Signature Myanmar Art

Signature Myanmar Art

Forward

Photos from Signature Myanmar Art's post 18/09/2024

ရေဘုရင် ဆုဝေထွန်း...

ရေဘုရင်ဆုဝေထွန်းနှင့်ပတ်သက်၍ ဇာတ်လမ်းကလေး ရှိသည်။
ထိုအချိန်က ဗမာပြည်တွင် ရေဆေးကို မည်သူကစခဲ့သည်။ မည်သူတွေကလုပ်ခဲ့သည်။ ရေဆေးအကြည်၊ ရေဆေးအနောက်စသဖြင့် တော်တော်အာရုံနောက်စရာ ကောင်းခဲ့သည်။
ထိုသို့သောကိစ္စမျိုးကို ပေါ်သိမ်းက အမြင်ကပ်သည်။ ပေါ်သိမ်းက ရေဆေးအဖွဲ့အစည်းတို့၊ ရေဆေးပန်းချီတို့ကို အာရုံနောက်ခြင်းမဟုတ်။ ရေဆေးပန်းချီကို ရေကို ရေလိုရေးခြင်းကို လက်ခံသူ ဖြစ်သလို၊ သဘောကျသူလည်း ဖြစ်သည်။ ထိုသို့မဟုတ်ဘဲ မယောင်ရာဆီလူး ပြောနေခြင်းမျိုးများကို နားကြားမြင်းကတ်နေသည့်သဘော ဖြစ်သည်။

တစ်နေ့တွင် ထိုသို့ပြောဆိုနေကြသည့်အပေါ် "အေးကွ၊ ဒီမှာကတော်တော်ပြဿနာပဲ"။ ပေါ်သိမ်း ထိုသို့ပြောခြင်းမှာ မယောင်ရာဆီလူး ပြောနေသူ အချို့က မီဒီယံ(medium)ကို အမွန်းတင်နေသည့်အတွက် aesthetics တို့၊ art တို့ဆီ မရောက်တော့ဘဲ ဖြစ်နေခြင်းကို ပြောလိုခြင်းကြောင့် ဖြစ်သည်။ မီဒီယံကိုပင် မည်သူကဖြင့်က ရေဆေး၊ မည်သူကက ဆီဆေး၊ နောက်တခါ ရေဆေးကို မည်သူကစသည်။ ဆီဆေးကို မည်သူက စသည် စသဖြင့် ထိုအချိန်က တော်တော်လေး ပြောနေကြချိန် ဖြစ်သည်။ မန္တလေးကလည်း မန္တလေးရေဆေးအသင်း၊ ရန်ကုန်ကလည်း ရန်ကုန်ရေဆေးအသင်းစသဖြင့် ထိုသို့ရှိနေကြခြင်းကို ပေါ်သိမ်းတို့က ပြောခြင်း မဟုတ်ပေ။ မည်သူက ကောင်းသည်၊ မည်သူက မကောင်း။ ထို့ပြင် ရေဆေးပန်းချီကို မည်သူက ချစ်သည်။ ထိုသို့ဆိုသော် ကျန်လူများက မချစ်တော့သလို ဖြစ်မနေပေလော။

တဖန် မည်သူရေးပုံက ကြည်သည်ဆိုတော့၊ တစ်ခြားသူရေးပုံက မကြည်သလို ဖြစ်မနေပါသလော။ တကယ်ကြည်မကြည်မှာ ပစ္စည်းကောင်းမသုံးလျှင် မကြည်တာ သေချာသည်။ လက်ကလည်း သူ့ဟာသူ ကြည်ခဲ့၍သာ ဦးချစ်မြဲ၊ သို့မဟုတ် ရေမင်းသား၊ သို့မဟုတ် တိမ်ကျော်လှိုင် ဖြစ်လာကြခြင်း ဖြစ်သည်။ ထိုကိစ္စကို သူတို့ကပြောရမည် မဟုတ်ပေ။ ထိုသို့အပြောဖြင့်သာ စွတ်ပြောနေကြပြီး လက်တွေ့တွင် အပြောနှင့် အရေး ထပ်တူမကျသောအခါတွင် တစ်နေ့သ၌ ပေါ်သိမ်းသည် စိတ်ချဉ်ပေါက်ပေါက်ဖြင့် သူ့ပန်းချီသင်တန်းသို့ လာတက်နေသည့် နန်းယုမှ ခေါက်ဆွဲအကြော်ဆရာ မူရင်းနာမည် သိန်းမောင်ကို ဆုဝေထွန်းလုပ်၍ အမြင်ကပ်ကပ်ဖြင့် ရေဘုရင်ဟု အမည်ပေးလိုက်ကာ ရေဘုရင်ဆုဝေထွန်းဟူ၍ ရေဆေးပန်းချီပြပွဲ လုပ်ပေးလိုက်တော့သည်။

ထိုသို့ လုပ်လိုက်သဖြင့် စောစောက ပြောနေကြသူများ ကော့သွားလေတော့သည်။ မနေ့တနေ့ကမှ ပန်းချီသင်တန်းလာတက်သူကို သူ့ဘာသာသူ ရေဆေးပန်းချီပြပွဲလုပ်ပေးပြီး ကျန်သူများကို ပေါ်သိမ်းက ဆော်လိုက်ခြင်း ဖြစ်ပေသည်။ ယင်းမှာ ပေါ်သိမ်း၏ အရွဲ့တိုက်စိတ် ဖြစ်သည်။ "ရွဲ့တာ ရွဲ့တာ။ အဲဒါ သူ့တပည့်ရဲ့ ပြပွဲ" ဟု ဆရာဖေညွှန့်ဝေက ရေဘုရင်ဆုဝေထွန်း ဇာတ်လမ်းကို ပြောပြသည်။

ပန်းချီပေါ်သိမ်း လှိုင်ဘွားပြုစုသည်မှ တစိတ်တစ်ပိုင်းမျှဝေသည်။

Sharing About Art by Signature Myanmar Art
These photos are downloaded and complied from various websites & facebook accounts just for educational purposes.
Credit to the Collectors of these artworks.

Signature Myanmar for Art lovers.

Photos from Suvannabhumi Art Gallery's post 17/08/2024
Photos from Signature Myanmar Art's post 16/05/2024
15/05/2024

ငြိမ်းချမ်းစွာ အနားယူပါဆရာ...

Our Deepest Condolences to Artist Soe Naing

Rest in Peace

May 15, 2024

10/05/2024

စိန်ပန်းနှင့်....နွေ 💞💚

BLOOSOM of SUMMER
Artist:MT.Oung
48 x 72in
Oil on canvas
2024
collected
Photo credit: Ko Khun Thu Ra

Photos from Signature Myanmar Art's post 10/05/2024

Photos from Signature Myanmar Art's post 08/05/2024

ပြောင်းလဲသွားတဲ့ ရသ...

⬛ Aesthetic ''ရသပညာ'' မှာကော အရင်က artwork တွေနဲ့ အခု artwork တွေမှာကော ပြောင်းလဲသွားသေးလား။

အများကြီး ပြောင်းတာပေါ့။
အရင်က အများစု အနေနဲ့ခြုံပြောရင် "သန္တရသ" ။......အများစုရဲ့လက်ရာဟာ "သန္တရသ"ပေးတယ်လို့ ပြောရမယ်။

ဒီခေတ်လက်ရာတွေဟာ အဲဒီ "သန္တရသ"မဟုတ်တော့ဘူး။ အခုခေတ်လက်ရာ အများစုမှာ "သန္တရသ" မရှိသလောက်ဖြစ်သွားပြီ။ ကြောက်ရွံ့ထိတ်လန့်ဖွယ်တို့၊ နောက်တစ်ခါစက်ဆုပ်ဖွယ်...အများကြီးပါပဲ။
သန္တရသနဲ့ဆန့်ကျင်ဘက်တွေချည်းပဲ။
အဲဒါတွေကျတော့ ကျွန်တော်တို့ လူ့အဖွဲ့အစည်းနဲ့လဲဆိုင်လိမ့်မယ်။

တော်တော့်ကို ပြောင်းလဲသွားပြီ။ အဲဒါကတော့ သိသာတယ်။ ဘယ်အနုပညာလက်ရာမှာမှ သန္တရသ မရှိတော့ဘူး။
ကျန်တော့်လက်ရာမှာလဲ မပါတော့ဘူး။ အဲဒါကို ပြောဖို့ပြဖို့မကြိုက်တော့တာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ခေတ်အခြေအနေ၊ သူတို့ရဲ့ လူနေမှု အခြေအနေ၊ အရင်ခေတ်အခြေအနေနဲ့ ကျန်တော်တို့နဲ့ တူမှမတူတော့တာ။ သူတို့ခေတ်တုန်းက အေးအေးဆေးဆေးနေခဲ့ရတယ်။ တစ်ယောက်နဲ့တစ်ယောက် ဆက်ဆံတဲ့အခါမှာ သိမ်သိမ်မွေ့မွေ့နဲ့။ ခုခေတ်မှာအဲလိုမျိုးမှ မရှိတော့တာ။
Work တွေက အဲတာကို တုန့်ပြန်တဲ့သဘောမျိုးနဲ့ဆိုတော့ work တွေက တကယ့်ကို ကြမ်းကြမ်းတမ်းတမ်းကြီးထွက်လာတာ။ ရသတော့ ရသပဲ။ ဒါပေမဲ့ အဲဒီရသက ဟိုအရင်ခေတ်က ရသမျိုးမဟုတ်တော့ဘူး။ ဒါဟာ အခြေခံ အကျဆုံး အရှင်းဆုံးကိစ္စပဲ။
လူတွေရဲ့ အလှတရားစံနှုန်းတွေ ပြောင်းသွားတာလဲ ဖြစ်မှာပါ...။

ဒေါက်တာအောင်မင်းနှင့် အင်တာဗျူး

ပိုပိုနှင့် တွေ့ဆုံခြင်း မှ
( Beauty မဂ္ဂဇင်း၊ ၂၀၀၄၊ ဒီဇင်ဘာလ)
တစ်စိတ်တစ်ပိုင်းမျှ ကူးယူဖော်ပြထားခြင်းသာဖြစ်ပါတယ်။

ပုံတွေက Artist San Minn ရဲ့ Artwork တွေပါ။
မူရင်းပိုင်ရှင်တွေကို လေးစားစွာ credit ပေးပါတယ်။

By Signature Myanmar Art

Photos from Ames Yavuz's post 06/05/2024

PO PO
Ascending
Primeval Codes

Photos from Signature Myanmar Art's post 25/04/2024

သဘာဝတရားက လှပအောင်ဖန်တီးပေးတဲ့ တောတွေ

တောင်တွေ. ရေတွေ တိမ်တွေက အနုပညာမဟုတ်ဘူး

လူကဖန်တီးလိုက်တဲ့ အမှိုက်ပုံကအစ. အရာအားလုံးက.

အနုပညာဘဲလို့ ဆိုစကားကြားဘူးခဲ့တယ် .

'' ငြိမ်းချမ်းစွာ အနားယူပါ ''

Rest In Peace Mg Mg Hla Myint

By Signature Myanmar Art

Photos from Signature Myanmar Art's post 21/04/2024

စာအုပ်ဟာ လူတစ်ယောက်ကို ဘဝစုံစေတယ်။ အမြင်နှံ့စေတယ်။

စာအုပ်မရှိလဲ ဘဝစုံနိုင်တာပါပဲ။ အမြင်နှံ့နိုင်တာပါပဲ။ ဒါပေမယ့် စာအုပ်ကတော့ ဘဝပိုစုံစေနိုင်တယ်။ အမြင်ပိုနှံ့စေနိုင်တယ်။

လူတစ်ယောက်ဟာ တသက်လုံး အကောင်းချည်းမကြုံရပေမယ့် လူ့ဘဝရဲ့ အကောင်းတရားတွေကို စာအုပ်ကြောင့် သိနိုင်တယ်။ အဆိုးချည်းမကြုံရပေမယ့် လူ့ဘဝရဲ့ အဆိုးတရားတွေကို စာအုပ်ကြောင့် သိနိုင်တယ်။ ဆင်ခြင်တုံတရား ပါရမီ မကြီးမားပေမယ့် လောကအမြင်တွေကို စာအုပ်ကြောင့် ကျယ်ကျယ်ပြန့်ပြန့် နှံ့နှံ့စပ်စပ် ရနိုင်တယ်။

စာအုပ်ဟာ ရေလှောင်ကန်ကြီးနဲ့ တူတယ်။ ရေလှောင်ကန်ကြီးဟာ စီးဝင်သမျှရေတွေကို သိုလှောင်ထားပြီး လူတွေအကျိုးရှိဖို့ ပြန်ထုတ်ပေးတယ်။ စာအုပ်ကလဲ လူ့ဘဝရဲ့ အကောင်းတရားတွေ၊ အဆိုးတရားတွေ၊ လောကအမြင်တွေကို သိုလှောင်ထားပြီး လူသားတွေ အကျိုးရှိဖို့ ပြန်ထုတ်ပေးတယ်။
ရေလှောင်ကန်ကြီးက မိုးခေါင်ရင် ရေခမ်းသေးတယ်။ စာအုပ်ကတော့ ဘယ်တော့မှ လောကတရား၊ လောကအမြင်တွေ ကုန်တယ် ခမ်းတယ် မရှိဘူး။

ဟံသာဝတီ...အပြာ

The Portraitof U Win Tin
Ko Nanda

By Signature Myanmar Art

Photos from 国际艺象。Impression Arts's post 20/04/2024
10/04/2024

စကြာဝဠာအနန္တရှိသည့်အနက် မိမိတို့၏ စကြာဝဠာသည်တစ်ခု။

ထိုစကြာဝဠာထဲတွင် ဂြိုလ်တွေများစွာ ရှိသည့်အနက် မိမိတို့ ကမ္ဘာမြေကြီးသည် ဂြိုလ်လေးတစ်ခု ။

ကမ္ဘာမြေကြီးပေါ်တွင် နိုင်ငံများစွာရှိသည့်အနက် မိမိတို့နိုင်ငံသည် နိုင်ငံကလေးတစ်ခု ။

ထိုနိုင်ငံကလေးထဲတွင်မှ လူ့အသက်ပေါင်းများစွာ...

စစ်ပွဲပေါင်းများစွာ...

Signature's Collection

Photos from Signature Myanmar Art's post 07/04/2024

ပုဂံမှာပြသနေတဲ့ Artist ~ Myat Kyaw Khaung ရဲ့ " Spring Song ''

The 4446 Gallery of Art (Bagan)
Artist ~ Myat Kyaw Khaung
3rd Solo Exhibition
April 5 to 9



Artist Profile
https://www.facebook.com/myatkyawkhaung.myatkyawkhaung.58?mibextid=ZbWKwL

Photos from Signature Myanmar Art's post 06/04/2024

တချိန်က ထောင့်မှန်မီးအိမ် ပန်းချီပြပွဲ

၁၉၈၅ ခုနှစ်

'' ဘဝနဲ့ သေခြင်းတရားကြား
ပြင်ညီမျက်နှာပြင်များပေါ် ထွန်းညှိခဲ့တဲ့
နာမ်ဓာတ်ရဲ့အလင်းရောင်များ ''

ထောင့်မှန်မီးအိမ် ဆိုတဲ့ အမည်ကို ဦးချမ်းအေး (Artist Chan Aye)က ပေးခဲ့တာလို့သိရပြီး မန္တလေးမှာ ခေတ်ပေါ်အနုပညာလက်ရာတွေချည်း စုစည်းပြသခဲ့တဲ့ အစောဆုံးပြပွဲတွေထဲကတစ်ခုပါ။

#ထောင့်မှန်မီးအိမ် # ပြပွဲ
Rectangular Lantern Art Show 1985 -March- (5th to 10th)
Artist List: Aye Aye Mar, Aye Chan ,. Aung Myint, Chan Aye. Cho Cho Aung, Cho Gyi ,.Khin See Win, Kyee Myint Saw,. M P P Yei Myint,. San Minn
# 1985 #

ပုံတွေအတွက် မူရင်းရိုက်ကူးသူကို credit ပေးပါတယ်။

Photos from Lokanat Galleries's post 23/03/2024
Photos from Signature Myanmar Art's post 21/03/2024

ကိုခင်မောင်ရင် နှမလက်လျှော့ ရုပ်ရှင်ရိုက်ပါပြီ။
ဗြိတိသျှဗားမားရုပ်ရှင် ဦးနေဝင်းက ရုပ်ရှင်စတူဒီယို၊ စက် စသည်များ ကူညီသည်။ပြင်ပရိုက်ကွင်းများကိုမူ ဦးထွန်းလင်းခြံ လမ်းဆုံး နှစ်ထပ်အိမ်ကလေးတွင် အခြေချရိုက်သည်။ အသံဘက်ဆိုင်ရာ တာဝန်ခံမှာ ဦးဖိုးဘီးဖြစ်၍ ကျွန်တော်နှင့် အတော်ခင်မင်ရင်းနှီးမှုရှိခဲ့ပါသည်။ထိုဇာတ်ကား၏ ဇာတ်ဝင်သီချင်း အဆိုရှင်များမှာ ကိုသန်းလှိုင်၊ ဒေါ်တင်တင်မြ၊ ဒေါ်မာမာအေးနှင့် မန္တလေးမြို့မ။ ဇာတ်ဝင်သီချင်းတစ်ပုဒ်ဖြစ်သည့် '' ပန်းတွေနဲ့ဝေ '' ကို သီဆိုသူမှာ ဝင်းဖေ (ပန်းချီ/ဒါရိုက်တာ) အချို့နေရာများမှာ အနောက်ပိုင်း ဂန္တဝင်ဂီတ ဓာတ်ပြားများမှ အသံတို့ကို အသုံးပြုခဲ့ပါသည်။ တချို့ အနောက်တိုင်းဂီတနှင့် မြန်မာမှုရောသောဂီတကိုမူ ကျွန်တော်ပင် တီးပေးခဲ့ပါသည်။
ဤဆောင်းပါးအစ ကျွန်တော့်အား အတိတ်ကို ပြန်လည်ခေါ်ဆောင်သွားခဲ့သည့်မြင်ကွင်းမှာ ခင်မောင်ရင်၏ နှမလက်လျော့ဇာတ်ကား အဖွင့်မြင်ကွင်းပင်ဖြစ်ပါသည်။ နံနက်ဝေလီဝေလင်း နှင်းတဖွဲဖွဲ ကျနေချိန် ပဲပြုတ်သည်၏ ဘဝဇာတ်ရုပ်နောက်ခံ ဂီတသံမှာ အနောက်ပိုင်းဥရောပဂီတဆရာကြီး J.S Batch ၏ '' G String '' (ခေါ်) တယောသံများဖြင့်ဖွဲ့ထားသည့် (Baroque) ဘာ့​
ရော့ဂီတဖြစ်သည်။ ဆီးနှင်းမှုန် မသဲမကွဲ နံနက်လင်းအရုဏ်၏မြင်ကွင်း အလင်းအမှောင်၊ ဂီတ၏ အရောင်အသွေးတို့ဖြင့် စက္ခုနှင့် သောတအာရုံကို ညွှန်းပြသွားသောအခန်းဖြစ်ပါသည်။ '' ပဲပြုတ်'' ဟူသော အသံဖြင့် မြင်ကွင်းကို အဆုံးသတ်သွားသည်။ ခင်မောင်ရင်သည် ထိုမြင်ကွင်းကို ဟိုး...အဝေးရှိ အရာဝတ္ထုသေးသေးလေးမှ ကင်မရာရှေ့ဖြတ်လျောက်သွားပြီး မြင်ကွင်းဆုံးသည်အထိ ပြပါသည်။ အမှောင်မပြယ်သေးသည့် အရုဏ်ဦးမြင်ကွင်းကိုလည်း ဂီတသံဖြင့်ပင်ဖွဲ့၍ သွားပါသည်။
ရုပ်ရှင်ကြည့်သော ပရိသတ်မှာ ဇာတ်ကားအမည်က '' နှမလက်လျော့ နေလေတော့ ''၊ ဇာတ်လိုက်မင်းသားနာမည်က '' သိန်းတန် '' ဆိုတော့ အားကြိုးမာန်တက်ချီတက်လာကြပြီး ကြည့်ကြကာ ရုပ်ရှင်အပြီး ရုံအပြင်ပြန်ထွက်လာတော့ ဒေါသကုမ္မာရ မျက်နှာတွေနဲ့။ တွေ့မရှောင် တွယ်ကြမည့်ပုံနှယ်။
ထိုဇာတ်ကား ရုံတင်ပြသသော သွင်ရုံတစ်ဝိုက်သို့ ကျွန်တော်နှင့်ကိုဘိုကြီး (ဗိသုကာ၊ယခုဆရာတော်ဘုန်းကြီး) တို့ မကြာခဏသွား၍ ချောင်းကြပါသည်။ ကိုဘိုကြီးကပင် '' ဟေ့....စိန်သိမ်း၊ ကျုပ်တို့ကို ခင်မောင်ရင်နဲ့ ပက်သက်မှုရှိသူတွေမှန်းမသိစေနဲ့နော် '' ဟုနောက်ပြောင်ပြောပါသည်။
သို့သော် ထိုဇာတ်ကားကို သုံးသပ်ကြည့်ပါက ဇာတ်ကားအဖွင့်မြင်ကွင်း၌ပင်လျင် အချိန်၊ဂီတ၊အရာဝတ္ထုတို့ကို စုပေါင်းထားခြင်းက '' Abstract '' ရုပ်ရှင် ဆန်လှပါပေသည်။ ပန်းချီတွင်မူ ပုံတူမဟုတ်ဘဲ သဏ္ဍာန်မဲ့ ''non objective'' ၊ ဂီတတွင်မူ တေးသွားမဲ့ဂီတ '' without melody '' များကို ဖော်ညွှန်းသွားတာ ဖြစ်ပါလိမ့်မည်။ ဇာတ်ကား၏ နောက်ဆုံးပိုင်း ဇာတ်သိမ်းတွင်လည်း ကြည့်ပါ။ မောင်သိန်းတန် သေဆုံးသောအခါ ရိုက်ကွင်းသည် နေဝင်ဆည်းဆာဆီသို့ မောင်သိန်းတန်သည် လက်တစ်ဖက်မှ တိုက်ပုံအကျီကို ပခုံးနောက်သို့ပစ်၍ နေဝင်ရာအရပ်သို့ ကင်မရာကျောပေး၍ သွားနေသည့်မြင်ကွင်း၊ နေဝင်ချိန်နှင့် သူ့ဘဝသည် ထပ်တူထပ်မျှ ဘဝတူဖြစ်စဥ်ကိုပြသော အခန်းဖြစ်ပြီး၊ နောက်ခံဂီတမှာ ရုရှားဂီတ စန္ဒရားပညာရှင်ကြီး ရဂ်မာနီနော့ဗ် (Rachmaninoff) ၏ Piano Concerto No.2, C Minor မှ 1st Movement ဖြစ်ပါသည်။ ထိုဂီတမှာ ဂီတသံစုံ၏ အနိမ့်ဆုံးအပိုင်းကို အလေးထားဖွဲ့နွဲ့သော Composition ဖြစ်၍ နေဝင်ဆည်းဆာချိန် သိန်းတန်၏ ဘဝနိဂုံးကို ဂီတသံ '' အမှောင်ရောင် '' ဖြင့် စုပေါင်း၍ တင်ပြသွားသည်ဟု ပြော၍ ရပါသည်။

သို့သော် ယခုအချိန် ကိုခင်မောင်ရင်ကို သွားမေးကြည့်ပါက ဖြေလိမ့်မည်မဟုတ်။

'' လုပ်ချင်၍ လုပ်တာ '' ဟုသာ ပြောမည်ထင်ပါသည်။

စန္ဒရားသိမ်းမောင် ၏ G String Colour နဲ့ နှမလက်လျော့ ဆောင်းပါးမှ
တစ်စိတ်တစ်ပိုင်းမျှ ထုတ်နှုတ်မျှဝေသည်။ ဆောင်းပါးအပြည့်အစုံ မဟုတ်ပါ။
ပုံတွေကို Online မှတစ်ဆင့် ကူးယူဖော်ပြထားပါတယ်။ မူရင်းပိုင်ရှင်တွေအား လေးစားစွာ credit ပေးပါတယ်။

Sharing About Art by Signature Myanmar Art
(March 21, 2024)

ပျော်ရွှင်ငြိမ်းချမ်းကြပါစေ ။

Photos from Signature Myanmar Art's post 11/03/2024

'' Nest In Customs ''..........................................
Artist : Ko Kyaw Thu Winn @
Myanmar Ahla Gallery

10/03/2024

ဆရာ(ဦး)ဝင်းဖေ နဲ့ ဆရာအောင်အောင်တိတ်

ပုံ Aung Aung Taik

Photos from Signature Myanmar Art's post 17/02/2024

ဦးဝင်းဖေကျောင်းအုပ်လုပ်နေစဉ်ကာလတစ်ရက်တွင်စိန်ပီတာကျောင်း က သူ့ကိုဟောပြောပွဲဖိတ်သည်။ စိန်ပီတာကျောင်းသည် မန္တလေးမြို့၏ စိန် ပေါလ်ကျောင်း ဖြစ်သည်။ ရန်ကုန်မြို့မှ စိန်ပေါလ်ကျောင်းလောက် နာမည် ကြီးသော၊ ကြီးကျယ်သောကျောင်း ဖြစ်သည်။ ယဉ်ကျေးမှုနှင့်ပတ်သက်၍ ဟောပြောပေးရခြင်း ဖြစ်သည်။ ထိုဟောပြောပွဲတွင် နားထောင်သူများထဲ၌ ယဉ်ကျေးမှုအနုပညာနှင့်ပတ်သက်၍ ဝါသနာပါသောဖာသာကြီးများ ပါသည်။ ဆရာ၊ဆရာမများ ပါသည်။ ကျောင်းသားများ ပါသည်။ ထိုဟောပြောပွဲတွင် ဝင်း ဖေသည် ဗမာပြည်ယဉ်ကျေးမှုအနုပညာအကြောင်းများကို နိုင်ငံတကာ အနုပညာ ယဉ်ကျေးမှုများနှင့် ယှဉ်၍ဟောပြောခြင်း ဖြစ်သည်။

တိုင်းပြည်အသီးသီးမှ အနုပညာ များအကြောင်းပြောပြ၊ နိုင်ငံတကာ ဂီတအကြောင်းများ ရွတ်ပြ၊ သီချင်းများ ဆိုပြဖြင့် ဟောပြောခြင်း ဖြစ်သည်။ ထိုသို့ဖြင့် တစ်နာရီခွဲခန့်မျှ သူစိတ်ထဲရှိသမျှ၊ စိတ်ထင်ရာ ဟောပြောပြီး၍ ဟောပြောပွဲ စင်မြင့်ပေါ်မှ ဦးဝင်းဖေ ဆင်းလာသည်တွင်နောက်ဆုံး တန်း လောက်တွင် ထိုင်၍ နားထောင်နေသည့် ဓားတန်းဦးသန့်ကို တွေ့သဖြင့် လန့် ဖြန့် သွားသည်။

'' ဟာ ဦးလေးသန့် ဘယ်တုန်းက ရောက်နေတာလဲ''

''ကိုရင်စပြောတဲ့အချိန်လောက်ကတည်းက စရောက်နေတာ''

'' ဟာ ပြောပြောဆိုဆို လုပ်ပါ ဦးလေးသန့်ရာ။ ဦးလေးသန့်က ဒီမှာ ထိုင် နေ။ ကျနော်က ဘယ်လိုလုပ်ပြောမလဲ''

'' ဟုတ်ပါဘူး။ ဘာဖြစ်လဲ။ ကိုယ်ယုံတာ ကိုယ်ပြောတာ။ ကိုယ်သိတာ ကိုယ်ပြောတာ''

'' မဟုတ်ဖူး။ အမှားတွေ....''

'' လူဆိုတာ အမှားတွေ ပါချင်လည်း ပါမှာပေါ့ကွ။ ကျုပ် မသိပါဘူး။ မောင်ရင် ဘာတွေ မှားနေလဲ။ ဘာဖြစ်လဲ ကိုယ်ပြောချင်တာ ပြောတာပဲ။ ကိုယ် ယုံတာပြောတာပဲ''

''အဲဒီလောက် ကြောက်စရာကောင်းတာ။ အဲဒါမျိုး သုံးခါလောက် လုပ် ဖူး တယ်။ ကျုပ်တီးပြ၊မှုတ်ပြမယ့်နေရာကို ရောက်နေတာ။ အဲဒါနှစ်ပုဒ်၊ သုံးပုဒ် လောက် တီးပြီးပြီ၊ ဆိုပြီးပြီဆိုတော့မှ သူက သူ့မျက်နှာပြတယ်။

" ဟာ...ဦးလေးသန့် ဘယ် တုန်းက ရောက်နေတာတုန်း။ ကြာပြီတဲ့။ ကိုရင် တီးနေတာ၊မှုတ်နေတာ ပျက်ကုန်မှာ စိုးလို့တဲ့။ ဟုတ်ဖူးတဲ့။ မင်းလန့် သွားရင် ဘယ်လိုလုပ်မလဲတဲ့။ နောက်ကျရင် ကျုပ်ကိုတွေ့လို့ လန့်မသွားနဲ့တဲ့။ ကိုယ်ယုံတာ ကိုယ်လုပ်၊ ဘာဖြစ်တုန်းတဲ့။ လူဆို တာ မှားမှာပဲတဲ့။ ကျုပ်က အခုချိန်ထိ မှားကောင်းနေတုန်းပဲ''

ဓားတန်းဦးသန့်တို့၊ မြို့မငြိမ်းတို့သည် ထိုကဲ့သို့သော လူကြီးများ ဖြစ်သည်။ မှားခွင့်ကို အတော်လွတ်လပ်စွာပေးသော လူကြီးများ ဖြစ်သည်။ သူတို့က သိသည်။ မှားလိမ့်မည်။ လူသည် အမှားမကင်းသောသတ္တဝါ ဖြစ်သည်။ ဦးဝင်းဖေတို့သည် ထို သို့သောသင်ကြားချက်များဖြင့် ကြီးပြင်းလာသောသူများ ဖြစ်သဖြင့် အမှားလုပ် မိပါက ပြစ်တင်ပြောဆို၊ စိတ်ညစ်သွားစေရန် ဆဲဆိုခြင်းများ မရှိသူ ဖြစ်သည်။ အမှားကင်းသောလူသည် မရှိ။ ဓားတန်းဦးသန့်တို့က ရှင်းသည်။

'' လူဆိုတာ အာသဝေါတရားနဲ့ နေနေတာတဲ့။ မမှားခံနိုင်ရိုးလားတဲ့။ ကျုပ်တို့ကတော့ ဒီအသက်အရွယ်ရောက်နေပြီ။ မှားကောင်းတုန်းတဲ့။ စကားလုံးကိုက..။ မှားကောင်းတုန်းတဲ့။ ကျနော် မှတ်မိတယ်''

'' ဆရာငြိမ်းလည်း အဲဒီလိုပဲ။ လုပ်ကတည်းကကွာ။ အနုပညာပဲ။ အနုသယ ကိလေသာ၊ သိမ်မွေ့ရှုတ်ထွေးသော တပ်မက်ခြင်း၊ လောဘဆိုတာနဲ့ ပတ်သက်ပြီး လုပ်တာ။ မှားစရာရှိ မှားမှာပေါ့တဲ့။ အဲလို။ ဆိုတော့ ကျုပ်တို့က မှားမှာ မကြောက်တဲ့ကောင် တွေ ဖြစ်သွားတာ''

#ဓားတန်းဦးသန့် #မြို့မငြိမ်း #ဝင်းဖေ

ဝင်းဖေ (လှိုင်ဘွားပြုစုသည်မှ)

မူရင်းဓာတ်ပုံ ပိုင်ရှင်များနှင့်
ဆရာလှိုင်ဘွားအား လေးစားစွာ Credit ပေးပါသည်။ HB Page မှတဆင့် ပြန်လည်ကူးယူဖော်ပြထား​ခြင်းဖြစ်သည် ။

Sharing About Art by
Signature Myanmar Art

Telephone

Website