Band တွင် ပါဝင်လာခဲ့သည် ။
လေးဖြူ ၏ အနုပညာ ခရီးလမ်းမှာ ဤသို့ ဖြစ်လေသည် ။ သူဟာ သူ့ရဲ့ ပထမဦးဆုံး Rock Music Album ဖြစ်တဲ့ “ ကန္တာရ လမင်း ” ဖြင့် အောင်မြင်ခဲ့သူ တစ်ဦးဖြစ်သည် ။ ထိုအချိန်က သူ၏ သီချင်းများသည် Nazareth , Metallica , Van Halen , Scorpion , Dream Theatre နှင့် Bon Jovi တို့၏ သီချင်းများကို ကော်ပီလုပ်ကာ သီဆိုထားခြင်း ဖြစ်သည် ။ နောက်ပိုင်းတွင်တော့ လေးဖြူ သည် ကိုယ့်ကိုယ်ကို ယုံကြည်မှု ရှိလာခဲ့ပြီး ကိုယ်ပိုင် သံစဉ် သီချင်းများကို ဖန်တီး သီဆိုလာခဲ့သည် ။ လေးဖြူသည် မြန်မာ နိုင်ငံ၏ ဂီတလောကအား နိုးထလာစေသူတစ်ဦးလည်း ဖြစ်သည်။လေးဖြူသည်ဇနီးသည်နွယ်နွယ်သန်းနှင့်အတူနေထိုင်လျက်ရှိပြီး သားသမီး နှစ်ဦး ထွန်းကားသည် ။ သမီးကြီး၏ အမည်မှာ ဆောင်းလေးဖြူ ဖြစ်ပြီး သားငယ်၏ အမည်မှာ တိမ်လေးဖြူ ဖြစ်သည် ။ လေးဖြူ ၏ ထွက်ရှိပြီးသမျှ Music Album များမှာ အောက်ပါ အတိုင်း ဖြစ်သည် ။
ကန္တာရလမင်း
ပင်လယ်အော်သံ
ကန္တာရပင်လယ် လမင်းအော်သံ ( Live )
ဂီတ မဇၨဴရီ
ပါဝါ ၅၄
ကမ္ဘာသစ်တေး
ကျိန်စာ
သားကောင်
အိပ်မက်ကဗျာ
လိပ်ပြာ
မံမီများ
ခဏလေးများ
ဘင်္ဂလားပင်လယ်အော် ( BOB )

ဒိုင်ယာရီ တြို့ဖစ်သည် ။
ထို့အပြင်တစ်ခြားအဆိုတော်များနှင့်လည်းပူးတွဲကာသီဆိုထားသော သီချင်းများလည်း အမြောက်အမြား ရှိလေသည် ။

Photo crd

03/07/2023

တာချီလိတ် မြို့မှာ အလုပ်အလုပ်အကိုင်လိုအပ်သူများ
Messenger မှာစာပို့ပေးပါ အခမဲ့ကြော်ငြာတင်ပေးမည်

03/04/2023

ဝမ်းသာလိုက်တာဗျာ 🥺🥺

Photos from Tachileik JOB Agency's post 01/04/2023

မယ်ဆိုင်တံတားဖွင့်ပြီးမှ တိုးတက်လာလိုက်တာ 😅😅

Photos from Tachileik JOB Agency's post 30/03/2023

အကုန်ကြိုက်တယ် 😅😅

Photos from Tachileik JOB Agency's post 24/03/2023

တာချီလိတ်၏ လေထုအရည်အသွေး ခရမ်းရောင်အဆင့်ရောက်နေပြီး အဆိုးဆုံးဖြစ်နေ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တလျှောက် တောမီးလောင်မှုများကြောင့် တာချီလိတ် နှင့် မယ်ဆိုင်တို့တွင် မီးခိုးဖုံးလွှမ်းမှုများဖြစ်ပေါ်နေရာ ယနေ့ ၂၀၂၃ခုနှစ် မတ်လ(၂၄)ရက်နေ့တွင် တာချီလိတ်၏ လေထုအရည်အသွေး PM10 သည် ခရမ်းရောင်အဆင့် ဖြစ်နေကြောင်း တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

တာချီလိတ်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ Haz-Scanner EPAS စက်ဖြင့် (၂၄)နာရီအတွင်း တိုင်းတာချက်အရ ယနေ့ မတ်လ(၂၄)ရက်နေ့ နံနက်(၉)နာရီအထိတွင် လေထုအရည်အသွေး PM10 သည် ခရမ်းရောင်အဆင့်သို့ ရောက်ရှိနေသည်ကို တွေ့ရသည်။

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းရိုင်းခရိုင်အတွင်း ဖူချီဖတောင် အပါအဝင် နယ်စပ်အနီးတလျှောက်တွင် တောမီးလောင်မှုများမှာ မတ်လ(၂၃)ရက်နေ့က သိသိသာသာ ဖြစ်ပွားခဲ့ရာမှ မတ်လ(၂၃)ရက်နေ့ ညပိုင်းကစပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင်း နှင့် မြန်မာနိုင်ငံ တာချီလိတ်မြို့တွင်းတို့တွင် မီးခိုးဖုံးလွှမ်းမှုများ သိသိသာသာဖြစ်ပေါ်ခဲ့ပြီး အချို့နေရာများတွင် မီးလောင်ကျွမ်းသည့် အစအနများပါ လွှင့်လာသည်ဟုလည်း သိရသည်။

မီးခိုးများဖုံးလွှမ်းလာနေပြီး လေထုညစ်ညမ်းမှုများကြောင့် "ထိခိုက်လွယ်အုပ်စုများဖြစ်သည့် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါရှိသူများ၊ နှလုံးရောဂါရှိသူများ အနေဖြင့် မလိုအပ်ဘဲ နေအိမ်ပြင်ပသို့ ထွက်ခြင်းမှ ရှောင်ကြဉ်သင့်ပါကြောင်း နှင့် မဖြစ်မနေ အပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း Mask များတပ်ဆင်ကြရန်" တာချီလိတ်ခရိုင်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနကလည်း အသိပေးထားရှိသည်။

တာချီလိတ်မြို့နှင့်အနီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့တွင် မီးခိုးဖုံးလွှမ်းမှုများကြောင့် ပြည်သူများအတွက် လေထုညစ်ညမ်းမှုလျော့ကျရေး မယ်ဆိုင်မြို့နယ်စည်ပင်သာယာရေးဌာနှင့် မီးသတ်တပ်ဖွဲ့တို့က ရေမှုန်ရေမွှားပက်ဖျန်းမှုများ လုပ်ဆောင်နေကြသည်။

#ကျိုင်းတုံဟစ်တိုင်
#တာချီလိတ်
#မီးခိုး
ကျန်းမာရေး

Photos from Tachileik JOB Agency's post 20/02/2023

အကုန်လုံးက သုညကစခဲ့တာခဲ့တာကြီးပါပဲ 💪စိတ်ဓာတ်မကျပါနဲ့

Photos from Tachileik JOB Agency's post 20/02/2023

ထိုင်း🔄မြန်မာ အမှတ် ၁ တံတားစတင်ဖွင့်ပါပြီ။ တာချီလိတ် မယ်ဆိုင်

Photos from Tachileik JOB Agency's post 13/10/2022

ယုံချင်ယုံ မယုံချင်နေ ဒါတွေ တာချီလိတ်မှာတကယ်ရှိနေပြီ ☺️☺️

22/09/2022

အင်္ဂလိပ်စာကျွမ်းကျင်ရမည်
ကွန်ပြူတာလက်ကွက်မြန်ရမည်
ဘွဲရပြီး အတွေ့ကြုံရှိရမည်
ဝပြည်ဝိန်ကောက်တွင်အလုပ်လုပ်ကိုင်ရမည်
လစာ၄၅၀၀ ယွမ် ဘောနပ်၂-၇%

အထက်ပါအချက်အလက်အားလုံးပြည့်စုံပါကအလုပ်စုံစမ်းမေးမြန်းနိုင်ပါသည်
ပေါက်ကရများရှောင်ပါ
အလုပ်လိုနေသူအတွက်တာ

Viber-09699446666တွင်

CV form ပို့ထားမှသာလျှင်
တဦးပြီး တဦးဖြေမည်
CV form မပို့သူများပြန်မဖြေပါ

အချက်အလက်အားလူံးပုံတွင်ပါသည်
ကျားမမရွေးလျှောက်ထားနိုင်သည်
interview time 1pm 6pm

06/09/2022

အလှပြင်လုပ်ငန်းကို စိတ်ပါဝင်စား ပညာသင်ယူလိုပြီး ငွေကြေးအခက်အခဲ ရှိသူများအတွက် ပညာသင်ဝန်ထမ်း ခေါ်ယူလိုပါတယ်
၁။ နေ/စား ငြိမ်း
၂။လစာမပေးပါ မုန့်ဖိုး 1000B ရမည်
၃။၆လပြည့်လျင်
လစာ+% ခံစားခွင့်ပေးမည်
၎။ခေါင်းလျော်တတ်ပြီးသူဖြစ်ပပါက % တန်းပေးပါမယ်
၅။၂နှစ်ပြည့်ပြီးပါက
လစာ+အကျိုးခံစားခွင့် 10000B ဝန်းကျင်ရရန် အာမခံပါသည်(သင်ယူလိုစိတ်ရှိ၍ပညာ တတ်ကျွမ်းလျင်)

ရေရှည်လုပ်ကိုင်လိုပြီး သင်ယူလိုစိတ်အပြည့်နဲ့ကျိုးနွံနိုင်မှ လျောက်ပေးပါ၊တစ်ကယ်လိုအပ်သူအတွက် ပညာပေးချင်တာမို့ပါ။

ရှမ်း/ထိုင်း/တရုတ် စကားတတ်ရင် မုန့်ဖိုးသတ်သတ်ပေးပါမယ်

Ph no,
09799192191
0943115484
သို့ ဆက်သွယ်နိုင်ပါသည်

09/08/2022

မယ်ဆိုင်ချောင်း ရေကြီးနေတာ

03/08/2022

သူများမေးနေမယ့်အစား
ကံနိမ့်နေတယ်ထင်ရင်
ကိုယ့်ဘာသာတွက်ပြီးချေနိုင်အောင်ပါ

ကံမြင့်၊ ကံဆင့်၊ လာဘ်ပွင့် ယတြာများ(သက်ရောက် ယတြာများ)
============================

မိမိရောက်ဆဲ အသက်မှန်ကိုတည် (၇) ဖြင့်စားပါ။ ဥပမာ မိမိအသက် ၃၀နှစ် ဆိုပါဆို့။

၃၀ ÷ ၇ = ၂ ကြွင်း ဖြစ်ပါတယ်။ ၂ကြွင်း ယတြာကို ချေလိုက်ယုံပါပဲ။

(၁)ကြွင်းခဲ့ပါက လူသွားလမ်းကို အုတ်ခဲ
(၆)ခဲ ခင်းပါ။ ဝက်များကို အစာကျွေးပါ
ရှောက်ယို၊ ဆီမီး/ဖယောင်းတိုင်၊ ရေ၊ ယပ်တောင် တို့ကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။

(၂)ကြွင်းခဲ့ပါက ဘုရားရင်ပြင်ပေါ် သန့်ရှင်းရေးလုပ်ပါ။ မျောက်များကို အစာကျွေးပါ။
ပဲဆွမ်း၊ ရေ၊ ယပ်တောင်၊ ဆီမီး/ဖယောင်းတိုင်များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆု‌‌တောင်းပါ။

(၃)ကြွင်းခဲ့ပါက ဘုန်းကြီးကုဋီ သန့်ရှင်းရေးလုပ်ပါ။ ကျန်းမာရေး မကောင်းသောသောကြာသားသမီးများကို သစ်သီးလှူပါ။
သီးစုံဆွမ်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင်များကို မွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။

(၄)ကြွင်းခဲ့ပါက ကိုယ်လတ်အင်္ဂါ ချို့ယွင်းသူကို ဒါနပြုပါ။ နွားများကို အစာကျွေးပါ။
နို့ထမင်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင်များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။

(၅)ကြွင်းခဲ့ပါက မိမိမိတ်ဆွေ၏ ကံမ ကောင်းသော အိမ်တွင်းရေး ရင်ဖွင့်သံများကို နားထောင်ပေးလိုက်ပါ။ မိမိအိမ်တွင်းကို သန့်ရှင်းရေးလုပ်ပါ။ အုန်းဆွမ်း၊ ရေ၊ ယပ်တောင်။အလင်းတိုင်များကို
မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။

(၆)ကြွင်းခဲ့ပါက မိမိ၏ ကြီးဒေါ် ကြီးအား ငွေကြေး ၆၀၀ကျပ် ဒါနပြုပါ။ ခွေးများကိုအစာကျွေးပါ။ ကြံသကာဆွမ်း၊ ရေ၊ ယပ်တောင်၊ အလင်းတိုင် များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။

(၀)ကြွင်းခဲ့ပါက စိတ်မကျန်းမာသူကို ဒါနပြုပါ။ ဆရာသမားတစ်ဦးဦးကို ထီးလက်ဆောင်ပေးလိုက်ပါ။ ဆီထမင်း၊ ရေ၊ ယပ်‌တောင်၊ အလင်းတိုင်များကို မိမိမွေးနံထောင့် ဘုရားမှာ ကပ်လှူ ဆုတောင်းပါ။

ထိုယတြာ ချေပေးခြင်းဖြင့် မိမိမှာ ကျရောက်မည့် ဂြိုဟ်ဆိုး ဂြိုဟ်ညံ့များနှင့်
ဘေးဒုက္ခ အပေါင်းတို့မှ ကင်းလွတ်ကြပါစေ။ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေသော်

03/08/2022

Car Workshop & Showroom အတွက်စာရင်းကိုင်
စာရင်းကိုင် Workshop အဓိက
ဝန်ထမ်း-၂ဦး(မ)

အရည်ချင်း
Computer Basic ( Excel, word ) အဓိက

သက်အရွယ် (၂၀_၂၅) ကြား

နောက်ဆုံးလျှောက်ထားရမည့်ရက် (3.8.2022_15.8.2022)

အလုပ်လျှောက်ရာတွင်လိုအပ်သည့်စာရွက်စာတမ်းများ - လိုင်စင်ဓာတ်ပုံ၊အိမ်ထောင်စုစာရင်းမိတ္တူ၊မှတ်ပုံတင်မိတ္တူ

ဆက်သွယ်ရန် - ဟောင်လိတ်မီးပွိုင့်လမ်းစုံ၊ပြည်ထောင်စုလမ်းမကြီးဘေး
DA Car Service Center
09265094149

24/07/2022

(၁)သိန်းရတဲ့ ဝန်ထမ်းကို
အလုပ်ရှင်ကမေးတယ် လစာကို
ကျေနပ်လားလို့ 🧐🧐🧐

ဝန်ထမ်းက မကျေနပ်ဘူးပြောတယ် 😏😏😏

အလုပ်ရှင်ကလဲပြောတယ်
သူလဲမကျေနပ်ဘူးတဲ့☹️☹️☹️

ဘာကြောင့်လဲဆိုတော့
သူ့ဝန်ထမ်းကို (၁)သိန်းလေးဘဲပေးရလို့တဲ့😒
အလုပ်ရှင်က(၃)သိန်းပေးချင်ပေမယ့် 😏
ဝန်ထမ်းက (၃)သိန်းနဲ့တန်ဖိုးညီတဲ့
လုပ်အားမှ ပြန်မထွက်လာတာ😒😒😒

ဘယ်အလုပ်ရှင်မဆို ကိုယ့်ဆီလုပ်နေတဲ့ ဝန်ထမ်းကို လစာများများပေးပီး ခန့်ထားချင်တာက (၁၀၀)မှာ(၉၀)ကျော်က ဒီအတိုင်းပါဘဲ 😧😧😧

ဒါကြောင့် ဝန်ထမ်းများအနေနဲ့ salary များများလိုချင်ရင် ကိုယ့်ရဲ့ ability ကို မြင့်သထက်မြင့်အောင် ကြိုးစားကြပါ ။ 👍👍👍

လစာ များများရတဲ့ အလုပ်ကိုပြောင်းဖို့ ကြိုးစားဖို့ထက် ကိုယ့်ရဲ့ ability ကိုမြင့်အောင် ကြိုးစားကြပါ။ 👍👍👍

ability မြင့်လာရင် salary ဆိုတာ နောက်က လိုက်လာမှာပါ။😊😊😊

ငွေကြေးကို အရင်မရှာပါနဲ့။ 👍👍👍

စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုကို အရင်ရှာပါ။
😊😊😊

ငွေကြေးဆိုတာ နောက်ကလိုက်လာပါလိမ့်မယ်။🤝🤝🤝
Credit; photo and contents

23/07/2022

Vela Varee.စားသောက်ဆိုင်မှာ
လုပ်ကိုင်ရန်Bubble Teaဖျော်ရည်ကျွမ်းကျင်မ(၁)ဦး
အကူ(၁)ဦးအလိုရှိသည်

နေရာမယ်ဟုတ်ချောင်းမယ်ယန်း
ဆက်သွယ်ရန်09677850587

23/07/2022

စာဖိုမှူး တစ်ယောက်အလိုရှိ
မိန်းခလေးဆိုရင် နေစရာပေးသည်
ရှမ်းစကားတက်ရင် ပိုအဆင်ပြေသည်

လစာ8000ဘတ်
ဆက်သွယ် 09672490402

21/07/2022

လာမည့် (၃)နှစ်အတွင်း

၁။ ခြိုးခြံချွေတာပြီး ရွှေ ငွေတို့ကို တတ်နိုင်သလောက် စုဆောင်းထားပါ။

၂။ မိမိကျွမ်းကျင်တဲ့ အလုပ်ကိုဘဲ စွဲစွဲမြဲမြဲ အခြေမပျက်လုပ်ပါ။ ထူးချွန်အောင် ကြိုးစားရင်း အခွင့်အလမ်းကောင်း တွေ့တာ သေချာမှ သတ္တိရှိရှိနဲ့ စွန့်စားပါ။

၃။ အချိန်ရရင် ရသလို ဝါသနာပါရာ၊ အလုပ်နဲ့ ဆက်စပ်ရာ တခုခုကို တိုးတက်ဖို့ သင်ယူပါ။ online က သင်ကြားတတ်အောင် အလေ့အကျင့် လုပ်ထားပါ။ Youtube မှာ မြန်မာလို သင်ပေးတာတွေ မျိုးစုံ ရှိနေပါပြီ။ မြန်မာလို ရိုက်ပြီး ရှာလို့တောင် ရနေပါပြီ။

၎။ မိတ်ဆွေကောင်း ရှာပါ၊ ကပ်ဘေးဖြစ်နေတော့ မိတ်ဆွေကောင်း မိတ်ဆွေစစ်ရှာဖို့ အကောင်းဆုံး အချိန်ပါ။ ဆရာတင်လို့ ရတဲ့သူ ဆရာတင်ပါ။ တပည့်မွေးလို့ရလောက်သူကို တပည့်မွေးပါ။

၅။ မလိုအပ်ဘဲ လျှောက်မဖြုန်းပါနဲ့။ တခုခု ဝယ်ခါနီး သုံးခါနီး မဝယ် မသုံးဘဲရသလား၊ အစားထိုးသုံးလို့ ရသလား၊ လျော့စားလို့ ရသလား စဉ်းစားကြည့်ပါ။ ရရင် ချွေတာလိုက်ပါ။

၆။ မိမိကိုယ်ကို နှိမ့်ချပါ။ ဂုဏ်တု ဂုဏ်ပြိုင် မလုပ်ပါနဲ့ ကုန်ကျစားရိတ်နဲပြီး အန္တရာယ်ကင်းပါတယ်။ ကြွားဝါပြီး ဂုဏ်တုဂုဏ်ပြိုင်ရင်း အကုန်အကျများပြီး အခုလို အချိန်မှာ အန္တရာယ်ရှိပါတယ်။

၇။ အလုပ်နဲ့ ပတ်သက်ပြီး အားနာတာမျိုးကို ရှောင်ပါ။ အလုပ်နဲ့ ပတ်သက်တာကို ဆုံးဖြတ်တဲ့အခါ စိတ်ခံစားချက်နဲ့ ဆုံးဖြတ်တာထက် အချက်အလက်နဲ့ ဆုံးဖြတ်ပါ။

၈။ သတင်းများများကြည့်ပါ။ လေ့လာမှုတွေ ပိုလုပ်ပါ။

၉။ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ပါ။ တတ်နိုင်သလောက် ပြည်တွင်းက ထွက်တဲ့ သဘာဝ အသီးအနှံတို့စားပါ။ ပြည်တွင်းဖြစ်ပစ္စည်း သုံးဖို့ ဝန်မလေးပါနဲ့။ တာရှည်ခံပြုပြင်ထားတဲ့ အစားအစာ ရှောင်ပါ။ ရေသန့်၊ သန့်ရှင်းတဲ့ ရိုးရိုးရေ၊ ကြိုချက်ထားတဲ့ ရေသောက်ခြင်းဟာ အချိုရည်၊ အုန်းရည်အပါအဝင် သစ်သီးဖျော်ရည်၊ အဖျော်မကာရေ တခုခုသောက်ခြင်းထက် ကျန်းမာရေးနဲ့ ပိုညီညွှတ်တော့ ရိုးရိုးရေ သောက်တတ်ဖို့ အလေ့အကျင့် လုပ်ထားပါ။

၁၀။ မိသားစုကို အချိန်ပေးပါ။ တွေ့ချင်တဲ့အခါတွေ့လို့ရပြီး မတွေ့ချင်တဲ့အခါ မတွေ့ရတဲ့ မိတ်ဆွေမျိုး ရှာပေါင်းပါ။ ကူညီလို့ ရပေမဲ့ မှီချမဲ့သူကို ရှောင်ပါ။

၁၁။ ငွေ မချေးပေးရ။ တတ်နိုင်ရင် တခါတည်း အပြီးပေးလိုက်ပါ။

၁၂။ ရစရာ ရှိတာဘဲလို့ ယူဆပြီး အိမ်တွေ၊ ကားတွေကို အကြွေးနဲ့ မဝယ်ပါနဲ့။

၁၃။ လုပ်ငန်းသစ်ကို အစမ်းလုပ်မကြည့်ဘဲ မတည်ထောင်ပါနှင့်။ ရင်းနှီးမြှုပ်နှံမှုတွေလဲ တနိုင်တပိုင်ဘဲ လုပ်ပါ။ အလုပ်တို့ ဘဝရည်မှန်းချင်တို့ reform and restructure ထိန်းသိမ်း ကိုင်တွယ်လို့ ကောင်းအောင် ပြုပြင်ပြောင်းလဲတာမျိုး လုပ်ပါ။ ကြီးထွားအောင် ချဲ့ထွင်တာထက် နိုင်နိုင်နင်းနင်း ကိုင်တွယ်လို့ ကောင်းအောင် လုပ်တာပါ။

၁၄။ စားလို့ မကုန်ပါဘူး၊ မှားလို့ ကုန်နိုင်ပါတယ်။ ရှေ့ရောက်ဖို့ထက် နောက်ရောက်မသွားဖို့ ပိုအရေးကြီးပါတယ်။

၁၅။ လူတိုင်း ဆုံးရှုံးနေတဲ့ အချိန်ဖြစ်နေတော့ အဖတ်ဆယ်နိုင်တဲ့သူ သာသွားမှာပါ။

၁၆။ ကိုယ့်ဖာသာကိုယ်ဆိုရင်တောင် တော်တော် သေချာနေရင်တောင် အရမ်း မမျှော်လင့်ထားပါနဲ့ ။ ဒီနေ့ Hero မနက်ဖန် Zero ဖြစ်သွားနိုင်ပါတယ်။ မိဘ သားသမီး၊ ဆရာ တပည့်၊ ညီအကို မောင်နှမ ၊ ဆွေမျိုး၊ မိတ်ဆွေ၊ သမီးရီးစား၊ လင်မယား ဆိုတာမျိုးတွေက ပိုဆိုး။ ဘာမှ မသေချာတော့ပါဘူး။

၁၇။ တရားထိုင်တာတို့ မိမိယုံကြည်ရာ ဘာသာအတိုင်း ကျင့်ကြံတာတို့ လုပ်သင့်ပါတယ်။

တွေးမိတွေးရာပါ။
Tin Sein ဆေး ၁

20/07/2022

မ “မက်” ရဲရင် မ “တွေး” ရဲဘူး
တွေးတောင် မတွေးရဲဘူးဆိုရင်
သေချာတယ် “မဖြစ်နိုင်တော့ပါဘူး”
ငယ်ငယ်တုန်းက အိပ်မက်မက်ဖူးလား ?
သူများဖုန်းလေးကိုင်တာတွေ့တော့ လက်လေးကိုဖုန်းလေးလုပ်ပြီး စကားပြောနေသလိုလုပ်ဖူးလား ?
တချို့က ကိုယ့်ကိုကိုယ် ဆရာဝန်လိုစိတ်ကူးယဉ်ပြီးဆော့တယ်။ တချို့ကကိုယ့်ကိုကိုယ် စွန်းဝူခုန်း လိုစိတ်ကူးယဉ်တယ် ။
တချို့က မုန့်လေးတစ်မျိုးကို ငါကြီးလာရင် ကြိုက်သလောက်ဝယ်စားမယ်ဆိုပြီး ကျိမ်းခဲ့ဖူးတယ် ။
ရုပ်ရှင်ထဲက မင်းသား၊ မင်းသမီးနေရာကို ကိုယ့်ကိုကိုယ်အစားထိုးပြီး စိတ်ကူးယဉ်ဖူးလား ?
Super Hero တစ်ယောက်ယောက်ကိုအသေကြွေပြီး စိတ်ကူးယဉ်ဖူးတယ် ။ အိပ်မက်မက်ဖူးတယ် ။
Spider Man လိုလက်လေးလုပ်ပြီး ကိုယ့်ကိုကိုယ် Spider Man လိုစိတ်ကူးယဉ်တဲ့သူရှိတယ်။ ငယ်ငယ်တုန်းက ပင့်ကူကိုက်လို့ spider man လိုဖြစ်မှာအသေကြောက်ပြီး ငိုခဲ့တဲ့သူလဲရှိမယ် ။
နေ့လည်ကတွေ့လိုက်တဲ့ ကားလေးကို ညမှာ ငါသာအဲ့ကားကိုမောင်းရရင်ဆိုပြီး စိတ်ကူးယဉ်ဖူးလား ?
ငါသာပိုက်ဆံရှိရင် ဟိုလာလုပ်မယ်၊ ဒီဟာစားမယ်။ ဟိုနေရာကို သွားမယ်။ ဒီနေရာသွားလည်မယ်ဆိုပြီး စိတ်ကူးယဉ်တဲ့သူရှိသလို ၊ ငါသာပိုက်ဆံရှိရင် အိမ်မှာဘာမှမလုပ်ဘံ တစ်နှစ်၊ နှစ်နှစ်လောက် အိပ်လိုက်စားလိုက်လုပ်ပြီး ကိုယ်ချစ်တဲ့သူနဲ့ဝေးစရာမလိုအောင်လုပ်မယ်ဆိုပြီး အိပ်မက်မက်တဲ့သူရှိမယ် ။
မိတ်ဆွေ သင်သာ အိပ်မက်မက်ဖူးတဲ့သူ ၊ အိပ်မက်မက်နေတဲ့သူ ၊ အိပ်မက်မက်အုံးမယ့်သူဆိုရင် ဂုဏ်ယူပါတယ် ။ သင်ဟာတချို့သူတွေထက်သာသွားပါပြီ။
တချို့က အိပ်မက်မမက်ရဲပါဘူး ။ အိပ်မက်မမက်ရဲဘူးဆိုရင် သူတို့တွေးတောင်မတွေးရဲဘူး မတွေးရဲဘူးဆိုရင် မလုပ်ရဲကျတော့ဘူး။ လုပ်တောင်မလုပ်ရင် ဘယ်တော့မှ ဖြစ်မလာတော့ပါဘူး ။
ဒါကြောင့် သင်က သင်အိပ်မက်တဲ့အရာလေးရဖို့ တစ်ဆင့်ပဲလိုပါတယ်။ လက်တွေ့လုပ်ဖို့ပါ။ အစပိုင်းကတော့ ဘယ်လမ်းလျှောက်ရမှာလဲမသိပါဘူး
တဖြည်းဖြည်းနဲ့ပေါ်လာမှာပါ ။ အိပ်မက် မက်တဲ့လူတိုင်း ကိုယ်မက်တဲ့အရာကို မရကြပေမဲ့။ “ရနိုင်ချေရှိရင် ကြိုးစားဖို့လုံလောက်ပါပြီ။”
“ပင်ပန်းရင် အိမ်ပြန်ရောက်ပြီး အိပ်လိုက်ပါ ။ မနက်ရောက်ရင် ပင်ပန်းတာပျောက်သွားပါပြီ ။ အဲ့ဒါကြောင့် ပင်ပန်းမှာမကြောက်ပါနဲ့ ။”
“ဆင်းရဲတာက ဘယ်လိုအိပ်အိပ်မပျောက်ပါဘူး” အိမ်မက်ရှိရင် လမ်းမှန်၊ နည်းမှန်နဲ့ကြိုးစားပါ ။
ကြိုးစားရင်အောင်မြင်မယ်ဆိုတာကိုမပြောချင်ပါဘူး ။ ဘာဖြစ်လို့လဲဆိုတော့ နည်းမမှန်ရင် ၁၀ နှစ်လောက်ကြိုးစားလဲ မထူးပါဘူး ။
ကိုယ်လိုချင်တဲ့ အရာနဲ့ထိုက်တန်မှ ရမှာပါ
X=Y ပါ ။ ကိုယ်ပေးတာနဲ့ ကိုယ်ရတာတူတူပါပဲ။ သင် 100 လိုချင်ရင် 100 ထည့်ပါ။
1000 လိုချင်ရင်တော့ 1000 နဲ့တန်တဲ့ Input တော့ထည့်ရမှာပေါ့ ။
ကမ္ဘာက နားမရှိပါဘူး ။ သူ့မှာ မျက်စိပဲရှိတယ် ။ လုပ်လား၊ မလုပ်ဘူးလားဆိုတာကိုပဲ သူမြင်တယ် ။
ဘာကြောင့်မလုပ်တာလဲ ? ဘာဖြစ်လို့ ? ဒီဟာကြောင့် ၊ ဟိုဟာကြောင့် ဆိုတာ သူနားမထောင်ပါဘူး ။ နားထောင်ဖို့လဲ သူ့မှာနားမရှိဘူးလေ ။
နောက်ဆုံးတော့ လုပ်ရင် ရမယ်၊ မလုပ်ရင် မရဘူး။ ဒါပါပဲရှင်းရှင်းလေးပါ ...

Credit:နန်းယုယုထွေး

20/07/2022

စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၎ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။......

လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။
A.San......

18/07/2022

တာချီလိတ်မြို့နယ်ရှိ Royal Express အမြန်ချောပို့ဝန်ဆောင်မှုလုပ်ငန်းတွင် တာဝန်ထမ်းဆောင်ရန်အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများအမြန်ခန့်ထားလိုပါသည်-

Customer Service Staff မ (၁) ဦး
• ဆယ်တန်းအောင် (သို့) အဝေးသင်တက်ရောက်ဆဲ (သို့) ဘွဲ့ရများ လျှောက်ထားနိုင်ပါသည်။)
• ကွန်ပျူတာ အခြေခံအသုံးပြုနိုင်သူဖြစ်ရမည်။
• စိတ်ရှည်သီးခံပြီး Customer Service ကောင်းမွန်စွာပေးနိုင်သူဖြစ်ရမည်။
• လုပ်ငန်းခွင်စည်းကမ်းများအား တိကျစွာလိုက်နာနိုင်သူဖြစ်ရမည်။

(၂) စာပို့/စာယူဝန်ထမ်း ကျား(၂)ဦး
• အထက်တန်းထိပညာသင်ကြားဖူးသူဖြစ်ရမည်။
• (ဆယ်တန်းအောင် (သို့) အဝေးသင် တက်ရောက်ဆဲ (သို့) ဘွဲ့ရများ လျှောက်ထားနိုင်ပါသည်။)
• သက်ဆိုင်ရာမြို့နယ်အတွင်းကျွမ်းကျင်စွာသွားလာနိုင်ပြီး‌ချောစာနှင့်ပါဆယ်များအားသတ်မှတ်‌‌နေရာများ အရောက်ပို့‌ပေးနိုင်ရမည်။
• ကိုယ်ပိုင်ဆိုင်ကယ်အသုံးပြုနိုင်သူဖြစ်ရမည်။
• ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။
• လုပ်ငန်းခွင်စည်းကမ်းများအား တိကျစွာလိုက်နာနိုင်သူဖြစ်ရမည်။

ခံစားခွင့် - အခြေခံလစာ+ရှားပါးစရိတ်ထောက်ပံ့ကြေး+ရက်မှန်ကြေး+ခရီးစရိတ်+ဆိုင်ကယ်ကြေး+ ဆိုင်ကယ်ဆီဖိုး+ဖုန်းဘေ+ကော်မရှင် ( 350000 Lakh - 400000 Lakh)

လျှောက်ထားလိုသူများသည် ကိုယ်ရေးရာဇဝင်အကျဉ်း ၊ မှတ်ပုံတင်နှင့်သန်းခေါင်စာရင်းမိတ္ထူ၊ (၆)လအတွင်းရိုက်ကူးထားသည့်ပတ်စ်ပို့ဆိုဒ်ဓါတ်ပုံ(၁)ပုံတို့နှင့်အတူ
Email- [email protected]
Viber – 09 765 434 733 သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။
***အသေးစိတ်သိရှိလိုပါက 09 - 765 434 733, 09-765683087 သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်နိုင်ပါသည်။***

18/07/2022

3ဘတ်အသားကင်ဆိုင် Tungkaburee(2)မှာ
Waiterမိန်းကလေး (6)ဦးအလိုရှိသည်
#ရှမ်းစကားပြောတတ်ရမည်
#ဗမာစာရေးတတ် ပြောတတ်ရမည်
-နေစရာမပေးပါ။
ဆိုင်မှာလာမေးလည်းရတယ်နော်
📞09446241582

17/07/2022

Shwe Myanmar Hotel မှ

ရုပ်ရည်အသင့်တင့်ရှိပီး 18 - 25အတွင်း (မိန်းကလေး )
လုပ်ငန်းတတ်ကျွမ်းပီးသား DI DL အလိုရှိပါသည်

အလုပ်လျောက်လိုပါက Shwe Myanmar Hotel သို့
လာရောက်လျောက်ထားနိင်ပါသည်။

16.7.2022မှ 22.7.2022ထိသာဖောင်လက်ခံပါမည် 💪💪

Tachileik Job Agency တွင်အခမဲ့ ကြော်ငြာပါ

17/07/2022

စားဖိုမှူးကျွမ်းကျင် ကျား(1)ဦး
အလိုရှိသည်။
ယိုးဒယားအစားစာချက်တတ်ရမည်။

တနင်္ဂနွေနေ့တိုင်း နားရက်ရမည်။
ဆက်သွယ်ရန်
09777097311 —09447625330—
-09402525237
တာချီလိတ်မြို့။

Tachileik Job Agency တွင်အခမဲ့ ကြော်ငြာပါ

17/07/2022

👉 အလုပ်ခေါ်စာကြော်ငြာလိုသူများအတွက် 👈

အလုပ်ခေါ်စာ ကြော်ငြာလိုသူများအတွက် အဓိက လိုအပ်ချက်များကတော့ ဖော်ပြပါ အချက်(၆)ချက်ပါ။

🕴1. အလုပ်အကိုင် အမျိုးအစား
🕴2. လိုအပ်သည့် ၀န်ထမ်းအရေအတွက်
🕴3. လိုအပ်သည့် ၀န်ထမ်းအရည်အချင်း သတ်မှတ်ချက်များ
🕴4. နောက်ဆုံးလျှောက်ထားရမည့် နေ့ရက်
🕴5. အလုပ်လျှောက်ရာတွင် လိုအပ်သည့် သတ်မှတ်ချက်များ
🕴6. ဆက်သွယ်ရန် လိပ်စာနှင့်ဖုန်းနံပါတ်

⛑ မှတ်ချက် ⛑

⚒ ၀န်ထမ်းခေါ်စာ ကြော်ငြာလိုသူများအနေဖြင့် အထက်ဖော်ပြပါ အချက်(၆)ချက် ရေးသား၍ Messager ကနေ ပေးပို့လာနိုင်ပါတယ်။

⚒အလုပ်လျှောက်ထားလိုသူများ၏ ယုံကြည်ချက်ကို ရရှိနိုင်ရန်အတွက် အချက်(၆)ချက်နှင့် မပြည့်စုံသည့် အလုပ်ခေါ်စာများကို ဖော်ပြပေးမည် မဟုတ်ပါ။


#တာချီလိတ်အလုပ်အကိုင်

👉 အလုပ်ခေါ်စာကြော်ငြာလိုသူများအတွက် 👈

အလုပ်ခေါ်စာ ကြော်ငြာလိုသူများအတွက် အဓိက လိုအပ်ချက်များကတော့ ဖော်ပြပါ အချက်(၆)ချက်ပါ။

🕴1. အလုပ်အကိုင် အမျိုးစား
🕴2. လိုအပ်သည့် ၀န်ထမ်းအရေအတွက်
🕴3. လိုအပ်သည့် ၀န်ထမ်းအရည်အချင်း သတ်မှတ်ချက်များ
🕴4. နောက်ဆုံးလျှောက်ထားရမည့် နေ့ရက်
🕴5. အလုပ်လျှောက်ရာတွင် လိုအပ်သည့် သတ်မှတ်ချက်များ
🕴6. ဆက်သွယ်ရန် လိပ်စာနှင့်ဖုန်းနံပါတ်

⛑ မှတ်ချက် ⛑

⚒ ၀န်ထမ်းခေါ်စာ ကြော်ငြာလိုသူများအနေဖြင့် အထက်ဖော်ပြပါ အချက်(၆)ချက် ရေးသား၍ Messager ကနေ ပေးပို့လာနိုင်ပါတယ်။

⚒အလုပ်လျှောက်ထားလိုသူများ၏ ယုံကြည်ချက်ကို ရရှိနိုင်ရန်အတွက် အချက်(၆)ချက်နှင့် မပြည့်စုံသည့် အလုပ်ခေါ်စာများကို ဖော်ပြပေးမည် မဟုတ်ပါ။


#တာချီလိတ်အလုပ်အကိုင်

Videos (show all)

မယ်ဆိုင်ချောင်း ရေကြီးနေတာ