Florencio : For your health and resilience
ဖြေဆည်ရာ နေရာ ...
သင့်ကိုယ်သင် ချစ်ပါ...
ကိုယ့်မိသားစု မိတ်ဆွေ တွေရဲ့ အားပေးစကားတွေ
တက်ကျမ်းတွေနဲ့ အလားတူစာတွေတွေမှာ
ကျနော်တို့ ရိုးအီနေအောင် ကြားသိ မြင်သိ နေရတဲ့
စကားတစ်ခုက သင့်ကိုယ်သင် ချစ်ပါတဲ့...
ဒါပေမယ့် တကယ် အလုပ်ဖြစ်ပါရဲ့လား။
တကယ်ရော သင့်ကိုယ်သင် ချစ်ဖြစ်ပါရဲ့လား။
ရိုးရိုးသားသား ဖြေကြည့်ရင် မချစ်ဖြစ်ဘူး အလုပ်မဖြစ်ဘူးဆိုတာ
အများစုအတွက် အမှန်တရား ပါပဲ။
ဘာကြောင့်လဲ။
ဘာကြောင့်ဆို ကျနော်တို့က စာတွေ့မှာတင် တန့်နေလို့ ဖြစ်ပါတယ်။
အသိမှာတင် ရပ်နေပြီး အကျင့်ဆီ မယူလာနိုင်လို့ ဖြစ်ပါတယ်။
ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းဟာ
ပါးစပ်ဖျားမှာတင် လမ်းဆုံးရမယ့် အရာ မဟုတ်ပါဘူး။
ကောက်ရိုးမီးလို ဖြစ်လို့ မရပါဘူး။
တရားမှတ်ခြင်း တရားထိုင်လေ့ ရှိခြင်းဟာ အကျင့်ပါ။
ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန်လုပ်တာက အကျင့်ပါ။
အရေးအကြီးဆုံးဖြစ်တဲ့
ကိုယ့်ကိုယ့်ကိုယ် ချစ်ဖို့ ဆိုတာကလည်း
အကျင့်ဖြစ်နေဖို့ လိုတဲ့အရာပါ။
ချောက်ကမ်းပါး အစွန်းကနေ မပြုတ်ကျအောင်
အားတင်းထားသလိုမျိုး အားထူတ်မှုမျိုးနဲ့
ကိုယ့်ကိုယ်ကိုယ် ချစ်ပေးဖို့ ကြိုးစားရမှာပါ။
ယနေ့က စလို့ နေ့တိုင်း …
- သင့်ကိုယ်သင် ချစ်ဖို့ အဓိဋ္ဌာန်ပြုပါ။သန္နိဋ္ဌာန်ချပါ။
- တပါးသူကို နက်နက်နဲနဲ မြတ်မြတ်နိုးနိုး ချစ်သလို
သင့်ကိုယ်သင် ချစ်ပေးပါ။
- သင့်ရဲ့ အတွေးတွေ ၊ အပြုအမူတွေ ၊ ရွေးချယ်မှုတွေ ၊
အတွေ့အကြုံတွေ စတဲ့ အချိန်တိုင်းမှာ သတိရှိရှိ ပြုမူပြီး
သင့်ကိုယ်သင် ချစ်ဖို့ သတိရပါ။
တခုအရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းဆိုတာကို
တကိုယ်ကောင်းဆန်ခြင်း ၊ အတ္တကြီးခြင်း နဲ့ မမှားဖို့ပါပဲ။
သူတပါးအတွက်ပဲ ပေးဆပ်နေရင်းနဲ့
သင် ဘယ်လောက်နာကျင်ခဲ့ရပြီးပြီလဲ။
သင့်ကိုယ်သင် ချစ်ပေးဖို့ လိုပါတယ်။
နွေးထွေးယုယပေးဖို့ ဆုလဒ်တွေ ပေးဖို့ လိုပါတယ်။
ကိုယ့်ကိုယ်ကိုယ် တကယ်ချစ်လာနိုင်ရင်
ကိုယ်တိုင်လည်း စွမ်းရည်ပြည့်၀လာပါလိမ့်မယ်။
သူတပါးကိုလည်း အစစ်အမှန် ဖြည့်ပေးနိုင်ပါလိမ့်မယ်။
သင့်ကိုယ်သင်ချစ်ပါ။ ယနေ့က စကြည့်ပါ။
အစပြုဖို့ ခက်နိုင်ပေမယ့် ယုံကြည်နှစ်မြှုပ် အားစိုက် လုပ်ရမယ့် အရာပါ။
ချစ်ခြင်းဖြင့်
Alex Myo
Wellbeing counsellor
( မျှဝေခြင်းဟာ ဂရုစိုက်ခြင်း မည်ပါတယ်။ အကြောင်းအရာကို နှစ်သက်တယ်ဆိုရင် LIKE AND SHARE လုပ်ပေးဖို့ မေတ္တာရပ်ခံပါတယ်။ COMMENT မှာ ကိုယ်ချစ်ရတဲ့ သူတွေကို MENTION ခေါ်ပေးပြီးလည်း မျှဝေနိုင်ပါတယ်။)
ဖြတ်သန်းနေရတဲ့ နေ့တွေမှာ
- မေတ္တာတရားကို နှလုံးသားမှာ ကိန်းဝပ်စေမယ်ဆိုရင်
- အချိန်တွေကို အပြုအမူကောင်းတွေနဲ့ ကုန်စေမယ်ဆိုရင်
- အပြုသဘောဆောင်တဲ့ အတွေးသာ ခေါင်းထဲရှိနေမယ်ဆိုရင်
အထိအခိုက် အဆုံးအရှူံးတွေကြောင့်
နာကျင်ရတာကနေ ကျနော်တို့ လွတ်မြောက်နိုင်ပါလိမ့်မယ်။
ကိုယ့်မှာ
ဘယ်လိုအရည်အချင်းကောင်းတွေ ရှိတယ်ဆိုတာ
စိတ်ကူးစိတ်သန်းကောင်းတွေ ရှိတယ်ဆိုတာ
အထင်အရှား သိမြင်လာပါလိမ့်မယ်။
ချစ်ခြင်းဖြင့်
Alex Myo
Personal Coach & Counsellor
စိတ်၏ ကျန်းမာရေးသည် ခန္ဓာကိုယ် ကျန်းမာရေး အပေါ် များစွာ မူတည် နေသလို ကိုယ်ခန္ဓာ ကျန်းမာရေးသည် လည်း စိတ်ကျန်းမာရေး အပေါ် မူတည်နေပါသည်။.
ကိုယ်ကျန်းမာရေးအတွက် တက်ကြွသော သွားလာနေထိုင်မှု ( Healthy Lifestyle ) နှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသမှု တို့လိုအပ်ပါသည်။
စိတ်ကျန်းမာရေးသည် လူသားတိုင်းနှင့်ဆက်စပ်ပြီး ဖိနှိပ်ထားစရာ နှိမ်ချစရာ အခြေအနေ မဟုတ်ပါ။ စိတ်အားငယ်ခြင်း ၊ ဝမ်းနည်းလွယ်ခြင်း ၊ အလွယ်တကူ ခြေကုန်လက်ပန်းကျခြင်း ၊ စိတ်တိုခြင်း စိတ်မထိန်းနိုင်ခြင်း အရက် ဆေးလိပ်စွဲခြင်း မှသည် ဒုစရိုက်ကျူးလွန်ခြင်း စသည်တို့သည် စိတ်ကျန်းမာရေးဆိုင်ရာ အားနည်းနေသည့် လက္ခဏာများ ဖြစ်ပါသည်။ အချို့မှာ အချိန်အနည်းငယ်ဖြင့် သက်သာသွားနိုင်သော်လည်း တချို့မှာ နေ့စဉ်ဘoကိုပါ ထိခိုက်လာနိုင်ပါသည်။
ထို့ကြောင့် ကိုယ်စိတ်ကျန်းမာရေးအတွက် နှစ်သိမ့်ဆွေးနွေးရန်အတွက် လိုအပ်ပါက ကျွမ်းကျင်သော ပညာရှင်များ နှင့် ဆွေးနွေးကုသရန် အကြံပြုပါသည်။
Florencio သည် သင့်ကိုယ်နှင့်စိတ် ကျန်းမာရေး အတွက် ဝန်ဆောင်မှုပေးရာ online platform တစ်ခုဖြစ်ပါသည်။
ဒီလို ခက်ခဲတဲ့ အချိန် ၊ နာကျင်မှုတွေ နဲ့ သင်ခန်းစာတွေက တစ်နေ့မှာ ကိုယ့်အတွက် အင်အားဖြစ်လာ
မယ် ၊ အသိဉာဏ်တိုးလာမယ်၊ ကောင်းကျိုးရလာမယ်။
သူ့တို့ကိုယ်သူတို့တောင် လိမ်ညာနေတဲ့သူတွေဆီက နေ ရိုးသားမှုကိုရဖို့ မမျှော်လင့်ပါနဲ့။
သူတပါးကို အပုတ်ချတိုက်ခိုက်ခြေထိုးတာမျိုးနဲ့
ကိုယ်လူကောင်းပီသကြောင်း အရည်အချင်းရှိကြောင်းပြနိုင်မယ်လို့ ဘယ်တော့မှ မတွေးပါနဲ့။
ကိုယ့်ကိုသေချာပေါက် နားလည်လက်ခံပေးတတ်တဲ့ လူတွေအတွက်ပဲ ရှင်းပြချက်တွေပေးပါ။
ကိုယ့်ကို နားလည်မှုမရှိတဲ့ လူတွေအတွက် တိတ်ဆိတ်ခြင်းကိုသာပေးပါ။
ရက်သတ္တပတ်မှာ နှစ်ရက်တာပဲ လွတ်လပ်ပျော်ရွှင်ရပြီး ကျန်ငါးရက်ကမပျော်မရွှင်ဖြစိရလောက်အောင် ဘဝက မရှည်ပါဘူး။ ေန့စဥ်နေ့တိုင်း နေပျော်အောင်ကြိုးစားပါ။ ပျော်တဲ့အလုပ်ကို လုပ်ပါ။
လေးစားတန်ဖိုးထားလို့ မရတဲ့သူတွေကြောင့်
ကိုယ့်ကိုယ်ကို စိတ်မဆင်းရဲပါစေနဲ့။ စိတ်အထိခိုက်မခံပါနဲ့။
ဘဝက ပင်ပန်းစေတာ မဟုတ်ပါဘူး။ ဘဝကိုတနည်းတဖုံ ရှင်သန်သွားချင်တယ် ဒါပေမယ့် အဲ့လိုရှင်သန်သွားဖို့ ယုံကြည်ချက် မရှိဘူး ဆိုတဲ့အဖြစ်က ပင်ပန်းစေတာပါ။
Steven Bartlett ၏ Seven Sentences I wish I'd read sooner ကို ဆီလျော်အောင်ပြန်ဆိုပါသည်။
ရှင်သန်မှုက အဓိပ္ပာယ်ရှိနေရဲ့လား။ သင့်ဘ၀ကို တန်ဖိုးရှိရှိ နေနေရဲ့လား။
ဘ၀ကို တန်ဖိုးရှိရှိ ထိုက်ထိုက်တန်တန် နေထိုင်သွားနိုင်ရေးဟာ
စိတ်ပိုင်းဆိုင်ရာ ဖြစ်စဉ်တစ်ခု မဟုတ်ပါဘူး။
ပိုက်ဆံတွေ သုံးဖြုန်းပျော်ပါး နေနိုင်တာကို ခေါ်တာလည်း မဟုတ်ပါဘူး။
အဲ့လိုနေထိုင်သွားနိုင်ဖို့ လိုအပ်တဲ့ အရာတွေ ရှိပါတယ်။
အဲ့ဒါတွေက
- သင့်ရဲ့ အလုပ် ( လိပ်ပြာလုံတဲ့ အလုပ် ၊ ပျော်တဲ့ အလုပ် )
- ချစ်ခြင်းမေတ္တာ ( ကိုယ်နဲ့ ဆက်စပ်နေတဲ့ အဝန်းဝိုင်း အပေါ်ထားတာ )
- အားလပ်ချိန် မှာ ကျန်းမာရေး မထိခိုက်စေတဲ့ အပန်းပြေစေတဲ့ ဝါသနာပါရာ
ကို လုပ်နေခြင်း ( စာဖတ် ၊ ခရီးထွက် ၊ သစ်ပင်စိုက် ၊ ရေကူး ... )
- တခြားသူတွေအပေါ် စာနာညှာတာ ကူညီပေးခြင်း တွေပဲ ဖြစ်ပါတယ်။
တကယ်လို့ နေ့စဉ်ဘ၀မှာ အဲ့ဒီအရာတွေကို ကျင့်သုံးရင်း ရှင်သန်နေတယ်ဆိုရင် သင်ဟာ ဘ၀ကို တန်ဖိုးရှိရှိ ရှင်သန်နေတာပါ။ အဓိပ္ပာယ်ရှိရှိ ရှင်သန်နေတာပါ။
အဲ့လိုအရာတွေနဲ့ တခုမှ အသက်မဝင်နေတဲ့ ဘ၀က တော့ အချည်းနှီး အကျိုးမဲ့ ဗလာဆန်တဲ့ ဘ၀ပါပဲ။
ဘ၀ကို ဘယ်လိုရှင်သန်နေလဲ။
အလေးအနက်တွေးကြည့်ပါ။
ဘယ်လောက်ပဲ ခက်ခဲနေပါစေ အထက်ပါနည်းလမ်းတွေနဲ့
ဘ၀ကို တန်ဖိုးရှိရှိ နေထိုင်ကြည့်ပါ။
သင်လုပ်နိုင်တယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။
ချစ်ခင်ခြင်းဖြင့်
Zella / Eunoia Team
--------------------------------------------------------------------------
သင့်ရဲ့ မွန်းကျပ်ဖိစီးနေတဲ့ စိတ်တွေ ၊ ပူပန်သောကလွန်ကဲမှုတွေ ၊ အိပ်မပျော်ခြင်းတွေ စတဲ့ အရာတွေကို သက်သာရာ ရစေဖို့ပဲ ဖြစ်ဖြစ် ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေး တိုးတက်ဖို့ ၊ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်ဖို့ အတွက် ဖြစ်ဖြစ် တိုင်ပင်နိုင်ဖို့ နှစ်သိမ့်ဆွေးနွေး အကြံပြုမှု ဝန်ဆောင်မှုတွေကို သင့်တင့်သောနှုန်းထားနဲ့ ရယူနိုင်ဖို့ Eunoia Team ( Zella Team ) ကို တည်ထောင်ထားပါတယ်။
ဝန်ဆောင်မှုတွေကို စာသား text ဖြင့်လည်းကောင်း ၊ Voice call ဖြင့်လည်းကောင်း သင့်တင့်သော နှုန်းထားနဲ့ လက်ခံကုသ ဆွေးနွေးပေးနေပါတယ်။ လိုအပ်ပါက Page ရဲ့ messenger chat box ကနေစာပို့ထားပြီး ကြိုတင် ရက်ချိန်း ယူနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Eunoia Team ( Zella )
ကောင်းမွန်သော လူသားတစ်ယောက်ဖြစ်စေဖို့...
သူတပါးအပေါ် ကောင်းမွန်စွာ ပြုမူပြောဆိုခြင်းက
တပါးသူအတွက် ကောင်းကျိုးဖြစ်စေရုံ မျှမက
ကျနော်တို့ရဲ့ စိတ်ကိုလည်း ကြည်လင်ရွှင်ပျ စေပါတယ်။
ပိုမိုကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်လာဖို့ဆိုတာ
ထင်သလောက်လည်း မခက်ခဲပါဘူး။
နေ့တဒူ၀ ကိစ္စတွေမှာ
ချစ်ခြင်းမေတ္တာ ၊ စာနာနားလည်မှု နဲ့ ကြင်နာမှုတွေ
ထားပေးရုံနဲ့ လုပ်နိုင်တဲ့ အရာမျိုးပါ။
၁။ ကြင်နာမှု ထားပါ။ သင်လည်း ငြိမ်းအေးမှု ရမှာပါ။
၂။ အလွန်အကျွံ ဝေဖန်မှုမျိုး မလုပ်ပါနဲ့။
အဖျက်သဘော ပြစ်တင်တာထက် အပြုသဘော
အကောင်းဘက်က သုံးသပ်ပေးဖို့ ကြိုးစားပါ။
၃။ ရိုးသားပါ။
သင့်ကိုယ်သင် နဲ့ သင့်ရဲ့ ရပ်တည်မှု စံနှုန်းတွေအပေါ်
ရိုးသားပါ။ ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ ဘယ်
အရာမဆို အမြဲတမ်း မငြင်းမဆန် လက်ခံရမယ် လို့
မဆိုလိုပါ။
သင်မလုပ်ချင်တာ ၊ မဖြစ်ချင်တာကို
လက် မခံ ငြင်းဆန်ရဲတာလည်း ကိုယ့်ကိုယ်ကိုယ်
ရိုးသားခြင်းပါ။
၄။ သင့်ကိုယ်သင် လည်း ဂရုစိုက်ပေး ၊ ကောင်းပေးပါ ။
ကိုယ့်ကိုယ်ကိုယ် ဆဲဆိုပြစ်တင်နေမယ် ၊
မကောင်းတဲ့ အမူအကျင့်တွေ စွဲနေမယ် ဆိုရင်
ကောင်းမွန်တဲ့ လူတစ်ယောက် ဖြစ်မလာနိုင်ပါဘူး။
ဘယ်လိုပဲ ခက်ခဲပါစေ။ မှားရင် ပြင်ပါ။
လဲရင် ပြန်ထပါ။ ကိုယ့်ကိုယ်ကိုယ် ချစ်မှ ၊
ကိုယ့်မှာ ကောင်းတဲ့အရာတွေ ဖြစ်တည်နေမှ
သူတပါးကို ချစ်ပေး ဂရုစိုက်ပေး ၊
ကောင်းပေးနိုင်မှာပါ။
၅။ စုံလင်ကွဲပြားမှုကို လက်ခံနိုင်စွမ်း ရှိပါစေ။
ဘ၀ဆိုတာ ပြောင်းလဲခြင်းတွေ တပုံတပင်နဲ့ပါ။
ရင်းနှီးကျွမ်းဝင်နေကျ မဟုတ်တဲ့ အတွေးအခေါ်တွေ ၊
အခြေအနေတွေ ၊ လူတွေနဲ့ တွေနဲ့ ထိပ်တိုက် ငြင်းခုန်
ကြတဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်ရ၊ စိတ်တို ဒေါသ
ထွက်ရ တတ်ပါတယ်။ စုံလင်ကွဲပြားမှုကို လက်ခံနိုင်
စွမ်းရှိခြင်းဟာ ကျနော်တို့ အတွက် ရော တပါးသူ
အတွက်ပါ အကျိုးရှိစေပါတယ်။ ပတ်ဝန်းကျင်နဲ့
သဟဇာတ ဖြစ်ဖို့ အကူအညီ ပေးလိမ့်မယ်။
(တရားခြင်းနဲ့ မတရားခြင်း ၊ ဒုစရိုက် နဲ့ သုစရိုက် စတာတွေကိုတော့ သီးခြားဖြစ်စဉ်ပါ ကွဲကွဲပြားပြားရှိရမယ့် အရာပါ ။ မတူကွဲပြားမှုကို လက်ခံရမယ်ဆိုပြီး တန်းတူလက်ခံပေးလို့ မရပါဘူး။ ဒါကိုတော့ သတိချပ်ရပါမယ်။)
၆။ ယဉ်ကျေးပျူငှာ လေးစားသမှု ရှိပါစေ။
ယဉ်ယဉ်ကျေးကျေး လေးလေးစားစား ပြုမူပြောဆို
တတ်ခြင်းဟာ ကောင်းမွန်တဲ့ ကိုယ်ရည်ကိုယ်သွေး
တစ်ခုပါ။ သူတပါးရဲ့ မချေမခံ ရိုင်းပျတဲ့ ဆက်ဆံမှု
တွေ ရှိရင်တောင် ကိုယ့်ရဲ့ အရည်အသွေးကို
အဆင့်အတန်းပြိုင် မညှိလိုက်ပါနဲ့။
နေ့စဉ်ပြောဆိုဆက်ဆံတဲ့ နေရာမှာ ‘ကျေးဇူးပြုပြီး’
‘တဆိတ်လောက်’ ‘ခဏလောက်’ ‘ ကျေးဇူးတင်ပါတယ်’
ဆိုတာလေးကို စိတ်ရင်းနဲ့ သုံးနှုန်းပြောဆိုပေးဖို့
မမေ့ပါနဲ့။
၇။ အကူအညီပေးပါ။ ဖော်ရွေပါ။
မဆိုစလောက် ကိစ္စရပ်တွေက ကြီးမားတဲ့
ကိစ္စရပ်တွေ ဖြစ်စေနိုင်ပါတယ်။
ကုန်စုံဆိုင်မှာ တွေ့ရတဲ့ စျေးသည်ကို အပြုံးနဲ့
နှုတ်ဆက်တာကနေ လုပ်ဖော်ဆောင်ဖက်ရဲ့
ခက်ခဲနေတဲ့ ကိစ္စတွေကို အတူကူညီ လမ်းညွှန်
ဖြေရှင်းပေးတာအထိ ဆိုပါတော့။
၈။ ခွင့်လွှတ်တတ်ပါစေ။
ခွင့်လွှတ်တတ်ပြီး အတိတ်ရဲ့ အရိပ်ဆိုးတွေကို
လွှတ်ချနိုင်တာက သင့်ဘ၀ကို စိတ်သစ်ကိုယ်သစ်
အားအင်သစ်နဲ့ ရှေ့ဆက်နိုင်စေပါတယ်။
တခြားသူကို ခွင့်လွှတ်တတ်ခြင်းက
လူကောင်းတစ်ယောက်ရဲ့
အရည်အသွေးပါ။
ဒါပေမယ့် ကိုယ့်ကိုယ်ကိုယ် ခွင့်လွှတ်ဖို့လည်း
အရေးကြီးတယ်ဆိုတာ မမေ့ပါနဲ့။
သူတပါးကို ခွင့်လွှတ်ပါ။
ကိုယ့်ကိုယ်ကိုယ်လည်း ခွင့်လွှတ်ပါ။
အကောင်းမြင်စိတ်နဲ့ ရှေ့ဆက်ပါ။
၉။ ကျေးဇူးတရားကို သိတတ်ပါ။
ကျေးဇူးတရားကို ပြုပါ။
၁၀။ တခြားသူတွေအပေါ် လေးလေးစားစား ဆက်ဆံပါ။ အချိန်ကို လေးစားပါ။
ကိုယ်ချင်းစာနာမှု နဲ့ လေးစားမှု ဆိုတာဟာ ကောင်းမွန်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အတွက် အရည်အချင်းတွေပါ။ တခြားသူတွေရဲ့ ရှုထောင့်ကနေ မြင်ကြည့် တွေးကြည့် စာနာကြည့်ပါ။ သူတို့လုပ်ရပ်တွေကို သဘောမတူ လက်မခံနိုင်ရင်တောင် သူတို့ရဲ့ ရွေးချယ်မှုကို လေးစားပါ။။
သူတပါးရဲ့ အချိန်ကိုလည်း လေးစားတတ်ဖို့ လိုပါတယ်။ ချိန်းဆိုတဲ့ အခါ အချိန်မီသွားတာ ၊ စကားပြောတာကို ဖုန်းထိုင်သုံးမနေဘဲ တလေးတစားနားထောင်ပေးတာ စတာတွေကလည်း အရေးပါပါတယ်။
ရုတ်တရက် ကြည့်လိုက်ရင် ဘာမှ မဟုတ်ပေမယ့် ဒီအသေးအဖွဲလေးတွေကို ဂရုတစိုက်ကျင့်သုံးမယ်ဆိုရင် ကောင်းမွန်တဲ့ လူတစ်ယောက် ဖြစ်လာမှာ အသေအချာပါပဲ။ ကျေနပ်ပျော်ရွှင်မှုတွေ ရမှာ လည်း သေချာပါတယ်။ ထပ်ပြီး ကျင့်သုံးရမယ့် အရည်အသွေးတွေကိုတော့ နောင်များမှ ဆက်ပြောကြတာပေါ့။
ဖတ်ရှုပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
အသုံးတည့်တယ် သဘောကျတယ်ဆိုရင် Page ကို LIKE AND FOLLOW , SHARE AND REVIEW လုပ်ပေးပါ။ သင့်သူငယ်ချင်းတွေကိုလည်း COMMENT BOX ကနေ mention ပြီး ဖတ်ရှုစေလို့ရပါတယ်။ .
ခက်ခဲမွန်းကျပ်လွန်းတဲ့ ကာလမှာ ကိုယ်ရော စိတ်ရော ကျန်းမာကြံ့ခိုင်နေဖို့လိုပါတယ်။
ကျနော်တို့ရဲ့ Eunoia Team ( Zella Team ) က rမိတ်ဆွေတို့ရဲ့ စိတ်ကျန်းမာရေး နဲ့ စိတ်ပိုင်းဆိုင်ရာ အရည်အသွေး ပိုမိုတိုးတက်ကောင်းမွန်ရေး အတွက် ဝန်ဆောင်မှုပေးဖို့ တည်ထောင်ထားတာ ဖြစ်ပါတယ်။ အများအတွက် ကောင်းမွန်တဲ့ စိတ်ခွန်အားဖြစ်စေတဲ့ အကျိုးများစေတာတွေကို အလျဉ်းသင့်သလို တင်ဆက်ပေးသွားမှာပါ။
မိတ်ဆွေတို့ရဲ့ စိတ်ကျန်းမာပျော်ရွှင်ရေး ၊ စိတ်ဖိစီးမှု ကင်းဝေးရေး ၊ ပူပန်သောက ခံစားရမှုတွေကို ဖြေဖျောက်ကုသပေးတဲ့ ဝန်ဆောင်မှုတွေ ဖြစ်တဲ့ Individual Counseling Session ကို စာသား text ဖြင့်လည်းကောင်း ၊ Voice call ဖြင့်လည်းကောင်း သင့်တင့်သော နှုန်းထားနဲ့ လက်ခံကုသ ဆွေးနွေးပေးနေပါတယ်။ လိုအပ်ပါက Page ရဲ့ messenger chat box ကနေ ကြိုတင်ရက်ချိန်းယူနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။
Eunoia Team ( Zella )
အစွမ်းသတ္တိ အာဏာ ပါဝါ ( power ) ဆိုတာကို
ဘယ်လိုများ အဓိပ္ပာယ်ဖွင့်မလဲ။
ဘာကြောင့် လူတွေက power ရဖို့
ဘာမဆိုလုပ်မယ်ဆိုပြီး စိတ်ထက်သန်နေကြတာလဲ။
ကိုယ့်ကိုယ်ကိုယ် သတိမထားမိရင်သာ ရှိမယ်။
အများစုဟာ ကိုယ့်ဘ၀ကို စိတ်တိုင်းကျ ပြောင်းလဲနိုင်မယ်လို့
ယုံကြည်ပြီးတော့ Power ကို
မက်မက်မောမော ရှာဖွေနေကြသူတွေပါပဲ။
ဘာကြောင့်ဆို ကျနော်တို့ အလိုလားဆုံးဖြစ်တဲ့
လွတ်လပ်မှုနဲ့ ပျော်ရွှင်မှုကို ရယူပေးနိုင်တယ်လို့ ယုံကြည်ထားလို့ပါ။
လူ့အသိုင်းအဝန်းဟာ Power ရဲ့ အဓိပ္ပာယ်ကို
အပေါ်ယံလေးပဲ ကန့်သတ်ဖွင့်ဆိုထားတယ်။
ချမ်းသာကြွယ်၀မှု ၊ အသက်မွေးဝမ်းကျောင်း ဖြစ်ထွန်းမှု ၊
ကျော်ဇောမှု ၊ လှပချောမော ကြံ့ခိုင်မှု ၊
အင်အားကြီးမားမှု ၊ နိုင်ငံရေး ဩဇာသက်ရောက်နိုင်မှု ….
စတာတွေပေါ့။
အို ချစ်ခင်မြတ်နိုး တန်ဖိုးထားရသော မိတ်ဆွေအပေါင်းတို့ …
ကျနော့်အနေနဲ့ ပိုပြီး ကြီးကျယ်ခမ်းနားတဲ့ Power ကို အကြံပြုလိုပါတယ်။
အဲ့တာကတော့
စွဲလန်းမှုတွေ ၊ အကြောက်တရားတွေ ၊ ဆုံးရှူံးရမှုတွေ ကနေ
လွတ်မြောက်နိုင်မယ့်…
ခွဲခြားနှိမ့်ချခံရမှုတွေ ၊ လျစ်လျူရှုခံရခြင်းတွေ ၊
အမျက်ဒေါသဖြစ်ရခြင်းတွေ ကနေ ဖြေဆည်ရာရနိုင်မယ့်…
ပစ္စုပ္ပန်မှာ စိတ်ကြည်အေးချမ်းပြီး
ဘာမဆို ရင်ဆိုင်နိုင်စွမ်း ရှိတယ်ဆိုတဲ့ အစွမ်းသတ္တိ ပါပဲ။
ဒီအစွမ်းသတ္တိဟာ လူသားတိုင်းရဲ့ မွေးရာပါ အခွင့်အရေး ဖြစ်ပါတယ်။
ကျော်ကြားလူသိများသူ ဖြစ်ဖြစ် … အညတရ လူသားဖြစ်ဖြစ်
ချမ်းသာသူဖြစ်ဖြစ်…ဆင်းရဲသူဖြစ်ဖြစ်
အားနည်းသူဖြစ်ဖြစ်…အားကြီးသူ ဖြစ်ဖြစ်ပေါ့။
အဲ့လိုထူးကဲတဲ့ အစွမ်းသတ္တိကို ရဖို့
ကျနော်တို့ ရှာဖွေတူးဆွ ကြည့်တာပေါ့….
ဆက်ရန်….
ဝန်ခံချက် ။ ။
ဆရာတော် သစ်ညက်ဟန်၏
“ The Art of Power “ စာအုပ်ကို
ဆီလျော်အောင် ပြန်ဆိုပါသည်။
အကျပ်တည်းဆုံး အဆိုးဝါးဆုံး အခြေအနေတွေမှာ
မျှော်လင့်စရာ ဘာမှ မရှိနိုင်တော့ဘူးလို့
ထင်တတ်ကြတယ်။
ဒါပေမယ့် မျှော်လင့်ချက် ကလွဲလို့
မီတွယ်အားထားနိုင်စရာက ဘာများ ရှိသေးလို့ပါလဲ။
မျှော်လင့်ခြင်းဆိုတာ အားလုံးလုပ်နိုင်တဲ့ အရာပါ။
မျှော်လင့်တတ်ဖို့ အတွက် ကျနော်တို့ဟာ
အောင်မြင်ထွန်းပေါက်နေစရာ မလိုပါဘူး။
လက်ရှိအခြေအနေရဲ့ ဒုက္ခသုက္ခတွေကို
လက်မခံ ငြင်းဆန်နေဖို့ မလိုဘူး။
အရာကိစ္စတွေဟာ တသမတ်တည်း ရှိမနေဘဲ
ပြောင်းလဲသွားတတ်တယ်။
အနာဂတ်ဆိုတာ ရေရာသေချာမှု မရှိဘူး။
ဘ၀တလျှောက် ရေစီးတခါ ရေသာတလှည့် ၊ မှန်ကင်းတစ်လှည့် ထင်းတစ်လှည့် ဆိုတဲ့ သဘောတရာတွေကို နားလည်လက်ခံထားပြီး အကောင်းဆုံးကြိုးစားနေဖို့ပါပဲ။
အဆိုးပြီးရင် အကောင်းလာမှာပါ။
အမှောင်ကို ကျော်ဖြတ်ပြီးရင် အလင်းဆီ ရောက်မှာပါ။
အဆိုးကို ဖယ်ရှားပြီးရင် အကောင်းကို တွေ့မှာပါ။
ဘာမှ မလုပ်ဘဲ မျှော်လင့်ချက်ထားနေရုံနဲ့တော့ မရဘူးပေါ့။
ကျော်ဖြတ်စရာတွေ ကျော်ဖြတ်ပါ။
ဖယ်ရှားစရာတွေ ဖယ်ရှားပါ။
အလင်းဆီ ရောက်မှာ အသေအချာ…
အကောင်းကို တွေ့မှာ ရေရာ…
ချစ်ခြင်းဖြင့်
Lorentz Myo
အကြောက်တရားက သေခြင်းတရားထက်
လူသားတွေကို သေလမ်းနဲ့ ပိုနီးစေတယ်လို့ဆိုတယ်။
ကြိုမသိနိုင်တဲ့ သေခြင်းတရားက
လူကို တကြိမ်ပဲ သေစေတယ်။
ဒါပေမယ့် ကိန်းအောင်းနေတဲ့
အကြောက်တရားက အခါခါ ကျနော်တို့ကို
ရက်ရက်စက်စက် သတ်နေတယ်။
အကြောက်တရားကို ရှောင်ပြေးရင်
ခွေးလိုပဲ အနောက်က တကောက်ကောက် ပါလာတတ်တယ်။
မျက်လုံးတွေကို မှိတ်ပြီး ငါမကြောက်ပါဘူးလို့ လိမ်ညာဟန်ဆောင်နေတာကတော့ မလုပ်သင့်တဲ့ အဆိုးဆုံးအရာ ဖြစ်ပြီး ကျနော်တို့ အများစု ပြုလုပ်နေကြပါပဲ။
အကြောက်တရားနဲ့ နာကျင်ရမှုတွေကို မရှိဘူး မကြောက်ဘူးဆိုပြီး ဟန်ဆောင်နေနေတဲ့ ဘ၀ဟာ အရှင်လတ်လတ် မြေမြှုပ်ခံထားရသလိုပဲ လို့ဆိုပါတယ်။
တကယ်တော့ ....
အကြောက်တရားနဲ့ နာကျင်ရမှုတွေကို
မျက်စိမှိတ်ရှောင်ရှားရမှာ မဟုတ်ဘဲ
မျက်စိကို ကျယ်ကျယ်ဖွင့်လို့ စိတ်ကို ရဲရဲလွှင့်လို့
နည်းလမ်းရှာ အင်တိုက်အားတိုက်နဲ့
အကြောက်တရားကို မကြောက်တရားအဖြစ်
ကျော်လွှားအနိုင်ယူကြရမှာပါ။
ဒါမှ လုံခြုံအေးချမ်း စိတ်ရွှင်လန်းတဲ့
အနာဂတ်နေ့ရက်တွေကို ကိုယ်စီပိုင်ဆိုင်နိုင်မှာ မဟုတ်လား။
အကြောက်တရား ရဲ့ အခြားတဖက်မှာ
လုံခြုံကောင်းမွန်တဲ့ ရိပ်မြုံတစ်ခု ကြိုလင့်နေတယ်။
အကြောက်တရားကန့်လန့်ကာကို
နည်းနည်းလေး လှစ်ဟရဲမယ်ဆိုရင်
အကောင်းမွန်ဆုံးဆိုတာတွေ ဖန်တီးနိုင်ခွင့် ရလာပါလိမ့်မယ်။
အကြောက်တရားကို ကျော်လွှားရဲသူများ ဖြစ်ပါစေ...
ချစ်ခြင်းဖြင့်
Lorentz Myo
ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ တန်ဖိုးထားဖို့အတွက်
ကျနော်တို့ဟာ ဆက်တိုက် အောင်မြင်နေစရာ
မလိုပါဘူး။
ချစ်ခြင်းမေတ္တာဆိုတာ
လိုချင်တဲ့ပန်းတိုင်ရောက်မှ
သင့်ကိုယ်သင် ပေးရမယ့် အရာ မဟုတ်ပါဘူး။
မျက်မှောက်ကာလရဲ့ အခြေအနေများစွာက
ကျနော်တို့ကို တိုးတက်ဖို့ရာ
ပိုမိုကြိုးစားဖို့ရာ ဖိအားတွေပေးနေတယ်ဆိုတာ မှန်ပါတယ်။
ဒါပေမယ့် သင့်ကိုယ်သင်ချစ်ဖို့ တန်ဖိုးထားမှုကိုတော့ အဲ့လိုဖိအားတွေကြောင့် အပျောက်ပျက်ခံလို့ မဖြစ်ပါဘူး။
ကျနော်တို့ဟာ
ချစ်ခြင်းမေတ္တာတွေနဲ့ ထိုက်တန်စွာ
မွေးဖွားခဲ့တယ်။
ခုထိလည်း ချစ်ခြင်းမေတ္တာနဲ့
ထိုက်တန်နေတုန်းပါပဲ။
ဘာတွေပဲ ဖြစ်နေပါစေ...
ကိုယ့်ကိုယ်ကိုယ် ကြငိနာပါ။
ကိုယ့်ကိုယ်ကိုယ် ချစ်ပါ။
ဒါကို လုံး၀ မမေ့ပါနဲ့။
တီထွင်ကြံဆ လုပ်ကိုင်မှုကို
ရှုပ်ထွေးပွေလီတယ်လို့ ထင်မှတ်ပြီးတော့
လူအများစုက တီထွင်ကြံဆလုပ်ကိုင်ဖို့ ဖင့်နှေးတတ်ကြတယ်။
တကယ့် တကယ်တော့
ရှုပ်ထွေးပွေလီပြီး
အနားမယူနိုင်လောက်အောင် အလုပ်များနေရတဲ့ ဘ၀မှာ
မလိုလားအပ်တံ့ ကိုယ့်အတွက် အဆိပ်အတောက် ဖြစ်စေတဲ့
အရာတွေကို ဖယ်ရှားတိုက်ထုတ်ဖို့ လိုကိုလိုပါတယ်။
အဲ့လိုမှပဲ ကျနော်တို့ဟာ ရိုးရှင်းမှုကို ရှာတွေ့နိုင်မယ်။
တီထွင်ကြံဆ လုပ်ကိုင်လာနိုင်ပါလိမ့်မယ်။
အတွေးတွေများ စိတ်တွေရှုပ်နေတဲ့ အခါ
တက်ကြွဖျတ်လတ်ဖို့
ထက်သန်တဲ့ စိတ်ရှိဖို့ ဆိုတာ မဖြစ်နိုင်သလောက်ပါ။
ခုနကပြောခဲ့တဲ့ နည်းအတိုင်း
ပကတိ ကြည်လင် ရိုးရှင်းမှုကို ကြိုးစားနိုင်မယ်ဆိုရင်
လိုချင်တဲ့ ပန်းတိုင် ရည်မှန်းချက် ကို
ရှင်းရှင်းလင်းလင်း သိလာမယ်။
အဲ့လို ရှင်းရှင်းလင်းလင်း သိလာမယ် ဆိုရင်
နည်းလမ်းကောင်းတွေ ပိုတွေ့လာမယ်။
စိတ်ဓာတ်တွေ တက်ကြွလာမယ်။
ကြိုးစားချင်စိတ် ဖြစ်လာမယ်။
အားထုတ်မှုတွေ တိုးလာမယ်။
ဒီလိုဆို
လိုချင်တဲ့ ပန်းတိုင်ကို ရောက်ပြီပေါ့။
မလိုတာတွေ ရှင်းထုတ်ပါ။
ပကတိ တည်ကြည်မှု ရဖို့ အားထုတ်ပါ။
လိုချင်တဲ့ ပန်းတိုင် ရောက်ကြပါစေ။
ချစ်ခြင်းဖြင့်
Lorentz Myo
လူအများစုက တကယ်တော့
ဘယ်တော့မှ တကယ် အာရုံစူးစိုက်မှု မလုပ်ကြဘူးတဲ့။
အကြောင်းအရာကိစ္စ အများကြီးကို
တပြိုင်နက်တည်း တွေးပြီးတော့
ကိုယ့်ကိုယ်ကိုယ် ထိုခိုက်လွယ်စေတဲ့
စနစ်မကျတဲ့ ကစဉ့်ကလျား ဖြစ်ရပ်တွေကို
ဆက်တိုက်ခံစားကြတယ်။
အဆိုးမြင် အတွေးတွေကို ဆက်တိုက်တွေးတာကြောင့်
ဘ၀အတွက် အာရုံစူးစိုက်ရမယ့် အရာတွေက ပျောက်ဆုံးရတယ်။
ရည်မှန်းချက် ပန်းတိုင်ကို အာရုံစိုက်ရမှာထက်
စိုးရိမ်ပူပန်မှုတွေ ကြောက်ရွံ့မှုတွေကြောင့် အင်အားတွေ လျော့ရတယ်။
ဒါပေမယ့် ကျနော်တို့ လိုချင်တဲ့ အရာကို
တကယ် အလေးအနက် အာရုံစိုက်ရင်
အဲ့တာက တကယ် ဖြစ်လာမှာပါ။
ဘာအရေးကြီးဆုံးလဲဆိုတာ တွေးပါ။
အာရုံစိုက်ပါ။ နည်းလမ်းရှာပါ. ကူညီပါ။
ဖြစ်အောင် လုပ်ပါ။
( Page ရဲ့ အကြောင်းအရာတွေကို ကြိုက်နှစ်သက်တယ်ဆိုရင် သူငယ်ချင်းတွေကို share ပေးဖို့နဲ့ Page ကို Review Tab မှာ rating လေး ပေပေးဖိုံ မေတ္တာရပ်ခံပါတယ် )
ဘ၀ဆိုတာ အတက်ခရီး ၊ ပိုကောင်းတဲ့နေရာ ရောက်မယ့် လှေကားထစ် ၊
တလှမ်းချင်းစီဟာ ရှေ့ကို ရောက်မယ်ံ ခြေလှမ်းတွေ စသဖြင့် သင်ယူခံရပြီး ကြီးပြင်းလာရတာများပါတယ်။ တကယ့် လက်တွေ့မှာတော့ ဘ၀ဆိုတာ သေချာရေရာမှု မရှိပါဘူး။ အတက်အဆင်း အနိမ့်အမြင့် အတက်အကျ တွေနဲ့ ပြည့်နေတာပါ။
သေချာတာ တစ်ခုကို ပြောပါဆိုရင်တော့ ကြုံနေရတဲ့ အခြေအနေကို ပြောင်းလဲနိုင်ခြင်းပါပဲ။
ဒါပေမယ့် သိထားရမှာက ပြောင်းလဲခြင်းဆိုတာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ရတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ကိုယ်တိုင်အားစိုက်ရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ဆုံးဖြတ်ချက် ခိုင်မာဖို့ နဲ့ ခံနိုင်ရည်ရှိဖို့ လိုအပ်ပါတယ်။ ခါးသီးတဲ့ အမှန်တရားတွေကိုလည်း ကြည့်တတ်မြင်တတ်ဖို့ လိုပါတယ်။
အဆိုးမြင်သမားက အခွင့်အလမ်းတိုင်းကို အခက်အခဲ လို့မြင်တယ်။ အကောင်းမြင်သမားကတော့ အခက်အခဲတိုင်းကို အခွင့်အလမ်းလို့မြင်တယ်။
ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီရဲ့ ကမ္ဘာကျော်အဆိုအမိန့်တစ်ခုပေါ့။
အပြုပြင်သမားက သက်တမ်းပိုရှည်တယ်။
ကိုယ်ခံအားကောင်းစေတာမို့ နာမကျန်းဖြစ်တာ ပင်ပန်းနွမ်းနယ်တာ ၊ ထိခိုက်ခံစားရတာတွေ သိပ်ဖြစ်လေ့
မရှိဘူး။ နှလုံးကျန်းမာရေးကို ကောင်းစေတယ်။
နေမကောင်း ဖြစ်ရင်တောင် နလန်ထ ပိုမြန်တယ်။ ပိုပြီး အေးချမ်းတယ်။ ပျော်ရွှင်တယ်။ အင်ပြည့် အားပြည့်နဲ့ လုပ်သင့်လုပ်ထိုက်တာကို တည်တည်ငြိမ်ငြိမ်နဲ့ အကောင်းဆုံး ဖြေရှင်းနိုင်တယ်။
ကိုယ့်ရဲ့ အစားအသောက်နဲ့ နေထိုင်မှု ပုံစံကို ပြောင်းနိုင် သလိုမျိုးပဲ ကိုယ့်ရဲ့ ခံယူချက်ကိုလည်း ပြောင်းနိုင်တယ်။ ပြောင်းတယ် ၊ မပြောင်းဘူးဆိုတာကတော့ သင့်သဘော။
စိတ်အေးအေးထားတွေးတောမယ်ဆိုရင် လူသားဆန်တဲ့ အမြင့်မားဆုံးရွေးချယ်မှုကို ငါတို့ လုပ်နိုင်တယ် ၊ နူးညံ့သိမ်မွေ့တဲ့ နှလုံးသားရဲ့ ဆန္ဒကို ငါတို့ဖော်ဆောင်နိုင်တယ်။ လိုအပ်နေသူတွေအတွက် သက်တောင့် သက်သာဖြစ်ဖို့ စိတ်အေးရဖို့ ငါတို့ အကူအညီတွေပေးနိုင်တယ်။
ဘ၀မှာ ဖြစ်ပျက်လာတာတွေက ကျနော်တို့ရဲ့ ကိုယ်နဲ့စိတ်ကျန်းမာမှုကို မဆုံးဖြတ်နိုင်ဘူး။ အဲ့ဒီအခက်အခဲတွေကို ကျနော်တို့ ဘယ်လိုရင်ဆိုင်တုံ့ပြန်လဲဆိုတာကသာ ဆုံးဖြတ်နိုင်တာ။
မြက်ခင်းတစ်ခင်းထက် တခြားမြက်ခင်းက ပိုစိမ်းလန်းနေမှာပဲ။ ကိုယ့်ရဲ့ စိမ်းစိုနေတဲ့ မြက်ခင်းကို မေ့ပြီး တခြား မြက်ခင်းကို အာရုံစိုက်နေရင် ဘယ်တော့မှ ငြိမ်းချမ်းပျော်ရွှင်ရမှာ မဟုတ်ဘူး။ ဒါက အပျင်းကြီးပြီး ဘာမှ
မလုပ်ဘဲနေခိုင်းတာ မဟုတ်ဘူး။ တနေ့ထက်တနေ့
ကိုယ်တတ်နိုင်သလောက် အစွမ်းကုန်ကြိုးစားနေရမယ်။ အလုပ်လုပ်နေရမယ်။ လှူနေရမယ်။ ကူနေရမယ် စသဖြင့်။ အဲ့လို လုပ်နိုင်တာကို ကျေနပ်ဖို့ပြောချင်တာ။ သူများနဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် စိတ်တက်တာ စိတ်ကျတာမျိုး မဖြစ်ပါစေနဲ့။
အတွေးနဲ့ ခံယူချက်ဟာ လုပ်ဆောင်ချက်တွေ ဖြစ်လာတယ်။ လုပ်ဆောင်ချက်တွေက ကမ္ဘာကြီးကို ဖန်တီးလိမ့်မယ်။ ဘယ်လိုရပ်ဝန်းမှာ သင်နေချင်လဲ။ သင့်ရဲ့နောင်လာနောက်သားတွေကို ဘယ်လိုအမွေ ပေးခဲ့ချင်လဲ။
ပျော်ရွှင်သူတွေဟာ ပေးလှူနေသူတွေပဲ ဆိုတဲ့ စကားလေးရှိတယ်။ ကိုယ့်စိတ်ထဲ တကယ်ပါမှနော်။ ကျော်ဇောချင်စိတ် ၊ ကိုယ့်အကျိုးလိုလို့ ညောင်ရေလောင်းစိတ်နဲ့ လှူတာကတော့ အစစ်အမှန် ပျော်ရွှင်ရမှာ မဟုတ်ဘူး။ ကိုယ်ဘယ်လောက်ပဲ ဝင်ငွေရသည် ဖြစ်ပါစေ….အဲ့ထဲက ကိုယ်တတ်နိုင်တဲ့ မဆိုစလောက်လေး လိုအပ်တဲ့နေရာကို လိုအပ်တဲ့လူကို ကျေကျေနပ်နပ် ပေးကမ်းလှူဒါန်းတယ်ဆိုရင် ရလာတဲ့ ပီတိက ဘာနဲ့မှ မတူတာ ခံစားရလိမ့်မယ်။ ပျော်ရွှင်နေတာကို ခံစားရလိမ့်မယ်။ ကနေ့ လှူပြီးပြီလား။ မလှူရသေးရင် လှူပါ။
သုံးရင် သုံး မသုံးရင် ဦးနှောက်ယိုယွင်းပျက်စီးမှာပါ။ အရက်သေစာ မူးယစ်ဆေးဝါး ရှောင်ပါ။ ကြီးသည် ဖြစ်စေ ငယ်သည် ဖြစ်စေ ဦးနှောက်ကို နေ့စဉ် အလုပ်ပေးပါ။ အသစ်အဆန်းကို လေ့လာသင်ယူပါ။ ( ဘာသာစကား ၊ လက်မှုပညာ စသည် ) ။
ရောက်တတ်ရာရာ ရေးတာတွေကြား အဆုံးသတ်ပြောရရင်တော့…
အကောင်းမြင်စိတ် ဆိုတာ ဘာလာလာ အကောင်းမြင်မယ် ပြောချင်တာ မဟုတ်ပါ။ ရှိနေတဲ့ အခြေအနေကို တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ပြီး ပိုပြီးကောင်းမွန်အောင် တီထွင်ကြံဆနိုင်ခြင်း နဲ့ အဲ့အတိုင်း အကောင်အထည် ဖော်ခြင်းက အကောင်းမြင်စိတ်ရဲ့ အနှစ်သာရပါ။
လူသားဆန်မှုနဲ့ ပေးကမ်းလှူဒါန်းမှုက သင့်ကို ပျော်ရွှင်အေးချမ်းမှု ရစေမှာပါ။
ဦးနှောက်အတွက် နေ့စဉ် လေ့လာသင်ယူပါ။
မင်းရဲ့ ခံယူချက်ဟာ မင်းရဲ့ အခွင့်အရေးပါ။
ကိုယ့်ရဲ့ ခံယူချက်က ကို အဆုံးသတ်ရလဒ်ကို
ဆုံးဖြတ်ပေးလိမ့်မယ်။
ခံယူချက် မှန်ပါစေ။ လုပ်ဆောင်ချက် မှန်ပါစေ။ အောင်မြင်မှု ရပါစေ။
ချစ်ခြင်းဖြင့်သာ...
ဘ၀မှာ ဖြစ်လာသမျှကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်ဖြေရှင်းနိုင်စွမ်း ရှိတယ်ဆိုရင် စိတ်ရောကိုယ်ရော အတွက် ကောင်းကျိုးတွေ အတော မသတ်နိုင်အောင် ရနိုင်ပါတယ်။
ဘာကြောင့်လဲဆိုတော့ စိတ်ဖိစီးမှုတွေနဲ့ မွန်းကျပ်မှုတွေက ရေရှည်မှာ ခန္ဓာကိုယ်ကို ထိခိုက်စေလို့ပါပဲ။
အဲ့ဒီ ဆိုးတဲ့ ခံစားမှုတွေကို ထိန်းချုပ်နိုင်ရင် ...
ကျနော်တို့ ပိုကျန်းမာလာမယ်။ ပိုပြီးတော့ အာရုံစိုက်လာနိုင်မယ်။
လုပ်နေတဲ့ ကိစ္စတွေကို စိတ်ဝင်စားမှုအပြည့်နဲ့ အပြုသဘော တွေးနိုင်လာမယ်။ အသိဉာဏ်တွေ ပိုပွင့်လင်းလာမယ် ။
မှန်ကန်တဲ့ ကျိုးကြောင်းခိုင်လုံတဲ့ ဆုံးဖြတ်ချက်တွေ ချလာနိုင်မယ်။ စားလို့သောက်လို့ နေလို့ထိုင်လို့ ကောင်းလာမယ်။
စိတ်ဖိစီးမှုကြောင့် ဖြစ်လာတဲ့ မွန်းကျပ်မှုတွေသာ ကျနော်တို့မှာ ရှိမနေခဲ့ရင် အဲ့ဒီ အချိန်လေးဟာ အရမ်းကို လွတ်လပ်ပေါ့ပါးတဲ့ အချိန်လေးဖြစ်မှာပါ။
ဘာပဲ ဖြစ်ဖြစ်ပါလေ ဖြစ်လာသမျှကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်လာနိုင်တဲ့ အခါ နေပျော်စရာကောင်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်မှာ အသေအချာပါပဲ။
တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်အောင်ကြိုးစားပါ။
သင်ပျော်ရွှင်ရပါလိမ့်မယ်။
ချစ်ခင်မှုဖြင့်
Lorentz Myo
Website
Opening Hours
Monday | 09:00 - 17:00 |
Tuesday | 09:00 - 17:00 |
Wednesday | 09:00 - 17:00 |
Thursday | 09:00 - 17:00 |
Friday | 09:00 - 17:00 |