May may sann
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May may sann, Beauty, cosmetic & personal care, .
လူတိုင်း သိချင်တဲ့ ဟော်မုန်း ဝက်ခြံ ❗
Feel Free to Share😊
1️⃣ဟော်မုန်းဝက်ခြံ က ဘာကြောင့် ဖြစ်တာလဲ❓❓
လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကျားဟော်မုန်း (Androgen) နဲ့ မဟော်မုန်း (estrogen) Level မညှိမျှပဲ (Androgen) ကျားဟော်မုန်းလို့ အလွယ်ခေါ်လို့ရတဲ့ ဓာတ်က ပိုများနေတဲ့ အချိန်မှာ ဟော်မုန်း ဝက်ခြံ ဖြစ်တတ်ပါတယ်။
အများအားဖြင့် မိန်းကလေးတွေ မှာ ပိုပြီး များများ ဖြစ်တတ်ပါတယ်❗
2️⃣ ဘယ်အချိန်မှာ ဟော်မုန်း ဝက်ခြံ ဖြစ်တတ်လဲ❓❓
ဆယ်ကျော်သက်အရွယ် အပျိုဖော်ဝင်ကာစ အချိန်မျိုးဆိုရင် ဟော်မုန်းဝက်ခြံ ဖြစ်လေ့ရှိပါတယ်
Pre Menstruum လို့ခေါ်တဲ့ ရာသီသွေးမပေါ်ခင်ကာလ မှာဆိုရင် (Estrogen) မဟော်မုန်း လေးတွေ ကျစေပြီး အဆီဂလန်း ထုတ်လွှတ်မှု့များစေလို့ ဝက်ခြံ အဖြစ်များတတ်ပါတယ်
3️⃣ဟော်မုန်းဝက်ခြံက ဘယ်နေရာတွေမှာ အများဆုံး ပေါက်တတ်လဲ❓❓
🔹ပါးစပ်တဝှိုက်
🔹မေးရိုး တစ်ဝိုက်
🔹လည်ပင်း တစ်ဝိုက်
🔹မျက်ခုံး စပ်
🔹နားထင်
🔹ဆံပင်ဆံ စပ်နေရာတွေ နဲ့
ဟောမုန်းဓာတ် မညီမျှ မှု့ အခြေ အနေ ဆိုးရင်
🔸ရင်ဘက်
🔸ကျောဘက် စတဲ့ နေရာတွေ မှာလဲ ဖြစ်တတ်ပါတယ်
4️⃣ ဘယ်လို နည်းလမ်းနဲ့ ကုလို့ရလဲ❓❓
ဟော်မုန်းဝက်ခြံ ဖြစ်တိုင်း ဆေးဝါးနဲ့ ကုသဖို့ မလိုအပ်ပါဘူး။
သဘာဝအတိုင်း ပျောက်ဖို့ နည်းလမ်းတွေ နဲ့ အစားအသောက် အနေအထိုင် ဆင်ခြင်ပြီးလဲ သက်သာနိုင်ပါတယ်။
ကျားဟော်မုန်း များစေတဲ့ နွားနို့/နို့ထွက်ပစ္စည်းများ/အဆီ /ဆီကြော် စတာတွေ ကိုတော့ ရှောင်ကျဉ်ပေးရပါမယ်
ပိုစားပေးရမဲ့ အစားအစာတွေက အသီးအရွက်များများ/ ပဲနို့ များများ သောက်ပေးတာမျိုး နဲ့ Omega 3 တို့ ငါးကြေးဆီ တို့ သောက်ပေးတာမျိုး လုပ်ပေးရင် ဟောမုန်း ဝက်ခြံ ကိုသက်သာစေပါတယ် ရှင်🥰
ဝက်ခြံကင်းဝေးပြီး လှပတဲ့ အသားအရေ ပိုင်ဆိုင်နိုင်ကြပါစေ ရှင္