Hmawbi's Education

Hmawbi's Education

Your Trustworthy Partner

18/01/2023

ညီမတို့ Hmawbi's Education ကနေ ပထမဆုံးဖွင့်လှစ်မယ့်
Microsoft Office Online Class လေးနဲ့ မိတ်ဆက်ပေးပါပါရစေနော်...

Online Class လေးကို တော့ Zoom နဲ့ သင်ကြားပေးသွားမှာဖြစ်ပြီး တစ်ပတ်ကို ၃ ရက်နဲ့ ၂လအထိ သင်ကြားပေးသွားမှာဖြစ်ပါတယ်...

ညီမတို့ရဲ့ Microsoft Office Online Class လေးမှာဆိုရင်တော့
(1) Advanced Excel
(2) Computer Basic
(3) Microsoft Word
(4) Microsoft Powerpoint စတာတွေကို Professional အသုံးပြုနိုင်တဲ့ အထိ University Of California , Ivrine ( UCI ) Course နဲ့ သင်ကြားပေးသွားမှာပါနော်..
အိမ်မှာ Laptop , Wifi ရှိလျက်နဲ့ အခြေခံလေးတွေကို တောင် ကျွမ်းကျွမ်းကျင်ကျင် မသုံးတတ်ဖြစ်နေတာလား ?
Hmawbi's Educationမှာ သင်တန်းကြေး ၃၀၀၀၀ ကျပ်တည်းနဲ့ လာရောက်လေ့လာနိုင်နေပါပြီနော်...

17/01/2023

Passport ရုံးတွေ ပိတ်နေလည်း အိမ်မက်တွေကို တော့ မေ့မထားကြေးပါပဲနော်..
ဒီနေ့မှာ တော့ ညီမတို့ Hmawbi's Education ကနေ Knowledge Sharing ပြုလုပ်ပေးချင်တာကတော့ ထိုင်းနိုင်ငံမှာ ပညာသင်ကြား ဖို့ အတွက် အခြေခံအားဖြင့် ဘာတွေလိုအပ်လဲ ဆိုတဲ့ အကြောင်းလေးပါပဲနော်....
နိုင်ငံခြားကို ပညာသင် ထွက်ကြတဲ့ အခါ Living Cost ( နေထိုင်စားရိတ် ) က တကယ်ကို ခေါင်းခဲ ရတဲ့ အဟန့်တား တစ်ခုနော်....
ဒီလို ဈေးကြီးတဲ့ အိမ်မက်ထဲကမှ အနည်းငယ်လေးပိုသက်သာတဲ့ ထိုင်းနိုင်ငံမှာ တက္ကသိုလ် ပညာရေးကို သင် ကြားလိုသူတွေအတွက် ဆိုရင်တော့ ..........

EDUCATION အနေနဲ့ ဆိုရင် ထိုင်းနိုင်ငံဟာ ၁၂ တန်းပညာရေးစနစ်ဖြစ်တဲ့ အတွက် ညီမတို့ မြန်မာနိုင်ငံ UNIVERSITY ရဲ့ တက္ကသိုလ် ဒုတိယနှစ်ကို အောင်မြင်ထားမှ သာ ( အခြား option များရှီ ) တက်ရောက်ခွင့်ရှိမှာပါနော်... STUDY FIELD အလိုက် GPA , IELTS BAND SCORE သတ်မှတ်ချက်လေးတွေ ကွဲပြားပေမယ့် အကြမ်းဖျင်းအားဖြင့် GPA 4.5 , IELTS 5.5 or 6 သတ်မှတ်ကြတာ များပါတယ်နော်....

သင်ကြားနိုင်တဲ့ Field of Study တွေအနေနဲ့ ကတော့ Business , IT , Engineering Field တွေကို UTCC , KMU , Bangkok University , Rangist University တွေမှာလျှောက်ထားသင်ကြားနိင်မှာပဲဖြစ်ပါတယ်နော် ...

Living Expense အနေနဲ့ ကတော့ Campus အနီးဝန်းကျင်မှာ မနိမ့်ပါးတဲ့ Living Standard နဲ့ နေ့ထိုင်မယ် ဆိုရင်တော့ တစ်လကို မြန်မာငွေ ၈ သိန်းဝန်းကျင် ကျသင့်နိုင်ပါတယ်နော်...

သို့ပေမယ့် ထိုင်းနိုင်ငံရဲ့ တက္ကသိုလ် တွေဟာ School Fee ကို Installment နဲ့ ပေးချေခွင့်ပြုလေ့ရှိတာ မို့ Course Fee ပေးချေရာမှာတော့ အဆင်ပြေနိုင်ပါတယ်နော်....
Course Fee လေးတွေက တော့ တက်ရောက်မယ့် တက္ကသိုလ် Field of Study တွေကို မူတည်တာမို့ အသေးစိတ်ကို Page Messenger လေးမှာ အခမဲ့ ဆွေးနွေးစုံစမ်းနိုင်ပါတယ်နော်....

17/01/2023

အရာရာဟာ မရေရာနေလည်း မနက်ဖြန်နဲ့တော့ ကမ္ဘာကြီး မရပ်တန့်သေးပါဘူး...
ရှေ့ဆက်ရမယ့် တစ်ရက်စီတိုင်း အတွက်ကျွန်တော် တို့ဟာ ပြင်ဆင်နေကြရ ဦးမှာပါပဲ...

အခြေနေအမျိုးမျိုးကြောင့်လမ်းပျောက်နေရင်တောင် ရှေ့ဆက်လျှောက်ဖို့ ကြိုးစားနေတဲ့ လူငယ် တိုင်းအတွက် Hmawbi's Education ရှိနေပြီနော်....

Hmawbi's Education မှာဆိုရင် Downtown မြို့နယ် တစ်ခုမှာ ရရှိဖို့ ခက်ခဲနေတဲ့ City Education တွေကို ချိတ်ဆက်ဆောင်ရွက်ပေးပြီး Career အတွက်လိုအပ်တဲ့ Quality Education တွေကို ပေးစွမ်းသွားမှာပါနော်....

လက်ရှိစတင် ဆောင်ရွက်တဲ့ ကာလမှာဆိုရင်တော့ English နဲ့ အခြားသော နိုင်ငံခြားပညာတော်သင် ဆုလျှောက်ထား ခြင်း , ကျောင်းဝင်ခွင့် လျှောက်ထားခြင်း ဝန်ဆောင်မှုတွေကို ရရှိနိုင်ပါပြီနော်...

သင့်ရဲ့ အိမ်မက်တွေက Downtown မြို့နယ် မှာ နေထိုင်သူ တစ်ယောက် အတွက် ဈေးအရမ်းကြီးနေတာလား ?
မပူပါနဲ့ Hmawbi's Education သင့်အတွက် ရောက်ရှိလာပါပြီနော်...

Website

Opening Hours

Monday 18:00 - 00:00
Tuesday 18:00 - 00:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 18:00 - 00:00